← Chapters

အခန်း (၅၅)

Vol. 6 Ch. 55

အခန်း (၅၅)

Vol. 6 Ch. 55

ရှချန်းချန်းနှင့်မုန့်ရုယန်မှာ ဖြေရှင်းချက်အားစဥ်းစားမရနိုင်ပေ။ အဓမ္မပြုကျင့်သူ၏ ဗီဒီယိုများ ပုံများ သက်သေအထောက်အထားများကျန်ခဲ့ခြင်း တစ်မှမရှိနေပေ။

လင်းရှောင်၏ထွက်ဆိုချက်တစ်ခုတည်းသာရှိလေသည်။

ရှချန်းချန်းနှင့်မုန့်ရုယန်တို့သည် လင်းရှောင်အားရှာရန်အတွက် ခုနစ်လွှာသို့လာခဲ့လေသည်။

လင်းရှောင်သည် အဖြူရောင်ဝတ်စုံအားဝတ်ဆင်ထားကာ ပြတင်းပေါက်ဘေးတွင်ထိုင်နေပြီး ဗလာသက်သက်စိုက်ကြည့်နေလေသည်။ တစ်ချိန်က လူအများကြားတွင် တက်ကြွသည့်နေရောင်ခြည်လေးဖြစ်ခဲ့သည့် သူမသည် ယခုတွင်တော့ ခြောက်ခြားနေသည့် ပန်းပွင့်ဖြူလေးကဲ့သို့ဖြစ်နေလေသည်။

ရှချန်းချန်းနှင့် မုန့်ရုယန်ဝင်လာသည်ကိုမြင်သောအခါ လင်းရှောင်သည် ရှားပါးလှသည့် သူမအပြုံးလေးဖြင့်အားတင်းပြုံပြကာ

“ကျဲယန်ယန် ကျဲရှရှ၊ ကျဲတို့ရောက်လာကြပြီပဲ”

မုန့်ရုယန်သည် စိတ်မကောင်းဖြစ်သွားကာ အရှေ့သို့အလျင်အမြန်သွားပြီး လင်းရှောင်၏ပုခုံးလေးအားပွတ်ပေးလိုက်လေသည်။

“ဝမ်းနည်းမနေပါနဲ့ အရာအားလုံးပြီးသွားမှာပါ”

လင်းရှောင်သည် သူမ၏မျက်ရည်ဝဲနေသည့်မျက်လုံးလေးဖြင့် မော့ကြည့်လိုက်ကာ

“ကျဲယန်ယန်တို့တွေအားလုံး ယွီထျန် လုပ်ခဲ့တယ်လို့ထင်နေကြတာလား”

မုန့်ရုယန်သည် အံ့အားသင့်သွားကာ အပြစ်ရှိစိတ်ဖြင့်ခေါင်းငြိမ့်လိုက်လေသည်။

“အဲဒါကသေချာပေါက် ယွီထျန် လုပ်ခဲ့တာမဟုတ်ဘူး”

လင်းရှောင်သည် မုန့်ရုယန်၏လက်အားကိုင်လိုက်ကာ

“ကျဲယန်ယန် ကျဲရှရှ၊ ယွီထျန်က အဲဆိုးရွားတဲ့ဟာတွေကို သူလုပ်ခဲ့တာမဟုတ်ဘူး၊ ယွီထျန်ရဲ့အဖေကလုပ်ခဲ့တယ်ဆိုတာကို ပြောပြပေးလို့ရမလားထ သူကအဲဒါနဲ့ဘာမှမဆိုင်ပါဘူး ယွီထျန် သူကလူကောင်းလေးပါ၊ သူအဲလိုကိစ္စမျိုးကိုလုပ်မှာမဟုတ်ပါဘူး”

လင်းရှောင်၏အသံသည် အတော်ပင်ခံစားနေရပုံပေါက်ကာ မျက်ရည်အနည်းငယ်သည် သူမ၏ ရှည်လျားသည့်မျက်တောင်များအား စိုစွတ်သွားစေခဲ့သည်။

မုန့်ရုယန်သည် သူမအားနှစ်သိမ့်ပေးလိုက်ကာ

“စိတ်မပူပါနဲ့ ရဲဝန်ထမ်းတွေက တောင်ပေါ်ကိုမနက်ဖြန်ကျရင်ရောက်လာတော့မှာပါ၊ သူတို့တွေက မိုယွီထျန် အပြစ်မရှိတာကိုဖော်ထုတ်ပေးမှာပါ”

လင်းရှောင်သည် မသေချာမ​ရေရာဖြစ်နေသေးသော်ညား မတတ်နိုင်စွာဖြင့်ခေါင်းသာငြိမ့်ပြနိုင်လေသည်။

လင်းရှောင်အခန်းထဲမှထွက်လာပြီးချိန်တွင် စနစ်သည်ပေါ်လာခဲ့ကာ

“host ကျွန်တော်အခုလေးတင်ကြည့်လိုက်တာတော့ လင်းရှောင်က မိုယွီထျန် ကိုအတော်ဂရုစိုက်ပုံပဲ၊ မနေ့ကအထူးလက်ထောက်ကျိုး ရှာလာခဲ့တဲ့အချက်အလက်တွေထဲမှာ တစ်ခုခုမှားနေတာများလား”

စနစ်ထိုသို့တွေးခြင်းအားလည်းအပြစ်တင်၍မရပေ။

လင်းရှောင်သည် အလွန်ပင်စိတ်ပူနေသည့်ပုံရကာ ရှချန်းချန်းပင်လျှင် အထူးလက်ထောက်ကျိုး၏ စုံစမ်းမှု၏ ယုံကြည်ရမှုအားသံသယဝင်စပြုလာလေသည်။

“ငါသံသယဝင်နေပြီဆိုမှတော့ ငါစစ်ကြည့်ဖို့ပဲရှိတော့တာပေါ့”

ရှချန်းချန်း ပြန်လည်ဖြေကြားလိုက်သည်။ ထူးချွန်တဲ့ခေါင်းဆောင်တစ်ယောက်သည် အလေ့အကျင့်သည်အမှန်တရားအား စမ်းသပ်ဖို့ရာအတွက်တစ်ခုတည်းသောစံနှုန်းဖြစ်သည်ဟု ပြောခဲ့ဖူးလေသည်။

“တုန်ကျီထ အထူးလက်ထောက်ကျိုးကို လင်းရှောင်နဲ့ပတ်သက်သမျှအကြောင်းအရာအားလုံးကိုရှာထားဖို့ မက်ဆေ့ချ်ပို့လိုက်၊ ဘာပဲဖြစ်ဖြစ်အဆင်ပြေတယ်လို့ ဒါပေမဲ့ အဲဒါကပြည့်စုံရမယ် ပြီးတော့မြန်မြန်ပြီးလေကောင်းလေပဲ”

လူတစ်ဦး၏လုပ်ရပ်များသည် ဤကမ္ဘာပေါ်တွင်အမှတ်အသားတစ်ခုအား မလွဲမသွေချန်ထားခဲ့မည်ဖြစ်သည်။ အကယ်၍သူမဟန်ဆောင်ထားပါက သူမ၏ဟန်ဆောင်မှုအား ခြေရာခံနိုင်မည်ဖြစ်သည်။ အကယ်၍ အစစ်အမှန်ဖြစ်နေမည်ဆိုလျှင်လည်း သက်သေများရှိမည်ဖြစ်သည်။

တစ်ခဏမျှဖုံးကွယ်ထားနိုင်သော်ညား တစ်သက်လုံးတော့မဖုံးကွယ်နိုင်ပေ။

အထူးလက်ထောက်ကျိုးသည် လင်းရှောင်၏ အတိတ်အားစစ်ဆေးရန် ဖုယန်ရုန်နှင့် IT အဖွဲ့အားအလျင်အမြန် စည်းရုံးလိုက်လေသည်။ သို့သော်ညား သူရှချန်းချန်းအား အချက်အလက်များ မပို့နိုင်ခင်တွင် စန်းနျန်းနျန်းဟိုတယ်တွင် ပြဿနာတစ်ခုထပ်မံဖြစ်ပွားခဲ့လေသည်။

ရှချန်းချန်း၏ အခြားသူများ လင်းရှောင်အခန်းထဲသို့ရောက်ချိန်တွင် သူမ၏ကိုယ်တွင်အဝတ်ကင်းမဲ့နေကာ တုန်လှုပ်နေပြီးထောင့်တွင် ကပ်နေသည်ကိုတွေ့ရပြီး မိုယွီထျန်သည်လည်း အဝတ်အကင်းမဲ့နေကာ လှဲလျောင်းနေခဲ့လေသည်။

လုံခြုံရေးနှစ်ဦးသည်အလျင်အမြန်ရောက်လာကာ သူတို့၏မျက်လုံးများမှာ ထိတ်လန့်မှုနှင့်အတူ ပြူးကျယ်သွားကြလေသည်။

သူတို့သည် ညစာစားရန် တစ်ခဏထွက်သွားကြရုံသာဖြစ်ကာ အဘယ်ကြောင့်ထိုကဲ့သို့ ပြင်းထန်သည့်ကိစ္စမျိုးဖြစ်သွားရသနည်း။

လင်းရှောင်သည် ထောင့်တွင်ကွေးနေကာ သူမ၏ဖြူဖွေးသည့်အသားအရည်တွင် အနီရောင်အမှတ်များနှင့်ပြည့်နေပြီး ထိတ်လန့်နေသည့်အကြည့်ဖြင့် ကြည့်နေလေသည်။

မုယန်ရုန်သည် ဘာမှပင်မပြောနိုင်လောက်အောင်ဖြစ်သွားကာ တီးတိုးပြောလိုက်လေသည်။

“မိုက မနေ့ညတုန်းက လင်းရှောင်အခန်းထဲကို ခိုးဝင်ခဲ့တဲ့သူမဟုတ်ဘူး”

သူမအပြီးထိမပြောနိုင်ခင်တွင် ရှချန်းချန်းသည် သူမ၏လက်အားတို့လိုက်လေသည်။ မုန့်ရုယန်သည် အသိတရားဝင်သွားကား ပါးစပ်ပိတ်သွားလေသည်။

အားလုံးသည် ထိတ်လန့်နေကြဆဲဖြစ်ကာ ရှချန်းချန်းသည်သူမ၏အင်္ကျီအားချွတ်ကာ လင်းရှောင်ပေါ်သို့ လွှမ်းခြုံပေးလိုက်လေသည်။

လွန်ခဲ့သည့်ညတွင် ထိပါးကရိပါးစော်ကားရုံတင်ဆိုလျှင် ယနေ့ညသည် မုဒိမ်းကျင့်ရန်ကြိုးစားမှုပင်ဖြစ်သည်။

ဒါရိုက်တာလုနှင့်အခြားသူများလင်းရှောင်အခန်းသို့ရောက်လာချိန်တွင် အခြေအနေအားမြင်၍ ထိတ်လန့်သွားကြလေသည်။ ရှောင်ကျီး သည် ပထမဆုံးအလျင်အမြန်ရှေ့သို့ထွက်လာကာ မိုယွီထျန်အား စကားတစ်ခွန်းမှမပြောဘဲ ထိုးလိုက်လေသည်။

“မိုယွီထျန် မကောင်းတဲ့ကောင်”

မိုယွီထျန် သည်သွေးများထွက်နေကာ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် လှဲကျသွားခဲ့သည်။

“ငါမမှတ်မိတော့ဘူး”

သူရေရွတ်လိုက်သည်။

“ငါတကယ်မမှတ်မိတော့ဘူး”

“မင်းမမှတ်မိတော့ဘူးပြောတာနဲ့ပဲ မင်းဒီကိစ္စကနေလွတ်သွားမယ်လို့ထင်လို့လား”

ရှောင်ကျီး သည်ကြေကွဲစွာဖြင့်အော်ဟစ်လိုက်ကာ

“ရှောင်ရှောင်ကမင်းကို တအားကာကွယ်နေခဲ့တာတောင် မင်းကတော့ ဒီတိုင်းခွေးကောင်ပဲ”

ထိုသို့ပြောပြီးနောက် ရှောင်ကျီး သည် မိုယွီထျန်အား နှစ်ချက်ပင်ထပ်ထိုးလိုက်လေသည်။

မိုယွီထျန် ၏ချောမောသည့်မျက်နှာမှာ အညိုအမဲများနှင့်ပြည့်သွားလေသည်။ သူမူးဝေနေပါသော်ညား တူညီသည့်စကားတစ်ခွန်းအားထပ်ခါထပ်ခါပြောနေလေသည်။

“ငါမမှတ်မိတော့ဘူး ငါတကယ်မမှတ်မိတော့ဘူး”

ရှောင်ကျီး သည် မိုယွီထျန်အား ထပ်ထိုးချင်ပါသော်ညား ရီကျစ်ခိုင်သည်သူအားတားလိုက်ကာ

“ရှောင်လောင်ရှီး ဆက်ရိုက်နှက်နေမယ်ဆိုရင် သေသွားလိမ့်မယ်”

ရှောင်ကျီး သည်သူ၏လက်သီးအားဆက်မသုံးနိုင်တော့ကာ သူသည် မိုယွီထျန် ၏မျက်နှာကိုသာ ဒေါသတကြီး ဖွီဟု တံတွေးသာထွေးခဲ့လိုက်လေသည်။

ပြီးနောက် သူသည် ရှချန်းချန်းနှင့်မုန့်ရုယန်တို့၏ လက်မောင်းကြားတွင် ကွေးနေသည့်လင်းရှောင်အား ကြည့်ကာစိတ်မကောင်းဖြစ်နေလေသည်။ အကယ်၍ သူတို့သာ မိုယွီထျန်အား မနေ့ကဖမ်းနိုင်ခဲ့လျှင် ယနေ့ထိုကဲ့သို့ဖြစ်မည်မဟုတ်ပေ။

ဟိုတယ်မန်နေဂျာသည်ဝင်လာကာ ပြောလိုက်လေသည်။

“ကျွန်တော်တို့တွေ ရဲကိုတိုင်ကြားပြီးပါပြီ၊ ရဲတွေပြောတာတော့ တံတားကအခုထိမရှင်းလင်းသေးတာကြောင့်မလို့ သူတို့တွေကမနက်ဖြန် ညခုနစ်နာရီလောက် အစောဆုံးရောက်လာပါလိမ့်မယ်တဲ့”

ပြီးနောက် ဟိုတယ်မန်နေဂျာသည် မိုယွီထျန်အား ကြည့်ကာ

“စောင့်နေတဲ့အချိန်အတွင်းမှာ ကျွန်တော်တို့ဟိုတယ်လုံခြုံရေးက မစ္စတာမိုကို နှစ်ဆယ်လေးနာရီ အချိန်ပြည့်စောင့်ကြည့်နေပြီး ဘယ်ကိုမှသွားခွင့်ပြုမှာမဟုတ်ပါဘူး၊ ရဲဝန်ထမ်းတွေ ဟိုတယ်ကိုရောက်လာပြီဆိုတာနဲ့ ကျွန်တော်တို့သူကို လွှဲပြောင်းပေးလိုက်မှာပါ”

ရိုက်ကူးရေးအဖွဲ့သားများသည် မိုယွီထျန်၏ အပြုအမူအား အလွန်ပင်ရွံ့ရှာကြသည်ဖြစ်ကာ သူ့အား ဒေါသတကြီးဆဲဆိုကြလေသည်။ နောက်တွင် ဟိုတယ်လုံခြုံရေးသည် မိုယွီထျန်အား ခေါ်သွားသည်ဖြစ်ကာ သူတို့သည်လည်း ထွက်သွားရန်သာတတ်နိုင်လေသည်။

သူတို့ လင်းရှောင်အခန်းမှ ထွက်ပြီးသည်နှင့်တစ်ပြိုင်နက် မုန့်ရုယန်သည်ရှချန်းချန်းအား ခုနစ်လွှာ၏လျှောက်လမ်းထောင့် သို့ခေါ်သွားကာ တုံ့ဆိုင်းနေပုံရပြီး

“မနေ့ညကလင်ရှောင်းအခန်းထဲကို ခိုးဝင်သွားတဲ့သူက မိုယွီထျန်မဟုတ်ဘူးလေ၊ အဲဒါကို သူကဘယ်လိုလုပ်ပြီး”

ရှချန်းချန်းသည် တစ်ခဏမျှတိတ်သွားကာ

“နင်မနေ့ညက မိုယွီထျန် လင်းရှောင်အခန်းထဲကိုမသွားခဲ့ဘူးဆိုတာ တကယ်သေချာလား”

“သေချာတာပေါ့”

မုန့်ရုယန်ခိုင်ခိုင်မာမာပြောလိုက်လေသည်။

“မိုယွီထျန်နဲ့ငါက လင်းရှောင်အော်တာကို အတူကြားခဲ့ကြတာ အဲဒါကြောင့်သူမနေ့ညက လင်းရှောင်းကို ထိပါးရိပါးလုပ်ခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူး”

သို့ပေမဲ့ ယနေ့ညအဖြစ်အပျက်၏ အထောက်အထားများမှာငြင်း၍မရပေ။ မိုယွီထျန်၏ ဖြူစင်မှုအားမည်သူမျှမထောက်ခံပေးနိုင်ပေ။

မုန့်ရုယန်သည် မထိန်းနိုင်စွာဖြင့် မိုယွီထျန်အားထိန်းသိမ်းထားသည့် လျှောက်လမ်းရှိနောက်ဆုံးအခန်းအား တစ်ချက်ကြည့်လိုက်လေသည်။

သူကမနေ့တုန်းကတောင် တက်ကြွတဲ့ကောင်လေးဖြစ်နေခဲ့တာကို ဒီနေ့မှာသူကဘာလို့ ဒီလိုကိစ္စမျိုးကိုလုပ်နိုင်ရမှာလဲ။

ရှချန်းချန်းသည် တိတ်ဆိတ်နေဆဲဖြစ်သည်။

သူမနားမလည်နိုင်ပေ။ မနေ့က ဟော်တယ်မန်နေဂျာပြောသည်မှာ မနက်ဖြန်ညတွင် ရဲများရောက်လာမည်ဟု၍ဖြစ်သည်။ ထိုအရာများသည် မိုယွီထျန် လင်းရှောင်းအား အဓမ္မမပြုနိုင်စေရန် တားထားသည့်အရာများပင်ဖြစ်သည်။ သူလုပ်ချင်နေသည်မှာအဘယ်အရာနည်း။

သူ၏ မဖွယ်မရာစော်ကားသည့်အမှုကိုပင် မကျေမနပ်ဖြစ်ကာ မုဒိမ်းကျင့်သည့် သူဟုပင်အထင်ခံချင်နေသည်လား။

ရုတ်တရက် ဖုန်းသည်မြည်လာခဲ့သည်။

ဤသည်မှာ အထူးလက်ထောက်ကျိုးထံမှ အီးမေးလ်ဖြစ်ကာ ဖုယန်ရုန်နှင့်IT အသင်းအား ရှချန်းချန်းတောင်းဆိုထားသည့် လင်းရှောင်၏အချက်အလက်များပင်ဖြစ်သည်။

ရှချန်းချန်း၏ စိတ်မှာဝေဝါးနေဆဲဖြစ်သော်ညား ထိုအချက်အလက်များအား မြင်လိုက်ချိန်တွင် သူမ၏မျက်လုံးများတောက်ပသွားလေသည်။ မဆက်နွယ်နေသည့် သဲလွန်စများသည် ယခုတွင် ကြီးမားသည့် ကွန်ရက်တစ်ခုအဖြစ်ချိတ်ဆက်သွားကာ အနည်းငယ်မသေချာသော်ညား ရှင်းလင်းနေသည့်အမှန်တရားတစ်ခု ပေါ်ထွက်လာခဲ့လေသည်။

ရှချန်းချန်းသည် သူမ၏ဖုန်းအားကြည့်လိုက်ကာ သူမ၏အသံမှာချက်ချင်းအေးစက်သွားကာ သူမ၏မျက်လုံးမှာလည်း အတူပင်ဖြစ်သည်။

“အခုဘာဖြစ်နေလဲဆိုတာကို ငါသိသွားပြီထင်တယ်”

.

ရှဲ့ကျစ်ရှင်း၏အဆင့်မြင့်ဇိမ်ခံအခန်းထဲ၌

ရှချန်းချန်း၊ ရှဲ့ကျစ်ရှင်းနှင့် မုန့်ရုယန်တို့သည်ဆိုဖာပေါ်တွင်ထိုင်နေကာ တစ်ဖက်မှ အထူးလက်ထောက်ကျိုးသည် လင်းရှောင်အကြောင်းစုံစမ်းစစ်ဆေးထားမှုအား တင်ပြနေလေသည်။

“မစ္စလင်းရဲ့အဖေက ကျုံးရှင့်မီဒီယာရဲ့ ဒါရိုက်တာတစ်ယောက်ပါ၊ အဲဒါကြောင့် သူမရဲ့ အပျက်သဘောဆောင်တဲ့ သတင်းတွေအင်တာနက်ပေါ်တက်လာတာနဲ့ ကျုံးရှင့်ဗီဒီယာက ပလက်ဖောင်းကိုဆက်သွယ်ပြီး ဖျက်ချခိုင်းပါတယ်၊ အဲဒါကြောင့် ကျွန်တော်တို့စုံစမ်းလို့ရတာအများစုကတော့ သူမရဲ့အချစ်ရေးကိစ္စတွေပါပဲ”

“အခုတလောမှာ လင်းရှောင်က ပရိတ်သတ်တွေဆီကနေပြီးတော့ သူမပွဲဦးထွက်တာ နှစ်နှစ်အတွင်းမှာ လေးခါ ချစ်သူစည်းစားထားဖူးတာကြောင့်မလို့ အချစ်မွှန်နေတယ်ဆိုပြီး ပရိတ်သတ်တွေဆီက ဝေဖန်ခံနေရပါတယ်”

“လူလေးယောက်နဲ့တွဲဖူးတာက ဘာမှမထူးဆန်းနေဘူးမလား”

မုန့်ရုယန်သည် သံသယရှိစွာမေးလိုက်လေသည်။

ဖျော်ဖြေရေးနယ်ပယ်သည် ချောမောသည့်ယောက်ျားများနှင့် လှပသော မိန်းကလေးများနှင့်ပြည့်နေလေသည်။ သူတို့တွင် ချစ်သူရည်းစားမရှိဘူးဟု ပြောကြသော်ညား ချစ်ကြိုက်နေကြသည့်သူများစွာရှိကာ သုံးလတစ်ခါသို့မဟုတ် ငါးလတစ်ခါ ချစ်သူရည်းစားပြောင်းတွဲကြသည့် သူများလည်းရှိလေသည်။

“တွဲခဲ့တဲ့သူအရေအတွက်က ဘာမှမဟုတ်ပါဘူး”

ရှချန်းချန်းပြောလိုက်သည်။

“ထူးဆန်းနေတာက လင်းရှောင်ရဲ့ အချစ်ရေးတွေကအမြဲတမ်းဆင်တူနေတာပဲ”

အထူးလက်ထောက်ကျိုးသည် ထောက်ခံသည့်အမူအယာပြကာ ခေါင်းငြိမ့်ပြလေသည်။

“မစ္စလင်းရှောင်တွဲခဲ့တဲ့ လေးယောက်စလုံးက အရင်တုန်းက နယ်ပယ်အတွင်းမှာ ပထမတန်းစားအဆင့်သရုပ်ဆောင်တွေပဲ”

“အရင်တုန်းက”

ရှဲ့ကျစ်ရှင်းသည်အဓိကစကားလုံးအားချက်ချင်း သိသွားလေသည်။

“ဟုတ်တယ် သူတို့တွေက နာမည်ကြီးတွေပဲ၊ တချို့က သရုပ်ဆောင်တွေ၊ တချို့ကအဆိုတော်တွေ၊ တချို့ကအိုင်ဒေါလ်တွေ၊ သူတို့တွေအားလုံးက ပထမတန်းစားအဆင့်တွေဖြစ်လာကြပေမဲ့ သူတို့တွေအကုန် တချို့ အရှုပ်တော်ပုံတွေကြောင့်မလို့ ကွန်ရက်တစ်ခုလုံးကနေ နာမည်ပျက်စာရင်းအသွင်းခံလိုက်ရပါတယ်”

အထူးလက်ထောက်ကျိုးသည် အကြောင်းအရာများအား လှန်လောကြည့်ကာ

“ထန်ဝေ့လျောင် အသက်နှစ်ဆယ် စတော်ဘယ်ရီပလက်ဖောင်းရဲ့ အရည်အချင်းပြရှိုးပွဲမှာ ပထမနေရာနဲ့ပွဲဦးထွက်ခဲ့တဲ့အိုင်ဒေါလ်၊ သူပွဲဦးထွက်တဲ့နေ့မှာ ဝေ့ပေါ်မှာအကုန်အောင်ပွဲခံနေကြတာ ဒါပေမဲ့ သုံးလကြာပြီးတော့ သူကသူ့ရဲ့လက်ထောက်ကို လိင်ပိုင်းဆိုင်ရာစော်ကားတယ်ဆိုတဲ့ သတင်းပေါ်ထွက်လာခဲ့တယ်”

“စွမ်းမော့စူ သုံးဆယ့်တစ်နှစ်၊ ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ သရုပ်ဆောင်တစ်ယောက်၊ အရံသရုပ်ဆောင်ကနေ အဓိကသရုပ်ဆောင်အဖြစ် ကိုယ်တိုင်ကြိုးစားခဲ့တဲ့သူ၊ ရှန်းလျန်မှာ ပါဝင်သရုပ်ဆောင်ပြီးတဲ့နောက်ပိုင်း နာမည်ကြီးလာခဲ့တာပါ၊ သူနာမည်ကြီးပြီး လနည်းနည်းကြာလာတော့ သူက သူရဲ့ကောင်မလေးကို အိမ်တွင်းအကြမ်းဖက်မှုလုပ်တယ်ဆိုပြီး သတင်းတွေပေါ်ထွက်လာခဲ့တယ်”

“နောက်ဆုံးမှာတော့ ချိန်းချင်းရန် နဲ့ လုယွမ်ရှန်ပါ၊ သူတို့တွေလည်း သူတို့နယ်ပယ်မှာအ တော်လေးနာမည်ကြီးခဲ့ကြဖူးပါတယ် ဒါပေမဲ့ မကောင်းသတင်းတစ်ခု ထွက်ပြီးတဲ့နောက်ပိုင်းမှာ ကွန်ရက်တစ်ခုလုံးဆီကနေ အလှောင်အပြောင်ခံရပြီးတော့ အဲနယ်ပယ်ကနေ အနားယူလိုက်ရပါတယ်၊ ပြီးတော့ သူတို့တွေက လင်းရှောင်နဲ့တွဲကြပြီး လင်းရှောင်ရဲ့ ကောင်လေးတွေဖြစ်ခဲ့ကြပါတယ်”

မုန့်ရုယန်သည် အံ့ဩသွားခဲ့သည်။ သူမသည် လင်းရှောင်သည်အချစ်ရေးတွင် တော်တော်များများ အတွေ့အကြုံရှိသည်ကိုသိသော်ညား ထိုကဲ့သို့ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

သူမသည် အတော်မျက်မှောင်ကြုတ်သွားကာ

“လင်းရှောင်က အပိုင်းအစစုဆောင်းရေးစခန်းလား၊ သူမက မကောင်းသတင်းတွေရှိတဲ့ အနုပညာရှင်တွေကိုပဲ တွဲဖို့ရွေးနေတာ”

အထူးလက်ထောက်ကျိုး: “အဲဒါကြောင့် ပရိတ်သတ်တွေက သူမကို ချစ်စိတ်မွှန်နေတယ်လို့ပြောကြတာပဲ၊ စွမ်းမော့စူနဲ့ လုယွမ်ရှန်း ကနောက်ပိုင်းမှာ အပြစ်ကင်းကြောင်းပြန်ပြီး သက်သေပြနိုင်ခဲ့ပြီး ဒီနယ်ပယ်ထဲကို ပြန်ဝင်လာနိုင်ခဲ့ကြပေမဲ့ သူတို့ရဲ့ကျော်ကြားမှုက အရင်လိုမဟုတ်တော့ဘူး၊ ပြီးတော့ သူတို့တတိယအဆင့်လောက်မှာကို မဟုတ်ကြတော့ဘူး၊ နောက်ပြီး အရမ်းတိုက်ဆိုင်နေတဲ့ အချက်ကြီးတစ်ခုလည်း ရှိသေးတယ်၊ အရှုပ်တော်ပုံတွေ ပေါ်ပေါက်ပြီးတဲ့နောက်မှာ အဲအနုပညာရှင်တွေက သူတို့ရဲ့မူလကုမ္ပဏီတွေနဲ့ စာချုပ်ဖျက်သိမ်းလိုက်ကြပြီးတော့ သူတို့တွေအားလုံးကို ကျုံးရှင်းမီဒီယာကခေါ်သွားခဲ့တယ်”

ရှချန်းချန်းသည် ထပ်ဖြည့်ပြောလိုက်သည်။

“အရင်က ထိပ်တန်းအဆင့်နာမည်ကြီး မိုယွီထျန်ကလည်း မကောင်းသတင်းတွေ ဖော်ထုတ်ခံရပြီးတော့ ကျုံရှင်းမီဒီယာက ခေါ်သွားခဲ့တာပဲ”

ထိုအရာများသည် တိုက်ဆိုင်မှုဖြစ်ဖို့ရာ အလွန်တိုက်ဆိုင်လွန်းနေလေသည်။

ထပ်ရှိသေးသည်မှာ လွန်ခဲ့သည့်နှစ်တွင် မိုယွီထျန်၏ဖခင်မှာ မုဒိမ်းသမားတစ်ဦးဖြစ်သည်ကိုဖော်ထုတ်ခဲ့သူမှာ လင်းရှောင်ပင်ဖြစ်သည်။

မုန့်ရုယန်သည် နားမလည်ဖြစ်နေဆဲဖြစ်ကာ ရှချန်းချန်းသည် စိတ်ရှည်ရှည်ဖြင့်ရှင်းပြပေးလေသည်။

“လင်းရှောင်ချစ်မိသွားတဲ့ အချိန်တိုင်းက အဲအမျိုးသားရဲ့အလုပ်အကိုင်ကလုံးဝဆိုးရွားနေတဲ့ အချိန်မှာပဲ၊ ပြီးတော့ အခုအချိန်မှာ မိုယွီထျန်ရဲ့ အလုပ်အကိုင်ကဆိုးရွားနေတာပဲ”

ဤသည်မှာ ဘဝ၏ဆိုးရွားသည့်အချိန်ဟုပင်ပြောနိုင်လေသည်။

လူတစ်ဦးအား တစ်လောကလုံးသည်ကြောက်ရွံ့နေကြကာ မုန်းတီးနေကြလေသည်။

ထိုအချိန်တွင် သူ့အားနွေးထွေးပေးမည့် သူမသည် သူ့ဘဝတွင်အရေးအကြီးဆုံး လရောင်ဖြူလေး ဖြစ်သွားမည်မှာ အသေအချာပင်ဖြစ်သည်။

တစ်ခါတစ်ရံတွင် အချစ်သည် ထိုသို့အချိန်တွင်ပေါ်ထွက်လာတတ်လေသည်။

မတရားခံရမှုနှင့် နားလည်ပေးမှုပင်ဖြစ်သည်။

“နင်ဆိုလိုတာက အဲဒါကလင်းရှောင်ကိုယ်တိုင်က ဦးဆောင်ပြီးတော့ သရုပ်ဆောင်နေတာလို့လား၊ သူမကိုသူချစ်လာစေဖို့အတွက် မိုယွီထျန် ကို ချောက်ချပြီးတော့ သူ့ကိုနားလည်ပေးတာလား”

မုန့်ရုယန်၏မျက်လုံးများသည် ပြူးကျယ်လာကာ

“ဘယ်လိုဖြစ်ပြီး မိန်းကလေးတစ်ယောက်က သူမရဲ့ ဖြူစင်မှုကိုအသုံးချပြီးတော့ တစ်ယောက်ယောက်ကို ချောက်ချနိုင်ရတာလဲ”

ရှချန်းချန်းသည်လည်း ဤသည်အား ယုံကြည်ဖို့ရန် အတော်ခက်ခဲခဲ့လေသည်။

သို့ပေမဲ့ ထိုသို့လုပ်ရန်ရွေးခဲ့သည့်သူသည် စိတ်ရောဂါရှိနေသည့်သူ၏ စိတ်ကဲ့သို့နီးနီးပင်ဖြစ်သည်။ ထိုကဲ့သို့မိန်းကလေးမျိုးသည် သူမ၏ဖြူစင်မှုအား တကယ်ပင်ဂရုစိုက်ပါမည်လား။

ရုတ်တရက် ရှချန်းချန်း၏ဖုန်းသည်မြည်လာလေသည်။ သူမကြည့်လိုက်ကာ သူမ၏တောက်ပနေသည့်မျက်လုံးထဲတွင် ရွံ့ရှာမှုများ အနည်းငယ်ဖြတ်ပြေးသွားလေသည်။

သူမသည် သူမ၏ဖုန်းအား အားလုံးရှေ့တွင်ပြလိုက်ကာ

“အခုလေးတင်ပဲ ငါ ကုံးသန်းကို ထန်ဝေ့လျောင် နဲ့ စွမ်းမော့စူရဲ့ သတင်းတွေကိုဖော်ထုတ်ခဲ့တဲ့သူကို စုံစမ်းဖို့အကူအညီတောင်းလိုက်တာ၊ ကုံသန်းကအဲသတင်းရဲ့ မူရင်းကိုရှာတွေ့သွားပြီ အဲသတင်းတွေက မှားလားမှန်လားကိုတော့မသိပေမဲ့ အဲသတင်းတွေရဲ့မူရင်းဇစ်မြစ်က ကျုံးရှင်းမီဒီယာကနေပဲ”

အွန်လိုင်းပရိတ်သတ်များသည် “Niuhulu Strategy”၏ရို က်ကူးရေးအဖွဲ့များ စန်းနျန်းနျန်းတောင်တွင်ပိတ်မိနေသည်ကို အလွန်စိုးရိမ်နေကြကာ သူတို့အားလုံးသည် ရိုက်ကူရေးအဖွဲ့များအတွက် ဆုတောင်းပေးနေကြလေသည်။

ထိုအချိန်တွင်ပင် စျေးကွက်ရှာဖွေရေးအကောင့်တစ်ခုသည် စန်းနျန်းနျန်းတောင်ပေါ်ရှိ အဓမ္မပြုကျင့်သည်ဟုသည့် စာတမ်းအားထုတ်ဖော်လိုက်ကာ“ရိုက်ကူးရေးအဖွဲ့သည်ပိတ်မိနေကာ ကျော်ကြားသည့်အမျိုးသမီးအနုပညာရှင်တစ်ဦးသည် အဓမ္မပြုကျင့်ခံရလုနီးနီးဖြစ်ခဲ့” ဟူသည့်သတင်းသည် အင်တာနက်တစ်ခွင်အားထိတ်လန့်သွားစေခဲ့သည်။

[ဘုရားရေ ဘုရားရေ ဘုရားရေ]

[တကယ်လား သတင်းတုလား]

[စာတမ်းမှာဘာနာမည်မှ ထည့်မရေးထားပေမဲ့ အခုတောင်ပေါ်မှာပိတ်မိနေတဲ့ရိုက်ကူးရေးအဖွဲ့က “ niuhulu strategy” မလား]

[ဘယ်သူ အဓမ္မပြုကျင့်ခံရနီးဖြစ်သွားခဲ့တာလဲ၊ အား ငါတို့ရဲ့ယန်ယန်တော့မဟုတ်ဘူး ဟုတ်တယ်မလား]

[အား အခုတလောယန်ယန်က စိတ်အခြေအနေအဆင်မပြေနေဘူးလို့ ငါကြားတယ်၊ အဲဒါကတကယ်ပဲသူမများလား၊ ငါ့ရဲ့သနားစရာယန်ယန်လေး]

[အဓိကအချက်က ဘယ်သူမှအဓမ္မကျင့်တဲ့သူလဲ၊ ဒီစျေးကွက်ရှာဖွေရေးအကောင့်တွေက သတင်းတွေကိုဖော်ထုတ်ရင်း နာမည်တွေကို ပြောပြလိုက်လို့မရဘူးလား၊ ကလောင်နာမည်တွေကိုအသုံးပြုတာက အပြစ်မရှိတဲ့သူတွေကို ဦးတည်သွားစေနိုင်တယ်]

[“Niuhulu street” ရိုက်ကူးရေးအဖွဲ့ရဲ့ အစဓမ္မကောင်က မိုယွီထျန်မလား၊ သူ့အဖေကလည်းမဒိမ်းကောင်ပဲလေ သူ့မှာဗီဇကပါလာပြီးသားပဲလေ]

[ရဲဝန်ထမ်းတွေ အဲတစ်ယောက်ကိုဖမ်းပေးလို့ရမလား၊ အဲဒါက ဖျော်ဖြေရေးလောက,ကနေ ထွက်တာထက်ပိုဆိုးသင့်တယ်၊ ဒါကတရားမဝင်တာပဲ]

[ကောကဟလတွေက ငါ့ရဲ့ စန်းနျန်းနျန်းတောင်မှာနေတဲ့ ဆွေမျိုးပြောတာတော့ အဲမဒိမ်းကောင်က မိုယွီထျန်ပဲတဲ့]

[ငါသိသားပဲ၊ အဲဒါက အဲမကောင်းတဲ့ကောင်ပဲ၊ အဲလိုလူမျိုးကသေဖို့မထိုက်တန်ဘူး သူတို့တွေ သူ့ရဲ့မျိုးပွားအင်္ဂါကိုပဲ ဖြတ်လိုက်လို့မရဘူးလား၊ ခန္ဓာကိုယ်ကပဲဖြစ်ဖြစ် ဟော်မုန်းတွေကပဲဖြစ်ဖြစ်]

[ဒီလိုအမှိုက်မျိုးက ဒီကမ္ဘာပေါ်မှနေဖို့ကိုမထိုက်တန်ဘူး]

ထိုတစ်ညထည်းမှာပင် မိုယွီထျန်း သည် မဒိမ်းကောင်ဖြစ်သည် ဟူသည့်သတင်းသည် အင်တာနက်တစ်ခွင်ပြန့်နှံ့သွားပြီဖြစ်သည်။

ကုံးသန်း ရှချန်းချန်းထံသို့လာချိန်တွင် မုန့်ရုယန်နှင့် အခြားသူများသည် သူ့အားသံသယ ရှိသည့် မျက်လုံးများဖြင့် ကြည့်နေကြလေသည်။

သူသည်ဤနေရာ၏ တစ်ဦးတည်းသောပါပါရာဇီဖြစ်လေသည်။ အကယ်ဤသူသာ သတင်းအားမလွှင့်ခဲ့ဘူးဆိုလျှင် မည်သူလွှင့်လိုက်သနည်း။ ကုံးသန်းသည်ငိုပါငိုချင်နေကာ

“ငါတကယ်သတင်းမလွှင့်ခဲ့တာပါ”

“အဲဒါတကယ်ပဲ သူမဟုတ်ဘူး”

ရှချန်းချန်းသည် ထိုအဓမ္မပြုကျင့်သည့် သတင်းအား ပထမဆုံးတင်သည့် အကောင့်ကိုဝင်ကြည့်ကာ

“ဒီစျေးကွက်ရှာဖွေရေး အကောင့်ကနေပြီးတော့ မိုယွီထျန်ရဲ့အဖေက အဓမ္မပြုကျင့်တဲ့သူ ဖြစ်တဲ့အကြောင်းကိုဖော်ထုတ်ခဲ့ဖူးတယ်၊ ဒါက ကျုံးရှင်းမီဒီယာရဲ့ အင်တာနက်လှည့်ကွက်တွေပဲဖြစ်ရမယ်”

“ထပ်ပြောရရင် ဒီစာတမ်းက ဥာဏ်ရှိရှိရေးသားထားတာပဲ၊ နာမည်တွေရဲ့အစားထိုး အင်္ဂလိပ်စာလုံးတွေကိုသုံးထားတာပဲ၊ မုဒိမ်းကောင်ကိုကိုယ်စားပြုတာက T အဲဒါက မိုယွီထျန်အတွက်ပဲ၊ အလည်အပတ်သရုပ်ဆောင် X က ရှဲ့ကျစ်ရှင်းပဲ၊ ခံရတဲ့သူ Y က နာမည်ပေးထားတဲ့ပုံအရဆိုရင် ယန်ယန်ပဲ”

ရှချန်းချန်းသည် မုန့်ရုယန်အားကြည့်လိုက်ကာ

“အဲသတင်းလွှင့်တဲ့သူက နင့်ကို ခံရတဲ့သူလို့ထင်စေချင်နေတာပဲ”

မုန့်ရုယန်သည် လန့်သွားခဲ့သည်။

“ငါသူမကိုဘာမှမလုပ်ခဲ့ဖူးလေ၊ သူမဘာလို့အဲလိုလုပ်ရတာလဲ”

လင်းရှောင်ပြဿနာတက်တဲ့အချိန်တိုင်းမှာ သူမသွားပြီးနှစ်သိမ့်ပေးခဲ့မိတာ ရှက်စရာပဲ။ ဘယ်လိုတောင်ကျေးဇူးမသိတတ်တဲ့သူလဲ။

စာတမ်းထဲရှိ အထင်မှားစရာစာများနှင့် ရေပန်းစားနေသည့်မှတ်ချက်များကြောင့် အင်တာနက်သုံးစွဲသူအများစုသည် မုန့်ရုယန်သည် ခံရသူဖြစ်မည်ဟု ထင်ကြေးပေးနေကြလေသည်။

မဒိမ်းမှု၏ခံရသူဖြစ်ခြင်းသည် ဘာမှမမှားနေပေ။ သို့သော် ဖျော်ဖြေရေးနယ်ပယ်တွင်မူဤသည်မှာ အစွန်းအထင်းတစ်ခုပင်ဖြစ်သည်။ ယောက်ျားလေးပရိတ်သတ်သို့မဟုတ် မိန်းကလေးပရိတ်သတ်များသည် အနှောင့်အယှက်ဖြစ်ကြမည်မှာ အသေအချာပင်ဖြစ်သည်။

ဖြတ်သွားသည့်သူတစ်ဦးသည် “အို အဓမ္မကျင့်ခံရမလိုဖြစ်တဲ့တစ်ယောက်လား” ဟု သူသဘောကျသည့်နာမည်ကြီးတစ်ဦးအား ပြောလိုက်တိုင်း ပြန်ပြောကြမည်ဖြစ်သည်။

သရုပ်ဆောင်မင်းသမီးသည် ခံရသူဖြစ်သည်မှာ ထင်ရှားသော်ညား ထိုမတော်တဆမှုကြောင့် သူမသည် အမှတ်တံဆိပ်များနှင့်အဖွဲ့သားများထံမှ သဘောကျခြင်းခံရတော့မည်မဟုတ်ပေ။

“လင်းရှောင်ကတကယ်ပဲ နင့်ကိုပစ်မှတ်ထားနေတာဖြစ်နိုင်တယ်”

ရှချန်းချန်းသည် မုန့်ရုယန်၏ရေခဲလတ်ပတ်ဝတ်ဆင်ထားသည့် လက်ကောက်ဝတ်အားကြည့်၍ ပြောလိုက်လေသည်။

“နင်မေ့သွားပြီလား၊ နင်အဝတ်လဲခန်းထဲမှာမူးလဲတဲ့နေတုန်းက မိုယွီထျန်က နင့်ကိုစိတ်ပူနေခဲ့သေးတယ်လေ”

“အဲဒါလေးအတွက်နဲ့ သူမကငါ့ကိုမနာလိုဖြစ်နေတာလား”

မုန့်ရုယန်သည် မယုံနိုင်လောက်အောင်ဖြစ်သွားကာ

“အဲမိန်းမရူးနေတာများလား”

ရှဲ့ကျစ်ရှင်းမှလွဲ၍ အားလုံးအံ့အားသင့်နေကြလေသည်။ သူသည် သူ့လက်ဖြ င့်ရှချန်းချန်း၏ခါးအား ရစ်ပတ်လိုက်ကာ သူမ၏နားထဲသို့ တီးတိုးပြောလိုက်လေသည်။

“မဒမ် မင်းမှာဖြေရှင်းစရာနည်းလမ်းရှိမှာပါ ဟုတ်တယ်မလား”

…

မနေ့ည ညနက်ပိုင်းတွင် အားလုံးအိပ်ယာဝင်ပြီးချိန်တွင် ရှချန်းချန်းသည် သူမ၏ဆေးသေတ္တာအားကိုင်ကာ ကုံးသန်းသည် မိုယွီထျန် ဖမ်းဆီးခံထားရသည့်နေရာသို့ တိတ်တဆိတ်သွားလေသည်။ သူတို့ မိုယွီထျန်အား မည်သည့်အရာများပြောသည်ကို မသိရသော်ညား သူတို့ပြန်လာချိန်တွင် ရှချန်းချန်း၏မျက်နှာပေါ်ရှိ စိုးရိမ်မှုများမှာ သိသိသာသာပျောက်ဆုံးသွားခဲ့သည်။

ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းအားခေါင်းငြိမ့်ပြလိုက်သည်။

ရှင်းလင်းချက်သူ လိမ်ညာသူများအားဖော်ထုတ်သူအတွက် လွယ်ကူလှလေသည်။

ရှချန်းချန်း၏အမှန်တကယ်စိုးရိမ်မှုမှာ “ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်း” ပင်ဖြစ်သည်။

လင်းရှောင်ကိုကြည့်ရသည်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမည့် ကိစ္စအား လုပ်မည့်ပုံမပေါက်ပေ။ မိုယွီထျန်သည် ကိုယ့်ကိုယ်ကိုယ်သတ်သေမည်လား။

“ကျွန်မခဏလောက်သွားဦးမယ်”

ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းအား ကြည့်ဖို့ရာအတွက် လှည့်လိုက်ကာ

“ကျွန်မ မသွားခင်မှာ ရှင်ကျွန်မအတွက် မိုယွီထျန် ကိုစောင့်ကြည့်ပေးထားလို့ရမလား”

ရှဲ့ကျစ်ရှင်း၏ ဓါးသွားကဲ့သို့ မျက်ခုံးများသည် ဝေးကွာနေသည့် တောင်များကဲ့သို့ဖြစ်နေကာ မျက်မှောင်ကြုတ်နေလေသည်။ သူသည် မတတ်နိုင်စွာဖြင့် မိုယွှထျန်အား ဖမ်းချုပ်ထားသည့်ဘက်ကို ကြည့်လိုက်မိကာ

“ရဲတွေကဒီကို ဆယ်နာရီအတွင်း ဒီညရောက်လာကြတော့မှာ၊ မိုယွီထျန် ဘာတွေဖြစ်သွားနိုင်မှာမလို့လဲ”

ရှချန်းချန်းသည် တစ်ခဏမျှတုံ့ဆိုင်းသွားကာ ဆုံးဖြတ်ထားသကဲ့သို့ သူမ၏အသံအားတိုးလိုက်ကာ စကားလုံးတိုင်းအား ရှင်းရှင်းလင်းလင်းပြောလိုက်လေသည်။

“သူ ကိုယ့်ကိုယ့်ကိုယ် သတ်သေလောက်တယ်”

ရန်သူသတိမူမိသွားမည်စိုး၍ ရှဲ့ကျစ်ရှင်း၏ ရဟတ်ယာဥ်သည် စန်းနျန်းနျန်းတောင်ကျိုးနေသည့်တံတား၏ အလယ်တွင် ဆင်းသက်ခဲ့ရလေသည်။

သူသည် ရှချန်းချန်းအားရ ဟတ်ယာဥ်ထံသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပေးခဲ့လေသည်။

မထွက်ခွာခင်တွင် ရှချန်းချန်းသည် သူမ၏ပါပါရာဇီ ပစ္စည်းအချို့နှင့်မနေ့ညသူမ မိုယွီထျန်ထံသို့ သွားချိန်တွင် ယူသွားသည့် ဆေးသေတ္တာအားယူသွားခဲ့သည်။

ရဟတ်ယာဥ်၏ ရဟတ်များသည် လည်လာကာ ဖုန်မှုန့်များနှင့် သစ်ရွက်များသည်နေရာအနှံ့ပျံတက်သွားကြလေသည်။

ရှဲ့ကျစ်ရှင်းအော်လိုက်သည်။

“ကိုယ်မင်းကို မိုယွီထျန်ကိုကူညီနိုင်ဖို့အတွက် သွားခိုင်းလိုက်တာနော်၊ ထွက်မပြေးနဲ့”

“စိတ်မပူပါနဲ”

ရှချန်းချန်းပြန်အော်လိုက်သည်။

“မိုယွီထျန်ကို ကျွန်မအစား စောင့်ကြည့်ပေးထားဖို့ မမေ့ပါနဲ့ဦး၊ သူတစ်ခုခုဖြစ်သွားလို့မရဘူး”

နာမည်ဂုဏ်သတင်း ပျက်သွားသော်ညား ထိုအရာအား ပြန်လည်တည်ဆောက်ရန် အခွင့်အရေးရှိသေးသည်။

သို့ပေမဲ့ သေဆုံးသွားလျှင် အရာအားလုံး ဆုံးရှုံးသွားမည်ဖြစ်သည်။

ရဟတ်ယာဥ်သည် နောက်ဆုံးတွင်တော့ စန်းနျန်းနျန်းတောင်ပေါ်မှထွက်ခွာသွားကာ ပျံသန်းသွားခဲ့သည်။

ယခုတစ်ခေါက်တွင်တော့ ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းထွက်ခွာသွားသည်ကိုကြည့်နေခဲ့သည်။

သူ၏နှလုံးသားမှာ ကျေနပ်မှများနှင့်ပြည့်နေကာ ယခင်တစ်ခါ ရှချန်းချန်းလွတ်မြောက်သွားစဥ်က သူခံစားခဲ့ရသည့် စိတ်ပျက်စရာများအား အနည်းငယ်မျှပင်မခံစားနေရပေ။

သူသိလေသည်။ ဤတစ်ခေါက်တွင် ရှချန်းချန်းသည် ပြန်လာမည်ဖြစ်သည်။

မိုယွီထျန် အခန်းသည် ခုနစ်လွှာ၏ အဝေးဆုံးထောင့်စွန်းတွင်ဖြစ်ကာ အမျိုးမျိုးသောပစ္စည်းအချို့အား သိမ်းဆည်းထားလေသည်။ ထိုအခန်းထဲ၌ ဖွင့်လျက်သား တံခါးပေါက်တစ်ပေါက်ရှိလေသည်။ သို့ပေမဲ့ အခန်းသည် ခုနစ်လွှာသည်ရှိသည်ဖြစ်၍ မည်သူမျှ မိုယွီထျန် အမှန်တကယ် ခုန်ထွက်သွားမည်ကို စိတ်မပူနေကြပေ။

သူ့လက်များအား ကြိုးဖြင်အချည်ခံထားရသည့် မိုယွီထျန်သည် ပြတင်းပေါက်ကို တိတ်ဆိတ်စွာစိုက်ကြည့်နေလေသည်။ သူသည် တစ်ညလုံးမအိပ်ရသေးပေ။ သူ ကောင်းကင်ကို ဗလာသက်သက်ဖြင့် လဝင်သွားချိန်မှ နေထွက်လာသည်အထိစိုက်ကြည့်နေခဲ့သည်။

ခဏအကြာတွင်မူ အပြင်ဘက်မှ ပွတ်တိုက်နေသည့်အသံများ ထွက်လာလေသည်။ မိုယွီထျန်လှည့်ကြည့်ချိန်တွင် လင်းရှောင်သည် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။

သူ၏လှပသည့် မျက်ခုံးများသည်ကြုတ်သွားကာ လင်းရှောင်ဝင်လာသည်ကို မြင်လိုက်ချိန်တွင် ပြန်ပြေသွားပြီး ပုံမှန်တည်ငြိမ်နေသည့် အမူအယာပြန်ဖြစ်သွားလေသည်။

“မင်းဘာလို့ဒီကိုရောက်လာတာလဲ”

မိုယွီထျန် မေးလိုက်လေသည်။

လင်းရှောင်ပြန်မဖြေပေ။ သူမသည် ရှာဖွေရေးကိရိယာအားထုတ်လိုက်ကာ အခန်းအားရှာဖွေပြီးနောက် နောက်ဆုံးတွင်တော့ ချိတ်ထားသည့်ခြင်းတောင်းအနောက်နှင့် စာအုပ်အနောက်တွင် ကင်မရာနှစ်လုံးတွေ့ကာ ထိုကင်မရာများအား သူမ၏ခြေထောက်ဖြင့် နင်းချေဖျက်ဆီးလိုက်လေသည်။

ထိုကဲ့သို့လုပ်ပြီးနောက် သူမသည် မိုယွီထျန်ထံသို့လျှောက်သွားခဲ့သည်။

သူမ၏မျက်လုံးများသည် နီရဲနေကာ သူမ၏မျက်ဆံမှာ မျက်ရည်များနှင့်တောက်ပနေလေသည်။

“ယွီထျန်ကော ကျွန်မ မနေ့ညက ကောဆိုတာတကယ်မသိလိုက်တာပါ၊ တကယ်လို့ ကျွန်မ ကောဆိုတာကိုသာသိခဲ့ရင် ကျွန်မဘယ်သူကိုမှ ခေါ်ခဲ့မှာမဟုတ်ပါဘူး”

မိုယွီထျန်သည် အံ့အားသင့်သွားကာ

“မင်းဘာကိုဆိုလိုချင်တာလဲ”

“တကယ်တော့ ကိုယ်တို့တွေက တွဲနေတာလို့ တခြားသူတွေကိုပြောလိုက်ရင် မုဒိမ်းမှုနဲ့ စော်ကားမှုတွေက ရှိတော့မှာမဟုတ်ဘူး ဟုတ်တယ်မလား”

လင်းရှောင်၏အနီရောင်မျက်လုံးများသည် ချက်ချင်းတောက်ပလာကာ

“ယွီထျန်ကော ကျွန်မ ကော ဒီလိုဖြစ်သွားမှာကိုမမြင်ချင်ဘူး၊ ကျွန်မကောကိုကူညီနိုင်ပါတယ်၊ ကျွန်မတို့တွေက တွဲနေတာဆိုရင် ကျွန်မကောကို ကူညီပေးနိုင်ပါတယ်”

“ဒါပေမဲ့ မင်းသာကိုယ့်လိုမကောင်းတဲ့ မှတ်တမ်းရှိတဲ့သူနဲ့ တွဲမယ်ဆိုရင် မင်းရဲ့ဂုဏ်သတင်းကလည်း ဆိုးရွားသွားလိမ့်မယ်”

မိုယွီထျန်သည် သူ၏ မျက်လုံးအား အောက်ငုံ့လိုက်ကာ သူ့လေသံမှာ တိုးလာလေသည်။

“ကိုယ်မင်းကိုပါ ဆွဲမထည့်ချင်ဘူး”

“ကျွန်မဂရုမစိုက်ဘူး”

လင်းရှောင်းအလျင်အမြန်ပြောလိုက်ကာ

“ယွီထျန်ကော ကောက လူကောင်းတစ်ယောက်ဆိုတာ ကျွန်မသိပါတယ်၊ ကျွန်မကောအတွက် လုပ်ပေးဖို့ဆန္ဒရှိပါတယ်၊ ကောသာကျွန်မနဲ့ အတူရှိဖို့လက်ခံမယ်ဆိုရင် ကျွန်မ ကျုံးဟန် ရဲ့ PR ဌာနကိုပြောပြီးအခုချက်ချင်း ဖြေရှင်းချက်ထုတ်လိုက်လို့ရတယ်၊ အဲလိုဆိုရင် ရဲတွေက ကောကိုဖမ်းတော့မှာမဟုတ်ဘူး ကောလည်း အဆင်ပြေသွားလိမ့်မယ်”

မိုယွီထျန်သည် လင်းရှောင်အား စေ့စေ့ကြည့်နေလေသည်။

သူမ မျက်နှာသည် သေးငယ်သည့်အဖြူရောင်ပန်းပွင့်လေးကဲ့သို့ ဖြူစင်ကာချောမွတ်နေပြီး အထူးသဖြင့်သူမ၏ စာနာစိတ်ရှိကာ လှပသည့်မျက်လုံးများပင်ဖြစ်သည်။

သူမပြောလိုက်သည့်စကားလုံးတိုင်သည် မိုယွီထျန်၏ နှလုံးသားအား လှုပ်ရှားသွားစေခဲ့သည်။

သူမနှင့် အတူရှိခြင်းသည် သူ၏ နာမည်အား ရှင်းလင်းပေးနိုင်မည်ဖြစ်သည်။ သူမသည် သူ့အားကယ်တင်ရန်ရောက်နေခြင်းဖြစ်သည်။ သူမသည် သူ့ဘဝအတွက် အလင်းရောင်လေးဖြစ်ကာ သူ၏မဲမှောင်နေသည့်ကမ္ဘာအား ထွန်းလင်းသွားစေခဲ့သည်။

သို့ပေမဲ့ နောက်တစ်စက္ကန့်တွင်မူ မိုယွီထျန်သည် ရုတ်တရက်ရယ်မောလိုက်ကာ ထိုရယ်မောမှုတွင် လှောင်ပြောင်မှုများနှင့်ပြည့်နေလေသည်။

“လင်းရှောင်၊ တကယ်လို့ငါသာ ငါ့အဖေက မုဒိမ်းကောင်းဆိုတာကို ဖော်ထုတ်ခဲ့တဲ့သူက မင်းဆိုတာကိုမသိရင် ငါမင်းရဲ့ အလိမ်အညာတွေကိုယုံမိသွားမှာ”

လင်းရှောင် မျက်နှာပေါ်တွင် တစ်ခဏမျှလန့်ဖြန့်မှုများနှင့် ပြည့်နှက်သွားကာ သူမ၏သနားစရာမျက်နှာပေါ်တွင် အက်ကြောင်းတစ်ခုပေါ်လာခဲ့သည်။

တစ်ခဏကြာပြီးနောက် သူမသည် တောက်ပသည့်အပြုံးအား ထပ်ပြုံးလိုက်လေသည်။

“ကော ဘယ်တုန်းကသိသွားတာလဲ”

“ငါအမြဲတမ်းသိနေခဲ့တာ”

မိုယွီထျန်သည် စိတ်အေးအေးဖြင့်ပြောလိုက်လေသည်။

“ငါ သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ ဆုံးဖြတ်လိုက်တဲ့ နေ့ကတည်းက ငါ့အဖေရဲ့မဒိမ်းကောင်ဆိုတဲ့ ကိစ္စကြီးက ငါ့ရဲ့ အသက်မွေးဝမ်းကြောင်းမှာ အကြီးမားဆုံး အတားအဆီးဖြစ်မယ်ဆိုတာကို ငါသိပြီးသား၊ အဲဒါကြောင့်ငါက အဲအကြောင်းကိုသိတဲ့ သူငယ်ချင်းတွေ အတန်းဖော်တွေနဲ့ ရင်းနှီးနေတဲ့ ဆက်ဆံရေးကို အမြဲထိန်းသိမ်းနေခဲ့တယ်၊ ငါနာမည်ကြီးလာတဲ့ အခါမှာတော့ ငါရဲ့လိုင်းပေါ်မှာရှိတဲ့ မကောင်းသတင်းတွေအားလုံးကို ဖျက်ဖို့အတွက် ပိုက်ဆံတွေအများကြီးသုံးခဲ့တယ်”

“ငါလုံးဝရှင်းရှင်းလင်းလင်း လုပ်ခဲ့တယ်ဆိုတာကို ယုံကြည်နေခဲ့တယ်၊ အဲဒါကိုအဲအချိန်တုန်းက သိခဲ့တဲ့သူက ငါ့ရဲ့အေဂျင်စီStar Entertainment တစ်ခုတည်းပဲ၊ ငါတို့တွေက တစ်လမ်းတည်းကိုသွားနေကြတာ တကယ်လို့ငါသာ သူတို့ကိုဖုံးကွယ်ထားခဲ့မယ်ဆိုရင် သူတို့တွေ အဲမှန်တရားထွက်လာတဲ့အခါမှာ ရုတ်တရက်ကြီးဖြစ်သွားမှာလေ”

မိုယွီထျန် သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့ အမှန်တရားထွက်လာပြီးတဲ့အချိန်မှာတော့ သူတို့က ငါ့ကိုမကောင်းသတင်းတွေကို ရင်ဆိုင်ဖို့အတွက် ကူညီမယ့်ရည်ရွယ်ချက်မ ရှိကြလောက်ဘူးလို့တော့ ငါမထင်ထားခဲ့ဘူး၊ မကူညီတဲ့အပြင် သူတို့က ကုမ္ပဏီရဲ့အကျိုးစီးပွားကို ထိခိုက်စေတယ်လို့စွပ်စွဲပြီး ငါ့ရဲ့စာချုပ်ကိုရပ်စဲမယ်လို့ပါ ခြိမ်းခြောက်ခဲ့ကြတယ်”

“တကယ်တော့ အစတုန်းကငါမင်းကို သံသယမဝင်ခဲ့ဘူး”

မိုယွီထျန်သည် သူ့မျက်လုံးအားပင့်လိုက်ကာ အရှေ့ဆံပင်များမှာ သူ၏နက်ရှိုင်းသည့်မျက်လုံးများအား ပိတ်ဆို့ထားလေသည်။

“အဲဒါတင် မ က ဘူး၊ ငါက ငါအဆင်မပြေဖြစ်နေတဲ့ အချိန်မှာ ငါ့ကိုကယ်တင်ပေးလို့ မင်းကိုကျေးဇူးတင်နေခဲ့တာဖ ဒါပေမဲ့နောက်ကျတော့ ငါမင်းနဲ့ star entertainment က အရင်းအမြစ်တွေ အလဲအလှယ်လုပ်ခဲ့ကြတယ်ဆိုတာကို သိခဲ့ရတာ ပြီးတော့ ငါက အလဲအလှယ်အလုပ်ခံလိုက်ရတဲ့သူပဲ၊ အဲဒါကငါ့ကို သတင်းထုတ်ဖော်မှုက မင်းနဲ့ star entertainment ကလုပ်ခဲ့တာလားဆိုပြီး သံသယဝင်သွားစေခဲ့တယ်”

မိုယွီထျန် စကားပြောပြီးသွားချိန်တွင် သူသည် လင်းရှောင်အားတည်ငြိမ်စွာကြည့်လိုက်ကာ

“မင်းကငါ့ကို ဖျက်ဆီးပြီးတော့ ပြန်ကယ်တင်ပေးတယ်၊ မင်းတကယ်ကို ဘာလုပ်ချင်နေတာလဲ”

မိုယွီထျန် ရှင်းပြနေသည့်တစ်လျှောက်တွင် လင်းရှောင်၏ မျက်နှာပေါ်ရှိအပြုံးသည် တဖြေးဖြေးပျောက်ကွယ်သွားလေသည်။

သူမသည် ယခင်ယောက်ျားလေးအနုပညာရှင်များနှင့် မိုယွီထျန်သည် မတူညီသည်ကို အဘယ်ကြောင့်မေ့သွားရသနည်း။ သူသည်ကျောင်း၏ ဂုဏ်ဆောင်ဖြစ်ကာ IQ မြင့်မားလွန်းပြီး တရုတ်ရှိကြိုက်သည့် တက္ကသိုလ်အား သူတက်၍ရနိုင်သည်အထိပင်ဖြစ်သည်။

သေချာပေါက် သူမ၏လှည့်ကွက်များသည် သူ့မျက်လုံးအောက်တွင် ဖုံးကွယ်၍မရနိုင်ပေ။

“ကော ဒါတွေအားလုံးကိုသိနေတာကြာလှပြီ ဒါပေမဲ့ကောအခုမှကျွန်မကိုပြောတာပေါ့”

လင်းရှောင်သည် သူ့အားချီးကျူးချင်မိသည်။

သူမသည် သူ၏နှုတ်ခမ်းထောင့်အား နမ်းလိုက်သည်။

အတိတ်ကာလ ယောက်ျားသားများသည် ပျင်းစရာကောင်းလှလေသည်။ သူမအားရွေးချယ်ပြီးနောက် သူတို့သည် သူမအား ပြန်လည်အစားမထိုးနိုင်သည့် လရောင်ဖြူလေးကဲ့သို့ ဆက်ဆံကြလေသည်။ ထိုလမ်းစဥ်များသည် အသစ်အဆန်းများ စိတ်လှုပ်ရှားစရာများ မရှိပဲ လွယ်ကူလွန်းလှလေသည်။

သူမ၏ အရှေ့ရှိသူမှာ သေချာပေါက်ပို၍ စိတ်ဝင်စားစရာကောင်းလေသည်။ သူသည် သူမ၏အစီအစဥ်အားဖောက်မြင်နိုင်သော်ညား အရှုံးပေးဖို့ရန်ငြင်းဆိုနေဆဲဖြစ်သည်။

သူမသည် မိုယွီထျန်၏ သစ္စာဖောက်ခံလိုက်ရသည့် မျက်နှာအား ကြည့်ရသည်ကို ကြိုက်ပြီး သူတစ်စတစ်စ ဖျက်ဆီးခံနေရသည်ကိုကြည့်ကာ သူမအားမြေပြင်ပေါ်တွင် ဒူးထောက်၍ တောင်းပန်နေမည့်ပုံစံကိုမြင်ချင်လေသည်။

သူကိုအဲနည်းနဲ့ အနိုင်ယူတာကပိုပြီး စိတ်ကျေနပ်စရာ ကောင်းမယ်မလား။

မိုယွီထျန်သည် လင်းရှောင် သူ့အားကြည့်သည့် အကြည့်တွင် ဆိုးယုတ်သော ကျားသစ်တစ်ကောင်မှာ သေနေပြီးသား သားကောင်အားကြည့်သည့် အကြည့်မျိုးဖြစ်ခြင်းကို သတိပြုမိလေသည်။ ထိုခံစားချက်သည်သူ့အားအလွန်ပင် မသက်မသာဖြစ်စေလေသည်။

သူ မျက်မှောင်ကြုတ်သွားကာ ဆက်ပြောလိုက်သည်။

“ငါမနေ့ညက မင်းကို လုံးဝမထိခဲ့ဘူး၊ ငါ့အခန်းထဲကိုပြန်ရောက်တော့ မွှေးကြိုင်နေတဲ့ အနံ့တွေရပြီးတော့ ငါသတိလစ်သွားခဲ့တယ်၊ အဲဒါကမင်းလုပ်တာပဲ မဟုတ်ဘူး အဲဒါက မင်းရဲ့ပစ္စည်းတွေကို ကူသယ်ပေးခဲ့တဲ့ ဒရိုက်ဘာပဲ၊ သူက ငါ့ကို မင်းအခန်းထဲသယ်သွားပေးခဲ့တာ၊ မနေ့ညရဲ့ရှေ့တစ်ညကဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကြောင့်မလို့ ဘယ်သူမှငါ့ကိုဘာမှ မစစ်ဆေးရသေးပဲနဲ့ သံသယဝင်နေကြမှာမဟုတ်ဘူး”

လင်းရှောင်သည် ချီးကျူးရုံသာ တတ်နိုင်လေသည်။ မိုယွီထျန်၏ ရှင်းပြချက်မှာ မနေ့ညက အဖြစ်အပျက်နှင့် တစ်ပုံစံတည်းပင်ဖြစ်သည်။ အကယ်၍ သူမ၏ အကြံသာ အလုပ်မဖြစ်ခဲ့လျှင် မိုယွီထျန် လုံးဝ မေ့ဆေးမိခဲ့၊မမိခဲ့ကို သံသယဖြစ်မိမည်ဖြစ်သညိ။

“အခုကတော့ ကျွန်မကသာ ကောကို ကယ်နိုင်တဲ့တစ်ဦးတည်းသောသူပဲ”

လင်းရှောင်သည် မိုယွီထျန်အား အပြုံးလေးဖြင့်ကြည့်လိုက်ကာ

“ကောရဲ့ ကျန်သေးတဲ့ဘဝတစ်လျှောက်ကို ထောင်မှာပဲကုန်ဆုံးချင်လား၊ ကျွန်မရဲ့အရုပ်လေးအဖြစ်ခံမလား”

မိုယွီထျန်၏မျ က်လုံးများသည်ကြုတ်သွားကာ

“ငါအကုန်လုံးကို သိနေတာကိုတောင် မင်းဘာလို့ ငါကမင်းခြယ်လှယ်တာ ခံလောက်မယ်လို့ထင်နေရတာလဲ၊ ပြီးတော့ ငါသာမင်းလုပ်ခဲ့တာတွေကို ဖော်ထုတ်လိုက်မယ်ဆိုရင် အင်တာနက်သုံးစွဲသူတွေကရော မင်းကို ယုံနေကြဦးမယ်လို့ထင်လို့လား”

“ဟုတ်တယ်၊ ကောက အရမ်းဥာဏ်ကောင်းတာပဲ ကျွန်မလည်းစိတ်ဆင်းရဲနေတာ၊ ကျွန်မဖျက်ဆီးနိုင်တဲ့ အရုပ်တစ်ရုပ်ရှိ လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”

လင်းရှောင်သည် သူ၏မျက်နှာအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်ကာ

“တကယ်လို့ ကျွန်မ ကောကို မဖျက်ဆီးပစ်နိုင်ရင် ကျွန်မကောနဲ့ သက်ဆိုင်တဲ့သူတွေကို ဖျက်ဆီးဖြစ်ပစ်မယ်၊ ဥပမာပြောရရင် မုန့်ရုယန်၊ ဒီအချိန်တောအတွင်းမှာ ကော သူမနဲ့ ပတ်သက်ပြီး တအားဂရုစိုက်နေတယ်လို့ ကျွန်မထင်တယ်၊ ကော သူမကို ချစ်မိသွားတာများလား”

လင်းရှောင်သည်သူမ၏ခေါင်းအားစောင်းကာ ခဏမျှစဥ်းစားပြီးနောက်

“ကံမကောင်းစွာနဲ့ သူမကနာမည်ကြီး ပန်းလေးတစ်ပွင့်လေ ပြီးတော့ Time and Space entertainment ရဲ့အဓိကပဲ၊ သူမကို လုပ်ဖို့ကအဆင်ပြေမှာ မဟုတ်ဘူး”

“ဒါမှမဟုတ် ရှရှကိုဖျက်ဆီးကြရင်ရော၊ သူမကမနေ့ညတုန်း ကောရဲ့ မျက်နှာကိုတကယ်ပဲ ထိရဲခဲ့တာလေ၊ ကျွန်မသူမကို ပြန်ပေးဆပ်ရအောင်လုပ်ပစ်မယ်”

လင်းရှောင်၏စိတ်လှုပ်ရှားနေသည့်မျက်နှာသည် အနည်းငယ်ရက်စက်ကြမ်းကြုတ်သည့်ပုံပြလာကာ နောက်တစ်ခဏတွင်တော့ သူမစိုးရိမ်လာခဲ့သည်။

“ဒါပေမဲ့ မစ္စတာရှဲ့က သူမကိုအတော်လေးကြိုက်တဲ့ပုံပဲ၊ အဲအမျိုးသားကိုကြည့်ရတာ ပုံမှန်လိုပဲပေမဲ့ တကယ်တော့သူက ရက်စက်ပြီးကြမ်းတမ်းတယ်၊ ကျွန်မ သူ့ရဲ့လူကို သွားမထိပိုကောင်းလိမ့်မယ်”

“အဲဒါဆို ကောနဲ့ပတ်သက်နေသေးတာ ဘယ်သူရှိလဲ”

လင်းရှောင်သည် သူမ၏ ခေါင်းအားကုတ်ကာ အပြင်းအထန်စဥ်းစားနေလေသည်။

ချက်ချင်းပင် သူမ၏မျက်လုံးသည် လင်းလက်သွားကာ သူမ၏ နတ်သမီးကဲ့သို့မျက်နှာတွင် နတ်ဆိုးဆန်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“အာ ပြီးတော့ ကောရဲ့အမေလေ”

မော့ယွင်ထျန်း ၏တည်ငြိမ်နေသည့်မျက်နှာတွင် ထူးဆန်းသည့် အမူအယာများဖြတ်ပြေးသွားကာ သူမမျက်လုံးများသည် တုန်လှုပ်ကာ ရုတ်တရက်ကျဥ်းမြောင်းသွားလေသည်။

“ငါ့ရဲ့အမေကိုမထိနဲ့”

လင်းရှောင်သည် သူ၏မေးစေ့အားကိုင်ကာ အပြုံးပေးဖြင့် ပြောလိုက်လေသည်။

“တကယ်လို့ ကောသာ ကောနဲ့ကောရဲ့အမေကလည်း ကောရဲ့ အဖေဆီကနေ အမြဲအနိုင်ကျင့်ခံနေရတဲ့ ခံရသူတွေဆိုတာကို ဖော်ထုတ်လိုက်မယ်ဆိုရင် ကောရဲ့နာမည်ကိုရှင်းလင်းလို့ရတယ်လေ၊ အို ဒါပေမဲ့ ကော တခြားသူတွေကို ကောရဲ့အမေက အနိုင်ကျင့်ခံခဲ့ရတာကိုမသိစေချင်ဘူး ပြီးတော့ ငတုံးတစ်ယောက်အဖြစ် ပြောင်းသွားမှာကို မဖြစ်စေချင်ဘူးမလား”

“လင်းရှောင်!”

မိုယွီထျန် အော်လိုက်ကာ သူ၏မျက်နှာသည် နီမြန်းသွားလေသည်။ သူသည်အလွန်ပင်ဒေါသထွက်နေကာ သူမအား ထထိုးချင်သည်အထိပင်ဖြစ်သော်ညား လင်းရှောင်၏ ဒရိုက်ဘာသည်အလျင်အမြန် ရောက်လာကာ သူ့အားချုပ်ထားလေသည်။

လင်းရှောင်သည် တည်ငြိမ်နေကာ ဖြည်းညှင်းစွာပြောလိုက်လေသည်။

“သေချာပေါက် ကျွန်မ ကောရဲ့အမေကို ငတုံးတစ်ယောက်အဖြစ် ဖော်ထုတ်မှာမဟုတ်ဘူးလေ၊ အဲဒါက ကောကို အင်တာနက်သုံးစွဲသူတွေကစာ နာလာရုံပဲရှိမှာ၊ ကျွန်မအတွက်ကောင်းကျိုးမရှိဘူးလေ”

ပြီးနောက် သူမသည်အကြောင်းအရာအားပြောင်းလိုက်ကာ

“ဒါပေမဲ့ ကောရဲ့အမေက ကောက မဒိမ်းကောင်ဆိုတာကိုသိသွားရင်ရော”

မိုယွီထျန်သည် ထိုစကားလုံးများကြောင့် ထိတ်လန့်သွားခဲ့သည်။

သူ၏ လှပသည့်မျက်လုံးများသည် ယခုတွင်တော့ သွေးများထွက်နေသကဲ့သို့ဖြစ်ကာ သူ့မျက်လုံးများမှာ မျက်လုံးအိမ်ထဲမှထွက်မတတ် ပြင်းထန်စွာစိုက်ကြည့်နေလေသည်။

သူမူလတွေးခဲ့သည်မှာ လင်းရှောင်သည်သူ့အား လူတိုင်းကို မုဒိမ်းကောင်ဟုထင်စေကာ ဖျက်ဆီးပစ်ချင်သည်ဟု ထင်ထားခဲ့လေသည်။

သူသည် ဤသည်မှာလှည့်ကွက်မဟုတ်ပဲ ငါးစာချရုံသာဖြစ်သေးကြောင်း မတွေးမိခဲ့ပေ။ သူမ အမှန်တကယ်ဖျက်ဆီးချင်သည့် သူမှာ သူ၏အမေပင်ဖြစ်သည်။

“တကယ်လို့ ကျွန်မ မမှားဘူးဆိုရင် ကောအမေကိုလည်း ကောအဖေကမဒိမ်းကျင့်ခဲ့တာပဲမလား”

လင်းရှောင်၏ မျက်နှာပေါ်တွင် အပြစ်ကင်းစင်သည့် အကြည့်ရှိနေကာ မိုယွီထျန်၏ မျက်နှာအား ညင်သာစွာ ပွတ်သပ်နေလေသည်။

“သူမရဲ့အဖိုးတန်သားလေးက မုဒိမ်းကောင်ဖြစ်လာပြီး ရာဇဝတ်သားရဲ့ ဗီဇတွေကိုဆက်ခံထားတယ်ဆိုတာကို သူမသိရင် ဘယ်လိုဖြစ်သွားမယ်လို့ထင်လဲ”

“သူမအတော်လေးစိတ်ပျက်သွားမှာပဲမလား”

လင်းရှောင်ရယ်မောလိုက်သည်။

သူမအရှေ့သို့တိုးလာကာ မိုယွီထျန်၏ မျက်နှာအား ညင်သာစွာ ပုတ်ပေးလိုက်လေသည်။

“ရဲတွေက ဒီညခုနစ်နာရီမှာ ရောက်လာကြမှာ၊ ရဲတွေမရောက်လာခင် ကျွန်မကိုအဖြေပြောပြဖို့ မမေ့နဲ့နော် မဟုတ်ရင်တော့.. ကောက ဥာဏ်ကောင်းတာပဲ ကောကျွန်မနောက်ထပ် ဘာလုပ်မယ်ဆိုတာကိုသိတယ်မလား”

ပြီးနောက်သူမ၏ လက်အားဝှေ့ယမ်းလိုက်ကာ ဒရိုက်ဘာသည်လည်း မိုယွီထျန်အား လွတ်ပေးလိုက်လေသည်။

မိုယွီထျန်၏ ခြေထောက်များသည် အားမရှိတော့ကာ ဒူးထောက်လျက်ကျသွားလေသည်။

လင်းရှောင်သည် သူမဝင်လာသည့်အခါကဲ့သို့ ထွက်သွားသည့်အခါတွင်လည်း အောင်နိုင်သူ လေထုများနှင့်ထွက်ခွာသွားခဲ့လေသည်။

မနေ့ညနှင့် မနေ့ည၏အရှေ့တစ်ည၌ ဖြစ်ပျက်ခဲ့သည့်အရာများကြောင့် ရိုက်ကူးရေးအဖွဲ့သားအများစုသည် သူတို့၏အခန်းထဲတွင် တိတ်ဆိတ်စွာနေနေကြလေသည်။

ဒါရိုက်တာလုနှင့် လက်ထောက်ဒါရိုက်တာသည်လည်း အတော်လေး ဒုက္ခရောက်နေကြလေသည်။ သရုပ်ဆောင် မိုယွီထျန်အား ဆက်လက်ရိုက်ကူးဖို့ရာမှာ လုံးဝမဖြစ်နိုင်ပေ။ ခံရသူဖြစ်သည့် လင်းရှောင်မှာလည်း သူမ၏စာချုပ်အားဖျက်သိမ်းဖို့ များနေကာ ထိုနှစ်ဦးလုံး၏ ဇာတ်ကောင်များအတွက် လူလဲရန်လိုအပ်လာလေသည်။

ကံကောင်းစွာဖြင့် ရိုက်ကူးရေးအဖွဲ့သည် လဝက်မျှသာ ရိုက်ကူးပြီးသေးသည်ဖြစ်ကာ လင်းရှောင်နှင့် မိုယွီထျန် ပါဝင်သည့် အခန်းများလည်း သိပ်မရှိသေးပေ။ သူတို့ယနေ့တွင် တောင်ပေါ်ကဆင်းသွားနိုင်သည်ကို အားသာချက်ယူ၍ သူတို့နှစ်ဦးမှာ အစည်းအဝေးခန်းထဲတွင် သရုပ်ဆောင်များ ရှာဖွေနေကြပြီဖြစ်သည်။

တခြားတစ်ဖက်တွင် မုန့်ရုယန်နှင့်ရီကျစ်ခိုင်တို့သည်လည်း သူတို့၏ အခန်းထဲတွင်နေနေကြလေသည်။

သူမရှရှနှင့် လူခွဲပြီးနောက်တွင် မုန့်ရုယန်သည် အင်တာနက်ပေါ်ရှိသတင်းများအား အဆက်မပြတ်စစ်ဆေးနေလေသည်။

ယခုအင်တာနက်သုံးစွဲသူများသည် မိုယွီထျန်အား မုဒိမ်းကောင်အဖြစ် သတ်မှတ်လိုက်ကြလေသည်။ သူသည် နာမည်ကြီးတစ်ဦးမဟုတ်သကဲ့သို့ ပရိတ်သတ်များနှင့် ထောက်ခံသူများလည်းသိပ်မရှိပေ။ အများအမြင်မှာ သူ့အား ဝေဖန်ကြခြင်းဖြစ်သည်။

ထူးဆန်းစွာဖြင့် မိုယွီထျန်၏ ပရိတ်သတ်များသည် သိသိသာသာစွဲမြဲနေကြသေးကာ နှုတ်ထွက်မည့်အကြောင်းအား မကြေညာကြသေးပေ။

ဖြစ်နိုင်သည်မှာ သူတို့သည် “မုဒိမ်းကောင်” ထုတ်ဖော်မှုအား ကြံ့ကြံ့ခိုင်ခံခဲ့ရကာ အခြားပရိတ်သတ်များ၏တိုက်ခိုက်မှုသည် သူတို့အားသန်မာစေခဲ့လေသည်။

အမျိုးမျိုးသောမုန်တိုင်းများအားခံခဲ့ရပြီးနောက်တွင် မိုယွီထျန်၏ ပရိတ်သတ်များသည် သိသိသာသာစည်းလုံးလာကြလေသည်။ သူ၏ ပရိတ်သတ်အဖွဲ့အနည်းငယ်နှင့် သူ့အား ထောက်ပံပေးသည့်အဖွဲ့တို့တွင် တူညီသည့် မက်ဆေ့ချ်တစ်ခုရှိလေသည်။

“ငါတို့တွေ ရဲအမှုထမ်းတွေထုတ်ပြန်တာကိုပဲစောင့်ကြမယ်”

သူတို့သည် အမှန်တရားအားမသိပေ၊ သို့သော် သူတို့ အချိန်အကြာကြီးချစ်မြတ်နိုးခဲ့ရသည့် တစ်စုံတစ်ယောက်အား သံသယမဝင်ချင်ပေ။

ထိုကြောင့် သူတို့သည် ရဲဝန်ထမ်းများ ၏ထုတ်ပြန်မှုကိုသာစောင့်ကြမည်ဖြစ်သည်။

သို့သော် ထိုကဲ့သို့တည်မြဲနေမှုသည် အခြားပရိတ်သတ်များနှင့် အင်တာနက်သုံးစွဲသူများထံမှ ရှုံ့ချမှုအားဖြစ်ပေါ်စေခဲ့သည်။

အထူးသဖြင့် မုန့်ရုယန်၏ ပရိတ်သတ်များသည် သူတို့ ကျဲသည် ခံရသူဖြစ်သည်ဟုထင်နေကြကာ ပို၍ပင်ဒေါသထွက်နေကြပြီး မိုယွီထျန်နှင့် သူ၏ပရိတ်သတ်များအား ပို၍ပင် စွပ်စွဲပြောဆိုနေကြလေသည်။

မုန့်ရုယန်သည် ထိုရှုံ့ချမှုအားကြည့်၍ ပြင်းထန်စွာ နာကျင်ခံစားခဲ့ရလေသည်။

မနေ့ည၏ ရှေ့တစ်နေ့ညတွင် သူမသည် မိုယွီထျန်နှင့် အတူရှိနေခဲ့သည်ဟု မပြောရဲခဲ့၍ မနေ့ညတွင် အခြားသူများအားလုံးသည် သူ့အားမဒိမ်းကောင်ဟု အလွယ်ပင် သတ်မှတ်လိုက်ကြလေသည်။

ရှရှနှင့်အခြားသူများ၏ ခန့်မှန်းချက်မှာမှန်နေခဲ့ကာ မိုယွီထျန်သည် လင်းရှောင်ထံမှ ချောက်ချခံရသည်မှာ အမှန်ဖြစ်ပြီး သူ့ဖြူစင်မှုအားပြသရန် သက်သေရှာမတွေ့ခဲ့လျှင် မည်ကဲ့သို့လုပ်မည်နည်း။

မုန့်ရုယန်သည် သူမ၏ဖုန်းအားကိုင်ထားကာ ဝေ့ဘိုပေါ်တွင် မိုယွီထျန်အတွက် ရှင်းလင်းချက် ပို့စ်အား အကြိမ်ပေါင်းများစွာ တင်ပေးချင်နေလေသည်။

သူမသည် မိုယွီထျန် အပြောခံရသည်ကို မမြင်ချင်ကာ အထူးသဖြင့် သူမ၏ပရိတ်သတ်များ ပြောနေသည်ကို မမြင်ချင်ပေ။

ရီကျစ်ခိုင်သည် မုန့်ရုယန်၏ဘေးတွင်ဝင်ထိုင်လိုက်ကာ သူ၏ လက်မောင်းအားဆန့်တန်း၍ သူမပုခုံးပေါ်တွင်တင်လိုက်လေသည်။

“ကျစ်ခိုင်”

မုန့်ရုယန်၏မျက်လုံးမှာနီရဲနေခဲ့သည်။

“ရှင်ကျွန်မ မိုယွီထျန်ကို ရှင်းလင်းဖို့ကို ကူညီပေးသင့်တယ်လို့ထင်လား”

ရီကျစ်ခိုင်သည် သူမ မနေ့ညရှေ့တစ်ညက မိုယွီထျန်၏ စော်ကားမှုအား ရှင်းလင်းပေးခဲ့မည်ဆိုလျှင်တောင် မနေ့ညက မုဒိမ်းကျင့်မှုသည် အများအား သိစေကာ ဒေါသထွက်စေမည်ပင်ဖြစ်သည်ကို သေချာသိလေသည်။

မုန့်ရုယန် ထိုကိစ္စအားရှင်းပေးမရှင်းပေးခြင်းသည် အရေးမပါပေ။

သို့ပေမဲ့သူသည် မုန့်ရုယန်၏ခေါင်းလေးအား အသာလေးပွတ်လိုက်ကာ

“မင်းအပြစ်ရှိတယ်လို့ ခံစားနေရတယ်ဆိုရင် သွားပြီးရှင်းပြပေးလိုက်ပါ၊ အဆင်ပြေပါတယ်၊ ကိုယ်မင်းအနောက်မှရှိနေပါတယ်”

မုန့်ရုယန်သည် ခါးသီးစွာပြုံးလိုက်ကာ

“ကောက ဒီနှစ်ရဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုမှာ ဇကာတင်ဝင်ထားတာအသေအချာပဲ၊ ဒါပေမဲ့ သတင်းတွေပေါက်သွားမယ်ဆိုရင် ကောဇကာတင် စာရင်းကနေ ပြုတ်သွားလိမ့်မယ်”

ရီကျစ်ခိုင်သည် ရယ်မောလိုက်သည်။

“ကိုယ့်အသက်က သုံးဆယ်ပဲရှိပါသေးတယ်၊ ကိုယ်က ရုပ်ရှင်လောကရဲ့ဘုရင် ရှဲ့ကျစ်ရှင်းလိုမဟုတ်ဘူးလေ၊ ကိုယ်က အသက်သုံးဆယ်မှာ အကောင်းဆုံးရုပ်ဆောင်ကိုမရနိုင်လောက်ဘူး၊ ဒါပေမဲ့ လေးဆယ်မှာတော့မရနိုင်လောက်ဘူးဆိုတာကိုမယုံဘူး”

သူသည် မုန့်ရုယန်၏ ချွန်ထွက်နေသည့်နှာခေါင်းလေးအား ညစ်လိုက်ကာ

“မင်းဘာကိုပဲရွေးရွေး ကိုယ်မင်းကိုထောက်ခံပေးနေမှာပါ”

မုန့်ရုယန် မိုယွီထျန်အား ချုပ်နှောင်ထားသည့် နေရာသို့ ရောက်ချိန်တွင် ညနေ ခြောက်နာရီပင်ခွဲနေပြီဖြစ်သည်။

နောက်နာရီဝက်နေလျှင် ရဲများသည် မိုယွီထျန်အား ခေါ်ဆောင်သွားဖို့ရာ ရောက်လာကြတော့မည်ဖြစ်သည်။

“မစ္စမုန့် ဘာလို့အထဲကိုဝင်မှာပါလဲ”

တံခါးဝရှိ လုံခြုံရေသည့်မျက်မှောင်ကြုတ်လိုက်ကာ

“သူကရာဇတ်သားတစ်ယောက်ပါ၊ ဘာလို့မစ္စတို့ အဖွဲ့သားတွေအကုန်လုံး သူ့ကိုတွေ့ချင်နေကြတာလဲ”

မုန့်ရုယန်သည် အံ့ဩသွားကာ

“ဘယ်သူက ကျွန်မအရင်လာသွားသေးလို့လဲ”

“မနေ့ညသန်းခေါင်လောက်တုန်းက မိတ်ကပ်ပညာရှင်ရှရှနဲ့ ပါပါရာဇီကုံးသန်းတို့လာသွားကြတယ်”

လုံခြုံရေးသည် သူ၏လက်ချောင်းအားသုံး၍ ရေတွက်လိုက်ကာ

“လွန်ခဲ့တဲ့တစ်နာရီလောက်တုန်းက လင်းရှောင်လို့ခေါ်တဲ့ သရုပ်ဆောင်တစ်ယောက်လည်း သူရဲ့ဒရိုက်ဘာနဲ့အတူ လာသွားသေးတယ်၊ သူတို့တွေအားလုံးက လုံခြုံရေးအားကောင်းကြတယ် အခုကမစ္စအလှည့်ပဲ၊ မစ္စရောတစ်ယောက်တည်းလား ကျွန်တော်တို့ မစ္စနဲ့အတူလိုက်ဝင်ပေးရမလား”

မုန့်ရုယန်သည် သူမ၏ခေါင်းအားခါလိုက်ကာ

“စိတ်မပူပါနဲ့၊ ကျွန်မဝင်ပြီးစကားနည်းနည်းပြောပြီးတာနဲ့ မကြာဘူး ပြန်ထွက်လာခဲ့မှာပါ”

မုန့်ရုယန်အခန်းထဲသို့ပြန်ဝင်သွားလေသည်။

မိုယွီထျန်းသည် ပုံမှန်အတိုင်း ပြတင်းပေါက်ဘေးတွင်ထိုင်နေကာ ပုဇွန်ဆီရောင်​နေဝင်ချိန်အား ကြည့်နေလေသည်။

သူလှည့်ကြည့်လိုက်ချိန်တွင် မုန့်ရုယန်အားတွေ့သောအခါ သူ၏နှုတ်ခမ်းအား တွန့်ကွေးကာပြုံးပြလိုက်လေသည်။

“မုန့်လောင်ရှီး”

မုန့်ရုယန်သည် မိုယွီထျန်အား မြင်လိုက်ချိန်တွင် လိုင်းပေါ်ရှိသူ့အား ရှုံ့ချနေသည့် မှတ်ချက်များအားချက်ချင်းတွေးမိသွားလေသည်။

“မိုယွီထျန် ကျွန်မ ရှင့်ကိုကူညီချင်ပါတယ်၊ ကျွန်မ ရဲတွေနဲ့အင်တာနက်သုံးစွဲသူတွေကို မနေ့ညက လင်းရှောင်ရဲ့ အခန်းထဲကိုခိုးဝင်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တဲ့သူက ရှင်မဟုတ်ဘူးဆိုတာကို ပြောပြပေးလို့ရတယ်”

မိုယွီထျန်သည် သူ၏ခေါင်းအား မျှော်လင့်ချက်မဲ့စွာ ခါယမ်းလိုက်ကာ

“မလိုပါဘူး”

“ဘာလို့လဲ”

မုန့်ရုယန်သည် အလျင်အမြန်ပြောလိုက်လေသည်။

“အနည်းဆုံးတော့ လူတိုင်းအမှန်တရားတစ်ခုကို သိသွားကြတာပေါ့”

မိုယွီထျန်သည် အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် ခေါင်းမော့လာကာ မုန့်ရုယန်အား လေးနက်စွာစိုက်ကြည့်လိုက်သည်။

“မုန့်လောင်ရှီး လောင်ရှီးအဲလိုလုပ်ပေးချင်တာက လောင်ရှီး ကျွန်တော့်အပေါ် အပြစ်ရှိတယ်လို့ခံစားနေရလို့မလား”

မုန့်ရုယန် ရပ်တန့်သွားခဲ့သည်။

သူမသည် တရားမျှတမှု၏သံတမာန်မဟုတ်ပေ။ သူမသည် မိုယွီထျန်၏ နာမည်ကိုသာ ရှင်းလင်းပေးချင်ကာ ထိုသို့လုပ်ပေးချင်စိတ်၏အများစုမှာ သူမနှလုံးသားထဲရှိ အပြစ်ရှိစိတ်အား မလိုလားသောကြောင့်ဖြစ်သည်။

ပြတ်ပြတ်သားသားပြောရလျှင် အပြစ်ရှိစိတ်ကြောင့်သာဖြစ်သည်။

အကယ်၍ မိုယွီထျန်သည် လင်းရှောင်းအား အမှန်တကယ် အဓမ္မပြုကျင့်ခဲ့လျှင် သူမသည်ထိုသို့ပြောဖို့တွေးမိမည်မဟုတ်ပေ။

သို့ပေမဲ့ ထိုသို့မဟုတ်ခဲ့လျှင် မိုယွီထျန်သာ အမှန်တကယ်အကျဥ်းချခံလိုက်ရလျှင် သူမ မုန့်ရုယန်သည်ကြံရာပါဖြစ်ကာ တကယ့်အပြစ်သားအား ဓါးကမ်းမိသကဲ့သို့ဖြစ်သွားမည်ဖြစ်သည်။

“မုန့်လောင်ရှီး တကယ်လို့လောင်ရှီးတကယ်ပဲ အပြစ်ရှိတယ်လို့ခံစားနေရတယ်ဆိုရင်”

မိုယွီထျန်သည် သူ၏အိတ်ကပ်ထဲမှ ဘဏ်ကဒ်အားထုတ်ကာ မုန့်ရုယန်အားကမ်းပေးလိုက်ပြီး

“အနာဂတ်မှာ ကျွန်တော့်အမေကို ကူပြီးစောင့်ရှောက်ပေးထားလို့ရမလား”

မုန့်ရုယန်သည် စိတ်ရှုပ်ထွေးနေသည့်မျက်နှာနှင့် ဘဏ်ကဒ်အားယူလိုက်လေသည်။

မိုယွီထျန်သည် သူ၏ အချည်ခံထားရသည့်လက်အား မြှောက်လိုက်ပြီး သူ့ခေါင်းအားညွှန်ပြပြီး

“ကျွန်တော်အမေရဲ့ ဦးနှောက်ကသိပ်မကောင်းဘူး၊ သူမကစောင့်ရှောက်ရေး‌ဂေဟာမှာ ရှိနေတာ၊ အခုပေးလိုက်တဲ့ပိုက်ဆံတွေက သူမ တစ်သက်လုံးစာအတွက်လုံလောက်မှာပါ၊ လောင်ရှီးက ဘိုးဘွားရိပ်သာကသူတွေ သူမကို အနိုင်မကျင့်တာသေချာအောင် စောင့်ကြည့်ပေးရုံပါပဲ အဲဒါဆိုရပါပြီ”

“ရှင်ကရော”

မုန့်ရုယန်သည် ဝေဝါးနေလေသည်။ သို့ပေမဲ့ သူမသည် သူမ မေးလိုက်မိသည်ကို နောင်တရသွားလေသည်။ မိုယွီထျန်၏ စကားလုံးများသည် သူထောင်ထဲဝင်လိုက်မည်ဖြစ်ကာ သူ့အမေအား သူမထံအပ်ထားမည်ဟု ရှင်းရှင်းလင်းလင်းဆိုလိုနေလေသည်။

“ကျွန်တော် သူမကိုဆက်ပြီးဂရုစိုက်ပေးလို့မရတော့ဘူး”

မိုယွီထျန်သည် စိတ်ပျက်လက်ပျက်နှင့် မျက်လုံးအားမှိတ်လိုက်လေသည်။

“မဟုတ်ဘူး ရပါသေးတယ်”

မုန့်ရုယန် လျှင်မြန်စွာနှစ်သိမ့်လိုက်လေသည်။

“ရှရှက စန်းနျန်းနျန်းတောင်ကနေ ရဟတ်ယာဥ်စီးပြီးထွက်သွားတယ်၊ သူမပြောတာ သူမ ရှင့် အတွက်ရှင်းပြဖို့ကူညီပေးနိုင်တယ်တဲ့၊ သူမ ရှင့်အတွက်သေချာပေါက် ရှင်းပြဖို့ကူညီပေးမှာပါ”

မိုယွီထျန်သည် ရှရှအား သိလေသည်။

သူအဖမ်းဆီးခံလိုက်ရပြီးနောက် ပထမဆုံးလာခဲ့သူမှာ ရှရှပင်ဖြစ်သည်။

သူ့ ဖြူစင်မှုအားမည်သို့ ဖော်ထုတ်နိုင်မည်ကို ဆွေးနွေးသွားရုံသာမက သူမသည် အခန်းထဲတွင် ကင်မရာနှစ်လုံးအားလည်း တပ်ဆင်သွားခဲ့သည်။

သို့ပေမဲ့ အဓိကအချက်မှာထိုကိစ္စအားရှင်းနိုင်ပါမည်လား ဖြစ်လေသည်။

သူကအရှုံးမပေးပဲ အပြစ်ရှိကြောင်းဝင်မခံဘူးဆိုလျှင် လင်းရှောင်သည် သူ့အား သူ၏ အမေနှင့် ခြိမ်းခြောက်နေမည်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်များတစ်လျှောက်တွင် သူ့အား အိမ်တွင်းအကြမ်းဖက်သည့် ဖခင်ထံမှ တစ်လျှောက်လုံးကာကွယ်ပေးခဲ့သူမှာ သူ့ မိခင်ပင်ဖြစ်သည်။

သူသည် သူမိခင်အား မကာကွယ်နိုင်ခဲ့၍ သူမသည်စားပွဲထောင့်နှင့်သူမခေါင်း ထိခိုက်မိတာ စိတ်ကျန်းမာရေးထိခိုက်သွားခဲ့လေသည်။

သူ သူ၏မိခင်အားအကြွေးတင်နေသည့်အရာများ များလွန်းလေသည်။

ပြန်လည်ဆပ်နိုင်မည့် အရာများ ထိုတစ်နည်းသာရှိသည်။

မိုယွီထျန်သည် မုန့်ရုယန်အားပြုံးပြကာ

“မုန့်လောင်ရှီး အဲဒါက လောင်ရှီး ကျွန်တော့်ကို ကျေးဇူးဆပ်လို့ရတဲ့နည်းပဲ၊ လောင်ရှီးကျွန်တော်ကိုကူညီမယ်မလား”

မုန့်ရုယန် ခေါင်းငြိမ့်လိုက်သည်။

ဤသည်မှာ စောင့်ရှောက်ရေး‌ဂေဟာရှိ အိုမင်းနေသည့်အမျိုးသမီးတစ်ဦးအား စောင့်ရှောက်ပေးကာ သူမအား ထိုနေရာမှအနိုင်မကျင့်စေရန် တားဆီးပေးရန်သာဖြစ်သည်။ ဤသည်မှာ ခက်ခဲသည့်အရာမဟုတ်ပေ။

“ရှင် ဒီကိစ္စကြီးက ဖြေရှင်းလို့ရတယ်ဆိုတာကို ယုံကြည်ထားဖို့လိုတယ်”

မုန့်ရုယန်သည် မိုယွီထျန်အား ဆက်လက်တိုက်တွန်းနေလေသည်။

မိုယွီထျန် ခေါင်းငြိမ့်လိုက်သည်။

“ရဲတွေလာနေကြလောက်ပြီ၊ လောင်ရှီး မြန်မြန်လေးပြန်သင့်ပြီ”

မုန့်ရုယန်သည် အနည်းငယ်တုံ့ဆိုင်းနေသေးသော်ညား သူမရှိနေခြင်းသည် ဘာမှအဓိပ္ပါယ်ရှိမည်မဟုတ်သည်ကို သိလေသည်။ သူမသည် သူ၏ဘဏ်ကဒ်ကိုသာယူ၍ လှည့်ထွက်ရုံသာတတ်နိုင်လေသည်။

တံခါးပိတ်သွားသည်နှင့် ပြုံးစစဖြစ်နေသည့် မိုယွီထျန်၏မျက်နှာမှာ ချက်ချင်းပင်ဆိုးရွားကာ အေးစက်သွားခဲ့သည်။

သူ၏အကြီးမားဆုံး ပူပင်မှုအား အပ်ထားလိုက်နိုင်ပြီဖြစ်သည်။

မုန့်ရုယန်သည် အနည်းငယ်ရူးကြောင်ကြောင်နိုင်၍ အလိုက်လိုက်ခံထားရသည်ကို သိသော်ညား သူမသည်လူကောင်းတစ်ယောက်ဖြစ်သည်ကို သိလေသည်။ သူမကိုယ်သူမအပြစ်ရှိိစိတ်ပိုခံစားရလေလေ သူမ သူ့မိခင်အား ပို၍ကောင်းမွန်စွာ စောင့်ရှောက်ပေးလေလေဖြစ်မည်ဖြစ်သည်။

သူသည် မုန့်ရုယန်အား ထိုနေ့ည၍ ပြဿနာအားမဖြေရှင်းပေးခဲ့၍ ဒေါသထွက်ခဲ့သည်။ လိုင်းပေါ်ရှိ အင်တာနက်သုံးစွဲသူများ၏ ခွဲခြားဆက်ဆံခြင်းကြောင့် ဒေါသထွက်ခဲ့ကာ ဘုရားသခင်ကသူ့အားပေးလိုက်သည့် ကံကြမ္မာအားလည်း ဒေါသထွက်မိလေသည်။

ယခုတွင်တော့ သူသည် သူတို့၏အပြစ်ရှိစိတ်အား သူ့ကိုကူညီရန်အတွက် အသုံးချနေလေသည်။

ယခုတွင်တော့ ဖြေရှင်းရမည့်ကိစ္စအများစုမှာ ပြီးသွားပြီဖြစ်သည်။

မိုယွီထျန်သည်လှည့်လိုက်ကာ အခန်းတွင်းရှိ ပြတင်းပေါက်အားဖွင့်လိုက်လေသည်။

တိုင်ဖွန်းမုန်တိုင်း၏နောက်ဆက်တွဲများမှာ မပျောက်ပျက်သေးကာ အေးခဲနေသည့်လေများသည် သူ့အဝတ်များကြားထဲသို့တိုက်နေကာ သူ့သေတမ်းစာစောင်အား စားပွဲ၏ထောင့်သို့ လွင့်ထွက်သွားစေခဲ့သည်။

“နှုတ်ဆက်ပါတယ်”

မိုယွီထျန်သည်သူ ၏နောက်ဆုံးစကားအားပြောလိုက်ပြီးနောက် ခုနစ်လွှာပေါ်မှ ခုန်ချသွားခဲ့သည်။

All Chapters