အခန်း (၅၃)
Vol. 6 Ch. 53
ရှဲ့ကျစ်ရှင်းထံသို့ တတိယရုပ်ရှင်ဖြစ်သည့် စန်းနျန်းနျန်းတောင် ရိုက်ကွင်းမှ သတင်းများ ရောက်ရှိလာချိန်၌ အွန်လိုင်းမှ ကောလာဟလများသည် နာရီဝက်မျှ ကြာမြင့်စွာ ပေါက်ကွဲနေခဲ့ပြီ ဖြစ်၏။
အထူးလက်ထောက်ကျိုးသည် သတင်းအား ဆက်လက်ထိန်းချုပ်ထားနိုင်တော့မည် မဟုတ်တော့ကြောင်း သိလိုက်ရသည်နှင့် ရှဲ့ကျစ်ရှင်းအား ပြန်၍ တိုင်ပင်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
“မစ္စတာ ရှဲ့၊ PR ဌာနက အခုလုပ်လို့ရမဲ့ အကောင်းဆုံးနည်းလမ်းကတော့ မစ္စတာရှဲ့နဲ့ ဇနီးသည်ရဲ့ လက်ထပ်ထားတာကို ဖော်ထုတ်ပြီး ရှရှနဲ့ သုန်သုန်နှစ်ယောက်စလုံးက သူမ တစ်ယောက်တည်း ဖြစ်ကြောင်းကို ကိုယ်တိုင် ရှင်းပြခိုင်းဖို့ပါ”
ထိုသို့မလုပ်ဘဲ ဤအတိုင်းသာဆက်သွားနေလျှင် ရှဲ့ကျစ်ရှင်းသည် အင်တာနက်အသုံးပြုသူများ၏ အပြစ်တင်ရှုတ်ချခြင်းကို လုံးဝခံနေရပေလိမ့်မည်။
အထူးလက်ထောက်ကျိုးသည် “တကယ်တော့ ဒါက မစ္စတာရှဲ့ ဇနီးရဲ့ အလိုချင်ဆုံးအရာပဲ မဟုတ်လား”
ဤအရာအားလုံးသည် ရှချန်းချန်း၏ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ခြင်းသာဖြစ်သည်။ သူမသည် ကောလာဟလကို ဖော်ထုတ်ချပြလိုသည်။ ထို့အပြင် ရှဲ့ကျစ်ရှင်းသည်လည်း ရှင်းလင်းပြနိုင်သည်။ ငှက်နှစ်ကောင်ကို ခဲတစ်တုံးတည်းဖြင့် တစ်ချက်တည်း ပစ်လိုက်ခြင်းပင် ဖြစ်သည်။
“ဒါပေမဲ့ ဖော်ထုတ်လိုက်ရင် ဘာဖြစ်မလဲ”
ရှဲ့ကျစ်ရှင်းက ရုတ်တရက် မေးလိုက်သည်။
အထူးလက်ထောက်ကျိုးက ဆွံ့အသွားသည်။
“ဖော်ထုတ်လိုက်ရင်… အင်း၊ ဖော်ထုတ်လိုက်တာပေါ့ တခြား ဘာလုပ်နိုင်သေးလို့လဲ”
ယင်းကိုသာ ဖော်ထုတ်လိုက်ပါက ရှဲ့ကျစ်ရှင်းနှင့် ရှချန်းချန်းတို့၏ လက်ထပ်ထိမ်းမြားမှုအား ဆက်လက်ထိန်းထားလျက်ရှိနေသည့် နောက်ဆုံး ချည်မျှင်ကြိုးလေးပင် ပြတ်တောက်သွားပေလိမ့်မည်။
ပြီးခဲ့သည့်ညက အခန်းထဲတွင် ရှချန်းချန်း၏ တိတ်ဆိတ်နေမှုက သူ၏ သံသယများအားလုံးကို ဖြေရှင်းပေးခဲ့လေသည်။
သူမသည် ကွာရှင်းချင်ခြင်းမဟုတ်ချေ၊ ကောလာဟလကို ဖော်ထုတ်လိုခြင်းသာ ဖြစ်၏။
သတင်းထွက်လာသည်နှင့်တစ်ပြိုင်နက် ကွာရှင်းမှု စတင်နိုင်ပေသည်။
ရှဲ့ကျစ်ရှင်းက မဲ့ပြုံး ပြုံးလိုက်လေသည်။
ရှချန်းချန်း စဉ်းစားနေပုံသည် ကွာရှင်းပြီးနောက် အခြားကွာရှင်းပြတ်စဲမှု ကောလာဟလတစ်ခုထံသို့ ဦးတည်သွားနိုင်ချေရှိပေသည်။
ဤအချိန်တွင် ရှချန်းချန်းသည်လည်း အွန်လိုင်းမှ လူထုထင်မြင်ချက်ကို အကဲခတ်ခဲ့သည်။ ဤအရာအားလုံး၏ အစပျိုးခဲ့သူ တစ်ဦးအနေဖြင့် သူမသည်လည်း လစ်လျူရှု၍ မနေနိုင်ပေ။
မုန့်ရုယန်၏ မိတ်ကပ်လိမ်းခြယ်မှု ပြီးဆုံးသည့်နောက် ရှချန်းချန်းသည် သူမ၏ လက်ပ်တော့အား ကိုင်ဆောင်၍ ရှဲ့ကျစ်ရှင်းထံသို့ ရောက်လာခဲ့ပေသည်။ သူ၏ ဘေး၌ ထိုင်၍ ကွန်ပျူတာကို ဖွင့်လိုက်ရာ “လိမ်လည်သူများအား ဖော်ထုတ်သူ” Weibo အကောင့်၏ ပင်မစာမျက်နှာကို ပြသနေချေ၏။
“ရှဲ့ကျစ်ရှင်း၊ ကျွန်မ ရှင့်ကို တကယ်ကူညီနိုင်တယ်”
ရှချန်းချန်းက မျက်တောင်ခတ်လိုက်သည်။
“လျှို့ဝှက် လက်ထပ်တာနဲ့ ပတ်သက်တဲ့ ဆောင်းပါးကို ကျွန်မ ပြင်ဆင်ပြီးပြီ ပြီးတော့ ရှင်တို့ရဲ့ အထောက်အထားတွေကို ရှင်းပြလိုက်ရင် ရှင်းလင်းသွားမှာ သေချာတယ်”
တစ်ချိန်က သူတို့နှစ်ဦး၏ ဆက်ဆံရေးသည် သဟဇာတဖြစ်ခဲ့ပြီး ရှချန်းချန်းသည် ဖော်ထုတ်ရန် အချိန်မကျသေးဟု ခံစားခဲ့ရပေသည်။
ရှချန်းချန်းအား ဖော်ထုတ်ခြင်းခံရပြီးနောက် ရှဲ့ကျစ်ရှင်းသည်လည်း သူမအား ကမ္ဘာအနှံ့ လိုက်လံရှာဖွေခဲ့ပြီး ရှချန်းချန်းသည်လည်း သတင်းကို ဖော်ထုတ်ရန် အချိန်မကျသေးဟု ခံစားခဲ့ရသည်။
သို့သော် ယခုအခါ ရှဲ့ကျစ်ရှင်းသည် ကျား၊ မ မရွေး ဖောက်ပြန်မှုဖြင့် အွန်လိုင်းတွင် လှောင်ပြောင်ခြင်းခံနေရပေသည်။
ရှချန်းချန်းသည် သူမ၏ ဘဝ၌ ဤမျှကောင်းမွန်သော အခွင့်အရေးကို ဘယ်သောအခါမှ ရှာဖွေတွေ့ရှိနိုင်တော့မည် မဟုတ်ဟု ခံစားခဲ့ရပေသည်။
အင်တာနက်တစ်ခုလုံးသည် ရှဲ့ကျစ်ရှင်းမှာ ပုပ်ပွနေသည့် သခွားသီးတစ်လုံးဟု ထင်မှတ်နေကြချိန်တွင် သူသည် ယခင်ကကဲ့သို့ သန့်စင်သော နတ်ဘုရားတစ်ပါးနှင့် မကျူးလွန်နိုင်သူတစ်ဦး၏ ခံစားချက်ကို ပြန်လည်ရရှိခဲ့ပေသည်။
ငရဲမှ ကောင်းကင်ဘုံသို့ ပြောင်းပြန်လှန်လိုက်ခြင်းပင်ဖြစ်သည်။
အား.. ဒီအကြောင်းကို တွေးရုံနဲ့တောင် စိတ်ပျော်နေမိတယ်။
“ငါက မင်းကို လျှို့ဝှက်ချက်တွေကို ဖော်ထုတ်စေချင်တာ မဟုတ်ဘူးဆိုရင်ရော”
ရှဲ့ကျစ်ရှင်းက မေးလိုက်သည်။
သူ၏ မျက်လုံးများသည် တည်ငြိမ်နေပြီး မည်သည့်စိတ်ခံစားမှုမှ ရှိမနေပေ။
ရှချန်းချန်းတစ်ယောက် အံ့အားသင့်သွားသည်။
သူမသည် “ဘာလို့လဲ” ဟု မေးတော့မည့်ဆဲဆဲ ဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့်ညက ရှဲ့ကျစ်ရှင်း၏ ကျောပြင်ကို မြင်လိုက်ရချိန်တွင် သူမ ခံစားခဲ့ရသော ဗလာနတ္တိနှင့် မသက်မသာဖြစ်ရသည့် ခံစားချက်သည် စိတ်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ပေသည်။
သူမ မေးခွန်းမထုတ်လိုက်ပေ။
သို့သော် သူမသည် ရှဲ့ကျစ်ရှင်းကို ပြန်လည်း မဖြေခဲ့ချေ။
ရှဲ့ကျစ်ရှင်းက ခါးသီးစွာ ပြုံးလိုက်သည်။
“ဒါပေမဲ့ မင်းက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ချင်ရင်တော့ လုပ်လိုက်ပေါ့ ငါ မင်းကို မတားနိုင်ဘူး၊ မတားလည်း မတားချင်ဘူး”
သူ၏ အသံတွင် ပင်ပန်းနေသည့် အငွေ့အသက်များ ပါဝင်နေခဲ့သည်။
အကယ်၍ မင်း လုပ်ချင်ရင် လုပ်ပါ။
ဒါပေမဲ့ ငါကတော့ မလုပ်ချင်ဘူး။
ထို့နောက် ရှဲ့ကျစ်ရှင်းသည် ဒါရိုက်တာ၏ ထိုင်ခုံတွင် မှီ၍ မျက်လုံးများကို မှိတ်ထားပြီး တစ်ခွန်းမှ မပြောတော့ပေ။
ရှချန်းချန်း၏ မျက်နှာက တည်ငြိမ်နေချေ၏။
သူမသည် ရှဲ့ကျစ်ရှင်း၏ ဟန်ပန်ကို ဝတ္ထုထဲရှိ ဗီလိန်တစ်ဦးကဲ့သို့ တွေးခဲ့ဖူးသော်လည်း ယခုအခါ ရှဲ့ကျစ်ရှင်း မည်သည်ကို တွေးနေသည်ကိုပင် သူမ ခန့်မှန်း၍ မရတော့ပေ။
အထူးလက်ထောက်ကျိုးသည် ရှချန်းချန်းထံသို့ လေးစားစွာ ချဉ်းကပ်လာပြီး
“မဒမ် တကယ်လို့ ဖော်ထုတ်ဖို့ တခြားအရာတွေ လိုအပ်ရင် ကျွန်တော် ကူညီပေးနိုင်ပါတယ်”
ဤသို့သော ရှင်းလင်းချက်မျိုးသည် ယနေ့ ဖော်ထုတ်လိုက်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် အချိန်မီတော့မည် မဟုတ်ချေ။
“ကျွန်မရဲ့ ရှင်းလင်းချက်ပစ္စည်းတွေက မပြည့်စုံသေးဘူး၊ ကျွန်မ တောင်အောက်ကို ဆင်းဖို့လိုတယ်”
ရှချန်းချန်းက ပြောသည်။
“ဒါပေမဲ့ ကျွန်မမှာ ကားမရှိဘူး”
“အဲအတွက် စိတ်မပူပါနဲ့၊ ကျွန်တော်တို့မှာ တစ်စီးရှိတယ်”
အထူးလက်ထောက်ကျိုးသည် ကားရပ်နားရာနေရာရှိ အဖြူရောင် SUV ကို လက်ညှိုးညွှန်၍ ပြောသည်။
ဆယ်မိနစ်ကြာပြီးနောက် ရှချန်းချန်းသည် သူမ၏ ပစ္စည်းများကို စုဆောင်း၍ SUV ထဲသို့ ဝင်လိုက်သည်။
ကားသည် စန်းနျန်းနျန်းတောင်မှ ထွက်ခွာလာပြီး “Niuhulu Strategy” အဖွဲ့သားများကို ဖြတ်သွားသည်။
ရှဲ့ကျစ်ရှင်းတစ်ယောက် မျက်လုံးများအား မှိတ်၍ အနားယူနေစဉ် ကားမောင်းထွက်သွားသည့် အသံကို ကြားလိုက်ရ၏။
တကယ်တမ်းတွင် သူ့အပိုင်း ပြီးပြီဖြစ်ရာ ရှချန်းချန်းနှင့်အတူ တောင်အောက်သို့ ဆင်းသွားနိုင်ပေသည်။ သို့သော် သူသည် ရှချန်းချန်းနှင့်အတူတကွ မသွားချင်တော့ပေ။ ရှချန်းချန်းနှင့် ခွဲခွာရခြင်းကိုလည်း မခံစားချင်တော့ချေ။
ရှဲ့ကျစ်ရှင်းတွင် ခံစားချက်တစ်ခု ရှိနေသည်။ ဤသို့ ခွဲခွာပြီးသည့်နောက် သူတို့နှစ်ဦး၏ နောက်တစ်ကြိမ်တွေ့ဆုံချိန်သည် ကွာရှင်းပြတ်စဲပြီးမှ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
ထို့နောက် သူတို့သည် သူစိမ်းများ ဖြစ်သွားနိုင်ပေသည်။
၎င်းသည် တစ်ကြောင်းနှင့် တစ်ကြောင်း စပ်လျဉ်းမှုမရှိသည့် မျဉ်းပြိုင်နှစ်ကြောင်းနှင့် တူပေသည်။ ကွာရှင်းပြတ်စဲသည့်နေ့တွင် ရှဲ့ကျစ်ရှင်း၏ သိချင်စိတ်နှင့် ရှချန်းချန်းအပေါ် ရှုပ်ထွေးမှုများကြောင့် သူတို့သည် လအတော်ကြာကြာ ပတ်သက်နေခဲ့ကြသေးသည်။ ယနေ့၌ ပဟေဠိများ ကင်းရှင်းသွားသောအခါ မျဉ်းနှစ်ခုသည် ပြန်လည်၍ မျဉ်းပြိုင်ဖြစ်သွားပြန်ပေသည်။
ရှဲ့ကျစ်ရှင်း၏ ရင်ဘတ်ပေါ်တွင် ကြီးမားသောကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ သူ၏ နှလုံးသားကို နစ်မြုပ်နေစေသည်။
သူသည် သူ၏ ဂုဏ်သိက္ခာအား ပြန်၍ အဖတ်ဆယ်နိုင်မည့် အကြောင်းကြောင့် ပျော်ရွှင်သင့်ပေသည်။ သို့သော် ရှဲ့ကျစ်ရှင်းသည် ပျော်ရွှင်မှုကို ခံစား၍ မရခဲ့ပေ။
မုန့်ရုယန်၏ အပိုင်း ပြီးဆုံးသွားပြီး နောက်တွင် ရီကျစ်ခိုင်၏ တစ်ကိုယ်တော်အပိုင်းသာ ရှိတော့သောကြောင့် သူမသည် ခေတ္တခဏ အနားယူနိုင်ခဲ့သည်။
သူမသည် ရှရှ ထွက်ခွာသွားသည်ကို သတိထားမိပြီး ဒါရိုက်တာ၏ ထိုင်ခုံတွင် ရှဲ့ကျစ်ရှင်းတစ်ယောက် အထီးကျန်စွာ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်ကို တွေ့လိုက်ရသည်။ မုန့်ရုယန်တစ်ယောက် သူ၏ ဘေးသို့ သွား၍ နေရာယူလိုက်သည်။
“ဆရာရှဲ့၊ ဒီလောက် စိတ်မကောင်းဖြစ်နေစရာ မလိုပါဘူး”
မုန့်ရုယန်က နှစ်သိမ့်ပေးသည်။
“ရှရှက ရှင့်ရဲ့မျက်နှာက ဆွဲဆောင်မှုရှိလို့ ရှင်နဲ့အတူ အိပ်ဖို့ ဆန္ဒရှိတာ ဖြစ်ရမယ် ဘာလို့ ဆေးရုံကို မသွားတာလဲ၊ မျှော်လင့်ချက် ရှိနေသေးတာ ဖြစ်နိုင်သေးတယ်လေ”
ရှဲ့ကျစ်ရှင်း: "..."
မုန့်ရုယန် ပြောလိုက်သည့် စကားလုံးတိုင်းကို သူနားလည်ပေသည်။ သို့သော် စု၍ စဉ်းစားလိုက်သည့်အခါ အဘယ်ကြောင့် နားမလည်ရတော့သနည်း။
ရှဲ့ကျစ်ရှင်းသည် ဖြောင့်ဖြောင့် ထိုင်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ရှချန်း… ရှရှက ငါတို့ရဲ့ ဆက်ဆံရေးကို ဘယ်လို ရှင်းပြခဲ့လဲ”
“အဲဒါက”
မုန့်ရုယန်သည် အနည်းငယ် ခေါင်းရှုပ်နေခဲ့သည်။ ဤစကားများကို ပြောလိုက်ပါက မိမိကိုယ်ကို အလွန်အမင်း အပြစ်တင်ရာ ရောက်လိမ့်မည်ဟု သူမ ခံစားရသည်။
အထူးသဖြင့် ရှဲ့ကျစ်ရှင်းကဲ့သို့ ချောမောခန့်ညားသော အမျိုးသားတစ်ဦးသို့ ပြောရန် ဝန်လေးနေခဲ့သည်။
သို့သော် အသေးအမွှားလေးများကို ဂရုမစိုက်မိပါက ကြီးကြီးမားမား အစီအစဉ်များ ပျက်စီးသွားလိမ့်မည်။
မုန့်ရုယန်က သွားများကို ကြိတ်လိုက်သည်။
“ဆရာ ရှဲ့၊ ယောင်္ကျားတစ်ယောက်ကသာမလုပ်နိုင်ရင် ဒါက ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူး ဆေးပညာက အခုခေတ်မှာ အရမ်းခေတ်မီနေပြီ၊ ရှင် ဆေးရုံသွားပြီး အဲဟာကို ချဲ့ထွင်ဖို့ စဉ်းစားသင့်တယ်၊ ဒါမှမဟုတ်လည်း တစ်ခုခုပေါ့ ရှရှက သဘောကျလိမ့်မယ်”
ရှဲ့ကျစ်ရှင်း: ? ? ?
ရှဲ့ကျစ်ရှင်း၏ နဖူးပေါ်ရှိ သွေးကြောများသည် ထောင်မတ်လာပေသည်။
မုန့်ရုယန်၏ ပုံပြင်သည် ရှုပ်ထွေးနေသော်လည်း ရှချန်းချန်းနှင့် မုန့်ရုယန်တို့ မည်သည့် အကြောင်း ပြောဆိုနေကြသည်ကို သူ အကြမ်းဖျင်းသိလိုက်ချေ၏။
ရှဲ့ကျစ်ရှင်းက သွားများကို ကြိတ်ကာ
“ရှရှက ငါက အသုံးမကျဘူးလို့ မင်းကို ပြောလိုက်တယ်ပေါ့၊ ဒါကြောင့် မင်းက သူ့ကို ငါ့ဆီကနေ ရှောင်နိုင်ဖို့ ကူညီနေတာလား”
မုန့်ရုယန်က အလေးအနက်ထား၍
“အင်း ဘယ်လိုပဲဖြစ်ဖြစ် ဆက်ဆံရေးမှာက ပေါင်းသင်းဆက်ဆံရေးက အရမ်းအရေးကြီးတယ်လေ”
ရှဲ့ကျစ်ရှင်း: "..."
ရုတ်တရက်ဆိုသလို ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းကို ထွက်သွားခွင့်ပေးခဲ့ခြင်းကြောင့် အနည်းငယ် နောင်တရမိသည်။ ယခု သူမကို ပြန်သွားခေါ်ရန် အလွန် နောက်ကျနေပြီလား။
မုန့်ရုယန်သည် ရှဲ့ကျစ်ရှင်းအား ဆက်လက်စည်းရုံးရန် ကြိုးစားလုနီးပါးတွင် ဘေးနားရှိ ဒါရိုက်တာသည် သူမအား နောက်ထပ်ရိုက်ချက် ရိုက်ရန် ခေါ်လိုက်သဖြင့် လက်လျှော့လိုက်ရချေ၏။
မုန့်ရုယန် ထွက်ခွာသွားပြီးနောက် အထူးလက်ထောက်ကျိုးသည် ရှဲ့ကျစ်ရှင်းထံ ချဉ်းကပ်လာပြီး ခါးညွတ်ကာ တိုးတိုးလေးပြောသည်။
“မစ္စတာ ရှဲ့ ဇနီးသည်က သွားနှင့်ပြီ၊ အပြင်မှာ မိုးတွေ ပိုသည်းလာပြီး တောင်ပေါ်လမ်းတွေကလည်း သွားရလာရခက်လာပြီမလို့ ကျွန်တော်တို့လည်း သွားသင့်ပြီမလား”
ရှဲ့ကျစ်ရှင်းက ခေါင်းငြိမ့်လိုက်သည်။
ရှချန်းချန်းသည် စန်းနျန်းနျန်းတောင်တွင် မရှိတော့ပော သို့ဆိုလျှင် အဘယ်ကြောင့် သူက ဤနေရာ၌ ရှိနေသေးသနည်း။
သူသည် ထွက်ခွာရန်အတွက် မတ်တပ် ထရပ်လိုက်သည်။
နူးညံ့သော မိုးဖွဲဖွဲလေးသည် ရုတ်တရက်သည်းထန်သော မိုးအဖြစ် ရွာသွန်းလာပြီး လေပြင်းများ တိုက်ခတ်လာလေသည်။ လေနှင့်မိုးတို့ ပေါင်းစပ်၍ ရွှံ့များ၊ ကျောက်တုံးများရှိနေသည့် စန်းနျန်းနျန်းတောင်၏ မြေမျက်နှာပြင်ပေါ်သို့ ဆေးကြောချလိုက်သည်။
မိုးရွာရုံသာမကတော့ပေ၊ လေမုန်တိုင်းတစ်ခု ချဉ်းကပ်လာနေချေ၏။
ထိုအချိန်တွင် ရိုက်ကူးရေး အဖွဲ့သားများသည် တောင်ပေါ်ရှိ သူတို့၏ နောက်ဆုံးဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးစီးကာ ပစ္စည်းများထုပ်ပိုး၍ ထွက်ခွာရန် ပြင်ဆင်နေကြသည်။
ပြင်းထန်သော မုန်တိုင်းအကြားတွင် ရုတ်တရက်ဆိုသလို ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းသည် တောင်စောင်းဘက်သို့ အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ကြသည်။
မိနစ်အနည်းငယ်အကြာတွင် ဟိုတယ်မန်နေဂျာက အလျင်အမြန်ရောက်လာသည်။
“ကျွန်တော် တောင်းပန်ပါတယ်၊ လမ်းညွှန်၊ မစ္စတာရှဲ့၊ ခင်ဗျားတို့ စန်းနျန်းနျန်းတောင်ကနေ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူးထင်ပါရဲ့”
လမ်းညွှန်က မျက်မှောင်ကြုတ်ကာ
“ကျွန်တော် ခုနလေးတင် အဝေးကနေ ပေါက်ကွဲသံ ကျာ်ကျယ်တစ်ခု ကြားလိုက်ရတယ်၊ တစ်ခုခု ဖြစ်သွားလို့လား”
မန်နေဂျာက ခေါင်းငြိမ့်လိုက်သည်။
“တောင်ခြေ မီးသတ်ဌာနက ခုနလေးတင် ကျွန်တော်တို့ကို ဖုန်းဆက်ပြီး တောင်တစ်ဝက်မှာ ရွှံ့မြေပြိုကျမှု ဖြစ်ခဲ့တယ်လို့ ပြောတယ်၊ တောင်အောက်ကို ဆင်းတဲ့တံတား ပြိုကျသွားလို့ တံတား ရှင်းပြီးတဲ့အထိ ကျွန်တော်တို့ ထွက်သွားလို့ မရတော့ဘူး”
“တော်တော် ဆိုးတာဘဲ”
လမ်းညွှန်က သက်ပြင်းမချဘဲ မနေနိုင်ပေ။
“အသေအပျောက်တော့မရှိဘူးမလား”
မန်နေဂျာက စိုးရိမ်နေသည်။
“ပြောဖို့တော့ ခက်တယ်၊ မီးသတ်ဌာနက တံတားကို ဖြတ်နေတုန်း ကားတစ်စီး ရွှံ့မြေပြိုကျမှုအောက်မှာ ပိမိသွားတယ်လို့ ပြောတယ်၊ ကယ်ဖို့ အခွင့်အရေးကလည်း အရမ်းနည်းတယ်”
ရှဲ့ကျစ်ရှင်းသည် ဘေးတွင် ရပ်၍ မန်နေဂျာ၏ ပြောစကားကို တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ ရွှံ့မြေပြိုကျမှုကြောင့် ပိမိသွားသည့် ကားအကြောင်း ပြောသည်နှင့် သူ၏ ခန္ဓာကိုယ်သည် တောင့်ခဲသွားသည်။
သူသည် မန်နေဂျာ၏ လက်ကို အလျင်အမြန် ဆွဲကိုင်လိုက်ပြီး အသံသည် တုန်ရင်နေခဲ့သည်။
“အဲကားက ဘယ်လိုကားမျိုးလဲ ရွှံ့တွေ၊ ကျောက်တွေအောက်မှာ ပိနေတဲ့ကားက”
“ဘယ်လိုကားမျိုးလဲဆိုတာတော့ အတိအကျမှတ်မိပေမယ့် ပုံစံကတော့..”
မန်နေဂျာက ရပ်တန့်သွားသည်။
“အဖြူရောင် SUV တစ်စီးပါ”
ရှဲ့ကျစ်ရှင်း၏ မျက်နှာအမူအရာသည် လျှပ်စီးလက်သကဲ့သို့ ရုတ်ချည်း တောင့်ခဲသွားသည်။
သူသည် ရှချန်းချန်းအား တောင်အောက်ဆင်းရန်အတွက် အထူးလက်ထောက်ကျိုးကို ငှားပေးခဲ့သော ကားသည်လည်း အဖြူရောင် SUV ဖြစ်ချေ၏။
ပြင်းထန်သော လေတိုက်ခတ်လာလေသည်။
စန်းနျန်းနျန်းတောင်တွင် နေ့ခင်းဘက် ဖြစ်နေသော်လည်း မှောင်မိုက်နေသော တိမ်လွှာတိမ်စိုင်များက ကောင်းကင်ကို ဖုံးအုပ်ထားပြီး ပတ်ဝန်းကျင်ရှိ ရှုခင်းများကို အုံ့ဆိုင်းထားသည်။
အနက်ရောင် SUV တစ်စီးသည် ကွေ့ကောက်နေသော တောင်ပေါ်လမ်းတစ်လျှောက် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်သွားသည်။ ကားဘီးများက လှည့်ပတ်နေပြီး ရေများကို ပက်ဖျန်းကာ ရေကြောင်းအရာများကို ချန်ထားခဲ့သည်။
ကားမောင်းချိန် တစ်နာရီသာ ကြာခဲ့သော်လည်း ရှဲ့ကျစ်ရှင်းသည် ရာစုနှစ်တစ်ခု ကြာမြင့်သကဲ့သို့ ခံစားခဲ့ရသည်။
ဆယ်မိနစ်အကြာတွင် အနက်ရောင် SUV သည် စန်းနျန်းနျန်းတောင်နှင့် ပြင်ပကမ္ဘာကို ဆက်သွယ်ထားသည့် တစ်ခုတည်းသော ပြိုကျနေသည့် တံတားသို့ ရောက်ရှိလာပြီး ရေများကို နေရာအနှံ့ ပက်ဖြန်း၍ ရှဲ့ကျစ်ရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွှံ့များဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ရှဲ့ကျစ်ရှင်းသည် ငါးမီတာကျော် ကျယ်ဝန်းသော တံတားသည် အပျက်အစီးများ ပြိုကျလာမှုကြောင့် ပျက်စီးသွားသည်ကို တွေ့လိုက်ရသည်။ တံတား၏ အစိတ်အပိုင်း အများစုသည် လှိုင်းထနေသော တောင်ပေါ် မြစ်ရေထဲတွင် နစ်မြုပ်နေခဲ့သည်။ မြစ်၏ တစ်ဖက်ခြမ်း၊ တောင်ပေါ်မြစ်ရေ၏ ထောင့်နားတွင် အဖြူရောင် SUV တစ်စီးကို မြင်နိုင်ပေသည်။ မူလက ကောင်းမွန်သော SUV သည် ယခုအခါ ပျက်စီးယိုယွင်းနေချေ၏။ ရှေ့ယာဉ်မောင်းထိုင်ခုံသည် ကြီးမားသော ကျောက်တုံးတစ်ခုဖြင့် ပိနေခဲ့ပြီး ကားထဲ၌ လူရှိ၊ မရှိကိုပင် မသိနိုင်တော့ပေ။
ရှဲ့ကျစ်ရှင်း၏ အသက်ရှုသံသည် ထိုနေရာ၌ပင် ရပ်တန့်သွားသည်။
ရှဲ့ကျစ်ရှင်းသည် ကားပေါ်မှ ဆင်းလိုက်သည်နှင့် မိုးစက်မိုးပေါက်များသည် သူ့အား ပြင်းထန်စွာ ရိုက်ခတ်လိုက်လာသည်။ သူ၏ မျက်နှာသည် စိုရွှဲနေခဲ့ပြီး ၎င်းသည် မိုးများသောကြောင့်လား သို့မဟုတ် မျက်ရည်များကြောင့်လားဆိုသည်ကို ခွဲခြားရခက်နေပေသည်။
ရှဲ့ကျစ်ရှင်းသည် သူတို့နှစ်ဦး၏ အနာဂတ်သည် နောက်ဆုံး၌ သူစိမ်းများ ဖြစ်လာလိမ့်မည်ကို သိသည်။
သို့သော် ဤကဲ့သို့သော သူစိမ်းများ ဖြစ်လာလိမ့်မည်ဟု သူ ဘယ်တော့မှ မတွေးခဲ့ပေ။
သူသည် ပြိုကျနေသော တံတား၏ အစွန်းသို့ လျှောက်သွားသည်။ တောင်ပေါ်မြစ်ရေသည် တံတားအောက်၌ စီးဆင်းနေပြီး မသိရှိနိုင်သော အကွာအဝေးထံသို့ အပြေးအလွှား ကျဆင်းနေသည်။
သူသည် မသိစိတ်ဖြင့် ရှေ့သို့ နောက်ထပ် ခြေလှမ်း တစ်လှမ်း ထပ်တိုးလိုက်သည်။ ရုတ်တရက် သွယ်လျသော လက်တစ်ဖက်က သူ့အား နောက်သို့ ဆွဲလိုက်သည်။
ထိုသူသည် ရှဲ့ကျစ်ရှင်းကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူ၏ ခေါင်းပေါ်တွင် သည်းထန်စွာ ရွာနေသော မိုးစက်များ ကျရောက်မှုကို ကာပေးထားကာ အသံကျယ်ကျယ်ဖြင့်
“ရှဲ့ကျစ်ရှင်း ရှင် ရူးနေလား၊ ပြိုကျနေတဲ့တံတားက ဒီလောက် အန္တရာယ်များတာ ဘာလို့ ဒီမှာ ရပ်နေတာလဲ”
ရှဲ့ကျစ်ရှင်းသည် သူ၏ ရှေ့မှ လူကို ကြောင်တောင်တောင်ဖြင့် ကြည့်နေခဲ့သည်။
သူ၏ ရှေ့တွင် ထူးဆန်းသော ဦးလေးတစ်ဦး၏ မျက်နှာရှိနေသည်။
သို့သော် မိုးရေအောက်တွင် မူလမိတ်ကပ်သည် တဖြည်းဖြည်း ပျက်ပြယ်သွားပြီး ဦးလေး၏ မူလမျက်နှာကို ဖော်ထုတ်လိုက်ချေ၏။
ရှချန်းချန်း…
ရှဲ့ကျစ်ရှင်းသည် သူ၏ မျက်လုံးများ မှုန်ဝါးနေသည်ဟု ထင်မိပြီး သူ၏ ရှေ့မှ မိန်းကလေးကို စိုက်ကြည့်ကာ သူမကို ထပ်မံ၍ ဂရုတစိုက် ကြည့်လိုက်သည်။ ဟုတ်ပေသည်၊ ရှချန်းချန်း အစစ်ပင် ဖြစ်သည်။
ထိုအချိန်တွင် သူ၏ စိတ်သည် ပကတိ ဗလာဖြစ်သွားပြီး သူ၏ လက်များသည် ရှချန်းချန်းကို မထိန်းနိုင်တော့ဘဲ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားမိသည်။ သူမကို သူ၏ ခန္ဓာကိုယ်ထဲသို့ နစ်ဝင်စေလိုသည့်ဟန်ဖြင့် တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားလေသည်။
မင်းပဲ၊ တကယ် မင်းပဲ။
ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ ပွေ့ဖက်ခြင်းကို အလွန်အမင်း တင်းကျပ်စွာ ခံလိုက်ရသောကြောင့် အသက်ရှူပင် မနိုင်တော့ပေ။
“အဟွတ် အဟွတ် အဟွတ် ရှဲ့ကျစ်ရှင်း ရှင် ဘာလုပ်နေတာလဲ၊ အဟွတ် အဟွတ် အဟွတ် ရှင် ကျွန်မကို သတ်နေတာလား အဟွတ် အဟွတ် အဟွတ်!”
ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းကို အလွန် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားမိသည်ကို သတိပြုမိပြီး သူ၏ ပွေ့ဖက်ခြင်းကို အနည်းငယ် ဖြေလျှော့ကာ သူမ၏ မျက်နှာမှ မိုးရေများကို ညင်သာစွာ သုတ်ပေးလိုက်သည်။
ရှဲ့ကျစ်ရှင်းက ရှုပ်ထွေးနေခဲ့သည်။
“မင်း ကားမောင်းပြီး ထွက်သွားတာမဟုတ်လား၊ အဲကားက..”
သူ စကားမဆုံးခင်မှာပဲ ကုံသန်းသည် အဝေးမှ အလျင်အမြန်ပြေးထွက်လာသည်။ မြစ်တစ်ဖက်ခြမ်းတွင် ပိတ်မိနေသည့် အဖြူရောင် SUV ကို မြင်သောအခါ သူ၏ မျက်နှာပေါ်မှ မျက်ရည်များ စီးကျလာချေ၏။
“ဝါး ငါ့ရဲ့ အဖြူရောင်ကားလေး၊ တစ်လပဲ ရှိသေးတာ အကြွေးတောင် မဆပ်ရသေးဘူး”
ရှဲ့ကျစ်ရှင်းက ပို၍ပင် ရှုပ်ထွေးသွားသည်။
“ရှင် ရေထဲကျသွားတဲ့ကားကို ပြောနေတာလား”
ရှချန်းချန်းက ရုတ်တရက် သတိပြုမိသည်။
“အဲဒါ ရှင့်ကားမဟုတ်ဘူး အဲဒါ အနုပညာသတင်းထောက်ရဲ့ကားပဲ”
ထို့နောက် ရှချန်းချန်းသည် ပြိုကျနေသော တံတား၏ အခြားတစ်ဖက်ကို လက်ညှိုးညွှန်ပြသည်။ ထိုနေရာတွင် မြင့်မားသော ကျောက်နံရံတစ်ခုသည် မိုးရွာသွန်းမှုကို ကာဆီးထားသည်။ ထိုကျောက်နံရံအောက်တွင် အဖြူရောင် SUV တစ်စီး ရပ်ထားသည်။
“ဟိုဟာက ရှင့်ကားပဲ”
“ကျွန်မ တောင်အောက်ဆင်းတော့ မစ္စတာ ကုံသန်းနဲ့ တွေ့တယ်၊ ကားထဲမှာ သူ့နဲ့အတူ သတင်းအချက်အလက်အချို့ကို ဖလှယ်လိုက်တာ သူ့ကားက တံတားထိပ်နားမှာ ရပ်ထားရုံလေးကို၊ ဒါပေမဲ့ သူက ကံဆိုးချင်တော့ ရွှံ့မြေပြိုကျတာနဲ့ ကားက ရေနဲ့အတူ မျောပါသွားတာ”
ရှဲ့ကျစ်ရှင်းက မျက်မှောင်ကြုတ်လိုက်ပြီး လမ်းကြမ်းကားထဲမှ အနက်ရောင်ထီးတစ်လက်ကို ထုတ်ကာ ရှချန်းချန်းကို မိုးလုံအောင် ဆောင်းပေးလိုက်သည်။
“အထူးလက်ထောက်ကျိုးက မင်းရဲ့ ရှင်းလင်းချက် သတင်း အချက်အလက်တွေက မပြည့်စုံသေးလို့ သတင်းအချက်အလက်ရှာဖို့ တောင်အောက်ဆင်းသွားတယ်လို့ ပြောခဲ့တာ မလား”
ရှချန်းချန်းက ကုံသန်းကို လက်ညှိုးညွှန်ပြသည်။
“ကျွန်မ လိုအပ်တဲ့ သက်သေအထောက်အထားက သူ့ဆီမှာ ရှိတယ်”
ရှဲ့ကျစ်ရှင်းသည် ပို၍ပင် ရှုပ်ထွေးသွားသည်။
ကုံသန်းသည် သူ၏ ကားအသစ်အတွက် ပူဆွေးမြည်တမ်းပြီးသည့်အခါ သူ၏ ခေါင်းကို လှည့်၍ ရှဲ့ကျစ်ရှင်းနှင့် ရှချန်းချန်းတို့ကို ဝေဝါးစွာကြည့်လိုက်သည်။
“ဆရာရှဲ့၊ အင်တာနက်မှာ ရှာကြည့်လိုက်ရင် နားလည်သွားပါလိမ့်မယ်”
ဆယ်မိနစ်အကြာက ရှဲ့ကျစ်ရှင်းသည် သူ၏ ဇနီးအား လိမ်လည်သည်ဟူသော သတင်းသည် အင်တာနက်၏ ခေတ်စားနေသည့် ရှာဖွေမှုစာရင်းကို လွှမ်းမိုးသွားသည်။ လူကြိုက်များမှုက အလွန်မြင့်မားနေသဖြင့် တျန်းရှန့်သည် Weibo ကို ပေးဆောင်ခြင်းကို ရပ်ဆိုင်းလိုက်ရာ Weibo သည် ခေတ်စားနေသည့် ရှာဖွေမှုကို ရိုးရှင်းစွာပင် ရပ်လိုက်ချေ၏။
ရှဲ့ကျစ်ရှင်းကို ဆဲဆိုသံများသည် အင်တာနက်တစ်ခုလုံးကို ပြည့်နှက်နေသည်။ ရှဲ့ကျစ်ရှင်းသည် ပရိသတ်အများအပြားရှိသည့် ထိပ်တန်းကြယ်တစ်ပွင့်ဖြစ်သော်လည်း ဤဒေါသထွက်နေသော ဖြတ်သွားဖြတ်လာများကို ယှဉ်ပြိုင်၍ မရနိုင်ပေ။
သို့သော် မကြာမီတွင် အချိန်အတော်ကြာ တိတ်ဆိတ်နေသော လိမ်ညာသူများကို ဖော်ထုတ်သူသည် Weibo တွင် ပို့စ်တစ်ခု ထပ်မံတင်ခဲ့ချေ၏။
သူသည် ပို့စ်နှစ်ခုကို တစ်ပြိုင်နက်တည်းတင်ခဲ့သည်။
ပထမ Weibo ပို့စ်သည် နိုင်ငံ၏ ထိပ်တန်းဆယ်ဦးတွင် ပါဝင်သည့် အမူအရာ အသေးစိတ်ကျွမ်းကျင်သူတစ်ဦးထံမှ ဖြစ်သည်။ သူသည် အနုပညာသတင်းထောက် မီနာ လျှို့ဝှက်ရိုက်ကူးခဲ့သည့် ရှရှနှင့် သုန်သုန်တို့၏ အသေးစိတ်အမူအရာများကို ခွဲခြမ်းစိတ်ဖြာခဲ့ပေသည်။ ထိုခွဲခြမ်းစိတ်ဖြာမှု၏ ရလဒ်များအရ ထိုသူတို့နှစ်ဦး၏ မျက်နှာပေါ်ရှိ ကြွက်သားလှုပ်ရှားမှုနှင့် ဆက်စပ်၍ ပြဿနာတစ်စုံတစ်ခုရှိနေသည်ကို ပြသခဲ့ပေသည်။ ၎င်းတို့သည် သူတို့၏ မူလကြွက်သားများကို ဖုံးကွယ်ရန်အတွက် မျက်နှာများပေါ်တွင် တစ်ခုခု လိမ်းခြယ်ထားခြင်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် လူတိုင်း ယခုမြင်နေရသည်မှာ သူတို့၏ မူလမျက်နှာများ မဟုတ်ကြချေ။
ဒုတိယ Weibo ပို့စ်တွင် ပြည်တွင်းရော ပြည်ပတွင်ပါ ထိပ်တန်းဆယ်ဦးတွင် ပါဝင်သည့် AI ခွဲခြားသိမြင်မှု စနစ်တစ်ခုမှ ပြုလုပ်ခဲ့သည့် ခွဲခြမ်းစိတ်ဖြာမှု၏ ရလဒ်များ ပါဝင်သည်။ ၎င်းတို့သည် ရှရှနှင့် သုန်သုန်တို့၏ မျက်နှာများကို တစ်ပြိုင်နက်တည်း ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။ သူတို့၏ မျက်နှာအသွင်အပြင်များကို နှိုင်းယှဉ်ပြီးနောက် ၎င်းတို့သည် တစ်ဦးတည်းဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း မရှိခဲ့ချေ။ သို့သော် သူတို့၏ ကိုယ်ခန္ဓာပုံသဏ္ဍာန်၊ လက်မောင်းနှင့် ခြေထောက်အရှည်၊ ခန္ဓာကိုယ်ပုံစံနှင့် လမ်းလျှောက်ဟန်တို့အား ခွဲခြမ်းစိတ်ဖြာကြည့်ရာ ၉၉% တူညီကြောင်း တွေ့ရှိရသည်။
[ဘာတွေလဲ ဒါက ဘာကိုဆိုလိုတာလဲ၊ ကျီကျီ ရှရှနဲ့ သုန်သုန်က တစ်ယောက်တည်းလား]
[ပထမ Weibo ပို့စ်က သူတို့နှစ်ယောက်စလုံးရဲ့ မျက်နှာတွေက အတုလို့ ပြတယ်၊ ဒုတိယတစ်ခု AI ခွဲခြားသိမြင်တဲ့ စနစ်ကို သုံးပြီး သူတို့ရဲ့ မျက်နှာတွေက မတူပေမယ့် သူတို့ရဲ့ ကိုယ်ခန္ဓာပုံသဏ္ဍာန်နဲ့ ကိုယ်နေဟန်ထား ခွဲခြမ်းစိတ်ဖြာမှုတွေအရ သူတို့က လူတစ်ယောက်တည်းဆိုတာကို အတည်ပြုလိုက်တာပဲ]
[အာ ငါ ဒီအကြောင်းကို ဘယ်တုန်းကမှ မစဉ်းစားမိဘူး၊ ရှရှနဲ့ သုန်သုန်က လူတစ်ယောက်တည်းဆိုရင် ငါတို့ရဲ့ အဘိုးကြီးရှဲ့က အပြင်လူနဲ့ ဖောက်ပြန်နေတာ မဟုတ်ဘူးလို့ ဆိုလိုတာပေါ့]
[သူက ထွက်မလာသေးဘူးမလား၊ သေချာကြည့် ရှရှမှာ လည်စေ့မရှိဘူး လည်စေ့ကို အတုလုပ်လို့ရပေမယ့် ဖုံးကွယ်ထားလို့တော့ မရဘူး]
[ဖြတ်သွားဖြတ်လာတစ်ဦးပါ၊ ကျွန်မ တစ်ချိန်က မုန့်ရုယန်ရဲ့ မိတ်ကပ်ဆရာမဖြစ်ဖို့ ရှရှနဲ့ အင်တာဗျူးခဲ့ဖူးတယ်၊ ရှရှရဲ့ အထူးအကျိုးသက်ရောက်မှုရှိတဲ့ မိတ်ကပ်က အရမ်းကောင်းတယ်၊ ဖြစ်နိုင်တာက သူမ တကယ်ပဲ အထူးမိတ်ကပ်လိမ်းထားတာ ဖြစ်နိုင်တယ်]
[ဝါး! ငါတို့ရဲ့ ဆရာရှဲ့က ထွက်မလာသေးဘူး၊ သူကလည်း ရှုပ်ပွေတဲ့ ကောင်မဟုတ်ပါဘူး]
[ငါ ကျီကျီကို ယုံတယ်၊ ကျီကျီပြောတာ အားလုံး အမှန်ပဲ]
[ကျီကျီမရှိရင် ငါတို့ရဲ့ ဆရာရှဲ့က မတရားသဖြင့် သေသွားလိမ့်မယ်၊ ဒါပေမဲ့ ဆရာရှဲ့ကလည်း တကယ့်ယောကျ်ားကောင်းတစ်ယောက်ပဲ၊ ဒီလိုဆိုရင်တောင် သူက မိန်းကလေးရဲ့ အထောက်အထားကို မဖော်ထုတ်ခဲ့ဘူး]
[ဝါး… ရှရှနဲ့ သုန်သုန်က တကယ်တော့ တစ်ယောက်တည်းဖြစ်တယ်လို့ တွေးမိတော့ အရမ်းရင်ခုန်ရတာပဲ ဆရာရှဲ့က ဒီမိန်းကလေးကို အရမ်းချစ်တာ သေချာတယ်၊ သူက ဖော်ထုတ်မယ့်အစား အင်တာနက်တစ်ခုလုံးရဲ့ အပုပ်ချခံရတာကို ပိုပြီး နှစ်သက်တာပဲ]
[ဆရာရှဲ့က တကယ်တော့ အချစ်ထဲမှာ ကျဆုံးနေတဲ့ ဖြူစင်တဲ့သူတစ်ယောက်ပဲ၊ ဘာလို့ သူက ဒီလောက်အထိ နှိမ့်ချပြီး ချစ်ရတာလဲ၊ မမလေးရှရှက ဆရာရှဲ့အပေါ် ပိုပြီး ကြင်နာနိုင်ပါစေလို့ မျှော်လင့်ပါတယ်]
[သူက ဖောက်ပြန်တတ်တဲ့ ပွေလီတဲ့ ကောင်သာ မဟုတ်ရင် ရပြီ၊ ဆရာရှဲ့နဲ့ မမလေးရှရှတို့ အဆင်ပြေနိုင်ပါစေလို့ မျှော်လင့်ပါတယ်]
…
ရှဲ့ကျစ်ရှင်းသည် အင်တာနက်ပေါ်ရှိ ရှင်းလင်းချက်ကို မြင်သောအခါ အံ့အားသင့်သွားပြီး
“ကိုယ်က… မင်း ကိုယ်တို့ လျှို့ဝှက်လက်ထပ်ထားတာကို ထုတ်ဖော်လိမ့်မယ်လို့ ထင်ခဲ့တာ” ဟု တီးတိုး ရေရွတ်လိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါက အကောင်းဆုံးဖြေရှင်းချက်ပဲ။
“ဒါပေမဲ့ ရှင်က ကျွန်မကို ဖော်ထုတ်စေချင်တာ မဟုတ်ဘူးမလား”
ရှချန်းချန်းသည် သူမ၏ ခေါင်းကို စောင်းလိုက်သည်။
“ရှင်က ကျွန်မကို မလုပ်စေချင်ရင်တော့ ကျွန်မ သေချာပေါက် မလုပ်ဘူးပေါ့ စိတ်မပူပါနဲ့၊ ကျွန်မက ရှရှနဲ့ သုန်သုန် တစ်ယောက်တည်းဖြစ်တယ်ဆိုတာ သက်သေပြပြီးပြီ၊ ဒီကိစ္စက ရှင့်ကို ရှင်းလင်းပေးပါလိမ့်မယ်၊ အင်တာနက်အသုံးပြုသူတွေက ရှင့်ကို ငရှုပ်ကောင်လို့ အထင်လွဲတော့မှာမဟုတ်ဘူး”
ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းကို ငေးမောစွာ စိုက်ကြည့်နေပြီး အေးစက်နေခဲ့သော သူ၏ နှလုံးသားသည် ရုတ်တရက် နူးညံ့သွားပေ၏။
သူက ဂရုတစိုက်မေးသည်။
“ဒါဆို မင်း ဒီတစ်ခါ ကိုယ့်ကို ထားခဲ့တာက တကယ်တော့ ကိုယ့်ကို ရှင်းလင်းပေးဖို့လား”
ငါ့ကို ထားခဲ့ဖို့ မဟုတ်ဘူးပေါ့။
ရှချန်းချန်း၏ မျက်လုံးများ လင်းလက်လာလေသည်။
“ဒါပေါ့ ရှင့်ကို ကျွန်မပိုင်တာလေ၊ ဘာလို့ သူများတွေက နာမည်ကြီးတာကို အခွင့်ကောင်းယူပြီး ရှင့်ကို အပုပ်ချတာကို ခွင့်ပြုရမှာလဲ”
သရုပ်ဆောင်ရှဲ့၏ အတင်းအဖျင်းများကို သူမသာလျှင် ဖော်ထုတ်နိုင်ပေသည်။
ရှဲ့ကျစ်ရှင်းသည် သူ၏ လည်ချောင်းထဲရှိ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။
“ဒါဆို ကိုယ်က လျှို့ဝှက်လက်ထပ်မှုအကြောင်း ဖော်ထုတ်ချင်တာ မဟုတ်ရင် မင်းကလည်း မဖော်ထုတ်ဘူးပေါ့”
ရှချန်းချန်းသည် အလေးအနက်ထား၍ ခေါင်းငြိမ့်လိုက်သည်။
“အင်း မလုပ်ဘူး”
သူမသည် စည်းကမ်းရှိသော ပါပါရာဇီတစ်ဦးဖြစ်ပြီး အခြားသူများ၏ ကိုယ်ရေးကိုယ်တာများကို ထိပါးသည့် မည်သည့်အရာကိုမျှ လုပ်ဆောင်မည်မဟုတ်ပေ။ သို့သော် အခြားတစ်ဖက်က ကိုယ်ကျင့်တရားနှင့် ဥပဒေ၏ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ပါက ထိုကိစ္စသည် အခြားကိစ္စတစ်ခုပင်ဖြစ်သည်။
သို့သော် ရှချန်းချန်းသည် ရုတ်တရက် တစ်ခုခုအား တွေးမိပြီး ရှက်ရွံ့နေမိသည်။
“ဒါပေမဲ့၊ ကျွန်မတို့ လျှို့ဝှက်လက်ထပ်ထားတဲ့ အချက်ကို တကယ်ပဲ မဖော်ထုတ်နိုင်ဘူးလား၊ တကယ်တော့ ဒါက မကောင်းတဲ့ ကိစ္စမဟုတ်ဘူးလေ၊ မဖော်ထုတ်လိုက်ရတာ နှမြောစရာပဲမလား”
ရှချန်းချန်း၏ အသံသည် ပို၍ပို၍ သေးငယ်လာပြီး သူမ၏ အမူအရာသည် မကျေမနပ်ဖြစ်လာချေ၏။
ရှဲ့ကျစ်ရှင်းသည် သူ၏ နှုတ်ခမ်းထောင့်များကို ကွေးလိုက်ပြီး ရှချန်းချန်း၏ ခေါင်းကို ပွတ်လိုက်သည်။
“ကိုယ် မင်းကို ဖော်ထုတ်လို့ရတယ် ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး”
“ဘယ်တော့လဲ”
ရှချန်းချန်း၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားပြီး မှောင်မိုက်နေသော ရာသီဥတုတွင် ထွန်းလင်းနေသည့် တစ်ခုတည်းသော ကြယ်ပွင့်ကဲ့သို့ပင်။
ရှဲ့ကျစ်ရှင်းက ကောက်ကျစ်စွာ ပြုံးလိုက်သည်။
“အချိန်ကျရင် မင်း သိပါလိမ့်မယ်”
ရှချန်းချန်း၏ စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်နေခဲ့သည်။
“အဲဒါက ဘယ်တော့လဲ၊ ပိုပြီး အတိအကျပြောပြလို့မရဘူးလား”
“....”
“ကျွန်မကို အတွေးလွန်ပြီး အိပ်မပျော်အောင် မလုပ်ပါနဲ့တော့နော်လို့”
“....”
“ရှင်အရမ်းတွန့်တိုတာပဲ၊ ဒါက လျှို့ဝှက်ချက်မှ မဟုတ်တာ ဘာလို့ ပြောလို့မရတာလဲ”
“....”
“ပြောပြပါလို့ အတိအကျ ဘယ်တော့လဲ”
ရှချန်းချန်း၏ ဆက်တိုက်ဆိုသလို ငြီးငွေ့ဖွယ်ရာ စကားများ ဆက်လက်ထွက်ပေါ်လာသည်။ ရှဲ့ကျစ်ရှင်းသည် သူ၏ SUV မှ မျက်နှာသုတ်ပဝါတစ်ခုကို ပေါ့ပါးစွာ ဆွဲထုတ်၍ သူမ၏ ခေါင်းကို သုတ်ပေးလိုက်သည်။
ဘယ်တော့မှ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မှာလဲ..
မင်း ငါ့ကို ချစ်လာတဲ့အချိန်ကျရင်ပေါ့။
စန်းနျန်းနျန်းတောင်ပေါ်ရှိ မိုးသည် တဖြည်းဖြည်း ရပ်စဲသွားပြီး လေတိုက်နှုန်းသည်လည်း အတော်ပင် ငြိမ်သက်သွားသည်။ မှောင်မိုက်နေသော ကောင်းကင်နှင့် ဆန့်ကျင်ဘက်တွင် တောက်ပသော အလင်းရောင် အနည်းငယ်က မှေးမှိန်စွာ ထွန်းလင်းတောက်ပနေခဲ့သည်။
ရှဲ့ကျစ်ရှင်းသည် ဟိုတယ်မန်နေဂျာအား ဖုန်းခေါ်၍ ဖျော်ဖြေရေးသတင်းထောက် ကုံသန်း၏ ကားသာ တံတားပေါ်မှ ပြုတ်ကျသွားပြီး မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း အကြောင်းကြားခဲ့သည်။
မန်နေဂျာက ကျေးဇူးတင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တံတား၏ တစ်ဖက်ခြမ်းရှိ တောင်က ပို၍ ပင် မတည်ငြိမ်သောကြောင့်ဖြစ်သည်။ ဤအချိန်တွင်သာ မီးသတ်ဌာနကို ခေါ်ခဲ့ပါက နောက်ထပ် အသက်ဆုံးရှုံးမှု ဖြစ်နိုင်ချေရှိပေသည်။
မီးသတ်ဌာနမှ ရွှံ့မြေပြိုကျမှုကို ရှင်းလင်းရန်နှင့် တောင်ပေါ်ရှိသူများ ထွက်ခွာနိုင်စေရန်အတွက် ယာယီတံတားတစ်ခု တည်ဆောက်ရန် သုံးရက်ကြာမြင့်လိမ့်မည်ဟု ခန့်မှန်းတွက်ဆထားသည်။ သူတို့သုံးဦးသည် ဟိုတယ်သို့ ဦးစွာ ပြန်ရန် စီစဉ်ခဲ့သည်။
ရှဲ့ကျစ်ရှင်းနှင့် ရှချန်းချန်းတို့သည် အနက်ရောင် SUV ထဲတွင်ရှိပြီး ကုံသန်းသည် ရှချန်းချန်း၏ အဖြူရောင် SUV ကို မောင်းနှင်နေချေသည်။
SUV ၏ ယာဉ်မောင်းထိုင်ခုံမှ ရှဲ့ကျစ်ရှင်းသည် SUV ထဲရှိ ကုံသန်းကို တစ်ချက်ကြည့်လိုက်ပြီး အသံကို တိုးလိုက်သည်။
“အဲ ပါပါရာဇီက မင်းရဲ့ အထောက်အထားကို သိသွားပြီ၊ သူ မင်းကို ဖော်ထုတ်မှာကို မကြောက်ဘူးလား”
မိုးရေအောက်တွင် ရှချန်းချန်း၏ တစ်ချိန်က တောက်ပပြီး သဒ္ဒါတရား ထက်သန်သော မျက်နှာက ပေါ်ထွက်လာသည်။ မိုးရေများ အလွန်အမင်းစိုရွှဲနေသော ဆံပင်တုအတိုကို ရှချန်းချန်းက သိမ်းလိုက်ရသည်။
“သူက ကျွန်မ ဘယ်သူလဲဆိုတာ ခုနလေးတင်မှ သိသွားတာ”
ရှချန်းချန်းက သူမ၏ ခါးပတ်ကို ပတ်ရင်း ပြန်ဖြေသည်။
ကုံသန်းရှေ့တွင် ရှရှနှင့် သုန်သုန်ကို ဖော်ထုတ်ခြင်းက ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်။ ဘယ်လိုလုပ်ပြီး ကိုယ့်အထောက်အထားကို မဖော်ထုတ်ဘဲ နေနိုင်မလဲ။
“ဒါပေမဲ့ ကျွန်မ ကုံသန်းကို ကတိပေးခဲ့ပါတယ်၊ သူသာ ကျွန်မကို မဖော်ထုတ်ရင် ကျွန်မ သတင်းအချက်အလက်ရတဲ့အခါ သူ့ကို ခေါ်သွားမယ်လို့ ပြောခဲ့တယ်၊ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့အရာပဲ”
အကျိုးအမြတ်သည် ခိုင်မြဲသော ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။
သူသည် ကုံသန်းအား ချီပိုင်ထံမှ ယွမ်သုံးသန်း လိမ်ယူရာတွင် ကူညီခဲ့သည့်အချိန်မှစ၍ ရှချန်းချန်းသည် ရှဲ့မိသားစု၏ ညစာစားပွဲတွင် ယဲ့ရှီဝမ်ကို အင်တာဗျူးရန်အတွက် သူတို့အား စိတ်ပါလက်ပါ ဝင်ခွင့်ပေးခဲ့သည်။ ၎င်းတို့သည် ပြိုင်ဘက်များဖြစ်သော်လည်း ခိုင်မာသော ဆက်ဆံရေးကိုလည်း တည်ဆောက်ခဲ့ကြသည်။
ကုံသန်းသည် ရှဲ့ကျစ်ရှင်းနှင့် ရှချန်းချန်းတို့၏ ဆက်ဆံရေးကို ဖော်ထုတ်လိုက်ပါက သူ့အား အရေးပါသော အကျိုးအမြတ်များ ရရှိစေမည်ကို သိသည်။ သို့သော် ထို့နောက် ရှဲ့ကျစ်ရှင်းက သူ့အား အလွတ်ပေးမည်လား။ သူ့အတွက် နောက်ထပ် အတင်းအဖျင်းများ ဖော်ထုတ်စရာ ရှိပေဦးမည်လား။
ယင်းအစား ရှချန်းချန်း၊ ရှဲ့ကျစ်ရှင်းတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားခြင်းက ပို၍ ကောင်းမွန်လိမ့်မည်။
လိမ်ညာသူများကို ဖော်ထုတ်သူနောက်သို့ လိုက်လျှင် အသားမစားရလျှင်တောင် ဟင်းချိုတော့ အမြဲ သောက်ရလိမ့်မည်။ ရှဲ့မိသားစုသည် မှီခိုဖွယ်ရာ သစ်ပင်ကြီးဖြစ်ရာ အတင်းအဖျင်းမရှိခြင်းကို အဘယ်ကြောင့် စိတ်ပူစရာလိုမည်နည်း။
ထိုအချိန်တွင် သူမ၏ ခါးပတ်ကို ပတ်နေသော ရှချန်းချန်းသည် အပေါ်အောက် လှမ်းကြည့်လိုက်သည်။
“ဪ ကျွန်မ ရှင့်ကို မေးဖို့ မေ့သွားတယ်၊ ဘာလို့ ရုတ်တရက် တောင်အောက်ကို ဆင်းလာတာလဲ ရှင် ထွက်သွားတော့မလို့လား၊ ပြီးတော့ ဘာလို့ အထူးလက်ထောက်ကျိုးက ဒီမှာမရှိတာလဲ”
သူဌေးထွက်သွားပြီး အထူးလက်ထောက်ကျိုးက စန်းနျန်းနျန်းတောင်မှာ ဆက်နေနေတာ မဖြစ်နိုင်ဘူးမလား။
ရှဲ့ကျစ်ရှင်းသည် သူ၏ ခါးပတ်ကို ပတ်နေခြင်းကို ရပ်လိုက်သည်။
သူက အသံနိမ့်နိမ့်ဖြင့် “ကိုယ် မင်းကို လာတွေ့တာ” ဟု ပြောသည်။
“လာတွေ့တာလား”
ရှချန်းချန်းက အံ့အားသင့်သွားသည်။ ထို့နောက် စိတ်မသက်မသာစွာဖြင့် “ကျွန်မကို ဘာအတွက်လာတွေ့တာလဲ” ဟု မေးလိုက်သည်။
ရှဲ့ကျစ်ရှင်း၏ မျက်လုံးများ လှိမ့်သွားပြီး ယုတ်ညစ်သော အရိပ်အယောင်တစ်ခု ပါဝင်နေသည်။
“ငါတို့ တောင်အောက်မဆင်းခင်လေးမှာ မုန့်ရုယန်က ပြောခဲ့တာ”
သူသည် တမင် စကားပြောနေသည်ကို ရပ်တန့်လိုက်ပြီး သူ၏ လေသံက အဓိပ္ပာယ်ရှိသည်။
“သူက မင်း ကိုယ်နဲ့အတူ မနေချင်တဲ့ အကြောင်းရင်းက ကိုယ် အသုံးမကျလို့တဲ့”
ရှချန်းချန်း၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။
မုန့်ရုယန် လုပ်ရဲလိုက်တာ၊ သူ့ရဲ့ ကိုယ်ရေးကိုယ်တာတွေကို အခြားသူတွေကို ပြောပြတာ အွန်လိုင်းက သူ့ရဲ့ ပေါ်ထွက်လာတာနဲ့ ဖောက်ပြန်တဲ့ ကောလာဟလတွေကို ဖြေရှင်းဖို့ ကူညီရင် သူ ငါ့ကို လွှတ်ပေးမယ်လို့ ထင်ခဲ့တာ။
အကြွေးတစ်ခု မဆပ်ရသေးခင်
နောက်ထပ်တစ်ခု ပေါ်လာပြန်ပြီ။ “မဒမ် မင်း တကယ်ပြောတာလား” ဟု ရှဲ့ကျစ်ရှင်းက ထပ်မံမေးသည်။
ရှချန်းချန်း၏ အမူအရာသည် အလွန်ရှက်ရွံ့နေခဲ့သည်။
“ကျွန်မ ရှင်းပြလို့ရတယ်၊ အဲဒါက ရှင်ထင်နေတဲ့အတိုင်း မဟုတ်ဘူး”
“ရှင်းပြစရာမလိုပါဘူး”
ရှဲ့ကျစ်ရှင်းက အပြစ်ရှိသည့်ပုံစံဖြင့်
“ဒါက ကိုယ့်အမှားပါ၊ ကိုယ်တို့ လက်ထပ်ထားတဲ့အချိန်ကစပြီး မင်းနဲ့အတူ တစ်ခါမှ မကြိုးစားခဲ့ဖူးဘူး၊ မင်းက ကိုယ့်ကို အသုံးမကျဘူးလို့ ထင်ပြီး ထားခဲ့မယ်လို့ ထင်ခဲ့တာ”
ရှချန်းချန်း: !!!
“ရှင်သိပါတယ်၊ အဲဒါက ကျွန်မ ရှင့်ကို ထားခဲ့တဲ့အကြောင်းရင်း မဟုတ်ဘူး၊ အဲဒါက မုန့်ရုယန်ကို လှည့်စားဖို့ ကျွန်မ လုပ်ခဲ့တာပဲ"
ရှချန်းချန်း၏ ပါးပြင်များ နီရဲလာပြီး ၎င်းသည် စိုးရိမ်စိတ်ကြောင့်လား သို့မဟုတ် ရှက်ရွံ့မှုကြောင့်လားဆိုသည်ကို သူမပင် မပြောနိုင်တော့ပေ။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါက ရှင့်အမှားမဟုတ်ပါဘူး”
ရှချန်းချန်းက အလျင်အမြန်ပြောသည်။
“ဒါက ကျွန်မအမှား၊ သေချာပေါက်ပါပဲ အားလုံးက ကျွန်မအမှားပါပဲ၊ ဘယ်လိုလုပ်ပြီး ရှင့်ကို အပြစ်တင်နိုင်မှာလဲ”
ရှဲ့ကျစ်ရှင်းသည် ပြန်မဖြေဘဲ အပြစ်ရှိသည့်ပုံစံဖြင့် ရှချန်းချန်းကို ဆက်ကြည့်နေခဲ့သည်။ အမြဲတစေ အေးစက်နေသည့် ထိုမျက်လုံးများသည် ယခုအခါ ရှင်းလင်းနေပြီး အာရုံပျံ့လွင့်မှု လုံးဝမရှိပေ။
သို့သော် ရှချန်းချန်း သူ့အား ကြည့်လိုက်သည့်အခါ သူမသည် ရိုးရိုးရှင်းရှင်းပင် အနည်းငယ် တပ်မက်စိတ်ကို တွေ့လိုက်ရသည်။
ဒီအကြောင်းအရာကို ဆက်မပြောသင့်တော့ဘူး။
ရှချန်းချန်းသည် အလျင်အမြန် စကားလမ်းကြောင်းလွှဲလိုက်ပြီး သူမ၏ မျက်လုံးများမှာ ဟိုကြည့်ဒီကြည့်ဖြင့် တမင်ပင် ပတ်ပတ်လည်ကို ကြည့်နေခဲ့သည်။
“အိုး အရမ်းဝမ်းနည်းစရာပဲ၊ အခု ကျွန်တို့အားလုံး စန်းနျန်းနျန်းတောင်မှာ ပိတ်မိနေပြီပေါ့ အင်ပါယာသစ်တောဥယျာဉ်ကို ပြန်သွားလို့ မရတော့ဘူးနော်၊ ကျွန်မတို့ ဘာလုပ်သင့်လဲ”
ဒီအကြောင်းကို စိတ်မပူပါနဲ့တော့ ဗီလိန်အကြီးစားရေ၊ နင် ထွက်သွားလို့ မရတော့တာကို စိတ်ပူသင့်တယ်။
“ဘာ စိတ်ပူစရာ ရှိလဲ”
ရှဲ့ကျစ်ရှင်းက ခပ်ပြတ်ပြတ်လေသံဖြင့်
“မုန်တိုင်းက ဒီည ပြီးသွားလိမ့်မယ် ပြီးရင် ရဟတ်ယာဉ် ခေါ်ပြီး နောက်မှ အင်ပါယာသစ်တောဥယျာဉ်ကို ပြန်သွားလို့ရတယ်လေ”
ထို့နောက် သူသည် စကားလမ်းကြောင်းပြောင်းသည်။
“ဒါပေမဲ့ မဒမ်၊ မင်းက အင်ပါယာသစ်တောဥယျာဉ်ကို ဘာအတွက် ပြန်သွားချင်တာလဲ”
ရှချန်းချန်း မဖြေခင်ပင် သူမ၏ စိတ်ထဲ၌ စနစ်က ပေါ်လာသည်။
“ကုတင်ပေါ် လှိမ့်၊ ကုတင်ပေါ် လှိမ့်၊ ကုတင်ပေါ် လှိမ့်”
ရှချန်းချန်း: ???
ဒီအရူးစနစ်က ဘယ်ဝက်ဘ်ဆိုက်တွေကို ခုတလော လျှောက်ကြည့်နေတာလဲ၊ ဘာလို့ သူ့ရဲ့ စက်ရုပ်ဦးနှောက်ထဲမှာ ဒီလိုအရောင်စုံတဲ့အရာတွေ အများကြီးရှိနေရတာတုန်း။
ရှချန်းချန်းသည် အချိန်ကြာမြင့်စွာ ပြန်မဖြေဘဲ သူမ၏ ပါးပြင်များ နီရဲနေသည်ကို မြင်သောအခါ ရှဲ့ကျစ်ရှင်းက ပြုံးလိုက်သည်။
“မင်း ဘာတွေ တွေးနေတာလဲ မျက်နှာက နီရဲနေတာပဲ”
“ဘာမှမဟုတ်ပါဘူး”
ရှချန်းချန်းက အလျင်အမြန် ပြန်ဖြေသည်။ သို့သော် သူမ၏ စိတ်ထဲမှ အရူးက ထိုစကားလုံးသုံးလုံးကို ဆက်တိုက် ရေရွတ်နေသောကြောင့် ရှချန်းချန်းတစ်ယောက် သည်းမခံနိုင်တော့ဘဲ “ဘယ်လိုပဲဖြစ်ဖြစ် လိင်ဆက်ဆံဖို့ မဟုတ်ဘူး” ဟု ဟန်မဆောင်နိုင်ဘဲ ဖြေလိုက်သည်။
ရှဲ့ကျစ်ရှင်းက အံ့အားသင့်သွားပြီး သူ၏စိတ်သည် ခဏတာ ဗလာဖြစ်သွားသည်။
ထို့နောက် သူ၏ မျက်နှာပင် တဖြည်းဖြည်း နီရဲလာသည်။
ရှဲ့ကျစ်ရှင်းသည် သူ၏ ရှက်ရွံ့မှုကို ဖုံးဖိရန်အတွက် နှစ်ကြိမ်ချောင်းဆိုးလိုက်သည်။
“ကိုယ်က အိမ်ကို စောစောပြန်ချင်တယ်လို့ ပြောချင်ရုံပါ”
ရှချန်းချန်း: "..."
ကျွန်မက တခြားဘာမှ မဆိုလိုဘူးလို့ ပြောချင်တာ ရှင် ယုံမလား။
ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း ယုံသည်၊ မယုံသည်ကို မသိပေ။ သို့သော် ရှဲ့ကျစ်ရှင်းသည် စောစောပြန်ရန်အတွက် စတင်တွေးနေသည်။ ကားများက စန်းနျန်းနျန်းတောင်သို့ မဝင်နိုင်ပေ၊၊ သို့သော် ရဟတ်ယာဉ်များသည်တော့ မဖြစ်နိုင်ခြင်း မဟုတ်ချေ။
ရှဲ့ကျစ်ရှင်းသည် သူ၏ ဖုန်းကို ထုတ်ယူပြီး ဖူယန်ရုန်ကို ရဟတ်ယာဉ်တစ်စီးပြင်ဆင်ရန် တောင်းဆိုတော့မည့်ဟန် ဖြစ်သော်လည်း ရှချန်းချန်းသည် သူ့အား အမြန်တားဆီးလိုက်သည်။
ရှဲ့ကျစ်ရှင်းက ပြုံးလိုက်သည်။
“ကိုယ်က အိမ်ကို စောစောပြန်ချင်ရုံပါပဲ”
သူ၏ မျက်လုံးများသည် အပြစ်ကင်းစင်နေပြီး သူ၏ ရိုးသားမှုနှင့် လျှို့ဝှက်စွာ ရည်ရွယ်ချက်မရှိခြင်းကို ဖော်ပြနေချေ၏။
ရှချန်းချန်း: "..."
“တကယ်တော့”
ရှချန်းချန်း၏ ပါးပြင်ပေါ်မှ နီမြန်းမှုက မှေးမှိန်သွားသည်။
“ကျွန်မ တကယ်မပြန်နိုင်သေးဘူး”
ရှင်းလင်းပြီး ခိုင်မာသော ရှချန်းချန်း၏ မျက်လုံးများကို မြင်သောအခါ ရှဲ့ကျစ်ရှင်း၏ မျက်လုံးများထဲရှိ ပျော်ရွှင်မှုသည် မှေးမှိန်သွားပြီး သူ၏ လေသံက လေးနက်လာသည်။ ခေတ္တ တွေးလိုက်ပြီးနောက် ရုတ်တရက် နားလည်မှုတစ်ခု သူ၏ စိတ်ထဲတွင် ပေါ်လာသည်။
“မင်း ဒီမှာ ဖရဲသီးတွေရှိလို့ နေချင်တာလား”
“တကယ်တော့ ဖရဲသီးတွေ မဟုတ်ပါဘူး”
ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းကို ဆွဲထားသော လက်ကို လွှတ်လိုက်သည်။
“ဒါပေမဲ့ အဲဒါနဲ့ နီးစပ်တယ်”
စန်းနျန်းနျန်းတောင်၊ ပိတ်မိနေသည့် ရိုက်ကူးရေး အဖွဲ့သားများနှင့် ရွှံ့မြေပြိုကျမှု။
ဝတ္ထုထဲက သရုပ်ဆောင်တစ်ဦး၏ မိမိကိုယ်ကိုသတ်သေမှု၏ အဓိကသော့ချက်များအားလုံး ရှိနေခဲ့ပြီဖြစ်သည်။
အနက်ရောင် SUV နှင့် အဖြူရောင် SUV တို့သည် စန်းနျန်းနျန်းတောင် ဟိုတယ် ကားရပ်နားရာနေရာသို့ တစ်ချိန်တည်း ပြန်ရောက်လာကြသည်။
ကားပေါ်တွင် ရှချန်းချန်းသည် ရှရှ၏ အထူးအကျိုးသက်ရောက်မှုရှိသော မိတ်ကပ်ကို လိမ်းခြယ်ပြီးသားဖြစ်သည်။ ဤသည်လည်း သူမ၏ အဖြူရောင် SUV ကို ကုံသန်းကို မောင်းခိုင်းရခြင်း၏ အကြောင်းရင်းဖြစ်သည်။ လူတိုင်းနှင့် မတွေ့ဆုံမီ ရှရှ၏ မျက်နှာကို ပြန်လည်ပြင်ဆင်ရန် လိုအပ်သောကြောင့်ပင်။
ရှရှနှင့် သုန်သုန်တို့သည် တစ်ဦးတည်းဖြစ်ကြောင်း သတင်းကား ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။ ရိုက်ကူးရေး အဖွဲ့သားများအားလုံးသည် အတွင်းလူများဖြစ်ကြသောကြောင့် ဤသတင်းကို မသိရန်မှာ မဖြစ်နိုင်ချေ။ လူအများစုက ရှဲ့ကျစ်ရှင်း၏ ကောလာဟလ ရည်းစားသည် ရှရှ၏ မျက်နှာရှိသည်ဟု ထင်ကြသောကြောင့် ရှရှ၏ မျက်နှာကို အသုံးပြုခြင်းက အကောင်းဆုံးဖြစ်သည်။
ရှချန်းချန်းသည် ဟိုတယ်သို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် မုန့်ရုယန်၏ အသံကို ကြားလိုက်ရသည်။
“ရှရှ”
အခြားအဖွဲ့ဝင်များသည် အခန်းထဲတွင် အနားယူနေကြပြီး သူမနှင့် ရီကျစ်ခိုင်သာ ဧည့်ခန်းထဲတွင် စိတ်ပူပန်စွာ စောင့်ဆိုင်းနေကြသည်။
မုန့်ရုယန်သည် ရှချန်းချန်း၏ လက်ကို အလျင်အမြန် ဆွဲကိုင်လိုက်သည်။
“ရွှံ့မြေပြိုကျတုန်းက နင် အခင်းဖြစ်ပွားရာနေရာမှာ ရှိနေတယ်လို့ ငါကြားတယ်၊ နင် အဆင်ပြေရဲ့လား”
“စိတ်မပူပါနဲ့၊ ကျွန်မ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီမဟုတ်လား”
ရှချန်းချန်းသည် မုန့်ရုယန်ကို နှစ်သိမ့်လိုက်သည်။
မုန့်ရုယန်က သက်ပြင်းချလိုက်သည်။
ဤအချိန်တွင် သူမသည် ရှဲ့ကျစ်ရှင်းမှာ ရှချန်းချန်း၏ နောက်တွင် ရပ်နေသည်ကို သတိပြုမိသည်။
မုန့်ရုယန်သည် ရှချန်းချန်းထံ ချဉ်းကပ်လာပြီး သူမ၏ နားထဲတွင် တိုးညှင်းစွာဖြင့်
“နင် ထွက်ပြေးဖို့ သွားတာလို့ ထင်ခဲ့တာ ဒါပေမဲ့ နင်က အမှန်တရားကို ဖော်ထုတ်ဖို့ လိမ်ညာသူများကို ဖော်ထုတ်သူကို သွားရှာနေတာကိုး၊ နင် ရှဲ့ကျစ်ရှင်းကို အရမ်းစိတ်ပူတတ်တာပဲ၊ ရိုးရိုးသားသားပြောရရင် နင် သူ့ကို စိတ်ဝင်စားနေတာလား”
ရှချန်းချန်းက အံ့အားသင့်သွားသည်။ ပုံမှန်ဆိုလျှင် သူမ ချက်ချင်း ငြင်းဆိုမိလိမ့်မည်။ သို့သော် ယခုအခါ အကြောင်းတစ်ခုခုကြောင့် သူမသည် မသိစိတ်ဖြင့် ခေတ္တရပ်တန့်ကာ သူမဘေးနားရှိ ရှဲ့ကျစ်ရှင်းကို တစ်ချက်ကြည့်လိုက်သည်။
“ဘာ ဘာတွေတွေးနေတာလဲ”
ရှဲ့ချန်ချန်သည် ထစ်အအနှင့်
“သူက ကျွန်မကြောင့် ဒီကောလာဟလအားလုံးမှာ ပါဝင်ခဲ့ရတာပါ၊ သူ့အတွက် ရှင်းလင်းပေးဖို့ ကျွန်မက လုပ်သင့်တာပေါ့”
“တကယ်လား”
မုန့်ရုယန်က သံသယဖြစ်နေသည်။
“ရှဲ့ကျစ်ရှင်းက အသုံးမကျပေမဲ့ အဲမျက်နှာနဲ့ ကိုယ်လုံးကိုယ်ပေါက်က တကယ်ကောင်းတယ်၊ နင် သူ့ကို ခွဲစိတ်ကုသဖို့ ဆေးရုံသွားဖို့ စည်းရုံးကြည့်ပါလား၊ ဖြစ်နိုင်တာက သူ့ဘဝရဲ့ ဒုတိယပိုင်းမှာ ပျော်ရွှင်နိုင်တာပေါ့”
ရှချန်းချန်း: ???
ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းက သူမအား ယခုလေးတင် အဘယ်ကြောင့် ထိုသို့ပြောရသနည်းကို နောက်ဆုံး၌ နားလည်သွားသည်။
ဖြစ်နိုင်သည်က မုန့်ရုယန်သည် ရှဲ့ကျစ်ရှင်းအား ဤနည်းဖြင့် နှစ်သိမ့်ခဲ့ခြင်းလား။ ထို့ကြောင့် ရှဲ့ကျစ်ရှင်းက သူမအား ဤသို့ လှောင်ပြောင်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဤကိစ္စကို ဆက်မဆွေးနွေးသင့်တော့ပေ။
ရှချန်းချန်းသည် အလျင်အမြန် စကားလမ်းကြောင်းလွှဲလိုက်သည်။
“ကျွန်မကိစ္စ မပြောကြရအောင်၊ ရှင်နဲ့ ရီကျစ်ခိုင်ကြားမှာ ပြီးခဲ့တဲ့ညက အတိအကျ ဘာတွေဖြစ်ခဲ့တာလဲ၊ ပြီးတော့ ရှင့်လက်ပေါ်က ဒဏ်ရာကရော ဘာလဲ”
ပြီးခဲ့သည့်ညက ရီကျစ်ခိုင်နှင့် ရှဲ့ကျစ်ရှင်းတို့ရှေ့တွင် ရှချန်းချန်းသည် မေးရန် အချိန်မရခဲ့ပေ။ ယနေ့တွင် ယာယီမိတ်ကပ်ခန်းထဲ၌ လင်းရှောင်နှင့် မော့ယွင်ထျန်းတို့နှစ်ဦးစလုံး ရှိနေသဖြင့် မေးရန် အဆင်မပြေခဲ့ပေ။
ဒီတစ်ခါတော့ နောက်ဆုံးတွင် သူမ အခွင့်အရေးရခဲ့ပြီ။
“အဲဒါက နင် မြင်ခဲ့တဲ့အတိုင်းပဲ”
မုန့်ရုယန်၏ မျက်နှာသည် ရှက်ရွံ့မှုများဖြင့် ပြည့်နေသည်။
“ဒါက ကျွန်မရဲ့ ဝါသနာလေးပဲလေ၊ ကြယ်တစ်ပွင့်ဖြစ်ရတာ ဒီလောက်တောင် စိတ်ဖိစီးမှုများတာ၊ အရွယ်ရောက်တဲ့လူက ဝါသနာအချို့ရှိတာ ဘာများမှားလို့လဲ”
“ဒါဆို”
ရှချန်းချန်းသည် မယုံကြည်နိုင်စွာဖြင့် မျိုချလိုက်သည်။
“ရှင့်လက်ပေါ်က ဒဏ်ရာက ရီကျစ်ခိုင်ကြောင့် ဖြစ်တာ မဟုတ်ဘူးလား ကိုယ်တိုင် လုပ်ခဲ့တာလား”
“သူသာ လုပ်ခဲ့ရင် အရမ်းကောင်းမှာပဲ”
မုန့်ရုယန်သည် နာကျည်းနေပုံရပြီး ပြန်လည်ရှက်ရွံ့လာသည်။
“ကိုကိန်းဝယ်တုန်းက ကျွန်မ
တောင်းဆိုချက်လေး တစ်ခုပဲ ရှိခဲ့တာ၊ အဲဒါက တားမြစ်ထားလို့လား”
ရှချန်းချန်း: "..."
“ဒါနဲ့ ငါတို့ ဒီတောင်ပေါ်မှာ သုံးရက်လောက် ဆက်ပိတ်မိနေရဦးမှာ”
မုန့်ရုယန်၏ မျက်လုံးများ လင်းလက်လာသည်။
“ကျွန်မ ဒီသုံးရက်ကို သေချာပေါက် ရီကျစ်ခိုင်ကို အနိုင်ယူဖို့ သုံးနိုင်လိမ့်မယ်၊ သူ့ကို ကျွန်မရဲ့ ကျွန်တစ်ယောက်ဖြစ်အောင် လုပ်ပြီး ကျွန်မကို မလိုချင်ဘဲ မနေနိုင်အောင် လုပ်ရမယ်”
ရှချန်းချန်း: "..."
ရှချန်းချန်းသည် သူမ၏ နဖူးကို အကူအညီမဲ့စွာ ဖိကပ်ထားသည်၊ သူမ၏ စိတ်ထဲတွင် တစ်ထောင်ကျော်သော Alpaca မြင်းများ ပြေးလွှားနေခဲ့သည်။ Waterloo! Waterloo!
ဒီဖရဲသီးကို ရိုက်ကူးဖို့ ဟိန်ထျန်းကို ငါ လာခဲ့သင့်တာ မဟုတ်ဘူး။
တစ်ဖက်တွင် ရှဲ့ကျစ်ရှင်းသည်လည်း ရီကျစ်ခိုင်၏ ညည်းညူမှုများကို အားပေးစကားဖြင့် နားထောင်နေရသည်။
မူလက ရီကျစ်ခိုင်တွင် သူ၏ ခံစားချက်များကို ပြောပြရန် မည်သူမျှ မရှိခဲ့ပေ။ သို့သော် ပြီးခဲ့သည့်ညက ရှဲ့ကျစ်ရှင်းနှင့် ရှရှတို့သည် သူနှင့် မုန့်ရုယန်တို့၏ “ကောင်းသည့်အရာ” ကို တွေ့ခဲ့သဖြင့် သူသည် ရှဲ့ကျစ်ရှင်းအား ဆွဲခေါ်ပြီး ညည်းညူရန် အကောင်းဆုံးအခွင့်အရေး ရခဲ့သည်။
“အစ်ကိုရှဲ့ ငါ တကယ်ဆိုးဆိုးဝါးဝါး ခံစားနေရတာ”
ရီကျစ်ခိုင်က မျက်ရည်များ ထွက်လာသည်။
“ငါ ယန်ယန်နဲ့ ရိုးရိုးရှင်းရှင်း ဆက်ဆံရေးတစ်ခု ထူထောင်ချင်တာ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ၊ ငါ သူ့ကို တကယ်ချစ်ပါတယ် ဒါပေမဲ့ ငါ သူမကို တကယ် မရိုက်နိုင်ဘူး၊ ငါ ဘာလုပ်သင့်လဲ”
ရှဲ့ကျစ်ရှင်း: "..."
ရီကျစ်ခိုင်: “မင်း ဘယ်လိုထင်လဲ၊ ငါ နောက်ရုပ်ရှင်မှာ မင်းဆီကနေ သင်ယူဖို့ လိုအပ်လား၊ ပြီးတော့ မင်း ငါ့ကို အကြံဉာဏ်အချို့နဲ့ ကူညီပေးနိုင်မလား”
ရှဲ့ကျစ်ရှင်း: "......?"
ရှဲ့ကျစ်ရှင်း: “ငါ ငြင်းတယ်”
သူသည် ဤကဲ့သို့ စုံတွဲများစွာထဲ၌ ပါဝင်ခဲ့ဖူးသော်လည်း အွန်လိုင်းတွင် လုပ်ဆောင်ရသည်ကို နှစ်သက်သည်။
သို့သော် သူသည် ရီကျစ်ခိုင်နှင့် မုန့်ရုယန်တို့၏ စုံတွဲနောက်ကွယ်သို့ တကယ်ပင် မလိုက်နိုင်တော့ချေ။
သူသည် ၎င်းတို့နှစ်ဦးကို လေးလေးစားစား ကောင်းချီးပေးနိုင်ရုံသာ ရှိတော့သည်။
“ဒါပေမဲ့”
ရီကျစ်ခိုင်သည် ရှဲ့ကျစ်ရှင်းတစ်ယောက် သူ့အား အကြံဉာဏ်ပေးရန် မကူညီသည်ကို တွေ့သောအခါ သူသည် စကားလမ်းကြောင်းပြောင်းလိုက်သည်။
သူသည် တစ်ဖက်၌ လက်ချင်းချိတ်ထားသော မုန့်ရုယန်နှင့် ရှချန်းချန်းတို့ကို ကြည့်ကာ တီးတိုးပြောသည်။
“အင်တာနက်ပေါ်က လူတိုင်းက မင်းနဲ့ ရှရှက တွဲနေတာလို့ ပြောကြတယ်၊ ဒါပေမဲ့ တကယ်တော့ မင်း သူ့ကို လိုက်တောင် မလိုက်နိုင်သေးဘူးမလား”
ရှဲ့ကျစ်ရှင်းကား အံ့အားသင့်သွားပြီး သူ၏ မျက်နှာအမူအရာသည် ရုတ်တရက် အနည်းငယ် သဘာဝမဆန်တော့ပေ။
“မင်း ဘယ်လိုလုပ် သိတာလဲ”
“ဘာများ မသိစရာရှိလို့လဲ”
ရီကျစ်ခိုင်သည် ယုတ်မာစွာ ပြုံးလျက် ရှဲ့ကျစ်ရှင်းကို လက်ညှိုးထိုးလိုက်သည်။
“မင်းရဲ့ အခြေအနေကို ကြည့်လိုက် အရမ်းကြီး သိသိသာသာလုပ်မနေနဲ့၊ တကယ်တော့ မင်းရဲ့အခြေအနေတွေနဲ့ဆို ရှရှကို တိုက်ရိုက်ဖွင့်ပြောလိုက်၊ မင်းကို ငြင်းမဲ့ မိန်းမရှိလို့လား”
ရှဲ့ကျစ်ရှင်းတစ်ယောက် ခေတ္တရပ်တန့်သွားသည်။
အတိတ်၌ အထူးလက်ထောက်ကျိုးသည်လည်း ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ ကျော်ကြားမှု သို့မဟုတ် ငွေကြေးနောက်ကို လိုက်ခြင်းမဟုတ်ဘဲ အခြားသူတစ်ယောက်ကို သေချာပေါက် လိုက်နေခြင်းဖြစ်ရမည်ဟု သူ့အား အလေးအနက် ခွဲခြမ်းစိတ်ဖြာခဲ့ဖူးသည်။
သူသည် ဤကိစ္စအတွက် အချိန်ကြာမြင့်စွာ လျှို့ဝှက်ပျော်ရွှင်ခဲ့သည်။
အမှန်တရားမှာ ရှချန်းချန်းသည် သူ၏ ကျော်ကြားမှုနှင့် ငွေကြေးနောက်ကို လိုက်ခြင်းဖြစ်ပြီး တခြားမည်သူ့ကိုမှ မဟုတ်ပေ။
အမျိုးသမီးများ၏ နှလုံးသားသည် ငါးဖမ်းပင်လယ်နှင့်တူပေသည်။
ရှဲ့ကျစ်ရှင်းသည် ခေါင်းခါယမ်းလိုက်သည်။
“ဟင့်အင်း”
ယခု သူသာ ဖွင့်ပြောလိုက်ပါက ရှချန်းချန်းတစ်ယောက် ထပ်မံ ကြောက်လန့်ပြီး ထွက်ပြေးသွားနိုင်ပေသည်။
“မင်း ကြိုးစားကြည့်ပြီးပြီလား”
ရီကျစ်ခိုင်က အံ့အားသင့်သွားသည်။
“မင်း ဘယ်တုန်းက ဖွင့်ပြောခဲ့တာလဲ သူက မင်းကို တကယ်ငြင်းခဲ့တာလား၊ ဒါက မဖြစ်သင့်ဘူး ရှရှ မျက်လုံးများ ကန်းနေတာလား”
“စိတ်မပူပါနဲ့ ငါ့ကို ပြောပြ”
ရှဲ့ကျစ်ရှင်းက အလေးအနက်ထား၍ မေးသည်။
“မင်း မိန်းကလေးတစ်ယောက်ကို ဘယ်လို လိုက်လဲ”
ရီကျစ်ခိုင်သည် သူ၏ မေးစေ့ကို တွေးဆ၍ ပွတ်သပ်သည်။
“ငွေနဲ့ ရုပ်ရည်ရှိတာက အသုံးမဝင်ဘူးလား ဖမ်းရခက်တဲ့ပုံစံမျိုး၊ သူမ ကြိုက်တဲ့အရာတွေ လုပ်ပြတာမျိုးနဲ့ရော ကြိုးစားကြည့်ပါလား”
,
အဆင့်မြင့်ဇိမ်ခံခန်းသို့ ပြန်ရောက်ပြီးနောက် ရှချန်းချန်းသည် အခန်းထဲသို့ အပြေးအလွှားဝင်ကာ မိမိကိုယ်ကိုသတ်သေမည့် ဖရဲသီးအကြောင်း သတင်းအချက်အလက်များကို ရှာဖွေသည်။
ဟိုတယ်သို့ မပြန်မီ ရှချန်းချန်းသည် “Niuhulu Strategy” ဝတ္ထုကို ကုံသန်းထံမှ ဝယ်ယူခဲ့သည်။ ကုံသန်းသည် တကယ်ပင် ထိပ်တန်းစျေးကွက်ရှာဖွေရေး အကောင့်ဖြစ်ပြီး အဖွဲ့ဝင်တိုင်း၏ သတင်းအချက်အလက်များစွာ ကိုင်ဆောင်ထားသည်။ သို့သော် သူသည် လုံလောက်စွာ တူးဆွနိုင်ခြင်း မရှိသေးပေ။ ရှချန်းချန်းသည် သူမ ဆန္ဒနှင့် အချိန်ယူပါက အွန်လိုင်းတွင် သတင်းအချက်အလက်များစွာကို ရှာတွေ့နိုင်ပေသည်။
မိမိကိုယ်ကိုသတ်သေမည့် သရုပ်ဆောင်ကို ရှာမတွေ့ပါက ဤအရာ ဖြစ်ပေါ်လာခြင်းကို တားဆီးရန် နည်းလမ်းမရှိချေ။
ရှချန်းချန်းသည် သူမ ကွန်ပျူတာပေါ်ရှိ သတင်းအချက်အလက်များကို ကြည့်ကာ စိတ်ပူပန်နေခဲ့သည်။
ရှချန်းချန်းသည် အချိန်တိုအတွင်း ခရီးသွားခဲ့ရသဖြင့် မည်သည့် အနုပညာရှင်နှင့်မျှ ပတ်သက်၍ အချက်အလက်များစွာကို စုဆောင်းထားခြင်း မရှိသေးပေ။ သူမ အပြင်ထွက်သည့်အခါတိုင်း ပစ်မှတ်မစ်ရှင်အတွက် သီးခြား သတင်းအချက်အလက်များကိုသာ စုဆောင်းနိုင်ခဲ့သည်။ သူမသည် ဤတစ်ကြိမ် ပြည်တွင်းအကြမ်းဖက်မှု ကောလာဟလကို ရယူရန် သို့မဟုတ် ထွက်ပြေးနေခြင်းလား။ သူမသည် အခြားအဖွဲ့ဝင်များ အကြောင်းကိုပင် ပို၍ နည်းနည်းသာ သိရှိခဲ့သည်။
အရေးကြီးသည်မှာ မိမိကိုယ်ကို သတ်သေမည့် သရုပ်ဆောင်သည် ဝတ္ထုထဲရှိ နောက်ခံဇာတ်ကောင်တစ်ဦးသာ ဖြစ်ပြီး ဖော်ပြချက်တစ်လုံးမျှ မရှိပေ။
“ရိုက်ကူးရေးအဖွဲ့တွေရဲ့ သတင်းအချက်အလက်တွေ လိုချင်တာလား၊ ဘာလို့ ကိုယ့်ဆီ မလာတာလဲ”
ရှဲ့ကျစ်ရှင်း၏ အသံသည် နောက်ကွယ်မှ ထွက်ပေါ်လာသည်။
ရှဲ့ကျစ်ရှင်းသည်လည်း အလုပ်လုပ်နေခဲ့သည်။ သူ၏ ရွှေရောင်မျက်မှန်သည် နှာခေါင်းပေါ်တွင် ရှိနေသေး၏။ သူသည် ရှချန်းချန်းအနီးသို့ ချဉ်းကပ်၍ ကွန်ပျူတာပေါ်ရှိ သတင်းအချက်အလက်များကို ကြည့်လိုက်ကာ သူ၏ မျက်လုံးများထဲတွင် လှည့်ဖြားမှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်။
“ဒီသတင်းအချက်အလက်တွေက ကိုယ်တို့ တျန့်ရှန်းမှာရှိတဲ့ဟာတွေလောက် ပြည့်စုံမှာမဟုတ်ဘူး”
ရှချန်းချန်း၏ မျက်လုံးများ ချက်ချင်းဆိုသလို တောက်ပသွားသည်။
ဒါပေါ့ ပါပါရာဇီတွေအပြင် ဖျော်ဖြေရေးကုမ္ပဏီတွေက ကျော်ကြားသူတွေရဲ့ အတင်းအဖျင်းတွေကို အများဆုံး သိကြတယ် မဟုတ်လား။
ဖျော်ဖြေရေးကုမ္ပဏီများနှင့် ပါပါရာဇီများစွာသည် ရေရှည်တည်ငြိမ်သော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးများကို တည်ထောင်ကြသည်။ ပထမအချက်သည် သူတို့ ကိုယ်ပိုင်အနုပညာရှင်များ၏ အရှုပ်တော်ပုံများကို ကြိုတင်ဝယ်ယူနိုင်ပြီး မှောင်ခိုသတင်းများ ခေတ်စားလာမည့် ရှာဖွေမှုစာရင်းဖြစ်လာခြင်းကို ကာကွယ်ရန်ဖြစ်သည်။ ဒုတိယအချက်သည် တစ်ဖက်လူ၏ သတင်းအချက်အလက်ကို ဝယ်ယူနိုင်ပြီး ကုမ္ပဏီနှစ်ခု သို့မဟုတ် အနုပညာရှင်များကြား၌ အထိန်းအကွပ် တစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်သည်။
ထိပ်တန်း ဖျော်ဖြေရေးကုမ္ပဏီအနေဖြင့် တျန်းရှန့်၏ အချက်အလက်များသည် သူ၏ လက်ထဲတွင် ပို၍ရှိနေပြီး လျော့ပါးမည် မဟုတ်ချေ။
ရှချန်းချန်း၏ မျက်လုံးများက အရောင်တောက်ပနေခဲ့သည်။
“ဆရာရှဲ့ ကျွန်မ ထင်တာက၊ ရှင့်ရဲ့ တျန်းရှန့်မှာ တွဲဖက်တစ်ယောက်လောက် လိုနေတယ်၊ ကျွန်မလိုမျိုးပေါ့ စဉ်းစားကြည့်”
“ကိုယ်က မင်း ဖော်ထုတ်တာကို ခံရတဲ့ ပစ်မှတ်ဖြစ်ခဲ့ဖူးတာ အခုကျ မင်းရဲ့ တွဲဖက်လုပ်ရမှာလား”
ရှဲ့ကျစ်ရှင်းသည် သူ၏ မျက်ခုံးများကို ပင့်၍ ပြန်မေးသည်။
“အိုး၊ အဲဒီကိစ္စက ပြီးသွားပြီမလား ကျွန်မလည်း ရှင့်ကို ကောလာဟလ ရှင်းပေးဖို့ ကူညီခဲ့တယ်လေ၊ ရှင်က ရက်ရောတဲ့သူတစ်ယောက်ပါ သရုပ်ဆောင်တစ်ယောက်က သူ့ရဲ့ ဗိုက်ထဲမှာ လှေတစ်စင်းတော့ ထားနိုင်ပါတယ်၊ ဒါကြောင့် ကျွန်မနဲ့ ပတ်သက်ပြီး စိတ်မပူပါနဲ့”
ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ ပခုံးများကို အားတက်သရော နှိပ်နယ်ပေးသည်။
“ကျွန်မတို့ အခုပြောမယ့်အရာက တခြားစီးပွားရေးကြီးတစ်ခုပဲ၊ ရှင်က ထိပ်တန်းဖျော်ဖြေရေးကုမ္ပဏီကို ပိုင်ဆိုင်ပြီး ကျွန်မက ထိပ်တန်း ပါပါရာဇီစျေးကွက်ရှာဖွေရေး အကောင့်ရှိတယ်၊ ကျွန်မတို့သာ အတူတူ တွဲလုပ်ရင် နှစ်ဦးနှစ်ဖက် အကျိုးရှိတာပေါ့၊ ရှင့်ရဲ့ လက်အောက်ခံ အနုပညာရှင်တွေအားလုံး တော်တော် နာမည်ကြီးလာလိမ့်မယ်ဆိုတာ ကျွန်မ ယုံကြည်တယ်”
ရှချန်းချန်းသည် မျှော်လင့်ချက်များစွာဖြင့် ရှဲ့ကျစ်ရှင်းအား ကြည့်လိုက်သည်။
ဒါက သေချာပေါက် အောင်နိုင်မဲ့ သဘောတူညီချက်ပဲ၊ အမြတ်အစွန်းအတွက် ဘာမဆို လုပ်တတ်တဲ့ ရှဲ့ကျစ်ရှင်းလို စီးပွားရေးသမားက ဒါကို ငြင်းမှာမဟုတ်ဘူးမလား။
ရှဲ့ကျစ်ရှင်းသည် မျက်လုံးများကို ကျဉ်းလိုက်သည်။ သူ၏ အမူအရာသည် တောင်တန်းတစ်ခုကဲ့သို့ မြဲမြံနေပြီး ကြီးမားသော လှုပ်ရှားမှာ တစ်စုံတစ်ရာမရှိပေ။
“ရှချန်းချန်း၊ ငါ အခုတော့ မင်းက ကြယ်တစ်ပွင့်ဖြစ်ဖို့ တကယ်ပဲ မသင့်တော်ဘူးလို့ ခံစားရတယ်၊ မင်း ပိရမစ်အစီအစဉ်ထဲ ပါသင့်တယ်၊ မင်းက ပါးစပ်နဲ့ လူတွေကို လှည့်စားတဲ့နေရာမှာ သိပ်တော်တာကို ငါသာ မင်းရဲ့ တကယ့်မျက်နှာကို မသိရရင် ဒီနေ့ မင်း လှည့်စားတာကို ခံရပြီ”
ရှချန်းချန်း: "..."
ဒါက ဆက်ပြီး ဆွေးနွေးစရာမရှိတော့ဘူးလို့ ဆိုလိုတာလား။
ရှဲ့ကျစ်ရှင်းသည် မတ်မတ်ရပ်လိုက်ပြီး ရှချန်းချန်းအား လစ်လျူရှုကာ အခန်းထဲမှ ထွက်သွားရန် လှည့်လိုက်သည်။
ရှချန်းချန်းသည် မခံမရပ်နိုင်စွာဖြင့် သူမ၏ နှုတ်ခမ်းများကို ကွေးကောက်လိုက်သည်။
ဒါက ဖရဲသီးတချို့ပဲ ရှိသေးတာ အရမ်းကပ်စေးနည်းတာပဲ၊ ဗီလိန်ကြီးတွေက အမြဲတမ်း ဒီလောက် ကပ်စေးနည်းနေတာပဲ။
နောက်တစ်စက္ကန့်တွင် ရှချန်းချန်းသည် ကွန်ပျူတာမှ “ဒင်” ဟူသည့် အသံအား ကြားလိုက်ရပြီး အထူးလက်ထောက်ကျိုးထံမှ အီးမေးလ်တစ်ခုသည် သူမ၏ မေးလ်ပုံးထဲသို့ “Niuhulu Strategy အဖွဲ့ဝင်များ၏ အသေးစိတ်အချက်အလက်များ” ဟူသည့် ခေါင်းစဉ်ဖြင့် ဝင်လာသည်။
ရှချန်းချန်း၏ မျက်လုံးများက ချက်ချင်းဆိုသလို ပြူးကျယ်သွားပြီး ရုတ်တရက် မော့ကြည့်လိုက်ရာ ရှဲ့ကျစ်ရှင်းသည် လုံးဝမထွက်သွားသေးသည်ကို တွေ့လိုက်ရသည်။ သူသည် မိုဘိုင်းဖုန်းတစ်လုံးကို ကိုင်ထားပြီး တံခါးဘောင်ကို မှီကာ ပြုံးသည်။
“ဒီအီးမေးလ်ကို ကြိုက်ရဲ့လား”
ရှချန်းချန်း၏ မျက်လုံးများသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး သူမသည် ကြက်သွန်ဖြူကို ထောင်းနေသကဲ့သို့ ခေါင်းအား တဆတ်ဆတ်ငြိမ့်လိုက်သည်။
“ကြိုက်တယ်၊ ရှဲ့ကျစ်ရှင်း ရှင်က အကောင်းဆုံးပဲ”
ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ ပျော်မြူးနေသည့် မျက်နှာကို ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်များလည်း ယခင်ကထက် ပို၍ပင် မြင့်တက်လာသည်။
ရီကျစ်ခိုင်၏ နည်းလမ်းသည် အတော်ပင် အသုံးဝင်ပုံရသည်။
[ Note - ဖရဲသီးကြိုက်တဲ့ ဇနီးလေးကို ဖရဲသီးနဲ့မျှားပြီး ကိုယ့်ဘက်ပါအောင် လုပ်]