← Chapters

အခန်း (၆၀)

Vol. 6 Ch. 60

အခန်း (၆၀)

Vol. 6 Ch. 60

ခမ်းနားသည့်ဟိုတယ်သို့ ပြန်ရောက်သည့်အချိန်မှာ ည ၁၀ နာရီပင် ထိုးနေလေပြီဖြစ်သည်။

ဟိုတယ်တစ်ခုလုံး၌ မီးရောင်များ ထိန်ထိန်လင်းနေခဲ့၏။ မကြာသေးမီက လိမ်ညာသူများကို ဖော်ထုတ်သူ၏ ကိစ္စကြောင့် ဟိန်ထျန်းသည် ရေပန်းစားလာခဲ့ပြီး ပရိသတ်များစွာသည် ဇာတ်ဝင်ခန်းများစွာကို လာရောက်လည်ပတ်ကြည့်ရှုလာကြသည်။ ခမ်းနားသည့်ဟိုတယ်၏ အခန်းများသည်လည်း ဝယ်လိုအား မြင့်တက်နေလေသည်။

ရှဲ့ကျစ်ရှင်းသည် မျက်နှာဖုံးနှင့် နေကာမျက်မှန်တပ်၍ အဆင့်မြင့်ဇိမ်ခံခန်းသို့ တစ်ယောက်တည်း ပြန်လာသည်။ မူလ၌ ရှချန်းချန်းနှင့်အတူ ပြန်လာခဲ့ခြင်းဖြစ်သော်လည်း ဓာတ်လှေကားအနီးသို့ ရောက်သည့်အခါ ရှချန်းချန်းသည် ချန်းကောနှင့် မိတ်ကပ်ဆရာ စာချုပ် ဖျက်သိမ်းခြင်း သဘောတူစာချုပ်ကို လက်မှတ်ထိုးရန် လိုသေးသည်ကို အမှတ်ရသွားသည်။

အိမ်တွင်းအကြမ်းဖက်မှုနှင့် မိမိကိုယ်ကို သတ်သေမှု ကောလာဟလများ ပြီးဆုံးသွားသည့်အတွက် ရှချန်းချန်းသည် မု့န်ရုယန်၏ မိတ်ကပ်ပညာရှင်အဖြစ် ဆက်လက်လုပ်ကိုင်နိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် စာချုပ်အား ဖျက်သိမ်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

သူတို့နှစ်ဦး ခဏတာ ခွဲခွာသွားကြပြီးနောက် ရှဲ့ကျစ်ရှင်းသည် အဆင့်မြင့်ဇိမ်ခံခန်းသို့ ပြန်လည်ရောက်ရှိလာသည်။

ဧည့်ခန်းတွင် မီးများလင်းနေလေ၏။ သူအတွင်းသို့ ဝင်လာသည်နှင့် မျက်နှာတင်းမာနေသော ရှဲ့ရှင်းယောင်အား ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

သူ့ဘေး၌ ရပ်နေသော ကျင်ရိဖန်သည် အောင်နိုင်သူတစ်ဦးကဲ့သို့ ဝင့်ကြွားစွာပင်။

"အဒေါ်လား"

ရှဲ့ကျစ်ရှင်းက အနည်းငယ် အံ့အားသင့်သွားသည်။

ကျင်ရိဖန်နှင့် ရှဲ့ရှင်းယောင်သည် ပဲရစ်၌ ကျောက်မျက်ရတနာပြပွဲသို့ အတူသွားရောက်ခဲ့ပြီး ဟောလိဝုဒ် စတူဒီယိုများစွာနှင့် အဓိကစာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်ဟု ယခင်က ပြောခဲ့သည်။ ရှဲ့ရှင်းယောင်သည် နိုင်ငံခြားတွင် ငွေရှာရာ၌ အလုပ်များနေသည်ဟု ထင်ခဲ့သော်လည်း ဟိန်ထျန်းတွင် သူမအား တွေ့ရမည်ဟု မမျှော်လင့်ခဲ့ပေ။

ရှဲ့ရှင်းယောင်သည် မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။

"ဒီကိုလာ"

ရှဲ့ကျစ်ရှင်းတစ်ယောက် အနည်းငယ် ကြောက်လန့်သွားသည်။

ရှဲ့ရှင်းယောင်မှ ဤကဲ့သို့ စကားပြောသည်ကို မကြားရသည်မှာ အချိန်ကြာမြင့်ခဲ့လေပြီ။ နောက်ဆုံးအကြိမ် ကြားခဲ့ရသည်မှာ သူ၏ မိဘများ ကွယ်လွန်ပြီး ကျင်မိသားစု အကြီးအကျယ် စိတ်ထိခိုက်နေချိန်က ဖြစ်သည်။

ရှဲ့ကျစ်ရှင်းသည် ရွေးချယ်စရာမရှိစွာဖြင့် ရှဲ့ရှင်းယောင်ထံသို့ လျှောက်သွားရတော့သည်။

အသံတစ်သံနှင့်အတူ ရှဲ့ရှင်းယောင်သည် အတင်းအဖျင်း မဂ္ဂဇင်းတစ်အုပ်ကို ဆိုဖာပေါ်သို့ ပစ်ချလိုက်သည်။

သူမသည် သတင်းသမားများ ခိုးရိုက်ထားသော ဓာတ်ပုံများကို လက်ညှိုးထိုးကာ ရှဲ့ကျစ်ရှင်းအား စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

“ဒါက ဘာလဲ ငါ့ကို ရှင်းပြစမ်း၊ ရှရှနဲ့ သုန်သုန်တဲ့လား မင်းမှာ ရည်းစား ဘယ်တုန်းက ရှိခဲ့တာလဲ"

ရှဲ့ကျစ်ရှင်းတစ်ယောက် ထိတ်လန့်သွားသည်။

လိမ်ညာသူများကိုဖော်ထုတ်သူသည် ရှရှနှင့် သုန်သုန်မှာ တစ်ဦးတည်းဖြစ်ကြောင်း ရှင်းပြခဲ့သော်လည်း သို့သော် ယင်းမှာမူ ရှဲ့ကျစ်ရှင်းသည် အပြင်၌ သစ္စာမဖောက်ကြောင်းသာ သက်သေပြနိုင်ခဲ့သည်။

သူသည် လုံးလုံး အဖော်မဲ့ တစ်ကိုယ်တည်းဖြစ်ကြောင်း သက်သေမပြနိုင်ခဲ့ပေ။

ရှဲ့ကျစ်ရှင်းတစ်ယောက် လျှို့ဝှက်လက်ထပ်ထားသည်ကို လူသိများသူ မရှိသလောက်ပင်။ ထို့ပြင် သူသည် အနားယူရန် စီစဉ်ထားသဖြင့် အနုပညာလောကပြင်ပမှ ရည်းစားတစ်ဦးရှိသည်ဟု အင်တာနက်အသုံးပြုသူများမှ မှားယွင်းထင်မှတ်ခြင်းသည်လည်း ကြီးမားသည့် ပြဿနာ မဟုတ်ပေ။

သို့သော် သူ၏ လျှို့ဝှက်လက်ထပ်ခြင်းအကြောင်းကို အကြီးအကဲ ရှဲ့ရှင်းယောင်သာ သိရှိသွားပါက

"အဒေါ် စိတ်ကို ထိန်းပါ ဒါကို ကျွန်တော် ရှင်းပြနိုင်ပါတယ်"

ရှဲ့ကျစ်ရှင်းက အလျင်အမြန် ပြောလိုက်သည်။

"သူက ကျွန်တော့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက်ပါပဲ၊ အဲဒါတွေက ပါပါရာဇီတွေ လျှောက်ဖွလိုက်တဲ့ ကောလာဟလတွေသက်သက်ပဲလေ"

"ရမ်းသမ်းပြောတဲ့ ကောလာဟလတွေလား"

ရှဲ့ရှင်းယောင်က မျက်လုံးများကို ကျုံ့လိုက်သည်။

“ချန်းချန်း ဒါကို သိထားလား၊ မင်း သူ့ကို ရှင်းပြပြီးပြီလား"

ဘာကို ရှင်းပြရမှာလဲ၊ ရှင်းပြစရာကို မလိုပါဘူး ရှရှနဲ့ သုန်သုန်ဆိုတာ ရှချန်းချန်း ကိုယ်တိုင်ပဲလေ။

ရှဲ့ကျစ်ရှင်းတစ်ယောက် ငိုချင်သွားသည်။ သို့သော် သူ တစ်ခွန်းမျှ မပြောမီပင် ရှဲ့ရှင်းယောင်သည် ကျင်မိသားစု၏ ငှက်မွှေးတံမြက်စည်းကို ထုတ်လိုက်လေသည်။

ရှဲ့ကျစ်ရှင်း: !!!

ရှဲ့ရှင်းယောင်: "ရှဲ့ကျစ်ရှင်း၊ ဒီနေ့ ငါ မင်းကို သင်ခန်းစာ မပေးလိုက်ရရင် ငါ မင်းအဒေါ်ဖြစ်ဖို့ မထိုက်တန်တော့ဘူး"

ရှဲ့ကျစ်ရှင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ရှဲ့ရှင်းယောင်၏ မိသားစု စည်းကမ်းချက်များကို သူ ယခင်က ကြုံတွေ့ဖူးသည်။ သို့သော် ထိုအချိန်က သူသည် ၁၈ နှစ်သာ ရှိသေးသည်။ လူကြီးတစ်ဦး၏ ရိုက်နှက်ခံရခြင်းသည် တစ်မျိုးဖြစ်သော်လည်း ယခု၌ သူသည် ၂၅ နှစ် ရှိနေပြီဖြစ်သည်။

ရှဲ့ကျစ်ရှင်း ထွက်ပြေးရန် ပြင်လိုက်စဉ်ပင် ကျင်ရိဖန်က သူတို့နှစ်ဦးကြား၌ ဝင်ရပ်လိုက်သည်။

"မား၊ ခဏလေး"

ရှဲ့ရှင်းယောင်က ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။

"ဘာလဲ မင်း သူ့ကို ကာကွယ်ပေးဦးမလို့လား"

ကျင်ရိဖန်က ခဏတာ တွန့်ဆုတ်သွားသည်။

"မား၊ ကျွန်တော့် ညီဝမ်းကွဲက ဆုရမင်းသားတစ်လက်လေ ပြီးတော့ ရှဲ့အုပ်စုရဲ့ ဥက္ကဋ္ဌလည်း ဟုတ်တယ်၊ သူ့ကို ဘယ်လိုလုပ်ငှက်မွှေးတံမြက်စည်းနဲ့ ရိုက်နိုင်ရတာလဲ"

ကျင်ရိဖန်သည် ရှဲ့ကျစ်ရှင်းအတွက် အမှန်တကယ်ပင် ကြားဝင်ပြောဆိုပေးနေခြင်း ဖြစ်သည်။

ရှားရှားပါးပါး သက်ပြင်းချမှုဖြင့် ရှဲ့ကျစ်ရှင်းတစ်ယောက် စိတ်သက်သာရာရသွားသည်။ သူသည် ကျင်ရိဖန်ကို ထိပ်တန်းကြယ်တစ်ပွင့်ဖြစ်လာစေရန် အရင်းအမြစ်များစွာ ရင်းနှီးမြှုပ်နှံခဲ့သည်။ ဤကလေးက ကျေးဇူးသိတတ်ပုံရပေသည်။

နောက်တစ်စက္ကန့်တွင် ကျင်ရိဖန်သည် ကော်ဖီစားပွဲအောက်မှ ဆူးကြိမ်လုံးတစ်ချောင်းကို ထုတ်လိုက်ပြီး သူ၏ မျက်လုံးများက တလက်လက် တောက်ပနေခဲ့သည်။

"ရိုက်ချင်ရင် ဒါကို သုံး၊ ဒါက ပိုပြီးတော့ အထိနာတယ်"

ရှဲ့ကျစ်ရှင်း: "..."

“ကျင်ရိဖန်၊ မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလား"

ရှဲ့ကျစ်ရှင်းတစ်ယောက် ဒေါသအမျက်ဖြင့် အော်လိုက်မိသည်။

ကျင်ရိဖန်သည် ခါးထောက်လျက် ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။

“ဒါရိုက်တာယွီနဲ့ ပိုင်ရှုချန်ဆီကို ကျွန်တော့်ကို အလုပ်ကြမ်းသမားအနေနဲ့ သွားခိုင်းခဲ့တာ ဘယ်သူလဲ၊ မင်းခံရတာ တန်ပါတယ်၊ လူကြီးလူကောင်းရဲ့ လက်စားချေခြင်းက နောက်ကျတယ်မရှိဘူးလေ ဟဲဟဲဟဲ"

ရှဲ့ရှင်းယောင်သည်လည်း အားမလျော့ပေ။

သူမသည် ကျင်ရိဖန်၏ ဆူးကြိမ်လုံးကို ရှဲ့ကျစ်ရှင်းအား ရိုက်နှက်ရန် လှမ်းယူလိုက်သည်။

ရှဲ့ကျစ်ရှင်းသည် ကျင်ရိဖန်နှင့် စကားများရန် အချိန်မရှိပေ။ သူ့ကိုသာ ကြိမ်လုံးနှင့် ရိုက်လိုက်လျှင် သူ အသက်ရှင်နိုင်ဦးမည်လား။

ရှဲ့ကျစ်ရှင်းတစ်ယောက် ထွက်ပြေးလေတော့သည်။

အဆင့်မြင့်ဇိမ်ခံခန်းတစ်ခုလုံး ချက်ချင်းပင် ရှုပ်ပွသွားသည်။ တောက်ပသော ကျောက်မီးဆိုင်းအောက်တွင် လူနှစ်ယောက်သည် ပျော်ရွှင်စွာ ပြေးလိုက်၍ ဖမ်းနေကြသည်ကို တွေ့ရသည်။

ထိုစဉ် တံခါးသံ တကျီကျီမြည်လာပြီး အပြင်မှ မုန့်ရုယန်နှင့် ရှချန်းချန်းတို့နှစ်ဦး၏ စကားပြောသံ ထွက်ပေါ်လာသည်။

"ဖုံးကွယ်တဲ့ နည်းလမ်းကို ကျွန်မ ပေးနိုင်ပါတယ်၊ မိတ်ကပ်ပညာရှင်ကို သုံးခိုင်းလိုက်ရုံပဲ"

ရှချန်းချန်းသည် သူမ၏ မိတ်ကပ်အတုများကို ဖျက်ပြီးပြီဖြစ်ရာ မုန့်ရုယန်အား ဖုံးကွယ်သည့် နည်းလမ်းကို ရှင်းပြနေရင်း အဆင့်မြင့်ဇိမ်ခံခန်း၏ တံခါးကို ဖွင့်လိုက်သည်။

ရုတ်တရက် ရှဲ့ကျစ်ရှင်းသည် ၂ မီတာမြင့်သော စာအုပ်စင်ပေါ်သို့ ခုန်တက်လိုက်သည်။

ထိုအောက်တွင် ရှဲ့ရှင်းယောင်သည် ဆူးကြိမ်လုံးကို ကိုင်လျက် သူ့အား စူးစူးဝါးဝါး ကြည့်နေလေသည်။

ရှချန်းချန်း: ???

မုန့်ရုယန်: ???

ရှချန်းချန်းနှင့် မုန့်ရုယန်တို့ ရောက်ရှိလာခြင်းက ရှုပ်ထွေးနေသည့် အခန်းကို ခေတ္တခဏမျှ တိတ်ဆိတ်သွားစေခဲ့သည်။

သူတို့၏ မျက်လုံးများ ဆုံမိပြီး ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်လာလေ၏။

ရှဲ့ကျစ်ရှင်း၏ ထိတ်လန့်နေသော မျက်နှာသည် ရှချန်းချန်းကို မြင်လိုက်သည်နှင့် အတိုင်းမသိ ဝမ်းသာမှုဖြင့် တောက်ပသွားသည်။

"ချန်းချန်း မင်း နောက်ဆုံးတော့ ပြန်လာပြီ"

နောက်တစ်စက္ကန့်တွင် ရှချန်းချန်းက တံခါးကို ပိတ်လိုက်သည်။

ရှဲ့ကျစ်ရှင်း: ???

အဆင့်မြင့်ဇိမ်ခံခန်း၏ အပြင်ဘက်တွင် ရှချန်းချန်းနှင့် မုန့်ရုယန်တို့ အချင်းချင်း မျက်တောင်ခတ်၍ ကြည့်နေကြသည်။

မုန့်ရုယန်၏ ခက်ထန်သော မျက်လုံးများတွင် သိလိုစိတ်များဖြင့် ပြည့်နေခဲ့သည်။

"စာအုပ်စင်ပေါ်ကို တက်သွားပြီး အရိုက်ခံနေရတဲ့လူက မစ္စတာရှဲ့မဟုတ်လား"

ဝိုး စိတ်လှုပ်ရှားစရာပဲ။

ရှချန်းချန်းသည် ခေါင်းကို တရစပ် ခါယမ်းလိုက်ပြီး သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိုက်သည်။

"မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး နင်အမြင်မှားတာ ဖြစ်မယ်"

ရှဲ့ရှင်းယောင်က ဒီနေရာကို ဘယ်လိုလုပ် ရောက်လာတာလဲ၊ ဘာလို့လဲ ရှဲ့ကျစ်ရှင်းက ထပ်ပြီးတော့ အရိုက်ခံနေရတာလား သူမ အခန်းတံခါး မှားဖွင့်လိုက်တာ ဖြစ်ရမယ်။

နောက်တစ်ကြိမ် ထပ်ကြည့်ရမယ်။

ရှချန်းချန်းတစ်ယောက် အသက်ပြင်းပြင်း ရှူကာ အဆင့်မြင့်ဇိမ်ခံအခန်း၏ တံခါးကို ထပ်မံ၍ ဖွင့်လိုက်သည်။ အခန်းက ယခင်အတိုင်း ရှုပ်ပွနေသည်။

မြေကြီးပေါ်တွင် ရပ်နေသော ရှဲ့ရှင်းယောင်သည် တစ်နည်းနည်းဖြင့် စာအုပ်စင်ပေါ်သို့ တက်သွားပြီး ဆူးကြိမ်လုံးကို လက်တစ်ဖက်က ကိုင်ကာ ကျန်တစ်ဖက်က ရှဲ့ကျစ်ရှင်း၏ နားရွက်ကို ဆွဲထားသည်။

"ငါ မင်းကို လိမ်ခိုင်းတာကို မင်းက ငါ့ကို လိမ်ရဲတယ်ပေါ့၊ အရမ်း ရဲတင်းနေတာပေါ့လေ"

ရှဲ့ကျစ်ချင်း: "..."

မုန့်ရုယန်: "..."

မုန့်ရုယန်တစ်ယောက် သက်ပြင်းချလိုက်မိသည်။

"ရုပ်ရှင်မင်းသားရဲ့ မိသားစုက ဒီလိုဖြစ်နေမယ်လို့ ထင်မထားမိခဲ့ဘူး၊ ရုပ်ရှင်မင်းသားရှဲ့က ဟိုတယ်မှာ သူ့အဒေါ် ရိုက်တာခံနေရတာက အတင်းအဖျင်းပဲမဟုတ်လား၊ ဒီဟာထက် ပိုပြီး နာမည်ကြီးနိုင်တဲ့ အတင်းအဖျင်း ရှိသေးလို့လား"

နောက်တစ်စက္ကန့်တွင် သူမသည် ဘေးမှ ပါပါရာဇီ အားတွေ့လိုက်ရပြီး ရုပ်ရှင်မင်းသားအတွက် စိတ်ပူနေဟန်ရှိသော်လည်း တကယ်တမ်း၌ သူသည် လျှို့ဝှက်ကင်မရာကို တိတ်တိတ်လေး မြှောက်ကာ ဓာတ်ပုံများ ဆက်တိုက် ရိုက်နေသည်ကို တွေ့လိုက်ရသည်။

အိုး တကယ် ဖြစ်ပျက်နေတာပါလား။

မုန့်ရုယန်သည် ရှချန်းချန်းနောက်မှ အဆင့်မြင့်ဇိမ်ခံခန်းထဲသို့ ထပ်မလိုက်တော့ပေ။

ရယ်ရတာလား၊ သူမ မစ္စတာရှဲ့၏ ရှက်စရာကောင်းသော အခိုက်အတန့်များကို ကြည့်နေနိုင်မည်လား။

မုန့်ရုယန်သည် အကြောင်းပြချက်တစ်ခုပေးကာ ထွက်သွားလိုက်သည်။

ရှချန်းချန်းတစ်ယောက် အခန်းထဲသို့ ဝင်သွားသည့်အခါ ရှဲ့ရှင်းယောင်သည် ဆူးကြိမ်လုံးကို သိမ်းလိုက်ပြီး သူမ၏ မျက်နှာတွင် နူးညံ့သောအသွင် ရှိနေသည်။ ရှဲ့ကျစ်ရှင်းနှင့် ကျင်ရိဖန်တို့လည်း ဆိုဖာပေါ်တွင် ဣန္ဒြေရရ ထိုင်နေကြသည်။

အဆင့်မြင့်အမှုဆောင်အခန်း၏ ဧည့်ခန်းသာ ရှုပ်ပွမနေခဲ့ပါက ရှချန်းချန်းသည် သူမ လွန်ခဲ့သော စက္ကန့်ပိုင်းက မြင်ခဲ့သည်များကို စိတ်ကူးယဉ်မှုသက်သက်ဟုပင် ထင်သွားနိုင်သည်။

"ချန်းချန်း၊ မင်းနဲ့ မင်းသူငယ်ချင်းတွေ ရှက်စရာတွေ ကြုံခဲ့ရပြီ"

ရှဲ့ရှင်းယောင်သည် ဆူးကြိမ်လုံးကို ပစ်ချလိုက်ပြီး ရှချန်းချန်း၏ လက်မောင်းကို ညင်သာစွာ ဆွဲကာ အခန်းထဲသို့ ခေါ်သွားသည်။

"ဘာမှ မဖြစ်ပါဘူး၊ ဘာမှ မဖြစ်ဘူး"

ရှချန်းချန်းသည် သူမ၏ လက်များကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။

ရှဲ့ရှင်းယောင်သည် အပြစ်ရှိသည်ဟု ခံစားနေရသည်။

“အိုး၊ အဒေါ့်ရဲ့ အမှားပါ၊ အဒေါ်က ကျစ်ရှင်းကို ကောင်းကောင်း မထိန်းနိုင်ခဲ့ဘူး၊ သူ့ကို ရှရှနဲ့ သုန်သုန်အကြောင်း လိမ်ဖို့တောင် ခွင့်ပြုခဲ့တယ်၊ မင်းတို့ကို ရှဲ့မိသားစုကလေ စိတ်ပျက်အောင်လုပ်ခဲ့မိပြီ"

ရှချန်းချန်းတစ်ယောက် အံ့အားသင့်သွားပြီးနောက် ဆိုဖာပေါ်မှ အတင်းအဖျင်း မဂ္ဂဇင်းကို သတိထားမိလိုက်သည်။ မျက်နှာဖုံးတွင် ရှဲ့ကျစ်ရှင်းမှ သုန်သုန်၏ လက်ကို ကိုင်ထားသော ဓာတ်ပုံကို ထင်ရှားစွာ တွေ့ရသည်။

ရှဲ့ရှင်းယောင်သည် ဤကောလာဟလကြောင့် ဒေါသထွက်နေခြင်းလား။ ရှဲ့ကျစ်ရှင်းက သူမအား အမှန်အတိုင်း မပြောပြခဲ့ခြင်း မရှိပေဘူးလား။

"အဒေါ်၊ ဒါ ကျွန်မရဲ့ အမှားပါ အဒေါ် အထင်လွဲနေတာပါ တကယ်တော့ ရှရှနဲ့ သုန်သုန်ဆိုတာက…”

ရှချန်းချန်းမှ ရှင်းပြရန် ကြံလိုက်သော်လည်း ရှဲ့ရှင်းယောင်က သူမ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

"ချန်းချန်း၊ ဒီတစ်ခါ ကျစ်ရှင်းက မင်းကို စိတ်ပျက်အောင် လုပ်ခဲ့တာ အဒေါ် သိပါတယ်၊ မင်းတို့နှစ်ယောက်က မိဘတွေရဲ့ စေ့စပ်ထားမှုကြောင့် ပေါင်းဖက်ခဲ့ကြတာ အဆင်မပြေဘူးဆိုရင် ကွာရှင်းတာကလည်း တကယ်တော့ အဆင်ပြေပါတယ်”

ရှဲ့ရှင်းယောင်သည် ရှဲ့ကျစ်ရှင်းကို လက်ညှိုးထိုးပြကာ ပြောလေသည်။

"ဒီကလေးက အရင်မှားတာ၊ အဒေါ် သူ့ကို ဘာအထုတ်အထည်မှ မပါဘဲ အိမ်ကနေ ထွက်သွားခိုင်းမယ်၊ အဒေါ် မင်းကို ထပ်ပြီး ဘယ်တော့မှ စိတ်အနှောင့်အယှက် မပေးတော့ပါဘူး"

"ဘာအထုတ်အထည်မှ မပါဘဲ အိမ်ကနေ ထွက်သွားခိုင်းမယ်" ဟူသည့် စကားကြောင့် ရှချန်းချန်း၏ မျက်လုံးများ လင်းလက်သွားသည်။ သူမ၏ ယခင်က တောင်းပန်မှုများနှင့် နောင်တရမှုများအားလုံး ချက်ချင်းပင် သူမ၏ စိတ်ထဲမှ လွင့်ပြယ်သွားသည်။

ဝိုး၊ ရှဲ့ကျစ်ရှင်းသာ ဘာမှမပါဘဲ အိမ်ကနေ ထွက်သွားခဲ့ရင် ချန်းချန်းက ကျန်းချန်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာမည် မဟုတ်ပေလော။

သို့သော် ဤအတွေးသည် သူမအား ခဏတာသာ လှုပ်ခတ်စေခဲ့သည်။ ရှချန်းချန်းသည် ရှဲ့ရှင်းယောင်ကို လျင်မြန်စွာ တားလိုက်ပြီး ပြောလိုက်သည်

“အဒေါ်၊ တကယ်တော့ အထင်လွဲနေတာပါ ကျစ်ရှင်းနဲ့ ကျွန်မက ဆက်ဆံရေးကောင်းပါတယ်၊ အင်တာနက်ပေါ်က ရှရှနဲ့ သုန်သုန်ဆိုတာက တကယ်တော့ ကျွန်မပါ"

ရှဲ့ရှင်းယောင်: ???

ရှဲ့ရှင်းယောင်သည် လုံးဝ ကြောင်အမ်းသွားပြီး သူမ၏ အမူအရာသည် မီးရထားပေါ်တွင် ဖုန်းကြည့်နေသော အဖိုးအိုတစ်ဦးနှင့် ဆင်တူနေလေသည်။

ရှချန်းချန်းသည် မျက်လုံးလှိမ့်လိုက်ကာ ချွဲ့နွဲ့သော အသံဖြင့် "အဒေါ် သိပါတယ်၊ လူငယ်စုံတွဲတွေရဲ့ ပျော်စရာပေါ့" ဟု ပြောလိုက်သည်။

ရှဲ့ရှင်းယောင်; "အဒေါ် နားမလည်ဘူး"

ရှဲ့ရှင်းယောင်၏ မျက်မှောင်ကြုတ်မှုသည် ပိုမိုနက်ရှိုင်းလာပြီး သူမသည် ရှချန်းချန်းကို ကြည့်လိုက်ကာ ရှဲ့ကျစ်ရှင်းကို တစ်လှည့် ကြည့်လိုက်သည်။

သူမ အသက်ကြီးလာပြီလား။ ဤသို့ ပျော်ရွှင်မှုကို တန်ဖိုးထားနိုင်တော့ခြင်းလား။

ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူမ၏ မျက်နှာသည် တည်တံ့စွာဖြင့် ပြောလိုက်သည်။

"အဒေါ်၊ ကျွန်မကို ယုံပါ၊ ကျစ်ရှင်းနဲ့ ကျွန်မ ဆက်ဆံရေးက အရမ်းကောင်းပါတယ်"

သူမသည် ခေါင်းကို လှည့်လိုက်ပြီး ရှဲ့ကျစ်ရှင်း၏ ပါးကို နမ်းလိုက်ကာ

"ဟုတ်တယ်မလား အချစ်"

ရှဲ့ကျစ်ရှင်းသည် ရှဲ့ရှင်းယောင်၏ ရိုက်နှက်မှုမှ လွတ်မြောက်ခဲ့ခြင်းအတွက် မိမိကိုယ်ကို ဂုဏ်ယူနေခဲ့သော်လည်း ဤအနမ်းက သူ့အား အံ့အားသင့်သွားစေခဲ့သည်။ သူ၏ စိတ်သည် လုံးလုံး ကွက်လပ်ဖြစ်သွားကာ ရှချန်းချန်းကို စိုက်ကြည့်နေခဲ့ပြီး သူ၏ နားရွက်များသည်လည်း နီရဲနေခဲ့သည်။

ရှဲ့ကျစ်ရှင်းဘက်မှ တုံ့ပြန်မှု မရှိသည်ကို မြင်သည့်အခါ ရှချန်းချန်းက သူ့အား ထပ်မံ ဆွဲလိုက်သည်။ ရှဲ့ကျစ်ရှင်း၏ စိတ်သည် ကြောင်တောင်တောင် ဖြစ်နေဆဲဖြစ်ကာ သူ၏ လည်စေ့သည်လည်း အထက်အောက် လှုပ်ရှားနေလေသည်။ သူ၏ အသံသည် နိမ့်ဝင်နေခဲ့ပြီး နက်ရှိုင်းနေသည်။

"ဟုတ်တယ်"

ဤအကြောင်းပြချက်သည် ရှဲ့ရှင်းယောင်ကို အပြည့်အဝ ယုံကြည်ခြင်း မရှိသေးဘဲ မျက်လုံးများတွင် သံသယများ ရှိနေဆဲပင်။

သို့သော် ရှချန်းချန်းသည် သူမ၏ လက်မောင်းကို ရှဲ့ကျစ်ရှင်းနှင့် တမင် ရစ်ပတ်ထားလိုက်သဖြင့် နှစ်ဦးသည် ပိုမိုရင်းနှီးသွားပုံ ပေါ်နေသည်။

"စိတ်မပူပါနဲ့ အဒေါ်၊ ကျစ်ရှင်းနဲ့ ကျွန်မကြားမှာ ဘာပြဿနာမှ မရှိပါဘူး"

ရှဲ့ကျစ်ရှင်းတစ်ယောက် သတိပြန်ဝင်လာသည်။

"ဟုတ်တယ် အဒေါ်၊ ချန်းချန်း ပြောတာ အကုန်မှန်ပါတယ်၊ အချိန်လည်း နောက်ကျနေပြီဆိုတော့ ကျွန်တော် အထူးလက်ထောက်ကျိုးကို အဒေါ်နဲ့ ရိဖန်အတွက် အခန်းတစ်ခန်း စီစဉ်ခိုင်းလိုက်မယ်၊ စောစော နားကြပေါ့"

စုံတွဲနှစ်ယောက်စလုံးက တစ်‌ဦးအပေါ်တစ်ဦး သစ္စာဖောက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပြီးပြီဖြစ်ရာ ဆက်လက် ငြင်းခုံနေရန် အကြောင်းအရင်းမရှိတော့ဟု ရှဲ့ရှင်းယောင်လည်း ခံစားမိသည်။ ခေါင်းငြိမ့်၍ ကျင်ရိဖန်နှင့်အတူ ထွက်ခွာရန် ပြင်လိုက်သည်။

ရုတ်တရက် ရှဲ့ရှင်းယောင်သည် အဆင့်မြင့်ဇိမ်ခံခန်းရှိ အခန်းသုံးခန်းကို ကြည့်လိုက်သည်။

"ဒါက မဟုတ်သေးပါဘူး မင်းတို့ အခန်းသုံးခန်းပါတဲ့ အဆင့်မြင့်ဇိမ်ခံခန်းကို ဘွတ်ကင်လုပ်ထားတာ တစ်ခန်းက မင်းတို့နှစ်ယောက်အတွက်၊ တစ်ခန်းစီက ရိဖန်နဲ့ ငါ့အတွက် မကောင်းဘူးလား၊ ဘာလို့ သီးသန့်အခန်းတွေ ဘွတ်ကင်လုပ်နေဦးမှာလဲ ဒါမှမဟုတ် မင်းတို့ တစ်ယောက်တစ်ခန်း အိပ်နေကြတာလား"

ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းတို့ နှစ်ဦးစလုံး ထိတ်လန့်သွားလေ၏။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရှချန်းချန်းက အလျင်အမြန် တုံ့ပြန်လိုက်သည်။

“အဒေါ်၊ ကျွန်မတို့ မိန်းကလေးနှစ်ယောက်က ကိုယ်ပိုင်နေရာ လိုတယ်လေ"

"ဒါဆို ချန်းချန်းက အဒေါ့်ကို မကြိုက်ဘူးပေါ့၊ ငါနဲ့ အတူတူ အခန်းတွဲမနေချင်ဘူးပေါ့"

ရှဲ့ရှင်းယောင်၏ မျက်နှာသည် မကျေမနပ်ဖြစ်နေသည့် အသွင်ဖြင့် လက်ဖက်စိမ်းလက်ဖက်ရည်ကဲ့သို့ပင်။

"မဟုတ်တာ"

ရှချန်းချန်းတစ်ယောက် ထစ်ထစ်ငေါ့ငေါ့ပင်ဖြစ်သွားသည်။

အိုး၊ ဘုရားရေ ရှဲ့ရှင်းယောင်နဲ့ ကျင်ရိဖန်သာ ဒီမှာ တကယ်နေခဲ့မယ်ဆိုရင် သူမ ရှဲ့ကျစ်ရှင်းနဲ့ အခန်းအတူတူ အိပ်ရတော့မည်လား။

"ဒါဆို အဆင်ပြေပြီနော်"

ရှချန်းချန်း၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ရှဲ့ရှင်းယောင်သည် နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။

"အခန်းတွေ ထပ်ဘွတ်ကင် မလုပ်နဲ့တော့ ရိဖန်နဲ့ ငါ တစ်ခြား အခန်းနှစ်ခန်းမှာ နေလိုက်မယ်"

ရှချန်းချန်းသည် အနည်းငယ် စိုးရိမ်စိတ်ဝင်သွားသော်လည်း ရှဲ့ရှင်းယောင်သည် အနီးအနားတွင် ရှိနေသဖြင့် သူမ တစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။ သူမသည် အခြားဧည့်သည့်ခန်းတွင် အဝတ်အစားများ ရှိကြောင်း တီးတိုး ရေရွတ်လိုက်ပြီး ၎င်းတို့ကို ထုပ်ပိုးရန်အမြန်အပြေးသွားသည်။

ကျင်ရိဖန်သည် သူ၏ ခရီးဆောင်အိတ်ကို ပျော်ရွှင်စွာ သယ်ယူပြီး သူ့အခန်းထဲသို့ လျင်မြန်စွာ သွားလေသည်။

ဧည့်ခန်းထဲတွင် ရှဲ့ရှင်းယောင်နှင့် ရှဲ့ကျစ်ရှင်းသာ ကျန်တော့သည်။

မူလက တိတ်ဆိတ်နေသော ဧည့်ခန်းသည့် ရုတ်တရက်ဆိုသလို "ဖျန်း"ခနဲ ထွက်ပေါ်လာသည့် အသံဖြင့် ပြည့်နှက်သွားသည်။

ရှဲ့ရှင်းယောင်သည် ရှဲ့ကျစ်ရှင်း၏ နောက်စေ့ကို တုံ့ဆိုင်းခြင်းမရှိ ဖြတ်ရိုက်လိုက်လေသည်။ သူမ၏ မျက်လုံးများတွင် လိမ္မာပါးနပ်သော အမူအရာရှိနေပြီး တိုးညှင်းစွာ ပြောလိုက်သည်။

“လူဆိုးကောင်၊ မင်းကို ကူညီပေးဖို့ ဒီအထိ ပဲရစ်ကနေ တကူးတက ပြန်လာတာ ချန်းချန်းကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ အခုကစပြီး မင်းအပေါ်မှာပဲ မူတည်တယ်"

ရှဲ့ကျစ်ရှင်းသည် သူ၏ ခေါင်းကို ပွတ်သပ်ပြီး ရယ်ရမလား၊ ငိုရမလားပင် မသိတော့ပေ။

"အဒေါ် သိသွားပြီလား"

"မေးစရာတောင်လိုသေးလို့လား"

ရှဲ့ရှင်းယောင်သည် မျက်လုံးလှိမ့်လိုက်ပြီး

“မင်း ငါတို့အိမ်ကို ပထမဆုံးအကြိမ် ဧည့်သည်အဖြစ် လာကတည်းက ချန်းချန်း မင်းကို ရင်းနှီးဟန်ဆောင်နေတာကို ငါ မြင်ခဲ့တယ်၊ ဒီလောက်အချိန်အကြာကြီးမှာ မင်း သူ့ကို အနိုင်ယူပြီးပြီလို့ ထင်ခဲ့တာ ဒါပေမဲ့ သူက မင်းကို နည်းနည်းလေးတောင်မှ စိတ်မဝင်စားသေးဘူးလား၊ ငါတို့ ရှဲ့မိသားစုရဲ့ ကလေးတွေက မိန်းကလေးတွေကို လိုက်တဲ့နေရာမှာ ဒီလောက်တောင် ညံ့တာလား"

"အဒေါ် ဦးလေးကို လိုက်ဖို့ ဘယ်နှစ်ရက် အချိန်ယူခဲ့လဲ" ဟု ရှဲ့ကျစ်ရှင်းက နှိမ့်ချစွာ မေးလိုက်သည်။

"ငါက သူ့ကို လိုက်တာ"

ရှဲ့ရှင်းယောင်သည် မျက်ခုံးပင့်၍

“ငါ သူ့ကို လိုက်တာက အရေးကြီးလို့လား၊ ငါ သူ့ကို တစ်ချက်ဘဲကြည့်လိုက်တာနဲ့ ပန်းတွေယူလာပေးတယ် ဟုတ်ပြီလား"

ရှဲ့ရှင်းယောင်သည် ရှဲ့ကျစ်ရှင်း၏ ပခုံးကို ပုတ်လိုက်သည်။

"မင်း အကောင်းဆုံး ကြိုးစားချင်လား၊ ငါ ဒီည မင်းအတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးထားမယ် အမိအရ ဖမ်းထားနော်၊ ငါတို့ ရှဲ့မိသားစုကို ထပ်ပြီး အရှက်ရအောင် လုပ်မလာနဲ့"

ထိုညတွင် အဆင့်မြင့်ဇိမ်ခံအခန်း၏ မာစတာအိပ်ခန်းထဲ၌..

ရှဲ့ကျစ်ရှင်းနှင့် ရှချန်းချန်းတို့သည် အိပ်ရာ၏ ခေါင်းရင်းနှင့် ခြေရင်းတွင် ရပ်နေကြပြီး တစ်ဦးနှင့်တစ်ဦး ကြောင်အ,စွာ ကြည့်နေကြသည်။

"ဒါဆို… ကိုယ်ဆိုဖာပေါ်မှာ အိပ်လိုက်မယ်"

ရှဲ့ကျစ်ရှင်းက ဦးစွာ စပြောလိုက်သည်။ သူသည် ဟိုတယ်ဝန်ဆောင်မှုကို စောင်နှစ်ထည် ပိုပို့ပေးရန် တောင်းဆိုခဲ့သည်။ ယင်းတို့သည် ကြမ်းပြင်ပေါ်၌သုံးရန် လုံလောက်သည်။

ရှချန်းချန်းသည် ရုတ်တရက်‌ဆိုသလို ရှဲ့ကျစ်ရှင်းကို တားလိုက်သည်။

"ရှင့်ရဲ့ ကောလဟာလ အနည်းနဲ့အများက ကျွန်မ အမှားပါ၊ ဘာလို့ အဒေါ့်ကို အမှန်အတိုင်း မပြောလိုက်တာလဲ"

ရှဲ့ကျစ်ရှင်းက တုံ့ဆိုင်းသွားပြီး သူ၏ လေသံကို နိမ့်ချလိုက်သည်။

"လူသိနည်းလေ ကောင်းလေပဲ"

ရုပ်ရှင်မင်းသားတစ်ဦး၏ လျှို့ဝှက်လက်ထပ်ထားသည့် ဇနီးသည်မှာမူ နာမည်ကြီး အမျိုးသမီးတစ်ဦး၊ လူချမ်းသာ မိသားစုမှ သမီးတစ်ဦး သို့မဟုတ် သာမန်လူတစ်ဦးပင် ဖြစ်နိုင်သည်။

သို့သော် သူမသာ ပါပါရာဇီတစ်ဦး ဖြစ်ခဲ့ပါက လူတိုင်းသည် ဤပါပါရာဇီကို လူအများက မည်သို့ မြင်ကြမည်နည်း။

ရှချန်းချန်းသည် နောင်တရစွာ ခေါင်းငုံ့လိုက်ပြီး "ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။

ရှဲ့ကျစ်ရှင်းသည် သူ၏ နှုတ်ခမ်းထောင့်ကို တွန့်ကာ ပြုံးလိုက်ပြီး သူမ၏ ဆံပင်ကို ပွတ်သပ်လိုက်သည်။

"အကယ်၍ မင်းမှာ အချိန်ပိုရှိတယ်ဆိုရင်တော့ ကိုယ့်ကို ကြမ်းပြင်ပေါ်မှာ အိပ်ဖို့ ကူညီပေးမလား၊ မဟုတ်ရင်တော့ အိပ်ရာအတွက် မင်းနဲ့ကိုယ် တိုက်ပွဲဆင်ရလိမ့်မယ်"

ရှချန်းချန်းသည် စောင်ကို ဆွဲယူလိုက်ပြီး "ရှင် မျှော်လင့်မနေနဲ့၊ အိပ်ရာက ကျွန်မအပိုင်ပဲ" ဟု ဆိုသည်။

စောင်အား ဆွဲလိုက်မှုသည် ကြီးမားသည့် ပြဿနာ မဟုတ်သော်လည်း ယင်းက ရှဲ့ကျစ်ရှင်း၏ ညာဘက်လက်မောင်းကို မတော်တဆ ဆွဲမိသွားပြီး ရှဲ့ကျစ်ရှင်းက မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။

ရှချန်းချန်းတစ်ယောက် ထိတ်လန့်သွားကာ ရှေ့သို့ လျင်မြန်စွာ တိုးလိုက်သည်။

"အဒေါ်က ရှင်ကို ရိုက်လိုက်တာလား၊ ဘယ်နေရာကို ထိသွားတာလဲ"

မဖြစ်နိုင်ပေ။ ဧည့်ခန်းက ဆူညံနေခဲ့သော်လည်း ရှချန်းချန်းသည် ဂရုတစိုက်ဖြင့် အသေအချာ ကြည့်နေခဲ့သည်။ ရှဲ့ရှင်းယောင်၏ ရိုက်နှက်မှုများအားလုံးသည် ဆိုဖာပေါ်တွင် ဖြစ်ခဲ့ကြောင်း သူမ မြင်ခဲ့သည်။ ဤသည် ဟန်ဆောင်မှုသက်သက်ပင်။ လေထဲ၌ သွေးအနံ့ ငြှီသဲ့သဲ့လေး ပျံ့လွင့်နေခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် သူမ၏ လက်ကို ညင်သာစွာ ဆွဲဖယ်လိုက်သည်။

"ဘာမှ မဟုတ်ပါဘူး၊ မင်း အမြင်မှားတာ ဖြစ်လိမ့်မယ်"

သူမ မှန်ကန်သည်မှာ သေချာသည်။ ရှချန်းချန်း၏ အမြင်အာရုံသည် အမြဲ ကောင်းမွန်ပေသည်။

ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ လက်ကို ဤသို့ပင် စွဲမြဲစွာ ကိုင်ထားသည်။ သူတို့နှစ်ယောက်၏ အခြေအနေမှာ တင်းမာနေလေ၏။ ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ ဆံပင်ကို ထပ်မံ ပွတ်သပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

"မင်းမှာ ဒီလို နားမလည်နိုင်တဲ့ စွဲလမ်းမှု ရှိနေတာကို ကိုယ် ဘယ်လိုမေ့နိုင်မလဲ"

ရှချန်းချန်းသည် သူမ၏ နှာခေါင်းထိပ်ကို ရှက်ရွံ့စွာ ထိလိုက်သည်။ ရှဲ့ကျစ်ရှင်းသည် သူ၏ အနက်ရောင် ရှပ်အင်္ကျီကို တိတ်ဆိတ်စွာ ချွတ်လိုက်သည်။ ပထမဆုံးဖြင့် မျက်စိကျခဲ့သည်မှာ ရှဲ့ကျစ်ရှင်း၏ နေလောင်ထားသည့် အသားအရေနှင့် သန်မာသော ကြွက်သားများပင်ဖြစ်သည်။ ရှေးခေတ် ဂရိရုပ်ထုတစ်ခုကဲ့သို့ပင် တုတ်ဖြိုးသေသပ်လေသည်။

ထို့နောက် သူ၏ ညာဘက်လက်မောင်းကို မြင်လိုက်ရသည်။

အဖြူရောင် ပတ်တီးတစ်ခုသည် သူ၏ လေ့ကျင့်ထားသော ကြွက်သားများကို ဖုံးအုပ်ထားကာ သွေးစက် အနီရောင်များက ပတ်တီးအောက်မှ ထိုးထွင်းနေသည်ကို ရိပ်ရိပ်လေး မြင်နိုင်သည်။

ရှချန်းချန်း၏ ပါးစပ်မှ အသက်ရှူသံ ထွက်ပေါ်လာခဲ့ပြီး သူမ၏ အသံသည် အနည်းငယ် တုန်ယင်နေခဲ့သည်။

"ဘယ်တုန်းက ဒဏ်ရာရခဲ့တာလဲ"

"ကြီးကြီးမားမား မဟုတ်ပါဘူး" ဟု ရှဲ့ကျစ်ရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ပျောက်တော့မှာ"

ရှချန်းချန်းက မျက်မှောင်ကြုတ်လိုက်သည်။

ပျောက်ခါနီးပြီဖြစ်နေသည့် ဒဏ်ရာက မည်သို့ သွေးထွက်နိုင်မည်နည်း။

ရှချန်းချန်းတစ်ယောက် မုန့်ရုယန်ကို သွားတွေ့ခဲ့စဉ်က မိုယွီထျန်သည် အဆောက်အအုံပေါ်မှ ခုန်ချတော့မည်ဖြစ်ရာ ပြတင်းပေါက်မှ သူ့အား ဖမ်းမိခဲ့သူမှာ ရှဲ့ကျစ်ရှင်းဖြစ်ကြောင်း မုန့်ရုယန်က ပြောခဲ့သည်ကို သူမ သတိရလိုက်သည်။

ထိုအချိန်က သူ ဒဏ်ရာရခဲ့တာ ဖြစ်နိုင်လား။

ရှချန်းချန်း၏ နှလုံးသားသညါ ထပ်မံ နာကျင်လာသည်။

သူမသည် ရှဲ့ကျစ်ရှင်းကို အိပ်ရာဘေးတွင် ထိုင်စေပြီး ဧည့်ခန်းမှ ဆေးဘူးကို ယူလာခဲ့သည်။

"နည်းနည်း နာလိမ့်မယ်၊ ကျွန်မ ဖြေးဖြေးလုပ်ပေးပါ့မယ်"

ရှဲ့ကျစ်ရှင်းက ခံနိုင်ရည်ရှိကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။

ရှချန်းချန်းသည် သူ၏ ပတ်တီးကို ဂရုတစိုက် ဖယ်ရှားပေးလိုက်သည်။ ပတ်တီးကို ဖယ်လိုက်သည့်အခါ ဒဏ်ရာသည် ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းနေသည်။ ၎င်းသည် လတ်တလော ရရှိထားသည့် ဒဏ်ရာတစ်ခု ဖြစ်ပြီး မျက်နှာပြင်အရေပြား ပွန်းပဲ့နေသော်လည်း ကောင်းမွန်စွာ ကုသထားသဖြင့် ရောင်ယမ်းနေခြင်း မရှိပေ။ ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းအား ဆေးကို ဂရုတစိုက် လိမ်းပေးလိုက်သည်။

လေထုက တိတ်ဆိတ်နေပြီး မည်သူမျှ စကားမပြောပေ။

သို့သော် ရှချန်းချန်း ဆေးလိမ်းပေးနေစဉ် ရှဲ့ကျစ်ရှင်း၏ ကြွက်သားများ ပြည့်ဝသော ခန္ဓာကိုယ်ကို ကြည့်နေခဲ့ကာ ကြွက်သားများ၏ မျက်နှာပြင်များပေါ်မှ ဝါဂွမ်းမှတစ်ဆင့် မာကြောသော အထိအတွေ့ကို ခံစားနေရသည်။ ရှချန်းချန်းတစ်ယောက် ရှက်သွေးဖြာလာပြီး သူမ၏ နားရွက်များမှာ သွေးစက်များ ကျလာသကဲ့သို့ နီရဲနေခဲ့သည်။

ပြီးသွားပြီ။ ဒဏ်ရာရနေသည့် ရှဲ့ကျစ်ရှင်းကို မြင်သည့်အခါ သူ့အပေါ် ပစ်လှဲချင်သည့် ရမ္မက်စိတ်ဆန္ဒကို အဘယ်ကြောင့် ရုတ်တရက် ခံစားမိသွားရသနည်း။

တကယ် အရိုင်းဆန်တာပဲ။ သူက ဒဏ်ရာရနေတာလေ။

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ ရှက်ရွံ့သော အမူအရာကို မြင်ပြီး မနေနိုင်ဘဲ ရယ်လိုက်သည်။ သူ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။

"မင်း လုပ်ပုံကိုင်ပုံက ကျွမ်းကျင်သားပဲ၊ အရင်က သင်ခဲ့ဖူးတာလား”

ရှချန်းချန်းက ဗီဇအတိုင်း ဖြေလိုက်သည်။

“ကျွန်မ စစ်ဘက်ဆိုင်ရာ ဆရာဝန်ကြီးတစ်ယောက်ဆီက သင်ခဲ့တာ..”

သူမ စကားစ ရပ်သွားပြီးနောက် အလျင်အမြန်ပင် ဖြေလိုက်သည်။

“ဟုတ်တယ်၊ သူက ကျွန်မတို့ တက္ကသိုလ်ကို သိပ္ပံပညာနဲ့ ပတ်သက်ပြီး မျှဝေဖို့ လာခဲ့တဲ့ ဆရာဝန်တစ်ယောက်လေ၊ သူက ကောလိပ်ကျောင်းသားတွေကို အရေးပေါ်ကူညီမှု အခြေခံဗဟုသုတတွေ သိထားရင် ကောင်းမယ်လို့ ပြောခဲ့တာ”

ရှဲ့ကျစ်ရှင်းက ပြုံးလိုက်သည်။

"ကိုယ် အဲဒါကို မမေးပါဘူး၊ ဘာတွေ ပူနေတာလဲ"

ရှချန်းချန်းက မျက်လုံးလှိမ့်လိုက်ပြီး ညအချိန်အခါကဲ့သို့ နက်မှောင်သည့် ရှဲ့ကျစ်ရှင်း၏ မျက်လုံးများကို တွေဝေစွာ စိုက်ကြည့်နေခဲ့သည်။

ယခင်က အပြစ်ကင်းဖြူစင်သော ရှဲ့လေး ပျောက်ကွယ်သွားခဲ့လေသည်။ ယခု၌ ရှဲ့ကျစ်ရှင်း၏ မျက်လုံးများအား သူမ အကြည့်ချင်းဆုံလိုက်မိတိုင်း သူမ၏ မျက်လုံးများမှ အရာများစွာကို ရှဲ့ကျစ်ချင်းက တူးဖော်နိုင်သည်ဟုပင် အမြဲလိုလို ခံစားနေရသည်။ သူသည် ပါပါရာဇီ သို့မဟုတ် လိမ်ညာသူများအား ဖော်ထုတ်သူ တစ်ယောက်မျှ မဟုတ်သော်လည်း သူက ပိုမိုသိနေပုံရသည်။

ရုတ်တရက် တံခါးမှ "ကလစ်" ဟူ‌၍ အသံ ဖွဖွလေး ထွက်ပေါ်လာသည်။

ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်း နှစ်ဦးစလုံး ထိတ်လန့်သွားကြသည်။

ဆေးထည့်ပြီးသည်နှင့် ရှဲ့ကျစ်ရှင်းသည် သူ၏ ရှပ်အင်္ကျီကို ချက်ချင်း ပြန်ဝတ်လိုက်သည်။

တံခါးထံသို့ လျှောက်သွားကာ နားထောင်ရန် ကိုယ်ကို ကိုင်းညွတ်လိုက်ကာ ပါးစပ်မှ "ကိုယ့် အဒေါ်ပဲ" ဟု ဆိုလိုက်သည်။

ရှဲ့ရှင်းယောင်သည် ရှဲ့ကျစ်ရှင်း သစ္စာမဖောက်ခဲ့ကြောင်း မယုံကြည်သဖြင့် နားထောင်ရန် ရောက်လာခြင်း ဖြစ်သည်။

ရှချန်းချန်းက မျက်မှောင်ကြုတ်လိုက်ကာ ပါးစပ်ဖြင့် "ဘယ်လိုလုပ်ရမလဲ" ဟု ဆိုလိုက်သည်။

ရှချန်းချန်းသည် သူမ၏ ယခင်ဘဝတွင် အချစ်ရေးကိစ္စ မရှိခဲ့သည့်အပြင် အိမ်ထောင်လည်း မပြုခဲ့ဖူးပေ။ ထို့ကြောင့် ခင်ပွန်း၏ မိသားစုမှ လူကြီးများနှင့် မည်သို့ဆက်ဆံရမည်ကို သူမ မသိပေ။

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းထံသို့ ပြန်လာပြီး "သူ ကြားချင်တာ မကြားရမချင်း ထွက်သွားမှာ မဟုတ်ဘူးထင်တယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။

ရှချန်းချန်းက စူးစမ်းလိုစိတ်ဖြင့် "သူက ဘာကိုကြားချင်တာလဲ" ဟု မေးသည်။

ရှဲ့ကျစ်ရှင်းတစ်ယောက် စကားပင် မပြောနိုင်ဖြစ်သွားကာ သူ၏ နားရွက်များက နီရဲလာ‌လေ၏။ သူသည် ရှချန်းချန်းကို မှုန်သုန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ဒီအခန်းရဲ့ အသံလုံလားမလုံလားကို တကယ် သိချင်လား"

ရှဲ့ရှင်းယောင်သည် အခန်း၏ မာစတာအိပ်ခန်းတံခါးတွင် ထိုင်လျက် သူမ၏ လက်ထဲတွင် ကိုယ်တိုင်ပြုလုပ်ထားသော အသံချဲ့စက်ကို ကိုင်ထားသည်။

အခန်းသည် အလွန်တိတ်ဆိတ်နေလေသည်။

ခုနကပင် သူတို့နှစ်ဦး စကားပြောနေသံကို ကြားနေရပုံရသော်လည်း ယခုတော့ ဘာသံမှ မကြားရတော့ပေ။

ရှဲ့ရှင်းယောင်က မျက်မှောင်ကြုတ်လိုက်သည်။

တကယ် မဖြစ်နိုင်တာ။ လူချောတစ်ယောက်နှင့် အမျိုးသမီးလှလှတစ်ဦး ညသန်းခေါင်ယံတွင် ပြင်းပြသည့် ဆန္ဒများဖြင့် သူတို့နှစ်ဦး တစ်ခုခု လုပ်ကြမည်မဟုတ်ပေလော။

ကျင်ရိဖန်သည် သမ်းလျက် ရေတစ်ခွက်ကို ကိုင်ကာ ရှဲ့ရှင်းယောင်၏ ဘေးမှ ဖြတ်သွားသည်။ သူ၏မိခင်မှာ သူ့ညီဝမ်းကွဲအခန်း၏ တံခါးဝတွင် သူခိုးတစ်ယောက်ကဲ့သို့ ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ကျင်ရိဖန်တစ်ယောက် စိတ်ရှုပ်ထွေးသွားပြီး "မား... ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။

ရှဲ့ရှင်းယောင်သည် ချက်ချင်းပင် တိတ်တိတ်နေရန် အမူအရာပြပြီး ပါးစပ်မှ "ခွေးကောင်၊ တိတ်တိတ်နေစမ်း" ဟု ပြောသည်။

ကျင်ရိဖန်: ???

မဟုတ်ဘူး၊ ညဉ့်နက်နေပြီ၊ လူတိုင်းလည်း အိပ်ပျော်နေပြီကို မား၊ ဘာလုပ်နေတာလဲ အား။

ထို့နောက် အခန်းထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

၎င်းသည် ဖော်ပြရန် ခဲယဥ်းသော အသံဖြစ်သော်လည်း လူတစ်ယောက်ကို ရှက်သွေးဖြာစေသည်။ အခန်းထဲမှ အိပ်ယာသည် နံရံကို ထပ်ခါထပ်ခါ တိုက်မိနေပြီး "ဒုန်း၊ ဒုန်း၊ ဒုန်း" ဟု အသံမြည်နေသည်။

ကျင်ရိဖန်က အံ့အားသင့်သွားသည်။

သူ၏ ရုပ်ရှင်မင်းသား ညီဝမ်းကွဲနှင့် သူ့ညီ၏ ဇနီးသည်တို့ အခန်းထဲတွင် အိပ်ရာတိုက်တမ်း ကစားနေကြတာလား။ အသံက အလွန်ကျယ်လောင်နေသည်။ သူ့ညီဝမ်းကွဲ၏ ဇနီးအသံသည် ရိုက်နှက်မှုကို ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။ သူမ၏ အသံတွင် မျက်ရည်များး ရော‌ထွေး၍ ထွက်ပေါ်နေသည်။

ဒီထူးဆန်းတဲ့ အသံက ဘာအသံလဲ။

သို့သော် ရှဲ့ရှင်းယောင်သည် အဒေါ်တစ်ဦး၏ အပြုံးဖြင့် ရှက်ရွံ့စွာ သို့မဟုတ် စိတ်လှုပ်ရှားစွာဖြင့် သူမ၏ မျက်နှာကို ဖုံးအုပ်ထားသည်။

"ငါတို့ရဲ့ ရှဲ့မိသားစုက ကောင်လေးတွေမှာ အရည်အချင်း တချို့ရှိသေးသားပဲ"

ကျင်ရိဖန်: "ဘာဖြန်းတာလဲ ရှက်သွေးဖြန်းတာလား”

အခန်းထဲတွင် ရှချန်းချန်းသည် အိပ်ရာပေါ်၌ သက်သာစွာ လဲလျောင်းလျက် သူမ၏ ဖြူဖွေးသော ခြေထောက်များကို မြှောက်ထားကာ ပျော်ရွှင်စွာ ညည်းညူနေလေ၏။

သူမ၏ မောဟိုက်နေသည့်အသံသည် ရံဖန်ရံခါ ဂျပန် (AV) စကားလုံးအချို့နှင့် ရောနှောနေသည်။

ထိုအတောအတွင်း ရှဲ့ကျစ်ရှင်းသည် သူမ၏ ဘေးတွင် ရပ်လျက် အိပ်ရာကို သူ၏ ခွန်အားဖြင့် ထုနေလေသည်။

ခေတ္တခဏအကြာတွင် ရှဲ့ကျစ်ရှင်းသည် ရုတ်တရက် ရှချန်းချန်း၏ ခေါင်းကို ကိုင်လိုက်ပြီး သူ၏ အသံနိမ့်နိမ့်ဖြင့် ဖော်ပြရန်ပင် ခက်ခဲလောက်သည်အထိ နိမ့်ကျ၍ မောဟိုက်နေခဲ့ကာ တစ်စုံတစ်ခုကို ထိန်းထားရန် အားထုတ်နေသကဲ့သို့ပင် ဖြစ်နေသည်။

"မအော်နဲ့" ဟု ပြောလိုက်သည်။

ရှချန်းချန်း၏ မျက်လုံးများက လင်းလက်သွားကာ တံခါးကို မနေနိုင်ဘဲ ကြည့်လိုက်၍ "အဒေါ် သွားပြီလား" ဟု တိုးဖွစွာ မေးလိုက်သည်။

"ဟင့်အင်း"

ရှဲ့ကျစ်ရှင်းသည် သူ၏ လည်စေ့ကို လှိမ့်လိုက်ပြီး ရှချန်းချန်းထံမှ မသိမသာ မျက်နှာလွှဲလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် မအော်နဲ့"

ရှချန်းချန်းက ပို၍ပင် ရှုပ်ထွေးသွားသည်။ သူမ အော်ဟစ်နေသည်မှာ အလွန် သရုပ်ဆောင်ကောင်းသည်ဟု ခံစားရသည်။

"ဘာလို့လဲ၊ ကျွန်မက အဒေါ် မသွားသေးဘူးလို့ထင်လို့"

"ချန်းချန်း၊ ကိုယ်က ကျန်းမာတဲ့ အရွယ်ရောက်ပြီးသား ယောင်္ကျားတစ်ယောက်ပါ"

ရှဲ့ကျစ်ရှင်းသည် သူ၏ အသံမှ ထွက်ပေါ်လာသော တုန်ယင်မှုကို ထိန်းချုပ်ထားပြီး ရှချန်းချန်း၏ ခေါင်းကို အကူအညီမဲ့စွာ ပွတ်သပ်လိုက်ကာ မောဟိုက်နေသည့် အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

"မင်း ထပ်အော်ရင် ကိုယ် ကိုယ့်ကိုယ်ကို ထိန်းထားနိုင်တော့မှာ မဟုတ်ဘူးထင်တယ်"

ရှချန်းချန်းသည် သွေးကြောများကဲ့သို့ ထောင်မတ်နေသည့် ရှဲ့ကျစ်ရှင်း၏ ကြွက်သားများကို ကြည့်လိုက်သည်။ ထိုအချိန်တွင် သူမ တစ်စုံတစ်ရာကို နောက်ဆုံး၌ နားလည်သွားပြီး သူမ၏ ဖြူစင်သော ပါးပြင်များ ချက်ချင်းပင် နီရဲလာလေ၏။

*

နောက်တစ်နေ့၌ ရှချန်းချန်း နိုးလာသည့်အခါ ၁၀ နာရီကျော်နေပြီ ဖြစ်သည်။

နေရောင်ခြည်သည် တောက်ပစွာ လင်းလက်နေပြီး ဟိန်ထျန်းတစ်ခုလုံးအား ကြည်လင်သော ဆောင်းဦး၏ ကောင်းကင်ဖြင့် လွှမ်းခြုံထားသည်။

ပြီးခဲ့သည့်ညက နာရီဝက်ကျော်ကြာ အော်ဟစ်ခဲ့ပြီးနောက် ရှချန်းချန်း၏ လည်ချောင်းသည် အနည်းငယ် ခြောက်သွေ့နေသည်။ သူမသည် ရေသောက်ရန် ဧည့်ခန်းသို့ ထွက်လာပြီး ဘေးခန်းမှ ကျင်ရိဖန်သည် သူ၏ ခြေထောက်များကို ဆန့်တန်းလျက် အိပ်ပျော်နေဆဲရှိသည်ကို တွေ့လိုက်ရသည်။ ရှဲ့ကျစ်ရှင်းသည် စာကြည့်ခန်းတွင် သူ၏ ရွှေရောင်မျက်မှန်ကို တပ်လျက် အထူးလက်ထောက်ကျိုး၏ အီးမေးလ်များကို ပြန်စာရေးနေချေသည်။

မကြာသေးမီက ရှဲ့အုပ်စုသည် အလုပ်များစွာ စုပုံနေသောကြောင့် သူသည် ၎င်းတို့ကို ဦးစွာ ကိုင်တွယ်ရမည် ဖြစ်သည်။

ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းကို ဤအတွက် အထူးပင် လေးစားမိသည်။ သူသည် ပြီးခဲ့သည့်ညက အိပ်ယာကို အချိန်အတော်အတန်ကြာအောင် ထုနေခဲ့သည်။ ထို့နောက် စိတ်ငြိမ်စေရန်အတွက် နှစ်နာရီကျော်ကြာ ရုံးလုပ်ငန်းများကို ကိုင်တွယ်ခဲ့သည်။ ရှဲ့ကျစ်ရှင်းတစ်ယောက် အလွန်အလုပ်များနေသော်လည်း နံနက် ၆ နာရီတွင် အိပ်ယာထကာ အီးမေးလ်များကို ပြန်စာရေးနိုင်သေးသည်။

ဤသည် လူယုတ်မာကြီးတစ်ယောက်၏ ကိုယ်ပိုင်လေ့ကျင့်မှု ဖြစ်နိုင်ပေသည်။

ရှချန်းချန်း အခန်းထဲသို့ ဝင်လာသည်ကို မြင်သည့်အခါ ရှဲ့ကျစ်ရှင်းသည် သူ၏ မျက်မှန်ကို ညှိလိုက်သည်။

"ဘာစားချင်လဲ ကိုယ် အခန်းဝန်ဆောင်မှုကို ခေါ်လိုက်မယ်"

ရှချန်းချန်းက ခေါင်းခါလိုက်သည်။

"ကျွန်မ ခုမှ နိုးတာဆိုတော့ သိပ်မစားချင်သေးဘူး၊ အဒေါ်ရော"

ရှဲ့ကျစ်ရှင်းသည် "သူ ပြန်သွားပြီ ပဲရစ်က သူ့အလုပ်တွေ မပြီးသေးလို့" ဟု ဆိုသည်။

ရှချန်းချန်းက စားပွဲကို မှီလျက် ရေအနည်းငယ် သောက်လိုက်သည်။

စားပွဲပေါ်တွင် ရှဲ့အုပ်စု၏ အတွင်းရေး စာရွက်စာတမ်းများအချို့နှင့်အတူ ရှဲ့ကျစ်ရှင်း၏ အနုပညာရှင်တစ်ဦးအနေဖြင့် ကြေညာချက်များလည်း ရှိနေသည်။

ရှချန်းချန်းသည် တွေ့ကရာ စာရွက်တစ်ရွက်တစ်ခုကို ကောက်ယူလိုက်သည်။ ၎င်းသည် "ယွီကွမ်း" စီမံကိန်း၏ တိုးတက်မှု အစီရင်ခံစာ ဖြစ်သည်။ အစီရင်ခံစာ၏ အောက်ဆုံးတွင် "ယွီကွမ်း" ဒါရိုက်တာ လျို့ကျစ်မင်းသည် ရှဲ့ကျစ်ရှင်းအား ရိုက်ကွင်းသို့ လာရောက်လည်ပတ်ရန် ရိုးသားစွာ ဖိတ်ကြားထားသည်။

"'ယွီကွမ်းကလည်း တျန်းရှန့်အတွက် အဓိက စီမံကိန်းတစ်ခုလား၊ ဒါဆိုရင်တော့ ရှင် သွားမလည်ရင် တကယ် ရှက်စရာပဲ"

လိမ်ညာသူများကို ဖော်ထုတ်သူမှ ချန်မင်ကျယ်၏ ဖော်ထုတ်မှုများကြောင့် "ရှန်းကျယ်" သည် စတင်၍ ထုတ်လွှင့်မပြသခင်တွင်ပင် ရေပန်းစားခဲ့သည်။

“Niuhulu Strategy” သည်လည်း မိုယွီထျန်း၏ ဖြစ်ရပ်ကြောင့် ရေပန်းစားနေဆဲ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ "ယွီကွမ်း"သည် S အဆင့် သရုပ်ဆောင်များ ပါဝင်သော်လည်း အခြားနှစ်ခုနှင့် နှိုင်းယှဉ်လျှင် ရေပန်းစားမှု လျော့ကျနေပြီး ဆွေးနွေးမှု အနည်းငယ်သာ ထုတ်ပေးလျက်ရှိသည်။

လျို့ကျစ်မင်သည် "ယွီကွမ်း"၏ လူသိများမှုကို မြှင့်တင်ရန်အတွက် ရှဲ့ကျစ်ရှင်းအား ရိုက်ကွင်းသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။ ဤဇာတ်လမ်းသည် အဓိကအားဖြင့် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည်။ ယခုအချိန်တွင် ဤကဲ့သို့ ဇာတ်လမ်းမျိုးကိုမူ ဈေးကွက်ထဲတွင် မရရှိနိုင်သေးပေ။ အကယ်၍ ယင်းကိုသာ အမြန် ထုတ်လွှင့်နိုင်ခဲ့ပါက နောက်နှစ် နွေရာသီ၏ ရုံဝင်ငွေအထိပင် ရောက်ရှိနိုင်သေးသည်။

"သွားချင်လား" ဟု ရှဲ့ကျစ်ရှင်းက မေးလိုက်သည်။

ရှဲ့ကျစ်ရှင်းသည် မည်သည့်အရာတွင်မှ စိတ်ဝင်စားမှု မရှိပေ။ ရုပ်ရှင်နှင့် ရုပ်သံလောကသည် မည်မျှပင် ငွေရှာနိုင်သည်ဖြစ်စေ၊ အိမ်ခြံမြေနှင့် အင်တာနက်တို့ကဲ့သို့ အမြတ်အစွန်း မရနိုင်ပေ။

တျန်းရှန့်၏ ကိစ္စများကို ဟုန်ပေါ်ချောင်နှင့် အထူးလက်ထောက်ကျိုးတို့အား အဓိကထား၍ ကိုင်တွယ်စေခဲ့သည်။

"ကျွန်မလည်း ဒီနေ့ ဘာမှ လုပ်စရာမရှိပါဘူး"

ရှချန်းချန်းသည် စိတ်ဝင်တစားဖြင့် ဖြေလိုက်သည်။

"ကျိုးရှန်းနန်က သူတို့ စန်းနျန်းနျန်းတောင်ကို သွားမယ်လို့‌ပြောတယ်၊ ဆိုတော့ 'ရှန်းကျွယ်' ရိုက်ကွင်းကို သွားလို့ မရဘူး ဒါပေမဲ့ လုယန်ရန်က 'ယွီကွမ်း' ရဲ့ ခေါင်းဆောင်မင်းသမီးမလား၊ ကျွန်မ သူ့ကို ရိုက်ကွင်းမှာ သွားတွေ့ချင်တယ်"

*

နေ့လည် ၂ နာရီခန့်တွင် ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ ဘန်တလေကားပေါ်သို့ တက်လိုက်ပြီး အနောက်မှ အထူးလက်ထောက်ကျိုး ကြိုတင်မှာယူထားသော အစားအသောက်ကားများစွာ လိုက်လာကြကာ ဟိန်ထျန်း၏ ဆင်ခြေဖုံးနေရာများသို့ ဦးတည်သွားကြလေသည်။

နာရီဝက်ကြာပြီးနောက် ဘန့်တလေကားများသည် ဟိန်ထျန်း၏ အနောက်ဘက် ဆင်ခြေဖုံးတွင် ရပ်လိုက်ကြသည်။ ဤနေရာသည် ယနေ့ "ယွီကွမ်း" ရိုက်ကူးမည့်နေရာ ဖြစ်သည်။

ရှချန်းချန်းကားပေါ်မှ ဆင်းလာသည့်အခါ လျို့ကျစ်မင်က သူမအား နွေးထွေးစွာ ချက်ချင်း နှုတ်ဆက်သည်။

ရိုက်ကွင်းသို့ လာရောက်လည်ပတ်ခြင်းသည် လူသိများခြင်းကို ဆိုလိုသည်။ လူသိများမှု ပိုများလေ၊ ပိုကောင်းလေဖြစ်သည်။

လျို့ကျစ်မင်းသည် စျေးကွက်ရှာဖွေရေးကို ကောင်းစွာသိနားလည်သည်။ ယင်းမှ ရိုက်ကူးရေးကို အနှောင့်အယှက်မပေးသရွေ့ နာမည်ကြီးများ၏ လာရောက်လည်ပတ်မှုကို အမြဲတစေ ကြိုဆိုသည်။

အစားသောက်ကားများမှ စားဖိုမှူးများသည် အဖွဲ့သားများအား အစားအစာများ စတင်ကျွေးမွေးနေကြပြီ ဖြစ်သည်။

လျို့ကျစ်မင်းသည် ရှချန်းချန်းနှင့် စကားစမြည်ပြော၍ ဓာတ်ပုံအနည်းငယ် ရိုက်ကူးချင်ယောင်ဆောင်ကာ နောက်ကွယ်မှ ရိုက်ကွင်းဗီဒီယိုများ ထုတ်လွှင့်မှုအတွက် ပြင်ဆင်ရန် ထွက်ခွာသွားလေသည်။

လုယန်ရန်သည် အချိန်အတော်ကြာအောင် သည်းခံထားခဲ့ရသည်။ လျို့ကျစ်မင်းတစ်ယောက် နောက်ဆုံး၌ ထွက်ခွာသွားသည်ကို မြင်သည့်အခါ သူမ အလျင်အမြန် ရှေ့သို့ တက်လာပြီး ရှချန်းချန်းကို ဆွဲခေါ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ပြောစမ်း၊ နင်နဲ့ ရှဲ့ကျစ်ရှင်းကြားမှာ ဘာတွေ ဖြစ်နေတာလဲ၊ သူ့အတွက် မျက်နှာပျက်ရအောင်‌မနေဖို့ ငါ ပြောခဲ့တာကို ဘာလို့ နားမထောင်ရတာတုန်း"

ဟန်ကျားလင်း နောက်သို့ လိုက်ခဲ့သော ရှချန်းချန်း၏ အချစ်ရူးခဲ့သည့် အမှတ်ရစရာများက လုယန်ရန်၏ အသိစိတ်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ကာ သူမအား လုံးဝ စက်ဆုပ်ရွံရှာစေခဲ့သည်။ လုယန်ရန်တစ်ယောက် နားမလည်နိုင်ပေ။ ယောင်္ကျားမရှိဘဲ မနေနိုင်ဘူးလား။

ဝတ္ထုတွေ ဒါမှမဟုတ် ဂိမ်းတွေက စိတ်မင်စားစရာမဟုတ်ဘူးလား။ ဘာလို့ အချစ်ကိုမှ စွဲလမ်းနေရတာလဲ။

"အင်း..."

ရှချန်းချန်းက ခဏတာ စဉ်းစားပြီး သူမသည် ရှဲ့ရှင်းယောင်ကို လှည့်စားခဲ့သည့် အကြောင်းပြချက်အတိုင်း ပြန်ပြောလိုက်သည်။

"ဒါက ပျော်စရာလေ၊ အေးလေ နင်ကတစ်ကိုယ်တည်းသမားဆိုတော့ နားလည်မှာ မဟုတ်ပါဘူး"

လုယန်ရန်: ???

ငါက နင်ကောင်းဖို့ စေတနာနဲ့ တိုက်တွန်းနေတာ ဒါပေမဲ့ ဘာကိစ္စ ငါ့ကို ပုဂ္ဂိုလ်ရေးနဲ့ လာတိုက်ခိုက်နေရတာလဲ။

"မေ့လိုက်တော့"

လုယန်ရန်က နှုတ်ခမ်းဆူလိုက်သည်။

"အနည်းဆုံးတော့ နင်က ရှဲ့ကျစ်ရှင်းနားမှာ တစ်ယောက်တည်းရှိနေတာပဲ ဟန်ကျားလင်းလို မဟုတ်ဘူး၊ အဲကောင်က အရမ်း လှည့်စားတတ်တယ်၊ နင် ဟန်ကျားလင်းအပေါ်မှာ ခံစားချက်မရှိတော့ဘူးဆိုရင်ပဲ ငါက ကျေးဇူးတင်ပါပြီ”

ရှချန်းချန်းက အံ့သြစွာဖြင့် "ဘာလို့ ရုတ်တရက်ကြီး ဟန်ကျားလင်းကို ထည့်ပြောနေတာ" ဟု ‌ဆိုလေသည်။

ရှချန်းချန်းအတွက် ဟန်ကျားလင်းနှင့် ယဲ့ရှီဝမ်တို့၏ ကိစ္စမှာ အဆုံးသတ်သွားပြီဖြစ်သည်။ သူတို့သည် မိမိကိုယ်ပိုင်ဘဝနှင့် အချင်းချင်း ခပ်ခွာခွာနေသင့်သည်။

"အဲလူ ထပ်ပြီးတော့ ပေါ်လာပြန်ပြီ၊ သူ ငါတို့ရိုက်ကွင်းဘေးမှာ နေ့တိုင်း ကင်းလှည့်သလို ပတ်ချလည်နေတာ ပြီးတော့ နင့်အကြောင်းကို ငါ့ကို ဆက်တိုက် မေးနေတယ်၊ ငါ တော်တော်လေး စိတ်ကုန်နေပြီ"

လုယန်ရန်က ဒေါသထွက်နေလေ၏။

"သူလည်း ယဲ့ရှီဝမ်နဲ့ ကလေးတစ်ယောက် ရနေပြီပဲ၊ ဘာကိစ္စ ပြန်ပေါင်းထုတ်ဖို့ ကြိုးစားနေတာတုန်း၊ ဘာလို့ ယောက်ျားတိုင်း ဒီလိုဖြစ်နေတာလဲ ရွံ့စရာ"

ရှချန်းချန်းက ထိတ်လန့်သွားသည်။

"ဟန်ကျားလင်းလည်း ဒီမှာ ရှိတယ်လို့ ပြောချင်တာလား ပြီးတော့ ငါ့ကို ရှာနေတုန်းပဲလား"

"သေချာတာပေါ့၊ သူ ငါ့ကို နေ့တိုင်း မေးနေတာ"

လုယန်ရန် စကားမဆုံးမီပင် ဟန်ကျားလင်း၏ အသံသည် သူမ၏ နောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

"ချန်းချန်း၊ မင်း တကယ် ကိုယ်တို့ရိုက်ကွင်းကို လာလည်တာပဲ"

ရှချန်းချန်းမှ အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည့်အခါ သူမ၏ နောက်တွင် ဟန်ကျားလင်းကို တွေ့လိုက်ရသည်။

ဟန်ကျားလင်း၏ ခန့်ညားသော မျက်နှာသည် ဖုံးကွယ်၍ မရနိုင်သည့် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေခဲ့သည်။ နေရောင်သည် သူ့အား အထူး နှစ်သက်နေပုံရပြီး သူ၏ တည်ကြည်သည့် ကိုယ်ဟန်အနေအထားကို ရွှေရောင်အနားသားတစ်ခု ပေးထားသည်။

သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ်

ရှချန်းချန်းသည် ဟန်ကျားလင်း၏ အသံနေအသံထားမှာ အလွန်အမင်း မရေမရာဆန်နေသည်ဟု ခံစားလိုက်ရသည်။

"ချန်းချန်း၊ နောက်ဆုံးတော့ မင်းနဲ့ကိုယ် ပြန်တွေ့ရပြီ"

ဟန်ကျားလင်းသည် ခေတ္တခဏ ဆွံ့အသွားသည်။

"ကိုယ် မင်းကို အရမ်းလွမ်းနေခဲ့တာ"

သူ၏ အသံသည် အလွန်နူးညံ့နေခဲ့သည်။ နွေဦးလေညှင်းကဲ့သို့ပင် စိမ်းစိုသော မြက်ခင်းမှ ရနံ့သည် သူ၏ မျက်နှာပေါ်သို့ တိုက်ခတ်နေလေသည်။

သို့သော် ရှချန်းချန်း၏ မျက်နှာသည် အလွန်အမင်း ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေလေ၏။

ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ဝတ္ထုထဲက အမျိုးသား ဇာတ်ဆောင်က သူမအပေါ် ဒီလောက် နူးညံ့နေရသနည်း။

သူ့ကို နတ်ဆိုး သို့မဟုတ် မကောင်းဆိုးဝါးတစ်ကောင် ဝင်ပူးနေခြင်းလား။

All Chapters