← Chapters

ကောင်းကင်ဘုံတာအိုအုတ်မြစ်ဆိုတာ ဒီလိုလား

Vol. 1 Ch. 15

ကောင်းကင်ဘုံတာအိုအုတ်မြစ်ဆိုတာ ဒီလိုလား

Vol. 1 Ch. 15

ရွှီရန်ရှန်က လည်ချောင်းရှင်းကာ ဆက်ပြောလိုက်၏ ။

"လောကကြီးမှာ ဘယ်အရာက အခြေတည်အဆင့်အတွက်တန်ဘိုးအကြီးဆုံး စိတ်ဝိညာဥ်ပစ္စည်းဖြစ်မယ်လို့ ထင်သလဲ "

သူကဉာဏ်အလင်းရသော ဆရာတစ်ပါးအလား ခန်းမထဲ၌ ရှိနေသော တပည့်များကို ငုံ့ကြည့်လိုက်သည် ။

"ကိုးရောင်ခြယ်နတ်ဘုရားမိုးကြိုးသစ်သီးလား "

မိန်းကလေးတပည့်တစ်ဦးက တွေးတွေးဆဆ ဖြေလိုက်သည် ။

ရွှီရန်ရှန်းက ချက်ချင်းအဖြေပေးလိုက်သည် ။

"ကိုးရောင်ခြယ်နတ်ဘုရားမိုးကြိုးသစ်သီး လား ၊ ကောလာဟလတွေအရ ဒီသစ်သီးက ကိုးရောင်ခြယ်နတ်ဘုရားမိုးကြိုးဒေသမှာပဲ ရှင်သန်လေ့ရှိပြီး ထိပ်တန်းအဆင့်ထက် သာလွန်နေတဲ့ အခြေတည်ပစ္စည်းတစ်ခုပဲ ။ အလွန်ရှားပါတယ်လို့ ယူဆကြပေမဲ့ တန်ဖိုးအရှိဆုံးတော့ မဟုတ်သေးဘူး "

"ဒါဆို ကြယ်တာရာမျက်ရည်စက်လား "

"ရွှမ်းဟွမ် မူလအနှစ်သာရစွမ်းအင် ထင်တယ် "

"အမြင့်မြတ်ဆုံး အရိုးများလား "

များပြားသောတပည့်များက ရှားပါး၍ တန်ဖိုးမဖြတ်နိုင်သော အခြေတည်ပစ္စည်းများကို ဖြေဆိုကြ၏ ။

ထိုရတနာများအားလုံးသည် အမှန်တကယ်ပင် ထိပ်တန်းအဆင့်ကိုကျော်လွန်နေသော ဒဏ္ဍာရီလာအဆင့်များပင် ဖြစ်သည် ။

သို့သော် ရွှီရန်ရှန်က လေးနက်စွာ စဥ်းစားနေသော ကျိယွမ်ဘက်သို့ လှည့်လိုက်၏ ။

"ကျိယွမ် ၊ မင်းရော ဘယ်လိုထင်လဲ "

ကျိယွမ် တုန့်ပြန်လိုက်သည် ။

"ကောင်းကင်ဘုံတာအိုအုတ်မြစ်လား ၊ ကောင်းကင်ဘုံတာအိုအုတ်မြစ်ဆိုမှတော့ ကောင်းကင်ဘုံတာအိုနဲ့ ပတ်သတ်နေမယ် ထင်ပါတယ် "

ရွှီရန်ရှန်က ခေါင်းညိတ်လိုက်၏ ။

"မင်းပြောတာမှန်တယ် ၊ ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်ဖို့ဆိုရင် အသုံးပြုရမဲ့ စိတ်ဝိညာဥ်ရတနာက ------

------"

ထိုအချိန်တွင် ကျိယွမ်၏ စိတ်သည် ရုတ်တရက် နိုးကြားသွားသကဲ့သို့ ဖြစ်သွားလေသည် ။ သူသည် နတ်ဘုရားတစ်ပါး၏ ညွှန်ကြားချက်ကို ရရှိသကဲ့သို့ ခံစားရ၏ ။

သူ၏ စိတ်ထဲတွင် အလင်းတန်းတစ်ခု လင်းလက်သွားပြီး သဘောပေါက်နားလည်တော့မလိုလို တန်းလန်းဖြစ်နေသည် ။။

သူသည် နားလည်သဘောပေါက်လုနီးပြီ ဖြစ်၏ ။

သူ၏ မျက်နှာအမူအရာသည် တစ်စထက်တစ်စ စိတ်လှုပ်ရှားလာပြီး အနည်းငယ်ရူးသွပ်လာသလိုပင် ထင်ရသည် ။

ထို့နောက် သူက ရုတ်တရက်ထအော်လေ၏ ။

" ကျွန်တော် နားလည်သွားပြီ ။ ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်ခြင်း ဆိုတာ ဒီလိုဟာမျိုးပဲ ၊ ဒါပဲ ။ "

ကျိယွမ်သည် မပြောမဆိုနှင့် မတ်တပ်ထရပ်ကာ ရွှီရန်ရှန်အား ရိုသေစွာ ဦးညွှတ်ကန်တော့ပြီးနောက် ရုတ်တရက်ထွက်ခွာသွားလေ၏ ။

ဉာဏ်အလင်းရခြင်းသည် ခဏမျှသာရှည်ကြာတတ်သည် ။ သူသည် ထိုအရာချက်ချင်းဆင်ခြင်သုံးသပ်ရန် လိုအပ်နေသောကြောင့် ဖြစ်၏ ။

ထိုအရာကို မြင်သောအခါ ရွှီရန်ရှန် ဂုဏ်ယူစွာ ပြုံးလိုက်လေသည် ။

သူက စိတ်ထဲရှိရာများကို ခပ်တည်တည်ဟောပြောနေသော်လည်း ကျိယွမ်၏ အမူအယာက သူ၏ဟောပြောမှုကြောင့် ဉာဏ်အလင်းပွင့်သွားသည်အလား သရုပ်ဖော်ပြနေ၏ ။

သူ၏ဟောပြောချက်က အမှန်တကယ်ဉာဏ်အလင်းရရန် မဖြစ်နိုင်မှန်းကို သူကိုယ်တိုင်သိသော်လည်း ကျိယွမ်၏သဘာဝကျသော လုပ်ဆောင်ချက်က သူ၏ဂုဏ်သတင်းကို ကျော်ကြားသွားစေနိုင်သည်မဟုတ်ပါလား ။

"ကျိစယ်တပည့်က ပြောသလောက်လည်း မဆိုးပါဘူး ၊ လူတွေက ချဲ့ကားနေကြတာပဲ "

သူက ပီတိဝေဖြာနေသောကြောင့် တပည့်များကို ဆက်လက်ဟောပြောလိုက်သည် ။

"လောကမှာ ကောင်းကင်ဘုံချီသွေးကြောဆိုတဲ့ အံ့ဖွယ်ရတနာတစ်ခုရှိတယ် ၊ အဲဒါက ကောင်းကင်ဘုံတာအိုက ထွက်ပေါ်လာတဲ့ အပိုင်းအစလေးတစ်ခုဖြစ််တယ်လို့ ပြောကြပြီးတော့ ကောင်းကင်ဘုံတာအ်ိုအုတ်မြစ်တည်ဆောက်ဖို့အတွက် အကောင်းဆုံးပစ္စည်းပဲ "

ထိုအကြောင်းအရာကတော့ သူဖတ်ဖူးခဲ့သော ရှေးဟောင်းကျမ်းစာတစ်ခုထဲတွင်ပါဝင်သော စစ်မှန်သည့် အကြောင်းအရာတစ်ခု ဖြစ်သည် ။

ထို့နောက် သူ၏ဟောပြောမှုကို ထိုရတနာအကြောင်းနှင့် နိဂုံးပိတ်လိုက်တော့သည် ။

"ကောင်းကင်ဘုံချီသွေးကြောက ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်ဖို့ အကောင်းဆုံးပစ္စည်းပဲ "

................

ကျိစယ်တောင်ထွတ်တွင် ကျိယွမ်က ငြိမ်သက်စွာ ထိုင်နေ၏ ။ သို့သော် လူကငြိမ်သက်နေသော်လည်း စိတ်များကအလွန်လှုပ်ရှားနေလေသည် ။

"ကောင်းကင်ဘုံတာအိုအုတ်မြစ်လား ---"

"ဒါဆို ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်တယ်ဆိုတာက ကောင်းကင်ဘုံတာအိုကို အခြေတည်စိတ်ဝိညာဥ်ပစ္စည်းအဖြစ် အသုံးပြုခြင်းပေါ့ "

ကျိယွမ်မှာ အမှန်တရားကို သိမြင်သွား၍ အမှန်တကယ်ဉာဏ်အလင်းပွင့်သွားခြင်းပင် ။

သူ၏ရည်မှန်းချက်ကသာ အလွန်မြင့်မားမနေပါက သူနေထိုင်နေသော လောက၏ ကောင်းကင်ဘုံတာအိုက ပန်းသရဖူများဖြင့်ပင် တိုက်ရိုက်ကောင်းချီးပေးခြင်းကို ခံရနိုင်သည် ။

ယခုလည်း ကောင်းကင်ဘုံတာအိုက သူ့အားသဘောကျလွန်း၍ ပန်းသုံးပွင့်ကို ပေးအပ်ခဲ့သည်အပြင် နောက်ထပ်နှစ်ပွင့်ကိုပါ ကျဲချပေးခဲ့လေ၏ ။

ကျိယွမ်က ထိုအရာများကို သတိထားမိပုံမရချေ ။ သူက ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ နားမလည်နိုင်သောအမူအယာရှိနေသည် ။

"ဒါပေမဲ့ ငါက ကောင်းကင်ဘုံတာအိုကို ငါ့ရဲ့အခြေတည်အုတ်မြစ်အဖြစ် ဘယ်လိုသန့်စင်ရမှာလဲ "

"ကောင်းကင်ဘုံတာအိုက ဘယ်လိုအရောင်အဆင်းနဲ့ အရသာရှိမှန်း ငါမသိဘူးလေ ၊ စားလို့ရတဲ့ အရာမျိုးလား "

ကံမကောင်းစွာဖြင့်ပင် သူ၏မေးခွန်းအား ဖြေနိုင်သောသူ မရှိချေ ။

"ကောင်းကင်ဘုံတာအိုဆိုမှ ၊ ရွှမ်းဟွမ်တားမြစ်နယ်မြေမှာတုန်းက ကောင်းကင်ဘုံတာအ်ိုအပိုင်းအစ ဆိုတာတွေကို ငါရခဲ့တာ မေ့နေတယ် ၊ ဒါကို ငါ့ရဲ့အခြေတည်အုတ်မြစ်အဖြစ် သုံးလို့များ ရမလား မသိဘူး "

ကျိယွမ်၏ စိတ်ဓာတ်များ တက်ကြွသွား၏ ၊

ထိုဂိမ်းကျောက်ပြားလေးသည် သူ့အတွက် သာမန်ဂိမ်းကျောက်ပြားတစ်ခု မဟုတ်ပါ ။

သို့သော် သူသည် ပျင်းလာသောကြောင့် ဂိမ်းကျောက်ပြားအကြောင်းကို ထပ်မံသုံးသပ်ကြည့်ရန် စိတ်မကူးတော့ပါ ။

" ဂိမ်းမဆော့ရတာတောင် အတော်ကြာပြီ ၊ ဆော့လိုက်ဦးမှပဲ ။ "

ကျိယွမ်သည် ဂိမ်းထဲသို့ ပြန်လည်ဝင်ရောက်လိုက်သောအခါ သူ့ကိုယ်သူ မြေမြုပ်ခဲ့သော အဆင့်သို့ ရောက်ရှိသွားသည် ။

ဂိမ်းထဲ၌ မက်ဆေ့အသစ်ရောက်နေသဖြင့် ဖွင့်ကြည့်သောအခါ ကျင်းလီထံမှ စာတစ်စောင် ဖြစ်နေ၏ ။

သူသည် ပြုံးရယ်ကာ " ငါ မပြောခဲ့ဘူးလား ။ ရွှမ်းဟွမ်ကုန်းမြေက အခုဆို ငါ့အပိုင်ဖြစ်နေပါပြီဆို ၊ နင်ဘာပဲလိုချင်လိုချင် ယူလို့ရတယ် " ဟု စာပြန်လိုက်လေသည် ။

သူသည် အမှန်တကယ်ပင် ရက်ရောနေ၏ ။

ရွှမ်းဟွမ်တွင်ရှိသော အဖိုးအတန်ဆုံး ရတနာ ပစ္စည်းများကို သူယူထားခဲ့ပြီးမဟုတ်ပါလား ။

ဆေးဖက်ဝင်ပင်များဆိုသည်မှာ သူ့အတွက် သွားရည်စာအဆင့်များသာ ဖြစ်၏ ။

အရသာမကောင်းသော သွားရည်စာများသည် သူ့အတွက် တန်ဖိုးမရှိပါ ။

ထို့အပြင် ထိုအပင်များကို စားခြင်းက သတ္တဝါတစ်ကောင်ကို သတ်ခြင်းလောက်ပင် စွမ်းအားမရရှိသဖြင့် သူ့အတွက် ဆေးပင်များက အသုံးမဝင်ချေ ။

သူသည် ထပ်မံပြောလိုက်၏ ။

" အဲဒီဆေးပင်တွေရဲ့ တန်ဖိုးက သာမန်ပါပဲ ၊ အဲဒီမှာ အဖိုးအတန်ဆုံးက ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေပဲ ။ တစ်ကောင်သတ်ရင်တောင် အတွေ့အကြုံမှတ် အများကြီးရမယ် ၊ အဆင့်လည်း ခဏလေးနဲ့တက်သွားလိမ့်မယ် ။ "

သို့သော် ထိုစာပို့ပြီးသည့်နောက် သူချက်ချင်းသည် နောင်တရသွားသည် ။

ကျင်းလီသည် လက်ရှိ၌ အဆင့်နိမ့်နေသေးသောကြောင့် ထိုသတ္တဝါများကို မတိုက်ခိုက်နိုင်သေးသည်ကို သူမေ့သွားသည် မဟုတ်ပါလား ။

" အချိန်ရရင် ရိကွမ်းတားမြစ်နယ်မြေကို လာပါ ၊ ငါ မကောင်းဆိုးရွားတွေကို ကူပြီး သတ်ပေးမယ် ၊ ပြောရရင် ဒီမှာ မကောင်းဆိုးရွားတွေ အများကြီးပဲ ။ "

စာပို့ပြီးနောက် ကျိယွမ် မြေတွင်းထဲမှ ထွက်လိုက်သည် ။

သူ၏ လက်ရှိအဆင့်သည် ၈၂ ရှိပြီ ဖြစ်၏ ။

သို့သော် ရိကွမ်းတားမြစ်နယ်မြေတွင်မူ ထိုအဆင့်က မလုံလောက်ချေ ။ သူသည် အစစအရာရာ သတိထားရမည်ဟု သဘောပေါက်လေသည် ။

ရွှမ်းဟွမ်တွင်ရှိသော သားရဲများသည် တစ်ကောင်ချင်းစီ တိုက်ခိုက်ကြသော်လည်း ရိကွမ်းတားမြစ်နယ်မြေမှ သတ္တဝါများကမူ မဟုတ်ပါ ။

" ဂိမ်းကို အချိန်ပေးပြီးကစားဖို့ လိုအပ်နေတာပဲ ။ "

ဂိမ်းအတွင်း၌ လေ့ကျင့်မှုသည် သူ့၏ ပြင်ပခန္ဓာကိုယ်အပေါ် အနည်းငယ် အကျိုးသက်ရောက်မှု ရှိ၏ ။

ထို့ကြောင့် သူသည် ဂိမ်းအတွင်း၌ အဆင့်များကို မြှင့်တင်နိုင်ရန် ဆက်လက်ကြိုးစားရန် ဆုံးဖြတ်လိုက်သည် ။

"နယ်မြေတစ်ခုကိုရှင်းပြီးတိုင်း ဆုလာဘ်တွေလည်း ရဦးမှာ "

ကောင်းကင်ဘုံတာအိုအပိုင်းအစများသည် ယခုအချိန်၌ သူအလိုချင်ဆုံးသော ဆုလာဘ်များဖြစ်သည်မှာ ပြောစရာပင်မလိုချေ ။

ထိုအရာများသည် ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်ရန် လိုအပ်သောရတနာများဖြစ်သည် မဟုတ်ပါလား ။

ကျိယွမ်က ဆန်းကြယ်သောသတ္တဝါများကို ကြိုးစားပြီး သတ်ဖြတ်ရန် စတင်လိုက်တော့သည် ။

"ရိကွမ်းတားမြစ်နယ်မြေထဲက မကောင်းဆိုးရွားတွေက များသောအားဖြင့် အဖွဲ့လိုက်နေကြလေ့ရှိတယ် ၊ ငါ့အနေနဲ့ တစ်ကောင်တည်းဖြစ်နေတဲ့ အကောင်မျိုးကို ရှာပြီးတိုက်မှရလိ့မ်မယ် "

တားမြစ်နယ်မြေထဲရှိ မကောင်းဆိုးရွားများသည် အဖွဲ့လိုက် စုပြုံတိုက်ခိုက်တတ်ကြပြီး ဝိုင်းရံခံရပါက သူသေဆုံးသွားနိုင်၏ ။

တစ်ချိန်က ရွှမ်းဟွမ်တားမြစ်နယ်မြေတွင် ကျိယွမ် ဒဏ်ရာရရှိခဲ့ဖူးသည် ။ ထိုစဥ်က သူ၏ ဂိမ်းဇာတ်ကောင်သာမက အပြင်ဘက်ရှိ ခန္ဓာကိုယ်အစစ်အမှန်ကိုလည်း အနည်းငယ် ထိခိုက်စေခဲ့လေသည် ။

ထို့ကြောင့် သူသည် ဂိမ်းထဲ၌အသက်မသေဆုံးစေရန် အစစအရာရာ သတိထားရလိမ့်မည် ။

" ပုန်းအောင်း ။ "

ကျိယွမ်က ပုန်းအောင်းသည့်စွမ်းရည်ကို အသုံးချလိုက်သည် ။

အဆင့် ၈၂ သို့ရောက်သောအခါ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် သိသိသာသာ တိုးတက်လာပြီး ဂီမ်းစွမ်းရည်များစွာ ရရှိခဲ့၏ ။

သူသည် အဓိကစွမ်းရည်နှစ်ခုနှင့် အသေးစားစွမ်းရည်ရှစ်ခု ရရှိခဲ့၏ ။

အဆင့် ၃၀ သို့ရောက်တိုင်းတွင် အဓိကစွမ်းရည်တစ်ခု ရရှိ၏ ။

အဆင့် ၁၀ တိုင်းတွင်လည်း အသေးစားစွမ်းရည်တစ်ခု ရရှိနိုင်သည်။

သူ၏ အဓိကစွမ်းရည်နှစ်ခုမှာ " ကောင်းကင်ပိုင်းဖြတ်ဓားချက် နှင့် ဖိနှိပ်စွမ်းအား" တို့ ဖြစ်၏ ။

ပုန်းအောင်းခြင်းသည် အသေးစားစွမ်းရည်တစ်ခုဖြစ်ပြီး သူ၏ပုံသဏ္ဍာန်ကို ဝှက်ထားနိုင်ကာ လျင်မြန်စွာ ရွေ့လျားနိုင်၏ ။

ကျိယွမ်သည် သစ်တောများစွာကို ဖြတ်သန်းပြီး ထူးဆန်းသော မကောင်းဆိုးရွား များစွာကို တွေ့မြင်နေရ၏ ။

သို့သော် နောက်ထပ် သစ်တောတစ်ခုအတွင်းသို့ ရောက်ရှိသွားချိန်၌ သူ့ကိုယ့်သူတားမြစ်နယ်မြေထဲမှာ ဟုတ်မှဟုတ်ရဲ့လားဟုပင် တွေးမိသွားသည် ။

ထိုနေရာ၌ ထူထပ်သော အပင်များစွာဖြင့် အုပ်ဆိုင်းနေပြီး ။

အပင်တိုင်းတွင်လည်း ရောင်စုံဘရာစီယာ နှင့် အတွင်းခံဘောင်းဘီတိုများ ချိတ်ဆွဲထား၏ ။

လေတိုက်ခတ်သောအခါ ဘရာစီယာများနှင့် ထိုအတွင်းခံဘောင်းဘီတိုများက နိုင်ငံတော်အလံများအလား တလွင့်လွင့် လှုပ်ရှားနေကြ၏ ။

"ငါ့လခွမ်း ---ဒါကတားမြစ်နယ်မြေမှာ ရှိသင့်တဲ့မြင်ကွင်းလား "

မြင်လိုက်ရသည့်မြင်ကွင်းသည် အလွန်ရယ်စရာကောင်းနေသည် ။သို့သော် သူမရယ်ရဲပါ ။

ကျိယွမ်သည် ထိုအထဲ၌ လှပသော တန်ဖိုးကြီး အတွင်းခံဘောင်းဘီမျိုးစုံကိုပင် တွေ့နေရ၏ ။

အခြားယောက်ျားတစ်ဦးသာ ယခုနေရာသို့ ရောက်ရှိလာပါက ဝမ်းသာစွာအော်ဟစ်မိမည်မှာ သေချာသလောက်ပင် ။

သို့သော် ထိုအတွင်းခံဘောင်းဘီများကို ထိမိပါက အကျိုးဆက်သည် ဝမ်းနည်းဖွယ်ရာ ဖြစ်သွားပေလိမ့်မည် ။

အတွင်းခံဘောင်းဘီများသည် အဆင့် ၃၀ အောက် မနိမ့်သော မကောင်းဆိုးရွားများဖြစ်သည် ။

ကျိယွမ်သည် ဘရာစီယာများ သူ့ဘက်သို့ အာရုံမစိုက်မိခင် ထိုနေရာမှ လျင်မြန်စွာ ထွက်ပြေးလေသည် ။

နာရီဝက်ခန့်မရပ်မနား ပြေးပြီးနောက် စိတ်ချရပြီဟုထင်မှ အပြေးရပ်ရဲတော့သည် ။

" နောက်ဆုံးတော့ အဝတ်အစားတော်တော်နည်းတဲ့နေရာကို တွေ့ပြီ ။ "

သူရောက်နေသော ရေကန်တစ်ခုတွင် အခြားသောအဝတ်များကို ရေနှင့်ဆေးနေသော အဝတ်အစားမိစ္ဆာဆယ်ကောင်ကျော်လောက်ကို သူမြင်လိုက်လေသည် ။

ထို မကောင်းဆိုးရွား အဝတ်အစားကောင်များသည် အဆင့် ၃၀ မှ ၅၀ ကြား ရှိ၏ ။

"ဒီကောင်တွေက အဝတ်လျော်နေတာပဲ "

ကျိယွမ်က အချိန်မဆွဲတော့ပါ ။ မကောင်းဆိုးရွားအဝတ်စားကောင်များကို အရေအတွက်အနည်းငယ်သာ တွေ့ရဖို့က မလွယ်ကူပါ ။ နည်းနေတုန်း သူကသတ်ဖြတ်ပစ်ရန် လိုသည် ။

သူကကျယ်လောင်စွာ မာန်သွင်းအော်ဟစ်လိုက်သည် ။

" အဝတ်မိစ္ဆာတွေ ၊ ငါ့ဓားချက်ကို ခံနိင်ရင် ခံပေတော့ "

ရွှေရောင်ဓားသည် ချက်ချင်းပင် အဆမတန် ကြီးမားလာပြီး မီတာပေါင်းများစွာ ရှည်လျားသွားသည် ။

ဓားကြီးမှထုတ်လွှတ်လိုက်သော အရှိန်အဝါကြောင့် လေပြင်းမုန်တိုင်းများပင်ဖြစ်ပေါ်သွားပြီး ရေပြင်ကိုပြောင်းပြန်လန်သွားစေသည် ။

သူ၏ ဓားကြီးက အဝတ်အစားမကောင်းဆိုးရွားများပေါ်သို့ မညှာမတာ ကျရောက်သွားပြီး အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေတော့သည် ။

အတွေ့အကြုံ ရမှတ် + ၁၀၀ ။

အတွေ့အကြုံရမှတ် + ၃၀၀ ။

အတွေ့အကြုံရမှတ် + ၂၀၀ ။

အဆင့် ၈၂ ရှိနေသောကျိယွမ်သည် အဆင့်အနိမ့် မကောင်းဆိုးရွားများကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့လေသည် ။

" မဆိုးဘူး ၊ အဝတ်စုတ်တွေကို အမဲလိုက်ဖို့ အချိန်ရောက်ပြီ ။ "

တိုက်ပွဲမစမီကပင် သူက အသေးစားစွမ်းရည်တစ်ခုကို အသုံးပြုကာ ဆူညံသံများကို ဖုံးကွယ်ထား၏ ။ ထို့ကြောင့် အခြား အဝတ်အစားများကို ဆွဲဆောင်မှု မဖြစ်စေခဲ့ပေ ။

သို့သော် အံ့သြစရာကောင်းသည်မှာ ထိုနေရာမှ သူထွက်ခွာပြီးချိန်မှာပင် ရာနှင့်ချီ သော အဝတ်အစားများက ထိုနေရာသို့ ပြေးလာကြ၏ ။

ထိုအချိန်တွင် နေရာပေါင်းစုံမှ အဝတ်အစားများကလည်း သူ့ဆီသို့ ဦးတည်လာနေကြောင်း သတိပြုမိသွားတော့သည် ။

"သေစမ်းဟ ၊ ဒီကောင်တွေ ငါ့ကို ဘယ်လိုများမြင်သွားကြတာလဲ "

သူသည် ဓားကြီးတကားကားနှင့် ပြေးတော့သည် ။

အဝတ်အစားများ ဝိုင်းရံခံရပါက အကျိုးဆက်သည် သူ့အတွက် ဝမ်းနည်းစရာကောင်းအောင် ဆိုးရွားသွားမည်ဖြစ်သည် ။

---

All Chapters