ပါးလားလားစွမ်းအင် ကိုယ်ခံပညာသခင်
Vol. 15 Ch. 209
ဈေးဝယ်စင်တာ လမ်းမကြီးပေါ်တွင်...။
"ဟ...ချိုး......"
ရဲရှင်းဟွေ့ နှာတစ်ချက်ချေလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။ 'ဘယ်သူများ ငါ့ကို တုပ်များတိုင်နေပါလိမ့်။'
ရဲရှင်းဟွေ့သည် သူ့နှာခေါင်းကို ပွတ်သပ်လိုက်ပြီး မြင်ကွင်းထဲမှ မုန်ကျစ်ယွီထံသို့ သူ၏အာရုံကို ပြန်လည်စူးစိုက်လိုက်လေသည်။
ဤ ပါးလားလားနတ်သမီး အသွင်ပြောင်းခြင်းသည် အမှန်ပင် မျက်စိကျိန်းလှပေသည်။
ရဲရှင်းဟွေ့သည် သူကိုယ်တိုင်အသွင်ပြောင်းခဲ့စဉ်က ဘာမှမခံစားခဲ့ရသော်လည်း၊ အခြားသူများ ပြောင်းလဲသည်ကို ကြည့်ရသည်မှာ... အဟမ်း... အမှန်တကယ်ပင် ကြည့်ရခက်လှပေသည်။
ထိုအခိုက်တွင် ရဲရှင်းဟွေ့သည် ရဲနျဉ်၏ ဘေးတွင်ရပ်နေသော လင်အာထံသို့ မတော်တဆ အကြည့်ရောက်သွားလေသည်။
ထိုအချိန်တွင် ကလေးမလေး လင်အာသည် ပါးလားလားမန္တာန်ကို ရွတ်ဆိုရင်း အရက်သမားကို ရှင်းလင်းနေသော မုန်ကျစ်ယွီအား မျက်လုံးများ တလက်လက်ဖြင့် ကြည့်ရှုနေလေသည်။
"ဖေဖေ... သမီးလဲ အဲ့လိုအဝတ်အစားမျိုး လိုချင်တယ်..."
လင်အာသည် မြင်ကွင်းထဲမှ မုန်ကျစ်ယွီကို လက်ညှိုးထိုးရင်း အော်ပြောလိုက်သည်။
ရဲနျဉ်သည် သူ့သမီး၏ စကားကိုကြားသောအခါ သူ့ဘေးတွင် ရပ်နေသော ယန်အန်နာကို လှမ်းကြည့်လိုက်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ယန်အန်နာက ပြုံး၍ပြောလိုက်သည်။ "ကောင်းပြီလေ... မားမား ခဏနေရင် သမီးကို ဈေးဝယ်စင်တာ ခေါ်သွားပြီး ဝယ်ပေးမယ်..."
ယန်အန်နာ၏ အမြင်တွင်တော့ မုန်ကျစ်ယွီသည် အမြင်ဆန်းသော ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားခြင်းမျှသာ ဖြစ်သည်။
ကလေးမလေး လင်အာ၏ စကားကို ကြားပြီးနောက် ရဲရှင်းဟွေ့သည် ထို ပါးလားလားနတ်သမီးဆွဲပြား မှော်အသွင်ပြောင်းကိရိယာကို နောက်ပိုင်းတွင် လင်အာအား ပေးရန် ဆုံးဖြတ်လိုက်လေသည်။
... ... ... ...
တစ်ဖက်တွင်မူ...။
လူအများ၏ ဝန်းရံခြင်းကို ခံထားရသော မုန်ကျစ်ယွီသည် အရက်သမားကို အငြိုးတကြီး ရိုက်နှက်နေလေသည်။
စိတ်ကောင်းရှိသော လူအချို့ကမူ အရက်သမား၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသော အဘိုးအိုကို ထူပေးနှင့်ကြလေပြီ။
"ပါးလားလားစွမ်းရည်-ဆိုဒိုခါရာ-အားဖြည့်တင်းခြင်း..."
မန္တာန်ကို ရွတ်ဆိုပြီးနောက် မုန်ကျစ်ယွီသည် သူ၏ခန္ဓာကိုယ်ထဲတွင် မကုန်ခမ်းနိုင်သော စွမ်းအားများ ရှိနေသည်ဟု ခံစားလိုက်ရသည်။
"ပါးလားလားစွမ်းရည်... ဖင်ကိုကန်မယ်... ပေါင်ကြားကန်ချက်..."
"ပါးလားလားစွမ်းရည်... ဒီငတုံးကို... ဘယ်လက်သီးနဲ့ထိုး..."
"ပါးလားလားစွမ်းရည်... ချီးစားလိုက်... အမြစ်ကနေ ဆွဲနုတ်..."
မှော်စွမ်းအင်ဖြင့် သူ၏ခွန်အားကို မြှင့်တင်ထားသော မုန်ကျစ်ယွီသည် အရက်သမားအပေါ်သို့ မိန်းမဆန်သော လှုပ်ရှားမှုပေါင်းများစွာကို တစ်ခုပြီးတစ်ခု လုပ်ဆောင်နေလေသည်။
အသွင်ပြောင်းခြင်း၏ ကန့်သတ်ချက်ကြောင့် ဖြစ်မည်၊ သူ တိုက်ကွက်တစ်ကွက် ထုတ်တိုင်း "ပါးလားလားစွမ်းရည်" ဟု အော်ဟစ်ရန် လိုအပ်ပေသည်။ မန္တာန်မဟုတ်သည့်တိုင် လုပ်ဆောင်ချက်မပြုလုပ်ခင် အော်ဟစ်ရပေမည်။
မုန်ကျစ်ယွီသည် အရက်သမားကို လျင်မြန်စွာပင် သတိလစ်သွားသည်အထိ ထိုးနှက်လိုက်တော့သည်။
ထိုအခိုက်မှာပင် ရဲများလည်း ရောက်ရှိလာခဲ့သည်။
ရဲများ ရောက်လာသောအခါ သူတို့၏ မျက်နှာထက်တွင်လည်း နားမလည်နိုင်သော အမူအရာများ ထင်ဟပ်နေလေသည်။
အစပိုင်းတွင် သူတို့ လူအုပ်ကို တွန်းဖယ်ဝင်ရောက်ပြီးနောက် မုန်ကျစ်ယွီ၏ ကျောပြင်ကိုသာ မြင်လိုက်ရသည်။
ထို့ကြောင့် သူတို့သည် မူလက ချစ်သူစုံတွဲတစ်တွဲ ရန်ဖြစ်နေခြင်းမျှသာဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် "ပါးလားလားစွမ်းရည်၊ ဘောင်းဘီ... ဘောင်းဘီ... တစ်ထောင်သက် သေစေသတ်ကွက်..." ဟု ယောက်ျားတစ်ယောက် အော်ဟစ်နေသံကို ကြားလိုက်ရသည့်အခါမှ ဤကိစ္စသည် ထင်သလောက် မရိုးရှင်းကြောင်း သူတို့သိလိုက်ကြတော့သည်။
ထို့နောက်... မုန်ကျစ်ယွီက ကျားသဏ္ဌာန် လက်သီးချက်ဖြင့် အရက်သမား၏ စအိုဝကို တည့်တည့်မတ်မတ် ထိုးနှက်လိုက်သည်ကို သူတို့မြင်လိုက်ကြရသည်။ ဤထိုးနှက်ချက်ကြောင့် အဆက်မပြတ် ပြင်းထန်သော တိုက်ခိုက်မှုများကို ခံထားရသော အရက်သမား၏ နှလုံးသားသည် အဆတစ်သောင်း ပြင်းထန်သော ထိခိုက်မှုဒဏ်ရာကို ခံစားလိုက်ရတော့သည်။
ရဲများ ရောက်လာသည်ကို မြင်သောအခါ မုန်ကျစ်ယွီသည် သူ၏လက်ကို ရပ်တန့်လိုက်သည်။
ရဲများက တစ်စုံတစ်ယောက်က အဘိုးအိုတစ်ဦးကို ရိုက်နှက်နေသည်ဟု သတင်းပေးပို့ချက် ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် သူတို့ အရက်သမားကို ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်ကြသည်။ 'ဒါက အဘိုးအိုမှ မဟုတ်တာ...'
မကြာမီမှာပင် ပတ်ဝန်းကျင်မှ စိတ်အားထက်သန်သော လူများ၏ ရှင်းပြချက်များကြောင့် သူတို့သိလိုက်ရသည်မှာ၊ ဤ မိန်းမလိုဝတ်ဆင်ထားသော စိတ်မနှံ့သူသည် အမှန်တကယ်တွင် စိတ်ကောင်းရှိပြီး စိတ်အားထက်သန်သော နိုင်ငံသားတစ်ဦးဖြစ်ပြီး၊ မြေပြင်ပေါ်တွင် စအိုဝကွဲမတတ် ခံလိုက်ရသူမှာ တရားခံဖြစ်ကြောင်းပင်။
မကြာမီမှာပင် ရဲနှစ်ဦးသည် မြေပြင်ပေါ်တွင် ပုံလျက်ကျနေသော အရက်သမားကို လက်ထိပ်ခတ်ကာ ရဲကားထဲသို့ ထည့်လိုက်သည်။
သဘာဝကျစွာပင်... အခြားတရားခံတစ်ဦးဖြစ်သော မုန်ကျစ်ယွီကိုမူ ရဲစခန်းသို့လိုက်ကာ ထွက်ဆိုချက်ပေးရန် ခေါ်ဆောင်သွားလေသည်။
...
မုန်ကျစ်ယွီသည် သူ၏ တိုက်ရိုက်ထုတ်လွှင့်သည့် ပစ္စည်းများကို သိမ်းဆည်းရန် ဖုန်းထံသို့ ရောက်ရှိလာသောအခါ ခုနက သူ တိုက်ရိုက်ထုတ်လွှင့်မှုကို မပိတ်ခဲ့မိကြောင်း သဘောပေါက်သွားတော့သည်။
ထိုအချိန်တွင် သူ၏ တိုက်ရိုက်ထုတ်လွှင့်ခန်း၌ ကြည့်ရှုသူသည် လူနှစ်သောင်းကျော်အထိ ရှိနေလေပြီ။
ထို့ပြင် လက်ဆောင်များ ပေးပို့နေသူများလည်း အများအပြားရှိနေသည်။
"ဘာကြီးလဲဟ။ ဒီ လိုလီတာ တကယ် စိတ်တိုတတ်တာပဲ..."
"အကိုကြီး... အဲ့ဒါ League of Legends ထဲက ဒေါသထွက်နေတဲ့ လိုလီတာကို ပြောတာလေ"
"အင်း... ဒီ Live လွှင့်တဲ့သူက လိုလီတာနဲ့ ဘာဆိုင်လို့လဲ။"
"ဆိုင်ဆိုင်မဆိုင်ဆိုင်…. သူကတော့ တော်တော်မိုက်တယ်..."
"ဖူး... ဟားဟားဟား... ပါးလားလားစွမ်းရည်ဆိုတာ ဘယ်လိုစွမ်းရည်မျိုးလဲ။ တော်တော်မိုက်တာပဲ..."
"ပြီးတော့ သူခုနက လုပ်လိုက်တဲ့ အထူးပြုလုပ်ချက်တွေကလည်း အရမ်းကောင်းတာပဲ။ ဒီအတွက် အတော်လေး အားစိုက်ထားပုံပဲ"
"ဘယ်သူက ဂရုစိုက်မှာလဲ။ ဘာပဲဖြစ်ဖြစ် သူက အကြမ်းဖက်မှုကို ဆန့်ကျင်ပြီး အပြစ်မဲ့တဲ့ အဘိုးအိုတစ်ယောက်ကို ကယ်တင်ခဲ့တာပဲ၊ ဒါကိုတော့ ချီးကျူးရမှာပေါ့"
"Live လွှင့်တဲ့သူက မိုက်တယ်..."
"အကိုကြီးကျစ်ယွီ မိုက်တယ်..."
... ... ... ...
ထို့နောက်တွင် မုန်ကျစ်ယွီကို ချီးကျူးနေကြသော လူတစ်သိုက်ပင်။
မုန်ကျစ်ယွီသည် အခြေအနေကို အကျဉ်းချုံးရှင်းပြလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်ခန်းကို ပိတ်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းကို ပိတ်လိုက်သည့်အခါ မုန်ကျစ်ယွီသည်လည်း သူ၏ ပါးလားလားနတ်သမီး အသွင်ပြောင်းခြင်းမှ ပြန်လည်ထွက်ခွာသွားလေသည်။
အသွင်ပြောင်းခြင်းမှ ထွက်ခွာလိုက်သည့်အခိုက်တွင် သူ၏နှလုံးသားထဲမှ ဟာတာတာဖြစ်သည့် ခံစားမှုလှိုင်းများ ထွက်ပေါ်လာသည်။
ဤဟာတာတာဖြစ်မှုက မုန်ကျစ်ယွီကို ရှင်းပြမရနိုင်သော ခံစားမှုတစ်ခု ပေးအပ်လေသည်။
မုန်ကျစ်ယွီ တစ်ခဏအတွင်း မိန်းမလိုဝတ်ဆင်နိုင်ပြီးနောက် တစ်ခဏအတွင်း ပြန်လည်ပြောင်းလဲသွားနိုင်သည်ကို မြင်လိုက်ရသော ပတ်ဝန်းကျင်မှ လူများက သူ့ကို နာမည်ပြောင်အသစ်တစ်ခု ပေးလိုက်ကြသည်။
အသွင်ပြောင်း မြစိမ်းဘီလူးမ။
မူလက နောက်ဆုံးတစ်ကြိမ် အသွင်ပြောင်းဝတ်စုံ ဝတ်ဆင်စဉ်က သူ့ကို "မြစိမ်းလော်လီ" ဟုခေါ်ခဲ့ကြသော်လည်း... ယခုတစ်ကြိမ် သူအသွင်ပြောင်းပြီးနောက် လော်လီတစ်ယောက်နှင့် လုံးဝမတူသည့်အပြင် သူ၏ မျက်စိကျိန်းလှသော ရုပ်သွင်ကြောင့် "မြစိမ်းဘီလူးမ" ဟု အမည်တွင်သွားခြင်း ဖြစ်လေသည်။
... ... ... ...
တစ်ဖက်တွင်မူ ရဲရှင်းဟွေ့သည် မုန်ကျစ်ယွီ အသွင်ပြောင်းခြင်းမှ ထွက်ခွာသွားသည်ကို မြင်ပြီးနောက် မီးလျှံဝင်ပေါက်ငယ်တစ်ခုကို ဖွင့်ကာ ပါးလားလားနတ်သမီးဆွဲပြား အသွင်ပြောင်းကိရိယာကို ပြန်လည်ရယူလိုက်ရာ၊ ထိုပစ္စည်းသည် သူ၏လက်ထဲတွင် ပြန်လည်ပေါ်ပေါက်လာလေသည်။
မုန်ကျစ်ယွီ၏ ဆုလာဘ်အတွက်မူလား။ နောက်ကျသွားလည်း ကိစ္စမရှိပေ။
ရဲရှင်းဟွေ့နှင့် အခြားသူများသည် စိတ်လှုပ်ရှားစရာများကို ကြည့်ရှုပြီးနောက် အတူတကွ အိမ်ပြန်သွားကြသည်။
"ရှင်းဟွေ့ မင်းခုနက မုန်ကျစ်ယွီရဲ့ မျက်စိကျိန်းစရာ အသွင်ပြောင်းမှုက မင်းစနက်မလား"
ထိုအခိုက်တွင် ရဲရှင်းချန်သည် ရဲရှင်းဟွေ့ထံသို့ လျှောက်လာကာ မေးလိုက်သည်။
ရဲရှင်းဟွေ့သည် ဘာမှဖုံးကွယ်မထားချေ။ သူသည် အသွင်ပြောင်းကိရိယာကို ထုတ်ယူလိုက်ပြီး မေးလိုက်သည်။ "အကိုကြီး၊ စမ်းကြည့်ချင်လို့လား။"
ရဲရှင်းချန်သည် ထိုမျက်စိကျိန်းလှသော အသွင်ပြောင်းခြင်းကို တွေးကြည့်လိုက်ပြီး ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။
ထိုအချိန်မှာပင် ရဲလန်ယွဲ့သည်လည်း ရဲရှင်းဟွေ့ထံသို့ လျှောက်လာကာ မေးလိုက်သည်။ "ဒီပစ္စည်းလေးကို မင်းဘယ်ကရတာလဲ။"
ရဲရှင်းချန်နှင့် နှိုင်းယှဉ်လျှင် ရဲလန်ယွဲ့သည် ဤအသွင်ပြောင်းကိရိယာအပေါ် ပိုမိုစိတ်ဝင်စားလေသည်။
ပထမဦးစွာ သူသည် ထိုဝတ်စုံကို အရုပ်ဆိုးသည်ဟု မထင်ပေ။ အစောပိုင်းက အရုပ်ဆိုးသယောင်ထင်ရခြင်းမှာ ဝတ်ဆင်သူမှာ ယောက်ျားတစ်ဦးဖြစ်သောကြောင့်သာ ဖြစ်သည်။
ဒုတိယအချက်မှာ... ရဲလန်ယွဲ့သည် ယခင်က အသွင်ပြောင်းကိရိယာကဲ့သို့ အရာမျိုးကို ပြုလုပ်ခဲ့ဖူးသော်လည်း ထိုအရာသည် နည်းပညာပိုင်းဆိုင်ရာသာ ဖြစ်သည်။ ဤသိသာထင်ရှားလှသော လျှို့ဝှက်ဆန်းကြယ်သည့် အသွင်ပြောင်းကိရိယာသည် သူ့ကို သုတေသနပြုလုပ်ရန် စိတ်ဝင်စားစေခဲ့သည်။
သူ၏အမကြီးက ဤပစ္စည်း ဘယ်ကလာသလဲဟု မေးသည်ကို ကြားသောအခါ ရဲရှင်းဟွေ့၏ မျက်နှာအမူအရာသည် ရုတ်တရက် ဝမ်းနည်းဟန် ပြောင်းသွားတော့သည်။
"အဲ့ဒါက မှောင်မိုက်ပြီး လေထန်တဲ့ ညတစ်ညမှာပေါ့... ကျွန်တော်က လမ်းပေါ်မှာ တစ်ယောက်တည်း လျှောက်နေခဲ့တာ။ အဲ့ဒီအချိန်မှာ စုတ်စုတ်ပြတ်ပြတ် တာအိုဘုန်းကြီးတစ်ပါးကို ကုန်တင်ကားတစ်စီးက ဝင်တိုက်သွားတယ်။ ကျွန်တော်က စေတနာကောင်းနဲ့ သူ့ကို သွားကယ်ခဲ့ပေမယ့် ကျွန်တော်ရောက်သွားတဲ့အခါမှာတော့ တာအိုဘုန်းကြီးက အသက်ငင်နေနှင့်ပြီ။ သူ မသေခင်မှာ ဒီအသွင်ပြောင်းကိရိယာကို ကျွန်တော့်ကို ပေးခဲ့ပြီး တရားမျှတမှုကို ကာကွယ်မယ့် သူ့ရဲ့သန္နိဋ္ဌာန်ကို ဆက်ခံဖို့ တောင်းဆိုခဲ့တယ်..."
ရဲဖန်: “...”
ရဲရှင်းချန်: “...”
"ဆိုတော့... တရားမျှတမှုကို ကာကွယ်တိုင်း အဲ့ဒီတာအိုဘုန်းကြီးက မှော်မိန်းကလေးအဖြစ် ပြောင်းလဲဖို့ လိုအပ်တယ်ပေါ့။" ရဲလန်ယွဲ့က လှောင်ပြောင်ပြောဆိုလိုက်သည်။
သူမသည် သူမ၏မောင်လေး၏ စကားများကို သဘာဝကျစွာပင် မယုံကြည်ချေ။
ထို့ပြင် ဤဇာတ်လမ်းသည် အတော်လေး ရင်းနှီးနေသလို သူမ ခံစားနေရသည်...