← Chapters

လုံ့လရှိသော ကျိယွမ်

Vol. 1 Ch. 14

လုံ့လရှိသော ကျိယွမ်

Vol. 1 Ch. 14

ကျင်းလီ၏ မျက်လုံးများထဲ၌ နူးညံ့သော အလင်းတန်းတစ်ခု လက်သွားသည်။

"သူက ငါကိုယ်တော်ရဲ့ မိတ်ဆွေတစ်ယောက်ပဲ။"

သို့သော် သူမ၏နောက်ဆက်တွဲမှတ်ချက်က မရေမရာရှိလှ၏ ။

"ဒါပေမဲ့ သူရဲ့စွမ်းအားနဲ့ ပတ်သက်ပြီးတော့ ငါလည်းတိတိကျကျ မသိဘူး "

အနားတွင်ရှိနေကြသော လက်ရွေးစင်စစ်သည်များအားလုံး စိတ်ပျက်သွားကြသည်။ သူမတို့က ထူးခြားထက်မြက်သောပုဂ္ဂိုလ်ကြီးအကြောင်းကို သိရမည်ဟု မျှော်လင့်ထားကြသည် ။

ယခုတော့ ဧကရီကိုယ်တိုင်ပင် သေသေချာချာမသိပေ ။

"ပုဂ္ဂိုလ်ကြီးက စွမ်းအားကြီးသလောက် လျို့ဝှက်တတ်ပုံရတယ် "

.................

"ငါ့ကိုယ်ငါ ဒီလောက်တော်နေလိမ့်မယ်လို့ မထင်ထားမိဘူး "

"တော်သလို အလုပ်ကိုလည်းကြိုးစားတဲ့ဗီဇက ငါ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတာ သေချာတယ် "

ကျိယွမ်က အပျင်းကျောတစ်ချက် ဆန့်လိုက်၏ ။

ယနေ့တွင်သူက ကြောင်ရုပ်နှိုးစက် မနှိုးခင် အိပ်ယာမှ စောစောထခဲ့၏ ။

"ဂိမ်းမဆော့ဘဲ စောစောအိပ်ပြီး စောစောအိပ်ယာထတော့မှ နံနက်စောစောမြင်ကွင်းက ဘယ်လောက်ကြည်နူးဖို့ကောင်းတယ်ဆိုတာ သိရတော့တယ် "

ထိုအချိန်မှာပင် ကျန်းလင်းစု၏ အသံကသူ့နားထဲသို့ ဝင်လာ၏ ။

"ဂိုဏ်းတူအစ်ကိုကြီး ကျွန်မတောင် ကျင့်ကြံလို့ပြီးသွားပြီး အခုမှနိုးတာလား "

ကျိယွမ်၏ ကြည်နူးနေသောမျက်နှာက အီးမှန်သလို ရှုံ့မဲ့သွား၏ ။

ငါကအစောကြီးနိုးတယ်ဆိုပြီး ဂုဏ်ယူနေတာလေ ။

ကျန်းလင်းစုက နှစ်သိပ်ရှာပါသည် ။

"ဒါပေမဲ့ အရင်ရက်တွေနဲ့ယှဥ်ရင် ဆရာတူအစ်ကိုကြီးက တိုးတက်လာပါတယ် "

"အစ်ကိုကြီး ခုနကပြောသလိုပဲ လူကိုပျက်စီးစေတဲ့ဂိမ်းတွေကို မဆော့တော့ဖို့ပဲလိုတယ် ၊ ဒါဆို ဆရာတူအစ်ကိုကြီးမှာ တောက်ပတဲ့ အနာဂတ်ရှိလာမှာ "

"ဂိမ်းမကစားဘဲနေဖို့ကတော့ မဖြစ်နိုင်ဘူး"

ကျိယွမ်သည် ခေါင်းမာမာဖြင့် ငြင်းပယ်လိုက်သည်။

"ဆရာတူအစ်ကိုကြီး၊အနာဂတ်မှာ ကျွန်မကို စောင့်ရှောက်မယ်လို့ မပြောခဲ့ဘူးလား"

ကျန်းလင်းစု၏မျက်နှာလေးက ချစ်စဖွယ်ပြုံးနေ၏ ။ မည်သည့် ယောက်ျားသားမဆို သူမအားစောင့်ရှောက်ချင်မည်မှာ သေချာလေသည် ။

"ဆရာတူအစ်ကိုကြီး ကောင်းကောင်းမကျင့်ကြံရင် ကျွန်မကို ဘယ်လိုစောင့်ရှောက်မှာလဲ။"

"အစ်ကိုကြီးကိုယ်တိုင်က ဒုက္ခထဲတိုးဝင်နေပြီး ညီမကိုစောင့်ရှောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးနော် "

"အင်း--"

ထိုစကားက ကျိယွမ်ကို အနည်းငယ် စဥ်းစားသွား၏ ။

"နင်က ငါ့ကိုစောင့်ရှောက်မယ်ဆိုရင်လည်း သိပ်မဆိုးပါဘူး ၊ ငါ့အကြိုက်ဆုံး စကားပုံတစ်ခုရှိတယ် ၊ "သင် ချမ်းသာကြွယ်ဝသွားလျှင် မိတ်ဆွေဟောင်းကို မမေ့သင့်ပါ " တဲ့ ညီမလေးက ချမ်းသာပြီးသား မဟုတ်လား "

ကျန်းလင်းစုက ကျိယွမ်အား ပြောမနိုင်သဖြင့် မျက်စောင်းထိုး လိုက်သည် ။

ကျိယွမ်က ကျောက်စိမ်းလွှာကို ထုတ်ယူကာ သူမထံ ပြန်ပေးလိုက်သည် ။

"ညီမလေး နင့်ရဲ့ကျောက်စိမ်းလွှာ ၊ ကျေးဇူးတင်ပါတယ် "

ကျန်းလင်းစုဝမ်းသာအားရ လက်ခံလိုက်သည် ။ သူမက ရက်ပိုင်းအတွင်း ပြန်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ ။

"ဆရာတူအစ်ကိုကြီး၊ ကိုယ်ပိုင်ကျင့်ကြံခြင်း နည်းစနစ်ကို ဖန်တီးနိုင်သွားပြီလား "

"ဒါပေါ့ --"

ကျိယွမ်က ယုံကြည်ချက်ပြည့်ဝစွာ ပြောသည် ။

"ဒါပေမဲ့ အခုထိမပြည့်စုံသေးဘူး ၊ ချီသန့်စင်ခြင်း ထိပ်ဆုံးအဆင့်ထိပဲ ကျင့်ကြံလို့ရဦးမယ် ၊ အခြေတည်အဆင့်ထိ တိုးမြင့်ဖို့ လိုအပ်နေသေးတယ် "

ထိုစကားကိုကြားသောအခါ ကျန်းလင်းစု ခမျာ ခေတ္တငေးငိုင်သွား၏ ။

ငါ့အစ်ကိုကြီးတော့ စောစောစီးစီး ဖောက်လာပြီ ။

သို့သော် သူမက ပို၍ပျော်ရွှင်သွားဟန်ဖြင့် ချီးမွမ်းလိုက်သည် ။

"နှစ်ရက်တည်းနဲ့ ကိုယ်ပိုင်နည်းစနစ်ကို ဖန်တီးနိူင်သွားတာလား ၊၊ဆရာတူအစ်ကိုကြီးက တစ်ကယ်ကိုပါရမီရှင်တစ်ဦးပါပဲ "

သူမက ကျိယွမ်အား အနည်းငယ်ပင် ဂရုဏာသက်လာမိသလို ခံစားရ၏ ။

ဖြစ်နိုင်သည်မှာ ဆရာတူအစ်ကိုကြီးက နည်းစနစ်များထဲမှ သူသဘောကျသောတစ်ခုကို နည်းနည်းပါးပါးပြင်ဆင်ကာ သူ၏ကိုယ်ပိုင်နည်းစနစ်ဟု ကြွားဝါချင်ပုံရလေသည် ။ သူ၏ စိတ်အခြေအနေအရ ထိုမျှလုပ်နိူင်လျှင်ပင် ကြီးမားသော အောင်မြင်မှုကြီးဟု ဆိုနိုင်သည် ။

"ငါတီထွင်ထားတဲ့နည်းလမ်းကို ပြောင်းပြီးလေ့ကျင့်ကြည့်မလား ၊ နင်အခုလေ့ကျင့်နေတဲ့နည်းလမ်းတွေက ပြဿနာတွေအများကြီး ရှိနေတယ် "

ထိုနည်းစနစ်များသည် တစ်စုံတစ်ခုသော သက်ရှိတစ်ကောင်၏ စွမ်းအင်အာဟာရများ ဖြစ်နေကြသည် ။ ကျိယွမ်က ထိုသို့သော အမြောက်စာဖြစ်မည့် နည်းစနစ်များကို လုံးဝ အားထုတ်မည် မဟုတ်ပေ။

"ဆရာတူအစ်ကိုကြီး ကြိုးစားပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မလိုအပ်ပါဘူး"

ပစ်ပစ်ခါခါ မပြောရက်သဖြင့် ကျန်းလင်းစုက ညင်သာစွာ ငြင်းပယ်လိုက်သည်။

သူမအားထုတ်နေသောနည်းစနစ်သည် ကောင်းကင်အဆင့် နည်းစနစ်တစ်ခုဖြစ်ပြီး ပြောင်းလဲမည် မဟုတ်ပေ။

သူမက စကားလွှဲလိုက်၏ ။

"ဆရာတူအစ်ကိုကြီး ဝတ်ထားတဲ့ အဝတ်အစားတွေကို ကြည့်ရတာ တောင်အောက်ကို ဆင်းဖို့များ ရည်ရွယ်ထားတာလား"

"ဟုတ်တယ်"

ကျိယွမ်က ခေါင်းညိတ်သည်။

"ငါ့ရဲ့ နည်းစနစ်မှာ အခြေတည်အဆင့်အတွက် လေကျင့်ရမဲ့အပိုင်းကို ဖန်တီးဖို့ စဉ်းစားထားတယ်။ ဒါပေမယ့် ကံမကောင်းတာက အခြေတည်အဆင့် အကြောင်း၊ အထူးသဖြင့် အဆင့်တွေအကြောင်း သိပ်မသိဘူး။ ဒါကြောင့် တောင်ကုန်းအောက်ကို ဆင်းပြီး အခြေတည်အဆင့်နဲ့ပတ်သတ်တဲ့ ဟောပြောပွဲတစ်ချို့ကို နားထောင်ဖို့ စီစဉ်ထားတယ်။"

ထိုစကားကို ကြားလိုက်ရသော အခါ ကျန်းလင်းစုသည် ဆရာတူအစ်ကိုကြီး ယခင်က ပြောခဲ့သော စကားများသည် ဟာသစကားများသာ ဖြစ်ကြောင်း ပို၍ပင် သေချာသွားသည်။

အခြေတည်အဆင့်အကြောင်းကို တစ်လုံးမှနားမလည်ဘဲ အခြေတည်အဆင့်အတွက် ကျင့်ကြံနည်းကို တီထွင်ရန် စိတ်ကူးနေ၏ ။

သူ၏နည်းလမ်းကိုကျင့်ကြံမိသူများမှာ တိုးတက်ရန်အသာထား အသက်မသေလျှင်ပင် အလွန်ကံကောင်းလှပြီဟု ဆိုနိူင်သည် ။

သူကငါ့ကိုပါ ကျင့်ခိုင်းနေသေးတယ် ။ အဖော်ခေါ်နေတာပဲ ။

ကျန်းလင်းစုက ကျိယွမ်မထွက်ခွာမီ ကြင်နာစွာ အသိပေးလိုက်သည် ။

"ဆရာတူအစ်ကိုကြီး ၊ ကျင့်ကြံမှုနည်းစနစ်တွေက ကျင့်ကြံသူတွေအတွက် အခြေခံအုတ်မြစ်တွေဖြစ်တယ် ၊ ဒါ့ကြောင့် ပေါ့ပေါ့ဆဆနဲ့ မပြုပြင်ပါနဲ့ "

...............

နာရီဝက်ကြာသောအခါ ။

ကျိယွမ်သည် ဟောပြောခန်းမထဲတွင် ထိုင်နေသည်။ သူက မည်သူမှမရောက်သေးမီကပင် စောစောရောက်ရှိပြီး နေရာကောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

နောက်ပိုင်းတွင်တပည့်များ ခန်းမအတွင်း ပို၍ ပို၍ များပြားလာပြီး ကျိယွမ်ကို မြင်သောအခါ သံသယဖြင့် ကြည့်ရှုနေကြသည်။

သူတို့က အသံနိမ့်ချကာ တိုးတိုးကြိတ်ကြိတ် စကားဝိုင်းဖွဲ့ကြ၏ ။

"သူဟာ ခရမ်းရောင် ဝတ်စုံဝတ်ထားတာမြင်လား ၊ စစ်မှန်တပည့်တစ်ဦးဆိုတာ သေချာတယ်။ ဘာလို့ ဒီမှာ ဟောပြောချက်ကို လာနားထောင်ရတာလဲ။"

"ကန်းနေလား ၊ ဒါကသာမန် ခရမ်းရောင် ဝတ်စုံမဟုတ်ဘူး။ လည်တိုင်ကို ကြည့်လိုက်။ ရွှေချည်တိုင် ကိုးကြောင်းရှိတယ်။ သူက ရိုးရိုးစစ်မှန်တပည့်မဟုတ်ဘူး။ တောင်ထွတ်တစ်ခုခုက ပင်မတပည့်ဟ့ "

"ဘာတွေဖြစ်ကုန်တာလဲ"

ဟောပြောခန်းမအတွင်းရှိ လူများသည် ကျိယွမ်ကို ကြောက်ရွံ့ခြင်းနှင့်အတူ သံသယမျက်လုံးများဖြင့် ကြည့်နေကြသည်။

ယခုကဲ့သို့သော ဟောပြောခန်းမများတွင် သာမန်အားဖြင့် အပြင်စည်းတပည့်များနှင့် အစေခံတပည့်များသာ တက်ရောက်လေ့ရှိပြီး သာမန်တပည့်များမှာ တစ်ခါတလေမှ ရှားပါးစွာ တက်ရောက်လေ့ရှိသည်။

စစ်မှန်တပည့်များဆိုလျှင် မလာသလောက်ပင် ရှားပါးသည်။

ရှန်ကွမ်းဂိုဏ်းတွင်တပည့်များကို စစ်မှန် တပည့်များ၊ သာမှန်တပည့်များနှင့် အစေခံတပည့်များဟု ခွဲခြားထားသည်။

အစေခံတပည့်များသည်အဆင့်အတန်းအနိမ့်ဆုံးဖြစ်သည်။ သူတို့သည် ကျင့်ကြံနိူင်သော်လည်း အလုပ်များကို လုပ်ဆောင်ရမည် ဖြစ်သည်။

ပုံမှန်တပည့်များကိုတော့ အတွင်းစည်းနှင့် အပြင်စည်းတပည့်များဟု ခွဲခြားထားသည်။ နှစ်မျိုးလုံးသည် တောင်ထွတ်တစ်ခုတွင် တရားဝင် ဝင်ရောက်ခွင့်ရှိကြသည်။

အတွင်းစည်းတပည့်တစ်ဦးသည် ဆရာတစ်ဦးထံမှ တရားဝင်သင်ယူခွင့်ရသောအခါ သူတို့သည် စစ်မှန်တပည့်များ ဖြစ်လာကြသည်။ စစ်မှန်တပည့်များကြားတွင်လည်း ကွာခြားမှုများရှိပြီး ၎င်းတို့၏ဆရာများ၏ ခွန်အားတွင် ပေါ်တွင်မူတည်သည်။

တောင်ထွတ်၏ပင်မတပည့်သည် တပည့်များထဲမှအထင်ရှားဆုံးတပည့်တစ်ဦးဖြစ်ပြီး သာမန်ဆရာများပင် ထိုတပည့်များကို မစော်ကားဝံ့ချေ ။ တောင်ထွတ်တပည့်တစ်ဦးသည် တောင်ထွတ်သခင်ထံမှ တိုက်ရိုက်သင်ကြားခြင်းခံရသည်။ ထို့ကြောင့် သူတို့သည် ဟောပြောခန်းမ၏ သာမန်ဆရာများ၏ သင်ခန်းစာတန်းကို တက်ရောက်ရန် အကြောင်းမရှိပေ ။

"ငါသိပြီ သူက ကျိစယ်တောင်ထွတ်က ပင်မတပည့်ကြီး ကျိယွမ်ပဲ "

"နင််ဘယ်လိုလုပ်ပြီး သိတာလဲ "

"ရှန်ကွမ်းဂိုဏ်းမှာ အချောမောဆုံးတောင်ထွတ်တပည့်ဆို ကျိယွမ်ပဲ ၊ ကြည့်ပါလား အရမ်းချောနေတာ "

"ကောင်မ ဒါမျိုးဆို တတ်လွယ်တယ် "

အစေခံတပည့်များနှင့် သာမန်တပည့်များသည် ကျိယွမ်၏ အဆင့်အတန်းကို သိရှိသွားသောအခါ မနာလိုခြင်းနှင့်အတူ၊ ကြောက်ရွံ့စွာ ကြည့်ရှုကြသည်။

"သူက ဘာလို့ဒီကိုလာတာလဲ။"

"ပြောကြတာကတော့ ၊ သူက ကျိစယ်တောင်ထွတ်သခင်ကို ဒေါသထွက်အောင် လုပ်မိတယ်တဲ့။ တောင်ထွတ်သခင်က ဒေါသအရမ်းထွက်လို့ သူ့ကိုတောင်ပေါ်ကို တတ်ခွင့် ပိတ်လိုက်တယ်။ နေဦး ဒီစကားကို မင်းကိုမို့ ပြောတာနော် ။ အပြင်မှာ မပြောမ်စေနဲ့ ။"

"တောင်ထွတ်သခင်ကိုတောင် ဒေါသထွက်အောင်လုပ်တာလား၊ သတ္တိကောင်းလိုက်တာ။"

"အခြားစစ်မှန်တပည့်တွေက ကျိယွမ်ကို ဆရာကိုဆန့်ကျင်ပြီး လှည့်စားတတ်သူလို့ တောင် ခေါ်ကြတယ်လို့ ကြားရတယ်။"

လူအုပ်သည် စိတ်လှုပ်ရှားစွာ ဆွေးနွေးကြသည်။

ထို့အပြင် ကျိယွမ်ကို မျက်စိကျနေသောလှပသည့် အမျိုးသမီးတပည့်များလည်း အတော်များများရှိနေသည်။

သို့သော်လည်း ကျိယွမ်၏ ဆရာကို ဆန့်ကျင်သည့် အပြုအမူကြောင့် သူမတို့ပါရောယောင်၍ ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့် သိသိသာသာ မပြုလုပ်ရဲကြပေ။

ကျိယွမ်က ထိုင်ခုံတွင် သက်သက်သာသာ ထိုင်နေရင်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။

"တကယ်ပါပဲ ၊ ချောမောလွန်းတဲ့ယောက်ျားတွေဟာ ဘယ်နေရာရောက်ရောက် မိန်းမလှလေးတွေရဲ့ အာရုံစိုက်တာကို ခံရတာပဲ "

အမွှေးတိုင်တစ်ဝက်ခန့် ကုန်ချိန်တွင် တာဝန်ကျ ဟောပြောပေးမည့်ဆရာတစ်ဦးရောက်ရှိလာသည်။ ထိုသူသည်သင်္ချိုင်းတွင်းသို့ ခြေတစ်ဝက်ခန့် ဝင်ရောက်နေဟန်ရှိသော သက်ကြီးရွယ်အိုတစ်ဦး ဖြစ်သည်။

အဘိုးအိုက ကျိယွမ်ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားကာ မျက်လုံးထဲတွင် မာန်မာနတစ်ချက် လင်းလက်သွားသည်။

"ငါ့ဟောပြောချက်တွေ ကောင်းလွန်းလို့ တောင်ထွတ်တပည့်တွေတောင် လာပြီးသင်ယူနေရပြီ "

သူသည် ယခုတစ်ကြိမ်တွင် စွမ်းအားကုန်ဟောပြောကာ သူ၏ပို့ချချက်ကို နက်ရှိုင်းစေပြီး ပိုမိုကြီးကျယ်စေရန် ဆုံးဖြတ်လိူက်သည် ။ တောင်ထွတ်တပည့်က သူ့ကိုလုံးဝ အထင်ကြီးသွားစေရန် ရည်ရွယ်နေခြင်းပင် ။

"လိုအပ်ရင် နည်းနည်းပါးပါး ဟန်ဆောင်ရမယ် "

သူက အသွင်သဏ္ဍာန်ကို လေးနက်စေပြီး စတင်လိုက်သည် ။

"ငါ့ရဲ့နာမည်က ရွှီရန်ရှန်လို့ခေါ်တယ် ၊ ဒီနေ့ မင်းတို့ကို အခြေတည်အဆင့်ရဲ့ အဓိက အချက်တွေကို သင်ကြားပေးမှာ ဖြစ်တယ်"

သူ၏စကားကိုကြားသောအခါ တပည့်များအားလုံး လေးနက်သွားကြသည် ။ သူတို့၏လက်ရှိအဆင့်များက အခြေတည်အဆင့်နှင့်ဝေးကွာနေသော်လည်း အနာဂတ်ဆိုသည်မှာ ကြိုမမြင်နိုင်ပေ ။ ထို့ကြောင့် ကြိုတင်လေ့လာထားရန် အရေးကြီး၏ ။

"ချီသန့်စင်ခြင်းအထက်မှာ အခြေတည်အဆင့်ရှိတယ် ၊ အခြေတည်အဆင့်ကျင့်ကြံသူဖြစ်လာရင် ငါတို့ရှန်ကွမ်းဂိုဏ်းမှာ စီမံခန့်ခွဲရေးရာထူးတွေအတွက် အရည်အချင်းပြည့်

မီပြီး လစာခံစားခွင့်ရှိတယ် ။ ဒါပေမဲ့ အခြေတည်အဆင့်ကိုရောက်ရှိဖို့အရမ်းကိုခက်ခဲပြီး ကျင့်ကြံသူတွေအတွက် ကြီးမားတဲ့အဟန့်အတားတစ်ခုလည်းဖြစ််တယ် "

ရွှီရန်ရှန်၏ မျက်လုံးများက အတိတ်ကိုပြန်လည်း သတိရနေသည့်ဟန်ရှိ၏ ။ ထိုအချိန်က သူသည် အခြေတည်အဆင့်သို့ ချိုးဖြတ်ရာတွင် ကျရှုံးလုနီးပါးဖြစ်ခဲ့သည် ။

"အခြေတည်အဆင့်မှာလည်း အရည်အသွေးကွာခြားမှုတွေ ရှိတယ် ။ မင်းတို့သိထားရမှာက အခြေတည်အဆင့်ကိုတက်မယ်ဆိုရင် အခြေတည်အဆင့်စိတ်ဝိညာဥ်ရတနာတွေ မဖြစ်မနေလိုအပ်တယ် ၊ ဒီရတနာတွေကို အသုံးပြုပြီး မိမိတို့ရဲ့ အုတ်မြစ်ကိုတည်ဆောက်ရမယ် ၊ စိတ်ဝိညာဥ်ရတနာက အရည်အသွေးကောင်းလေလေ မင်းတို့ရဲ့အုတ်မြစ်အတွက် အကျိုးရှိလေလေပဲ "

သူ၏အသံက တက်ကြွစွာ ကျယ်လောင်နေပြီး လေးစားဖွယ်ဆရာတစ်ဦး၏ပုံရိပ်ကို အပြည့်အဝပုံဖော်နေ၏ ။

သူကကျိယွမ်မှလွဲ၍ တပည့်များကို ကြည့်ကာမေးလိုက်၏ ။

"အခြေတည်အဆင့်အတွက် စိတ်ဝိညာဥ်ရတနာနဲ့ပတ်သတ်ပြီး သိသူရှိသလား "

ချက်ချင်းပင် ခန်းမထောင့်ရှိ တပည့်တစ်ဦးက တုန့်ပြန်လိုက်သည် ။

"ကျွန်တော် သိပါတယ်။ အခြေတည်စိတ်ဝိညာဥ်ရတနာတွေကို အနိမ့်ဆုံးအဆင့် ၊ အလတ်စားအဆင့်နဲ့ ထိပ်တန်းအဆင့်ဆုံးပြီးခွဲထားပါတယ် ၊ ထိပ်တန်းအဆင့်က စွမ်းအားအကောင်းဆုံးဖြစ်ပြီး အနိမ့်ဆုံးအဆင့်က စွမ်းအားအညံ့ဆုံးဖြစ်ပါတယ် ။

ရွှီရန်ရှန်က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"အခြေတည်အဆင့်အတွက် အသုံးပြုမဲ့ပစ္စည်းကအဆင့်မြင့်လေလေ အခြေခံအုတ်မြစ်အတွက် အကျိုးသက်ရောက်မှု ပိုကောင်းလေလေ ပဲ။"

"အခြေတည်စိတ်ဝိညာဥ်ပစ္စည်းတွေရဲ့ အဆင့်သတ်မှတ်ချက်တွေကို မင်းတို့သိကြတယ် ၊၊ဒါပေမဲ့ အခြေတည်အဆင့်မှာလည်း အဆင့်သတ်မှတ်ချက်တွေရှိတာကိုတော့ မင်းတို့ထဲက နည်းနည်းပါးပါးကပဲ သိကြလိမ့်မယ်"

သူ၏စကားကို ကြားလိုက်ရသော အခါ ပရိတ်သတ်ထဲရှိ တပည့်အများစုက ပို၍ပင် အာရုံစိုက်လာကြသည်။ထိုအဆင့်များမှာ ၎င်းတို့ မသိသေးသော အရာတစ်ခု ဖြစ်သည်။

ရွှီရန်ရှန်က ကျိယွမ်၏ နေရာကို မသိမသာအကဲခတ်လိုက်ရာ ကျိယွမ်သည်လည်း အလွန်အာရုံစိုက်နားထောင်နေသည်ကို မြင်ရသောအခါ အလွန်မာန်တက်သွားလေ၏ ။

"အခြေတည်အဆင့်ကို သေမျိုးခန္ဓာအုတ်မြစ် ၊ စိတ်ဝိညာဥ်အုတ်မြစ် ၊ မြေကမ္ဘာသွေးကြောအုတ်မြစ်နဲ့ အင်မော်တယ်အုတ်မြစ်ဆိုပြီး ခွဲခြားထားတယ် "

တပည့်များက အသည်းအသန်မှတ်သားနေကြ၏ ။

"ပုံမှာအားဖြင့် အဆင့်နိမ့် အခြေတည်စိတ်ဝိညာဥ်ရတနာကိုသုံးရင် သေမျိုးခန္ဓာအုတ်မြစ်ကိုပဲ ဖြစ်စေတယ် ၊၊ငါရဲ့အခြေတည်အုတ်မြစ်က ဒီခန္ဓာအမျိုးအစားဖြစ်တယ် ၊ ကံမကောင်းစွာနဲ့ ဒီအုတ်မြစ်ပဲ တည်ဆောက်နိုင်သူတွေက ယွမ်ဒျန်ဖွဲ့စည်းဖို့ မျော်လင့်ချက်မရှိဘူး "

"အလတ်စားအခြေတည်ရတနာတွေက စိတ်

ဝိညာဥ်အုတ်မြစ်ကို ဖြစ်ပေါ်စေတယ် ၊ ဒါပေမဲ့လည်း ကံတရားကဖေးမရင် မြေကမ္ဘာသွေးကြောအုတ်မြစ်ထိ ရောက်နိုင်ပြီး ထိပ်တန်းအခြေတည်ရတနာကတော့ သေချာပေါက် မြေကမ္ဘာသွေးကြောအုတ်မြစ်ကို ရစေတယ် "

" ပြောကြတာကတော့ ထိပ်တန်းအဆင့်အခြေတည်ရတနာတွေရဲ့အထက်မှာ အမည်မသိအဆင့်တစ်ခုရှိနေပြီး အဲဒီအဆင့်ရတနာတွေကတော့ မသေမျိုးအုတ်မြစ်ကို တည်ဆောက်ပေးနိုင်တယ်"

"မသေမျိုးအုတ်မြစ်ဆိုတာ စစ်မှန်နတ်ဘုရားတစ်ပါးဖြစ်လာဖို့ သင်္ကေတပဲ "

နားထောင်နေသူများအားလုံး အသက်ကိုပြင်းထန်စွာ ရှုမိကြကုန်သည် ။ မည်သည့်ကျင့်ကြံသူက မသေမျိုးမဖြစ်ချင်ဘဲနေမည်နည်း ။

အဘိုးအိုက ပရိတ်သတ်များ၏ စိတ်အားထက်သန်မှုကို မြင်သောအခါ သူ၏ဟောပြောမှုကိူ မရပ်တန့်လိုတော့ပေ ။

"တကယ်တော့ အခြေတည်အဆင့်ရဲ့ အဆင့်တိုင်းမှာ အဆင့်ခွဲလေးတွေ ထပ်ရှိသေးတယ် "

ကျိယွမ်က မျက်မှောင်ကျုံ့သွားကာ ရုတ်တရက်မေးလိုက်၏ ။

"မေးခွင့်ပြုပါ ဆရာ ၊ မသေမျိုးအုတ်မြစ်က အကောင်းဆုံးအုတ်မြစ်ဖြစ်ပါသလား "

ကျိစယ်တောင်ထွတ်၏ အကြီးဆုံးတပည့်ကြီးကပင် သူ့အားတရိုတသေမေးမြန်းနေရသည်ကို မြင်လိုက်ရသောအခါ ရွှီရန်ရှန်းက ဂုဏ်ယူစွာဖြင့် မုတ်ဆိတ်များကို သပ်လိုက်၏ ။

"မဟုတ်ဘူး ၊ အင်မော်တယ်မသေမျိုး အုတ်မြစ်အထက်မှာ ဒဏ္ဍာရီလာကောင်းကင်ဘုံတာအိုအုတ်မြစ်ရှိသေးတယ် ၊ သူကမှ လောကအားလုံးမှာ အတုမရှိအခြေတည်အုတ်မြစ်ပဲ "

"ဒါဆိုရင် ဒဏ္ဍာရီလာ ကောင်းကင်ဘုံတာအိုအုတ်မြစ်က ဘယ်လိုအရာမျိုးပါလဲ ဆရာကြီး "

ရွှီရန်ရှန်မှာ မုတ်ဆိတ်ကြီးကိုင်လျှက် ကြက်သေသေသွားလေ၏ ။

သူက သာမန်အခြေတည်အုတ်မြစ်ပိုင်ရှင်တစ်ဦးဖြစ်သည် ။ ကောင်းကင်ဘုံတာအိုအုတ်မြစ်အကြောင်းကို မည်သိူ့သိရှိနိင်မည်နည်း ။

" ရထားတဲ့ သိက္ခာလေးတော့ အကျမခံနိုင်ဘူး ၊ ဒါပေမဲ့ ငါကလည်းမသိဘူးဆိုတော့ နည်းနည်းပြန်လျောချမှ ရတော့မှာပဲ "

သူ့ကိုယ်သူ အားတင်းကာ ကျိယွမ်အားဖြေကြားလိုက်လေ၏ ။

"ကောင်းကင်ဘုံတာအိုအုတ်မြစ်လို့ခေါ်တဲ့အရာက အရမ်းနက်နဲ့သိမ်မွေ့ပြီး နားမလည်နိုင်အောင်ထူးဆန်းတယ် ၊ ဒီအရာနဲ့ပတ်သတ်ပြီး ပြောခဲ့တာတွေက ငါ့ရဲ့မှန်းဆချက်တစ်ချို့ပါ ၊၊ အဲဒါတွေကို အရမ်းလေးလေးနက်နက်ကြီး မယူဖို့ အားလုံးသတိထားကြစေချင်တယ် "

ထိုသို့ပြောပြီးနောက် သူကစိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည် ။

အမှန်ဝန်ခံရလျှင် ထိုအဆင့်ကို သူပင်မကြားဖူးပါ ။ သူက တပည့်များကိုဟောပြောရင်းမှ မာန်ပါလာပြီး အပိုစကားများ ထည့်ပြောသွားမိခြင်းပင်ဖြစ်သည် ။

တောင်ထွတ်တပည့်တစ်ဦးကပင် လာရောက်နားထောင်နေသဖြင့် သာမန်အကြောင်းအရာများက မလုံလောက်ဟုတွေးမိကာ အမွှန်းတင်ကာ စကားတွေလွန်ကုန်ခြင်းပင် ။

မည်သို့ဆိုစေကာမှု ထိုအဆင့်က သူ၏မှန်းဆမှုသာဖြစ်သည်ဟု ပြောခဲ့သဖြင့် မည်သူကမှ အတည်တကျမှတ်ယူနေမည် မဟုတ်ပေ ။

ထို့အပြင် ဤသို့သောအဆင့်ကို မည်သည့်

တပည့်များကမှလည်း အသုံးပြုခွင့်ရမည်မဟုတ်သဖြင့် ထိုကိစ္စမှန်သလား မှားသလား မည်သူမျှ ဖော်ထုတ်နိုင်မည်လည်း မဟုတ်ချေ ။

ထို့ကြောင့် သူ့၏ ဟောပြောမှုများကို မည်သူကမျှ အပြစ်တင်လိမ့်မည် မဟုတ်ပါ ။

ထိုအကြောင်းအရာများကို ကြားသောအခါ ကျိယွမ်၏ အာရုံများက ချက်ချင်းစူးစိုက်သွားလေသည် ။

သူကမျက်မှောင်ကုပ်လျှက် လေးနက်စွာ ဆင်ခြင်နေသည် ။

"ကောင်းကင်ဘုံတာအိုအုတ်မြစ်ဆိုတာက ဘာလဲ "

သူအမှန်တကယ်ပင် သိချင်နေမိတော့သည် ။

------------------------

All Chapters