အခန်း (၅၉)
Vol. 6 Ch. 59
လင်းရှောင်၏အမျိုးသားနာမည်ကြီးငါးဦးအား မှားယွင်းစွပ်စွဲမှုများသည် သူတို့အား လိုင်းပေါ်တွင်လွှမ်းမိုးသွားစေခဲ့သည်။
ဤအဖြစ်အပျက်မှာ သိသိသာသာသက်ရောက်မှုရှိခဲ့ကာ လိုင်းပေါ်ရှိ ဆွေးနွေးမှုများအား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေခဲ့သည်။ ဟိန်ထျန်းရဲတပ်ဖွဲ့သည် ချက်ချင်းပင် အထူးတပ်ဖွဲ့အားစုံစမ်းစစ်ဆေးရန် လွတ်လိုက်ကာ ညနေခင်းတွင် ဟိန်ထျန်းရဲတပ်ဖွဲ့၏ တရားဝင်အကောင့်သည် စံစမ်းစစ်ဆေးမှု၏ တိုးတက်မှုအခြေအနေအား ကြေညာခဲ့လေသည်။
လိမ်ညာသူများကိုဖော်ထုတ်သူမှ ရဲစခန်းသို့ပို့လိုက်သည့် သက်သေများအားအခြေခံ၍ ဟိန်ထျန်းရဲတပ်ဖွဲ့သည် အဆိုပါစွပ်စွဲချက်အားအတည်ပြုခဲ့လေသည်။ စန်းနျန်းနျန်းတောင်၏အမှုတွင် ပါဝင်ပတ်သက်သူများ၏ မှတ်တမ်းများ ၊သက်သေများနှင့်အတူ သူတို့သည် မော့မှာ လင်းအား အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် ခိုင်မာသည့်အထောက်အထားအား မတွေ့ခဲ့ပေ။
ထိုအပြင်ရဲဝန်ထမ်းများသည် လင်းမှာ မော့၊ ထန်၊ စွမ်း၊ ချိန်း၊ လုနှင့် အခြားသူများအပေါ် လှည့်ကွက်များနှင့် စျေးကွက်ရှာဖွေရေးအကောင့်ဖန်းတီးကာ ဆိုးရွားသည့်ကောလဟလများဖြင့် ဆဲဆိုမှုများ ပြုလုပ်ခဲ့ကြောင်းအား တွေ့ရှိခဲ့ကာ သူတို့၏ဂုဏ်သတင်းအားအကြီးအကျယ်ပင် ချိုးဖောက်ခဲ့လေသည်။ ယခုအခါတွင် ငြင်းဆို၍မရသည့်အထောက်အထားများနှင့်အတူ ဟိန်ထျန်း၏ရဲတပ်ဖွဲ့သည် လင်းအားဖမ်းဆီးလိုက်ကြလေသည်။
ဟိန်ထျန်း၏ရဲတပ်ဖွဲ့သည့် သက်သေများရှာဖွေပေးခဲ့သည့် လိမ်ညာသူများကိုဖော်ထုတ်သူနှင့် အနုပညာသတင်းထောက်မီနာအား ကျေးဇူးတင်မိကာ အမှုအားဖြေရှင်းရာတွင် အလွန်ပင်အထောက်အကူဖြစ်စေခဲ့သည့် ရိုက်ကူးရေးအဖွဲ့သားမုန့်နှင့်ရှဲ့တို့၏ ထွက်ဆိုချက်များအားလည်း ကျေးဇူးတင်မိလေသည်။
[အား ဟိန်ထျန်းရဲတပ်ဖွဲ့ကအတော်ကိုလျင်မြန်တာပဲ]
[မနေ့ကမှ တောင်ပေါ်ကိုတက်သွားခဲ့တာကို ဒီနေ့ပဲ ဖြေရှင်းချက်ကိုကြေညာပေးလိုက်တာပဲ]
[အဲဒါကောင်းတာပဲ နာမည်တွေမပြောပြထားပေမဲ့လည်း အဲဒါက လင်းရှောင် ထန်ဝေ့လော့နဲ့အခြားသူတွေကို ဆဲဆိုတာနဲ့ပတ်သက်ပြီး ကျီကျီထုတ်ပြောတာကမှန်တယ်ဆိုတာကို သွယ်ဝိုက်ပြီးအတည်ပြုပေးလိုက်တာပဲ]
[အရမ်းဝမ်းနည်းစရာကောင်းတာပဲ အထူးသဖြင့် ထန်ဝေ့လော့အတွက်၊ သူတရားဝင်ရှင်းလင်းချက်ရဖို့ အတွက် နှစ်နှစ်တောင်ကြာခဲ့တာ]
[ကျီကျီ ချီးကျူးခံရဖို့ထွက်လာခဲ့ပါဦး၊ ဒီတစ်ခေါက်ရဲ့ဖရဲသီးငါးလုံးကိုတစ်ခါတည်း ဖော်ထုတ်လိုက်တာကြီးက အံ့ဩစရာပဲ၊ ကျီကျီကြောင့်သာမဟုတ်ဘူးဆိုရင် ထန်ဝေ့လော့နဲ့တစ်ခြားသူတွေက ပြဿနာတက်နေကြဦးမှာပဲ]
[ပြီးတော့ မိုယွီထျန်ရောပဲ၊ ဘုရားရေ သူသာတကယ်ပဲ မုဒိမ်းမှုနဲ့တရားစွဲခံလိုက်ရရင် သူ့ဘဝကတော့လုံးဝကိုပျက်စီးသွားမှာပဲ]
[မုန့်ရုယန်ကလည်းကောင်းတာပဲ သက်သေအနေနဲ့ မော့ယွင်ထျန်းကိုကူညီတာကို ကိုယ်တိုင်လုပ်ပေးခဲ့တာက လုံးဝပရိတ်သတိတွေကိုဆွဲဆောင်နေတာပဲ၊ ငါအရင်ကသူမကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်လို့ထင်ခဲ့ပေမဲ့ သူမလင်းရှောင်ကို တောင်ပေါ်မှာတုန်းက နှစ်သိမ့်ပေးနေတာကိုမြင်လိုက်ရတာက သူမကို လုံးဝသဘောကျသွားစေခဲ့တာပဲ”
“လူအိုကြီးရှဲ့က စန်းနျန်းနျန်းတောင်ကိုသူ့ရဲ့ဇနီးလေးကို လိုက်ဖမ်းဖို့အတွက်သွားခဲ့တာလား၊ အိမ်ထောင်ရေးတစ်ခုရှိနေတဲ့ အချိန်မှာ သူက ရဲဝန်ထမ်းတွေကိုဒီအမှုကို ဖြေရှင်းဖို့ကူညီပေးခဲ့တာလား]
[လူအိုကြီးရှဲ့က လင်းရှောင် မိုယွီထျန်ကို သူ့အမေနဲ့ခြိမ်းခြောက်ခဲ့ပြီးတဲ့နောက်မှာ သူတအားစိတ်ဓါတ်ကျသွားပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်ခဲ့တုန်းက ကယ်ပေးခဲ့တယ်ဆိုတာသိကြလား]
လူအိုကြီးရှဲ့: “ငါကတစ်ဝက်တစ်ပျက်မှာ အနားယူသွားတာပေမဲ့လည်း ငါကဒီနယ်ပယ်ထဲမှာ အထင်ကရဖြစ်နေတုန်းပဲ”
ဟိန်ထျန်း၏ ရုပ်ရှင်သစ်ကြေညာသည့်အခမ်းအနားတစ်နေရာ၌ တစ်ချိန်က လူများပြည့်နှက်နေခဲ့ဖူးသည့် ရုပ်ရှပ်ရုံမှာ ယခုတွင်တော့ ပရိတ်သတ်အနည်းငယ်သာရှိနေလေသည်။
သတင်းထောက်များ၏မေးခွန်းများအား ရင်ဆိုင်ရချိန်တွင် ဟွိုက်ယန်သည် အပြုံးအား ဆက်ပြုံးထားဖို့ရန်ပင် ခက်လာလေသည်။
သတင်းထောက်: “မစ္စတာဟွိုက်ယန်၊ မစ္စတာကို လူတော်တော်များများက အကောင်းဆုံးသရုပ်ဆောင် ရှဲ့ကျစ်ရှင်းပြီးတဲ့နောက်မှာ အဓိကရုပ်ရှင်ဆုသုံးဆုလုံးကို ဆွတ်ခူးနိုင်မဲ့သူဆိုပြီးပြောနေကြပါတယ်၊ အားလုံးကမစ္စတာကို သူ့ရဲ့ဆက်ခံသူဆိုပြီးပြောနေကြပါတယ် မစ္စတာရောအဲဒါကိုဘယ်လိုမြင်ပါသလဲ”
ဟွိုက်ယန်သည် မိုက်ခရိုဖုန်းအရှေ့တွင်ပြုံးလိုက်ကာ
“ကျွန်တော်ရဲ့အမြင်မှာတော့ ဒီလောကထဲမှာ ဆက်ခံသူဆိုတာမျိုးကမရှိပါဘူး၊ တစ်ခြားသူတွေထက် ပိုပြီးသာလွန်နေတာပဲရှိပါတယ်၊ တစ်ခြားသူတွေထ က်ပိုပြီးသာလွန်နေတာကမှ ရုပ်ရှင်လောကကို ပိုပြီး ပိုပြီးကောင်းမွန်လာအောင်လုပ်နိုင်မှာမလား”
သတင်းထောက်သည် ထိုစကားအားကြား၍ ပြုံးလိုက်လေသည်။
သူကရှဲ့ကျစ်ရှင်းထက်ပိုသာချင်နေတာလား။ သို့သော် ရှဲ့ကျစ်ရှင်းသည် သူ့အသက် နှစ်ဆယ်သုံးနှစ်တွင် ထိုအဓိကရုပ်ရှင်ဆုကြီးသုံးဆုလုံးကိုရထားပြီးဖြစ်သည်။ ဟွိုက်ယန်သည် ရုပ်ရှင်လောကတွင်ရှိနေသည်မှာ ကြာလှပြီဖြစ်ကာသူ၏အသက်မှာ သုံးဆယ်နီးနီးပင်ရှိပြီဖြစ်သည်။ ဟွိုက်ယန်သည် သရုပ်ဆောင်ရာတွင် ရှဲ့ကျစ်ရှင်းထက် မသာလွန်နိုင်သည်အား လူတိုင်းသိလေသည်။ Box office အားပြောရလျှင် ရှဲ့ကျစ်ရှင်း၏ “Young Hero” သည် လက်ရှိတွင်ပြည်တွင်းဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ကာ ဟွိုက်ယန်၏ ရုပ်ရှင်အသစ်မှာမူ ထိပ်တန်းတစ်ဆယ်သို့ပင်မဝင်နိုင်ပေ။
အကြောင်းအရာအားပြောင်း၍ သတင်းထောက်သည် ယဥ်ကျေးစွာမေးမြန်းလိုက်လေသည်။
“မစ္စတာဟွိုက်ယန် အင်တာနက်မှာအခုတလော လိမ်ညာသူများကိုဖော်ထုတ်သူရဲ့ “ဖော်ထုတ်မှုတစ်ခု အတင်းငါးခု” ကအတော်လေး ဂယက်ထနေပါတယ်၊ အားလုံးကလည်း ရုပ်ရှင်ရုံကိုလာပြီး အဲအတင်းအဖျင်းကို အတော်လေး စိတ်ဝင်စားနေကြတဲ့ပုံပေါ်ပါတယ်၊ မစ္စတာရောဘယ်လိုမြင်ပါသလဲ”
ဟွိုက်ယန်၏နဖူးတွင် သွေးကြောတစ်ခုပေါ်လာလေသည်။
သူရှေ့ရှိ သတင်းထောက်မှာတည်ငြိမ်နေပါသော်ညား မေးခွန်းတိုင်းသည် သူ့အတွက် အကြပ်ရိုက်စေနေလေသည်။
ပထမဆုံး သူမသည် သူသည်ရှဲ့ကျစ်ရှင်းလောက်မကောင်းမွန်ကာ သူ၏ဆက်ခံသူသာဖြစ်သည်ဟု ပြောပြီး ယခုတွင်သူမသည် သူရုပ်ရှင်၏ Box office အဆင့်နိမ့်မှုကိုပြောနေလေသည်။
ထို သတင်းထောက်၏နာမည်မှာ မည်သို့ခေါ်သနည်း။
ဟွိုက်ယန်သည် သူ၏ရှေ့ရှိ အမျိုးသမီးအားမကျေမနပ်ဖြင့်ကြည့်လိုက်လေသည်။ သူမကိုကြည့်ရသည်မှာ အတင်းပြောဘုရင်မ၏ သတင်းထောက်ဖြစ်ပုံရသည်။
ဘယ်လိုတောင် အမှိုက်သရိုက်ဆန်တဲ့ စျေးကွက်ရှာဖွေရေးအကောင့်လဲ။ ငါဘယ်တော့မှအဲလို စျေးကွက်ရှာဖွေရေးအကောင့်ဆီက အင်တာဗျူးမျိုးကို ဘယ်တော့မှထပ်လက်ခံတော့မှာမဟုတ်ဘူး။
ဟွိုက်ယန်သည် အတင်းပြောဘုရင်မဘေးရှိ ကင်မရာအားသတိပြုမိကာ သူ၏ပုံမှန်နေနေကျ ကျက်သရေရှိကာ ယဥ်ကျေးသည့်အမူအယာကိုသာ ထိန်းထားနိုင်လေသည်။
“ရုပ်ရှင်ဇာတ်ကားအသစ် တစ်ကား မကြာခင်လေးကမှ ထွက်ထားတဲ့အချိန်မှာ လိမ်ညာသူများကိုဖော်ထုတ်သူလိုမျိုး အံ့မခန်းစျေးကွက်ရှာဖွေရေးအကောင့်ရဲ့ ဖော်ထုတ်မှုတွေနဲ့ တိုက်ဆိုင်သွားတာက ကံဆိုးတာပါပဲ၊ ကျွန်တော်လုပ်နိုင်တာမရှိဘူးလေ ကျွန်တော်ရဲ့ ကံက အမြဲလိုလိုဆိုးနေတာပါပဲ၊ တစ်ခါတလေကျရင် ကျွန်တော် ရှဲ့လောင်ရှီးကို အားကျမိပါတယ် သူကအတော်ကံကောင်းတယ်လေ၊ သူကအတော်လေးငယ်ရွယ်သေးပြီးတော့ သူကအကောင်းဆုံးရုပ်ဆောင်ဆုကို သုံးခါတောင်ရပြီးသွားပြီလေ”
တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှူနေကြသည့် ပရိတ်သတ်များမှာ ဟွိုက်ယန်၏စကားများကြောင့် ရင်ထဲထိသွားကြလေသည်။
[စိတ်မပူပါနဲ့ ယန်ယန်၊ ငါတို့မင်းရဲ့ပရိတ်သတ်တွေက မင်း ဆုသုံးဆုမရမချင်း အားပေးနေမှာပါ]
[ဟုတ်တယ် ငါတို့ယန်ယန်ကအတော်ကြိုးစားထားတာပါ ပြီးတော့သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကအတော်ကောင်းတယ်လေ၊ သူသုံးကိုရဖို့စာအတွက် အချိန်လေးပဲလိုတော့တာပါ]
[ယန်ယန်လုပ်နိုင်ပါတယ် ကြိုးစားထားပါ]
အခြားသူများမှာမူ ဟွိုက်ယန်၏အဖြေများအား ထူးဆန်းသည်ဟုထင်ကြလေသည်။
[ငါဘာလို့ ဟွိုက်ယန်ပြောတာတွေက ရှဲ့ကျစ်ရှင်းကပဲ ကံကြောင့်ဆုတွေရတာလိုလို ပြောနေတယ်လို့ခံစားနေရတာလဲ]
[အပေါ်ကလူတွေမသိကြဘူးလား၊ ဟွိုက်ယန်ကရှဲ့ကျစ်ရှင်းကိုသူ့ရဲ့ ရန်သူအဖြစ်အမြဲတမ်းသတ်မှတ်ထားခဲ့တာ၊ သူကအဲဒါကိုလည်း တစ်ခါထက်မက ဖော်ထုတ်ပြခဲ့ဖူးတယ်]
အမှန်လျှင် လောင်ရှဲ့သည် သူ၏ကိုယ်ပိုင်အကျိုးစီးပွားသို့မဟုတ် ပစ္စည်းများရောင်းချရန်အတွက် ဘယ်သောအခါမှ တိုက်ရိုက်ထုတ်လွှင့်ခြင်းမရှိခဲ့ပေ။ သူသည် ယခုတလော ရိုက်ကူးရေးသိပ်မရိုက်ခြင်းဘာဖြစ်သည်။ ထိုအရာ၌ ဘာများမှားနေသနည်း။
အမှန်ပြောရလျှင် ဟွိုက်ယန်၏ရုပ်ရှင်မှာအတော်ကောင်းသော်ညား “Young heroes” ကဲ့သို့ ကောင်းမွန်သည့်လက်ရာမျိုးနှင့် မတူဟုထင်လေသည်။
[မင်း ရှဲ့ကျစ်ရှင်းကို ဝေဖန်နေမဲ့အစား မင်းကိုယ်မင်းပဲ ပိုတိုးတက်လာအောင် လုပ်ဖို့ပဲအကြံပေးတယ်၊ လောင်ရှီး အဲဆုသုံးဆုကို ဆွတ်ခူးခဲ့တုန်းက သူရဲ့ပြိုင်ဘက်တွေကပိုပြီးတော့တောင် ကြောက်ဖို့ကောင်းခဲ့တာ]
ဆယ်မိနစ်ကြာမြင့်သည့် အင်တာဗျူးသည် နောက်ဆုံးတွင်တော့ ပြီးဆုံးသွားခဲ့သည်။
သူနားနေခန်းသို့ပြန်ရောက်ချိန်တွင် သူ၏မျက်နှာသည်ချက်ချင်းပင်ပျက်သွားလေသည်။
“လိမ်ညာသူများကိုဖော်ထုတ်သူ ထပ်ပြီး လိမ်ညာသူများကိုဖော်ထုတ်သူပဲ၊ ဘာလို့ ငါ့ရဲ့ဇာတ်ကားအသင့်လွှင့်ပြီးချင်းမှာမဟုတ်ပဲနဲ့ နောက်မှမဟုတ်ရင် စောပြီးဖော်ထုတ်လိုက်ပါ့လား”
လိမ်ညာသူများကိုဖော်ထုတ်သူ၏ ရုတ်တရက်ဖော်ထုတ်မှုကြောင့်သာမဟုတ်ခဲ့လျှင် ဟွိုက်ယန်၏ရုပ်ရှင်အသစ်သည် အနည်းဆုံး နှစ်ဘီလီယံဝင်ငွေရရှိမည်ဖြစ်သည်။ ထိုရုပ်ရှင်သည် သူကိုယ်တိုင်ရင်းနှီးမြုပ်နှံထားသည့် ရုပ်ရှင်ဖြစ်ကာ သူသည် ထိုရုပ်ရှင်အား ဆုကြီးသုံးဆုအား ရယူနိုင်မည်ဆိုသည့် မျှော်လင့်ချက်နဲ့ ရိုက်ကူးခဲ့လေသည်။
ထန်ကျင်းယီ သည် ဟွိုက်ယန်၏ အင်တာဗျူးအားနားနေခန်းထဲတွင် ကြည့်နေလေသည်။ ဟွိုက်ယန်၏ပေါက်ကွဲသံမှာ ကျယ်လောင်လွန်း၍ သူမသည် နားနေခန်း၏တံခါးကိုပင်ပိတ်လိုက်ရလေသည်။
“ကျွန်မရှင့်ကို လိမ်ညာသူများကိုဖော်ထုတ်သူကို မဆန့်ကျင်ဖို့အတွက် အကြံပေးတယ်”
ထန်ကျင်းယီ ပြောလိုက်လေသည်။
“ကျွန်မတို့တွေသူ့လက်ထဲမှာ အတော်ခံရဖူးပြီလေ”
ဟွိုက်ယန်သည် ယခုတလော၌ သူ၏ရုပ်ရှင်အသစ်နှင့်အလုပ်ရှုပ်နေသော်ညား သူသည် လိမ်ညာသူများကိုဖော်ထုတ်သူနှင့် ယဲ့ရှီဝမ်အကြားရှိ ရန်ညှိုးထားမှုအား ရင်းနှီးနေဆဲဖြစ်သည်။ သူသည်အလေးမထားစွာပြောလိုက်လေသည်။
“အဲဒါက ယဲ့ရှီဝမ်ရဲ့တုံးအမှုကြောင့်ပဲ၊ သူကအမြဲတမ်း လိမ်ညာသူများကိုဖော်ထုတ်သူဆီကနေ အမြဲတမ်းအမိခံနေရတာ၊ တကယ်လို့ ငါသာသူဆိုရင် လိမ်ညာသူများကိုဖော်ထုတ်သူတွေရဲ့လက်ထဲ လွယ်လွယ်နဲ့ကျသွားမှာမဟုတ်ဘူး”
ထန်ကျင်းယွီသည် တိတ်ဆိတ်စွာနေနေလေသည်။
သူသည် ဟန်ထျန်း entertainment ၏ထိပ်တန်း အေဂျင့်ဖြစ်ကာ ယဲ့ရှီဝမ်နှင့်ဟွိုက်ယန် နှစ်ဦးစလုံးအားနာမည်ကြီးအောင်လုပ်ပေးခဲ့သည့်သူဖြစ်သည်။ ယဲ့ရှီဝမ်၏နည်းလမ်းမှာ ဟွိုက်ယန်၏နည်းလမ်းထက် ပို၍အကျိုးသက်ရောက်မှုနည်းခြင်းမရှိပေ။ သို့ပေမဲ့ ဟွိုက်ယန်သည် မာနကြီးကာ အကြံအဥာဏ်အား နားထောင်လိုခြင်းမရှိပေ။ ထန်ကျင်းယီသည် များစွာမပြောနိုင်ကာ သူ့အားသတိပေးရုံသာတတ်နိုင်လေသည်။
“ဘာပဲဖြစ်ဖြစ် ရှင့်ရဲ့ဆက်ဆံရေးလျို့ဝှက်ချက်တွေနဲ့ ပတ်သက်ပြီးသတိထားပါ၊ လိမ်ညာသူများကိုဖော်ထုတ်သူဆီမှာ အဖော်မခံလိုက်ရစေနဲ့”
ဟွိုက်ယန်၏ဖုန်း မြည်လာလေသည်။ ပေးပို့သူမှာ သူ့အား အစောက ခြောက်လန့်ခဲ့သည့် မိန်းကလေးဖြစ်လေသည်။
သူပြုံးလိုက်ကာ ထန်ကျင်းယီနှင့်စကားပင် ဆက်မပြောချင်တော့ပေ။
“အဲမိန်းကလေးတွေက နှလုံးသားနုလွန်းတယ် စကားပြောချိုချိုလေးတွေကြားပြီးတဲ့နောက်မှာ သူတို့တွေက ငါအပေါ်အတော်လေးပျော်ဝင်နေကြပြီ၊ သူတို့တွေက ဘယ်လိုလုပ်ငါ့ကိုဖော်ထုတ်ကြမှာလဲ၊ စိတ်မပူပါနဲ့ ငါ ငါ့ရဲ့ကန့်သတ်ချက်ကိုသိပါတယ်”
ထန်ကျင်းယီသည် စာရွက်စာတမ်းများအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်လေသည်။
ဟွိုက်ယန်သည် အမှန်ပင်မိန်းကလေးများအား ချိုချိုသာသာပြောသည့်နေရာ၌တော်လေသည်။ မဟုတ်လျှင် သူသည်ထိုမိန်းကလေးများအား သူ၏လက်အောက်တွင် ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။
ပုံမှန်အားဖြင့် ထန်ကျင်းယီသည် သူမ၏အနုပညာရှင်များအား ထိုသို့လုပ်ခွင့်ပြုမည်မဟုတ်သော်ညား ယဲ့ရှီဝမ်သည် တဖြည်းဖြည်းနာမည်ကျလာကာ ဟွိုက်ယန်သည် ဟန်ထျန်း၏ နာမည်အကြီးဆုံး အနုပညာရှင်ဖြစ်သွားလေသည်။ သူ၏စာချုပ်ကာလမှာ ပြီးဆုံးတော့မည်ဖြစ်၍ ထန်ကျင်းယီသည် မတတ်နိုင်စွာနှင့် သူ့အလိုကျ လိုက်လုပ်ပေးရုံသာတတ်နိုင်လေသည်။
“ဘာပဲဖြစ်ဖြစ် ရှင်ပိုပြီးအလေးထားသင့်တယ်”
ထန်ကျင်းယီသည် သူ့အားထပ်မံ သတိပေးလိုက်လေသည်။
ဟွိုက်ယန်သည် အလွန်ပင်စိတ်မရှည်ဖြစ်သွားလေသည်။ အင်တာနက်ပေါ်ရှိ ချိုမြသည့်အသဲလေးသည် သူ့ထံလာနေချိန်တွင် သူသည် ထိုကဲ့သို့မျက်လုံးလေးလုံးပါသည့် ထန်ကျင်းယီကဲ့သို့ ပျင်းစရာမိန်းမကြီးအား မည်ကဲ့သို့စိတ်ဝင်စားနိုင်မည်နည်း။
“ငါသိပါတယ် သိပါတယ်”
ဟွိုက်ယန်သည် စိတ်မရှည်စွာပြောလိုက်လေသည်။ သူသည် မက်စ်နှင့်နေကာမျက်မှန်အားတပ်ကာ ဘေးဘီသို့ကြည့်လိုက်ပြီး နားနေခန်းထဲမှထွက်သွားလေသည်။
ဖုန်းထဲရှိ ချိုမြသည့်အသဲလေးသည် ဟွိုက်ယန်အား ထပ်မံဆက်သွယ်လာကာ သူမ ဟိန်ထျန်း၏ရွက်လွှင့်အဖွဲ့သို့ ရောက်နေပြီဖြစ်ကြောင်းပြောလေသည်။
ဟွိုက်ယန်သည် လှုပ်ရှားမှုတစ်ခုပြုလုပ်ရန်အတွက် စိတ်အားထက်သန်နေခဲ့သည်။
သူမသည် သူပရိတ်သတ်စကားပြောအဖွဲ့သို့ လွန်ခဲ့သည့်နှစ်ရက်ကထည့်သွင်းပေးလိုက်သည့် သူဖြစ်လေသည်။
ထိုမိန်းကလေးသည် သူမ၏ကိုယ်ပိုင်ပုံအား ဝေ့ပေါ်ပုံအဖြစ်ထားထားလေသည်။ သူမသည်ပုံမှန်ပုံစံဖြစ်ကာ အနည်းငယ်လှပလေသည်။ အဓိကအချက်မှာ သူမ၏ပုံစံဖြစ်လေသည်။ သူမ၏အရပ်မှာ 175 စင်တီမီတာဖြစ်ကာ လုံးကြီးပေါက်လှအသွင်အပြင်ရှိလေသည်။ သူမသည်ရိုးရှင်းသည့် တရုတ်ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်ထားသော်ညား သူမ၏ကောက်ကြောင်းများအား ပေါ်လွင်နေဆဲဖြစ်သည်။
ဟွိုက်ယန်သည် ထိုမိန်ကလေးအားအလွန်စိတ်ဝင်စားသွားကာ သူမအား wechat ၌အပ်လိုက်လေသည်။ ဟွိုက်ယန်၏ ပရိတ်သတ်အသစ်တစ်ဦးအနေနှင့် ထိုမိန်းကလေးတစ်ဦးသည် သူ သူမအား စကားပြောအဖွဲ့ထဲသို့ ထည့်ပေးချိန်တွင်အလွန်ပင်ပျော်ရွှင်သွားခဲ့သည်။
သူမတွင် နတ်သမီးတစ်ဦးကဲ့သို့မျက်နှာရှိကာ နတ်ဆိုးတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်အချိုးအစားရှိလေသည်။ အတွေ့အကြုံမရှိသေးသည့် သူမသည် သူ့အား လေးစားအားကျကာ အကန့်အသတ်မရှိ စိတ်ကူးယဥ်ခဲ့ဖူးလေသည်။
ထိုကဲ့သို့ မိန်းကလေးမျိုးမှာ ရယူနိုင်ရန်အလွယ်ကူဆုံး မိန်းကလေးပင်ဖြစ်သည်။
ဗင်ကားသည် ရုပ်ရှင်ရုံမှ ရွက်လှေကလပ်သို့သို့ မောင်းနှင်သွားခဲ့သည်။
ဟွိုက်ယန် ချိုမြသည့်အသဲလေးအား ရွက်လှေကလပ်၏ အဝင်ဝ၌တွေ့လိုက်ချိန်တွင် သူသည် သူမ ထံမှမျက်လုံးပင်မခွာနိုင်ပေ။
သူမသည် ဖြူစင်သည့်အဖြူရောင် အင်္ကျီအား ဝတ်ဆင်ထားပါသော်ညား သူမ၏ ရင်ဘတ်အား မဖုံးကွယ်ထားနိုင်ပေ။ သူမ၏သေးသွယ်သည့်ခါးမှာ သေးသွယ်လွန်းကာ သူ့လက်တစ်ဖက်ဖြင့် ကိုင်နိုင်ရုံလောက်သာဖြစ်ပြီး သူမ၏ဖြူဖွေးကာ နူးညံ့သိမ်မွေ့သည့်မျက်နှာသည် ပို၍ပင်သနားစဖွယ်ကောင်းလေသည်။
သူမသည် ဓါတ်ပုံပြုပြင်ထားခြင်းမဟုတ်သကဲ့သို့ ဓါတ်ပုံထဲကထက်ပင် ပို၍လှပလေသည်။
ဟိန်ထျန်းသို့ လာရောက်သည့်ခရီးစဥ်မှာ အလွန်ပင်ထိုက်တန်သွားလေသည်။
မိန်းကလေး၏ ဝိုင်းစက်ကာ ဗာဒံစေ့လေးများကဲ့သို့ မျက်လုံးလေးသည် ဟွိုက်ယန်အားမြင်လိုက်ချိန်တွင် ရင်ခုန်စိတ်လှုပ်ရှားမှုများနှင့်တောက်ပနေလေသည်။
“ဟွိုက်ယန်လောင်ရှီး”
မိန်းကလေးသည်ပြောလိုက်ကာသူမ၏မျက်နှာမှာ နီမြန်းလာလေသည်။ နီယွန်မီးရောင်အောက်မှာပင် သူမ၏ နားရွက်များမှာ နီရဲနေဆဲဖြစ်သည်။
ဟွိုက်ယန်သည် မိန်းကလေး၏လက်အား ညင်သာစွာယူလိုက်ကာ “
“ကိုယ်မင်းကိုမမေးရသေးဘူး မင်းနာမည်ကဘယ်လိုခေါ်တာလဲ”
မိန်းကလေးသည် ချိုသာစွာပြောလိုက်လေသည်။
“ကျွန်မနာမည်ကရှချွင်ချွင်ပါ”
“ချွင်ချွင်”
ဟွိုက်ယန်သည် သူမအနားသို့တိုးကပ်ကာ သူမ၏နာမည်အား ဆွဲဆောင်မှုရှိသည့်အသံနှင့် ခေါ်လိုက်ပြီး သူ၏ပူနွေးနွေးလေများမှာ သူမ၏နားထဲတွင် ပြည့်နှက်သွားလေသည်။
“အဲဒါက နားထောင်လို့အရမ်းကောင်းတာပဲ”
ရှချန်းချန်းသည် တုန်လှုပ်သွားကာ ပျို့အန်ချင်စိတ်များဖြစ်လာလေသည်။ သို့ပေမဲ့ ဟွိုက်ယန်အတွက်မူ ရှချွင်ချွင်သည် သူ၏ဆွဲဆောင်မှအောက်တွင် တုန်လှုပ်နေသည်ဟုထင်ကာ သူ့အားပို၍ပင်ရွှင်မြူးလာစေခဲ့သည်။
ရှချန်းချန်းသည်လည်း အလွန်ပင်ကျွမ်းကျင်သူဖြစ်လေသည်။ ပျို့အန်ချင်စိတ်ဖြစ်ပြီးသွားနောက် သူမသည် သူမ၏ရိုးသားဖြူစင်သည့်မျက်နှာလေးအားမော့လိုက်ကာ ဟွိုက်ယန်အား လေးစားအားကျသည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ဟွိုက်ယန်သည် ရှချွင်ချွင်သို့မဟုတ် ရှချန်းချန်း၏လက်အားကိုင်လိုက်တာ ၎င်းတို့နှစ်ဦးသည် ရွက်လှေကလပ်ထဲသို့ ဝင်သွားကြလေသည်။
ကလပ်တွင် မီးရောင်များဝိုင်များနှင့်ပြည့်နေကာ လာရောက်သူများ၏ ကိုယ်ရေးကိုယ်တာများအား ထိန်းသိမ်းပေးထားနိုင်သည့် သီခြားအခန်းများရှိလေသည်။
အခန်းထဲကိုဝင်ပြီးနောက် ဟွိုက်ယန်သည် ရှချန်းချန်း ထိုင်ဖို့ရာအတွက်ပြင်ပေးလေသည်။
“ကိုယ်ဝိုင်သွားယူလိုက်ဦးမယ် ကိုယ့်ကိုစောင့်နေနော်”
ရှချန်းချန်းသည် နာခံစွာနှင့်ခေါင်းငြိမ့်လိုက်လေသည်။
“ဟွိုက်ယန်ကော သွားပါ၊ ကျွန်မဒီမှာ လိမ်လိမ်မာမာနဲ့စောင့်နေပါမယ်”
ဟွိုက်ယန်သည် အခန်းထဲမှထွက်လိုက်ချိန်တွင် ကလပ်၏စားပွဲထိုးနှင့် တံခါးဝ၌တည့်တည့်တိုးလေသည်။
စားပွဲထိုးသည် သူ၏လက်ထဲတွင် ဘီယာခွက်များစွာအားကိုင်ထားလေသည်။ ဟွိုက်ယန်ထွက်လာသည်ကိုမြင်သောအခါ သူသည် ဘေးဘီသို့ကြည့်၍ သူ၏အိတ်ကပ်ထဲမှ ပန်းရောင်ဆေးလုံးလေးအား ထုတ်လိုက်လေသည်။
“ယန်ကော ဒါကနောက်ဆုံးပေါ် နာမည်ကြီးနေတဲ့ဆေးလုံးပဲ ဒါကအရမ်းကိုသန့်တယ်၊ သူကသူ့ဘာသူ နှစ်ဆယ်လေးနာရီအတွင်းမှာ ချေဖျက်သွားမှာ၊ အဲဒါကို ခြေရာခံဖို့ဆိုတာမဖြစ်နိုင်ဘူး၊ လူတိုင်းကအခု ဒီဆေးကို သုံးရတာ သဘောကျနေကြတာ”
ဟွိုက်ယန်သည် ဆေးလုံးအားယူလိုက်ကာ စားပွဲထိုး၏ပုခုံးအားပုတ်လိုက်လေသည်။
“တော်တယ်”
ပြန်လှည့်လိုက်ကာ ဟွိုက်ယန်သည်အခန်းထဲသို့ ဘီယာတစ်ခွက်နှင့်ပြန်ဝင်လာခဲ့လေသည်။
ထိုသီးသန့်အခန်းထဲတွင် KTV ပါရှိလေသည်။ ရှချန်းချန်းသည် မြင့်မားသည့်ထိုင်ခုံပေါ်တွင် အေးအေးဆေးဆေးထိုင်နေကာ ဟွိုက်ယန်အား နူးညံ့စွာပြန်ကြည့်လိုက်ရင်း
“ဟွိုက်ယန်ကော ကောဘယ်သီချင်းဆိုချင်လဲ”
မီးရောင်မှိန်ဖျော့ဖျော့အောက်၌ ဟွိုက်ယန်တွင် သီချင်းဆိုရန်အချိန်မရှိပေ။ သူသည် ရှချွင်ချွင်ကိုသာ အိပ်ရာထဲခေါ်သွင်းချင်စိတ် ချင်စိတ်ပြင်းထန်နေလေသည်။
သူသည် ရှချွင်ချွင်၏ကိုယ်လုံးကိုယ်ပေါက်မှာ ရှားပါးလွန်းကာ သူမကဲ့သို့လူမျိုးသည် ဖျော်ဖြေရေးနယ်ပယ်ထဲတွင်ပင် များများမရှိနိုင်ပေ။ ထိုကြောင့်သူသည် သူ၏နှလုံးထားထဲမှစိတ်လှုပ်ရှားမှုကိုထိန်းထားရန်အတွက် ဘီယာတစ်ပုလင်းအားလှုပ်ယမ်းနေလေသည်။
“ခဏနေမှသီချင်းဆိုကြရအောင်ပါ၊ အရင်သောက်ကြရအောင်လေ”
ရှချန်းချန်းသည်လည်း အလွန်ပင်နာခံနေကာ ဟွိုက်ယန်၏ဘေးတွင်ဝင်ထိုင်လိုက်လေသည်။
ရောင်စုံနေသည့်မီးအလင်းများသည် သီးသန့်အခန်းထဲ၌ တောက်ပနေလေသည်။ KTV ဖန်သားပြင်ပေါ်ရှိ မှန်ဘီလူးလေးမှ အလင်းရောင်သည် အလင်းပြန်သွားကာ အခန်း၏ရောင်စုံမီးလုံးများထဲသို့ လျင်မြန်ကာပေါင်းစပ်၍ ပျောက်ကွယ်သွားလေသည်။
ဟွိုက်ယန်သည် ရှချန်းချန်းမမြင်စေရန် သူ၏ခန္ဓာကိုယ်ဖြင့်တမင်ကာထားကာ ပုလင်းဖွင့်သည့်အတံနှင့် ဘီယာနှစ်ပုလင်းအားဖွင့်လိုက်ပြီး ပုလင်းတစ်ပုလင်းထဲသို့ ပန်းရောင်ဆေးလုံးလေးအား ထည့်လိုက်လေသည်။
ရှချန်းချန်းသည် ဟွိုက်ယန်၏အနောက်ဖက် တည့်တည့်၌ထိုင်နေသောကြောင့် ထိုဖြစ်ရပ်အားလုံးဝပင်မမြင်လိုက်ပေ။ သိုသော်ညား KTV မျက်နှာပြင်ပေါ်တွင်မူ ဟွိုက်ယန်ဆေးလုံးထည့်လိုက်သည့်အချိန်အား ဖမ်းယူထားလေသည်။
ထိုပန်းရောင်ဆေးလေးသည် ဘီယာထဲသို့ အလျင်အမြန်ပျော်ဝင်သွားကာ အမြုပ်များနှင့်ရောနှောသွားလေသည်။
ဟွိုက်ယန်သည် ရှချန်းချန်းအား ဘီယာတစ်ဗူးကမ်းပေးလိုက်လေသည်။
“မင်းရဲ့ လည်ပင်းလေးရေဓါတ်ရှိသွားအောင် နည်းနည်းလောက် အရင်သောက်လိုက်ပါဦး၊ စိတ်မပူပါနဲ့ ဒီဘီယာကသိပ်မပြင်းပါဘူး မင်းမမူးနိုင်ပါဘူး”
ရှချန်းချန်း၏မျက်လုံးများသည် တောက်ပသွားကာ
“ကျေးဇူးပါ ဟွိုက်ယန်ကော”
ဟွိုက်ယန်သည် ရှချန်းချန်းအားစိုက်ကြည့်နေကာ သူမဘီယာသောက်မည့်အချိန်ကိုစောင့်နေလေသည်။
ရုတ်တရက် ရှချန်းချန်းသည် မသောက်တော့ကာ
“ဟွိုက်ယန်ကော ဒါကကျွန်မတို့ဒိတ်နေကြတာလား၊ တကယ်လို့ ကောရဲ့ကောင်မလေးကသိသွားပြီး စိတ်ဆိုးသွားရင်ရော”
“ကောင်မလေးကဘယ်မှာရှိလို့လဲကွာ”
ဟွိုက်ယန်သည် သူ့လက်အား ရှချန်းချန်း၏ ခါးပေါ်တွင်တင်လိုက်ကာ
“ကိုယ်ကအမြဲတမ်း လူလွတ်ဖြစ်နေခဲ့တာပါ”
ရှချန်းချန်းသည် စိတ်ပူနေသည့်ပုံပေါက်ကာ ဟွိုက်ယန်၏လက်အား ရှောင်ဖယ်သလိုဟန်ဆောင်လိုက်လေသည်။
“ဒါပေမဲ့ ပါပါရာဇီတွေကကောကို မိန်းမငယ်လေးတစ်ယောက်နဲ့ ပိုင်ချန်းမှာရှိနေတာကို ဓါတ်ပုံရိုက်လိုက်သေးတယ်လေ၊ ကောတို့တွေကအရမ်း ရင်းနှီးကြတဲ့ပုံပေါက်တာကို ကောတို့က တွဲနေကြတာမဟုတ်ဘူးလား”
ဟွိုက်ယန်၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများအနည်းငယ်ဖြတ်ပြေးသွားပြီးနောက် နူးညံ့သိမ်မွေ့ကာ ချစ်စိတ်များရှိနေသည့် မျက်လုံးအဖြစ်သို့ပြောင်းသွားကာ သူ၏နူးညံ့သိမ်မွေ့ကာ ကျက်သရေရှိသည့်အပြုံးအားလည်း ပြုံးလိုက်လေသည်။
“ဘာကို ကောင်မလေးရမှာလဲကွာ သူမကကိုယ့်ရဲ့မန်နေဂျာပါ၊ သူမ အဲနေ့တုန်းကနေလို့သိပ်မကောင်းနေလို့ လေ ပြီးတော့ကိုယ်တို့က တစ်ဖွဲ့တည်းသားတွေဆိုတော့ ကိုယ်သူမကို ကူညီပေးတာကဖြစ်သင့်တာပဲလေ၊ အဲပါပါရာဇီတွေကဒီတိုင်း သတင်းတွေလျှောက်ရေးပြီး ပုံရိုက်ဖို့အတွက် ထောင့်တွေကို တမင်သက်သက်ရွေးရိုက်ထားလို့ပါ”
“တကယ်လား”
ရှချန်းချန်းသည် သူမ၏တောက်ပနေသည့်မျက်လုံးလေးအား တဖျတ်ဖျတ်ခတ်လိုက်လေသည်။
“သေချာတာပေါ့”
ဟွိုက်ယန်သည် ခိုင်မာစွာပြောလိုက်လေသည်။
ရှချန်းချန်း: “ကျန်းချန်မှာတုန်း မိန်းကလေးတစ်ယောက်နဲ့ သတင်းထွက်တုန်းကရော၊ ကောတို့နှစ်ယောက်က အချင်းချင်းခွံ့ကျွေးနေကြတာလေ”
“အဲဒါကိုယ့်ဝမ်းကွဲလေ၊ သူမကဆယ့်ငါးနှစ်ပဲရှိသေးတာ ပြီးတော့သူမက ကိုယ့်ကိုတအားတွယ်ကပ်တာ”
ဟွိုက်ယန်သည် တည်ငြိမ်နေဆဲဖြစ်ကာ ရှချန်းချန်း၏လက်အား နူးညံ့စွာကိုင်လိုက်လေသည်။
“ချွင်ချွင် ကိုယ့်ရဲ့နှလုံးသားထဲမှာ မင်းတစ်ယောက်ပဲရှိတယ်ဆိုတာ ယုံပေးပါကွာ”
ရှချန်းချန်း၏ မျက်လုံးများမှာလင်းလက်လာကာ
“ဟွိုက်ယန်ကော အဲဒါဆို ကောကအခုလူလွတ်ပေါ့ ပြီးတော့ကောမှ ကျွန်မကလွဲပြီး တစ်ခြားကောင်မလေးတွေလည်း မရှိဘူးပေါ့”
ဟွိုက်ယန်သည် ယုံကြည်ချက်ရှိရှိပြောလိုက်လေသည်။
“သေချာတာပေါ့”
ရှချန်းချန်းသည် အန္တရယ်ကင်းသည့်ပုံပေါက်သော်ညား သူမ၏အပြစ်ကင်းစင်သည့် မျက်လုံးများမှာထက်မြက်မှုအပြည့်ရှိလေသည်။
“အဲဒါဆိုရင် ချိန်ရှီ မုန့်ချီပြီးတော့ ချိန်ယွဲ့ တို့ကရော အတွက်ဘာတွေလဲ”
ဟွိုက်ယန်သည် လန့်ဖြန့်သွားကာ သူ၏နှလုံးသားထဲသို့ ကြောက်ရွံ့မှုများ ရုတ်ချည်းတိုးဝင်လာကာ
“မင်းဘယ်လိုလုပ် သူတို့ရဲ့နာမည်တွေကိုသိနေတာလဲ”
သူထိုစကားအားပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် သီးသန့်အခန်း၏ တံခါးမှာကန်ဖွင့်ခြင်းခံလိုက်ရလေသည်။ မိန်းကလေး လေးဦးသည် တံခါးဝတွင်ရပ်နေကာ ဟွိုက်ယန်အား စိုက်ကြည့်နေကြလေသည်။
ဟွိုက်ယန်သည် လန့်ဖြန့်သွားကာ
“ချိန်ရှီ မုန့်ချီ ချိန်ယွဲ့ မင်းတို့တွေ ဘယ်လိုလုပ် ဒီကိုရောက်နေကြတာလဲ”
ချိန်ရှီ: “ ဟွိုက်ယန် ရှင်ပြောတုန်းက ကျွန်မကရှင့်ရဲ့တစ်ဦးတည်းသော ချစ်သူဆို”
မုန့်ချီ: “ပြီးတော့ ရှင်ကျွန်မကိုပဲအမြဲတမ်းချစ်သွားမှာပါဆို ဒါကရှင်ဆိုလိုချင်တာလား”
ချိန်ယွဲ့: “ကျွန်မရှင့်ကိုပြောခဲ့တယ်လေ၊ ကျွန်မဟိုင်ထျန်းကို ရှင်နဲ့အတူရှိဖို့လာပေးလို့ရတယ်လို့၊ အဲဒါကို ရှင်က သူမနဲ့အတူရှိဖို့ ရွေးလိုက်တာပေါ့”
သူတို့၏ တင်းမာသည့်မေးခွန်းများနှင့်ရင်ဆိုင်ရချိန်တွင် ဟွိုက်ယန်သည် ပြောစရာစကားပင်မရှိဖြစ်သွားလေသည်။
ချိန်ရှီသည်ပထမဆုံးတုံ့ပြန်နိုင်သူဖြစ်သည်။ သူမသည်ရှေ့သို့တိုးကာ ဟွိုက်ယန်၏ပါးအားရိုက်လိုက်ကာ သူမ အသံသည် ဒေါသများဖြင့်တုန်ခါနေပြီး
“ဟွိုက်ယန် ရှင်အောက်တန်းစားကောင်!”
ထိုသို့ပြောပြီးပြီးချင်းပင် အခြားမိန်းကလေးနှစ်ဦးသည်လည်း သူတို့၏လက်ကိုင်အိတ်များအားဆွဲ၍ ရှေ့သို့အမြန်တိုးလာကြကာ ဟွိုက်ယန်အား အတူတကွရိုက်နှက်ကြလေသည်။
သီးသန့်အခန်းသည် ကမောက်ကမဖြစ်သွားကာ မိန်းကလေးများ၏အဆက်မပြတ် ရိုက်နေသည့်အသံနှင့် ဟွိုက်ယန်၏တောင်းဆိုနေသံများရောနှောနေလေသည်။
“ချိန်ရှီ ကိုယ်ရှင်းပြပါ့မယ်”
“အား မုန့်ချီငါ့ရဲ့ဆံပင်ကိုဆက်မဆွဲနဲ့တော့”
“ချိန်ယွဲ့အဲဒါကတကယ် မင်းထင်နေသလိုမဟုတ်ပါဘူး”
ထိုမြင်ကွင်းသည် အမှန်တကယ်ပင် ကမောက်ကမဖြစ်နေလေသည်။
ရှချန်းချန်းသည် အလွန်ပင်ရွှင်မြူးနေကာ ကျင်းရိဖန်၏ သီချင်းသစ် “dead cheating scumbag” အားရွေးလိုက်ကာ ထိုအခန်းကျဥ်းထဲ၌ ဖွင့်လိုက်လေသည်။ ထိုစာသားများသည် အံ့မခန်းပင်ကိုက်ညီနေလေသည်။
ပြီးနောက် ဆေးခတ်ထားသည့် ဘီယာအားယူသွားကာ သူမသီးသန့်အခန်းထဲမှ အေးဆေးစွာထွက်လာခဲ့လေသည်။
“တုန်ကျီ အဲသီသန့်အခန်းထဲက တိုက်ရိုက်ထုတ်လွှင့်မှုကဘယ်လိုလဲ”
ရှချန်းချန်း အခန်းထဲမှထွက်လာပြီးနောက် စနစ်အားမေးလိုက်လေသည်။
စနစ်: “hostစိတ်မပူပါနဲ့ ငါ အဲသီသန့်အခန်းမှာဖြစ်ခဲ့တဲ့ဟာ အကုန်လုံးကို အချိန်နဲ့တစ်ပြေးညီ လိမ်ညာသူများကိုဖော်ထုတ်သူ ဝေ့ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်ထားပါတယ်၊ ဟွိုက်ယန်ကလွဲပြီးတော့ တစ်ခြားမိန်းကလေးတွေရဲ့ မျက်နှာတွေကိုဝါးထားပြီး သူတို့ရဲ့ နာမည်တွေကိုဖျက်ချထားပါတယ်”
ဟွိုက်ယန်သည် မတူညီသည့်မြို့မှမိန်းကလေးလေးဦးအား တစ်ပြိုင်နက် ဖောက်ပြန်နေခဲ့လေသည်။
သို့သော်သူသည် မြို့များမတူညီသည်ဖြစ်သောကြောင့် သူ၏ယုတ်ညံ့မှုများအား ရှာဖွေတွေ့ရှိမည် မဟုတ်ဟုထင်ခဲ့လေသည်။
ရှချန်းချန်းက အဲမိန်းကလေးအားလုံးကို ဖိတ်လိုက်လို့မရတာမလို့လား။
ဟွိုက်ယန် သီသန့်အခန်းထဲမှထွက်၍ ဘီယာသွားယူချိန်တွင် သူမသည် စောင့်ကြည့်ရေးကင်မရာအား အလျင်အမြန်တတ်ဆင်လိုက်လေသည်။ အစောပိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုသို့ ဖိတ်ခေါ်ခြင်းခံလိုက်ရသည့် အင်တာနက်သုံးစွဲသူများသည် လိမ်ညာသူများကိုဖော်ထုတ်သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု၌ ယုန်မျက်နှာနှင့် ဖုံးကွယ်ပေးထားသည့် မိန်းကလေးတစ်ဦးရှိနေမှုကြောင့် ပဟေဠိဖြစ်နေကြလေသည်။
ဟွိုက်ယန်၏ပေါ်ထွက်လာမှုနှင့် အခြားမိန်းကလေးသုံးဦးပါပါလာချိန်တွင်မူ အရာအားလုံးရှင်းလင်းသွားလေသည်။
[ဟွိုက်ယန်က မိန်းကလေး လေးယောက်လုံး အပေါ်မှာ တစ်ချိန်တည်း ဖောက်ပြန်နေတာလား]
[အဲဒါက တကယ့်ကိုရွံ့စရာကောင်းလွန်းတာပဲ၊ ငါကျီကျီ ဟွိုက်ယန်နဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ပြောထားတဲ့ screenshot တင်ထားတာကိုတွေ့သေးတယ်၊ အဲမိန်းကလေးက သူ့ပရိတ်သတ်ဆိုတာ အသေအချာကြီးပဲ]
[သူက သူ့ပရိတ်သတ်တွေနဲ့ အိပ်နေတယ်ဆိုတာကို အတည်ပြုပြီးသွားပြီ]
[ဟားဟားဟား သူတို့ကိုအပြင်မှာဖမ်းမိတာက တကယ်စိတ်လှုပ်ရှားစရာကောင်းတာပဲ၊ ကျီကျီ နောက်ကျရင်လည်း အခုလိုမျိုး တိုက်ရိုက်ထုတ်လွှင့်မှုတွေထပ်လုပ်ပေးပါဦး]
[အဲညီအစ်မတွေက အရမ်းဝမ်းနည်းကြလွန်းလို့ သူတို့တွေ သူ့ကိုရိုက်ရုံပဲတတ်နိုင်တော့တယ်၊ ကန်လိုက် သူ့ကိုကန်သာကန် အဲမကောင်းတဲ့ကောင်ကို သေအောင်သာလုပ်ကြ]
[ငါအစက သရုပ်ဆောင်ရှဲ့ကဖောက်ပြန်နေတယ်ထင်ခဲ့တာ၊ ဒါပေမဲ့ ငါ တကယ်ဖောက်ပြန်နေတဲ့သူက ဟွိုက်ယန်ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး]
[ငါအခုလေးတင် အတင်းပြောဘုရင်မရဲ့ ဟွိုက်ယန်ကိုမေးထားတဲ့ အင်တာဗျူးကိုကြည့်လာတာ သူက ရှဲ့ကျစ်ရှင်းကိုတိတ်တဆိတ် မကောင်းဘူးလို့ပြောနေတာပဲ၊ သူကဖြင့်ဒီလောက်တောင် ညစ်ပတ်နေတာကို ဘယ်လိုဖြစ်ပြီး အဲလိုသတ္တိရှိသွားရတာလဲ၊ ရှဲ့ကျစ်ရှင်းက လုံးဝရှရှကိုပဲ သဘောကျနေတာနော် ဟုတ်ပြီလား]
[လူအိုကြီးရှဲ့ကတကယ်ကို သနားစရာကောင်းတာပဲ၊ သူကအဲလို လူယုတ်မာတွေဆီက ခဏခဏမကောင်းကြံခံရတတ်တယ်၊ ကျေးဇူးပြုပြီး ဒါကြီးကမောက်မာလွန်းနေရင်တောင် သူတို့နှစ်ယောက်ကြားမှာ နံရံကြီးခြားနေတယ်ဆိုတာကို ငါပြောမှရမယ် ဟုတ်ပြီလား၊ ဟွိုက်ယန်မှာ အသိစိတ်လေးဘာလေးမရှိဘူးလား]
[ရွံ့စရာကောင်းလိုက်တာ ဟွိုက်ယန်ကအဲယုန်မိန်းကလေးကို ဆွဲခေါ်နေတာပဲ အဲတာကတော့လွန်လွန်းတယ်]
[သူ့ကိုအချုပ်ထဲရောက်အောင်ပို့ပေးကြပါ၊ ကျီကျီ ရဲကိုတိုင်လိုက်ပါ၊ ယုန်မိန်းကလေးကို ဘီယာကိုသိမ်းခိုင်းထား အဲဒါကသက်သေပဲ၊ ငါကဟွိုက်ယန်ရဲ့ ရုပ်ရှင်အသစ်ကိုအားပေးဖို့လုပ်နေတာ ဘာပဲဖြစ်ဖြစ်သူမှာ သရုပ်ဆောင်စွမ်းရည်အနည်းငယ်တော့ရှိတယ်လေ ဒါပေမဲ့အခုတော့ ငါအဲလူယုတ်မာကို သေပဲသေစေချင်တော့တယ်၊ ဖျော်ဖြေရေးနယ်ပယ်ထဲကထွက်သွား အမှိုက်သရိုက်]
ဟွိုက်ယန် အချိန်စီမံခန့်ခွဲမှုကောင်းမွန်သည့်ဆရာသည် သူ၏ပရိတ်သတ်များအပေါ်ဖောက်ပြန်မှု တိုက်ရိုက်ထုတ်လွင့်မှုမှာ တိုက်ရိုက်ထုတ်လွင့်၍အကုန်လုံးအားတင်ပြနေကာ သက်သေများမှာလည်းခိုင်လုံလေသည်။
ဟန်ထျန်း entertainment ၏ PR အဖွဲ့မှာ “လိမ်ညာသူများကိုဖော်ထုတ်သူ” နှင့် “ဟွိုက်ယန်”၏ နာမည်မှာအတူရေပန်းစားနေသည်ကို မြင်သောအခါ အံ့ဩသွားကြလေသည်။
ယဲ့ရှီဝမ်၏ ပေါက်ကြားသွားသည့် သတင်းများအားကိုင်တွယ်ရာတွင်ပင် သူတို့အား လိမ်ညာသူများကိုဖော်ထုတ်သူ နှင့်ပတ်သက်၍ စိတ်ဖိစီးမှု ပေးထားပြီးဖြစ်သည်။ ထိုစျေးကွက်ရှာဖွေရေးအကောင့်အား အနိုင်ယူနိုင်ဖို့ရာနည်းလမ်းမရှိပေ။
သူတို့သည် လိမ်ညာသူများကိုဖော်ထုတ်သူ၏ ဖော်ထုတ်မှုမှာ တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်သည်ကိုမြင်သောအခါ လုံးဝရှုံးနိမ့်သွားပြီဖြစ်သည်။
တစ်စုံတစ်ဦးအား တိုက်ရိုက်ဖမ်းမိကာ တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်၍ သူတို့သည်ထိုအရာအား မည်ကဲ့သို့ငြင်းပယ်နိုင်မည်နည်း။
ဟွိုက်ယန်ပြောလိုက်သည့် စကားလုံးတိုင်းအား အင်တာနက်သုံးစွဲသူများမှ မှတ်တမ်းတင်ထားကာ တိုက်ရိုက်ထုတ်လွင့်မှုထဲတွင်မူ သူ တစ်ဦးဦးအား ဆေးခပ်နေသည့် ပုံရိပ်များပင်ပါဝင်နေနိုင်လေသည်။
ထိုကဲ့သို့ အလိမ်အညာများဖော်ထုတ်ခံလိုက်ရခြင်းသည် အလွန်ပင်အထိန်းအချုပ်မရှိကာ ဟွိုက်ယန်မှာရှင်သန်နိုင်ဖို့လမ်းမရှိတော့ပေ။
ဟွိုက်ယန်၏ မကောင်းသတင်းများ ရေပန်းစားနေသည်ကိုမြင်သောအခါ ဟွိုက်ယန်နှင့်လက်တွဲထားသည့် အမှတ်တံဆိပ်များမှာ သူတို့၏ PR အဖွဲ့များအား ခေါ်ဆိုကြလေသည်။
သို့ပေမဲ့ တိုက်ရိုက်ထုတ်လွှင့်နေသူမှာ လိမ်ညာသူများကိုဖော်ထုတ်သူ ဖြစ်သည်ကိုမြင်သောအခါ PR အဖွဲ့သည် ပြန်အိပ်လို့ရပြီဖြစ်ပြီး ဥပဒေဌာနမှာ ရပ်စဲရေးစာစောင်တစ်ခု ရေးဆွဲထားမည်ဖြစ်သည်။ သူတို့နှင့်ဟွိုက်ယန်၏စာချုပ်အား ပထမဆုံးရပ်စဲလိုက်သူသည် အင်တာနက်သုံးစွဲသူများထံမှ စာနာမှုနှင့် ကြိုက်နှစ်သက်မှုများအား အများဆုံးရမည်မှာ အသေအချာပင်ဖြစ်သည်။
ဟွိုက်ယန်၏ ဖောက်ပြန်မှုသတင်းများပေါက်ကြားသွားချိန်တွင် စာချုပ်ရပ်စဲသည့်သတင်းများသည် အင်တာနက်အားဖုံးလွမ်းသွားလေသည်။
အမှတ်တံဆိပ်များသည် ဟန်ထျန်းဖျော်ဖြေရေး ကုမ္ပဏီကိုပင်မတိုင်ပင်ပဲ ရပ်စဲရေးစာများထုတ်ပြန်ရန်အတွက် အလျင်အမြန်လုပ်ဆောင်ကြလေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုမပြီးခင်မှာပင် ဟွိုက်ယန်နှင့် ဒါဇင်နှင့်ချီသည့် အမှတ်တံဆိပ်စာချုပ်များမှာ ရပ်စဲသွားကြပြီဖြစ်သည်။
အင်တာနက်သုံးစွဲသူများသည် စိတ်လှုပ်ရှားလာကြကာ “ရပ်စဲပစ်ကြ ဟွိုက်ယန်ရဲ့စာချုပ်တွေအကုန် ရပ်စဲပစ်ကြ”။ သို့ပေမဲ့ သူတို့သေချာကြည့်လိုက်ချိန်တွင်မူ အကုန်လုံးမှာ စာချုပ်ရပ်စဲသွားကြပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
စာချုပ်ရပ်စဲမှုအတွက် ဘယ်လောက်တောင်မြန်လွန်းတဲ့ အလျင်မျိုးလဲ။ သူတို့တွေအတင်းတုပ်လို့တောင်မပြီးသေးဘူးလေ။
စနစ်သည် အွန်လိုင်းမှတ်ချက်များအားကြည့်ကာ ပျော်ရွှင်စွာ ပြောလိုက်လေသည်။
“host host ရဲ့ဒီနေ့အတင်းကတကယ့်ကိုပြင်းထန်တာပဲ”
သတင်းစုသည်မှစ၍ ဖော်ထုတ်လိုက်သည်အထိ ရယ်ချင်စရာကောင်းလောက်အောင်ပင် မြန်လွန်းနေလေသည်။
“ဒါကိုက ဟိုအရင်ကတည်းကလုပ်ဖို့လုပ်ထားတာ ဒါပေမဲ့ မိုယွီထျန်ရဲ့ကိစ္စကပိုပြီးအရေးကြီးလို့ ဒါကနည်းနည်းကြာသွားရတာ”
ရှချန်းချန်း၏မျက်လုံးမှာ အနည်းငယ်အေးစက်နေကာ သူမလက်ထဲတွင် ဘီယာအားကိုင်ထား၍ ရွက်လှေကလပ်ထဲမှထွက်လာခဲ့လေသည်။
“အရင်တစ်ခေါက်တုန်းက ရှဲ့ကျစ်ရှင်းကဖောက်ပြန်တယ်ဆိုပြီး သတင်းတွေထွက်တုန်းက သူကအဲသတင်းကိုပိုပြန့်စေဖို့ အဖွဲ့ကိုငှားခဲ့တဲ့ သူပဲ”
ရှဲ့ကျစ်ရှင်းနာမည်ပျက်မတတ်ဖြစ်စေခဲ့သည့် တရားခံမှာသူဖြစ်လေသည်။
ဟွိုက်ယန်သည် ဝတ္ထုထဲတွင်မပေါ်လာခဲ့ဖူးသည့် ဇာတ်ကောင်ဖြစ်သည်။ ရှချန်းချန်းသည် သူ့အကြောင်းအနည်းငယ်သာသိသည်ဖြစ်၍ သူသည် ဖူယန်ရုန်အားသူ၏အကြောင်းများအား ရှာဖွေပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဟွိုက်ယန်၏အကြီးမားဆုံးအတင်းအဖျင်းမှာ သူသည်ဖျော်ဖြေရေးနယ်ပယ်မှမဟုတ်သည့် ချစ်သူကောင်မလေးရှိကာ မကြာခဏပါပါရာဇီများထံမှ အမိခံရသည်ဆိုသည့်အတင်းဖြစ်သည်။ သို့သော်သူသည် အသက်သုံးဆယ်ရှိပြီဖြစ်ကာ သရုပ်ဆောင်သရုပ်တစ်ဦးဖြစ်သောကြောင့် ဖျော်ဖြေရေးနယ်ပယ်အပြင်ဘက်ရှိ ချစ်သူကောင်မလေးရှိခြင်းမှာ ပုံမှန်ဖြစ်လေသည်။
စနစ်သည် ဟွိုက်ယန်အားဖော်ထုတ်ရန် မူလကမျှော်လင့်ချက်ပျောက်ဆုံးနေခဲ့သည်။ သို့ပေမဲ့ ရှချန်းချန်းသည် ပါပါရာဇီများရိုက်ထားသည့် ပြတ်သားသည့်ဓါတ်ပုံများအားကြည့်ကာ တစ်စုံတစ်ခုအားသဘောပေါက်သွားလေသည်။ သူမသည် ထိုဓါတ်ပုံအား ဖူယန်ရုန်ထံသို့ပို့လိုက်ကာ သူ့အား ၎င်းတို့ကို skynet အသိအမှတ်ပြု စနစ်နှင့်ခွဲခြမ်းစိတ်ဖြာပေးရန် ပြောလိုက်လေသည်။
သေချာသည်မှာ ဟွိုက်ယန်၏ချိန်းတွေ့မှုများမှာ အမြဲတမ်းလိုလို လူတစ်ဦးတည်းမဟုတ်နေပေ။
ထိုကဲ့သို့ ဖောက်ပြန်တတ်သည့်လူယုတ်မာအား အတည်ပြုပြီးဖြစ်သည်။
စနစ်သည် အထွန့်တက်လေသည်။
“Host ပြောတာကမှန်ပေမဲ့ ဟွိုက်ယန်က host ပစ်မှတ်ထားထားတဲ့စက်ဝန်းထဲမပါဘူးလေ၊ host ဒီတစ်ခေါက်ထုတ်ဖော်မှုက ကိုယ်ရေးကိုယ်တာ အာဃာတတရားကြောင့်ပဲ ဟုတ်တယ်မလား”
အကယ်၍ ဟွိုက်ယန်သာ ရှဲ့ကျစ်ရှင်းအားပစ်မှတ်မထားခဲ့လျှင် ရှချန်းချန်းသည်လည်း သူ့အားဘယ်သောအခါမှာ ပစ်မှတ်ထားမည်မဟုတ်ပေ။
ရှချန်းချန်းသည် မငြင်းပေ။ သူမ၏မျက်လုံးများမှာ အေးစက်နေလေသည်။
“ငါ့ရဲ့လူကို ထိရဲတာက သူကိုယ်သူသတ်သေဖို့အတွက် ကြိုးစားနေတာပဲမလား”
သူမတစ်ယောက်တည်းကပဲ ရှဲ့ကျစ်ရှင်းရဲ့အတင်းအဖျင်းတွေကို ဖော်ခွင့်ရှိတယ်။
ညဘက်တွင် ဆောင်းဦးလေမှာအေးမြနေလေသည်။
ရွက်လှေကလပ်၏အပြင်ဘက်မှာ ဘားလမ်းဖြစ်ကာ ဆွဲဆောင်မှုရှိသည့် မိန်းကလေးငယ်များ ယောက်ျားလေးငယ်များသည် အမြဲတမ်းစည်ကားနေသည့် ဤလမ်းမကြီးပေါ်တွင် လှုပ်ရှားသွားလာနေကြလေသည်။
ရှချန်းချန်းသည် ရွက်လှေကလပ်မှာထွက်လာခဲ့လေသည်။
သိပ်မဝေးသည့်နေရာတွင် ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ Bentley အားမြင်လိုက်လေသည်။ သူမသည် အတော်လေးအံ့ဩသွားလေသည်။
အထူးလက်ထောက်ကျိုးသည် ရှချန်းချန်းထံသို့လာကာ လေးစားစွာပြောလိုက်လေသည်။
“မဒမ် ကျွန်တော်ကိုသက်သေပေးလိုက်ပါ၊ ကျွန်တော်ဒါကို ဟိန်ထျန်းရဲဝန်ထမ်းတွေဆီပေးဖို့အတွက် တာဝန်ယူပေးပါ့မယ်”
ရှချန်းချန်းသည် ခေါင်းငြိမ့်လိုက်ကာ ဘီယာအား အထူးလက်ထောက်ကျိုးထံကမ်းပေးလိုက်လေသည်။
Bentley ၏အနောက်ဘက်ခုံ တံခါးမှာပွင့်နေလေသည်။
အနက်ရောင်ရှပ်အင်္ကျီနှင့် ရွှေရောင်နေကာမျက်မှန်အား ဝတ်ဆင်ထားသည့် ရှဲ့ကျစ်ရှင်းသည် အနောက်ဘက်ခုံတွင်ထိုင်နေလေသည်။ သူ၏လက်ထဲတွင် iPad အားကိုင်ထားကာ ဖန်းသားပြင်ပေါ်တွင်မူ ရွက်လှေကလပ်၏ တိုက်ရိုက်ထုတ်လွှင့်မှုအား ပြသနေလေသည်။
သူသည် ရှချန်းချန်းအား ဝမ်းနည်းနေခြင်းလည်းမဟုတ်သလို ပျော်ရွှင်နေခြင်းလည်းမဟုတ်သည့် အကြည့်ဖြင့်ကြည့်လိုက်လေသည်။
“ဒီကိုလာပါဦး”
ရှချန်းချန်းသည် သူမ၏ခေါင်းအားငြိမ့်လိုက်ပြီး အတော်ပဟေဠိဖြစ်နေလေသည်။
အဲဲါကအဓိပ္ပါယ်မရှိဘူးလေ။ သူကဒီတိုင်းဗီလိန်ကိုလက်စားချေဖို့ ကူညီပေးလိုက်တာကြီးကို။ ဗီလိန်ကပျော်နေသင့်တာမဟုတ်ဘူးလား။ ဘာလို့သူ့ကြည့်ရတာ ပုံမှန်လိုပဲဖြစ်နေသေးတာလဲ။
သူမသည် Bentley ဘေးတွင်တဝဲလည်လည်လုပ်နေကာ အမှန်တွင်ကားပေါ်သို့တက်ချင်ပါသော်ညား ရုတ်တရက် ရှဲ့ကျစ်ရှင်း၏ လက်မောင်းများကြားထဲ သို့ဆွဲသွင်းခြင်းခံလိုက်ရလေသည်။
ရှချန်းချန်းသည် လန့်ဖြန့်သွားလေသည်။ သူမ မသိလိုက်ခင်ပင် ကမ္ဘာကြီးမှာ လည်နေပြီဖြစ်ကာ သူမသည်လည်း ရှဲ့ကျစ်ရှင်းထံမှ တင်းကြပ်စွာအဖက်ထားခံနေရပြီဖြစ်သည်။
ထိုအမျိုးသား၏ အသက်ရှူသံမှာ သူမအားချက်ချင်းပင်ဖုံးလွှမ်းသွားကာ ထိုလူ့ထံမှ အမြဲရနေကြဖြစ်သော ကောင်းမွန်သည့် ပူရှိန်းဆေးအနံ့လေးလည်းပါဝင်လေသည်။
သူသည် ဘေးနားရှိ တစ်ရှူးအစိုအားယူလိုက်ကာ နှစ်ရွက်ယူလိုက်ပြီး
“မင်းလက်တွေကလွဲပြီး ဘာတွေပါသေးလဲ”
ရှချန်းချန်း:???
ရှချန်းချန်းသည် လုံးဝအံ့ဩသွားလေသည်။
ရှဲ့ကျစ်ရှင်းသည် အေးစက်စွာရှင်းပြလေသည်။
“သူမင်းရဲ့လက်ကို ကိုင်သွားတယ်”
ရှချန်းချန်းသည် မတတ်နိုင်စွာရယ်မောလိုက်ကာ
“ဟွိုက်ယန်က ကျွန်မကို နှစ်ခါလောက်ပဲထိလိုက်တာပါ၊ ရှင်ဘာလို့ဒီလောက်တောင် အလေးအနက်ထားနေရတာလဲ”
ရှဲ့ကျစ်ရှင်း၏ အနည်းငယ်နူးညံ့နေသည့်မျက်လုံးများသည် ရုတ်တရက် ရေကန်ကဲ့သို့အေးစက်သွားလေသည်။
သူမသည် အနည်းငယ်တစ်မျိုးဖြစ်သွားကာပြောလိုက်လေသည်။
“တကယ်ကို လက်လေးပါပဲ တကယ်ပါ”
ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏လက်အားဆုပ်ကိုင်လိုက်ပြီး ပထမတွင် ကြမ်းကြမ်းတမ်းတမ်းသုတ်နေပါသော်ညား ခဏအကြာတွင် သူမနာကျင်သွားမည်စိုး၍ သူ့အားကို လျော့လိုက်ကာ ထပ်ခါထပ်ခါ သုတ်နေလေသည်။
ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းထိုသို့လုပ်နေသည်ကိုကြည့်ကာ အတွေးများထဲတွင် နှစ်မြောသွားခဲ့သည်။
ယခင်က အင်ပါယာသစ်တော်ဥယျာဥ်ထဲ၌နေချိန်တွင် သူမနှင့်ရှဲ့ကျစ်ရှင်းမှာ အကောင်းဆုံးအခန်းဖော်များဖြစ်ကြသည်။ သူတို့သည် အဆက်အဆံမရှိကြကာ သူမသည် ရှဲ့ကျစ်ရှင်းအား သူမ၏ခေါင်းထဲမှာ အချစ်ဝတ္ထုထဲမှ လာသည်ဟုသာမှတ်ထားလေသည်။
ဝတ္ထုများထဲတွင် ဇာတ်ကွက်အလှည့်အပြောင်း နည်းလမ်းတစ်ခုဖြစ်သည့် dark night of the soul ဟုခေါ်သည့် ပုံစံတစ်ခုရှိလေသည်။ ထိုအဆင့်တွင် ဇာတ်ညွှန်းရေးသူသည် ဗီလိန်၏ရက်စက်ကြမ်းကြုတ်မှုများနှင့် ဇာတ်ဆောင်၏ ဆင်းရဲဒုက္ခများအားချဲ့ကားပြောဆိုထားသည့် အဆင့်ဖြစ်ကာ နောက်ဆုံးအလှည့်အပြောင်းတွင်မူ ဇာတ်ဆောင်ပြန်လည် ခေါင်းထောင်လာပြီး သူ၏အောင်နိုင်မှုအားပြန်ရယူနိုင်သွားကာ ဝတ္ထုဇာတ်ကြောင်းအား အလှည့်အပြောင်းများဖြစ်သွားစေလေသည်။ ဖြစ်နိုင်သည်မှာ မူရင်းစာရေးသူ၏ဖော်ပြချက်မှာအလွန်ဝမ်းနည်းဖွယ်ကောင်းသောကြောင့် ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းအား အမြဲတစေ စစ်မှန်သည့်ဗီလိန်ဟုသာတွေးခဲ့လေသည်။ သူမ၏ပရောပရည်လုပ်မှုနှင့် လှည့်စားမှုများသည် ဇာတ်ကောင်အပေါ် ကြောက်ရွံ့မှုနှင့် ကင်းကင်းနေမှုအား ဖုံးကွယ်ထားလေသည်။
သို့ပေမဲ့အမှန်တွင် ရှဲ့ကျစ်ရှင်းသည် သူမထင်ထားသည့်ဗီလိန်နှင့် အတော်ကွာခြားလေသည်။
သူမသည် ဘယ်သောအခါမှ ဘာကြောင့်ဆိုသည်ကို နားမလည်ခဲ့ပေ။
နောက်ပိုင်းတွင်တော့ ရှချန်းချန်းနားလည်ခဲ့သည်။
ဇာတ်ကောင်များ၏တွန်းအားများသည် သူတို့၏ရည်မှန်းချက်များနှင့် လုပ်ဆောင်ချက်များအား ပုံဖော်လေသည်။
ဗီလိန်၏မကောင်းမှုများမှာ ကျင်းရိဖန်၏ ဝမ်းနည်းဖွယ်သေဆုံးမှုနှင့် ရှဲ့ရှင်းယောင်မိသားစု၏ ပျက်စီးမှုများမှ အစပြုလေသည်။ ပြီးလျှင် ထိုတွန်းအားပျောက်ဆုံးသွားချိန်တွင် အပြုအမူများပြောင်းလဲသွားခြင်းဖြစ်နိုင်သည်။
ဖြစ်နိုင်သည်မှာ ဝတ္ထုထဲရှိ ဗီလိန်မှာ မတည်ရှိတော့ခြင်းဖြစ်နိုင်သည်။
“ရှဲ့ကျစ်ရှင်း”
ရှချန်းချန်းသူ့အား ရုတ်တရက်ခေါ်လိုက်လေသည်။
ရှဲ့ကျစ်ရှင်းသည် မော့မကြည့်ခင်တွင် ရှချန်းချန်း လက်အား သုံးကြိမ်သုတ်ပေးလိုက်ကာ သူမကို သူ၏နက်မှောင်နေသည့်မျက်လုံးများနှင့်ကြည့်လိုက်လေသည်။
“တော်ပြီ အဲဒါကအဆင်ပြေပါတယ်”
ရှချန်းချန်းပြောလိုက်သည်။
ဘယ်သောအခါမှာမဆိုးရွားသွားပါနဲ့။ ဘယ်သောအခါမှ အဲပြန်လာလို့မရနိုင်တဲ့လမ်းကိုမသွားပါနဲ့။
ရှဲ့ကျစ်ရှင်းသည် အချိန်အတန်ကြာတိတ်ဆိတ်သွားခဲ့သည်။ ရုတ်တရက်သူသည် လက်အားဆန့်တန်းလိုက်ကာ ရှချန်းချန်း၏ နှာခေါင်းလေးအားဖိလိုက်လေသည်။
“သက်သေလည်းရပြီးပြီ ပြီးရင် မင်းကိုယ်မင်း ဒီထဲမှာ ထပ်ပြီးမပတ်သက်မိစေနဲ့တော့ ကြားရဲ့လား”
ရှချန်းချန်းသည် ပါးနပ်စွာပြုံးလိုက်ကာ သူမ၏နှာခေါင်းအားပွတ်လိုက်ပြီး
“ဒါကထိရောက်တယ်လေ၊ ရှင့်အတွက်တော့ အချိန်ကပိုက်ဆံပေမဲ့ ကျွန်မလိုပါပါရာဇီအတွက်ကျတော့ အချိန်ကအတင်းပဲလေ”
နောက်ကျသွားတဲ့စက္ကန့်တိုင်းအတွက် ဖော်ထုတ်လို့ရမဲ့သတင်းတစ်ခုလျော့သွားတာပဲ ဟုတ်ပြီလား။
ရှဲ့ကျစ်ရှင်းသည် ငုံ့ကြည့်လိုက်ကာတည်ငြိမ်စွာပြောလိုက်လေသည်။
“ဒါပေမဲ့ မင်းအဲလိုလုပ်မယ်ဆိုရင် ကိုယ်ဝမ်းနည်းရမှာပေါ့”
“ဟမ်”
“ကိုယ်စိုးရိမ်နေရလိမ့်မယ်”
ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းအား ဗလာသက်သက်စိုက်ကြည့်နေလေသည်။
ထိုအချိန်တွင် ရှဲ့ကျစ်ရှင်းသည်လည်း သူမအား မော့ကြည့်နေလေသည်။
ထိုနက်မှောင်နေသည့်မျက်လုံးများထဲတွင် စိုးရိမ်မှုတစ်ခုတည်းသာမက မကျေနပ်မှုနှင့်ဒေါသများပါပါလေသည်။
ပြီးလျှင် သဝန်တိုမှုနှင့်ချစ်ခြင်းမေတ္တာတို့ဖြစ်သည်။
ရှချန်းချန်းသည် တစ်စုံတစ်ခုအားသဘောပေါက်သွားကာ သူမ၏နားရွက်များသည် ချက်ချင်းပင်နီရဲသွားလေသည်။
သူမ၏နှလုံးသားသည် နူးညံ့သွားကာ အနည်းငယ် ချဥ်စူးစူးဖြစ်နေလေသည်။
သို့ပေမဲ့ အများစုမှာချိုမြိန်နေလေသည်။