← Chapters

အခန်း (၅၂)

Vol. 6 Ch. 52

အခန်း (၅၂)

Vol. 6 Ch. 52

ည ကိုးနာရီ၌ ရိုက်ကူးရေး ပြီးဆုံးသွားသည်။

လူတိုင်းသည်လည်း ပင်ပန်းနေကြပြီး စန်းနျန်းနျန်းတောင်ပေါ်ရှိ တစ်ခုတည်းသော ဟော်တယ်ရှိရာသို့ ပြန်လာကြသည်။

ယင်းဟော်တယ်သည် ခုနစ်ထပ်ရှိသည့် ဥရောပစတိုင် အဆောက်အအုံဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်များတွင် တည်ဆောက်ခဲ့ကာ သမိုင်းနောက်ခံ အနည်းငယ်ရှိသည်။ သို့သော် အဖွဲ့သားများသည် ထိုနေရာ၌ နှစ်ရက်သာ တည်းခိုကြမည်ဖြစ်ပြီး တစ်ညသာ အိပ်မည်ဖြစ်သဖြင့် မနက်ဖြန် ရိုက်ကူးရေးပြီးပါက ထွက်ခွာကြတော့မည် ဖြစ်သည်။

သူ၏ သရုပ်ဆောင်စွမ်းရည်ကြောင့် ဒါရိုက်တာ လုနှင့် ဇာတ်ညွှန်းရေးဆရာများသည် ရှဲ့ကျစ်ရှင်းအား ဧည့်သည်သရုပ်ဆောင်နေရာအတွက် ကမ်းလှမ်းခဲ့ပြီး ဇာတ်ဝင်ခန်းများစွာကို ထပ်မံ၍ ပေါင်းထည့်ခဲ့သည်။ ထို့ကြောင့် သူသည် ညကိုးနာရီ၌ အဖွဲ့သားများနှင့် ပေါင်း၍ ဟိုတယ်၌ စာရင်းသွင်းခဲ့သည်။

ဟိုတယ်သို့ ပြန်ရောက်သည်နှင့် အဖွဲ့သားများက သူတို့၏ အခန်းကတ်များကို ဝေငှပေးသည်။

ရှဲ့ကျစ်ရှင်းနှင့် မုန့်ရုယန်တို့သည် အပေါ်ဆုံးထပ်ရှိ အမှုဆောင်ခန်း၌ တည်းခိုကြပြီး အခြားသရုပ်ဆောင်များကမူ ထုံးစံအတိုင်း တစ်ယောက်ခန်းများတွင် တည်းခိုကြကာ ဝန်ထမ်းများမှာတော့ ပုံမှန်အတိုင်း စံနှုန်းသတ်မှတ်ထားသည့် အခန်းများတွင် တည်းခိုကြရသည်။ အခန်းကတ်များကို ဝေငှပြီးနောက် လူတိုင်းသည် သူတို့၏ အခန်းများသို့ ပြန်သွားရန် ပြင်ဆင်ကြသည်။

ထိုအချိန်၌ ရှဲ့ကျစ်ရှင်းက ရုတ်တရက် ပြောလိုက်သည်။

“ဆရာ သုန်သုန်က ဘာလို့ အခန်းကတ် မရတာလဲ၊ စာရင်းသွင်းဖို့ မေ့သွားတာလား”

မုန့်ရုယန်သည် ရှချန်းချန်းအား သူမ၏ နောက်၌ အလျင်အမြန် ကာကွယ်ပြောဆိုသည်။

“ဆရာ သုန်သုန်က သူ့ မှတ်ပုံတင်ကို ယူလာဖို့ မေ့သွားတာ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ကျွန်မမှာ အခန်းနှစ်ခန်းပါတဲ့ အမှုဆောင်ခန်းရှိတယ်၊ ဆရာ သုန်သုန်က ကျွန်မနဲ့ အတူနေလို့ရပါတယ်”

ရီကျစ်ခိုင် တစ်ယောက် ပင်ပန်းနေခဲ့ပြီး အနားယူရန် ပြန်သွားချင်နေသော်လည်း ထိုစကားကို ကြားသည့်အခါ သူ၏ ခေါင်းက အစိမ်းရောင်သို့ ပြောင်းသွားသည်။

“ယန်ယန် ဒီလိုလုပ်တာ မကောင်းဘူးမလား”

မုန့်ရုယန်က အခိုင်အမာ ပြောသည်။

“ကျွန်မတို့က အတူအိပ်ကြတာ မဟုတ်တာ၊ ရှင်က ဘာကို စိတ်ပူနေတာလဲ”

“ဒါပေမဲ့… ”

ရီကျစ်ခိုင်ကမူ ဒွိဟဖြစ်နေခဲ့သည်။ သူ၏ ရည်းစားက အခြားယောင်္ကျားတစ်ယောက်နှင့် တစ်ခန်းတည်းအတူနေမည်ဆိုသည်ကိုကြားပြီး

နောက် သူ၏ ခေါင်းက ပို၍ အစိမ်းရောင်ဖြစ်သွားသည်။

ထိုအချိန်၌ ချန်းကော ရောက်လာကာ သုန်သုန်အား စည်းရုံးရန် ကြိုးစားသည်။

ဖ”ဟုတ်တယ် ယန်ယန် ဆရာရီ ပြောတာ မှန်တယ်၊ ဒီလိုပုံစံမျိုး မြင်ရတာကြီးက မကောင်းပါဘူး”

မုန့်ရုယန်တစ်ယောက် ရှုပ်ထွေးနေပုံရသည်။

“အခန်းနှစ်ခန်းဆိုရင်ရော ဘယ်လိုလဲ၊ ချန်းကော ကျွန်မတို့ လုပ်ငန်းခရီးထွက်တုန်းကလည်း အခန်းအတူတူ ယူခဲ့ဖူးတယ်လေ”

ချန်းကောသည် သူ၏ နဖူးမှ စီးကျလာသော ချွေးများကို သုတ်လိုက်သည်။ ယင်းက မှန်ကန်သော်လည်း အဓိကမှာ သူမ၏ ချစ်သူရှိနေသောကြောင့် ဖြစ်သည်။ အခြားယောကျ်ားတစ်ယောက်နှင့် တစ်ခန်းတည်း အတူနေရမည်ဆိုသည်က ထူးဆန်းပုံရသည်။ မုန့်ရုယန်တစ်ယောက် သတိများ မထားမိတာလား။ သူလည်း အန္တရာယ်က ရှောင်ရအောင် တစ်ခန်းစီယူခဲ့တာလား။

သို့သော် မုန့်ရုယန်က အတင်းအကြပ်ပြောသည်။

ထိုသို့ ဖြစ်ပျက်နေသည်ကို မြင်သောအခါ ရှဲ့ကျစ်ရှင်းသည် စကားဖြတ် ပြောဆိုလိုက်သည်။

“ဟုတ်ပြီ၊ ကျွန်တော့်အခန်းကလည်း အခန်းအကျယ်ပါပဲ၊ ဆရာသုန်သုန် ကျွန်တော့်အခန်းမှာ နေလိုက်ရင်ရော ဘယ်လိုလဲ”

ရှချန်းချန်း:!!!

မုန့်ရုယန်:!!!

ရှချန်းချန်းနှင့် မုန့်ရုယန်တို့ မငြင်းဆန်နိုင်ခင်ပင်

ရီကျစ်ခိုင်က ဦးစွာ “အကြံကောင်းပဲ” ဟု ပြောလိုက်သည်။

ချန်းကောကလည်း ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ် ဒါက ပိုကောင်းတဲ့အကြံပဲ”

မုန့်ရုယန်သည် ရီကျစ်ခိုင်နှင့် ချန်းကောတို့ကို ကြည့်လိုက်သည်။ သူတို့နှစ်ဦးသား ကွက်ကွက်ကွင်းကွင်း မြင်နေရသည်ကို နားလေးချင်ယောင်၊ အ,နေသည့်ဟန်ဆောင်နေကြသည်။

အထူးသဖြင့် ရီကျစ်ခိုင်၊ သူသည် လုံးဝပင် လစ်လျူရှုလိုက်သည်။

ဟာသပဲ။ မုန့်ရုယန်က သူ့ရည်းစားလေ သူ့ရည်းစားကို သူက တခြား ယောက်င်္ကျားတစ်ယောက်နဲ့ တစ်ခန်းတည်း အတူနေခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ။ အထူးသဖြင့် ရီကျစ်ခိုင်သည် ရှချန်းချန်းကို တစ်ချက် စောင်းကြည့်လိုက်သည်။ ဒါက ယောကျ်ားဆန်တဲ့ ကောင်လေးပဲ။

ရှချန်းချန်းက ငိုချင်လာသည်ဟု ခံစားလိုက်ရသည်။

သူမသာ ရှဲ့ကျစ်ရှင်းနှင့် တစ်ခန်းတည်း အတူနေရမည်ဆိုလျှင် သူမ မည်သို့ အသက်ရှင်နိုင်မည်နည်း။

ရှချန်းချန်းမှ ရှဲ့ကျစ်ရှင်းအား လှည့်စားလိုက်သည့်အခါတိုင်း သူက အခြားနည်းနှင့် တစ်ဖန် ပြန်လှည့်စားမည်မှာ သေချာသည်။

ဒီမြေခွေးအိုကြီးဆီက တစ်ခုခု ရအောင်ယူလို့ဆိုတာက မဖြစ်နိုင်ဘူး။

ထို့အပြင် ရှဲ့ကျစ်ရှင်းက

“ဘာဖြစ်လို့လဲ ဆရာ သုန်သုန်၊ ကျွန်တော်နဲ့ တစ်ခန်းထဲ အတူနေရတာက စိတ်ကျဥ်းကျပ်လို့လား” ဟု ကြင်နာစွာ မေးသည်။

သူ၏ ကျောက်သားကဲ့သို့ မျက်လုံးများတွင် နာကြည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ကျွန်တော်များ အမှားလုပ်မိလို့ ဆရာ စိတ်ဆိုးသွားတာလား ဆရာသုန်သုန်၊ ကျွန်တော့်ကို မမုန်းဘူးမလား”

ရှချန်းချန်း: “???”

ရှဲ့ကျစ်ရှင်းက ယဲ့ရှီဝမ်ရဲ့ လက်ဖက်ရည်ပညာအကြောင်း ပြောနေတာလား။

နောက်ဆုံး၌ ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ လက်ခုပ်ထဲမှ မလွတ်မြောက်နိုင်ခဲ့ပေ။ သူမသည် သူ့နောက်သို့ လိုက်၍ အပေါ်ဆုံးထပ်ရှိ အမှုဆောင်အခန်းသို့ သွားခဲ့သည်။

နှစ်ယောက်စလုံးသည် လျှောက်လမ်းတွင် တစ်ယောက်နှင့်တစ်ယောက် ရှေ့နောက်ကပ်၍ လျှောက်သွားကြသည်။ ပတ်ဝန်းကျင်၌ အခြား မည်သူမျှ မရှိသဖြင့် ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းနှင့် တည်တည်ငြိမ်ငြိမ် ဟန်ဆောင်ရန် စိတ်မကူးတော့ပေ။

“ဟိန်ထျန်းဟွားမိန်မှာ မင်းရဲ့ရည်ရွယ်ချက်က ရီကျစ်ခိုင်နဲ့ မုန့်ရုယန်တို့ကို ဖော်ထုတ်ဖို့ ဟုတ်ပုံမရဘူး”

သူက ပြတ်သားစွာ ပြောလိုက်သည်။

“ဒါဆို မင်း ဘာလို့ ဒီကို ရောက်နေတာလဲ”

ရှချန်းချန်းက ရှုပ်ထွေးချင်ယောင်ဆောင်သည်။

“ဆရာရှ ဘာပြောချင်တာလဲဆိုတာ ကျွန်တော် သိပ်နားမလည်ဘူး၊ ကျွန်တော်က မိတ်ကပ်ဆရာပါ မုန့်ရုယန်က ကျွန်တော့် ဖောက်သည်လေ၊ ဘာကိစ္စ သူ့ကို ဖော်ထုတ်ရမှာလဲ”

ရှဲ့ကျစ်ရှင်းက နှုတ်ဆိတ်နေပြီး ညင်သာစွာ ရယ်မောလိုက်သည်။

နှစ်ယောက်စလုံးသည် အမှုဆောင်ခန်း၏ တံခါးသို့ ရောက်သွားသည်။

ရှချန်းချန်းသည် ဤသို့ အခြေအနေကို မလိုလားသော်လည်း သူမသည် ရှဲ့ကျစ်ရှင်း၏ နောက်သို့ လိုက်ကာ အခန်း အတွင်းသို့ ဝင်သွားသည်။ သို့သော် ဧည့်ခန်း၌ အမျိုးသားနှစ်ဦးကို မြင်သည့်အခါ တစ်ဦးမှာ ရှဲ့မိသားစုဝင် မဟုတ်သည့်ပုံ ဖြစ်နေသဖြင့် ရှချန်းချန်းတစ်ယောက် သက်ပြင်းချလိုက်သည်။

ရှဲ့ကျစ်ရှင်းက သူမအား မြေမြှုပ်တော့မည်အလား ဖြစ်နေသော်လည်း အပြင်လူများရှေ့တွင် လုပ်လောက်မည်မဟုတ်ပေလော။

ရှဲ့ကျစ်ရှင်း၏ နောက်ထပ်မေးခွန်းများကို ခေါင်းရှောင်ရန် ရှချန်းချန်းက

“ဆရာ ရှ ကျွန်တော် တကယ်အိပ်ချင်နေပြီ၊ အဲဒါကြောင့် အရင်သွားအိပ်တော့မယ်နော်” ဟု ပြောလိုက်သည်။

ထို့နောက် သူမသည် ဧည့်သည်အခန်းများထဲမှ တစ်ခန်းထဲသို့ ခိုဝင်သွားပြီး တံခါးကို အလျင်အမြန် လော့ချလိုက်သည်။

ဤသည် ရှချန်းချန်း၏ ဘဝ၌ အမြန်ဆုံး လှုပ်ရှားခဲ့ရသည့် အချိန် ဖြစ်နိုင်သည်။ ရှဲ့ကျစ်ရှင်း၊ ဖူယန်ရုန်နှင့် အထူးလက်ထောက်ကျိုးတို့သည် ဧည့်ခန်းထဲ၌ လုံးဝ အံ့အားသင့်နေခဲ့ကြသည်။

နောက်ဆုံး၌ သူတို့အားလုံး သတိပြန်ဝင်လာသည့်အချိန်၌ တံခါးဆောင့်ပိတ်သံကို ကြားလိုက်ရသည်။

ရှဲ့ကျစ်ရှင်း: "..."

ညနက်လာပြီဖြစ်ရာ သူ မေးချင်နေသည့် မေးခွန်းများကို ခေတ္တဘေးဖယ်ထားရမည်။

ဖူယန်ရုန်သည် ရှကျစ်ရှင်းအနားသို့ လျှောက်သွားပြီး အနည်းငယ် စဉ်းစားရခက်နေခဲ့သည်။

“မစ္စတာ ရှဲ့ ခင်ဗျား မှားနေတာ ဖြစ်နိုင်လား၊ ဒီလူက ယောကျ်ားလေးတစ်ယောက်လိုပဲ”

သူ၏ ဘေးရှိ လက်ထောက်ကျိုးသည် စိတ်အားထက်သန်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

“ဒီမုတ်ဆိတ်မွေးနဲ့လူက တကယ်တော့ မဒမ်တဲ့လား၊ ကျွန်တော်လည်း တကယ် ခွဲခြားလို့ မရဘူး”

ရှဲ့ကျစ်ရှင်းက ယုံကြည်မှုရှိသည်။

“ငါ မမှားနိုင်ပါဘူး”

“စန်းနျန်းနျန်းတောင်မှာ နေရမှာက နှစ်ရက်ပဲ ကျန်တော့တယ်၊ မုန့်ရုယန်နောက် လိုက်ပြီး စန်းနျန်းနျန်းတောင်ကို လာခဲ့တယ်ဆိုကတည်းက ဒီမှာ သူလိုချင်နေတဲ့ ဖရဲသီးတွေ ရှိမှာ သေချာတယ်” ဟု ရှဲ့ကျစ်ရှင်းက ဆက်၍ ပြောသည်။

“ဒီည သူ ဒီကနေ ထွက်သွားမှာ အသေချာဘဲ”

ဖူယန်ရုန်သည် ယင်းက အဆင်ပြေမည်လား မသိပေ။

“လက်ထောက် ကျိုးနဲ့ ကျွန်တော်က ဧည့်ခန်းထဲမှာ ရှိနေမှာကို သူက ဘယ်လိုလုပ် ထွက်သွားလို့ရမှာလဲ”

သူပြောနေလျက်ဖြင့် ဖူယန်ရုန်သည် ရှဲ့ကျစ်ရှင်း၏ အကြည့်ကို သတိထားမိလိုက်သည်။ ထိုအကြည့်သည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်နေခြင်းဖြစ်သည်။

“ဒါက ခုနစ်ထပ်လေ”

ဖူယန်ရုန်က မပြောဘဲ မနေနိုင်ပေ။

အပြင်မှာက အကာအကွယ် မရှိဘူး။ ရှချန်းချန်းက လိမ္မာပါးနပ်တယ်ဆိုရင်တောင် ပြတင်းပေါက်ကနေတော့ တက်လာလို့ မရနိုင်ဘူးမလား။

“ဆရာ ဖူ၊ တစ်ယောက်ယောက်ကို သူ့ကို စောင့်ကြည့်ခိုင်းလိုက်ပါ”

ရှဲ့ကျစ်ရှင်းက အသံနိမ့်နိမ့်ဖြင့် ပြောသည်။

ရှချန်းချန်းကို အကြိမ်အနည်းငယ် လွတ်သွားပြီးနောက် ရှဲ့ကျစ်ရှင်းသည် သင်ခန်းစာများစွာ သင်ယူခဲ့ရသည်။ ရှချန်းချန်းဟူသည် ထွက်ပြေးရန် သို့မဟုတ် လျှို့ဝှက်ဓာတ်ပုံရိုက်ရန်အတွက် မည်သည့်အရာကိုမဆို လုပ်လိမ့်မည်။ ပြတင်းပေါက်မှတစ်ဆင့် တက်သွားခြင်းသည်လည်း အထွေအထူးမဟုတ်ချေ။

“နောက်ထပ် အာမခံချက် တစ်ခု ထပ်ထည့်လိုက်ရင်ရော ဘယ်လိုလဲ”

ဖူယန်ရုန်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်၊ ထို့နောက် သူ၏ နောက်ကျောအိတ်ကပ်မှ တွဲလောင်းကျနေသည့် ငွေရောင်လက်ထိပ်တစ်စုံကို ထုတ်ယူကာ ကျေနပ်သောလေသံဖြင့်

“ဒီနည်းနဲ့ဆို သူ ထွက်ပြေးလို့ရတော့မှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။

ရှဲ့ကျစ်ရှင်း: "..."

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ တံခါးကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။

“ဒီတစ်ခါတော့ မလိုလောက်ဘူး ထင်တယ်”

သို့သော် နာရီဝက်အကြာတွင် ရှဲ့ကျစ်ရှင်းတစ်ယောက် ရှချန်းချန်း၏ ဧည့်သည်အခန်းတံခါးကို တွန်းဖွင့်လိုက်သည့်အခါ အခန်းထဲ၌ ဟာလာဟင်းလင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ရှဲ့ကျစ်ရှင်း၏ မျက်နှာကား မှောင်မိုက်သွားကာ သူ၏ လက်အား ဖူယန်ရုန်ထံသို့ ကမ်းလိုက်သည်။

“လက်ထိပ်တွေပေး”

အခန်းထဲတွင် ရှချန်းချန်း၏ ခြေရာ၊လက်ရာ တစ်စက်ကလေးမျှ မရှိတော့ပေ။ ပြတင်းပေါက်က ပွင့်နေကာ ကုလားထိုင်တစ်လုံးသည် ယင်း၏ နံဘေး၌ လဲနေခဲ့ပြီး လိုက်ကာများသည် လေထဲတွင် လွင့်နေခဲ့သည်။

ဖူယန်ရုန်က အံ့အားသင့်သွားသည်။

“ဒါ မဖြစ်နိုင်ဘူး၊ ကျွန်တော်တို့ လူတွေကို ဟိုတယ်အပြင်မှာ လူစောင့်ချထားတာ သူတို့ဆီကနေ အမှုဆောင်အခန်းရဲ့ ပြတင်းပေါက်တွေကို မြင်နိုင်တယ်၊ တစ်ယောက်မှ ထွက်သွားတာမှ မရှိတာ”

“ဖြစ်နိုင်တာက အပြင်မှာ အရမ်းမှောင်နေပြီး မိုးရွာနေလို့ ဘယ်သူမှ သတိမထားမိတာများလား”

အထူးလက်ထောက်ကျိုးက သတိချပ်၍ မေးသည်။

ရှဲ့ကျစ်ရှင်းနှင့် ဖူယန်ရုန်တို့သည် ချက်ချင်း ပြတင်းပေါက်သို့ ပြေးသွားကာ ဂရုတစိုက် အပြင်သို့ ကြည့်လိုက်သည်။

အမှုဆောင်ခန်း၏ ပြတင်းပေါက်အပြင်ဘက်တွင် ဆယ်စင်တီမီတာထက် မပိုသည့် အမိုးတစ်ခုက ထိုးထွက်နေခဲ့ကာ ဟိုတယ်တစ်ခုလုံး၏ ပတ်ပတ်လည်တွင် ရှိနေသည်။ ဤသည် ဥရောပ ဗိသုကာလက်ရာ၏ ထူးခြားသည့် ပုံစံတစ်ခု ဖြစ်သည်။

အထူးလက်ထောက်ကျိုးက တံတွေးမျိုချလိုက်သည်။

“ဒီလောက်တိုတဲ့ အမိုးစွန်း မဒမ်က ဒီအတိုင်း ထွက်သွားတယ်ဆိုတာ ဖြစ်နိုင်လို့လား”

သူသည် အမှန်ပင် စိတ်ပျက်အားငယ်နေခဲ့သည်။

ရှဲ့ကျစ်ရှင်း၏ မျက်နှာက မှောင်မိုက်သွားသည်။

“မဟုတ်ဘူး လိမ်ညာသူများကို ဖော်ထုတ်သူက ဘာမှ မဖွင့်ချပြရသေးဘူး၊ အဲဒါကြောင့် ရှချန်းချန်းက ဟိုတယ်ထဲမှာ ရှိနေသေးတယ်ဆိုတာ သေချာတယ်”

ခေါင်းလေးတစ်လုံးသည် ကျဉ်းမြောင်းသော လေဝင်လေထွက်ပြွန်ထဲမှ ထွက်လာသည်။

ချန်းချန်း ရှေ့ရှိ လေဝင်လေထွက်ပြွန်များသည် လေးဘက်လေးလံသို့ ဆန့်ထုတ်ထားသည်။ ရှချန်းချန်းသည် သူမ ကိုယ်တိုင်ရေးဆွဲထားသော မြေပုံကို ကြည့်ကာ ရှေ့သို့ ဆက်သွားရမည့် လမ်းကြောင်းကို ရှာဖွေနေခဲ့သည်။

သူမသည် လက်ရှိတွင် ခုနစ်လွှာရှိ အပေါ်ဆုံး လေဝင်လေထွက်ပြွန်ထဲတွင် ရှိနေခြင်းဖြစ်သည်။ ပွင့်နေသော ပြတင်းပေါက်နှင့် အပြင်သို့ ထိုးထွက်နေသည့် အမိုးစွန်းသည် ရှချန်းချန်း အသုံးပြုခဲ့သည့် လှည့်ကွက်တစ်ခုသာ ဖြစ်ချေသည်။

စန်းနျန်းနျန်းတောင်ပေါ်ရှိ ဟိုတယ်သည် အင်မတန်ပင် ရှေးကျသော ဥရောပ အဆောက်အအုံတစ်ခု ဖြစ်သည်။ အထပ်အားလုံးရှိ မျက်နှာကျက်များ၌ လေဝင်လေထွက်ပြွန်ပေါက်များ ရှိနေပြီး ဖြတ်ပိုင်းများမှာ သိပ်၍ မကျဉ်းပေ။

ရှချန်းချန်းသည် အခန်းကို လော့ခ်ချပြီးနောက် လေဝင်လေထွက်ပြွန်၏ အကွယ်ဖုံးအား ချက်ချင်းတွန်းဖွင့်၍ လေဝင်လေထွက်ပြွန်ပေါ်သို့ တက်လိုက်သည်။

ပြတင်းပေါက်နား၌ လဲကျနေသည့် ကုလားထိုင်သည် ရှချန်းချန်းတစ်ယောက် လေဝင်လေထွက်ပြွန်ပေါ်သို့ တက်စ‌ဥ်က ခြေနင်းအဖြစ် အသုံးပြုခဲ့သည့် ကုလားထိုင် တစ်လုံးသာ ဖြစ်ပေသည်။

ရှဲ့ကျစ်ရှင်းနှင့် တခြားသူများသည်တော့ ရှချန်းချန်းသည် ပြတင်းပေါက်မှ ထွက်ပြေးသွားခြင်းဖြစ်မည်ဟု တွေးနေကြမည်မှာ အသေအချာပင်။ သို့သော် သူမသည် ယခုအချိန်ထိ လေဝင်လေထွက်ပြွန်ထဲ၌ တွားသွားနေဆဲဆိုသည်ကို သူတို့အားလုံး မသိကြပေ။

သူတို့အားလုံး ဟိုတယ်တစ်ခုလုံးကို အပေါ်အောက်လှန်လှောရှာနေတဲ့ အချိန်‌ဆိုတာနဲ့ သူမက ချောချောမွေ့မွေ့နဲ့ ထွက်ပြေးပြီးသား ဖြစ်နေမှာ။

လေဝင်လေထွက်ပြွန်ထဲတွင် အလင်းရောင်က မှိန်ဖျော့နေခဲ့ကာ ဖုန်းလိုင်းလည်း သိပ်မကောင်းချေ။ ရံဖန်ရံခါဆိုသလို အောက်၌ ရှိသည့် အခန်းများမှ ဖောက်သည်များ၏ စကားပြောနေသည့်အသံနှင့် အချို့ မကြားသင့်သည် ညည်းတွားသံကဲ့သို့ အသံများလည်း ကြားနေရသည်။

မှုန်ဝါးနေသည့် ပြွန်တစ်ခုကို ဖြတ်ပြီးသည့်နောက် အရှေ့၌ရှိနေသော လမ်းကြောင်းတွင် အလင်းရောင် တိုးဝင်လာကာ အကွယ်ကြားမှ အခန်းထဲရှိ မြင်ကွင်းကို ဝိုးတဝါးဖြင့် မြင်နိုင်သည်။

ဒါက မုန့်ရုယန်ရဲ့ အခန်းအပေါ်မှာပဲ။

အကွယ်ကြားမှ ရှချန်းချန်းသည် ယုန်မလေးပုံစံ စကဒ်အတိုလေး ဝတ်ဆင်ထားသည့် မုန့်ရုယန်သည် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည့် ရီကျစ်ခိုင်အား ဖက်ထားသည့် မြင်ကွင်းကို မြင်လိုက်ရသည်။ ထို့ပြင် ရီကျစ်ခိုင်၏ လက်ထဲ၌ ကြာပွတ်တစ်ခုကို ကိုင်ထားသည်ကိုလည်း ရှင်းလင်းစွာ မြင်နေရသည်။

အိမ်တွင်းအကြမ်းဖက်မှု ကောလာဟလပဲ။ ဒါက သူမရဲ့ အိမ်တွင်းအကြမ်းဖက်မှု ကောလာဟလပဲ။

ရှချန်းချန်းက ချက်ချင်းပင် လုပ်ငန်းစလိုက်ပြီး လေဝင်လေထွက်ပေါက် အကွယ်၏ လေးဖက်လေးလံတွင်ရှိသည့် ဝက်အူများကို ဂရုတစိုက် ဖြုတ်လိုက်သည်။

ထို့နောက် သူမ၏ ကင်မရာအား

အမြန် မြှောက်ကိုင်လိုက်သည်။

ရီကျစ်ခိုင်မှ မုန့်ရုယန်အား အကြမ်းဖက်ခြင်း စလိုက်သည်နှင့် သူမသည် ထိုမြင်ကွင်းကို ချက်ချင်း ဓာတ်ပုံရိုက်၍ လေဝင်လေထွက်အပေါက်မှ ဆင်းကာ မုန့်ရုယန်ကို ကယ်မည်ဖြစ်သည်။

ကံသာကောင်းခဲ့လျှင် ရှချန်းချန်းသည် အိမ်တွင်းအကြမ်းဖက်မှု၏ သက်သေနှင့် ကာကွယ်ပေးလိုက်သည့် အထောက်အထား နှစ်ခုစလုံးကိုပင် ကောင်းစွာရရှိနိုင်လိမ့်မည်။

ရှချန်းချန်းသည် ကင်မရာအား တင်းတင်းဆုပ်ကိုင်ထားပြီး သူမ၏ မျက်လုံးများက စိတ်လှုပ်ရှားနေခဲ့သည်။

ထိုအချိန်တွင် တစ်ယောက်ယောက်က သူမ၏ ခြေချင်းဝတ်ကို ရုတ်တရက် လှမ်းဆွဲလိုက်သဖြင့် ရှချန်းချန်းတစ်ယောက် အလွန်ပင် လန့်ဖြန့်သွားရာ အော်မိတော့မည့်အလား ဖြစ်သွားလေသည်။ သို့သော် နောက်တစ်ယောက်က အမြန်ရွေ့လျားကာ အော်တော့မည့် ရှချန်းချန်းအား သူ၏ ရှေ့သို့ ဆွဲ၍ ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်သည်။

ယခင်ကတည်းက ကျဉ်းမြောင်းနေသည့် လေဝင်လေထွက်ပြွန်ပေါက်မှာ လူနှစ်ယောက်နှင့်တင် ပြည့်ကျပ်သွားသည်။

ရှချန်းချန်းသည် အမျိုးသား၏ ရင်ခွင်ထဲတွင် ကွေး၍ ကြောက်ရွံ့တုန်လှုပ်စွာ မော့ကြည့်လိုက်သည့်အခါ ရှဲ့ကျစ်ရှင်း၏ ဖန်ကျောက်သား မျက်လုံးများနှင့် ဆုံသွားသည်။

သူမသည် မယုံကြည်နိုင်သည့် အမူအရာဖြင့် ကြည့်နေသော်လည်း သူမ၏ အသံအား တိုးဖွဖွစွာဖြင့် ပြောနေခဲ့သည်။

“ရှဲ့၊ ရှဲ့ကျစ်ရှင်း ရှင် ဒီမှာ ဘာလုပ်နေတာလဲ”

ရှဲ့ကျစ်ရှင်းက စိတ်မပါစွာဖြင့် “မင်း ဒီလှည့်ကွက်ကို သုံးပြီး ချန်ကန်းကို လျှို့ဝှက်တိုက်ခိုက်ပြီးပြီ ရှချန်းချန်း၊ ငါ့ကို ထပ်ပြီး အရူးလုပ်လို့ရမယ်လို့ ထင်နေတာလား”

ရှချန်းချန်း: “…” သူမ ပေါ့ဆသွားမိပြီ။

သို့သော် ရှချန်းချန်း၌ ရွေးချယ်စရာ မရှိပေ။ ရှဲ့ကျစ်ရှင်းအား ခေတ္တ ဖယ်ရှားရန်က မလွယ်ကူချေ။ သူမသည် ကြက်တစ်ကောင်ကိုပင် မချည်နှောင်နိုင်သည့် အားနည်းသော မိန်းမသားတစ်ယောက်သာဖြစ်သည်။ သို့သော် ရှဲ့ကျစ်ရှင်း၏ နောက်၌ အဖွဲ့တစ်ခုလုံး ရှိနေသည်။

“ဒါပေမဲ့ ရှင် အရမ်းမြန်မြန် တက်လာတာမဟုတ်လား”

ရှချန်းချန်းက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောသည်။ သူမသည် ဦးတည်ရာနှင့် နေရာကို အချိန်ကြာမြင့်စွာ ရှာနေခဲ့ရသည်။

ရှဲ့ကျစ်ရှင်းသည် သူတို့နှစ်ဦး၏ နောက်၌ ရှိနေသည့် သန့်ရှင်းနေသည့် ပိုက်အား လက်ညှိုးထိုးပြသည်။

“လူကို ရှာရတာက ခက်တယ်၊ ဒါပေမဲ့ မင်းလျှောက်သွားခဲ့တဲ့ ပိုက်တွေအားလုံးကို မသန့်ရှင်းထားဘူးမလား အဲ့အတိုင်း လိုက်လာလိုက်ရုံပဲ”

ရှချန်းချန်း: "..." တကယ့် အမှားပဲ

“လောင်ကုန်း”

ရှချန်းချန်းသည် သူမ၏ မျက်လုံးများကို လှိမ့်လိုက်ပြီး ထပ်မံ၍ မြှူဆွယ်ကျီစယ်သည်။

“ကျွန်မ တကယ် မထွက်ပြေးချင်ပါဘူး၊ ကျွန်မက လျှို့ဝှက်ဓာတ်ပုံပဲ ရိုက်ချင်တာ ရှင် ကျွန်မကို ဓာတ်ပုံရိုက်ခွင့်ပေးပြီးတာနဲ့ ကျွန်မ နောက်မှ ရှင်နဲ့အတူ ပြန်လိုက်မယ်လေ မကောင်းဘူးလား”

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းကို မျက်စိကျဉ်း၍ ကြည့်လိုက်သော်လည်း တစ်ခွန်းမှ ပြန်မဖြေပေ။

နောက်ထပ် တစ်စက္ကန့်တွင် တောက်ပနေသည့် ငွေရောင် လက်ထိပ်တစ်စုံကို ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်း၏ လက်ကောက်ဝတ် တစ်ဖက်တစ်ချပ်စီပေါ်သို့ တွဲခတ်လိုက်သည်။

“‌ဆုတောင်းလေ”

ရှချန်းချန်း: “...”

“မဟုတ်ဘူး၊ အစ်ကိုကြီး လက်ထိတ်တွေပါ ထုတ်လာတာ ရှင်အရမ်းလွန်သွားပြီ မဟုတ်ဘူးလား”

ရှချန်းချန်း၏ အသံက စိတ်လှုပ်ရှားနေသော်လည်း သူမသည် လေသံ တိုးတိုးလေးဖြင့် ပြောနေခဲ့သည်။

“လူအချင်းချင်း ယုံကြည်ရမယ်ဆိုတာက ဘယ်ရောက်သွားတာလဲ”

ရှဲ့ကျစ်ရှင်းသည် အေးဆေးတည်ငြိမ်စွာဖြင့်

“မင်းလို လူလိမ်မလေးနဲ့ ယုံကြည်မှုအကြောင်း ပြောဖို့ လိုသေးလို့လား”

“ကိုယ်နဲ့အတူ ထွက်ခဲ့”

ရှဲ့ကျစ်ရှင်းက ဆက်၍ ပြောသည်။

ယင်းပိုက်သည် ဆယ်စုနှစ်များစွာ ကြာသည်အထိ သန့်ရှင်းထားခြင်းမရှိသဖြင့် ဖုန်များ ပြည့်နေခဲ့သည်။ ရှချန်းချန်းအား ဖမ်းရန်အတွက်သာ မဟုတ်ခဲ့လျှင် ရှဲ့ကျစ်ရှင်းသည် လွန်ခဲ့သည့် အချိန်များစွာ ကြာမြင့်သည်ကတည်းက လက်လျှော့လိုက်ပြီးသား ဖြစ်လိမ့်မည်။

အရှေ့သို့ တွားသွားရခြင်းက အနောက်သို့ ဆုတ်ရသည်ထက် များစွာ ပို၍ လွယ်ကူသည်။ ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းအား ဦးဆောင်ကာ ရှေ့မှ တွားသွားသည်။

၎င်းတို့နှစ်ဦးသား မုန့်ရုယန်၏ အခန်းအမိုးပေါ်ရှိ လေဝင်လေထွက်ပေါက်ကို ဖြတ်သွားသည့်အခါ ရီကျစ်ခိုင်၏ အသံကို အနောက်မှ ကြားရသည်။

ရှဲ့ကျစ်ရှင်းက မျက်မှောင်ကြုတ်လိုက်သည်။

“မင်းက မုန့်ရုယန်နဲ့ ရီကျစ်ခိုင်ကိုပါ ဖော်ထုတ်တော့မလို့လား ဒါပေမဲ့ သူတို့မှာ ဘာရှိလို့လဲ”

မြန်ဆန်စွာ ကြည့်လိုက်သည့်အခါ ရီကျစ်ခိုင်ရှေ့၌ ဒူးထောက်နေသည့် ယုန်မလေးဝတ်စုံ ဝတ်ဆင်ထားသည့် မုန့်ရုယန်အား တွေ့လိုက်ရသည်။

ဤမြင်ကွင်းအား ဖော်ပြရန်က အနည်းငယ် ခဲယ‌ဉ်းလေသည်။

ရှဲ့ကျစ်ရှင်း၏ နားရွက်များက ချက်ချင်းဆိုသလို နီရဲသွားကာ သူ၏ ခေါင်းကို လှည့်လိုက်သည်။

“မင်းက အတင်းအဖျင်းတွေကို ဖော်ထုတ်ဖို့ ပေါ်လာတဲ့ ပါပါရာဇီတစ်ယောက်ပဲလို့ ငါ ထင်ထားခဲ့တာ၊ ဒါပေမဲ့ မင်းမှာ ခိုးကြည့်တတ်တဲ့ အကျင့်ရှိလိမ့်မယ်လို့ ငါ မထင်ထားမိဘူး”

ရှချန်းချန်း: ? ? ?

ရှချန်းချန်းက အလျင်အမြန် ရှင်းပြသည်။

“မဟုတ်ဘူး ကျွန်မ ရိုက်ချင်တာက”

သူမ စကားမဆုံးခင်ပင် မုန့်ရုယန်၏ နာကျင်သည့် အော်သံများသည် လေဝင်လေထွက်ပေါက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းတို့ နှစ်ဦးစလုံး ထိတ်လန့်သွားကြသည်။

အိမ်တွင်းအကြမ်းဖက်မှုက စပြီလား။

အခန်းထဲရှိ ရီကျစ်ခိုင်၏ အသံသည် အနည်းငယ် ဆူပူကြိမ်းမောင်းသံများ ပါဝင်နေခဲ့သည်။

“မုန့်ရုယန် သူက ယောကျ်ားလေးလေ၊ မင်း ဘယ်လိုလုပ် ယောကျ်ားလေးတစ်ယောက်ကို မင်းနဲ့ အတူ တစ်ခန်းထဲနေခိုင်းရတာလဲ!”

မုန့်ရုယန်၏ လက်များကို ချည်နှောင်ထားခြင်းခံရပြီး သူမက မျက်မှောင်ကြုတ်ကာ “ကျစ်ခိုင်၊ ရှင် စိတ်မဆိုးဘူးမလား” ဟု ဆူပူသည်။

ရီကျစ်ခိုင်သည် အလွန်အမင်း ဒေါသထွက်နေသဖြင့် မုန့်ရုယန်အား ချည်နှောင်ထားသည့် ကြိုးကို ခပ်တင်းတင်းဆွဲလိုက်သည်။ သူ၏ မျက်လုံးများက နီရဲနေပြီး နဖူးမှ သွေးကြောများသည်လည်း ထောင်မတ်နေခဲ့သည်။ သူသည် အသံကျယ်လောင်စွာဖြင့်

“မင်း ဘယ်လိုထင်လဲ၊ ဘယ်ယောင်္ကျားက ဒီလိုကိစ္စမျိုးနဲ့ ကြုံတွေ့ရင် စိတ်မဆိုးဘဲနေနိုင်မှာလဲ”

မုန့်ရုယန်ကား အင်မတန် ကြောက်ရွံ့နေခဲ့ပြီး သူမ၏ ပခုံးများပင် တုန်ယင်နေခဲ့သည်။

ရှချန်းချန်းသည် သူမ ဘေးနားရှိ ရှဲ့ကျစ်ရှင်းအား ဂရုမစိုက်တော့ပေ။ သူမ၏ လက်များကို လက်ထိတ်ခတ်ထားခြင်းခံထားရသော်လည်း ရှချန်းချန်းသည် သူမ၏ ကင်မရာကို ကောက်ကိုင်၍ အကွယ်အောက်ရှိ လူနှစ်ယောက်ထံသို့ ချိန်လိုက်သည်။

ဒါက ဖရဲသီးပဲ!

ရီကျစ်ခိုင်သာ လုပ်ရဲရင် သက်သေအထောက်အထား ရလိမ့်မယ်။

ရှချန်းချန်းသည် မည်သည့်မြင်ကွင်းကိုမှ လက်လွတ်မခံနိုင်သည့်အလား အခန်းကို ထိုးဖောက်လုမတတ် စူးရှသည့် အကြည့်ဖြင့် ကြည့်နေပြီး ရှဲ့ကျစ်ရှင်းသည်လည်း ရှားရှားပါးပါး တိတ်ဆိတ်နေခဲ့ကာ ရှချန်းချန်းအား သက်သေအဖြစ် လျှို့ဝှက်ဓာတ်ပုံရိုက်နိုင်ရန် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

အခန်းထဲမှ အမျက်ဒေါသသည် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ ရီကျစ်ခိုင်၏ ချောမောလှပသည့် မျက်နှာပေါ်တွင် အမျက်ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။ မုန့်ရုယန်ကမူ သနားဖွယ်ရာ ယုန်ဖြူပေါက်လေးတစ်ကောင်ကဲ့သို့ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ရီကျစ်ခိုင်သည် မုန့်ရုယန်အား ရိုက်တော့မည်အလား ဟန်ဆောင်ကာ သူ၏ လက်အား မြှောက်လိုက်သည်။

ဒီအချိန်ပဲ

လျှောက်လမ်းမှ လူနှစ်ယောက်၏ နှလုံးသားများအား ဖမ်းဆုပ်ခြင်းခံလိုက်ရသည်။

နောက်တစ်စက္ကန့်၌ မူလအစက ကြောက်ရွံ့နေသည့် မုန့်ရုယန်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပျော်ရွှင်မှုများဖြင့် အလွန်အကျွံ တောက်ပလာလေသည်။

“ကျစ်ခိုင် ကျွန်မ ဆရာသုန်သုန်နဲ့ တစ်ခန်းတည်း အတူနေချင်တာ ဘာဖြစ်လို့လဲ၊ ရှင် အခု အရမ်းဒေါသထွက်နေတာ သေချာတယ်မလား၊ ရှင် အရမ်းတွေ စိတ်မသက်မသာ ဖြစ်နေမှာ သေချာတယ်မလား”

သူမသည် ရီကျစ်ခိုင်၏ လက်ကို ဆွဲကာ သူမ၏ လည်ပင်းပတ်လည်တွင် သိုင်းပတ် ထားခိုင်းလိုက်သည်။

“ဒါဆို ရှင့်ရဲ့ သဘာဝအစစ်အမှန်ကို ဖော်ထုတ်လိုက် ထပ်ပြီး မထိန်းထားနဲ့တော့၊ ကျွန်မကို အနိုင်ကျင့် ကျွန်မကို ခပ်ကြမ်းကြမ်းဆက်ဆံစမ်းပါ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံ”

ရှချန်းချန်း: ???

ရှဲ့ကျစ်ရှင်း: ???

စနစ်: ???

All Chapters