← Chapters

အခန်း (၁၅၃၁-၁၅၃၃)

Vol. 103 Ch. 1531-1533

အခန်း (၁၅၃၁-၁၅၃၃)

Vol. 103 Ch. 1531-1533

အဆတစ်ရာစနစ် စာစဥ်(၁၀၃)

အခန်း(၁၅၃၁)

"ဒါ ဒါက နတ်ခန္ဓာပုံရိပ်ပါလား"

ကမ္ဘာကိုပင်လွှမ်းခြုံထားသော ရွှေရောင်ဓားရိပ်ကို မြင်လျှင် ကောင်းကျင်းထျန်း၏ မျက်လုံးများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

သိုင်းရူးတစ်ဦး အနေဖြင့် ကောင်းကျန်းထျန်းသည် မြေကမ္ဘာနဂါးမြို့တော်ရှိ ထိပ်တန်း ပါရမီရှင်အများအပြားကို စိန်ခေါ်ခဲ့ဖူး၍ နတ်ခန္ဓာပုံရိပ် အမျိုးအစားများစွာကို မြင်တွေ့ခဲ့ဖူး၏။

သို့သော် ကျန်းချန်၏ နတ်ခန္ဓာပုံရိပ် ကဲ့သို့ အလွန်အမင်းအန္တရာယ်ရှိသော ခံစားချက်ကို ပေးစွမ်းနိုင်သည့် နတ်ခန္ဓာပုံရိပ်ကိုမူ တစ်ခါမှ မတွေ့ခဲ့ဖူးပေ။

ကောင်းကျင်းထျန်းသည် ဓားဘုရင် ပိုင်လီကျန့်၏ ဘုရင်အဆင့် နတ်ခန္ဓာပုံရိပ်ကို ရင်ဆိုင်ရချိန်မှာပင် ထိုကဲ့သို့ မခံစားခဲ့ရပေ။

"ဒီကောင့်ရဲ့ နတ်ခန္ဓာပုံရိပ်က ဘုရင်အဆင့်ကို ကျော်လွန်နေတဲ့အင်ပါယာအဆင့် နတ်ခန္ဓာပုံရိပ် ဖြစ်လောက်တယ်"

ကောင်းကျင်းထျန်းက တုန်လှုပ်သွားခဲ့သည်။

သို့သော် ဤအချိန်တွင် သူ့အနေဖြင့် တွေးတောနေရန် အချိန်မရှိတော့ပေ။

သူက ဥပဒေသ နှစ်မျိုး၏ စွမ်းအား နှင့် အဆင့်နိမ့် ပကတိနတ်ဘုရား အလယ်အလတ်အဆင့် စွမ်းအားများကို တစ်ကြိမ်တည်း ထုတ်ဖော်လိုက်သည်။

မတူညီသော စွမ်းအား၃ခုသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားခဲ့ပြီး အဆုံးသတ်တွင် ဓားဝိညာဥ် ပါဝင်သော ပကတိနတ်ဘုရား ကမ္ဘာငယ်လေး တစ်ခုကို လေထုထဲတွင် စုစည်းလိုက်ကာ ရွှေရောင်ဓားရိပ်ကို ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

‌ရွှေရောင်ဓားရိပ်နှင့် ကောင်းကျင်းထျန်း၏ ပကတိနတ်ဘုရားကမ္ဘာငယ်လေး တို့သည် ထိပ်တိုက် ဆုံတွေ့သွားကြပြီး လေထုထဲတွင် အနက်ရောင် တွင်းနက်ကြီးများပင် ဖြစ်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်မုန်တိုင်းသည် အရပ်လေးမျက်နှာသို့ လှိုင်းလုံးများပမာ လွင့်စင်လာခဲ့သည်။

ပေ၁၀၀၀ အတွင်းရှိ ကျင့်ကြံသူ အများအပြား၏ လက်ကောက်ဝတ်ပေါ်ရှိ အနီရောင်မျဥ်းများသည် ချက်ချင်းဆိုသလို အသက်ဝင်လာခဲ့ပြီးနောက်တွင် ကျင့်ကြံသူများသည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ရီချင်းယင်နှင့် ရီကျီယွင် တို့ပင် ခြေလှမ်း ရာပေါင်းများစွာ နောက်သို့ ဆုတ်လိုက်ရ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းချန်နှင့် ကောင်းကျင်းထျန်း တို့၏ ပေ၁၀၀၀ ပတ်လည်တွင် လေဟာနယ် ဇုန်တစ်ခု ဖြစ်လာခဲ့သည်။

လေထုထဲတွင် ရွှေရောင်ဓားရိပ်နှင့် ပကတိနတ်ဘုရား ကမ္ဘာငယ်လေး တို့သည် တစ်ခုနှင့်တစ်ခု ရင်ဆိုင်နေကြဆဲ ဖြစ်ပြီး ကောင်းကင်ကိုပင် တုန်ဟည်းစေသော အသံသည်လည်း ကောင်းကင်တစ်ခွင်တွင် ပဲ့တင်ထပ်နေခဲ့သည်။

အချိန်မည်မျှ ကြာသွားသည် မသိပေ။

ရွှေရောင်ဓားရိပ်နှင့် ထိပ်တိုက်ရင်ဆိုင်နေသော ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် အဆုံးသတ်တွင် ရွှေရောင်ဓားရိပ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မတွန်းလှန်နိုင်တော့ဘဲ အက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

ဤသို့ဖြင့် ကောင်းကျင်းထျန်း၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးတွင် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့်ပင် အက်ကွဲကြောင်းများ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

အဆုံးသတ်တွင်မူ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် ရွှေရောင်ဓားရိပ်၏ လက်ချက်ဖြင့် ကြေမွ ပျက်စီးသွားခဲ့၏။

"ဖူး"

ကောင်းကျင်းထျန်း၏ မျက်နှာက ဖြူဖျော့သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးတစ်လုတ်ပါ အန်ထုတ်လိုက်ရသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်ဓားရိပ်၏ စွမ်းအားအကြွင်းအကျန်များ ထဲတွင် ချက်ချင်းပင် နစ်မြုပ်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် ကောင်းကျင်းထျန်း၏ လက်ကောက်ဝတ်ရှိ အနီရောင်မျဥ်းသည် ထွက်ပေါ်လာခဲ့ပြီး ကောင်းကျင်းထျန်းကို ကျန်းချန်၏ ရှေ့ကနေ တိုက်ရိုက်ပင် ပျောက်ကွယ်သွားစေခဲ့သည်။

ကောင်းကျင်းထျန်း ပျောက်ကွယ်သွားပြီးနောက်တွင် ကျန်းချန်၏ လက်ကောက်ဝတ်ပေါ်ရှိ အမှတ်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ၄၁၀မှတ် အထိ ထပ်မံတိုးတက်လာခဲ့၏။

ကောင်းကျင်းထျန်းကို ရှင်းလင်းပြီးနောက်တွင် မူလက ရှုပ်ထွေးနေသော စစ်မြေပြင်သည် တစ်ခဏအတွင်း တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။

တိုက်ပွဲကို ကြည့်ရှုနေကြသော ကျင့်ကြံသူ ရာပေါင်းများစွာ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

ကောင်းကျင်းထျန်းသည် မြေကမ္ဘာနဂါး မြို့တော်တွင် နာမည်ကျော်ကြားသော အစစ်အမှန် နဂါးအဆင့် ပါရမီရှင် တစ်ဦး ဖြစ်သည်။

ထိုကဲ့သို့ ဂုဏ်သိက္ခာကြီးမားသော အစစ်အမှန် နဂါးအဆင့်ပါရမီရှင် တစ်ဦးသည် သူတို့၏ရှေ့မှ အနက်ရောင် ဝတ်စုံဝတ်လူငယ် တစ်ဦး၏ အနိုင်ယူခြင်းကို ခံလိုက်ရ၏။

သူတို့ရှေ့မှ လူငယ်လေးသည် ဘုရင်အဆင့် ပါရမီရှင်များ ဖြစ်နေပါသလော။

"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

မြေကမ္ဘာနဂါးမြို့တော်မှ ကျင့်ကြံသူများသည် ဘုရင်အဆင့်ပါရမီရှင်များက မည်မျှပင် ကြောက်မက်ဖွယ်ရာ အစွမ်းထက်သည်ကို သိထားကြသည်။

မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့် ပါရမီရှင် ၃ပါးသည် နောက်ဆုံးအကြိမ်က ကျင်းပခဲ့သော ကောင်းကင်နဂါးမြို့တော်ဝင်ခွင့် စစ်ဆေးပွဲကို အောင်မြင်ခဲ့ပြီးသော သူများဖြစ်ကြသည်။

ဆိုရလျှင် သူတို့သုံးယောက်သည် ပြိုင်ပွဲဝင်များ အားလုံးထက် ခေါင်းတစ်လုံးမက သာလွန်ကြသူများ ဖြစ်ကြ၏။

ယခုအခါ နာမည်ပင် မရှိသေးသည့် ဤအနက်ရောင် ဝတ်စုံဝတ် လူငယ်လေးသည် ဘုရင်အဆင့် ပါရမီရှင်နှင့် ယှဥ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ရာ အစွမ်းသတ္တိမျိုး ရှိနေခဲ့သည်။

"ကျန်းချန်က ဘုရင်အဆင့်ပါရမီရှင် ၃ပါးနဲ့တောင် ယှဥ်နိုင်တဲ့အစွမ်းသတ္တိမျိုးကို ပိုင်ဆိုင်ထားတာပဲ"

ရီချင်းယင်က စိတ်နှလုံးထဲကနေ မချိပြုံး ပြုံးလိုက်သည်။

ကျန်းချန်သည် မြေကမ္ဘာနဂါး မြို့တော်သို့ ဝင်ရောက်ပြီး ၁နှစ်ကျော် အတွင်းမှာပင် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ကနေ ဘုရင်အဆင့် ပါရမီရှင် ၃ပါးနှင့် နှိုင်းယှဥ်နိုင်သည့် ကြောက်မက်ဖွယ် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး အဖြစ် ကြီးထွားလာခဲ့သည်။

"ကျန်းချန်က တကယ်ကို မွန်းစတား တစ်ကောင်ပဲ"

"အားလုံးပဲ တောင်းပန်ပါတယ်.. ငါအမှတ်တွေ လိုအပ်နေတဲ့အတွက် မလွှဲသာဘဲ မင်းတို့ဆီက လုယူရလိမ့်မယ်"

ကောင်းကျင်းထျန်းကို ဖြေရှင်းလိုက်ပြီးနောက်တွင် ကျန်းချန်သည် အမှတ်များ ရယူရန်အတွက် သူ၏ ခရီးစဥ်ကို မရပ်တန့်ခဲ့ပေ။

သူက ဝံပုလွေအုပ် ထဲသို့ ဝင်လာသော ကျားတစ်ကောင်ကဲ့သို့ ကျင့်ကြံသူများ ဆီသို့ လှည့်ပတ်ကာ အမှတ်များအား လုယူတော့သည်။

"မြန်မြန် ဒီနေရာကနေ ထွက်ပြေးကြဟေ့"

ကျင့်ကြံသူ အများအပြားသည် ကျန်းချန်ကို ထိတ်လန့်တကြား ဖြစ်ကုန်ကြကာ လျင်မြန်စွာပင် ထွက်ပြေးခဲ့ကြသည်။

ကျန်းချန်ကမူ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို မညှာစတမ်း လိုက်လံရင်ဆိုင်ခဲ့ပြီး အမှတ်များကို ရူးသွပ်စွာ လုယူခဲ့၏။

------------------

ရှန်လုံမြို့တော်တွင် ဖန်းချင်းယွမ်သည် ကျန်းချန်၏ နတ်ခန္ဓာပုံရိပ်ကို မြင်ပြီးနောက် လုံကျန့်ရှင်းကို တစ်ချက် ကြည့်လိုက်သည်။

"ကျန်းချန် စုစည်းထားတဲ့ နတ်ခန္ဓာပုံရိပ်က အရမ်းကို ထူးခြားတယ်.. အဆင့်မနိမ့်လောက်ဘူး ထင်တယ်"

"အင်း.. ရိုးရိုးသားသား ပြောရမယ်ဆိုရင် သူ့ရဲ့ နတ်ခန္ဓာပုံရိပ်က တကယ်ကို ထူးဆန်းတယ်.. မှော်နဂါးနန်းတော်မှာတုန်းက ငါ့ရဲ့ ကိုယ်ပွားကနေတစ်ဆင့် သူ့ရဲ့နတ်ခန္ဓာပုံရိပ်ကို မြင်တွေ့ခဲ့ရပေမဲ့ နတ်ခန္ဓာပုံရိပ်ရဲ့ အဆင့်ကို ခွဲခြားဖို့တော့ ခက်ခဲနေဆဲပဲ.. ဒါပေမဲ့ တစ်ခုတော့ သေချာတယ်.. သူ့ရဲ့နတ်ခန္ဓာပုံရိပ်က အနည်းဆုံးတော့ ဘုရင်အဆင့်ကို ကျော်လွန်နေတယ် ဆိုတာပဲ"

လုံကျန့်ရှင်းက ခါးသီးစွာ ပြုံးလိုက်သည်။

ဖန်းချင်းယွမ်၏ မျက်လုံးများက အနည်းငယ် တောက်ပလာခဲ့၏။

ကျန်းချန်၏ နတ်ခန္ဓာပုံရိပ်သည် ရှေးဟောင်း ကျမ်းစာအုပ်များတွင် မှတ်တမ်းတင်ထားသည့် ရှေးဟောင်းနတ်ခန္ဓာပုံရိပ်တစ်မျိုးနှင့် တူနေသည် ဟူသော ခံစားချက်ကို သူက ခံစားနေရသည်။

ထိုကဲ့သို့ ရှေးဟောင်း နတ်ခန္ဓာပုံရိပ်ကို စုစည်းနိုင်သူများသည် သာမန်လူများ မဟုတ်ကြပေ။

ဤကောင်လေးကိုသာ ကောင်းမွန်စွာ လေ့ကျင့်ပေးလိုက်လျှင် နယ်မြေနတ်ဘုရားအဆင့် သို့မဟုတ် နယ်မြေနတ်ဘုရားအဆင့်ထက်ပင် ပို၍မြင့်မားသော ကျင့်ကြံသူ တစ်ယောက် ဖြစ်လာနိုင်လောက်၏။

------------------

နေရာလွတ်နယ်မြေရှိ အထက် ကောင်းကင်ယံရှိ ဟင်းလင်းပြင်တွင် ပုံရိပ် ၃ခုသည် ရပ်နေကြသည်။

၎င်းတို့သည် ရှေးဟောင်းနဂါးမျိုးနွယ်စုမှ ကောင်းကင်နတ်ဘုရားအဆင့် အကြီးအကဲများ ဖြစ်ကြ၏။

ထို၃ယောက်ထဲမှ ၁ယောက်သည် ကျန်းချန် မြေကမ္ဘာနဂါးမြို့တော်သို့ လာရောက်စဥ် ဂိတ်တံခါးဝတွင် တွေ့ရှိခဲ့သည့် လူလတ်ပိုင်းအရွယ် အမျိုးသား ဖြစ်သည်။

သူတို့၃ဦးသားက နေရာလွတ်နယ်မြေရှိ ကျန်းချန်ကို ကြည့်ကာ အလွန်အမင်း အံ့အားသင့်နေခဲ့ကြ၏။

"အားပါးပါး ဒီကောင်လေးက အစစ်အမှန် နဂါးအဆင့် ပါရမီရှင်ကိုတောင် တစ်ကွက်တည်းနဲ့ အနိုင်ယူလိုက်တယ် ဆိုတော့ ဘုရင်အဆင့် ပါရမီရှင်၃ပါးထက် လုံးဝ မနိမ့်လောက်ဘူး"

"သူက အကြီးအကဲဖန်း အကြံပြုထားတဲ့ ကောင်လေးပဲ"

"ဟုတ်လား.. ဒီကောင်လေးက ၁နှစ်ကျော်အတွင်းမှာ ဒီအဆင့်ထိ ကြီးထွားလာတာ အံ့သြစရာပဲ"

---------------

မြေကမ္ဘာနဂါးမြို့တော်၏ ရင်ပြင်အထက် ကောင်းကင်ယံတွင် ကောင်းကင်နဂါးစာရင်းကို စတုတ္ထမြောက်အကြိမ် အသစ်ထုတ်ပြန်တော့မည် ဖြစ်၏။

လူတိုင်း၏ မျက်ဝန်းများသည် ကောင်းကင်နဂါးစာရင်း ဆီသို့ စူးရှစွာ ကျရောက်နေခဲ့ကြသည်။

ထို့နောက်တွင် ကောင်းကင်နဂါး စာရင်းပေါ်တွင် ရွှေရောင်အလင်းရောင်များ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နဂါးစာရင်းရှိ နာမည်များစွာသည်လည်း စတင် ပြောင်းလဲလာခဲ့၏။

တချို့သော နာမည်များက အောက်သို့ ရောက်ရှိသွားခဲ့ပြီး တချို့ကမူ အပေါ်သို့ မြင့်တက်လာခဲ့သည်။

"သခင်လေးရဲ့အဆင့်က အပေါ်ကို ရောက်လာခဲ့ပြီ"

၁၈၄ခုမြောက် စာကြောင်းကို စိုက်ကြည့်နေသော ရွှယ်ချင်းရို့သည် ကျန်းချန်၏ နာမည် စတင် မြင့်တက်လာသည်ကို မြင်လျှင် သူမ၏ လှပသော မျက်ဝန်းထဲ၌ အံ့အားသင့်သောအမူ အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"၁၈၃၊ ၁၈၂၊ ၁၈၁..."

ရွှယ်ချင်းရို့နှင့် မုန့်ဖျင်တို့၏ အကြည့်အောက်မှာပင် ကျန်းချန်၏ အဆင့်သည် ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဟုန်ဖြင့် တစ်ဟုန်ထိုး မြင့်တက်လာခဲ့၏။

အဆုံးသတ်တွင် ကျန်းချန်၏ အဆင့်သည် ၁၀ခုမြောက်စာကြောင်းအထိ တိုက်ရိုက် တက်လာခဲ့ပြီး ဤအဆင့်တွင် ရပ်တန့်သွားခဲ့သည်။

"အဆင့်(၁၀) - ကျန်းချန် (၄၉၇)မှတ်"

ရွှယ်ချင်းရို့နှင့် မုန့်ဖျင်တို့သည် တစ်ခဏမျှ မှင်တက်နေခဲ့ကြသည်။

ထို့နောက်တွင် သူတို့၏ အမူအရာများသည် ချက်ချင်းဆိုသလိုပင် အောင်နိုင်သူကဲ့သို့ ဖြစ်လာခဲ့ကြ၏။

ကျန်းချန်က စတုတ္ထမြောက် ကောင်းကင်နဂါးစာရင်းကို ထုတ်ပြန်ချိန်တွင် ရုတ်တရက် သူ၏ စွမ်းအားကို ထုတ်ဖော်ပြီး ထိပ်ဆုံး ၁၀ယောက် စာရင်းထဲကိုပင် ဝင်ရောက်လာလိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။

---------------

ပကတိနတ်ဘုရားအဆင့်သတ်မှတ်ချက်။

အဆင့်နိမ့် ပကတိနတ်ဘုရား၊

အလယ်အလတ် ပကတိနတ်ဘုရား၊

အဆင့်မြင့် ပကတိနတ်ဘုရား။

အဆင့်တစ်ဆင့်စီတွင် အစောပိုင်း၊ အလယ်အလတ်၊ နှောင်းပိုင်း၊ အထွတ်အထိပ် ဟူ၍ အဆင့်ငယ် လေးဆင့်ဖြင့် ထပ်မံပိုင်းခြားထားပါတယ်။

ကျန်းချန်က အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်းအဆင့်ပါ။

အခန်း(၁၅၃၁)ပြီး၏။

အခန်း(၁၅၃၂)

"ကျန်းချန်က ဘယ်သူလဲ.. သောက်ရမ်းကြမ်းတာပဲ.. ထိပ်ဆုံး၁၀ယောက် စာရင်းထဲတောင် ဝင်သွားပြီဟ"

"ဒီနာမည်က အဆင့်၁၀၀ ကျော်ကနေ ခုန်တက်လာတာကို ငါမြင်လိုက်ရတယ်"

"လခွမ်း အဆင့် ၁၀၀ကျော်ကနေ ထိပ်ဆုံး ၁၀ယောက် စာရင်းထဲကို ဝင်လာတယ်လား.. ဒီလူက မဖြစ်နိုင်တာကို လုပ်ပြခဲ့တာပဲ"

"............"

ရင်ပြင်ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူ အများအပြားသည် ထိပ်ဆုံး၁၀ယောက် စာရင်းထဲသို့ ဝင်လာသော ကျန်းချန်၏ နာမည်ကို တွေ့လျှင် မှင်တက်နေခဲ့ကြပြီး အချိန်အတော်ကြာမှသာ ပြန်လည် အသိဝင်လာကြသည်။

"ကျန်းချန်က တကယ်ပဲ ထိပ်ဆုံး၁၀ယောက် စာရင်းထဲကို ရောက်သွားခဲ့တယ်လား"

ရွှယ်ချိုးဟဲသည် ကောင်းကင်နဂါးစာရင်းတွင် အဆင့်(၁၀)နေရာ၌ ရပ်တည်နေသော ကျန်းချန်၏ နာမည်ကိုမြင်လျှင် သူမ မျက်လုံးကိုပင် မယုံကြည်နိုင်လုနီးပါး ဖြစ်နေခဲ့၏။

သူမက ရွှယ်ချင်းရို့နှင့်အတူ ရှိနေခဲ့၍ ကျန်းချန်၏ အဆင့်သတ်မှတ်ချက်ကို ရှင်းရှင်းလင်းလင်းပင် သိခဲ့သည်။

သိထားရမည့်အချက်မှာ လွန်ခဲ့သော ၁နာရီအကြာက ကျန်းချန်သည် အဆင့်(၁၈၄)တွင်သာ ရှိနေသေး၏။

သို့ရာတွင် ၁နာရီ အတွင်းမှာပင် ကျန်းချန်သည် အဆင့် (၁၈၄)ကနေ ထိပ်ဆုံး၁၀ယောက် စာရင်းကို တစ်ဟုန်ထိုး ခုန်တက်သွားခဲ့သည်။

"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ရွှယ်ချိုးဟဲက ခဏမျှ မှင်တက်သွားပြီးနောက်တွင် ကုလင်၏ နာမည်ကို လျင်မြန်စွာ စတင် ရှာဖွေခဲ့သည်။

ကုလင်၏ နာမည်က မူလနေရာကနေ ကျဆင်းသွားပြီး အဆင့်(၅၄)တွင် ရပ်တည်နေသည်ကို မြင်လျှင် သူမ၏ မျက်ဝန်းလေးတွင် စိုးရိမ်ပူပန်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"ကုလင် ရှင်ကြိုးစားမှဖြစ်မယ်"

ရွှယ်ချိုးဟဲက လက်အုပ်ချီလိုက်ပြီး သူမ၏ စိတ်နှလုံးထဲကနေ ကုလင်အတွက် တိတ်တဆိတ် ဆုတောင်းပေးလိုက်သည်။

ဓားပုံသဏ္ဌာန်တောင်တန်း ဧရိယာတွင် ကျန်းချန်သည် ကျင့်ကြံသူ ရာပေါင်းများစွာကြားတွင် တရကြမ်း တိုက်ခိုက်နေခဲ့သည်။

ပါရမီရှင် ရာပေါင်းများစွာသည် လူသတ်သမားတစ်ဦး ကဲ့သို့ ရုန့်ရင်းစွာ တိုက်ခိုက်နေသော ကျန်းချန်ကို ကြည့်ကာ အလွန်အမင်း ကြောက်ရွံ့နေခဲ့ကြသည်။

သို့ရာတွင် ကျန်းချန်က ကျင့်ကြံသူများကို ရှင်းလင်းကာ ရမှတ်များကို ရူးသွပ်စွာ ရယူနေသော အချိန်မှာပင် ဓားပုံသဏ္ဌာန် တောင်တန်း၏ ဧရိယာအပြင်ဘက်ရှိ အဝေးကောင်းကင်ယံကနေ ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါသည် ပျံ့နှံ့လာခဲ့သည်။

ရုတ်တရက် ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဓားအရှိန်အဝါကြောင့် ကျန်းချန်သည်ပင် မှင်တက်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် အနက်ရောင်ဓားရှည်ကို ကိုင်စွဲထားသော လူငယ်တစ်ဦးသည် အဝေးရှိ ကောင်းကင်ယံကနေ သူ့ဆီသို့ ပျံသန်း ရောက်ရှိလာခဲ့သည်။

ထိုလူငယ်က ကျန်းချန်ကို မထီမဲ့မြင် ကြည့်လိုက်ပြီး အထင်သေးစွာ ပြောလိုက်သည်။

"ကောင်လေး ဒါ ငါပိုင်လီကျန့်ရဲ့နေရာပဲ.. မင်းထွက်သွားလို့ရပြီ"

"လခွမ်း.. ဓားဘုရင်ပိုင်လီကျန့်ပါ ရောက်လာပြီဟ.. သူ ဒီကို ရောက်လာလိမ့်မယ်လို့ ငါမထင်ထားမိဘူး"

ကျင့်ကြံသူ အများအပြားသည် အနက်ရောင်ဓားရှည်ကို ကိုင်စွဲထားသော မျက်နှာထား ခပ်တည်တည်နှင့် လူငယ်ကိုကြည့်ကာ ထိတ်လန့်တကြား ရေရွတ်လိုက်ကြသည်။

ဓားဘုရင် ပိုင်လီကျန့်သည် မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့် ပါရမီရှင် သုံးပါးထဲမှ တစ်ပါး ဖြစ်သည်။

သူတို့ရှေ့မှ လူငယ်သည်လည်း ဘုရင် အဆင့် ပါရမီရှင် သုံးပါးနှင့်ပင် နှိုင်းယှဥ်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ယခု ထိုနှစ်ယောက်က ထိပ်တိုက် တွေ့ဆုံနေကြပြီ ဖြစ်ရာ သူတို့အနေဖြင့် ပွဲကြီးပွဲကောင်း ကြည့်ခွင့်ရတော့မည် မဟုတ်ပါလော။

"အစ်မချင်းယင် ဓားဘုရင် ပိုင်လီကျန့် ရောက်လာခဲ့ပြီ...ကျန်းချန်က သူ့ရဲ့ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား"

ရုတ်တရက် ထွက်ပေါ်လာသော ပိုင်လီကျန့်ကို ကြည့်ရင်း ရီကျီယွင်၏ လှပသော မျက်လုံးလေးတွင် စိုးရိမ်ပူပန်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"ငါလည်း မသိဘူး"

ရီချင်းယင်က မချိပြုံးပြုံးကာ ပြန်ဖြေလိုက်သည်။

မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့် ပါရမီရှင် ၃ပါးသည် အဆင့်နိမ့် ပကတိနတ်ဘုရားအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေသော ပါရမီရှင်များ ဖြစ်ကြသည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားက သာမန် အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်းအဆင့် ပါရမီရှင်များထက် များစွာ သာလွန်သော်လည်း ဘုရင်အဆင့် ပါရမီရှင် ၃ပါးနှင့် တိုက်ခိုက်နိုင်လောက်သည်အထိ အစွမ်းထက်မထက် ဆိုသည်ကို သူမလည်း အသေအချာ မသိပေ။

"ဓားဘုရင်ပိုင်လီကျန့် ဆိုတာ မင်းကိုး.. ဒါပေမဲ့ ဒါက ငါ့ရဲ့နေရာပဲ.. တကယ်တမ်း ထွက်သွားသင့်တဲ့သူက မင်းပဲလို့ ငါထင်တယ်"

ကျန်းချန်က မထီတရီပြုံးကာ ပြောလိုက်သည်။

"မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ"

ပိုင်လီကျန့်၏ ခက်ထန်သော မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ မြင့်တက်လာခဲ့သည်။

သူက ကျန်းချန်ကို တိုက်ခိုက်ရန် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မမြင်နိုင်သော ဓားစွမ်းအင်သည် ကောင်းကင်ယံကိုထိုးဖောက်သွားခဲ့ပြီး ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။

"မြေကမ္ဘာနဂါးမြို့တော်ရဲ့ ဓားဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ထိုက်တန်ပါပေတယ်.. ဒီဓားဥပဒေသက တကယ်ကို အစွမ်းထက်တာပဲ"

ပိုင်လီကျန့်၏ သာမန် တိုက်ခိုက်မှုလေးကပင် ဤမျှအထိအစွမ်းထက်နေသည်ကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ပိုင်လီကျန့်၏ ဓားဥပဒေသတွင် အောင်မြင်မှုသည် သူ့ထက်များစွာ သာလွန်၏။

၎င်း၏ ဓားဥပဒေသက သူကဲ့သို့ပင် ဒုတိယအဆင့်တွင် ရှိသော်လည်း တတိယအဆင့်နှင့် သိပ်မဝေးတော့ပေ။

ကျန်းချန်က အတွေးများ နေသော်လည်း လှုပ်ရှားမှု အရှိန်အဟုန်ကမူ နှေးကွေးသွားခြင်း မရှိချေ။

သူက သူ၏လက်ညှိုးမှဓားစွမ်းအင်ဖြင့် ပိုင်လီကျန့်၏ မမြင်နိုင်သော ဓားစွမ်းအင်ကို ပစ်ခတ်လိုက်သည်။

သူ၏ဓားစွမ်းအင်က အချိန်နှင့် နေရာလွတ်ကို ချက်ချင်းဆိုသလို ထိုး‌ဖောက်သွားခဲ့ပြီး ပိုင်လီကျန့်၏ ဓားစွမ်းအင်ကို ချေဖျက်ပစ်လိုက်သည်။

"ဝုန်း.."

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်မုန်တိုင်းသည် အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားခဲ့၏။

အဆုံးသတ်တွင် ပိုင်လီကျန့်၏ ဓားစွမ်းအင်သည် အစအနပင် မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။

"စိတ်ဝင်စားစရာပဲ.. မင်းက အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်းအဆင့်ပဲ ရှိသေးပေမဲ့ ဓားဥပဒေသ၊ နေရာလွတ်ဥပဒေသနဲ့ အချိန်ဥပဒေသ တို့ကို နားလည်ထားတာပဲ.. မြေကမ္ဘာနဂါးမြို့တော်မှာ ယန်ယွိနဲ့ ယုချိုးရွှေတို့ အပြင် မင်းလို လူမျိုး ရှိနေဦးမယ်လို့ ငါမထင်ထားခဲ့ဘူး.. ကောင်းပြီ.. ငါဒီနေ့ မင်းနဲ့ နည်းနည်းလောက် ကစားလိုက်မယ်"

ပိုင်လီကျန့်က အထင်သေးသော လေသံဖြင့် ပြောလိုက်၏။

ထို့နောက်တွင် ကောင်းကင်ကိုပင် တုန်ဟည်းစေသော ဓားခတ်သံများသည် ကမ္ဘာတစ်ခွင်လုံးတွင် ပဲ့တင်ထပ်လာခဲ့ပြီး ပိုင်လီကျန့်၏ အနက်ရောင်ဓားရှည်သည် နဂါးတစ်ကောင် ကဲ့သို့ ပိုင်လီကျန့်ကို ဗဟိုပြုကာ လှည့်ပတ်နေခဲ့သည်။

ဤအချိန်တွင် ပိုင်လီကျန့်သည် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး မျက်ဝန်းများက အေးစက်နေခဲ့၏။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြိုင်ဘက်ကင်း နတ်ဓားတစ်လက်နှင့်ပင် ဆင်တူနေခဲ့သည်။

"လွန်ခဲ့တဲ့ ၁၀နှစ်အတွင်းမှာ ငါ့ကို ဓားအသုံးပြုဖို့ အတွက် အတင်းအကျပ် ဖိအားပေးနိုင်ခဲ့တဲ့ ကျင့်ကြံသူ၂ယောက်ပဲ ရှိခဲ့ဖူးတယ်.. ဒါကြောင့် မင်းအနေနဲ့ ငါ့ရဲ့ဓားအောက်မှာ ရှုံးနိမ့်သွားရင် ဂုဏ်ယူလို့ရပြီ"

ပိုင်လီကျန့်က သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး လေထဲမှ သူ၏ အနက်ရောင် ဓားရှည်ကို ဆုပ်ကိုင်လိုက်သည်။

ထို့နောက်တွင် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ပေ၁၀၀၀ အကျယ်အဝန်းရှိ ကြီးမားသော နေရာလွတ်အက်ကွဲကြောင်း တစ်ခုသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

အဆုံးမဲ့ ပျက်စီးခြင်း အရှိန်အဝါများရှိသော အနက်ရောင်ဓားအလင်းသည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သည့် ပြိုင်ဘက်ကင်း ဓားချက်ကဲ့သို့ ကျန်းချန်ဆီ သက်ရောက်လာခဲ့၏။

ပိုင်လီကျန့်၏ ကြောက်မက်ဖွယ်ဓားချက်သည် ကျင့်ကြံသူ ရာပေါင်းများစွာ၏ စိတ်နှလုံးကိုပင် တုန်လှုပ်သွားစေခဲ့သည်။

မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့် ပါရမီရှင်၃ပါးသည် ပါရမီရှင် အားလုံး၏ အထက်တွင် ရပ်တည်နေသော ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြသည်။

ကျင့်ကြံသူ အများစုသည် ဘုရင်အဆင့် ပါရမီရှင်၃ပါးက အလွန်တရာ အစွမ်းထက်ပြီး သာမန် အစစ်အမှန် နဂါးအဆင့် ပါရမီရှင်များထက် များစွာ သာလွန်မှန်း သိထားသော်လည်း ဘုရင်အဆင့် ပါရမီရှင်၃ပါး၏ တိုက်ခိုက်မှုများကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

ယခုအခါတွင်မူ ပိုင်လီကျန့် ထုတ်ဖော်ခဲ့သော ဓားကွက်ကြောင့် သူတို့သည် ဘုရင်၃ပါးထဲမှ ဓားဘုရင် ပိုင်လီကျန့်၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းအစကို မြင်တွေ့ခွင့်ရခဲ့ချေပြီ။

ထိုဓားချက်သည် ဤနေရာတွင် ရှိသည့် လူတိုင်းကို အလွယ်တကူပင် သတ်ပစ်နိုင်လောက်သည် အထိ လုံလောက်၏။

"မင်းက ဓားဘုရင်ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်.. ဒီဓားကွက် တစ်ကွက်တည်းနဲ့တင် မင်းကို ဓားဘုရင်လို့ခေါ်ဆိုနိုင်တယ်.. ဒါပေမဲ့ ဒီဓားကွက်လောက်နဲ့ ငါ့ကို အနိုင်ယူချင်ရင်တော့ မဖြစ်နိုင်သေးဘူး"

ကျန်းချန်က လှောင်ရယ်၍ ပြောလိုက်ပြီး ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်သည်။

မျက်စိကျိန်းစပ်လောက်သော ရွှေရောင်အလင်းသည် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့ပြီး ကျန်းချန်၏ ဦးခေါင်းအထက်တွင် ဧရာမပုံရိပ် တစ်ခုအဖြစ် ချက်ချင်းဆိုသလို စုစည်းသွားခဲ့သည်။

ထိုပုံရိပ်မှာ ဟင်းလင်းပြင်ထဲတွင် အိပ်စက်နေသော ရှေးဟောင်းနဂါးတစ်ကောင်၏ ပုံရိပ်ဖြစ်ပြီး ထိုရှေးဟောင်းနဂါးထံကနေ ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

"ဖိနှိပ်စမ်း"

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏ဦးခေါင်းအထက်ရှိ စွမ်းအားများကို တိုက်ရိုက်ပင် ထိန်းချုပ်ကာ ဓားဘုရင် ပိုင်လီကျန့်၏ ဓားချက်ကို ရင်ဆိုင်လိုက်သည်။

အခန်း(၁၅၃၂)ပြီး၏။

အခန်း(၁၅၃၃)

ကျန်းချန် ထုတ်ဖော်လိုက်သော ကောင်းကင်ကိုပင် ဖိနှိပ်နိုင်သော စွမ်းအားသည် အနက်ရောင်ဓားအလင်းနှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။

"ဝုန်း.."

ကမ္ဘာကြီးက တုန်ခါသွားခဲ့ပြီး နေနှင့်လပင် ဗြောင်းဆန်သွားခဲ့၏။

မီတာထောင်ချီ အချင်းဝက်ရှိသော နေရာလွတ်သည် ပျက်စီးခြင်း မုန်တိုင်းကြောင့် ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့ပြီး နေရာလွတ် အပိုင်းအစ များစွာ အဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။

ပတ်ဝန်းကျင်မှ ကျင့်ကြံသူ အများအပြားသည် ပျက်စီးခြင်းမုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် အူယားဖားယားဖြင့် အဝေးသို့ ဆုတ်ခွာလိုက်ရသည်။

"သိုင်း.. သိုင်းစွမ်းအားပုံရိပ်ပါလား.. ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ပိုင်လီကျန့်က လေထဲတွင် ခြေ၃လှမ်း နောက်ဆုတ်ပြီးနောက်အထိတ်တလန့် ရေရွတ်လိုက်၏။

ဆန့်ကျင်ဘက်တွင် ဝင့်ကြွားစွာရပ်နေသော ကျန်းချန်ကို ကြည့်ရင်း အဆုံးသတ်တွင် သူ၏ မျက်နှာထက်၌ မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ယေဘုယျအားဖြင့် ပြောရလျှင် သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်ရန် ပကတိနတ်ဘုရားအဆင့် နည်းစနစ်နှင့် ကောင်းကင်နတ်ဘုရားအဆင့် နည်းစနစ်များကို ကျင့်ကြံရုံဖြင့် ဖော်ထုတ်နိုင်မည် မဟုတ်ပေ။

သိုင်းစွမ်းအားပုံရိပ်ကို နယ်မြေနတ်ဘုရားအဆင့် နည်းစနစ်မှသာလျှင် ထုတ်ဖော်နိုင်မည် ဖြစ်သည်။

သို့ရာတွင် သူသိထားသလောက်ဆိုရင် မြေကမ္ဘာနဂါးမြို့တော်မှ ကျင့်ကြံသူများသည် နယ်မြေနတ်ဘုရား အဆင့် နည်းစနစ်များကို ကျင့်ကြံရန် အရည်အချင်း မပြည့်မီကြပေ။

သို့ဆိုလျှင် ထိုကောင်လေးသည် သိုင်းစွမ်းအားပုံရိပ်ကို အဘယ်ကဲ့သို့ ပိုင်ဆိုင်ခဲ့ပါသနည်း။

ထို့အပြင် သူက သိုင်းစွမ်းအားပုံရိပ်ကို ရင်းနှီးနေသလို ခံစားခဲ့ရသည်။

ပိုင်လီကျန့်၏ မျက်ဝန်းများက အနည်းငယ် လှုပ်ရမ်းသွားခဲ့၏။

ခဏအကြာတွင် သူက ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားခဲ့သည်။

သူ၏ မျက်နှာထက်တွင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

"မင်းက ထိုက်စု အထွတ်အထိပ်နဂါးအသွင်ပြောင်း နည်းစနစ်ကို ကျင့်ကြံခဲ့တာလား"

ကျန်းချန် ထုတ်ဖော်လိုက်သော သိုင်းစွမ်းအားပုံရိပ်သည် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ ပထမ တိုက်ကွက် ဖြစ်နေသည်မှာ ထင်ရှား၏။

ထိုနည်းစနစ်က မပြည့်စုံသော နည်းစနစ်တစ်ခု ဖြစ်ပြီး ရှေးဟောင်းနဂါးမျိုးနွယ်စုပင် ထိုနည်းစနစ်က မည်သည့်အဆင့်တွင် ရှိမှန်း မသိပေ။

ထိုနည်းစနစ်က အပြည့်အစုံ မရှိသည့်အတွက် ရှေးဟောင်းနဂါးမျိုးနွယ်စုသည် ကောင်းကင်နတ်ဘုရားအဆင့် နည်းစနစ်အဖြစ် သတ်မှတ်ကာ မှော်ရတနာ စာရင်းစာအုပ်တွင် ထည့်သွင်းထားခဲ့သည်။

ဆိုရလျှင် မြေကမ္ဘာနဂါးမြို့တော်တွင် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်သာလျှင် သိုင်းစွမ်းအားပုံရိပ်ကို ဖြစ်ပေါ်စေနိုင်မည် ဖြစ်၏။

သို့သော်လည်း မြေကမ္ဘာနဂါးမြို့တော်၏ သမိုင်းတွင်မပြောနှင့်၊ ရှေးဟောင်းနဂါးမျိုးနွယ်စု တစ်ခုလုံး၏ သမိုင်းမှာပင် ထိုနည်းစနစ်ကို မည်သူကမှ အောင်မြင်စွာ ကျင့်ကြံနိုင်ခြင်း မရှိခဲ့ပေ။

သို့သော်လည်း သူ၏ရှေ့မှ ကောင်လေးကမူ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့၏။

"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ပိုင်လီကျန့်၏ မျက်လုံးများက တွေတွေကြီး ဖြစ်နေခဲ့ပြီး သူ့မျက်လုံးကိုပင် ကိုယ်တိုင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့၏။

သူက မြေကမ္ဘာနဂါးမြို့တော်တွင် ၁၅နှစ်ကြာ နေထိုင်ခဲ့သည့်တိုင် ဤကဲ့သို့ ထူးခြားသော ပါရမီရှင်တစ်ယောက် ရှိနေသည်ကို တစ်ခါမှ မကြားဖူးပေ။

ဤကောင်လေးသည် မည်သည့်နေရာက ရောက်လာပါသနည်း။

"အစ်မချင်းယင်.. ကျန်းချန် ကျင့်ကြံခဲ့တာက တကယ်ပဲ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်လား"

ကျီယွင်က အလွန်တရာ အံ့အားသင့်နေခဲ့ပြီး မျက်လုံးများပြူးကျယ်ကာ ကျွတ်ကျလုနီးပါးပင် ဖြစ်နေခဲ့၏။

"မြေကမ္ဘာနဂါးမြို့တော်မှာ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကပဲ သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်နိုင်တယ်.. ကျန်းချန် ကျင့်ကြံတဲ့နည်းစနစ်က ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ် မဟုတ်ရင် တခြား ဘာဖြစ်နိုင်ဦးမှာလဲ"

ရီချင်းယင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

သူမက စိတ်နှလုံးထဲမှ ထိတ်လန့်မှုများကို ထိန်းချုပ်လိုက်ကာ မချိပြုံး ပြုံးလိုက်၏။

ဤ၁နှစ်ကျော်အတွင်း ကျန်းချန်သည် အင်ပါယာနယ်ပယ်နှောင်းပိုင်းအဆင့်ကနေ ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ခဲ့ရုံသာမက မြေကမ္ဘာနဂါးမြို့တော်တွင် မည်သူကမှ အောင်မြင်စွာ မကျင့်ကြံနိုင်ခဲ့သည့် နည်းစနစ်ကိုပါ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။

ဤကောင်လေးသည် တကယ်ကို မွန်းစတား တစ်ကောင်ဟုပင် ဆိုရပေတော့မည်။

"ပိုင်လီကျန့် မင်းရဲ့အစွမ်းအစက ဒီလောက်ပဲ ဆိုရင်တော့ မင်းရဲ့အမှတ်တွေကို ငါ့ကို လိမ်လိမ်မာမာ ပေးအပ်လိုက်တော့"

လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်နေသောအချိန်မှာပင် ကျန်းချန်၏ အသံသည် လေထုထဲတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့သည်။

"ရှေးဟောင်းနဂါးမျိုးနွယ်စုမှာ ဘယ်သူကမှ အောင်မြင်စွာ မကျင့်ကြံနိုင်ခဲ့တဲ့ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ကျင့်ကြံနိုင်ခဲ့တယ် ဆိုတော့ မင်းရဲ့ပါရမီက တကယ်ကို ထူးချွန်တယ်ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ ပကတိနတ်ဘုရားအဆင့်ကို ကျော်ဖြတ်တာ သိပ်မကြာသေးတဲ့ မင်းရဲ့ အဆင့်လောက်နဲ့ ငါ့ရဲ့ရှေ့မှာ မောက်မာဖို့တော့ အရည်အချင်း မပြည့်မီသေးဘူး"

ပိုင်လီကျန့်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

ဤကောင်လေးသည် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည့် အပြင် တိုက်ခိုက်ရေးစွမ်းအားလည်း အလွန်တရာပင် ထူးချွန်၏။

သူတို့နှစ်ယောက်သာ အဆင့်တူများ ဆိုလျှင် သူက ကျန်းချန်ကို ကြောက်ရွံ့ကောင်း ကြောက်ရွံရပေလိမ့်မည်။

သို့သော်လည်း ထိုကောင်လေးသည် အဆင့်နိမ့် ပကတိနတ်ဘုရား နယ်ပယ်အဆင့်ကို မကြာသေးခင်ကမှ ထိုးဖောက်ခဲ့ခြင်း ဖြစ်သည်။

ကျန်းချန်က နယ်မြေနတ်ဘုရား အဆင့် နည်းစနစ်ထက် မနိမ့်သည့် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ကျင့်ကြံထားလျှင်ပင် သူ့ကဲ့သို့ အဆင့်နိမ့် ပကတိနတ်ဘုရား နယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူသည် အဘယ်ကြောင့် ကြောက်ရပါအံ့နည်း။

ဤကောင်လေး၏ စွမ်းရည်က မည်မျှပင် ဆန်းကြယ်နေပါစေ၊ သူက လုံးဝ ဂရုစိုက်နေမည်မဟုတ်ပေ။

ထိုခဏမှာပင် အနက်ရောင် အလင်းများသည် ပိုင်လီကျန့်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့ပြီး ပျက်စီးခြင်း အရှိန်အဝါများကို ထုတ်လွှတ်နေသည့် အနက်ရောင် ဓားတစ်စင်းသည် သူ၏ ကျောဘက်တွင် ဖြည်းဖြည်းချင်း စုဖွဲ့လာခဲ့သည်။

အနက်ရောင်ဓား ထွက်ပေါ်လာသည်နှင့်အမျှ ပိုင်လီကျန့်၏ အရှိန်အဝါသည်လည်း တစ်ဆင့် ထပ်မံ မြင့်တက်လာခဲ့ပြီး အဆင့်နိမ့် ပကတိနတ်ဘုရား အထွတ်အထိပ် အဆင့်ကို တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။

"နတ်ခန္ဓာပုံရိပ်ပါလား"

ပိုင်လီကျန့်၏ နတ်ခန္ဓာပုံရိပ်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

နတ်ခန္ဓာပုံရိပ်၏ လုပ်ဆောင်ချက်များသည် တစ်ခုနှင့်တစ်ခု မတူညီကြပေ။

ပိုင်လီကျန့်၏ နတ်ခန္ဓာပုံရိပ်ကမူ တိုက်ခိုက်သည့် နည်းစနစ်မဟုတ်ဘဲ လျှို့ဝှက်နည်းစနစ် တစ်ခုဖြင့် ဆင်တူနေခဲ့ပြီး ပိုင်လီကျန့်၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ဆင့် မြှင့်တင်ပေးနိုင်ပုံရ၏။

"ကမ္ဘာဖျက်ဓားချက်"

ပိုင်လီကျန့်က နတ်ခန္ဓာပုံရိပ်ဖြင့် သူ၏ ကိုယ်ပိုင်ခွန်အားကို အမြင့်ဆုံးအထိ မြှင့်တင်ပြီးနောက်တွင် သူ၏ လက်ထဲမှ အနက်ရောင်ဓားရှည်ကို ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် ပျက်စီးခြင်း အရှိန်အဝါများ ပြည့်နှက်နေသော ဓားအလင်းသည် ပိုင်လီကျန့်၏ ဓားရှည်ထံကနေ ပေါက်ကွဲထွက်လာခဲ့သည်။

ဓားအလင်းက လေထုကို ထိုးဖောက်သွားခဲ့ပြီး မီတာထောင်ချီရှည်လျားသည့် နေရာလွတ် အက်ကွဲကြောင်းများပင် ကျန်ရစ်စေခဲ့သည်။

ထိုနေရာလွတ် အက်ကွဲကြောင်းကြောင့် ကောင်းကင်ယံက ပြိုကျပြီး စကြာဝဠာပင် ကပြောင်းကပြန် ဖြစ်သွားခဲ့သည်။

လေထုတစ်ခုလုံးသည်လည်း ပျက်စီးခြင်း အရှိန်အဝါရှိသည့် ဓားအလင်းကြောင့် ဘာမှမကျန်ရှိတော့ဘဲ ကမ္ဘာပျက်မတတ်ပင် ဖြစ်သွားခဲ့၏။

"ဝိုး ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ဓားချက်လဲ"

"ဓားဘုရင် ပိုင်လီကျန့်ရဲ့ ခွန်အားက တကယ်ကို ကြောက်စရာကောင်းတာပဲ.. ဒီဓားချက်က အလယ်အလတ်အဆင့် ပကတိနတ်ဘုရား တစ်ပါးတောင် ခုခံဖို့ မလွယ်လောက်ဘူး"

"........"

ကျင့်ကြံသူ အများအပြားက ပိုင်လီကျန့် ထုတ်ဖော်လိုက်သောဓားချက်ကို ကြည့်ကာ ထိတ်လန့်နေခဲ့ကြသည်။

ဓားဘုရင် ပိုင်လီကျန့်သည် ဆယ်စုနှစ် တစ်ခုကျော်အတွင်း မြေကမ္ဘာနဂါးမြို့တော်၏ နံပါတ်(၁) ဓားပါရမီရှင် တစ်ဦး ဖြစ်၏။

သူ၏ဓားကွက်ကို မြေကမ္ဘာနဂါးမြို့တော်၏ တခြား ဘုရင်အဆင့် ပါရမီရှင် နှစ်ဦးပင် အလွယ်တကူ ခုခံနိုင်မည် မဟုတ်ပေ။

သို့ဖြစ်ရာ သူတို့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင် လူငယ်လေးသည် ပိုင်လီကျန့်၏ ဖိနှိပ်မှုကနေ လွတ်မြောက်ရန် မလွယ်ကူလောက်တော့ပေ။

"ကျီအာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ.. ငါကျန်းချန်ကို သွားကူညီလိုက်မယ်"

ရီချင်းယင်၏ မျက်နှာအမူအရာက လေးနက်နေခဲ့သည်။

ပိုင်လီကျန့်၏ အစွမ်းအထက်ဆုံး ဓားကွက်သည် အမှန်တကယ်ကိုပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၏။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က ထူးခြားသော်လည်း ကျင့်ကြံခြင်းအဆင့်က အနည်းငယ် နိမ့်ကျနေ၍ ထိုဓားချက်ကို တားဆီးနိုင်မည် မဟုတ်လောက်ပေ။

ဆိုရလျှင် ကျန်းချန်သည် သူမ၏ မိတ်ဆွေ အနည်းငယ်ထဲမှ တစ်ဦးဖြစ်ရာ သူမ အနေဖြင့် ပိုင်လီကျန့်၏ လက်ထဲတွင် ကျန်းချန် ရှုံးနိမ့်မည်ကို ထိုင်ကြည့်နေမည် မဟုတ်ပေ။

ထို့အပြင် ကျန်းချန် ရှုံးနိမ့်သွားသည်နှင့် ပိုင်လီကျန့်၏ အေးစက်စက် ပင်ကိုစရိုက်ကြောင့် သူမ သည်လည်း ပိုင်လီကျန့်၏ လက်ထဲကနေ လွတ်မြောက်နိုင်မည် မဟုတ်လောက်ချေ။

သူမက ယခုအချိန်ထိ လက်ကောက်ပေါ်မှ အသက်ကယ် အနီရောင်မျဥ်းကို အသုံးမပြုရသေး၍ ပြိုင်ပွဲကနေ ဖယ်ထုတ်ခံရမည်တော့ မဟုတ်ပေ။

သို့သော်လည်း သူမသည် သူမ ခက်ခက်ခဲခဲ စုဆောင်းထားသည့် ရမှတ်များကို ပိုင်လီကျန့် လုယူသွားသည်အား မလိုချင်ခဲ့ချေ။

ထို့ကြောင့် သူမ အတွက်ရော၊ ကျန်းချန်အတွက်ပါ သူမအနေဖြင့် ကျန်းချန်ကို မဖြစ်မနေ ကူညီရလိမ့်မည် မဟုတ်ပါလော။

"ချင်းယင်.. မြေကမ္ဘာနဂါးမြို့တော်ရဲ့ ဘုရင်သုံးပါးထဲက တစ်ပါးဖြစ်တဲ့ ဓားဘုရင်က ငါ့မျက်စိထဲမှာ သာမန်လောက်ပါပဲ.. မင်းဝင်ပါစရာမလိုဘူး.. ငါသူ့ကို ဘယ်လိုရှုံးနိမ့်အောင် လုပ်မလဲဆိုတာကိုသာ မင်းအေးအေးဆေးဆေး စောင့်ကြည့်စမ်းပါ"

ရီချင်းယင်၏ ဝင်ကူတော့မည့် အပြုအမူကို မြင်လျှင် ကျန်းချန်က တည်ငြိမ်စွာပင် လှမ်းပြောလိုက်သည်။

ထို့နောက်တွင် ဥပဒေသ ၇မျိုး၏ စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ထဲကနေ တစ်ချိန်တည်းမှာပင် အလျင်အမြန် ထွက်ပေါ်လာခဲ့၏။

အခန်း(၁၅၃၃)ပြီး၏။

All Chapters