← Chapters

အခန်း (၄၉)

Vol. 5 Ch. 49

အခန်း (၄၉)

Vol. 5 Ch. 49

ထိုနေရာအတွင်းရှိ မိတ်ကပ်ပညာရှင်များ အားလုံးသည် အံ့အားသင့်သွားကြပါသော်လည်း အနည်းငယ် မကျေနပ်ဖြစ်နေကြဆဲဖြစ်သည်။

ရှရှ၏ မိတ်ကပ်စွမ်းရည်မှာကောင်းမွန်လေသည်။ သူမသည် လုကျောင်းကျောင်း၏ မျက်နှာပေါ်ရှိ အပြစ်အနာအဆာများအား ကောင်းစွာဖုံးကွယ်ထားပြီး သူမ၏မျက်လုံးကြီးကြီးများအား အားသာချက်ယူ၍ သေချာပြင်ထားပေးလေသည်။

သို့သော်ညား ရှဲ့ကျစ်ရှင်းအား မိတ်ကပ်လိမ်းချယ်ပေးသည့် မိတ်ကပ်ပညာရှင်နှင့်ယှဥ်လျှင် သူမ၏စွမ်းရည်မှာ အနည်းငယ်လျော့နေလေသည်။

“မုန့်လောင်ရှီး ကျွန်မတို့ လောင်ရှီးရဲ့ရွေးချယ်မှုအပေါ် ဘာမှပြောစရာမရှိပါဘူး၊ ဒါပေမဲ့ ကျွန်မတို့ကို လောင်ရှီးရဲ့ရွေးချယ်မှု စံနှုန်းတွေကိုကျွန်မတို့ကိုပြောပြသင့်တယ်လို့မထင်ဘူးလား”

မိတ်ကပ်ပညာရှင်ထဲမှတစ်ဦးမှာ မေးလိုက်လေသည်။

“ဒီကလူတွေအားလုံးက မတူညီတဲ့အသင်းတွေကနေ လာကြပြီးတော့ အင်တာဗျူးတွေကိုသေချာဖြေခဲ့ရတယ်၊ အဲဒါကို ကိုယ်ကဘာလို့ရှုံးမှန်းမသိဘဲ ရှုံးသွားခဲ့ရတာ လောင်ရှီးအားလုံးကို နည်းနည်းတော့ရှင်းပြသင့်တယ်လို့မထင်ဘူးလား”

မုန့်ရုယန်သည် အခြားမော်ဒယ်များအား တစ်ချက်ကြည့်လိုက်ကာ သူမ၏မျက်နှာပေါ်တွင် လှောင်ပြောင်သည့်အပြုံးတစ်ခုပေါ်လာခဲ့သည်။

“အဆိုးအရွားဆုံးအရာက မင်းဘာလို့ရှုံးသွားလည်းဆိုတာကို အခုထိမသိသေးတာပဲ”

သူမသည် ရှချန်းချန်းဘက်သို့ လှည့်လိုက်ကာ

“မင်းကတော့ မင်းဘာလို့နိုင်သွားလည်းဆိုတာကို သိသင့်တယ်၊ ငါတို့ကိုပြလိုက်ပါ”

ရှချန်းချန်းသည် ခေါင်းငြိမ့်လိုက်ကာ မိတ်ကပ်ဖျက်ဂွမ်းစတစ်စအား ကောက်ကိုင်လိုက်ပြီး လုကျောက်ကျောက်၏ လက်မောင်းအားညင်သာစွာပွတ်သပ်လိုက်သည်။ လုကျောက်ကျောက်၏လက်မောင်းမှာ ကျောက်စိမ်းကဲ့သို့ ဖြူစင်နေပြီး ချွေးပေါက်များကိုပင်မမြင်ရပေ။ သို့ပေမဲ့ ဂွမ်းစဖြင့်ပွတ်သပ်ပြီးနောက်တွင် လက်မောင်းပေါ်တွင် အညိုအမဲကြီးတစ်ခုပေါ်လာခဲ့သည်။

ထိုနေရာအတွင်းရှိ မိတ်ကပ်ပညာရှင်များအားလုံး၏ မျက်လုံးများပြူကျယ်ကုန်ကြသည်။ ၎င်းတို့သည် ထိုကဲ့သို့သိသာထင်ရှားသည့် အညိုအမဲကြီးတစ်ခုအားမမြင်ခဲ့ကြပေ။

မဟုတ်ဘူး သူတို့တွေမမြင်ခဲ့ခြင်းမဟုတ်ပေ။ ရှရှဟုအမည်ရသည့် မိတ်ကပ်ပညာရှင်တစ်ဦးသည် လက်မောင်းရှိအညိုအမဲအားဖုံးအုပ်ရန် အလွန်ပါးလွှာသည့် ဖယောင်းမိတ်ကပ်အား အသုံးပြုပြီးနောက် သူမ၏အသားအရေ အရောင်နှင့်ဆင်တူသည့် ဖောင်ဒေးရှင်းအားလိမ်းပေးလိုက်၍ သူမ၏လက်မောင်းသည် သဘာဝကျကျ နဂိုမူလပုံစံဖြစ်သွားခဲ့သည်။

မိတ်ကပ်ပညာရှင်များအားလုံးသည် သူတို့၏မော်ဒယ်များအား ပြန်ကြည့်လိုက်ကြသည်။ သူတို့၏ပုံစံမှာ မတူညီကြသော်ညား သူတို့အားလုံး၏ကိုယ်ပေါ်တွင် အညိုအမဲများသို့မဟုတ် အမာရွတ်များရှိကြလေသည်။

မိတ်ကပ်ပညာရှင်ထဲမှ နှစ်ဦး၊သုံးဦးသည် ခန္ဓာကိုယ်ပေါ်ရှိအမာရွတ်အား ဖုံးရန်အတွက် concealer အားသုံးထားပါသော်ညား concealer စွမ်းရည်သည် မည်မျှပင်ကောင်းမွန်ပါသော်ညား concealer မှာအလွန်ထူ၍ အလွန်ပင်သိသာလွန်းနေကာ ရှရှ၏စွမ်းရည်နှင့်နှိုင်းယှဥ်၍ပင်မရပေ။

“ကျွန်မအဲနေရာမှာ တကယ်ပဲရှုံးသွားခဲ့တာပဲ”

မိတ်ကပ်ပညာရှင်တစ်ဦးသည် ဘာမှမတတ်နိုင်စွာဖြင့် သက်ပြင်းချလိုက်လေသည်။

မုန့်ရုယန်သည် အလွန်လှပကာ ဖျော်ဖြေရေးနယ်ပယ်တွင်လည်း အကောင်းဆုံးဟူသည့် အဆင့်အားရယူထားသည့်သူဖြစ်သည်။ ထိုကဲ့သို့ ထိပ်တန်းအလှအပမျိုးနှင့်မိန်းကလေးသည် ကောင်းမွန်သည့် မိတ်ကပ်ပညာရှင်တစ်ဦးနှင့် တွေ့ခဲ့ပင်လျှင် သူမ၏အလှအား အနည်းငယ်ဖြည့်ပေးရုံပင်ဖြစ်ကာ အမှန်တကယ်အကူအညီဖြစ်မည်မဟုတ်ပေ။

ထိုကြောင့်သူမ၏ နေ့စဥ်မိတ်ကပ် သို့မဟုတ် ရိုက်ကူးရေးအချိန်များတွင် ကော်ဇောနီအဆင့်ရှိသည့် မိတ်ကပ်ပညာရှင်အားငှားရမ်းဖို့ရာ အဓိပ္ပါယ်မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် နေ့စဥ်မိတ်ကပ်အား ကောင်းမွန်စွာလိမ်းတတ်ကာ ရုပ်ဖျက်မိတ်ကပ်တွင် ထိပ်တန်းအဆင့်ရှိသည့် ရှရှကဲ့သို့မိတ်ကပ်ပညာရှင်မျိုးသည် မုန့်ရုယန်အားပို၍ ကူညီပေးနိုင်မည်ဖြစ်သည်။

ရှချန်းချန်းအား နဂိုကအထင်သေးခဲ့သည့် မိတ်ကပ်ပညာရှင်များသည် ယခုတွင်တော့သူမအားအားကျသည့်အကြည့်ဖြင့် ကြည့်နေကြလေသည်။

တစ်ချို့မှာမူ အမာရွတ်အား ဖယောင်းမိတ်ကပ် အသုံးပြု၍ဖုံးကွယ်ခြင်းနည်းအား သင်ယူရန်အတွက် ယဥ်ကျေးစွာအရှေ့သို့တိုးလာခဲ့ကြလေသည်။

မုန့်ရုယန်၏ မိတ်ကပ်ပညာရှင် အင်တာဗျူးမှာပြီးဆုံးသွားပြီဖြစ်ကာ အခြားမိတ်ကပ်ပညာရှင်များမှာ ထွက်သွားကြပြီဖြစ်သည်။ ရှချန်းချန်း၏ အကူအညီနှင့် မုန့်ရုယန်၏လက်မှတ်အားရပြီးနောက် လုကျောင်းကျောင်းသည်လည်း အစည်းအဝေးခန်းထဲမှထွက်သွားခဲ့သည်။

မုန့်ရုယန်သည် ချန်းကောအား အဝေးသို့ပထုတ်လိုက်ကာ သူမနှင့်ရှချန်းချန်းသာလျှင် အစည်းအဝေးခန်းထဲတွင်ကျန်ခဲ့လေသည်။

(T/N - ချန်းကောနဲ့ ကောချန်း အတူတူပါပဲ)

သူမသည်ဘေးဘီတွင် အခြားသူများမရှိသည်ကို သေချာစေရန်ထပ်ကြည့်လိုက်ပြီး သူမ၏အင်္ကျီလက်အားဖြည်ညှင်းစွာဆွဲတင်လိုက်ပြီးနောက် သူမ၏လက်ကောက်ဝတ်ပေါ်ရှိ အညိုအမဲများအား ပြသလိုက်ကာ

“ရှလောင်ရှီး ဒီအညိုအမဲတွေကို ဖုံးပေးနိုင်မလား”

အပြာရောင်နှင့်အနီရောင်အညိုအမဲများသည် မုန့်ရုယန်၏ ဖြူဖွေးနေသည့်လက်ကောက်ဝတ်တွင်ဖုံးလွှမ်းနေကာ မသိလျှင် ထိုသနားစရာကောင်မလေးအား ငရဲမှအဆိပ်ရှိမြွေတစ်ကောင် ကိုက်ခံထားရသကဲ့သို့ဖြစ်နေပြီး ရှချန်းချန်းသည် မတတ်နိုင်စွာဖြင့် သနားမိသွားလေသည်။

မုန့်ရုယန်သည် ရှချန်းချန်း၏ရုပ်ဖျက်မိတ်ကပ်စွမ်းရည်အား သဘောကျသည့်အတွက် သူမအားရွေးချယ်လိုက်သည်ဆိုသည်မှာ အပေါ်ယံသာလျှင်ဖြစ်သည်။

အင်တာဗျူးလုပ်နေစဥ်အတွင်းတွင် ရှချန်းချန်းသည် မော်ဒယ်များအား တစ်ချက်ကြည့်လိုက်ကာ မော်ဒယ်တိုင်း၏ ခန္ဓာကိုယ်ပေါ်တွင် အညိုအမဲများရှိနေသည်ကို တွေ့လိုက်ရလေသည်။ ထိုအချိန်တွင် သူမသည် မုန့်ရုယန်သည် နေ့စဥ်မိတ်ကပ်ပညာရှင်အား လိုချင်နေခြင်းမဟုတ်သည်ကို သဘောပေါက်သွားခဲ့သည်။ သူမလိုအပ်နေသည်မှာ သူမ၏အိမ်တွင်းအကြမ်းဖက်မှုမှရသည့် ဒါဏ်ရာများအားဖုံးကွယ်ပေးနိုင်မည့် မိတ်ကပ်ပညာရှင်မျိုးဖြစ်သည်။

ထိုအရာမှာ “အိမ်တွင်းအကြမ်းဖက်မှုမှရသည့် ဒါဏ်ရာများအား ဖုံးကွယ်ပေးခြင်း” ဟုလည်းအတိအကျမပြောနိုင်ပေ။ ဤသည်မှာ မိတ်ကပ်ပညာရှင်များ၏ နားလည်မှုအပေါ်တွင်မူတည်လေသည်။

ရှချန်းချန်းသည် မိတ်ကပ်အကောင်းဆုံးလိမ်းပေးနိုင်သည့် သူမျိုးမဟုတ်သော်ညား နားအလည်နိုင်ဆုံးသူဖြစ်မည်မှာ အသေအချာပင်ဖြစ်သည်။

သူမသည် မုန့်ရုယန်မည်သို့ဒါဏ်ရာရခဲ့သည်ကိုမမေးပေ။ သူမသည်အတတ်နိုင်ဆုံးတည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

“သေချာတာပေါ့”

ထို့နောက် ရှချန်းချန်းသည် ဖယောင်းမိတ်ကပ်နှင့်ဖောင်ဒေရှင်းအားထုတ်ယူလိုက်ကာ မုန့်ရုယန်၏လက်ကောက်ဝတ်ရှိ အညိုအမဲများအား တစ်စတစ်စဖုံးကွယ်ပေးသွားလေသည်။ ဆယ်မိနစ်အကြာတွင် မုန့်ရုယန်၏လက်ကောက်ဝတ်ပေါ်ရှိ ဆိုးရွားသည့်အမာရွတ်နှစ်ခုသည် ပျောက်ကွယ်သွားခဲ့သည်။

မုန့်ရုယန်သူမ၏လက်အားကြည့်လိုက်ချိန်တွင် မူလပုံစံအတိုင်းဖြစ်နေသည်ကိုတွေ့လိုက်ရသောအခါ အပျော်လွန်သွားခဲ့သည်။

“ရှလောင်ရှီး လောင်ရှီးရဲ့စွမ်းရည်တွေကတကယ်ပဲ ကောင်းမွန်တာပဲ”

သို့ပေမဲ့ ရှချန်းချန်းသည် ပို၍ပင်တိတ်ဆိတ်လာခဲ့သည်။ သူမသည် သူမမုန့်ရုယန်အားကူညီနေသည်လား ဆိုးရွားသည့်သူအား ကူညီနေသည်လား မသိတော့ပေ။

မုန့်ရုယန်သည် သူမ၏မူလအတိုင်းဖြစ်နေသည့် လက်ကောက်ဝတ်အား သဘောကျနေဆဲဖြစ်သည်။ ရှချန်းချန်းသည် တစ်ခဏမျှတွေးလိုက်ကာ တီးတိုးလေးဖြင့်

“မုန့်လောင်ရှီး၊ တကယ်လို့လောင်ရှီးလိုအပ်မယ်ဆိုရင် ကျွန်မရဲတိုင်ပေးလို့ရပါတယ်”

မုန့်ရုယန်သည် လန့်ဖြန့်သွားခဲ့ကာ သူမ၏ဆံပင်များပင် ထောင်နေသကဲ့သို့ပင်ဖြစ်သည်။

သို့ပေမဲ့ ထိုအမူအယာမှာ ကြောက်ရွံ့နေသည့်ပုံသိပ်မပေါက်ပါဘဲ ရှက်ရွံ့နေသည့်ပုံပေါက်နေလေသည်။

“မလို…မလိုအပ်ပါဘူး”

မုန့်ရုယန်၏ မျက်နှာမှာနီမြန်းသွားကာ

“အဲဒါက လောင်ရှီးစဥ်းစားနေသလိုမဟုတ်ပါဘူး”

ထို့နောက် သူမတစ်ခြားအရာအားတွေးမိသွားကာ သူမ၏မျက်လုံးများသည် ရုတ်တရက် စူးရှသွားကာ ရှချန်းချန်းအားစိုက်ကြည့်လိုက်ပြီး

“ရှလောင်ရှီး ကျွန်မတို့အခုပဲ စာချုပ်မှာလက်မှတ်ထိုးထားတာနော်၊ လောင်ရှီး ဒါတွေကိုတစ်ခြားသူတွေကိုသွားပြောလို့မရဘူး မဟုတ်ရင် ဒါဏ်ကြေးပေးရလိမ့်မယ်”

ရှချန်းချန်းသည် မတတ်နိုင်စွာသက်ပြင်းချလိုက်လေသည်။

မုန့်ရုယန်က ကိုယ့်ကိုယ်ကိုယ်အနာခံပြီးသူနဲ့အတူရှိနေရတဲ့အထိ ရီကျစ်ခိုင်ကကောင်းတာလား။

“လောင်ရှီးပြောမှာမဟုတ်ပါဘူး ဟုတ်တယ်မလား”

မုန့်ရုယန်သည် မသေချာဖြစ်ကာ ရှချန်းချန်းအား ဂရုတစိုက်နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။

ထိုလှပသည့်ညီအစ်မ၏ မျက်လုံးထဲတွင် လိုအင်ဆန္ဒများနှင့်ပြည့်နှက်နေကာ သူမ၏အသံသည်လည်း ချိုမြိန်နေလေသည်။ သူမသည် ရှချန်းချန်းအား စိတ်အားထက်သန်စွာကြည့်လိုက်ပြီး ငြင်းဆိုရန်ခက်ခဲအောင် ပြုလုပ်နေလေသည်။

ရှချန်းချန်းသည် မတတ်နိုင်ဘဲ သက်ပြင်းသာချလိုက်ကာ

“ကျွန်မ မပြောပါဘူး”

သို့ပေမဲ့ သူမအံကြိတ်လိုက်ကာ နှလုံးသားထဲမှတစ်ဆင့် ‘တကယ်လို့အဲမကောင်းတဲ့ကောင်က ဒီလှပတဲ့ညီအစ်မကို ထပ်ပြီးနာကျင်အောင်လုပ်ပေးမယ်ဆိုရင်တော့ ဓါတ်ပုံလေးပဲခိုးရိုက်ပြီး သူ့ကိုဖော်ထုတ်ပစ်မှာပါ’ဟု ပြောလိုက်လေသည်။

အင်တာနက်ကွန်ရက်တစ်ခုလုံး သူ့ကိုလှောင်ပြောင်ပါစေ။ သူ့ကိုရဲစခန်းကိုသွားခိုင်းပြီးတော့ စက်ချုပ်ခိုင်းရမယ်။

မုန့်ရုယန်သည် ရှချန်းချန်းမည်သို့တွေးနေသည်ကိုမသိကာ စိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်အားချလိုက်ပြီးနောက်

“ကောင်းပြီ”

ထို့နောက် သူမအလုပ်သမားကဒ်တစ်ကဒ်အားထုတ်လာကာ

“ဒါကကျွန်မရဲ့အရင်မိတ်ကပ်ပညာရှိရဲ့ အလုပ်သမားကဒ်ပဲ၊ သူမကကိုယ်ဝန်ရှိလာလို့ထွက်သွားခဲ့တာ နောက်ပိုင်းကျရင် ရိုက်ကူးရေးအဖွဲ့ထဲကိုဒီအလုပ်သမားကဒ်နဲ့တိုက်ရိုက်ဝင်လာလို့ရတယ်၊ ဒီနေ့နေ့လယ်ကျရင် ကျွန်မရိုက်ကူးရေးရိုက်စရာရှိတယ် လောင်ရှီးက ကျွန်မရဲ့ အဝတ်လဲခန်းထဲကို တစ်နာရီမတိုင်ခင်လာပေးရင်ရပါပြီ”

ပြောပြီးနောက် ရှချန်းချန်းသည် နောက်ပိုင်းအလုပ်အချိန်ဇယားများအား ချန်းကောနှင့်ဆွေးနွေးပြီး အစည်းအဝေးခန်းထဲမှထွက်ခွာခဲ့သည်။

ယခုသည် မနက်ဆယ်တစ်နာရီထိုးခါနီးအချိန်ပင်ဖြစ်ကာ သူမကျန်းချန်မှထွက်လာခဲ့သည်မှ နာရီလေးဆယ်ခန့်ပင်ရှိပြီဖြစ်သည်။

ရှဲ့ကျစ်ရှင်းသည်လည်း အာဂျင်တီးနားတွင် ရှိနေလောက်မည်ဖြစ်သည်။

ဓါတ်လှေကားထဲသို့ဝင်လိုက်ချိန်တွင် ရှချန်းချန်း၏ဖုန်းမျက်နှာပြင်သည် ပွင့်လာကာ ရှဲ့ကျစ်ရှင်း၏ပုံအား အာဂျင်တီးနားတွင် တရုတ်ခရီးသွားတစ်ဦးမှရိုက်ကူးထားခဲ့သည်ဟူသည့် ဝေ့ပေါ်မက်ဆေ့ချ်အားပြသနေလေသည်။

ပရိတ်သတ်များနှင့် ပို့စ်အားမြင်လိုက်သူများသည် Reuters photos မှပုံအားတွေ့လိုက်ချိန်တွင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။

(T/N Reuters Photo ဆိုတာ နာမည်ကြီးသတင်းဌာနပါ)

[လူအိုကြီးရှဲ့ကတကယ်ပဲ အာဂျင်တီးနားကိုသွားခဲ့တာလား]

[ဒါက အပြည်ပြည်ဆိုင်ရာရုပ်ရှင် ရိုက်ကူးဖို့စာအတွက် သဲလွန်စတစ်ခုလား၊ မျှော်နေပါ့မယ်]

[အား ကျစ်ရှင်းကအရမ်းချောတာပဲ ဖုန်းမျက်နှာပြင်ကိုတောင် ယက်ချင်လာပြီ၊ ဒီလိုကြည့်လို့ကောင်းတဲ့မျက်နှာလေးနဲ့ တစ်ခြားအစီအစဥ်တွေမှာလည်း ပါပေးလို့ရမလား]

[ဒါပေမဲ့ ငါတွေ့တာတော့ အခုအာဂျင်တီးနားမှာ ဇာတ်ကားရိုက်ထားတာတွေသိပ်မရှိဘူး၊ ရှဲ့ကျစ်ရှင်းကအဲကို ဒီတိုင်းခရီးထွက်တာကောမဖြစ်နိုင်ဘူးလား]

[ဝိုး ဝိုး ဝိုး ရှဲ့ကျစ်ရှင်း မင်းရုပ်ရှင်မရိုက်တာ ဘယ်လောက်ကြာနေပြီလဲ၊ မင်းနည်းနည်းလောက်ပိုပြီး စိတ်အားထက်သန်လို့မရဘူးလား၊ ဟိန်ထျန်းကို ရုပ်ရှင်ရိုက်ဖို့အတွက်လာခဲ့ပါ]

ရှချန်းချန်းသည် သူမဖုန်းထဲရှိ အနည်းငယ်မှုန်ဝါးနေသည့်ပုံအားကြည့်လိုက်သည်။ ရှဲ့ကျစ်ရှင်း၏ ညဘက်လမ်းမီးရောင်အောက်ရှိ ရွှေလွှာနှင့် အုပ်ထားသည့် ရှဲ့ကျစ်ရှင်း၏ ဘေးမျက်နှာကိုသာ ယောင်ဝါးဝါးမြင်နိုင်လေသည်။

သို့သော်ညား ဤသည်မှာ အလွန်ပင်ချောမောနေသည့် ပေါက်ကြားမှုမျိုးဖြစ်လေသည်။

ငါ အဲဗီလိန် နိုင်ငံခြားရဲ့ လမ်းမတွေပေါ်မှာ ပျော်နေနိုင်ပါစေလို့ ဆုတောင်းတယ်။

ရှဲ့ကျစ်ရှင်း တရုတ်သို့ပြန်မလာခင်အထိ သုံးဆယ်ငါးနာရီကျန်သေးလေသည်။ သူပြန်လာသည့်အချိန်တွင် သူမဟိန်ထျန်းတွင်ရှိနေတော့မည်မဟုတ်ပေ။

ရှချန်းချန်းသည် ပို၍ ပို၍ပင် ပျော်မြူးလာကာ သူမ၏နှုတ်ခမ်းထောင့်စွန်းလေးများအား တွန့်လာစေခဲ့သည်။

တစ်ချိန်တည်းမှာပင် အနက်ရောင် Bentley ကားသည် ဟိန်ထျန်းဟွားမိန်းဟိုတယ် အရှေ့တွင်ရပ်သွားခဲ့သည်။

လေးနာရီကြာသည့်ခရီးအားမောင်းနှင်ခဲ့ပြီးနောက် Bentley ကားသည် ဖုန်များနှင့်ဖုံးလွှမ်းနေကာ ပင်ပန်းနေသည့်ပုံပေါက်လေသည်။

Bentley ကားအနောက်ခုံတွင် ထိုင်နေသည့်ရှဲ့ကျစ်ရှင်းသည် သူ၏မျက်လုံးများအား ပိတ်ထားကာအနားယူနေလေသည်။

“မစ္စတာရှဲ့ကျွန်တော်တို့ အခုဟိန်ထျန်းမှာရိုက်ကူးရေးလုပ်နေတဲ့ ရိုက်ကူးရေးအဖွဲ့တွေအားလုံးကို စုံစမ်းကြည့်ပြီးပါပြီ”

အထူးလက်ထောက်ကျိုးသည် ကားမောင်းသူဘေးမှ ထိုင်ခုံမှတစ်ဆင့် တင်ပြနေလေသည်။

“အခုက ဇာတ်ကားနဲ့ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့တွေအတွက် အေးခဲနေတဲ့ ဆောင်းရာသီဖြစ်နေတာကြောင့်မလို့ ဟိန်ထျန်းမှာ ရိုက်ကူးနေတဲ့အဖွဲ့တွေက သိပ်မရှိပါဘူး၊ ဒီမှာအခု ရိုက်ကူးရေးအဖွဲ့ကြီးသုံးဖွဲ့ပဲရှိပါတယ် ရှန်းကျယ်၊ ယွီကွမ်း ပြီးတော့

‘Niuhulu Strategy’ ပဲရှိပါတယ်၊ ကျွန်တော်တို့အဲဒါတွေအကုန် စစ်ဆေးကြည့်ပြီးပါပြီ ဒါပေမဲ့ မဒမ်နဲ့ပတ်သက်တဲ့ အချက်အလက်တစ်ခုကိုမှ ရှာမတွေ့ခဲ့ပါဘူး၊ ပြီးတော့ဝန်ထမ်းတွေထဲမှာလည်း မဒမ်နဲ့ဆင်နေတဲ့သူမျိုးမရှိပါဘူး၊ ဟိုတယ်တွေကိုလည်း ကျွန်တော်တို့တစ်ဟိုတယ်ပြီး တစ်ဟိုတယ်ရှာကြည့်ခဲ့ပေမဲ့လည်း ဘာမှရှာမတွေ့ခဲ့ပါဘူး”

“မစ္စရှကရုပ်ဖျက်ထားနိုင်ပြီးတော့ သူမရဲ့ နာမည်အရင်းကိုမသုံးလောက်ဘူးဆိုတော့ သူမကိုကျွန်တော်တ်ို့မရှာနိုင်တာ ပုံမှန်ပါပဲ”

ရှဲ့ကျစ်ရှင်း၏ဘေးတွင်ထိုင်နေသည့် ဖူယန်ရုန်သည် ဖြတ်ပြောလိုက်သည်။

“ဒါပေမဲ့ သူမကဒီကိုသတင်းတွေဖော်ထုတ်ဖို့လာခဲ့တာဆိုတော့ သူမသတင်းတွေများနိုင်လောက်တဲ့ နေရာကိုတော့ရှာမယ်လား”

ရှဲ့ကျစ်ရှင်းသည် သူ၏မျက်လုံးအားဖွင့်လိုက်ကာ သူ၏မျက်လုံးကျဥ်းများသည် တစ်မျိုးတစ်ဖုံစူးရှနေလေသည်။

“ထျန်ရှန့်မှာ နာမည်ကြီးတွေနဲ့ပတ်သက်ပြီး သတင်းတွေအများကြီးရှိတယ်မလား၊ အဲအဖွဲ့သုံးဖွဲ့မှာ ဘာသတင်းတွေရှိလဲ”

အထူလက်ထောက်ကျိုး: “အခုလက်တလောမှာတော့ ရှန်းကျွယ်မှာဖြစ်ခဲ့တဲ့ ချန်းမင်ကျယ်ရဲ့ ပြည့်တန်ဆာကိစ္စပြီးပြီးတဲ့နောက်မှာတော့ ဒါရိုက်တာကျိုးက သရုပ်ဆောင်ရွေးချယ်တာမှာ အတော်တင်းကြပ်လာခဲ့ပါတယ်၊ ယွီကွမ်းမှာတော့ အရင်နှစ်တွေတုန်းကတည်းက သရုပ်ဆောင်ပိုင်းမှာဝါသနာပါသူတွေနဲ့ပဲ အမြဲကြုံတွေခဲ့ကြတာကြောင့်မလို့ သရုပ်ဆောင်ရွေးတာကို တင်းကြပ်နေပါတယ်၊ ‘’Niuhulu Strategy’ တစ်ခုတည်းကသာ လွှမ်းမိုးနိုင်တဲ့ သရုပ်ဆောင်နည်းနည်းရှိပါတယ်၊ အထူးသဖြင့်အမျိုးသားဇာတ်ဆောင် ရီကျစ်ခိုင်ကသာအခုတလော မုန့်ရုယန်နဲ့ဆက်ဆံရေးရှိနေတယ်ဆိုပြီး သတင်းထွက်နေပါတယ်”

ရှဲ့ကျစ်ရှင်းသည် ထိုအရာအားကြားလိုက်သည်နှင့် မျက်မှောင်ကြုတ်သွားခဲ့သည်။

ရီကျစ်ခိုင်သည် သူ၏အသိအကျွမ်းဟောင်းတစ်ဦးဖြစ်သည်။ လွန်ခဲ့သည့်ငါးနှစ်က သူနှင့်အတူ “Heroic Boy” အားရိုက်ကူးခဲ့ဖူးလေသည်။ ရီကျစ်ခိုင်သည် ထျန်ရှန်း၏အနုပညာရှင်တစ်ဦးဖြစ်သည်။ အကယ်၍သူသာ ချစ်သူရည်းစားထားနေမည်ဆိုလျှင် ထျန်ရှန်းသည်သေချာပေါက်သိမည်ဖြစ်သည်။

“နာမည်ကြီးတဲ့ပန်းလေးတစ်ပွင့်နဲ့ကျော်ကြားတဲ့ သရုပ်တောင်ကြားကအချစ်ဇာတ်လမ်း”

ရှဲ့ကျစ်ရှင်းသည် တိုးတိုးလေးရေရွတ်လိုက်ကာ ဤသည်မှာ လိမ်ညာသူများကိုဖော်ထုတ်သူ ယခင်ကဖော်ထုတ်ခဲ့ဖူးသည့်ကိစ္စများနှင့်ယှဥ်လျှင် မကြီးမားဟုခံစားမိလေသည်။

ဒါပေမဲ့ ဒါက ပါပါရာဇီတစ်ယောက်ကြိုက်လောက်မဲ့ဟာပဲမလား။

အထူးလက်ထောက်ကျိုး:“ဘော့စ်ရှဲ့ ကျွန်တော်တို့ ဟိုတယ်ကိုရောက်နေပါပြီ၊ ဟိုတယ်မှာ ပစ္စည်းတွေအရင်သွားချပြီးမှ နေ့လည်ကျရင် ရိုက်ကူးရေးအဖွဲ့ကိုသွားကြည့်ကြရင်ရောဘယ်လိုလဲ”

ရှဲ့ကျစ်ရှင်းသည် ခေါင်းငြိမ့်လိုက်ကာ မက်စ်အားတပ်လိုက်ပြီး သူတို့သုံးဦးသည် ဟွားမိန်ဟိုတယ်ထဲသို့ဝင်သွားကြလေသည်။

“Niuhulu Raiders” သည် ထျန်ရှန်းရင်းနှီးမြုပ်နှံထားသည့် ရိုက်ကူးရေးမဟုတ်ပေ။ သို့သော် ရှဲ့ကျစ်ရှင်းနှင့် ရီကျစ်ခိုင်သည် အသိအကျွမ်းဟောင်းများဖြစ်ကြရာ ရိုက်ကူးရေးအဖွဲ့အား လည်ပတ်ခြင်းမှာပုံမှန်ပင်ဖြစ်သည်။

သူတို့သုံးဦးသည် ဓါတ်လှေကားတံခါးဝတွင် ဓါတ်လှေကားစောင့်နေကြလေသည်။

တစ်ခြားတစ်ဖက် အလျင်အမြန်ဆင်းလာနေသည့် ရှူခင်းကြည့်ဓါတ်လှေကားထဲမှာမူ ရှချန်းချန်းရပ်နေခဲ့သည်။

သူတို့နှစ်ဦးကြားရှိ အလျားလိုက်အကွာအဝေးမှာ သုညဖြစ်ကာ ဒေါင်လိုက်အကွာအဝေးမှာလည်း ပို၍နီးကပ်လာလေသည်။

“ဒင်” ဟူသည့်အသံနှင့်အတူ ဓါတ်လှေကားသည် ပထမအထပ်သို့ရောက်လာခဲ့ပြီး ဓါတ်လှေကားတံခါးနှစ်ခုသည် တံစဥ်နှစ်ချောင်းကဲ့သို့​ ဖြေးညှင်းစွာပွင့်လာခဲ့သည်။

ဓါတ်လှေကားထဲတွင် မည်သူမျှမရှိနေပေ။

ရှဲ့ကျစ်ရှင်းနှင့်အခြားသူများသည် ဓါတ်လှေကားထဲသို့ဝင်သွားခဲ့ကြသည်။

သူတို့ဓါတ်လှေကားထဲသို့ ဝင်သွားပြီးချိန်မှာပင် သူတို့ဘေးရှိဓါတ်လှေကားရောက်လာသည့် ‘ဒင်’ ဟူသည့်အသံအားကြားလိုက်ရကာ ရှချန်းချန်းသည် ထိုဓါတ်လှေကားထဲမှထွက်လာခဲ့သည်။

မီတာအနည်းငယ်သာကွာဝေးနေသော်ညား သူတို့နှစ်ဦးသည် မတူညီသည့်နေရာတွင်ရှိနေကာ တစ်ဦးနှင့်တစ်ဦး လွဲချော်သွားကြလေသည်။

ရှချန်းချန်းသည် သူမ၏တဖျပ်ဖျပ်ခါနေသည့်ဆံပင်ရှည်များနှင့် တံခါးထံသို့လျှောက်သွားခဲ့သည်။

သူမဘေးတွင်တော့ ရှဲ့ကျစ်ရှင်း၏ဓါတ်လှေကားတံခါးသည် ဖြေညှင်းစွာပိတ်စပြုနေပြီဖြစ်သည်။

ဓါတ်လှေကားတံခါးအနည်းငယ်သာဟတော့သည့်အချိန်တွင် သူမော့ကြည့်လိုက်ကာ အပြင်ဘက်ရှိ ဆံပင်ရှည်ရှည်နှင့် မိန်းကလေးအားတွေ့လိုက်ရလေသည်။

သူမ၏မျက်နှာမှာ ရှချန်းချန်း၏ မျက်နှာနှင့်လုံးဝကွဲပြားနေပါသော်ညား သူ သူမအားမြင်လိုက်ချိန်တွင် ရှဲ့ကျစ်ရှင်း အံ့ဩသွားပြီး ကြောင်ကြည့်နေမိလေသည်။

ရယ်စရာကောင်းသော်လည်း ကျိုးကြောင်းဆီလျော်သည့်အတွေးတစ်ခုသည် သူ့အားပြန်ဆွဲထားလေသည်။

အဲဒါသူမပဲ။ အဲအမျိုးသမီးက ရှချန်းချန်းပဲဖြစ်ရမယ်။

နဂိုကတည်ငြိမ်နေသည့် ရှဲ့ကျစ်ရှင်းသည် ဓါတ်လှေကား၏အဖွင့်ခလုတ်အား အလျင်အမြန်နှိပ်လိုက်လေသည်။ ဓါတ်လှေကား တံခါးသည်လည်းဖြေညှင်းစွာပြန်ပွင့်လာခဲ့သည်။

သူဘေးရှိ ဖူယန်ရုန်နှင့်အထူးလက်ထောက်ကျိုးသည် ပဟေဠိဖြစ်သွားကာ

“မစ္စတာရှဲ့”

ရှဲ့ကျစ်ရှင်းသည် ရှင်းပြဖို့ရာအချိန်မရဘဲ ဓါတ်လှေကားမှအလျင်အမြန်ပြေးထွက်သွားခဲ့သည်။

ဟိုတယ်၏ဧည့်ကြိုနေရာသည် ဝင်လာသည့်သူများ ထွက်နေသည့်သူများနှင့် ပြည့်ကြပ်နေလေသည်။ သူမ၏ ပုံသဏ္ဍာန်လေးမှာ ရှဲ့ကျစ်ရှင်း၏ အကြည့်အောက်မှပျောက်သွားသည်နှင့် ပင်လယ်ထဲသို့ကျသွားသည့် ရေစက်ကလေးကဲ့သို့ပင်ပျောက်ဆုံးသွားခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် အရှုံးမပေးချင်သေးပေ။ သူသည်အချိန်အတော်ကြာရှာဖွေနေခဲ့ကာ ဟိုတယ်၏အဝင်ဝအထိပင်လိုက်သွားခဲ့သော်ညား ထိုမိန်းကလေးအားရှာမတွေ့တော့ပေ။

သူ၏ဘေးတွင် Motorhome တစ်စီးဖြတ်သွားသည်ကိုသာတွေ့လိုက်ရသည်။

သို့ပေမဲ့ ဤသည်မှာဟိန်ထျန်းဖြစ်ပြီး နာမည်ကြီးများအားလုံးတွင် motorhome များရှိကြလေသည်။ ထိုကဲ့သို့သာမာန် motorhome သည်ရှဲ့ကျစ်ရှင်း၏ အာရုံအားမဆွဲဆောင်နိုင်ခဲ့ပေ။

Motorhome အားမောင်းနှင်နေသည့် ရှချန်းချန်းသည်လည်း လမ်းဘေးရှိ မက်စ်တပ်ထားသည့် အမျိုးသားကိုသတိမမူမိပေ။

သူတို့နှစ်ဦး နောက်တစ်ကြိမ်ဖြတ်သွားကြလေသည်။

သိပ်မကြာခင်တွင် ဖူယန်ရုန်နှင့်ကျိုးထယ်ကျူတို့နှစ်ဦးသည် ရှဲ့ကျစ်ရှင်းအနားသို့ရောက်လာခဲ့ကြသည်။

(T/N ကျိုးထယ်ကျူ - အထူးလက်ထောက်ကျိုးရဲ့ နာမည်အရင်း)

“မစ္စတာရှဲ့ ဘာမြင်လိုက်လို့လဲ”

ဖူယန်ရုန်သည် အနည်းငယ်ရှုပ်ထွေးနေကာ မောနေလေသည်။ ယခုလေးတင် ရှဲ့ကျစ်ရှင်းသည့်အလျင်အမြန်ပြေးသွားသည်ဖြစ်ရာ သူတို့နှစ်ဦး သူနှင့်လိုက်မမှီနိုင်သည်အထိပင်ဖြစ်သည်။

ရှဲ့ကျစ်ရှင်းသည် ဖူယန်ရုန်အား လျစ်လျူရှုလိုက်ကာ လက်ထောက်ကျိုးဘက်သို့ လှည့်၍ မေးလိုက်သည်။ သူ၏လျှိုဝှက်ဆန်းကြယ်သည့်မျက်လုံးများသည် မျှော်လင့်ချက်များနှင့်ပြည့်နေကာ

“ Niuhulu Raiders ရဲ့အဓိကသရုပ်ဆောင်တွေက ဒီညဒီဟိုတယ်မှာ တည်းကြမှာလား”

လက်ထောက်ကျိုးသည် စာရွက်စာတမ်းများအားချက်ချင်းလှန်လောလိုက်ကာ

“ဟွားမိန်ဟိုတယ်က ဟိန်ထျန်းမှာရှိတဲ့ တစ်ခုတည်းသော ကြယ်ငါးပွင့်ဟိုတယ်ပဲ၊ ရိုက်ကူးရေးအဖွဲ့ရဲ့ အဓိကသရုပ်ဆောင်တော်တော်များများကဒီမှာပဲနေကြတာ၊ Niuhulu Raiders ရဲ့ရိုက်ကူးရေးအဖွဲ့ကလည်း အဲလိုပါပဲ”

“အဲဒါဆို”

ရှဲ့ကျစ်ရှင်း၏ နှုတ်ခမ်းထောင့်တွင် လိမ္မာပါး နပ်သည့်အပြုံးတစ်ပွင့်ပေါ်လာကာ သူ၏မျက်လုံးထဲတွင်လည်း ပျော်ရွှင်မှုများအနည်းငယ်တိုးလာလေသည်။

သူရဲ့ပါပါရာဇီဇနီးလေးက တကယ်ကိုဒီမှာရှိနေတာပဲ။

နေ့လယ်ခင်း ရိုက်ကူးရေးမစတင်ခင်တွင် ရှချန်းချန်းသည် သူမပြောထားသည့်အတိုင်း မုန့်ရုယန်အား မိတ်ကပ်လိမ်းပေးနေခဲ့သည်။ မုန့်ရုယန်၏မျက်နှာသည် အလွန်သိမ်မွေ့ကာ ရိုက်ကူးရေးအဖွဲ့၏ မိတ်ကပ်ပုံစံသည်လည်း အတည်ပြုပြီးဖြစ်သည်။ ရှချန်းချန်းအတွက်မူ ဤသည်မှာ ပုံတူကူးလိုက်ရုံဖြစ်ကာ မခက်ခဲပေ။

ရိုက်ကူးရေးစတင်ချိန်တွင် ရှချန်းချန်းသည်သူ့နေရာလေးတွင် တိတ်ဆိတ်စွာစောင့်နေလေသည်။ မနက်ခင်းချန်းကောပြောသည့် သူမ၏အလုပ်တာဝန်အရဆိုလျှင် နားချိန်တွင် မုရုယန်၏ မိတ်ကပ်အားပြင်ပေးနေသ၍ ယနေ့အလုပ်မှာ ပြီးမြောက်သွားပြီဖြစ်သည်။

ရှချန်းချန်းသည် ပျင်းရိနေသည်ဖြစ်ရာ မုန့်ရုယန်နှင့်ရီကျစ်ခိုင် တို့အတူသရုပ်ဆောင်နေသည်ကို ကြည့်ရန်အတွက် သူမထိုင်ခုံသေးတစ်ခုံအား ထုတ်လိုက်လေသည်။

ပြောရလျှင် မုန့်ရုယန်၏သရုပ်ဆောင်စွမ်းရည်မှာ ထိန်တန်းမဟုတ်သော်ညား ဖျော်ဖြေရေးနယ်ပယ်တွင် နှစ်ပေါင်းများစွာအတွေ့အကြုံရှိကာ သူမ၏ကိုယ်ပိုင်ပုံစံနှင့်တွဲ၍ ချစ်စရာကောင်းပြီးစွဲမက်ဖွယ်ကောင်းသည့် ကိုယ်လုပ်တော်အဖြစ် သရုပ်ဆောင်နိုင်ခြင်းဖြစ်လေသည်။

ရီကျစ်ခိုင်မှာမူ သရုပ်ဆောင်အလွန်တော်နေ၍ ရှချန်းချန်းအနည်းငယ်ပင် အံ့ဩသွားခဲ့သည်။

သူသည် ပုံမှန်အားဖြင့် ကျက်သရေရှိကာသိမ်မွေ့သော်ညား ဒါရိုက်တာမှ အက်ရှင် ဟုအော်လိုက်သည်နှင့် သူ၏မျက်နှာအား တည်ငြိမ်ကာလွှမ်းမိုးနိုင်သည့် ဧကရာဇ် တစ်ပါးကဲ့သို့ပြောင်းလဲလိုက်ပြီး အခြားသူမျာအား သူ့တွင်ပုံစံနှစ်မျိုးရှိသည်ဟုပင် ခံစားရစေသည်။

သူ၏စကားပြောပုံစံများသည် အားလုံးအား ထိုမင်းဆက်စိုးစံနေစဥ်အချိန်ကာလသို့ ခေါ်ဆောင်သွားခဲ့သည်။ သူသည် ဧကရာဇ်ဥယျာဥ်ထဲတွင်ရပ်နေကာ အသံခပ်ကျယ်ကျယ်ဖြင့် ဆူပူလိုက်ပြီး သူ၏ဘေးရှိသူများသည် ဆံပင်များပင် ထောင်မတတ်ဖြစ်သွားခဲ့သည်။

လွန်ခဲ့သောနေ့ရက်များတွင် ရီကျစ်ခိုင်သရုပ်ဆောင်တစ်ဦးအဖြစ် စတင်လုပ်ကိုင်ချိန်တွင် ရှဲ့ကျစ်ရှင်းနှင့်အတူ “Heroic Boy” အားရိုက်ကူးခဲ့ဖူးသည်။ သို့သော်ညား ထိုအချိန်တွင် ရှဲ့ကျစ်ရှင်းသည် ရုပ်ရှင်လောကအားစိုးမိုးထားပြီဖြစ်သည်။ သူ၏သရုပ်ဆောင်အရည်အချင်းမှာ ကောင်းမွန်ကာ လိုက်လျောညီထွေလုပ်နိုင်စွမ်းကောင်းသည်ဖြစ်၍ နာမည်ကြီးဒါရိုက်တာများ၏ ဦးစားပေးရွေးချယ်စရာဖြစ်ခဲ့သည်။

ရီကျစ်ခိုင်သည် သူ ရှဲ့ကျစ်ရှင်းနှင့်ရုပ်ရည်အရဖြစ်စေ၊ သရုပ်တောင်စွမ်းရည်အရဖြစ်စေ မယှဥ်ပြိုင်နိုင်သည်ကိုနားလည်သည်ဖြစ်၍ သူသည် “Heroic Boy” မှရရှိခဲ့သည့်အောင်မြင်မှုအားအသုံးချကာ တီဗီဒရမ်မာသရုပ်ဆောင်အဖြစ်ကိုသာပြောင်း၍ ဥာဏ်ရှိရှိရွေးချယ်ခဲ့သည်။ သူသည် လေးနက်သည့်ဒရမ်မာအမျိုးအစားနှင့် အိုင်ဒေါဒရမ်မာ အမျိုးအစားနှစ်ခုစလုံးအား သရုပ်ဆောင်ကာ ထိုအမျိုးအစားနှင့်သက်ဆိုင်သည့် ဆုများစွာရရှိခဲ့သည်။ သူသည် ယခုတွင် အလားအလာရှိသည့် တီဗီဘုရင် တစ်ဦးဖြစ်လာခဲ့သည်။ သူသည် ကျန်းစုန့်၏အကောင်းဆုံးဆက်ခံသူဖြစ်လာမည်ဟု ခန့်မှန်းရလေသည်။

သူ၏နောက်တွင် ထျန်ရှန်း ဖျော်ဖြေရေးကုမ္ပဏီ ရှိနေကာ သူ၏အသက်မှာ သုံးဆယ်သာရှိသေးသည်။ သူတွင် ဖျော်ဖြေရေးလောကအတွင်း တောက်ပသည့်အနာဂတ်ရှိလေသည်။ သူ၏အကျင့်စရိုက်အားပြောရမည်ဆိုလျှင် နားချိန်တွင်အပိုသရုပ်ဆောင်ငယ်လေးတစ်ဦးသည် လဲကျမလိုဖြစ်သွားကာ ရီကျစ်ခိုင် ကူညီပေးခဲ့သည်ကို ရှချန်းချန်းသတိထားမိလေသည်။ သူကြည့်ရသည်မှာ အလွန်ယဥ်ကျေးသည့်ပုံပေါက်လေသည်။

“မင်းလူတစ်ယောက်ရဲ့နှလုံးသားကို သူ့ရဲ့မျက်နှာကိုကြည့်တာနဲ့မသိနိုင်ဘူးလေ”

စနစ်သည်မတတ်နိုင်စွာနှင့် သက်ပြင်းချလိုက်ကာ

“သေချာလို့လား၊ သူ့ရဲ့ပုံစံကိုကြည့်ပါဦး ငါကတော့ သူ့ကိုအိမ်တွင်းအကြမ်းဖက်တတ်တဲ့သူဆိုပြီး တွေးကြည့်လို့ကိုမရဘူး”

ရှချန်းချန်းသည်လည်း အနည်းငယ်၏ဇဝေဇဝါဖြစ်နေလေသည်။ ဤသည်မှာ သူမ ရီကျစ်ခိုင်မှာ အိမ်တွင်းအကြမ်းဖက်သူမဟုတ်ဟု ခံစားရခြင်းကြောင့်မဟုတ်ပေ။ ရီကျစ်ခိုင်၏ သရုပ်ဆောင်စွမ်းရည်နှင့်ဆိုလျှင် သူ့ အိမ်တွင်းအကြမ်းဖက်ပုံစံအား ဖုံးကွယ်ရန်လွယ်ကူလွန်းကာ နူးညံ့နွေးထွေးသည့်အမျိုးသားပုံစံ ပြသရန်လွယ်ကူလွန်းလေသည်။

သူမ သိချင်နေသည်မှာ မုရုယန်သည်အဘယ်ကြောင့် သူမနှင့်အတူမနက်ခင်းတွင် ရဲအားတိုင်ကြား၍ရနိုင်သော်လည်း ရီကျစ်ခိုင်အားကူညီဖုံးကွယ်ပေးထားရပါသနည်း။

ဒီထဲမှာလျို့ဝှက်ချက်တွေများရှိသေးတာလား။

“ဘာပဲဖြစ်ဖြစ် ငါတို့တွေ ရီကျစ်ခိုင်ရဲ့အိမ်တွင်းအကြမ်းဖက်မှုကိုဖော်ထုတ်ဖို့အတွက် တိကျသေချာတဲ့ သက်သေအထောက်အထားကို ရှာဖို့လိုသေးတယ်” ရှချန်းချန်းပြောလိုက်လေသည်။

ဤသည်မှာ အင်တာနက်သုံးစွဲသူများအား ယုံကြည်စေဖို့ရာ သက်သေများအားဖော်ထုတ်ခြင်းသာမက သူမရှချန်းချန်းကိုယ်တိုင်ပါ ယုံကြည်ရန်ပင်ဖြစ်သည်။

မုန့်ရုယန်ရိုက်ကူးရေးပြီးသွားချိန်တွင် ညနေဘက်ခုနစ်နာရီပင်ထိုးသွားပြီဖြစ်သည်။

မုန့်ရုယန်တွင် ယနေ့ညရိုက်စရာအခန်းမရှိသော်ညား ရိုက်ကူးရေးပြီးချိန်တွင် မုန့်ရုယန်သည် ရှချန်းချန်းအား ယခုခောတ်စားနေသည့် မက်မွန်ပွင့်မိတ်ကပ်အားလိမ်းပေးရန် ပြောပြီးနောက် ရိုက်ကူးရေးအဖွဲ့မှပျော်ရွှင်စွာထွက်ခွာသွားခဲ့သည်။

ရှချန်းချန်း၏နှလုံးသားထဲတွင် တစ်ခုခုဆိုးရွားသည့်အရာဖြစ်လာတော့မည်ဟု ခံစားနေရလေသည်။

ဤသည်မှာအလုပ်ဆင်းချိန်ဖြစ်သည် မည်သူသည် အလုပ်ဆင်းချိန်တွင် မိတ်ကပ်လိမ်းသွားဖို့ရန်လိုသနည်း။

သို့ပေမဲ့ မုန့်ရုယန်သည်ယနေ့ပျော်ရွှင်နေပုံရသည်။ သူမ မိတ်ကပ်အားလိမ်းပြီးသွားသည်နှင့် သူမသည် အပြာနုရောင်ဂါဝန်ရှည်အားလဲဝတ်လိုက်ပြီး မက်မွန်ပွင့်ပန်းလေးများပါသည့် တရုတ်ရိုးရာအပေါ်ဝတ်လေးအားဝတ်၍ ပျော်ရွှင်စွာထွက်ခွာသွားခဲ့သည်။

ရှချန်းချန်းသည် သူမ၏ မိတ်ကပ်သေတ္တာအားသိမ်းဆည်းနေလေသည်။ သူမတံခါးဝသို့အလျင်အမြန်လိုက်သွားချိန်တွင် မုန့်ရုယန်သည်ထွက်သွားပြီဖြစ်သည်။

သူမသည် သူမဘေးရှိဝန်ထမ်းလက်အားတစ်ချက်ဆွဲလိုက်ကာ

“ရီကျစ်ခိုင် ဒီည ရိုက်ဖို့အခန်းတွေကျန်သေးလား”

ဝန်ထမ်းသည် ဇာတ်ညွှန်းအားလှန်လောလိုက်ကာ

“ဒီနေ့က အဖွဲ့ဘီက ဆင်ခြေဖုံးရပ်ကွက်မှာရိုက်ဖို့သွားရမယ် အဖွဲ့အေကကျ စန်းနျန်းနျန်း တောင်ကိုသွားပြီးတော့ ဇာတ်ဝင်ခန်းအတွက်ပြင်ဆင်ဖို့သွားရမယ်၊ ရီလောင်ရှီးအတွက်တော့ ဘာမှရိုက်စရာမရှိတော့ဘူး ရီလောင်ရှီအလုပ်ဆင်းလို့ရနေပါပြီ”

မုန့်ရုယန်လည်းဒီညဘာမှရိုက်စရာမရှိဘူး။ ရီကျစ်ခိုင်ကလည်း ဘာမှရိုက်စရာမရှိတော့ဘူး။

ရှချန်းချန်း၏ခေါင်းထဲတွင် အသိပေးခေါင်းလောင်းသံများနှင့်မြည်ဟီးနေလေသည်။

ထိုအချိန်မှာပင် ဖုန်းမြည်လာခဲ့သည် ဤသည်မှာ ပါပါရာဇီအဖွဲ့ထဲရှိ စျေးကွက်ရှာဖွေရေးအကောင့်မှ သတင်းများမျှဝေနေခြင်းဖြစ်သည်၊

အတင်းပြောဘုရင်မ: [တစ်ယောက်ယောက် ဟိန်ထျန်းမှာရှိကြလား ပရိတ်သတ်တစ်ယောက်က အခုပဲ ငါ့ကို ရီကျစ်ခိုင်က အမျိုးသမီးတစ်ယောက်နဲ့တွဲနေတယ်လို့ ပြောသွားတယ်]

ဖျော်ဖြေရေးလောကအတင်းပြောဒါရိုက်တာ: [ သေစမ်း အဲဒါကရီကျစ်ခိုင်ရဲ့ဖရဲသီးလား၊ ရီကျစ်ခိုင်ကအခုတလော အတော်ကောင်းကောင်းလုပ်နေတာ သူကအကောင်းဆုံးသရုပ်ဆောင်ဆုကိုတောင် ရနိုင်သေးတယ်၊ ဘုရင်မ မင်းအဲ ဖရဲသီးကိုရအောင်ယူမှဖြစ်မယ်နော်၊ ဖော်ထုတ်သူကိုအရင်သတင်းမရသွားစေနဲ့]

အတင်းပြောဘုရင်မ: [ဒါပေမဲ့ငါကဟိန်ထျန်းမှာမဟုတ်ဘူး၊ အတင်းမှားပြောမိပြီ အိုး]

အနုပညာသတင်းထောင် မီနာ: [ငါ ဟိန်ထျန်းမှာ ငါရောက်နေတာ ငါ့ကိုပြောပြပါ၊ ငါနဲ့အတူဓါတ်ပုံအတူလိုက်ရိုက်ပေးဖို့ လူရှာလိုက်မယ်]

အတင်းပြောဘုရင်မ: [နံပါတ်ခုနစ်လမ်း၊ ဂင်ကျာမောလ်၊ ဆယ်လွှာမှာရှိတဲ့ ကဖေးမှာပဲ၊ မီနာမြန်မြန်သွား သူတို့ကိုမလွတ်သွားစေနဲ့]

နံပါတ်ခုနစ်လမ်း ဂင်ကျာမောလ်၌။

ရှချန်းချန်းသည် မြေပုံ app အားဖွင့်လိုက်ကာ ထိုနေရာသည် ယခုနေရာနှင့်ဆယ်မိနစ်သာဝေးသည်ကိုတွေ့လိုက်ရသည်။

အချိန်မီသွားရမယ်။

ဘယ်သူမှသူမရဲ့သတင်းကိုဖြတ်လုသွားလို့မရစေရဘူး။

ရှချန်းချန်းသည် အဝါရောင်ကားအားအလျင်အမြန် စကင်န်ဖတ်လိုက်ကာ ခုနစ်လမ်းထံသို့အလျင်အမြန် မောင်းနှင်သွားခဲ့သည်။ လမ်းခုနစ်ရှိ ဂင်ကျာမောလ်၊ ဆယ်လွှာရှိ ကဖေးထိုင်ခုံလေးများတွင် ကြမ်းပြင်မှမျက်နှာကျက်အထိ မှန်အပြည့်ထားထားသည့်မှန်ဘေးတွင်ရှိနေကာ မုန့်ရုယန်သည် ရီကျစ်ခိုင်၏လက်မောင်းများကြားတွင်ရှိနေပြီး ညဘက်တွင်တွေ့ရသည့်ကြယ်လေးများသည် နဂါးငွေ့တန်းကဲ့သို့တောက်ပနေလေသည်။

“တကယ်လို့ကျွန်မသာ ကောနဲ့ ဒီလိုပွင့်ပွင့်လင်းလင်းနဲ့ ထင်သာမြင်သာနေနိုင်မယ်ဆိုရင်”

မုန့်ရုယန်သည် ရီကျစ်ခိုင်၏ခါးအားဖက်လိုက်ကာ မတတ်နိုင်စွာညီးညူးမိလေသည်။

“ကျွန်မတို့တွေက တစ်ယောက်ကိုတစ်ယောက် ချစ်နေကြတာအသိအသာကြီးပဲလေ ပြီးတော့ကျွန်မတို့တွေ နေ့တိုင်းအတူသရုပ်ဆောင်ကြတာပဲ၊ ဒါပေမဲ့ သရုပ်ဆောင်ပြီးသွားရင်တော့ ကျွန်မတို့တွေက မရင်းနှီးသလိုဟန်ဆောင်နေရတယ်”

ရီကျစ်ခိုင်သည်လည်း သက်ပြင်းသာချနိုင်လေသည်။

သူတို့နှစ်ဦးထဲမှတစ်ခုအား ထျန်ရှန်းဖျော်ဖြေရေးကုမ္ပဏီမှဖြစ်ပြီး တစ်ဦးမှာ Times ရုပ်ရှင်နှင့်ရိုက်ကူးရေးမှဖြစ်လေသည်။ သူတို့သည် စာချုပ်အားလက်မှတ်ထိုးခဲ့သည်ဖြစ်ရာ သူတို့၏ဆက်ဆံရေးအား အတိအလင်းကြေညာ၍မရပေ။

ဖျော်ဖြေရေးနယ်ပယ်သည် စိတ်ဝင်စားစရာကောင်းလေသည်။ သူတို့သည် CP အားနာမည်ကြီးအောင်လုပ်ကာ နာမည်ကြီးနှစ်ဦးစလုံးသည် CP ပရိတ်သတ်များအားအသုံးချ၍ ပရိတ်သတ်များအားဆွဲဆောင်လို့ရလေသည်။

သို့ပေမဲ့ တွဲနေသည်ဆိုသည့်အကြောင်းအား အသိပေးကြေညာလိုက်လို့မရပေယ အသိပေးကြေညာလိုက်သည်နှင့်တစ်ပြိုင်နက် ပရိတ်သတ်များသည် ပျောက်ကွယ်သွားကြမည်ဖြစ်သည်။

ရီကျစ်ခိုင်နှင့်မုန့်ရုယန်တို့သည် ပထမတန်းစားအဆင့် သရုပ်ဆောင်များအဖြစ် ရောက်ရှိနေကြပြီဖြစ်သည်။ အကယ်၍ သူတို့၏ဆက်ဆံရေးသာပေါက်ကြားသွားခဲ့လျှင် သူတို့သည် ကုမ္ပဏီအားစာချုပ်ဖောက်ဖျက်မှုအတွက် ဒါဏ်ကြေးပေးရရုံသာမက ဒရမ်မာအသစ်အားရိုက်ကူးရေးအတွက်လည်း ထိခိုက်မှုများရှိမည်ဖြစ်သည်။ ဤသည်မှာ နှစ်ဦးစလုံး မမြင်ချင်သည့်အရာပင်ဖြစ်သည်။

“နောက်နှစ်နှစ်အတွင်းမှာ အဆင်ပြေသွားပါလိမ့်မယ်”

ရီကျစ်ခိုင်သည် မုန့်ရုယန်အား နှစ်သိမ့်ပေးလိုက်သည်။

သူတို့နှစ်ဦးသည် ဆက်လက်ပွေ့ဖက်ထားကြကာ အနွေးဓါတ်များယူနေကြလေသည်။

ရုတ်တရက် သူတို့နှစ်ဦးဘေးတွင် ဓါတ်ပုံရိုက်နေသည့်အသံအားကြားလိုက်ကာ ရီကျစ်ခိုင်နှင့်မုန့်ရုယန်တို့သည် ချက်ချင်းအသိဝင်လာခဲ့ကြသည်။

“တစ်ယောက်ယောက်ဒီနေရာကိုရှာတွေ့သွားပြီ”

ရီကျစ်ခိုင် မုန့်ရုယန်အား တီးတိုးပြောလိုက်သည်။

“ကိုယ်တို့တွေအတူသွားလို့မရတော့ဘူး၊ အတူသွားရင်ဓါတ်ပုံစိုက်ခံရဖို့လွယ်လိမ့်မယ်၊ ကိုယ်ကအရှေ့အပေါက်ကနေသွားလိုက်မယ် မင်းကအနောက်ဘက်အပေါက်ကနေလှည့်ပြီးတော့ ပြန်လိုက်”

မုန့်ရုယန် ခေါင်းငြိမ့်လိုက်သည်။

သူမ၏ဒရမ်မာအသစ်သည် စတော်ဘယ်ရီချန်နယ်တွင် ထုတ်လွှင့်နေဆဲဖြစ်သည်။ အကယ်၍သူမ၏ဆက်ဆံရေးသာ ယခုအချိန်တွင် ပေါက်ကြားသွားမည်ဆိုလျှင် အဆင့်သတ်မှတ်ချက်များမှာ သေချာပေါက်ကျဆင်းသွားမည်ဖြစ်သည်။

မုန့်ရုယန်နှင့် ရီကျစ်ခိုင်တို့သည် ချက်ချင်းပင်လူခွဲလိုက်ကြလေသည်။ ကံကောင်းစွာဖြင့် သူတို့လာခဲ့သည့်ကဖေးတွင် မန်ဘာစနစ်ရှိသည်ဖြစ်ကာ ပါပါရာဇီများမဝင်ရောက်နိုင်ပေ။

သို့ပေမဲ့ ကဖေးမှထွက်ခွာပြီးနောက်တွင်တော့ ပြောဖို့ရန်ခက်သွားလေသည်။

မှန်းထားသလိုပင် ရီကျစ်ခိုင်သူ၏ဟူဒီအားဝတ်၍ ကဖေးမှထွက်လိုက်ချိန်တွင် ပါပါရာဇီများသည် သူ့အားဝန်းရံလိုက်ကြကာ သူ၏ဘေးနားတွင် ဖလက်ရှ်မီးများတလက်လက်ဖြစ်နေလေသည်။

“ရီကျစ်ခိုင် မင်းရဲ့ကောင်မလေးနဲ့ဒီမှာလာဒိတ်နေတာလား”

“သူမက ဒီအသိုင်းအဝိုင်းထဲကလား မဟုတ်ရင် အပြင်ကလား”

“မင်းတို့တွေအတူရှိတာဘယ်လောက်ကြာနေပြီလဲ၊ မင်းတို့တွေလက်ထပ်ကြတော့မှာလား”

“မင်းဘာလို့ မင်းရဲ့ဆက်ဆံရေးကိုမကြေညာရတာလဲ၊ မင်းဖျော်ဖြေရေးနယ်ပယ်ထဲမှာ CP တွေနဲ့ နာမည်ကြီးအောင်လုပ်လို့မရတော့မှာကို ပူနေတာလား”

မုရုန်ယန်သည် ရီကျစ်ခိုင် ပါပါရာဇီများဖြင့်ဝန်းရံခံထားရသည်ကိုတွေ့သောအခါ အနည်းငယ်စိတ်မကောင်းဖြစ်မိလေသည်။

သို့သော် ထိုအရာအားသိပ်ဂရုမစိုက်ပါဘဲ သူမ၏တရုတ်ရိုးရာပုံစံအပေါ်ထပ်အားဝတ်ကာ နေကာမျက်မှန်အားတပ်ပြီးနောက် ကဖေး၏အနောက်ဘက်တံခါးမှထွက်သွားရန် ပြင်လိုက်လေသည်။

သူမ မသိလိုက်သည်မှာ ကုံသန်း နှင့်အခြားပါပါရာဇီများသည် ရီကျစ်ခိုင် ဂင်ကျာစျေးဝယ်စင်တာ ကဖေးတွင်ရှိနေသည်ကိုသိသည်နှင့် အဖွဲ့နှစ်ဖွဲ့ခွဲကာ အဖွဲ့နှစ်ဖွဲ့သည် အရှေ့နှင့်အနောက်တံခါးတွင် စောင့်နေကြကာ သူတို့ထောက်ချောက်မိမည့် အချိန်အားစောင့်နေကြလေသည်။

မုန့်ရုယန်သည် အနောက်ဘက်တံခါးသို့သွားအမြန်ကာ ထွက်ဖို့ပြင်လိုက်လေသည်။ အနောက်ဘက်တံခါးတွင်ရောက်နေသည့် ကုံသန်း မှာမူ သူ၏ကင်မရာအားလက်ဖြင့်ကိုင်လိုက်ကာ မကြာမီအချိန်တွင် တီဗီဘုရင်တစ်ပိုင်းဖြစ်နေသူ၏ အချစ်ရေးအကြောင်း ဓါတ်ပုံရိုက်နိုင်တော့မည်ဖြစ်သည်။

အစိမ်းရောင်စကပ်သည် အနောက်ဘက်တံခါးမှပေါ်လာခဲ့ကာ ကုံသန်း သည်သူ၏ ကင်မရာအားအလျင်အမြန်ကောက်ကိုင်လိုက်ကာ “ကလစ် ကလစ် ကလစ်” နှင့် ပုံပေါင်းများစွာရိုက်လိုက်သော်ညား နောက်တစ်ခဏတွင် ထိုပုံရိပ်သည် ကဖေးထဲသို့ပြန်ဝင်သွားခဲ့သည်။ ကုံသန်းသည်အနည်းငယ်ဇဝေဇဝါဖြစ်သွားခဲ့သည်။

သို့ပေမဲ့ သူသည် အစိမ်းရောင်အပင်နောက်တွင်ရှိနေကာ သူ၏ကိုယ်အားဖုံးထားလေသည်။ ကဖေးထဲရှိအမျိုးသမီးသည် သူ့အားဂရုမပြုမိလောက်ပေ။

ဤသည်မှာ မတော်တဆသာဖြစ်မည်ဟု ကုံသန်း တွေးလိုက်သည်။ သူတစ်ခဏမျှစောင့်ပြီးချိန်တွင် သူမ ပေါ်လာမည်မှာအသေအချာပင်ဖြစ်သည်။

ထိုအချိန် ကဖေးအတွင်းတွင် ရှချန်းချန်းသည် မုန့်ရုယန်၏လက်ကောက်ဝတ်အားဆွဲကာ သူမအားအမျိုးသမီးသန့်စင်ခန်းထဲသို့ဆွဲခေါ်သွားခဲ့သည်။

ရှချန်းချန်းသည် ဇာအင်္ကျီနှင့်စကပ်တိုလေးအားဝတ်ထားကာ ကော်လာတွင်ဖဲပွင့်လေးအားတတ်ထားလေသည်။ သူမသည် အောက်ထပ်ရှိကုန်တိုက်မှ ပေါ့ပေါ့ပါးပါးဝယ်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံးတစ်ချက်ကြည့်ချိန်တွင်ထိုဝတ်စုံသည် ကဖေးစားပွဲထိုးဝတ်စုံနှင့်ဆင်တူသော်ညား သေချာကြည့်လိုက်လျှင် မတူညီသည့်အရာများရှိလေသည်။

မုန့်ရုယန်သည် သူမ၏မျက်နှာအား ရှင်းရှင်းလင်းလင်းမြင်လိုက်ကာ

“ရှရှ ဘယ်လိုဖြစ်လို့နင်ဖြစ်နေတာလဲ”

“နင် ပါပါရာဇီတွေဆီကပုံရိုက်မခံချင်ရင် အခုမထွက်နဲ့ဦး”

ရှချန်းချန်းသတိပေးလိုက်ကာ ပါပါရာဇီများ ကဖေးအတွင်းထဲသို့မဝင်လာသေးသည်ကို သေချာစေရန် နှစ်ခါတိတိအပြင်သို့ကြည့်လိုက်ကာ စိတ်သက်သာရာရသွားသည့် သက်ပြင်းအားချလိုက်လေသည်။

“အနောက်ဘက်တံခါးမှာလည်း ပါပါရာဇီတွေရှိနေတာလား”

မုန့်ရုယန်သည် စိတ်ပူသွားကာ

“မဖြစ်ဘူး သူတို့တွေကအခုအပြင်မှာထိုင်စောင့်နေကြမှာ၊ ငါဒီမှာပဲ တစ်ချိန်လုံးတော့မနေနိုင်ဘူးလေ”

ရီကျစ်ခိုင်သည် ပါပါရာဇီများထံမှဓါတ်ပုံအရိုက်ခံလိုက်ရပြီဖြစ်ကာ သူမပါဓါတ်ပုံအရိုက်ခံလိုက်ရလျှင် သူမတို့၏အချစ်ရေးမှာ အတည်ပြုပြီးသားဖြစ်သွားမည်ဖြစ်သည်။

သူတို့နှစ်ဦးသည် ဇာတ်ညွှန်းအားဆွေးနွေးနေပါသည်ဟူသည့် အကြောင်းပြချက်အားသုံးလျှင်တောင် ညဘက်ကဖေးတွင်အတူရှိနေစရာအကြောင်းမရှိပေ။

ရှချန်းချန်းသည်လည်း မုန့်ရုယန်စိတ်ပူနေသည့်အရာအား နားလည်လေသည်။

ဒါပေမဲ့ သူ့ရဲ့ဖရဲသီးကို လာခိုးချင်တာလား၊ အဲဒါကတော့မဖြစ်နိုင်ဘူးလေ။

သူမ မုန့်ရုယန်၏ဝတ်စုံအားတစ်ချက်ကြည့်လိုက်လေသည်။ သူမအရပ်သည် ၁၇၀စင်တီမီတာရှိကာ ယနေ့တွင်သူမသည် ၅စင်တီမီတာရှိသည့်ဖိနပ်အားစီးထားလေသည်။ တစ်ချက်ကြည့်လိုက်ချိန်တွင် သူမသည်သူနှင့်အရပ်တူတူပင်ဖြစ်သည်။

“အဝတ်တွေလဲဝတ်ကြရအောင်”

ရှချန်းချန်းသည် ပြတ်ပြတ်သားသားပြောလိုက်သည်။

“ငါနင့်အတွက်သွားပေးမယ်”

မုန့်ရုယန်သည် အံ့ဩသွားကာသူမ၏မျက်လုံးထဲတွင် ကျေးဇူးတင်မှုများအား အနည်းငယ်မြင်နေရလေသည်။

သို့ပေမဲ့ သူမသည် ရှချန်းချန်း၏ကူညီမှုအား ငြင်းပယ်ကာ

“အခုလေးတင် အဲပါပါရာဇီတွေက ငါနဲ့ရီကျစ်ခိုင် အတူရှိနေတဲ့ပုံတွေကို အနောက်ဘက်ကနေ ရိုက်ပြီးသွားပြီ တကယ်လို့ နင်သာငါ့အဝတ်တွေကိုဝတ်ပြီးထွက်သွားမယ်ဆိုရင် သူတို့တွေကနင့်ကို ရီကျစ်ခိုင်ရဲ့ ကောလဟာလထဲကကောင်မလေးလို့ ထင်သွားကြလိမ့်မယ်၊ ပြီးတော့နင်ကအယောင်ဆောင်ဖြစ်သွားလိမ့်မယ်”

အယောင်ဆောင်နှင့် နာမည်ကြီးများသည် နာမည်ကြီးများ၎င်းတို့၏ဆက်ဆံရေးအား တရားဝင်မကြေညာသေးခင်တွင် အတူရှိကြလေသည်။ ထိုကဲ့သို့ကိစ္စ ဆယ်ခုတွင်ရှစ်ခုမှာ ထိုအယောင်ဆောင်များသည် ပရိတ်သတ်များထံမှ အလိုက်ခံရကာ အဆူအဆဲခံရမည်ဖြစ်သည်။

ရီကျစ်ခိုင်သည်လည်း ရှရှနှင့်ဆက်ဆံရေးအား ဘယ်သောအခါမှအတည်အလင်း ကြေညာမည်မဟုတ်ကာ နှုတ်ဆိတ်နေမည်ဖြစ်သည်။

ရှရှ၏ဝင်ရောက်မှုသည် အင်တာနက်သုံးစွဲသူများမှ သူမအားပို၍သာကဲ့ရဲ့စေမည်ဖြစ်သည်။

မုန့်ရုယန်သည် သူမ၏အချစ်ရေးအားမပေါက်ကြားသွားစေချင်ပေ။ ထိုကဲ့သို့ပင် သူမသည်အခြားသူများအားလည်း ပါဝင်မပတ်သက်စေချင်ပေ။

သို့ပေမဲ့ ရှချန်းချန်းသည် အမှန်တကယ်ပင် ဂရုမစိုက်ပေ။

ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့မျက်နှာကအတုကြီးပဲလေ။

အင်တာနက်သုံးစွဲသူတွေက “ရှရှ” ကိုဆဲဆိုနေကြတော့ရော သူမရှချန်းချန်းနဲ့ဘာဆိုင်လို့လဲ။

ရှချန်းချန်းသည် မျက်လုံးမှိတ်လိုက်ကာ

“စိတ်မပူပါနဲ့ ငါနင်အပြင်ကို ချောချောမွေ့မွေ့မရောက်သွားမချင်း ပါပါရာဇီတွေဆီကနေအဖမ်းမခံစေရပါဘူး”

နောက်ဆုံးတော့လည်း ငါကပါပါရာဇီပါပဲလေ။

မုန့်ရုယန်သည် ရှချန်းချန်းအားဆက်မငြင်းနိုင်တော့ကာ သူတို့နှစ်ဦးသည် အင်္ကျီများလဲဝတ်လိုက်ကြလေသည်။

ရှချန်းချန်းသည် သူမ၏ခေါင်းအား ဟူဒီခေါင်းစွပ်ဖြင့်ကွယ်လိုက်ကာ သူမ၏ရေညှိကဲ့သို့ဆံပင်များသည် သူမ၏ပုခုံးပေါ်တွင် ဝဲကျနေပြီး သူမ၏မျက်နှာအားတော်တော်များများဖုံးသွားလေသည်။

သူကဖေးမှထွက်လိုက်သည်နှင့် အစိမ်းရောင်အပင်နောက်ရှိ ကုံသန်းသည်ချက်ချင်း “ကလစ် ကလစ် ကလစ်” နှင့် ခလုတ်အားအသည်းအသန်နှိပ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် ရီကျစ်ခိုင်၏လမ်းအားပိတ်နေသည့် ပါပါရာဇီများသည်လည်း ရောက်လာခဲ့ကြလေသည်။

ရီကျစ်ခိုင်သည်လည်း မုန့်ရုန်ယန်၏ပုံသဏ္ဍာန်အားတွေ့လိုက်ချိန်တွင် “မကောင်းတော့ဘူး” ဟုတွေးလိုက်မိသော်ညား သူသည် သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးအားခြားထားရမည်ဖြစ်၍ ထိုပုံသဏ္ဍာန်ပြေးထွက်သွားသည်ကိုကြည့်နေရုံသာတတ်နိုင်လေသည်။ ရှချန်းချန်းသည် ဓါတ်လှေကား ထံသို့ အလျင်အမြန်လမ်းလျှောက်သွားနေလေသည်။

ပါပါရာဇီများသည် သူမ၏နောက်တွင်ပါလာလေသည်။သူတို့သည် ရှချန်းချန်းအား မှီကြတော့မည်ဖြစ်သော်ညား နောက်တစ်ခဏတွင် ရှချန်းချန်းသည် တိဗက်ပဝါများရောင်းချသည့် ဆိုင်တန်းသို့ရောက်ကာ သူမ၏ရုပ်အားထိုဆိုင်တန်းသည် ကွယ်ထားပေးလေသည်။ ပါပါရာဇီများ၏မမြင်နိုင်သည့်နေရာသို့ ရှချန်းချန်းရောက်သွားခဲ့သည်။

ရှချန်းချန်းသည်ဆိုင်ရှင်အားချက်ချင်း ယွမ်ငါးရာပေးလိုက်ကာ သူမလက်ထဲရှိတရုတ်ရိုးရာအပေါ်ဝတ်အား ချွတ်ကာပန်ကာ တိဗက်ပဝါများနှင့်လဲလိုက်လေသည်။

သူမ၏လှုပ်ရှားမှုများမှာ ချောမွေ့လွန်းပြး သူမ၏ရှည်လျားသည့်ဆံပင်ကောက်များအားလည်း လိပ်တင်၍ ဆံညှပ်နှင့်ညှပ်လိုက်လေသည်။

သူမပါပါရာဇီများအရှေ့သို့ပြန်ပေါ်လာချိန်တွင်သူမသည် တစ်ခြားသူတစ်ဦးနီးနီးဖြစ်နေလေသည်။ ပါပါရာဇီများသည် ထိုမိန်းကလေးအားလျစ်လျူရှုလိုက်ကာ သူတို့၏အကြည့်များသည် ဆိုင်တန်းတွင်ပေါ်နေသည့် တရုတ်ရိုးရာအပေါ်ဝတ်ဆီကိုသာရောက်နေကြလေသည်။

သူတို့အားလုံးသည် ယခုလေးတင်ဖြတ်သွားသည့် တိဗက်ပဝါအားဝတ်ဆင်ထားသောအမျိုးသမီးအား မတူညီသည့်ဖြတ်သွားဖြတ်လာဟုသာ ထင်နေခဲ့ကြသည်။

ကုံသန်းသည် ရီကျစ်ခိုင်၏ ကောလာဟလချစ်သူကောင်မလေးအား ဆက်တိုက်စိုက်ကြည့်နေခဲ့သည်။

သို့သော် ထိုလေဟာပြင်ပေါ်ရှိဆိုင်တန်းများအားဖြတ်ပြီးနောက် ထိုကောလဟလချစ်သူကောင်မလေးသည် ပျောက်ကွယ်သွားခဲ့သည်။

ဘာတွေဖြစ်နေတာလဲ။

တစ်ခုခုတော့မှားနေပြီ တစ်ခုခုတော့လုံးဝကိုမှားနေပြီ။

သူ အမြင်မှားသလားဟုပင် ကုံသန်းသံသယဖြစ်နေခဲ့သည်။

ထိုအချိန်မှာပင် သူ၏ဖုန်းသည်တုန်ခါလာကာ အင်တာနက်သုံးစွဲသူတစ်ဦးသည် သူအားတိုက်ရိုက်မက်ဆေ့ချ်ပေးပို့ထားခဲ့သည်။

အတန်းဖော်ကျူ: [မီနာ ငါ့မှာမင်းကိုပြောစရာရှိတယ်၊ ငါ ရီကျစ်ခိုင် ဟိန်ထျန်းဂင်ကျာမောလ်က ကဖေးဆိုင်မှာကောင်မလေးတစ်ယောက်နဲ့ ဒိတ်နေတာကိုမြင်ခဲ့တယ်]

ထိုတိုက်ရိုက်မက်ဆေ့ချ်တွင် ရှင်းလင်းသည့်ပုံတစ်ပုံလည်းပါကာ ဤသည်မှာထိုဆိုင်တန်းနောက်မှထွက်သွားသည့် မိန်းကလေးပင်ဖြစ်သည်။

ကုံသန်းသည် မျက်လုံးအားကျုံ့ကာ​ အနီးကပ်ကြည့်ကြည့်လိုက်လေသည်။အပေါ်ဝတ်မှာပြောင်းသွားသော်ညား စကပ်၏ပုံစံမှာ ရီကျစ်ခိုင်နှင့်ဒိတ်နေသည့် မိန်းကလေး၏စကပ်နှင့်အတူတူပင်ဖြစ်သည်။

ကုံသန်းသည် တစ်ချက်ကြည့်လိုက်ကာ တိဗက်စတိုင်ပဝါသည် ဂင်ကျာမောလ်ထဲတွင် အလွန်ပင်သိသာထင်ရှားနေသည်ဖြစ်ကာ ရှာတွေ့သွားလေသည်။ ထိုသူသည် ဓါတ်လှေကားထဲသို့သွားနေခြင်းမဟုတ်ပဲ စက်လှေကား၏အခြားတစ်ဖက်သို့ ပြေးသွားခဲ့ခြင်းဖြစ်လေသည်။

အဲဒါသူမပဲ ရီကျစ်ခိုင်ရဲ့ကောလဟလကောင်မလေးပဲ။

လိုက်ကြ။

ရှချန်းချန်းသည် ယနေ့အလွန်အံ့ဩနေရလေသည်။

သူမသည် ပါပါရာဇီများအား ခါချခြင်းအားမကျွမ်းကျင်သော်ညား သူမအခြားသူများအား ခါချဖူးလေသည်။ ယခင်ကသူမသည် ပုံများရိုက်ကူးရန်အတွက် ကလပ်များနှင့်ဟိုတယ်များအား ခိုးဝင်လေ့ရှိကာ ရံဖန်ရံခါတွင်သူမအား လုံခြုံရေးများတွေ့သွားလေ့ရှိလေသည်။

သူမအတွက် ထိုလုံခြုံရေးများထံမှ လွတ်မြောက်ဖို့ရန်ပို၍လွယ်ကူလေသည်။ အထူးသဖြင့် စျေးဝယ်စင်တာကဲ့သို့ ဝတ်စုံများနှင့်ပစ္စည်းများရှိနေသည့်နေရာများတွင် ရုပ်ဖျက်ရန်ပို၍လွယ်ကူလေသည်။

ဒါပေမဲ့ ဒီနေ့ကျ ကုံသန်းနဲ့သူ့ရဲ့ပါပါရာဇီအဖွဲ့က လှည့်စားနေကြတာလား။

သူတွေဘာလို့သူမကို အမြဲရှာတွေ့နေကြတာလဲ။

ရှချန်းချန်းသည် ယောက်ျားလေးအင်္ကျီဆိုင်သို့ပင်ဝင်ကာ သူမ၏စကပ်အား အမျိုးသားအဝတ်များနှင့် ပြောင်းလိုက်ပါသော်ညား ပါပါရာဇီများသည် သူမနောက်အားလိုက်နေကြဆဲဖြစ်သည်။

ရှချန်းချန်း: “....”

ပြဿနာတစ်ခုတော့ရှိနေပြီ။ သူတို့ရဲ့နောက်မှာ ကျွမ်းကျင်တဲ့သူတစ်ယောက်ရှိနေတာပဲဖြစ်ရမယ်။

သူမကိုအများကြီး ဖိအားပေးနိုင်တဲ့သူမျိုးပေါ့။

ရှချန်းချန်းသူမကိုယ်သူမ သုံးလေးခါလောက် ရုပ်ဖျက်ပြီးချိန်ထိုင် သူမအား ကုံသန်းသည်တွေ့နေဆဲဖြစ်ကာ သူမခေါင်းထဲတွင်ဆိုးရွားသည့် အကြံဥာဏ်များပေါ်လာကာ ဂင်ကျာမောလ်ရှိ စောင့်ကြည့်ရေးကင်မရာအားကြည့်လိုက်လေသည်။ စောင့်ကြည့်ရေးကင်မရာသည် မီးနီဖျော့ဖျော့လေးအား မှိတ်တုတ်မှိတ်တုတ်ပြနေလေသည်။

“တုန်ကျီ”

ရှချန်းချန်း၏အသံသည် အခြားသူတစ်ဦးဦးသူမ၏လည်ပင်းအား ညှစ်ထားသကဲ့သို့ အနည်းငယ်အက်ရှရှဖြစ်နေကာ

“ရှဲ့ကျစ်ရှင်း ဒီမှာရှိနေတာလား”

တစ်ချိန်လုံးတိတ်နေသည့်စနစ်သည် တိုးတိုးလေးပြောကာ သက်ပြင်းချလိုက်သည်။

“ဒီလိုတောင်ဖြစ်လာပြီးပြီပဲ Host ဘယ်လိုထင်လို့လဲ”

Skynet စနစ်သည် ရုပ်ဖျက်မိတ်ကပ်အားလိမ်းချယ်ထားသည့် ရှချန်းချန်းအားခြေရာမခံနိုင်ပေ။ သို့သော် ထိုအရာတွင်ရှချန်းချန်း၏ရုပ်ဖျက်ထားသည့်ပုံအား ခြေရာခံမိသွားသည်နှင့်တစ်ပြိုင်နက် ထိုလူတစ်ဦးတည်းကိုသာ ပစ်မှတ်ထားလိုက်လို့ရလေသည်။

ထိုအရာသည် ရှချန်းချန်းအားပစ်မှတ်ထား၍မရပေ။

သို့သော် ရှရှအားပစ်မှတ်ထား၍ရလေသည်။

ယခုဂင်ကျာမောလ်အတွင်းရှိ စောင့်ကြည့်ကင်မရာများအားလုံးသည် ရှဲ့ကျစ်ရှင်း၏ မျက်လုံးများပင်ဖြစ်သည်။

နေရာတိုင်းတွင် ထိုးဖောက်ရန်အပေါက်ပင်မရှိတော့ပေ။

ရှဲ့ကျစ်ရှင်းသည် စောင့်ကြည့်ရေးအခန်းတွင်ရပ်နေကာ ရှချန်းချန်း၏ဒေါသထွက်နေသည့်မျက်နှာအား ဖန်သားပြင်မှတစ်ဆင့်ကြည့်လိုက်လေသည်။

သူသည် အောင်ပွဲခံအပြုံးအားပြုံးလိုက်လေသည်။

All Chapters