← Chapters

အခန်း (၅၆)

Vol. 6 Ch. 56

အခန်း (၅၆)

Vol. 6 Ch. 56

မိုယွင်ထျန်၏ ဘောင်းဘီစသည် ပြတင်းပေါက်ပေါ်သို့ ဖြတ်ဝင်လာသည်နှင့် အားကောင်းသည့်လက်တစ်စုံသည် ရုတ်တရက် သူ့အား လှမ်းဖမ်းသည်။

မိုယွင်ထျန်၏ အလေးချိန်မရှိသော ခန္ဓာကိုယ်သည် ရုတ်တရက် လေးလံသွားပြီး သူ့လက်မောင်းများပင် ပြုတ်ထွက်တော့မည့်အလား ဖြစ်သွားသည်။

သူ့အား ပြတင်းပေါက်၌ လာရောက်ဖမ်းဆုပ်သော အမျိူးသားကိုကြည့်လိုက်သည့်အချိန်တွင် ထိုသူသည် ရှဲ့ကျစ်ရှင်းဖြစ်နေသည်။

ရှဲ့ကျစ်ရှင်းသည် ရိုးရိုး အဖြူရောင်ရှပ်အင်္ကျီကိုသာ ၀တ်ဆင်ထားပြီး လက်မောင်းများ တင်းထွက်နေကာ အင်္ကျီအောက်ရှိ ကြွက်သားများသည် မသိမသာမြင်နေရပေသည်။

မိုယွင်ထျန်သည် ရှဲ့ကျစ်ရှင်း၏လက်မောင်းပေါ်တွင် ခြစ်ရာအစင်းကြီးတစ်ခုအားတွေ့လိုက်ရပြီး သွေးများထွက်နေကာ သူ့ကိုဖမ်းဆုပ်ထားရန် ပင်ပန်းနေဟန်ရှိသည်။ အနီရောင်တောက်နေသောသွေးများသည် သူ့အင်္ကျီအတွင်းမှ စိမ့်ထွက်နေပြီး အဖြူရောင်အင်္ကျီပေါ်တွင် မြင်မကောင်းအောင် ပေပွနေသည်။

သူသည် ဘလူးတုသ် နားကြပ်နှစ်ခုကို ၀တ်ဆင်ထားသော်လည်း ဆွဲဖြုတ်လိုက်သည့်အခါ ၎င်းတို့သည် ပြုတ်ကျသွားသည်။နားကြပ်များ မိုယွီထျန်၏ နားထဲ၌ မရှိတော့ချိန်တွင် မိုယွီထျန်သည် စကားပြောသံများ၏ ပဲ့တင်သံများကိုပင် ကြားနေရသည်။

"မိုယွီထျန် သေချာကိုင်ထား"

ရှဲ့ကျစ်ရှင်းသည် အံကြိတ်၍‌ပြောဆိုလိုက်သည်။

သူ၏ ကြွက်သားတွေ သန်မာသော်လည်း အရွယ်ရောက်ပြီးသူတစ်ယောက်အား လက်တစ်ဖက်တည်းနှင့် ဆုပ်ကိုင်ထားရသည်မှာ မလွယ်ချေ။ သူသည် မိုယွီထျန်ကို ဆွဲကိုင်လိုက်တိုင်း သူ၏လက်မောင်းပေါ်ရှိ ဒဏ်ရာသည် ပြတင်းပေါက်ဘောင်နှင့် ပွတ်တိုက်မိကာ ရှဲ့ကျစ်ရှင်းအား ပို၍နာကျင်စေသည်။

"ရှဲ့လောင်ရှီး သွားခွင့်ပြုပါ”

မုန့်ယွီထျန်သည် ခပ်ယဲ့ယဲ့ပြုံးပြလိုက်သည်။

"ငါအသက်ရှင်နေသရွေ့ လင်းရှောင်က ငါ့အမေကို ဒုက္ခပေးနေလိမ့်မယ်၊ ငါ့အတွက်တော့ သေလိုက်တာက အကောင်းဆုံးနည်းလမ်းပဲ"

သူ၏လက်များကို ချည်နှောင်လိုက်ပြီး ရှဲ့ကျစ်ရှင်း၏ လက်များကိုလည်း သူ့ကြိုးနှင့်အတူ တွဲချည်လိုက်သည်။ အကယ်၍ ရှဲ့ကျစ်ရှင်းသာ မလွတ်ခဲ့လျှင် သူလဲကျမည်မဟုတ်‌ချေ။

စူးရှသောလေသည် နှစ်ကိုယ်ကြားဖြတ်တိုက်သွားက မိုယွီထျန်၏ မျက်လုံးများသည် အဖြူမှ အနီရောင်သို့ ပြောင်းလဲလာသည်။ သူ၏အသံသည် အထိန်းအကွပ်မရှိ တုန်ရီ‌နေသည်။

"ဒီနှစ်တွေမှာ ငါအရမ်းပင်ပန်းခဲ့ရတယ်"

နေထိုင်ရသည်မှာ ပင်ပန်းလွန်းလှသည်။

ရှဲ့ကျစ်ရှင်း၏ နဖူးသွေးကြောများသည် အားအလွန်အကျွံသုံးမှုကြောင့် ထင်းထွက်နေသည်။

သူသည် မိုယွီထျန်အား ဆုပ်ကိုင်ထားပြီး အကြာကြီး ငြိမ်သက်နေခဲ့သည်။

"သူပြန်မလာမချင်း မင်းကိုမသေစေရဘူးလို့ ငါကတိပေးထားတယ်"

"ဒါပေမဲ့ ငါ မနေချင်တော့ဘူး"

မိုယွီထျန်သည် ကူကယ်ရာမဲ့စွာ ပြောသည်။

"ငါတကယ်ပင်ပန်းနေပြီ"

အတိတ်မှ အရာအားလုံးသည် ထင်းရှားစွာ ပြန်လည်သတိရလာသည်။

အသစ်မွေးဖွားခြင်းသည် ဂုဏ်ပြုထိုက်သည့် အကြောင်းရင်းတစ်ခုဖြစ်သည်ဟု ဆိုကြပြီး ဘဝရောက်ရှိလာမှုသည် တောက်ပသောအနာဂတ်နှင့် အဆုံးမဲ့ဖြစ်နိုင်ချေများဟု ဆိုကြသည်။

သို့သော် မိုယွီထျန်၏ကမ္ဘာတွင် သူ၏ဖြစ်နိုင်ချေများသည် အဝေးတွင် ပိတ်လှောင်ထားခြင်းခံရသည်။

သူမှတ်မိသည့်အချိန်တွင် အဆုံးမဲ့အမှောင်ထု၏ နှုတ်ဆက်ခြင်းကို ခံနေရပြီဖြစ်သည်။

သူ မျက်လုံးဖွင့်လိုက်သည့်အချိန်တိုင်း သူ၏အဖေသည် သူ(သို့မဟုတ်) သူ့အမေအား အနိုင်ကျင့်မည်ကို အမြဲစိုးရိမ်နေခဲ့ရသည်။ သူသည် ကြောက်ရွံ့မှုများ၊ စိုးရိမ်သောကများနှင့်သာ နေထိုင်ခဲ့ရပြီး ညဘက်များ၌ မည်သည့်အခါမျှ ကောင်းမွန်စွာ မအိပ်စက်ရခဲ့ချေ။

နောက်ပိုင်း သူကျောင်းစတက်သည့်အခါ သူ၏‌လောင်ရှီးသည် စာကြိုးစားလျှင် အတိတ်ကံကြမ္မာမှ လွတ်ကင်းပြီး တောက်ပသည့် အနာဂတ်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်ဟု ပြောခဲ့သည်။

ထို့ကြောင့် သူသည် အခြားသူများထက် ပို၍ စာကြိုးစားခဲ့သည်။ အခြားကျောင်းသားများသည် ကျူရှင်ဆရာများ သို့မဟုတ် သူတို့၏မိဘများအား မေးမြန်းစူးစမ်းနိုင်သော်လည်း သူသည် ထိုသို့မလုပ်နိုင်ချေ။ ထို့ကြောင့် သူသည် သင်ယူရန် အခွင့်အရေးများကို အမြဲမပြတ်ရှာဖွေနေခဲ့ပြီး အခြားသူများထက် ပို၍ လေ့လာသင်ယူခဲ့သည်။

သူသည် အလွန်ကြိုးစား၍ ပညာရေးကိုလေ့လာလိုက်စားကာ အလွန်မြင့်မားသော အထင်ကြီးဖွယ်အမှတ်များရရှိပြီး တရုတ်နိုင်ငံရှိ မည်သည့်တက္ကသိုလ်ကိုမဆို တက်ရောက်ခွင့်ရရိှခဲ့သည်။

သို့သော် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေမည့်နေ့တွင် သူသည်အရာရာကိုဆုံးရှုံးခဲ့ရပြီး ဆယ့်ရှစ်နှစ်ကြာ သူ့အား ပြုစုစောင့်ရှောက်ခဲ့သည့် တစ်ဦးတည်းသောမိခင်ဖြစ်သူကိုပင် ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်။

ထို့နောက် သူသည် ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်လာခဲ့သည်။

ဖျော်ဖြေရေးနယ်ပယ်သည် ကျော်ကြားမှုနှင့် ကံကြမ္မာဖန်တီးရာ ကမ္ဘာတစ်ခုဖြစ်ပြီး တစ်ညတည်းဖြင့် နေ့ချင်းညချင်း အောင်မြင်သွားနိုင်သည်။

သူသည် ညတွင်းချင်း အောင်မြင်လာရန် အခွင့်အရေးတိုင်းကို ရှာဖွေခဲ့ပြီး သူ့ကိုယ်သူ ပွဲဦးထွက်ထုတ်ဖော်ပြသရန် ကြိုးစားခဲ့သည်။ "ရှန်းလျန်" သည် နောက်ဆုံးတွင် သူ့အား ကံကြမ္မာလှည့်ပြောင်းရန် အခွင့်အရေးပေးခဲ့ပြီး အတိတ်၏အမှောင်ထုကို နှုတ်ဆက်ခွင့်ပြုခဲ့သည်။

မထင်မှတ်ပဲ သူ့အား စောင့်ကြိုနေသည့်အရာမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းသော ငရဲတွင်း ဖြစ်သည်။

ယခုတွင် သူသည် ရိုးရိုးရှင်းရှင်း သရုပ်ဆောင်သာ ဖြစ်ချင်သည်။ ပန်းခင်းထားသည့်အနာဂတ်ကို မမျှော်လင့်သည့်တိုင် တခြားသူများ၏ လက်ခံမှုများကိုလည်း မမှီခိုချင်တော့ပေ။

သူသည် ဘဝကို ရိုးရှင်းစွာပင် ဖြတ်သန်းချင်ခဲ့သည်။

သို့ဖြစ်သော်လည်း ဤကမ္ဘာကြီးသည် သူ့ကို ဘယ်တော့မှ အလွတ်မပေးခဲ့ချေ။

ဤနှစ်များကြာပြီးနောက် မိုယွီထျန်သည် အမှန်တရားတစ်ခုသာ သိလာခဲ့ရသည်။ ဘဝတွင် အဆိုးဆုံးဟူသည် မရှိ‌‌ချေ။ ပိုဆိုးလာသည်များသာ ရှိလေသည်။

မိုယွီထျန်သည် ဖြူစင်ပြီး လေးနက်သည့် မျက်လုံးများဖြင့် မော့ကြည့်သည်။

"ရှဲ့လောင်ရှီး ကျေးဇူးပြုပြီး လွှတ်လိုက်ပါတော့၊ ငါတကယ်ပင်ပန်းနေပြီ"

သူ၏အမေ မတော်တဆမှုဖြစ်ပြီးနောက်တွင် သူသည် အလင်းရောင်ကို ထပ်မံမခံစားရတော့ပေ။ သူ့အမှောင်ကမ္ဘာကို လင်းထိန်စေနိုင်သည်ဟု သူထင်သည့် တစ်ခုတည်းသောအလင်းရောင်မှာ လင်းရှောင်ဖြစ်သည်။ သို့သော် သူမသည် ဆူးများပြည့်နေသောကြာဖြူကဲ့သို့ ထွက်ပေါ်လာပြီး သူ့အားတွင်းနက်ကြီးထဲသို့ ကျစေသော တရားခံဖြစ်သည်။

မိုယွီထျန်၏ အသံသည် လေထဲတွင် အက်ကွဲ‌နေပြီး

"‌ရှဲ့လောင်ရှီး၊ ငါ့တစ်ဘဝလုံးကို အမှောင်ထဲမှာပဲ ဆက်နေရမယ်ဆို ဘာအဓိပ္ပါယ်ရှိတော့မှာလဲ "

၎င်းသည်လည်း မေ့ထား၍မရချေ။

ရှဲ့ကျစ်ရှင်း၏မျက်နှာသည် မိုယွီထျန်၏နာကျင်မှုတွင် ကိုယ်တိုင် နှစ်မြှုပ်နေသည့်အလား ညိုမှိုင်းနေသည်။

သူတစ်ပါး၏မျက်ရည်ကို မခံစားကြည့်ဘဲနှင့် အခြားသူ၏ ဝမ်းနည်းပူဆွေးမှုကို နားမလည်နိုင်ပေ။

သူသည် မိုယွီထျန်မဟုတ်သည့်အတွက် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ဘာမျှ မပြောနိုင်ပေ။

အချိန်အတော်ကြာပြီးနောက် သူသည် မျက်လုံးများကို ပင့်လိုက်ပြီး ပြတင်းပေါက်၌ ကျနေသော မိုယွီထျန်အား စေ့စေ့ကြည့်၍ ပြောလိုက်သည်။

“ငါပြောခဲ့တာတွေက ဟုတ်မဟုတ်မသေချာပေမယ့် မင်းကို ကူညီပေးနိုင်မယ်လို့ ငါထင်တယ်"

မိုယွီထျန်သည်အံ့အားသင့်သွားပြီး ရှဲ့ကျစ်ရှင်းအား စိုက်ကြည့်နေသည်။

“သူက တစ်ချိန်က မင်းလိုကောင်လေးတစ်ယောက်ကို တွင်းနက်ကြီးထဲ‌ကနေ ဆွဲထုတ်ပေးခဲ့တယ်၊ အဲတော့ သူ မင်းကို ကူညီပေးနိုင်မယ်လို့ ငါယုံကြည်တယ်။”

ရှဲ့ကျစ်ရှင်းသည် ပြုံးလိုက်သည်။

“မင်းလည်း ငါ့ကိုယုံနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်"

မိုယွီထျန်၏ မျက်လုံးများတွင် အနာဂတ်မျှော်လင့်ချက် မီးတောက်လေးများ တောက်လောင်လာသည်။

သူ့အား ရှဲ့ကျစ်ရှင်းသည် ကယ်တင်ခဲ့ပြီး သူတို့ နှစ်ယောက်စလုံးသည် ပြတင်းပေါက်ကို မှီ၍ အသက်ပြင်းပြင်းရှူလိုက်ကြသည်။

"ရှဲ့လောင်ရှီး၊ မင်းပြောနေတဲ့သူက ရှရှ မလား"

မိုယွီထျန်သည် မေးသည်။

"သူမ...သူမက မိတ်ကပ်ပညာရှင်မဟုတ်လား"

"သူ့မှာ တခြားနာမည်ရှိသေးတယ်၊ မင်းကြားဖူးလောက်မှာပါ”

ညမိုးချုပ်သည်နှင့် ရှဲ့ကျစ်ရှင်းသည် ပြတင်းပေါက်မှတဆင့် မွန်းတည့်နေ ရဟတ်ယာဉ် ထွက်ခွာသွားသည့် လမ်းကြောင်းကို ကြည့်နေသည်။

"သူ့နာမည်က အလိမ်အညာများကို ဖော်ထုတ်သူ "

*

ညခုနစ်နာရီပင်ထိုးနေပြီဖြစ်သည်။ စန်းနျန်းနျန်းတောင်မှဖြတ်သွားသော တံတားတွင် လူများရှင်းလင်းသွားပြီး ကွေ့ကောက်သော တောင်တက်လမ်းတစ်လျှောက်တွင် ဥဩသံများ အော်ဟစ်မြည်တမ်းနေသည်။

ရိုက်ကူးရေးအဖွဲ့သားများသည် ဟိုတယ်ဝန်ထမ်းများနှင့်အတူ ဧည့်ခန်းတွင် စုဝေး‌နေကြသည်။

ထို့နောက် ရဲများ‌ရောက်လာပြီး မိုယွီထျန်အား လက်ထိပ်ခတ်လိုက်သည်။ ကျန်ရှိနေသည့် အဖွဲ့သားတွင် အမှုနှင့်ပတ်သက်သည့်သူများသည် သက်သေထွက်ဆိုပေးရမည်ဖြစ်သည်။

မထွက်ခွာခင်တွင် လင်း‌ရှောင်သည် မိုယွီထျန်အနားသို့ ချဉ်းကပ်လာပြီး နှစ်ကိုယ်ကြားသာကြားနိုင်သည့်အသံတိုးတိုးဖြင့် ပြောသည်။

"ကောယွီထျန်၊ ကျွန်မ တို့ ခနေနေ သက်သေထွက်ဆိုရတော့မှာ၊ အခုချိန်က အဖြေပေးသင့်နေပြီလို့ မထင်ဘူးလား"

မိုယွီထျန်၏ အေးစက်သော မျက်လုံးများသည် ရွံရှာမှုများဖြင့်ပြည့်နှက်နေသည်။ သူ လှမ်းကြည့်လိုက်သည့်အချိန် ရှဲ့ကျစ်ရှင်းသည် မဝေးသောနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ရှဲ့ကျစ်ရှင်းသည် အခြားအရာရှိတစ်ဦး၏ဘေးတွင် ရပ်နေပြီး သူ၏အမူအရာမှာ တုန်လှုပ်‌နေသော်လည်း သူ၏နှုတ်ဆိတ်နေသောနှုတ်ခမ်းများသည် “သူမကိုယုံလိုက်”ဟု ပြောနေပုံရသည်။

အကယ်၍ မင်းသားရှဲ့သာ တစ်ယောက်ယောက်ကို ယုံကြည်နိုင်လျှင် သူသည်လည်း တစ်‌ခါလောက် ယုံကြည်သင့်သည်မဟုတ်လော။

မိုယွီထျန်သည် ဒေါသတကြီးပြောသည်။

“မင်းနဲ့ အတူရှိနေဖို့မဖြစ်နိုင်ဘူး၊ လက်လျော့လိုက်တော့"

တစ်ချိန်က ပြုံးနေခဲ့သည့် လင်း‌ရှောင်၏မျက်နှာသည် ချက်ခြင်း‌ပြောင်းလဲသွားပြီး သူမသည် မိုယွီထျန်အား ဒေါသတကြီး စိုက်ကြည့်နေသည်။

ခဏအကြာတွင် သူမသည် တောက်ပသည့်အပြုံးကို ပြန်လည်တပ်ဆင်လိုက်ပြီးနူးညံ့သိမ်မွေ့သောလေသံဖြငင့်

"ဒါဆိုလည်း ရှင့်အမေကို ဓားစားခံအနေနဲ့ ကျွန်မသုံးရလိမ့်မယ်၊ ကောယွီထျန်၊ နောက်မှ နောင်တမရနဲ့‌နော်”

*

ကျန်ချန်းရှိ နာတာရှည်ရောဂါကုဆေးခန်းတွင် ဖြစ်သည်။

ဤ‌နေရာသည် ကျန်ချန်းရှိ ဆိတ်ငြိမ်သော ဆင်ခြေဖုံးရပ်ကွက်ရှိ ဘိုးဘွားရိပ်သာတစ်ခုဖြစ်ပြီး တောင်များနှင့် မြစ်ဘေးတွင် တည်ရှိ‌ကာ အနီးနား ပတ်ဝန်းကျင်သည် သာယာလှသည်။

ဆေးခန်းတွင် ကျောက်တုံးများ၊ စီးဆင်းနေသောရေများနှင့်ဆောက်လုပ်ထားသည့် ဥယျာဉ်ငယ်တစ်ခုရှိသည်။ ညနေ ခုနစ်နာရီဝန်းကျင်တိုင်းတွင် ဆေးခန်းမှ လူနာများသည် ပန်းခြံထဲတွင် လမ်းလျှောက်ထွက်‌လေ့ရှိသည်။

သူနာပြုနှစ်ယောက်သည် တံခါးဝတွင် ရပ်၍ အတင်းအဖျင်းစကားများပြောနေလျက် ဥယျာဉ်အတွင်းရှိ လူနာများအား စောင့်ကြပ်ကြည့်ရှုနေသည်။

သူနာပြုများထဲမှ တစ်ဦးသည် ရှောင်ချန်းဟုခေါ်သည့် အသစ်က‌လေးဖြစ်သည်။ ဥယျာဉ်ထဲသို့ လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် ဆံပင်ဖြူနှင့် ဉာဏ်ရည်မမှီသည့် အမျိုးသမီးတစ်ဦးကို သတိပြုမိသည်။

"ကျန်းကျဲ ၊ အဲအန်တီမို... သူက မုဒိမ်းကျင့်သမား မိုယွီထျန်ရဲ့အမေမလား"

ကျန်းကျဲသည် လန့်သွားပြီး ရှောင်ချန်၏ပါးစပ်ကို အလျင်အမြန်ပိတ်လိုက်သည်။ အန်တီမိုဘက်သို့ ကြည့်လိုက်သည့်အချိန်တွင် အန်တီမိုသည် ဒီဘက်မှ ဆူညံသံများကို သတိမထားမိသည်ကို တွေ့ရသည့်အခါမှသာ စိတ်သက်သာရာ ရသွားတော့သည်။

သူမသည် တစ်ဖန်ပြန်လှည့်လာပြီး လက်ကိုလွှတ်လိုက်ကာ ရှောင်ချန်၏ခေါင်းကို တစ်ချက်ခေါက်လိုက်သည်။

“လူနာရှေ့မှာ သူ့သားအကြောင်းကို ဘယ်သူက ပြောခိုင်းလို့လဲ"

ရှောင်ချန်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အင်တာနက်မှာ ပြောနေကြတာပဲလေ၊၊ သူက နာမည်ကြီး မင်းသမီးမုန့်ရုယန်ကို မုဒိမ်းကျင့်တယ်လို့ ပြောနေကြတာပဲ"

ကျန်းကျဲသည် ရှောင်ချန်အား ကြိမ်းမောင်းလိုက်သည်။

"ဒါတွေက အွန်လိုင်းက ကောလဟာလတွေပါဟာ ရဲတွေက ဘာမှ ကောက်ချက်မချရသေးဘူး၊ ရှောင်မို နဲ့ အန်တီမိုတို့ နှစ်ယောက်လုံးက အရမ်းသဘောကောင်းတာ သူတို့က ဘောင်ခတ်ခံနေရရုံသက်သက်ပဲ၊ အဲအကြောင်းကို အန်တီမိုရှေ့မှာ ထပ်မပြောနဲ့"

ရှောင်ချန်သည် မသိမသာ ခေါင်းငြိမ့်လိုက်သည်။

"နားလည်ပါပြီ”

သူမ ပန်းခြံထဲ၌ ထိုင်နေသည့် မိုမားမားကို ကြည့်လိုက်‌သောအခါ သူမ၏ရေခွက်သည် အလွတ်ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

“အန်တီမိုရဲ့ ရေကုန်သွားပြီပဲ၊ ကျွန်မ သွားယူလိုက်ဦးမယ်၊ ဒါက ကျွန်မရဲ့ မလေးစားမှုအတွက် တောင်းပန်ခြင်းပဲ"

ကျန်းကျဲလည်း သဘောတူခေါင်းညိတ်လိုက်ပြီး ရှောင်ချန်သည် ရေကရားအိုးအား ဥယျာဉ်ထဲသို့ ယူသွားခဲ့သည်။

မိုမားမားသည် ပန်းခြံအတွင်းရှိ ခုံတန်းလျားတစ်ခုပေါ်တွင် ထိုင်၍ သူမ၏ တက်ဘလက်ပေါ်တွင် match-3 ဂိမ်းကို ကစားနေသည်။

ရှောင်ချန်သည် ရှေ့သို့တိုးလာပြီး တက်ဘလက်ပေါ်ရှိ ခလုတ်ကို နှိပ်လိုက်သည်နှင့် စကရင်သည် ချက်ချင်းပင် ပိတ်ကျသွားခဲ့သည်။

မိုမားမားသည် အံ့ဩသွားပြီး ရှောင်ချန်အား ဆူလေသည်။

"ဘာလို့ ပိတ်လိုက်တာလဲ၊ ငါ ဆော့လို့မရတော့ဘူး..."

ရှောင်ချန်သည် ရေကရားကို ဘေး၌ ချလိုက်ပြီး တက်ဘလက်ကို ပြုံးကာ ကိုင်လိုက်သည်။

"အန်တီမို တက်ဘလက်က တစ်ခုခု ဖြစ်နေပုံပဲ၊ ကျွန်မ ကြည့်ကြည့်မယ်နော်"

မိုမားမားသည် ခေါင်းငြိမ့်ပြသည်။

“ဒါဆို မင်းငါ့ကိုကူညီစမ်းပါ၊ ကြည့် ကြည့်"

သူမသည် လက်မထောင်ပြသော အမူအရာ ပြလေသည်။

"မင်းက တကယ်ကို လူကောင်းပဲ"

ရှောင်ချန်သည် ပြုံးလိုက်ပြီး တက်ဘလက်ကို ကိုင်၍ မတ်တပ်ရပ်ကာ မိုမားမား မမြင်နိုင်သော ထောင့်ကို တမင်တကာ ရွေးလိုက်သည်။

ဘိုးဘွားရိပ်သာရှိ စက်ကိရိယာများကို ဝိုင်ဖိုင်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသည်။ ရှောင်ချန်သည် Weibo ကို ဖွင့်လိုက်သည်။ ခေတ်စားနေသော ရှာဖွေမှုများတွင် မိုယွီထျန်နှင့် ပတ်သက်သည့်များသည် ပြည့်နှက်နေသည်။ သူမသည် "မုဒိမ်းကောင် မိုယွင်ထျန်အား ရဲများလာရောက်ဖမ်းဆီးခြင်း" နှင့်ပတ်သက်သည့် သတင်းနှင့် ဗီဒီယိုများကို ရိုက်ပြထားသည့် ကြုံရာပို့စ်တစ်ခုအား နှိပ်လိုက်သည်။

ရှောင်ချန်သည် အလွန်ကျေနပ်နေပြီး မဲ့ပြုံးပြုံးကာ မိုယွီထျန် ဖမ်းဆီးခံရသည့် ဗီဒီယိုဖွင့်ထားသော တက်ဘလက်ကို မိုမားမားအား ပေးလိုက်သည်။

"အန်တီ၊ ပြင်ပြီးပြီ၊ ကြည့်လိုက်ပါဦး”

…

မိုယွီထျန်အား ရဲများ ခေါ်ဆောင်သွားသည့် ဗီဒီယိုများသည် အင်တာနက်ပေါ်တွင် ပြည့်နှက်နေသည်။

ဤဗီဒီယိုကို လင်းရှောင်၏ ယာဉ်မောင်းမှ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ မိုယွီထျန်သည် လင်းရှောင်အား ငြင်းပယ်သည်ကို အတည်ပြုပြီးနောက်၊ ထိုဗီဒီယိုကို ကျုံးရှင်းမီဒီယာ၏ ပြည်သူ့ဆက်ဆံရေးဌာနသို့ ပေးပို့ကာ ကျုံးရှင်းနှင့် ဆက်စပ်သော စျေးကွက်ရှာဖွေရေးအကောင့်များစွာအား ထုတ်ပြန်‌စေခဲ့သည်။

မိုယွီထျန်သည် လင်း‌ရှောင်ကို ငြင်းဆိုလိုက်သည်မှစ၍ သူမသည် လွယ်လွယ်နှင့် ထွက်သွားခွင့် မပေးရန် ဆုံးဖြတ်ထားခဲ့သည်။

ဖြစ်စဉ် မစမီတွင် သူမသည် ထိုညတွင် သတိလစ်နေသည့် မိုယွီထျန်အား မည်သူမျှ မသိစေရန် စန်းနျန်းနျန်းတောင်ပေါ်ရှိ စောင့်ကြည့်ကင်မရာများကို ယာဉ်မောင်းအား စစ်ဆေးစေခဲ့သည်။ နှစ်ဆယ့်လေးနာရီအကြာ ရဲများသည် စန်းနျန်းနျန်းတောင်ပေါ်သို့ ရောက်ရှိလာသည့်အချိန်တွင် မိုယွီထျန်၏ အပြစ်ကင်းကြောင်း သက်သေပြနိုင်သည့် တစ်ခုတည်းသော အထောက်အထားသည် အချိန်နဲ့အမျှ ပျောက်ကွယ်သွားခဲ့သည်။

ယခုတစ်ကြိမ်တွင် မိုယွီထျန်အား မုဒိမ်းမှုဖြင့် အပြစ်‌မပေးနိုင်လျှင်တောင် မုဒိမ်းကျင့်ရန် ကြံစည်ခြင်းသည် သူ့အား ခွင့်မလွှတ်စရာပင်ဖြစ်သည်။

မိုယွီထျန်အား ဤသို့ဖြစ်သည်အထိ တွန်းပို့ခဲ့သော်ငြား သူ့ဘက်မှ အသနားမခံသည်ကို သူမ မယုံနိုင်ချေ။

အွန်လိုင်းပေါ်ရှိ အင်တာနက်သုံးစွဲသူများသည် မိုယွီထျန်သည် အဖမ်းခံရလိမ့်မည်ဟု မျှော်လင့်ထားပြီး ရဲများမှ သူ့အား ခေါ်ဆောင်သွားသည့် ဗီဒီယိုကို မြင်သောအခါတွင် အချို့သည် ချက်ချင်းပင် လှုပ်ရွလာကြသည်။

[ရဲ‌‌တွေလည်း‌ရောက်လာပြီ၊ လက်ထိတ်လည်းခတ်ထားတယ်၊ ကြည့်ရတာ မုဒိမ်းမှုကို အတည်ပြုလိုက်ပြီ ထင်တယ် ]

[သင်းကွပ်ပြီး ထောင်ချလိုက်၊ ဒီလူဆိုးကို လွှတ်မပေးပါနဲ့]

[သူ့အဖေအကြောင်း ဖော်ထုတ်ပြီးကတည်းက သူ့ကို အနုပညာလောကထဲက ထုတ်လိုက်သင့်တာ၊ မိုက်မဲတဲ့ကောင်]

[ဝေါင်း၊ ငါတို့ ယန်ယန်အတွက် စိတ်မကောင်းဘူး၊ အဲတုန်းက ဇာတ်လမ်းကိုရိုက်ဖို့ ငြင်းခဲ့သင့်တာ၊ အရမ်းကံဆိုးတာပဲ]

[ယန်ယန်ကို ဗီဒီယိုထဲမှာ တွေ့တယ်၊ ယန်ယန်က ဝမ်းနည်းနေသလိုပဲ၊ အဲဒါ ဟိုလူယုတ်မာ မိုယွီ အနိုင်ကျင့်လို့နေမှာ]

[မိုယွီထျန်လို လူမျိုးကို သေဒဏ်ပေးသင့်တယ်၊ သင်းကွပ်ပြီး ထောင်ချမနေနဲ့၊ သူ့လိုလူမျိုးက အသက်ရှင်ဖို့ မထိုက်တန်ဘူး]

[ဟုတ်တယ်၊ ဒီလို လူယုတ်မာမျိုးကသေဒဏ်နဲ့ပဲ ထ

တန်တယ်]

[ရဲ‌တွေက မိုယွီထျန်ကို ပုံမှန်စစ်ဆေးမေးမြန်းဖို့ပဲ ခေါ်သွားတာပါ၊ သူတို့က အတိအကျ‌တောင် မထုတ်ပြန်ရသေးဘူး၊ မင်းတို့က သူ့ကို သေဒဏ်ပေးချင်နေကြတာလား]

[ဝိုး၊ မိုယွီထျန်ရဲ့ ရူးသွပ်တဲ့ပရိသတ်လေးတွေ ရောက်လာပြီပဲ၊ သူ့လိုကောင်ကို ဘာကြည့်ကြိုက်တာလဲ]

[သူတို့က အဲလူယုတ်မာကို အရူးအမူးကြိုက်တဲ့သူတွေလား၊ ဘယ်လိုတောင် ရူးကြတာလား]

[တရားဝင်ထုတ်ပြန်ချက်‌တွေကို ဘာလို့စောင့်နေမှာလဲ၊ မိုယွီထျန်က မုဒိမ်းကောင်ဆိုတာ 100% သေချာတယ်]

"သူသာ မဟုတ်ရင် ငါ ဒီကီးဘုတ်ကို စားပစ်မယ်"

...

မိုယွီထျန်အား စော်ကားပြောဆိုမှုများသည် အင်တာနက်ပေါ်၌ ပြည့်နှက်နေခဲ့သည်။

Weibo၌ ခေတ်စားနေသည့် ရှာဖွေမှု သတင်းငါးဆယ်အနက် လေးဆယ်သည် မိုယွီထျန်၏ သတင်းများဖြစ်သည်။

လူအများစု၏အမြင်တွင် မိုယွီထျန်အား မုဒိမ်းကျင့်သည့်သူတစ်ယောက်အဖြစ်သာ အစွန်းဆုံမြင်‌နေကြသည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် Weibo တွင် ခေတ်စားနေသော ထိပ်တန်းရှာဖွေမှုငါးခုကို ဝယ်ယူလိုက်ပြီး တစ်ခုစီသည် အလိမ်အညာများဖော်ထုတ်သူ၏ Weibo ပို့စ်နှင့် တိုက်ရိုက်ချိတ်ဆက်‌နေသည်။

"မိုယွီထျန်က မုဒိမ်းကျင့်တဲ့သူလား၊ သက်သေက ဘယ်မှာလဲ"

အလိမ်အညာများဖော်ထုတ်သူသည် သက်သေအထောက်အထားများကို အမြဲသဲလွန်စပေးလေ့ရှိပြီး အင်တာနက်အသုံးပြုသူများအား သူတို့ကိုယ်တိုင် အမှန်တရားကို ဖော်ထုတ်စေသည်။

ယခုတစ်ကြိမ်တွင် သူမသည် သူမ၏ထင်မြင်ချက်ကို တိုက်ရိုက်ဖော်ပြခဲ့သည်။

“မိုယွင်ထျန်က မုဒိမ်းကျင့်တဲ့သူလား၊ အထောက်အထားက ဘယ်မှာလဲ"

၎င်းနောက်တွင် "သတင်းတစ်ခု၊ ဖရဲသီးငါးလုံး" သင်မသိသေးသည့် ပန်းဖြူလေးအကြောင်းပြောပြမယ် ဟု ခေါင်းစဉ်တပ်ထားသည့် Weibo ပိုစ့်အရှည်ကြီးတစ်ခုရှိလေသည်။

"အားလုံးပဲမင်္ဂလာပါရှင့်၊ ကျွန်မ ဒီကို လျှို့ဝှက်ချက်အချို့ကို ထပ်မံဖော်ပြဖို့ ရောက်ရှိလာပါပြီ၊ ဖရဲသီးငါးလုံးကို တစ်ပြိုင်နက် ထုတ်ဖော်ပြသပေးမှာဖြစ်တဲ့အတွက် အားလုံးအံ့ဩသွားကြလိမ့်မယ်လို့ အာမခံပါတယ်”

"ဒီနေ့ ဖရဲသီးတွေအားလုံးက L လို့ ခေါ်တဲ့ အမျိုးသမီး ကြယ်ပွင့်လေးတစ်ဉီးအကြောင်းပါ၊ သူမဟာ အနုပညာလောကထဲမှာ နှစ်နှစ်နီးပါး ကျင်လည်နေခဲ့ပြီး ဇာတ်လမ်းအနည်းငယ်သာ ရိုက်ကူးထားပေမယ့် ချစ်ခြင်းမေတ္တာ အတွေ့အကြုံကတော့ ကြွယ်ဝပါတယ်၊ သူမကို "အချစ်ရူး"လို့လည်း ပရိသတ်တွေက ချစ်စနိုးခေါ်ကြပါတယ်၊ ဒါကြောင့် ဒီနေ့တော့ အချစ်ရူးရဲ့ အချစ်အတွေ့အကြုံလေးခုအကြောင်းကို ပြောပြလိုက်ကြရအောင်။

"အချစ်အတွေ့အကြုံလေးမျိုး၊ ဖရဲသီးလေးလုံး"

[ကျီကျီက လျှို့ဝှက်ချက်တွေ ဖော်ထုတ်ဖို့လာနေပြီ]

[ကျွန်တော်ကျီကျီရဲ့ ဖရဲသီးတွေကို အချစ်ဆုံးပါ၊ ရှေ့ဆုံးတန်းမှာ ထိုင်ခုံတောင် ယူပြီးသွားပြီ]

[ ဒီနေ့ လူတိုင်းက မိုယွီထျန်အကြောင်း ပြောနေကြတာ။ ကျီကျီရဲ့ဖရဲသီးငါးလုံးက မိုယွီထျန်အကြောင်းတော့ မဟုတ်ဘူးမလား ]

[စောင့်မျှော်နေတယ်၊ အဲဒါကို စောင့်မျှော်နေတယ် ကျီကျီရဲ့ ဖရဲသီးက အမိုက်ဆုံးပဲ ]

…

"ပထမဆုံး ဖရဲသီး၊ အချစ်ရူးရဲ့ ပထမဆုံးရည်းစား၊ တစ်ချိန်က အနုပညာအသိုင်းဝိုင်းမှာ ရေပန်းစားခဲ့တဲ့ အိုင်ဒေါလ်တစ်ယောက်၊ သူ့ကိုတော့ Tလို့ပဲ ထားလိုက်ကြတာပေါ့

"လွန်ခဲ့တဲ့ နှစ်နှစ်က T ဟာစတော်ဘယ်ရီဗီဒီယို ကထုတ်လွှင့်တဲ့ အိုင်‌ဒေါလ်လူရွေးပွဲအစီအစဉ်မှာ ပါဝင်ပြီး နေ့ချင်းညချင်း နာမည်ကြီးလာတယ်၊ အဲရှိုးကိုကြည့်ရင်း အချစ်ရူးက Tကို ချစ်မိသွားခဲ့တယ်၊ စီမံခန့်ခွဲရေးကုမ္ပဏီဥက္ကဌရဲ့သမီးအဖြစ် သူမရဲ့ အဆင့်အတန်းကိုအသုံးချပြီး လျှို့ဝှက်စွာနဲ့ စိတ်အားထက်သန်စွာနဲ့ T ကိုဆွဲဆောင်ခဲ့တယ်၊ ဒါပေမဲ့ T က အချစ်ရူးကို ငြင်းဆိုပြီး သူ့ရဲ့အလုပ်အပေါ်မှာပဲ အာရုံစိုက်ခဲ့တယ်”

“မမျှော်လင့်ဘဲ တစ်လအကြာမှာ T ကို သူ့ရဲ့လက်ထောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ စွပ်စွဲခဲ့တယ်၊ အဲအချိန်က သက်သေအထောက်အထားတွေ ခိုင်လုံမှုမရှိ‌ပေမယ့်၊ လက်ထောက်ရဲ့ မျက်ရည်ကျလောက်စရာ စွပ်စွဲချက်တွေအပြင် ဘလိမ်းမာတွေရဲ့ လှုံ့ဆော်မှုနှဲ့အတူ အွန်လိုင်းမှာ ပျံ့နှံ့မှုကြီး တစ်ခုဖြစ်စေခဲ့တယ်၊ အမှတ်တံဆိပ်များစွာကလည်း သူ့ကို ပူးတွဲတရားစွဲဆိုပြီး ရပ်စဲဖို့ တောင်းဆိုခဲ့ကြတာမလို့ Tရဲ့အေဂျင်စီတောင်မှ သူ့ကို လက်လျှော့လိုက်ရတယ်”

“T လည်း စိတ်ပျက်လက်ပျက်ဖြစ်ပြီး ဘက်ပေါင်းစုံမှ ဝိုင်းရံခံ‌နေရတယ်၊ အဲလိုနဲ့ အချစ်ရူးကလည်း T ကို မေတ္တာဂရုဏာတွေနဲ့ အချိုသတ်ပြီး သူ့ဘေးမှာ ရှိနေ‌ပေးခဲ့တယ်၊ တဖြည်းဖြည်းနဲ့ T ရဲ့ နှလုံးသားက လှုပ်ရှားလာပြီး အချစ်ရူးနဲ့ အတူရှိဖို့ ရွေးချယ်ခဲ့တယ်”

“ဒါက တစ်ဖက်သတ်အချစ်ရဲ့ လှပတဲ့အချစ်ဇာတ်လမ်းတစ်ခုဟု ယူဆရ လို့ရပေမယ့် “လိင်ပိုင်းဆိုင်ရာစော်ကားမှု” ကရော တကယ်ဖြစ်ခဲ့တာလား”

"ပုံ တစ်က အချစ်ရူးနဲ့ လက်ထောက်တို့ကြား အရောင်းအ၀ယ်ဆွေးနွေးမှုဖြစ်ပြီး လက်ထောက်ရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုဟာ အချစ်ရူးနဲ့ လက်ထောက်တို့ ပူးပေါင်းလိမ်လည်ဖန်တီးခြင်းဖြစ်ကြောင်း သက်သေပြနေပါတယ်၊ အချစ်ရူးက တရားစွဲမှုအောင်မြင်ပါက ကျန်ချန်းရဲ့ ကျုံးဟန် ပိုင်ဆိုင်မှုတွေကို ဆုချီးမြှင့်မယ်လိူ့ လက်ထောက်ကို ပြောခဲ့ပါတယ်”

"ပုံ 2 ကတော့ လက်ထောက်ရဲ့အိမ်ခြံမြေသက်သေခံလက်မှတ်ပေါ်ရှိ ငွေပေးငွေယူရက်စွဲက T ကို အင်တာနက်တစ်ခုလုံးကို ဝိုင်းဝန်းပြောဆိုနေချိန် လက်ထောက်က ထိုအိမ်ကို ၀ယ်ယူခဲ့ကြောင်း သက်သေထူနေပါတယ်”

"ပုံ 3 ကတော့ လက်ထောက်ကို အမှန်တကယ် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းမဟုတ်ကြောင်း T ၏ အယူခံဝင်မှုဖြစ်ပြီး တရားရုံး၏ စီရင်ချက်အရ သူအပြစ်မရှိကြောင်းကို အတည်ပြုပါတယ်"

[စတော်ဘယ်ရီဗီဒီယိုမှာ ပါဝင်လာပြီး လွန်ခဲ့တဲ့နှစ်နှစ်က ရေပန်းစားပြီး လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တယ်ဆိုတဲ့ အိုင်ဒေါလ်ဆို သူက ထန်ဝေ့လျောင်မဟုတ်လား]

[အမိုက်စားပဲ၊ အဲတုန်းက ငါတို့တန်ကောကောက ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ပြောဆိုခံခဲ့ရလိမ့်မလဲ၊ ဘောင်ထဲက ထွက်လာပြီလား]

[ဝူး ဝူး ဝူး! တန်‌ကောကော လက်ထောက်ကို လိင်ပိုင်းဆိုင်ရာ မစော်ကားခဲ့ပါဘူးလို့ အမြဲပြောခဲ့တယ်လေ အဲဒါက အမှန်ပဲ၊ အဲမိန်းမနှစ်ယောက် ရွံ့စရာကောင်းလိုက်တာ]

[ခဏ‌လေး၊ တန်ကောကော ခက်ခက်ခဲခဲ ကြုံခဲ့ရပြီးနောက် ချိန်းတွေ့ခဲ့တဲ့လူက လင်းရှောင် မဟုတ်လား၊ ကျီကျီအခုပြောနေတဲ့ အချစ်ရူးဆိုတာ လင်းရှောင် မဟုတ်လား]

[လင်းရှောင်က Lနဲ့စတဲ့ အကောင့်ပိုင်ရှင် အမျိုးသမီးဖြစ်နိုင်တယ်]

[လင်း‌ရှောင်က တန်ကောနဲ့ ဒိတ်ဖို့တစ်ခုတည်းအတွက် သူ့ဘဝကို တမင်ဖျက်ဆီးခဲ့တာလား၊ ဒါ မဖြစ်နိုင်ဘူး မဟုတ်လား]

သို့သော်လည်း ပါပါရာဇီများသည် ထိုအဖြစ်အပျက်အပြီးတွင် လင်းရှောင်နှင့် တန်ကောတို့ အတူတူရှိနေသည်ကို ဓါတ်ပုံရိုက်မိခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် လင်းရှောင်သည် တန်ကောကို လိုက်နေကြောင်း ပါပါရာဇီများမှ ကောလဟာလများ ဖြန့်‌နေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း သူ့အား ဖယ်ချခြင်းသာ ခံခဲ့ရသည်။

လင်းရှောင် ဟုတ်သည်

ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တန်ကော၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်သည် မှားယွင်းမှုဖြစ်ကြောင်း အတည်ပြုပြီးဖြစ်သည်။ သို့သော် တရားရုံးမှ ပြီးခဲ့သည့် အပတ်ရက်စွဲနှင့် စီရင်ချက်ချသည်ကို တွေ့ခဲ့ရသည်။ ဆိုလိုသည်မှာ တရားစွဲသည်မှာ နှစ်နှစ်ခန့်ပင်ကြာမြင့်နေပြီဖြစ်သည်။

[ဝေါင်း ငါတို့‌တန်ကောလေးက အရမ်းသနားစရာကောင်းတယ်၊ သူ့ပင်မအကောင့် ဘမ်းခံထားရလို့ တရားစီရင်စာကို သူ့ရဲ့ဒုတိယအကောင့်မှာ တင်ထားတာငါတွေ့တယ်၊ ဒါပေမဲ့ ဘယ်သူမှသွားမဖတ်ကြဘူးလေ၊ ကောတန်အတွက်အရမ်းဝမ်းနည်းတာပဲ ]

...

ထန်ဝေ့လျောင်၏ အတွေ့အကြုံသည် ကောင်းမွန်သော တုံ့ပြန်မှုကို ရရှိပြီး သူနှင့်ဆက်စပ်သည့်အကြောင်းအရာများစွာသည် ချက်ချင်းပင်ရေပန်းစားသော ရှာဖွေမှုများ ဖြစ်လာခဲ့သည်။

ထို့နောက်တွင် အလိမ်အညာများဖော်ထုတ်သူသည် ဒုတိယအတင်းအဖျင်း—စွမ်း‌မော့စူ၊ တတိယအတင်းအဖျင်း—ချိန်းချင်းရန်၊ နှင့် စတုတ္ထအတင်းအဖျင်း—လုယွမ်ရှန်း စသည်ဖြင့် အချစ်ရူး၏ အတင်းအဖျင်းများပြောဆိုရန် တူညီသော ဝါကျများကိုသာ သုံးစွဲခဲ့လေသည်။

ဆက်ဆံရေးတိုင်းသည် အချစ်ရူး အနုပညာရှင်၏ ကယ်တင်ခြင်းအလား ထင်ရသော်လည်း အနီးကပ် စစ်ဆေးကြည့်သောအခါတွင် သူသည် အမျိုးသား အနုပညာရှင်ကို ဘောင်ခတ်ပြီး ထုတ်ဖော်ပြသတက်သည့် အချစ်ရူးဖြစ်ကြောင်း ထင်ရှားပါသည်။

[ဒါက ဘယ်လို စိတ်ရောဂါမျိုးလဲ၊ သူက တစ်စုံတစ်ယောက်ကို ဖျက်ဆီးပြီး သူကို ရွေးဖို့ ကြိုးစားနေတာလား၊ သူ့ကိုယ်သူ ဝတ္ထုထဲက လရောင်ဖြူလို့များ ထင်နေတာလား]

[ဝိုး, "ရှန်းလျန်" ထွက်လာတဲ့အခါတုန်းက စွမ်းမော့စူကို ငါတကယ်သဘောကျတာာ၊ သူလို အနုပညာရှင်တွေက ဒီနယ်ပယ်မှာ ရှားတယ်လေ]

[ စွမ်းမော့စူ အခုဆို အသက် 31 နှစ်တောင်ရှိနေပြီ၊ သူ အရံသရုပ်ဆောင်အနေနဲ့ပဲ ဆယ်စုနှစ်လောက်နေခဲ့ရတယ်၊ သူနောက်ဆုံးမှာ နာမည်ကြီးဖို့ အခွင့်အလမ်းကို ရလာ‌တော့လည်း လင်းရှောင်က ဒီလိုမျိုးဖျက်စီးလိုက်တယ်လေ]

[ထန်ဝေ့‌လျောင်အကြောင်း စဉ်းစားကြည့်၊ အဲအချိန်တုန်းက တန်ဝေ့လီအသက် ၁၉ နှစ်ပဲ ရှိသေးတာ၊ ဖျော်ဖြေရေးနယ်ပယ်မှာ သူ့ကိုယ်သူ နာမည်ရနိုင်မယ်လို့ သူထင်ခဲ့ပေမယ့် သူ့ကို စောင့်ကြိုနေတဲ့အရာကတော့ ငရဲဖြစ်နေတယ်လေ]

[ချိန်းချင်းရန်လည်း အခက်တွေ့ခဲ့တယ်၊ ကျွန်တော် သူရဲ့သီချင်းတွေကို တကယ်ကြိုက်တယ်။ သူနာမည်ကြီးလာတုန်းက အနုပညာဝိုင်းထဲကလူတွေက သူ့ကို နတ်သားလို ချိုသာတဲ့အသံကြောင့် ချီးကျူးကြတယ်၊ လင်းရှောင်က သူ့ကို အဆိပ်ခတ်ပြီး သူ့အသံကို ပျက်စီးစေခဲ့တယ်၊ ဘယ်လောက်တောင် အကြင်နာမဲ့လိုက်သလဲ]

[ဒီလောက်‌လှပတဲ့အသံကို မကြားရတော့တာ ဝမ်းနည်းစရာပဲ]

[လင်းရှောင်က ဖောက်ပြန်တဲ့သူပဲ၊ ဒါဆို ဒီလူတွေနဲ့ပတ်သတ်တဲ့ ကောလဟာလတွေက အတုအယောင်တွေလား၊ သူမက ဒီလူတွေနဲ့တွဲချင်လို့ လုပ်ခဲ့တာတွေပေါ့ ]

[ကြည့်ရတာ သူက သူများကို အပျော်တမ်းဖျက်စီးပြီး သူ့အပေါ်လာမှီခိုတာကို သဘောကျနေတာထင်တယ် ]

[အိုဘုရားရေ၊ ဒီအချစ်ရူးက ဘာကြီးလဲ ဒါက စိတ်ရောဂါကြီး မလား ]

[ကျွန်တော် မိုယွီထျန် မုန့်ရုယန်ကို မုဒိမ်းကျင့်တဲ့အကြောင်း ဒါမှမဟုတ် အရမ်းကိုနာမည်ကြီးတဲ့ ကျီကျီရဲ့ဖရဲသီးတွေကို ကြည့်ရတာ အရမ်းစိတ်ဝင်စားတယ်၊ ကောလဟာလတစ်ခုက နောက်ထပ်ငါးခုကို ဖြစ်ပေါ်စေမယ်လို့ သူတို့ပြောတာမဟုတ်ဘူးလား၊ နောက်ဆုံးတစ်ခုက ဘာလဲ ]

…

ပထမဆုံး Weibo ပို့စ်လေးခုကို တင်ပြီးနောက် ထျန်ရှန်းသည် သူမအတွက် ဝယ်ပေးခဲ့သော Weibo တွင် ထိပ်တန်းရေပန်းအစားဆုံး ရှာဖွေမှုလေးခုကို သိမ်းပိုက်လိုက်နိုင်သွားသည်။

နောက်ဆုံးအတင်းအဖျင်းတစ်ပုဒ်ကို မတင်မီ ရှချန်းချန်းသည် သူမအား အတင်းအဖျင်းစကားပဉ္စမအပိုင်းကို မေးခဲ့ဖူးသော မှတ်ချက်ကို ဦးစွာပေးပို့ခဲ့ပြီး အကြိုစကားများ ပြောခဲ့လေသည်။

"ပဉ္စမမြောက် အတင်းအဖျင်းအပိုင်း- မိုယွီထျန်"

[???]

[ခဏ‌လေး လင်းရှောင်က လေးခါပဲ ချစ်ဖူးတာမဟုတ်ဖူးလား၊ မိုယွီထျန်နဲ့ ဘာဆိုင်လို့လဲ]

[မိုယွီထျန်က မုဒိမ်းကျင့်တဲ့သူ မဟုတ်ဘူးလား ပြီးတော့ သူက ငါတို့ယန်ယန်ကို အနိုင်ကျင့်တယ်လေ အဲဒါက လင်းရှောင် နဲ့ ဘာဆိုင်လို့လဲ]

[သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ရှုပ်ထွေးလွန်းတယ်၊ မိုယွီထျန်က မုဒိမ်းကောင် ဟုတ်တာလား၊ မဟုတ်ဘူးလား]

[ကျီကျီရေ၊ မြန်မြန်လေး အမှန်တရားကိုဖော်ထုတ်ပေးပါ၊ ငါအမှန်ကို သိချင်တယ်]

...

“အရင်က ထုတ်ဖော်ခဲ့တဲ့ အတင်းအဖျင်းလေးခုက အတိတ်ကကိစ္စဟောင်းတွေဖြစ်ပြီး အချစ်ရူးရဲ့ ပဉ္စမပစ်မှတ်ဖြစ်တဲ့ နောက်ဆုံးအတင်းအဖျင်းအပိုင်းကတော့ M လို့ ခေါ်တဲ့ တတိယအဆင့် သရုပ်ဆောင်တစ်ယောက်ပါ”

"အချစ်ရူးက M ကို တစ်နှစ်ကြာအောင် ဖမ်းဖို့ ကြိုးစားနေတာ မအောင်မြင်သေးတာကြောင့် ငါတို့ သူ့ကို ချစ်သူလို့ မခေါ်ဘူး၊ ‘ပစ်မှတ်’လို့ ခေါ်ကြတာပေါ့”

“အချစ်ရူးက Mကို တော်တော်လေး စိတ်ဝင်စားနေတယ်လို့ ပြောလို့ရတယ်၊ လွန်ခဲ့တဲ့တစ်နှစ်တုန်းက Mက စိတ်ကူးယဉ်ဒရာမာတစ်ခုမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး တစ်ချက်တစ်ချက်ကြည့်လိုက်ရုံနဲ့ သူက မရေမတွက်နိုင်အောင် ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တယ်”

“အချစ်ရူးက M ကိုအရမ်းစိတ်ဝင်စားလာပြီး တကောက်ကောက်လိုက်တော့ အံ့ဩစရာမကောင်းလောက်အောင် အငြင်းခံခဲ့ရတယ်”

“ဒါပေမဲ့ ဒီတစ်ခါ အချစ်ရူးက Mကို ဘောင်ခတ်ဖို့ မကြိုးစားတော့ဘဲ အဲအစား M ၏အတိတ်အရှုပ်တော်ပုံအချို့ကို ထုတ်ဖော်ခဲ့တယ်၊ M ပါးပါးက မုဒိမ်းကျင့်သူတစ် ယောက်ဖြစ်ခဲ့တယ်၊ တကယ်တော့ ဒါဟာ အမှားတစ်ခုတော့ မဟုတ်ပါဘူး၊ အဲအရှုပ်တော်ပုံတွေက M နဲ့သာ သက်ဆိုင်ပြီး အချစ်ရူးက သူတို့ကို ဖော်ထုတ်ဖို့ ရွေးချယ်ခဲ့ရုံပဲ”

“ဒါပေမဲ့ အဲဒါက ဇာတ်လမ်းတစ်ခုလုံးမဟုတ်သေးဘူး၊ Mပါးပါးက တကယ်ပဲ မုဒိမ်းသမားဖြစ်ခဲ့ပေမဲ့ Mက သူ့အဖေကို လာဖမ်းဖို့ ရဲခေါ်လိုက်တဲ့လူပဲ၊ Mက သိတတ်စအရွယ်ကနေစပြီး သူ့အဖေဆီကနေ အိမ်တွင်းအကြမ်းဖက်မှုတွေ ခံခဲ့ရပြီး သူ့အဖေရဲ့သားကောင်ဖြစ်ခဲ့ရတယ်၊ သူတို့က သွေးသာတူပေမဲ့ စိတ်ဓာတ်နဲ့ အကျင့်စရိုက်က လုံးဝကွာခြားတယ်”

"သူ့အဖေရဲ့အခြေအနေကြောင့် M လုပ်ငန်း အခြေအနေ ကျဆင်းသွားတယ်၊ အချစ်ရူးက M ကို ကူညီဖို့ ကမ်းလှမ်းခဲ့ပေမယ့် M က ငြင်းခဲ့တယ် ဒါကြောင့် အချစ်ရူးက M ကို နောက်တစ်ကြိမ်လှည့်စားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး”

“ဒီတစ်ကြိမ်းမှာတော့ အချစ်ရူးက သူ့ကိုယ်သာနှောင့်ယှက်ဖို့ ရွေးချယ်လိုက်ပြီး Mကို အပြစ်တင်ခဲ့တယ်”

လိမ်ညာသူများကို ဖော်ထုတ်သူသည် အထောက်အထား သုံးခုကို ပူးတွဲတင်ပြခဲ့သည်။

ပထမတစ်ခုသည် ရှချန်းချန်း လည်ပင်း၌ သေးငယ်သည့် ကင်မရာကို အသုံးပြုပြီး ရိုက်ကူးထားသည့် ဗီဒီယိုဖြစ်ပြီး မနေ့ညက မိုယွီထျန်သည် လင်းရှောင်အား အဓမ္မပြုကျင့်နေသည့် မြင်ကွင်းကို ရိုက်ကူးသရုပ်ဖော်ထားသည်။

ဒုတိယမှာ ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းတို့ စင်္ကြံရှိ မမြင်နိုင်သည့်နေရာတစ်ခုတွင် စောင့်ကြည့်ကင်မရာကို တပ်ဆင်ရိုက်ကူးထားသည့် ဗီဒီယိုဖြစ်ပြီး သတိလစ်နေသော မိုယွီထျန်ကို လင်းရှောင်၏ယာဉ်မောင်းမှ အခန်းတွင်းသို့ သယ်ဆောင်သွားသည့် မြင်ကွင်းကို ပြသထားသည်။

တတိယတစ်ခုမှာ မိုယွီထျန်၏ သွေးစစ်ဆေးမှုရလဒ်ဖြစ်ပြီး မုဒိမ်းမှုအပြီး သုံးနာရီအကြာတွင် အချက်အလက်များကို နမူနာယူခဲ့ကြောင်း ဖော်ပြထားသည်။ ဆေးရုံသည် လူများကို သတိလစ်မေ့မြောစေပြီး အိပ်မက်မက်သည့် အခြေအနေသို့ ကျရောက်စေသည့် new hallucinogenကို သူ၏သွေးမှ ထုတ်ယူရရှိခဲ့သည်။ ထို့အပြင် ထိုဆေးကြွင်းအကျန်များသည် 24 နာရီကြာ ဆေးစွမ်းပြနိုင်သည့် ဆေးများဖြစ်သည်။

[ဒီနေ့ ကျီကျီ ဖော်ထုတ်လိုက်တဲ့သတင်း‌တွေက မိုယွီထျန်နဲ့ အမှန်တကယ် ဆက်စပ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး]

[ဒါဆို မိုယွီထျန်က မူးယစ်ဆေးနဲ့ ဘောင်ခတ်ခံခဲ့ရတာလား]

[မိုယွင်ထျန် သတိလစ်နေတုန်း အခန်းထဲကို အခေါ်ခံခဲ့ရတာဆိုတော့ လင်းရှောင်ကို အဓမ္မပြုကျင့်ဖို့ မဖြစ်နိုင်တော့ဘူးမလား]

[ကျီကျီက မိုယွီထျန်ရဲ့ သွေးစစ်ချက်ရလဒ်ကို ပူးတွဲဖော်ပြခဲ့တယ်၊ ဆိုလိုတာက အခင်းဖြစ်ပွားချိန် မိုယွီထျန်က သတိရှိနေတဲ့ အခြေအနေမဟုတ်ဘူးလို့ ပြောချင်တာမလား ]

[သေစမ်း! ဒါဆို မုဒိမ်းမှုက်ု လင်းရှောင်က ရိုက်ကူးသရုပ်ဆောင်တဲ့ ဖရဲသီးဇာတ်လမ်းတစ်ခုလား၊ မိုယွီထျန်ကို ဘောင်ခတ်ဖို့အတွက်လေ]

[ဒါတင်မကသေးဘူး၊ အစတုန်းက အင်တာနက်မှာ အဓမ္မပြုကျင့်ခံရတဲ့သူက မုန့်ရုယန်လို့ ပြောတယ်လေ၊ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးက နစ်နာသူဆို‌ပေမယ့် နာမည်ကြီးမင်းသမီးတစ်ယောက်ရဲ့အနာဂတ် အသက်မွေးဝမ်းကြောင်းအပေါ် မှာ သက်ရောက်မှုရှိလိမ့်မယ်၊ လင်းရှောင်က သူများဓါးနဲ့ လူသတ်သလိုမျိူး ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာပဲ]

[ဆရာဝန်က ၂၄ နာရီအတွင်း hallucinogen ဇီဝဖြစ်စဉ်ကို ချေဖျက်နိုင်တယ်လို့ ပြောခဲ့ပေမယ့် မုဒိမ်းကျင့်ပြီး တောင်ပေါ်လမ်းကို ရှင်းပစ်ဖို့ ၂၄ နာရီလောက် အချိန်ယူခဲ့ရတာကို ငါမှတ်မိတယ်၊ လင်းရှောင်က အချိန်ကွာဟမှုကို တမင်ဖန်တီးခဲ့တာပဲ၊ ကျီကျီသာ ကြိုပြီး သွေးစစ်ချက်မထုတ်ထားခဲ့ရင် မိုယွင်ထျန် ဆေးမိနေတာကို သက်သေပြစရာ အထောက်အထားတောင် ရှိမှာမဟုတ်ဘူး]

[လင်းရှောင်က အရမ်းရက်စက်တာပဲ]

မိုယွီထျန်အား နောက်ဆုံးအကြိမ် ထုတ်ဖော်ခဲ့သူသည် လင်းရှောင်ဖြစ်သည်။ သူမသည် မိုယွီထျန်ကို နှစ်ကြိမ်တိုင်တိုင် ပစ်မှတ်ထားခဲ့သည်။

[ကျွန်တော်က မိုယွီထျန်ရဲ့ အတန်းဖော်ပါ၊ ကျီကျီ ပြောခဲ့တာတွေက အမှန်ပဲ၊ မိုယွီထျန် ကျောင်းကိုလာရင် ဒဏ်ရာတွေနဲ့ သူကတော့ ကျောင်းသွားတဲ့လမ်းမှာ ချော်လဲတာလို့ပဲ ပြောတယ်၊ ဘယ်သူက အဲလောက် ဆိုးဆိုးရွားရွား ချော်လဲမှာလဲ၊ ဒါက အိမ်တွင်းအကြမ်းဖက်မှုဖြစ်ရမယ်]

[ဟုတ်တယ်၊ မိုယွီထျန်ရဲ့အဖေက မုဒိမ်းကျင့်တဲ့သူဆိုတိုင်း သူပါ မုဒိမ်းသမားလို့ မဟုတ်နိုင်ဘူးလေ၊ သူက တကယ်ကို နစ်နာတဲ့သူပါ]

[တကယ်လို့ မိုယွီထျန်ကို ရှောင်ရှောင်ရဲ့အခန်းကို ခေါ်သွားရင်တောင် ဒါဟာ ကျွန်တော်တို့‌ ရှောင်ရှောင်လေး လုပ်တယ်ဆိုတာ သက်သေမပြဘူး၊ ဘယ်မိန်းကလေးက သူ့ရဲ့ အပြစ်ကင်းစင်မှုကို တခြားတစ်ယောက်ကို ဘောင်ခတ်ဖို့ သုံးမှာလဲ]

ထိုကဲ့သို့ မည်သူမျှ မလုပ်ချေ။ သို့သော် လင်းရှောင်သည် ထန်ဝေ့‌လျောင်နှင့် တခြားသူများအား မည်မျှ နာကျင်စေရန်ပြုလုပ်ခဲ့သည်ကို ပြန်ကြည့်လိုက်လျှင် ထိုအမျိုးသမီးသည် ဤကဲ့သို့ လုပ်နိုင်သည်မှာ အံ့ဩစဖွယ်ပင်မရှိချေ။

ထို့ပြင် သူမသည် သတင်းထုတ်ပြန်သည့်အခါကလည်း မုန့်ရုယန်ကို အခွင့်ကောင်းယူခဲ့သေးသည်။ သတင်းစဖြန့်စဉ် ရိုက်ကူးရေးအဖွဲ့သားများအားလုံး တောင်ပေါ်၌ ရှိနေခဲ့ကြသည်။ နောက်ပိုင်း လင်းရှောင်၏ နစ်နာသူဟန်ဆောင်မှုကြောင့် ယင်းကိစ္စကို ရှင်းပြရန် အဆင်မပြေတော့ပေ။ လင်းရှောင်၏ လှုပ်ရှားမှုများသည် အလွန်ပင် ရက်စက်လွန်းလှသည်။

[မိုယွီထျန်ကို သယ်လာတဲ့လူက လင်းရှောင်ရဲ့ ကားသမားဖြစ်မယ်ဆိုတာ သေချာတယ်၊ ဟိန်ထျန်းမှာတုန်းက ဘူတာရုံမှာဓါတ်ပုံရိုက်ဖို့ထွက်တဲ့အချိန်တိုင်း အဲလူကို ခဏခဏတွေ့တယ်]

[မိုယွီထျန်က အရမ်းသနားစရာကောင်းတယ်၊ အရင်က သူ့အဖေရဲ့ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီး အခုတော့ သူ့အဖေရဲ့ ရာဇ၀တ်မှုတွေနဲ့ ခေါ်မဖော်ရဲအောင် နစ်မြုပ်နေပြီ]

[မိုယွီထျန်က အထက်တန်းကျောင်းမှာ ထူးချွန်ပြီး တရုတ်နိုင်ငံရှိ မည်သည့်တက္ကသိုလ်သို့မဆို လွယ်ကူစွာတက်နိုင်ခဲ့တယ်လို့ ကျွန်တော် ကြားတယ် သူ့အဖေကိစ္စကြောင့် ကောလိပ်ဝင်ခွင့်စာမေးပွဲ မဖြေနိုင်ခဲ့ပုံပဲ၊ နောက်ပိုင်းမှာ သူ့အမေကို ကျွေးမွေးပြုစုဖို့ အစားအသောက် ပို့ဆောင်ရေး ယာဉ်မောင်းအဖြစ် လုပ်ခဲ့သေးတယ်လို့ ကျွန်တော်ကြားတယ်၊ သူ့ဘဝက တကယ်ကို မလွယ်ကူခဲ့ဘူး]

[အဲတုန်းက မိုယွီထျန်က အသက် 18 နှစ်ပဲ ရှိသေးတယ် မဟုတ်လား၊ သူ့အရွယ်နဲ့ဆို သာမာန် ယောက်ျားလေး‌တွေလိုမျိုး ကောလိပ်မှာ ပေါ့ပေါ့ပါးပါး ပညာသင်ကြားနေမှာဆိုပေမယ့် သူ့အမေကို အစားအသောက်ပို့ရင်း သရုပ်ဆောင်လုပ်ရင်း ကျွေးမွေးပြုစု စောင့်ရှောက်ပေးနေရတယ်၊ တကယ်မလွယ်ဘူး]

[မိုယွီထျန်ကို အရမ်းသနားမိတယ်]

[ငါရင်ထဲ ပိုနာလာတယ် ကျီကျီကြောင့်သာမဟုတ်ရင် မိုယွီထျန်က လင်းရှောင်ရဲ့ ဂွင်ထဲရောက်နေလောက်ပြီ]

…

အလိမ်အညာများဖော်ထုတ်သူ၏ ဖရဲသီးငါးလုံးအား ထုတ်လွှတ်ပေးပြီးနောက် Weibo ၏ လူထုအမြင်များကို တစ်ဖန်လွှမ်းမိုးသွားခဲ့သည်။

အရှုပ်တော်ပုံတစ်ခုတွင် လူငါးဦးအား တပြိုင်နက် ထုတ်ဖော်ပြသခဲ့ပြီး သူတို့တစ်ဦးစီသည် တစ်ချိန်က ထိပ်တန်းအနုပညာရှင်များဖြစ်ခဲ့ကြပြီး ထိုသူများသည် အွန်လိုင်း‌ခေတ်စားမှုနှင့် ပရိသတ်အများအပြားရရှိလာခြင်းကို နှစ်သက်ကြသည်။

တစ်ချိန်က အွန်လိုင်းတွင် နာမည်ဆိုးတွင်ခဲ့သော အိုင်ဒေါလ်များသည် ယခုအခါတွင် ပြန်လည်လက်ခံခြင်း ခံနေရပြီး ပရိသတ်များသည် သူတို့၏အိုင်ဒေါလ်များကို ကာကွယ်ရန် အလျင်စလို လုပ်ဆောင်နေကြသည်။

ဇိမ်ခံဟိုတယ်ခန်းထဲတွင် ရှချန်းချန်းသည် အွန်လိုင်းစကားပြောခြင်းများကို စောင့်ကြည့်နေခဲ့သည်။

ယခင်က လိမ်ညာသူများကို ဖော်ထုတ်သူသည် Weibo၌ ပို့စ်များတင်သည့်အခါ သူတို့သည် လက်ရှိ ခေတ်စားနေသည့် ရှာဖွေမှု စကားလုံးများကို အသုံးပြု၍ သတင်းကို မြန်မြန်ဆန်ဆန် ပျံ့နှံစေပြီး တခြားသူများထံသို့ လျင်မြန်စွာ ရောက်ရှိသွားစေသည်။

သို့သော် ယခုတစ်ကြိမ်တွင် ရှချန်းချန်းသည် ထျန်ရှန်း၏ PR အဖွဲ့ကို ရှချန်းချန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်ရိုက်တောင်းဆိုခဲ့သည်။ ထျန်ရှန်း၏ PR အဖွဲ့သည် Weibo တွင် ခေတ်စားနေသော ထိပ်တန်းရှာဖွေမှုငါးခုကို ရက်ရောစွာဝယ်ယူခဲ့ပြီး အွန်လိုင်း ခေတ်ထသူအများအပြားကို အသုံးချစေခဲ့သည်။

ရည်ရွယ်ချက်မှာ လိမ်ညာသူများကို ဖော်ထုတ်သူမှထုတ်လွှတ်သော အတင်းအဖျင်းအပိုင်းတိုင်းကို အွန်လိုင်းတွင် လူတိုင်းမြင်နိုင်စေရန်ဖြစ်သည်။

အတုအယောင်လမ်းကြောင်းအား အစစ်အမှန်သို့ ပြောင်းလဲနိုင်ခဲ့သည်။

ရှချန်းချန်း ပို့စ်တင်ပြီး ငါးမိနစ်မပြည့်ခင်မှာပဲ Weibo ပေါ်ရှိ ခေတ်စားမှုသည်ပြောင်းလဲသွားခဲ့သည်။

လင်းရှောင်သည် မိုယွီထျန်အား ဖျက်ဆီးပြီး လက်နက်ချရန် အတင်းအကြပ် လုပ်ဆောင်လိုပါသလော။

လိမ်ညာသူများအား ဖော်ထုတ်သူရှိနေလျှင် ၎င်းသည်မဖြစ်နိုင်ပေ။

တံခါးခေါက်သံနှင့်အတူ ဖူယန်ရုန်သည် အခန်းထဲသို့ ဝင်လာသည်။

"မဒမ်၊ လင်းရှောင်က မိုယွီထျန်ကို ဘောင်ခတ်ဖို့ အသုံးပြုတဲ့ အထောက်အထားတွေ အားလုံးကို အွန်လိုင်းမှာတင်ပြီးသွားပါပြီ၊ ကျွန်တော်တို့ ရဲတွေဆီကို မိတ္တူတွေလည်း ပို့ထားပါတယ်၊ ဒီအထောက်အထားနဲ့သာဆို မိုယွီထျန်ထောင်ကျမှာ မဟုတ်ပါဘူး”

ရှချန်းချန်းသည် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

ဖူယန်ရုန်သည် ရှဲ့ကျစ်ရှင်း ခန့်အပ်ထားသော ရှချန်းချန်း၏ လက်ထောက်ဖြစ်သည်။ ထို့အပြင် ကျန်ချန်းမြို့အစွန်ရှိ IT အဖွဲ့သည်လည်း ရှချန်းချန်း၏ လက်အောက်ခံဖြစ်သည်။

မူလက ရှချန်းချန်းသည် မိုယွီထျန်အား လင်းရှောင်ဘောင်ခတ်သည့် သက်သေများ : ကားသမား မိုယွီထျန်ကို ခေါ်ဆောင်သွားသော ဗီဒီယို နှင့် သူ့ထံမှ ကြိုတင်ထုတ်ယူထားသော သွေးများ စသည့် သက်သေများကိုသာ စုဆောင်းနိုင်ခဲ့သည် ၊တန်ဝေ့လီနှင့် တခြားသူများ၏ အတင်းအဖျင်းများကိုမူ တပြိုင်နက် ချပြရန် မဖြစ်နိုင်ခဲ့‌ချေ။

သို့သော် စူပါဟက်ကာတစ်ဒါဇင်၏အကူအညီဖြင့် ၎င်းသည် ပိုမိုလွယ်ကူသွားခဲ့သည်။

ပြောရမည်ဆိုလျှင် အကူအညီရခြင်းသည် အမှန်တကယ်ကောင်းမွန်သည်ဟု ထင်ပါသည်။

"အန်တီ ဘယ်လိုနေလဲ"

ရှချန်းချန်းသည် မေးသည်။

“လင်းရှောင်က မိုယွီထျန်ကို လွယ်လွယ်နဲ့ လက်လွှတ်ပေးမှာ မဟုတ်ဘူး၊ တကယ်လို့ အွန်လိုင်းအမဲဖျက်မှုတွေက သူ့ကို မဆွဲချနိုင်ဘူးဆိုရင် သူက မိုယွီထျန်ရဲ့ အမေကို အသုံးချလိမ့်မယ်"

သူ့အမေသည် မိုယွီထျန်၏ အားနည်းချက်ဖြစ်သည်။

ယခင်က သူ့အမေကို ကာကွယ်ရန်အတွက် ကောလိပ်ဝင်ခွင့်စာမေးပွဲကို စွန့်လွှတ်ခဲ့သည်။ ယခုအခါ သူမအတွက် သူသည် အခြားတစ်ခုခုကို စွန့်လွှတ်နိုင်ပေလိမ့်မည်။

"လင်းရှောင် အန်တီမိုကို မုဒိမ်းကျင့်တဲ့ ဗီဒီယိုဖိုင်ကို ပြသဖို့ စောင့်ရှောက်ရေးဂေဟာမှာ သူနာပြုတစ်ဦးကို ခိုင်းခဲ့တယ်၊ ဒါပေမဲ့ ငါတို့လူတွေက သူ့ကို အချိန်မီ တားဆီးနိုင်လိုက်ပါတယ်"

ဖူယန်ရုန်သည် ထိုသို့ပြောပြီးနောက် တက်ဘလက်တစ်လုံးကို ဆွဲထုတ်လိုက်သည်။

၎င်းတွင် ရှောင်ချန်သည် အန်တီမို၏ တက်ဘလက်ကို ချွတ်ယွင်းနေသည်ဟု လွဲမှားစွာ ပြောဆို၍ ယူ‌ဆောင်ခဲ့သည်။ ပြဿနာအချို့ဖြေရှင်းပြီးနောက်တွင် သူမသည် မိုယွီထျန်အားရဲများဖမ်းဆီးသွားသည့် ဗီဒီယိုကို ဖွင့်လိုက်ပြီး အန်တီမိုအား ပြသလိုခဲ့သည်။

သိူ့သော် အန်တီမို မြင်တော့မည့်ဆဲဆဲတွင် လုံခြုံရေး အစောင့်နှစ်ယောက်နှင့်အတူ ကျန်းကျဲသည် သူတို့ကြားတွင် လာရပ်နေသည်။

လုံခြုံရေးများသည် ရှောင်ချန်အား အလျင်အမြန် ထိန်းထားလိုက်ပြီး ကျန်းကျဲသည် ပြုံးပြုံးရွှင်ရွှင်နဲ့ အန်တီမိုရဲ့ နံဘေး၌ ရပ်နေကာ ရှောင်ချန်မမြင်ရရန် ကာထားလိုက်သည်။

"အန်တီမို၊ ကျွန်မ ဗီဒီယိုကောင်းကောင်းလေးတွေ တွေ့ထားတယ်၊ အတူတူကြည့်ရအောင်"

ကျန်းကျဲသည် အန်တီမိုအား သူ၏တက်ဘလက်ကို ပြန်ပေးလိုက်သည်။ လက်ရှိအဖြစ်အပျက်ကို လုံးဝသတိမထားမိသော အန်တီမိုသည် သူမ၏ စာဖတ်မျက်မှန်ကို ဝတ်ဆင်ကာ ဖန်သားပြင်လေးကို စိုက်ကြည့်နေသည်။

၎င်းသည် ပရိသတ်တစ်ဦးမှ တည်းဖြတ်ထားသော ဗီဒီယိုများကို စုစည်းပြသထားခြင်း ဖြစ်သည်။

၎င်းသည် သာမာန်ပို့ဆောင်‌ရေးသမား၊ ရွှံ့နွံများပေကျံနေသည့် ကောင်လေး၊ ဆောက်လုပ်ရေးခွင်ရှိ အုတ်သယ်သည့် အလုပ်သမားတို့၏ ပုံရိပ်များဖြစ်သည်။ အားလုံးမှ နာခံရသော စစ်ဦးစီးချုပ်‌ခေါင်းဆောင်နှင့် ရုပ်ချောပြီး ကြီးစိုးလွှမ်းမိုးသည့် သမ္မတကြီးတို့ကဲ့သို့သော အဆင့်အတန်းမြင့်လူတန်းစားတို့၏ ပုံရိပ်များလည်း ပါဝင်သည်။

ဘောင်တစ်ခုစီနှင့် စုစည်းမှုအတွင်းရှိ ပုံတိုင်းသည် မိုယွီထျန်သရုပ်ဆောင်ထားသည့် ဇာတ်ကွက်များဖြစ်သည်။

ခဏတာ စက္ကန့်အနည်းငယ်သာပါသော မှုန်ဝါးသောရိုက်ချက်များမှ ကြည်လင်ပြတ်သားသော ဘက်စုံကင်မရာများဖြင့် ရိုက်ကူးသည့် အရံဇာတ်ကောင်များအထိ ပါဝင်လေသည်။

မိုမားမားသည် အစပိုင်းတွင် အနည်းငယ်မှင်တက်သွားပြီး ကြောင်တောင်တောင်ကြည့်နေလေသည်။

သို့သော် ထိုဗီဒီယိုများကို ကြည့်ပြီးသည့်နောက်တွင် သူမ၏ မျက်လုံးများသည် စူးစိုက်စိုက်ကြည့်နေပြီး မျက်လုံးများ နီရဲလာကာ မျက်ရည်များနှင့် ပြည့်နှက်လာခဲ့သည်။

ဗီဒီယိုတစ်ခုလုံးကိုကြည့်ပြီးနောက်တွင် မိုမားမား၏ နှုတ်ခမ်းထောင့်တွင် ကြင်နာသောအပြုံးတစ်ခုပေါ်လာသည်။

ခက်ခဲသည့်အ‌ခြေအနေတွင် ကြီးပြင်းလာခဲ့သော်လည်း သူသည် ဘယ်တော့မှ မဆိုးသွမ်းသွားခဲ့ပေ။ သူသည် အသက်ရှင်နေထိုင်ရန် အပြင်းအထန် ကြိုးစားခဲ့ပြီး သူ့ဘဝ၏ အခန်းကဏ္ဍတိုင်းကို အလေးထားခဲ့သည်။ သူ အရမ်းတော်သည်။ ထိုအဆင့်အထိ ကျသွားလျှင်တောင် သူ၏စိတ်သည် ဘယ်တော့မျှ မပြောင်းသွားမည်မဟုတ်ချေ။

ဗီဒီယို အဆုံးမှာတော့ ရှချန်းချန်းမှ သူ့အား ပေးခဲ့သည့် စကားတစ်ခွန်းရှိသည်။

ညသည် မည်မျှပင် မှောင်မိုက်နေပါစေ၊ အာရုဏ်ဦးအလင်းသည် ကျိန်းသေပေါက်ရောက်လာပေလိမ့်မည်။

All Chapters