← Chapters

အခန်း (၁၅၃၇-၁၅၃၉)

Vol. 103 Ch. 1537-1539

အခန်း (၁၅၃၇-၁၅၃၉)

Vol. 103 Ch. 1537-1539

အခန်း(၁၅၃၇)

နေရာလွတ်နယ်မြေ၏ အထက်တွင် ကောင်းကင်နတ်ဘုရားအဆင့် အကြီးအကဲသုံးဦးသည် ကျန်းချန်တို့၏ တိုက်ပွဲကိုကြည့်ရှုနေခဲ့ကြသည်။

"ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲမှာ ဒီလိုအံ့သြစရာကောင်းတဲ့ တိုက်ပွဲမျိုး မဖြစ်ပေါ်တာ အတော်လေးကြာခဲ့ပြီ.. ဒီကောင်လေး၂ယောက်မှာ ဘယ်သူနိုင်မယ်လို့ ထင်လဲ"

နန်းဝတ်နန်းစားကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးက အောက်ဘက်ရှိ အခြေအနေကိုကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

သူမက ကောင်းကင်နဂါး မြို့တော် ဝင်ခွင့်စမ်းသပ်ပွဲကို ၁၀ကြိမ်ထက် မနည်း ဦးဆောင် ကျင်းပခဲ့သော်လည်း ယခုတစ်ကြိမ် ကဲ့သို့ အံ့သြစရာကောင်းသော ကောင်းကင်နဂါးမြို့တော်ဝင်ခွင့် စမ်းသပ်ပွဲကို တစ်ခါမှ မကြုံဖူးပေ။

ယခင် ကျင်းပခဲ့သော ကောင်းကင်နဂါး မြို့တော် ဝင်ခွင့် စမ်းသပ်ပွဲများတွင် ဘုရင်အဆင့် ပါရမီရှင်များသည် အချင်းချင်း အလွယ်တကူ မတိုက်ခိုက်ခဲ့ကြပေ။

အစစ်အမှန် နဂါးအဆင့် ပါရမီရှင်များကြားမှ တိုက်ပွဲပင် သိပ်မရှိ၍ အလွန်ပင် ပျင်းရိစရာ ကောင်းလွန်းလှ၏။

ယခုတစ်ကြိမ်တွင်မူ ပထမဆုံးနေ့မှာပင် တိုက်ပွဲကြီး၂ပွဲဖြစ်ပွားခဲ့ပြီ မဟုတ်ပါလား။

"ဒါက ပြောနေစရာလိုသေးလို့လား.. ကျန်းချန်က သန်မာတယ်ဆိုပေမဲ့လည်း မကြာသေးခင်ကမှ အဆင့်နိမ့် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ခဲ့တယ်.. အဆင့်နိမ့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်မှာ ရှိတဲ့ ယန်ယွိနဲ့ နှိုင်းယှဥ်ရင် သူက တစ်ဆင့်ကျော်လောက် လိုအပ်နေသေးတယ် သူ့အနေနဲံ ဘယ်လိုလုပ်ပြီး ယန်ယွိကို အနိုင်ရနိုင်မှာလဲ"

အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးက အထင်သေးစွာ ပြောလိုက်သည်။

"အဲဒီလိုတော့ပြောလို့မရဘူး.. ယန်ယွိက ကျင့်ကြံခြင်းအဆင့်ပိုမို မြင့်မားတယ်ဆိုပေမဲ့ သူ့ရဲ့ နတ်ခန္ဓာပုံရိပ်က ပိုင်လီကျန့်နဲ့အတူတူလောက်ပဲ.. ကျန်းချန်ကတော့ နတ်ခန္ဓာပုံရိပ်၊ ကျင့်ကြံခြင်းနည်းစနစ်တွေနဲ့ ကိုယ်ခံပညာ ဥပဒေသတွေကို နားလည်မှုမှာ ယန်ယွိထက် အများကြီး ပိုမိုအားကောင်းတယ်.. ဒါတွေက သူနဲ့ယန်ယွိကြားက ကွာဟချက်ကို လုံးဝ ဖြည့်တင်းနိုင်ဖို့ လုံလောက်တယ်"

ရွှေရောင်ဝတ်စုံဝတ် အမျိုးသားက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် အနီရောင်ဝတ်စုံဝတ် အမျိုးသမီးက မဲ့ပြုံးပြုံးလိုက်ပြီး ထပ်မံ စကားမပြောတော့ပေ။

ရွှေရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ပြောစကားက မှန်ကန်ကြောင်း သူမ ကောင်းစွာသိသည်။

သို့သော်လည်း ယန်ယွိသည် သူမတို့ မိသားစု၏ အထူးချွန်ဆုံး ပါရမီရှင်တစ်ဦးဖြစ်ပြီး သာမန်လူတစ်ဦး မဟုတ်ပေ။

သူမသည် ယန်ယွိ၏ ခွန်အားကို ကောင်းစွာ နားလည်ထားခဲ့၏။

ယန်ယွိ တတ်ကျွမ်းထားသော နတ်စွမ်းအားများဖြင့် ဆိုလျှင် ကျန်းချန်ကို အနိုင်မယူနိုင်လျှင်ပင် အနည်းဆုံးတော့ ရှုံးနိမ့်နိုင်မည် မဟုတ်ချေ။

အကြီးအကဲသုံးဦး စကားပြောဆိုနေစဥ်မှာပင် နေရာလွတ်နယ်မြေအတွင်းမှ ကျန်းချန်နှင့် ယန်ယွိတို့၏ ရွှေရောင်ဓားရိပ်နှင့် ယင်ယန်ထိုက်ကျိမီးလျှံတို့သည် အဆုံးသတ်တွင် လေထုအလယ်၌ ပြင်းပြင်းထန်ထန်ပင် ထိပ်တိုက် တွေ့ဆုံသွားခဲ့ကြသည်။

"ဝုန်း.."

ကောင်းကင် တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေသော ကျယ်လောင်သည့် အသံသည် ရုတ်တရက် ကောင်းကင်ယံကနေ ထွက်ပေါ်လာခဲ့သည်။

မီတာထောင်ပေါင်းများစွာ အကျယ်အဝန်းရှိသော နေရာလွတ်သည် ပြင်းထန်သော ထိုးနှက်ချက်ဖြင့် ထိခိုက်ခံရသည့် မှန်ကဲ့သို့ ချက်ချင်းဆိုသလို အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့ပြီး ဧရာမ အနက်ရောင် တွင်းနက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဓားစွမ်းအင်နှင့် မီးလျှံစွမ်းအင်များ ပါဝင်သော မရေမတွက်နိုင်သည့် ပျက်စီးခြင်း စွမ်းအင်မုန်တိုင်းများသည် သူတို့နှစ်ဦးကို ဗဟိုပြုကာ နေရာအနှံ့သို့ တိုက်ခတ်သွားခဲ့၏။

ထို့နောက်တွင် ကျန်းချန်နှင့် ယန်ယွိတို့သည် ပျက်စီးခြင်းစွမ်းအင်မုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် မီတာထောင်ပေါင်း များစွာအထိ နောက်ဆုတ်လိုက်ရသည်။

"ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ နတ်ခန္ဓာပုံရိပ်လဲ"

ဤအချိန်တွင် ကျန်းချန်ကိုကြည့်နေသော ယန်ယွိ၏ မျက်ဝန်းထဲတွင် ထိတ်လန့် တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ထိုလူငယ်သည် သူ၏ အင်အား အကုန်သုံးကာ ထုတ်ဖော်ထားသည့် ယင်ယန်ထိုက်ကျိမီးလျှံကိုပင် နတ်ခန္ဓာပုံရိပ်ကို အားကိုး၍ ယှဥ်ပြိုင်နိုင်ခဲ့သည်။

ဤမျှအားကောင်းသော နတ်ခန္ဓာပုံရိပ်သည် အနည်းဆုံး ဘုရင်အဆင့် အထွတ်အထိပ် နတ်ခန္ဓာပုံရိပ် ဖြစ်နိုင်ပြီး အင်ပါယာအဆင့်သို့ပင် ရောက်ကောင်း ရောက်နေနိုင်၏။

ကံကောင်းစွာဖြင့် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။

သို့မဟုတ်လျှင် သူ့အနေဖြင့် ဤလူငယ်၏ ပြိုင်ဘက် မဖြစ်နိုင်မှာကိုပင် စိုးရိမ်နေမိသည်။

"ကျန်းချန်.. မင်းရဲ့နတ်ခန္ဓာပုံရိပ်က တကယ်ကို အားကောင်းတယ်.. ဒါက မင်းပိုင်လီကျန့်ကို အနိုင်ယူခဲ့တဲ့ အဓိက အားသာချက် ဖြစ်မယ်လို့ ငါထင်တယ်"

ယန်ယွိ၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်ကို လှောင်ပြုံးဖြင့် စူးစိုက်ကြည့်လိုက်သည်။

"ဒါပေမဲ့ နတ်ခန္ဓာပုံရိပ်က မင်းရဲ့ နောက်ဆုံးဝှက်ဖဲ ဆိုရင်တော့ ကောင်းကင်နဂါးစာရင်းရဲ့ထိပ်ဆုံးနေရာကို ငါ့ဆီ ပြန်ပေးရလိမ့်မယ်"

"မင်းက ငါ့ရဲ့ နောက်ဆုံးဝှက်ဖဲကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ ကောင်းကင်နဂါး စာရင်းရဲ့ နံပါတ်(၁)နေရာကို ပြန်လိုချင်ရင်တော့ မင်းမှာ အဲဒီလို စွမ်းရည်ရှိမရှိ ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်"

ကျန်းချန်က ဝင့်ကြွားစွာ ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ကြောက်မက်ဖွယ် အစွမ်းထက်သော ကိုယ်ခံပညာ ဥပဒေသများကို ထုတ်ဖော်လိုက်သည်။

ဓားဥပဒေသဒုတိယအဆင့်၊

မီးဥပဒေသ ဒုတိယအဆင့်၊

မိုးကြိုးဥပဒေသ ဒုတိယအဆင့်၊

လေဥပဒေသ ဒုတိယအဆင့်၊

အချိန်ဥပဒေသ ဒုတိယအဆင့်၊

နေရာလွတ် ဥပဒေသ ဒုတိယအဆင့်၊

အသက်ဥပဒေသ ဒုတိယအဆင့်"

ဒုတိယအဆင့်သို့ ရောက်ရှိနေသော ကိုယ်ခံပညာ ဥပဒေသ ၇မျိုးသည် လေထုထဲတွင် တစ်ခုနှင့်တစ်ခု ရောယှက်သွားခဲ့ပြီး အဆုံးသတ်တွင် သက်တန့်ရောင်များ တောက်ပနေသော ရှေးဟောင်း ဓားတစ်လက် အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲကာ ကျန်းချန်၏ လက်ဖဝါးထဲသို့ ရောက်ရှိသွားခဲ့သည်။

"ကိုယ်ခံပညာ ဥပ‌ဒေသ ၇မျိုးလုံးက ဒုတိယအဆင့်ကို ရောက်ရှိနေပါလား.. ဒါ ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ကျန်းချန် တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်သော ကိုယ်ခံပညာဥပဒေသ ၇မျိုးကို မြင်လျှင် ယန်ယွိ၏ မျက်ဝန်းများသည် မှေးမိန်သွားခဲ့ပြီး မယုံကြည်နိုင်လောက်အောင် အံ့သြတုန်လှုပ်သော အမူအရာများသည် အဆုံးသတ်တွင် သူ၏မျက်နှာထက်၌ ပေါ်လာခဲ့သည်။

ကိုယ်ခံပညာ ဥပဒေသစွမ်းအားများသည် မတူညီသော လမ်းစဥ်များ ဖြစ်ကြသည်။

ဤကမ္ဘာပေါ်ရှိ ကျင့်ကြံသူ အများစုသည် ပကတိနတ်ဘုရား နယ်ပယ်အဆင့်သို့ ရောက်သောအခါတွင် လမ်းစဥ်တစ်ခုတည်းကိုသာ လေ့ကျင့်ရန် ရွေးချယ်ကြလေ့ ရှိသည်။

ပကတိ နတ်ဘုရားနယ်ပယ်အဆင့်တွင် လမ်းစဥ်မျိုးစုံကို ကျင့်ကြံနေရန် မလိုအပ်ပေ။

ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်သို့ ရောက်ရှိမှသာလျှင် လမ်းစဥ်မျိုးစုံကို ကျင့်ကြံကြလေ့ ရှိ၏။

ကောင်းကင်နတ်ဘုရားအဆင့် ပုဂ္ဂိုလ်တစ်ဦးသည် လမ်းစဥ်တစ်ခု၏ ပင်မ သဘောတရားကို နားလည်ခဲ့လျှင် ပထမအဆင့် ကောင်းကင်နတ်ဘုရားဟု သတ်မှတ်နိုင်မည် ဖြစ်သည်။

ထို့အပြင် လမ်းစဥ်တစ်ခု၏ ပင်မ သဘောတရားကို ထပ်မံနားလည်လေလေ နောာက်ထပ် အဆင့်များသို့ တတ်နိုင်လေလေ ဖြစ်၏။

ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားများသည် နယ်မြေနတ်ဘုရားများကိုပင် တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။

သို့‌သော်လည်း ကောင်းကင်နတ်ဘုရားအဆင့်သည် ပကတိနတ်ဘုရားအဆင့် အတွက် အလွန်ပင် အလှမ်းဝေးလွန်းလှ၏။

သူကဲ့သို့ ပါရမီရှင် တစ်ဦးပင် ဥပဒေသ ၃မျိုး သို့မဟုတ် ၄မျိုးကို နားလည်သော်လည်း မီးစွမ်းအားကိုသာ အဓိကအားဖြင့် ကျင့်ကြံခဲ့၏။

ပကတိနတ်ဘုရားတစ်ပါး၏ သက်တမ်းမှာ နှစ်တစ်သိန်းသာရှိ၍ စွမ်းအင်နှင့် အချိန်သည် အကန့်အသတ် ရှိသည်။

နောက်ထပ် လမ်းစဥ်တစ်ခုကို လေ့ကျင့်လျှင် အထောက်အကူပြုနိုင်မည့် ပါရမီ မလုံလောက်ပါက အချိန်၂ဆခန့် ပေးဆပ်ရလိမ့်မည် ဖြစ်သည်။

သူ၏ ပါရမီဖြင့်ဆိုလျှင် လမ်းစဥ်တစ်ခု ထဲကို အဓိကထား၍ ကျင့်ကြံလျှင် နှစ်ပေါင်းတစ်သိန်း အတွင်း မီးလမ်းစဥ်၏ ဥပဒေသကို တတိယအဆင့်အထိ ကျင့်ကြံနိုင်မည် ဖြစ်ပြီး မီးစွမ်းအင်၏ ပင်မသဘောတရားကို နားလည်ကာ ကောင်းကင်နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်လိမ့်မည် ဖြစ်၏။

အကယ်၍ လမ်းစဥ်နှစ်ခုကို ကျင့်ကြံပြီး အချိန်များစွာဖြုန်းတီးမိခဲ့လျှင် ပကတိနတ်ဘုရား နယ်ပယ်အဆင့်တွင်သာ တစ်သက်တာလုံး သောင်တင်သွားနိုင်ပေသည်။

ထို့ကြောင့် ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူ အများစုသည် ကောင်းကင်နတ်ဘုရားအဆင့်ကို တက်လှမ်းရန် အတွက် လမ်းစဥ်တစ်ခုတည်းကို သာလျှင် လေ့ကျင့်ရန် ရွေးချယ်ခဲ့ကြ၏။

ကောင်းကင်နတ်ဘုရား တစ်ပါး၏ သက်တမ်းသည် နှစ်သန်းချီ ရှိသည်။

ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်မှသာလျှင် တခြားသော လမ်းစဥ်များကို ကျင့်ကြံပြီး ပိုမိုမြင့်မားသော နယ်ပယ် အဆင့်များသို့ တက်လှမ်းသင့်သည် မဟုတ်ပါလား။

မှန်ပါသည်။ ပကတိနတ်ဘုရား နယ်ပယ်အဆင့်တွင် လမ်းစဥ်မျိုးစုံကို တစ်ချိန်တည်း လေ့ကျင့်ပြီး ပင်မသဘောတရား မျိုးစုံကို နားလည်ထားသော မွန်းစတားဆန်သည့် ပါရမီရှင်များ မရှားပေ။

ထိုကဲ့သို့သော မွန်းစတားများသည် ကောင်းကင်နတ်ဘုရား အဆင့်ကို တက်လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ပထမအဆင့် ကောင်းကင်နတ်ဘုရား အဆင့်ထက် ပိုမို မြင့်မားသော နယ်ပယ်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်၏။

ယေဘုယျအားဖြင့် ပကတိနတ်ဘုရားနယ်ပယ် အဆင့်တွင် တစ်ချိန်တည်းမှာပင် လမ်းစဥ်နှစ်ခု သို့မဟုတ် သုံးခုကို လေ့ကျင့်နိုင်သူများသည် နတ်ဆိုးများဟု ခေါ်ဆို၍ ရနေပြီ ဖြစ်သည်။

သူ့ရှေ့မှ လူငယ်ကမူ ဒုတိယအဆင့်သို့ ရောက်ရှိနေ‌သော ကိုယ်ခံပညာ ဥပဒေသ ၇မျိုးကို တစ်ထိုင်တည်း လေ့ကျင့်ထားခဲ့သည်။

ဤအချိန်တွင် မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့် ပါရမီရှင် သုံးပါးအနက် နံပါတ်(၁)ဖြစ်သော မီးဘုရင် ယန်ယွိသည် ထိတ်လန့် တုန်လှုပ်နေခဲ့သည်။

ထိုကောင်လေးသာ ဤအတိုင်း ဆက်လက် ကျင့်ကြံနေမည်ဆိုလျှင် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်လိုက်သည်နှင့် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား အဆင့်ကို တစ်ရှိန်ထိုး ရောက်ရှိသွားနိုင်သည် မဟုတ်ပါလော။

ယန်ယွိ ထိတ်လန့် တုန်လှုပ်နေစဥ်မှာပင် ကျန်းချန်၏ ကြုံးဝါးသံသည် ရုတ်တရက် သူ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။

"မီးဘုရင်ယန်ယွိ.. ကောင်းကင်နဂါးစာရင်းရဲ့ ထိပ်ဆုံးနေရာကို ပြန်လိုချင်တယ် ဆိုရင်တော့ ငါ့ရဲ့ဓားချက်ကို ခံနိုင်မှပဲ ဖြစ်နိုင်လိမ့်မယ်"

စကားသံ အဆုံးသတ်သည်နှင့် ကျန်းချန်က သူ၏ လက်ထဲရှိ ဟန်ယွမ်ဓားဖြင့် ယန်ယွိကို ချက်ချင်းဆိုသလို ခုတ်ချလိုက်သည်။

အခန်း(၁၅၃၇)ပြီး၏။

အခန်း(၁၅၃၈)

ကျန်းချန်က ဓားကို ဝှေ့ယမ်းလိုက်ရာ သက်တန့်ရောင်ဓားအလင်းသည် လေထုကို ထိုးဖောက်သွားခဲ့ပြီး ကမ္ဘာလောကရှိ နေနှင့်လကိုပင် အရောင်မှိန်သွားစေခဲ့သည်။

ဥပဒေ၇မျိုးဖြင့် ပေါင်းစပ်ထားသော ဓားချက်ကိုမြင်လျှင် ယန်ယွိ၏အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"ယင်ယန်ထိုက်ကျိနတ်မီးလျှံ"

ယန်ယွိက သူ၏ စွမ်းအားကို အစွမ်းကုန်အထိ လှုံ့ဆော်လိုက်ရာ အနီရောင် နတ်မီးလျှံနှင့် အနက်ရောင် ဖျက်ဆီးခြင်းမီးလျှံတို့သည် ထပ်မံ ပေါင်းစပ်သွားခဲ့သည်။

မီးလျှံနှစ်မျိုးသည် ချက်ချင်းပင် ပေါင်းစပ်သွားခဲ့ပြီး အဆုံးသတ်၌ မီးလျှံများဖြင့် တောက်ပနေသော ထိုက်ကျိကားချပ် တစ်ခုအဖြစ်သို့ ပြောင်းလဲကာ သက်တန့်ရောင်ဓားအလင်းကို ရင်ဆိုင်လိုက်၏။

"ဝုန်း.."

သက်တန့်ရောင် ဓားအလင်းက မီးလျှံများဖြင့် တောက်ပနေသော ထိုက်ကျိကားချပ် ပေါ်သို့ ကျရောက်သွားခဲ့ပြီး ၂ပိုင်း ဖြတ်ပစ်လိုက်သည်။

ထို့နောက်တွင် သက်တန့်ရောင် ဓားအလင်းသည် အရှိန်မသေသေးဘဲ ယန်ယွိဆီသို့ ထပ်မံ ကျရောက်လာခဲ့၏။

"နတ်ခန္ဓာပုံရိပ် ကောင်းကင်မီးအကာအကွယ် စုစည်းစမ်း"

ယန်ယွိ၏ အမူအရာက ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲ သွားခဲ့သည်။

သူက နတ်ခန္ဓာပုံရိပ်ကို လျင်မြန်စွာ လှုံ့ဆော်လိုက်ရာ နက်ရှိုင်းသော မီးလျှံတစ်ခုသည် သူ၏ ကျောဘက်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုမီးလျှံက မီးလျှံအကာအကွယ် တစ်ခုအဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ယန်ယွိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်လိုက်၏။

တစ်ချိန်တည်းမှာပင် သက်တန့်ရောင် ဓားအလင်းသည် ယန်ယွိကို ဖုံးအုပ်ထားသော မီးလျှံအကာအကွယ် ပေါ်သို့ ကျရောက်လာခဲ့သည်။

ကမ္ဘာလောကတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေသော ပေါက်ကွဲသံသည် ချက်ချင်းပင် ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများသည် လေထုတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားခဲ့သည်။

ယန်ယွိ၏ ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ မီးလျှံအကာအကွယ်သည် အနည်းငယ်မျှသာ တုန်ခါသွားခဲ့ပြီး သက်တန့်ရောင်ဓားအလင်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို တွန်းလှန်နိုင်ခဲ့၏။

"ကျန်းချန်.. မင်းရဲ့ ဒုတိယအဆင့်ကို ရောက်နေတဲ့ ဥပဒေသ ၇မျိုးက တကယ်ကို အားကောင်းတယ်.. ဒါပေမဲ့ ငါ့ရဲ့ နတ်ခန္ဓာပုံရိပ်က အကာအကွယ် စွမ်းအားတစ်ခု ဖြစ်တဲ့အတွက် မင်းငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး.. ငါတို့ ဆက်လက် တိုက်ခိုက်နေမယ်ဆိုရင် ငါတို့ နှစ်ဦးစလုံးပဲ နစ်နာလိမ့်မယ်.. ငါတို့ရဲ့တိုက်ပွဲကို ဒီမှာပဲ ရပ်လိုက်ကြရအောင်"

ယန်ယွိက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီးနောက်တွင် ကျန်းချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ဆိုလျှင် ထိုကောင်လေးကို အနိုင်ယူကာ ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးနေရာကို ပြန်လည် ရရှိရန်မှာ မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် သူ့အနေဖြင့် ဤနေရာတွင် ကျန်းချန်နှင့် ဆက်လက် အချိန်ဖြုန်းနေစရာ အကြောင်းမရှိတော့ပေ။

"မင်းပြောတာ ငါလက်ခံပါတယ်.. ဒါပေမဲ့ မင်းက ငါ့ရဲ့အချိန်တွေ အများကြီးကို ဖြုန်းတီးခဲ့တဲ့ အတွက် မင်းငါ့ကို လျော်ကြေး အနည်းငယ် ပေးသင့်တယ်လို့ မထင်ဘူးလား"

ကျန်းချန်က မထီတရီပြုံးကာ ပြောလိုက်သည်။

"မင်းရဲ့ လက်ကောက်အပေါ်က အမှတ်တွေ ငါ့ကိုပေးလိုက်.. ဒါဆိုရင် မင်းသွားလို့ရပြီ"

"ကျန်းချန်.. မင်းက တအားအနိုင်ကျင့်လွန်းတယ်"

ကျန်းချန်၏ စကားကိုကြားလျှင် ယန်ယွိ၏ မျက်နှာထက်တွင် ဒေါသရိပ်နှင့် ခံပြင်းသော အမူအရာများ ထွက်ပေါ်လာခဲ့သည်။

"မင်းကို ငါက တကယ်ပဲ ကြောက်နေတယ်လို့ ထင်နေတာလား"

သူက မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့် ပါရမီရှင်သုံးပါးထဲတွင် နံပါတ်(၁) နေရာ၌ ရှိသူဖြစ်သည်။

ယခုလို ငြိမ်းချမ်းရေးကို ကမ်းလှမ်းသည်မှာ ထိုကောင်လေးကို မျက်နှာသာပေးလိုက်ခြင်းပင်။

သို့ရာတွင် ထိုကောင်လေးသည် အကောင်းအဆိုးကို နားမလည်ဘဲ သူ့ဆီမှ ရမှတ်များကိုပါ လုယူရန် ကြိုးစားနေခဲ့ကာ ယန်ယွိအနေဖြင့် အဘယ်ကဲ့သို့ စိတ်မဆိုးဘဲ နေနိုင်အံ့နည်း။

"ငါက တအားအနိုင်ကျင့်တယ် ဟုတ်လား.. ငါ့ကို ပြဿနာရှာဖို့ မင်းဘာသာမင်း ဒီကိုပြေးလာခဲ့တာ မေ့နေပြီလား.. အခု တိုက်လို့ မနိုင်တော့မှ နောက်ဆုတ်ဖို့ လာကမ်းလှမ်းတယ်.. ဟက်.. ဒီလိုတော့ ဘယ်ရမလဲ"

ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။

"အပိုစကားတွေ ထပ်မပြောနဲ့တော့.. မင်းရဲ့အမှတ်တွေကို လိမ်လိမ်မာမာပေးလိုက်.. ငါကိုယ်တိုင် မင်းကို အတင်းအကျပ်ဖိအားမပေးရစေနဲ့"

"ကောင်းတယ် သိပ်ကောင်းတယ်"

ယန်ယွိက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

"ကျန်းချန်.. မင်းက အဆုံးထိ တိုက်ခိုက်ချင်နေမှတော့ ငါမင်းနဲ့တိုက်ခိုက်မယ်.. ငါ့ရဲ့ အမှတ်တွေကို မင်းဘယ်လိုယူမလဲ ဆိုတာ ငါသိချင်တယ်"

"ဟားဟား မင်းရဲ့အကာအကွယ်က ငါ့ကို တကယ်ပဲ ဟန့်တားနိုင်မယ်လို့ ထင်နေတာလား.. ဓားကွက်တစ်ကွက်တည်းနဲ့ မင်းရဲ့ အကာအကွယ်ကို မထိုးဖောက်နိုင်ရင် နောက်ထပ် ဓားကွက်နှစ်ကွက်ကို အသုံးပြုမယ်.. မင်းရဲ့ အကာအကွယ်က ငါ့ရဲ့ဓားကွက် ဘယ်နှစ်ကွက်ကို ခံနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ကျန်းချန်က မထီမဲ့မြင်ပြုံးလိုက်ပြီး သူ၏လက်ထဲမှ ဟန်ယွမ်ဓားကို ဝှေ့ယမ်းလိုက်သည်။

ထို့နောက်တွင် တောက်ပသော သက်တန့်ရောင် ဓားအလင်းသည် ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းသွားခဲ့ပြီး ယန်ယွိကို ဖုံးအုပ်ထားသော အကာအကွယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။

"ဝုန်း.."

ကောင်းကင်တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေသည့် ကျယ်လောင်သော အသံသည် ဆယ်မိုင်ပတ်လည်ရှိ လေဟာနယ် တစ်ခုလုံးသို့ပင် ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။

ယန်ယွိ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သက်တန့်ရောင်ဓားအလင်း၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကြောင့် တုန်လှုပ်သွားခဲ့ပြီး နောက်သို့ ဆုတ်လိုက်ရ၏။

ထို့အပြင် သူ့ကို ဖုံးအုပ်ထား‌သော မီးလျှံအကာအကွယ်သည်လည်း သက်တန့်ရောင်ဓားအလင်း၏ တိုက်ခိုက်မှုအောက်တွင် ပုံပျက်သွားခဲ့ပြီး ကွဲထွက်တော့မည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ယန်ယွိက သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး စိတ်နှလုံးထဲတွင် တုန်လှုပ်နေခဲ့သည်။

သို့သော်လည်း ထိုအချိန်မှာပင် အခြားသော သက်တန့်ရောင်ဓားအလင်းသည် သူ့ကို တုံ့ပြန်ရန်ပင် အခွင့်အရေးမပေးဘဲ ကောင်းကင်ကို ဖြတ်သန်းကာ မီးလျှံ အကာအကွယ်ပေါ်သို့ ထပ်မံကျရောက်သွားခဲ့ပြန်သည်။

တောက်ပသော ဓားအလင်းသည် မီးလျှံ အကာအကွယ်ပေါ်တွင် ပေါက်ကွဲသွားခဲ့သည်။

ထို့နောက်တွင် အက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး မီးလျှံအကာအကွယ် ပေါ်တွင် အက်ကြောင်းများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာကာ အဆုံးသတ်တွင် ပေါက်ကွဲထွက်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် နေရာလွတ် နယ်မြေအထက်တွင် တိုက်ပွဲကို ကြည့်ရှုနေသော အနီရောင်ဝတ်စုံဝတ် အမျိုသမီးသည် ယန်ယွိ ရှုံးနိမ့်သွားသည်ကို ကြည့်နေခဲ့သည်။

သူမ၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို အလွန်တရာ သုန်မှုန်သွားခဲ့၏။

သူမက သူမ၏ လက်ဖဝါးကို အနည်းငယ် မြှောက်လိုက်ရာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံစွမ်းအားတစ်ခုသည် သူမ၏ လက်ဖဝါးကနေ ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း ထိုအချိန်မှာပင် နန်းဝတ်နန်းစားကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးသည် သူမ၏ လက်ဖဝါးကိုလှုပ်ရှား၍ နေရာလွတ်စွမ်းအားကို ထုတ်ဖော်ကာ အနီရောင် ဝတ်စုံဝတ် အမျိုးသမီး၏ မီးလျှံစွမ်းအားကို တိုက်ရိုက်ပင်ဟန့်တားလိုက်သည်။

သူမက အနီရောင်ဝတ်စုံဝတ် အမျိုးသမီးကို စူးစိုက်၍ ကြည့်လိုက်သည်။

"ဒါက ကောင်းကင်နဂါး မြို့တော် ဝင်ခွင့်စမ်းသပ်ပွဲပဲ.. ဘယ်သူမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး"

"ဟမ့်.. ကောင်းကင်နဂါးမြို့တော်ရဲ့ ဝင်ခွင့်စမ်းသပ်ပွဲ စည်းမျဥ်းတွေကို ပြောင်းလဲသင့်ပြီလို့ ငါထင်တယ်.. အဲဒီကောင်လေးကို လုပ်ချင်တိုင်း လုပ်ခွင့်ပြုထားရင် ဘုရင်အဆင့် ပါရမီရှင်တစ်ဦးတောင် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲကို အောင်မြင်နိုင်တော့မှာ မဟုတ်ဘူး"

အနီရောင်ဝတ်စုံဝတ် အမျိုးသမီးက အေးစက်စက် ပြောလိုက်သည်။

"ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲရဲ့ စည်းမျဥ်းကို ပြောင်းလဲချင်တိုင်း ပြောင်းလဲလို့ရမယ် ထင်နေလား.. ဘုရင်အဆင့်ပါရမီရှင်တွေနဲ့ အစစ်အမှန် နဂါးအဆင့် ပါရမီရှင်တွေက သာမန်ပြိုင်ပွဲဝင်တွေထက် အခွင့်အရေး ပိုရထားပြီးသားပဲ.. ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲကို မအောင်မြင်ရင်တော့ ကောင်းကင်နဂါး မြို့တော်ထဲကို ဝင်လာစရာအကြောင်းမရှိဘူး ဒါ့အပြင် ကျန်းချန်နဲ့ တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာက ယန်ယွိ ကိုယ်တိုင်ပဲ.. ဒါကြောင့် ဘယ်လိုရလဒ်ပဲထွက်လာပါစေ သူအပြည့်အဝ တာဝန်ယူရမှာပဲ.. မင်းအနေနဲ့ ကျန်းချန်ကို တစ်ခုခုလုပ်ရဲတယ် ဆိုရင်တော့ ငါ့ကိုရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"

နန်းဝတ်နန်းစားကို ဝတ်ဆင်ထားသော လှပသော အမျိုးသမီးက အနီရောင်ဝတ်စုံဝတ် အမျိုးသမီးကို ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"ဒီကောင်လေးရဲ့ ပါရမီက ရှန်လုံမြို့တော်က လူတချို့ရဲ့အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ လုံလောက်နေပြီ.. မင်းအနေနဲ့ ပြဿနာမတက်ချင်ရင် အေးအေးဆေးဆေးနေတာ အကောင်းဆုံးပဲ"

ထိုစကားကိုကြားလျှင် အနီရောင်ဝတ်စုံဝတ် အမျိုးသမီး၏ မျက်နှာအမူအရာသည် အဆုံးသတ်တွင် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

နန်းဝတ်နန်းစားဝတ်စုံကို ဝတ်ဆင်ထားသော လှပသော အမျိုးသမီးက အနီရောင်ဝတ်စုံဝတ် အမျိုးသမီးကို တားဆီးနေသောအချိန်မှာပင် အောက်ဘက်ရှိ နေရာလွတ်နယ်မြေအတွင်း၌ ယန်ယွိ၏ ကောင်းကင်မီးလျှံ အကာအကွယ်သည် ကျန်းချန်၏ သက်တန့်ရောင် ဓားအလင်း တိုက်ခိုက်မှုအောက်တွင် လုံးဝ ကွဲကြေသွားခဲ့သည်။

မီးလျှံအကာအကွယ် ပေါက်ကွဲသွားပြီးနောက်တွင် သက်တန့်ရောင် ဓားအလင်းသည် ယန်ယွိ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်လာခဲ့သည်။

ယန်ယွိက ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေသွေးများ မရပ်မနားပင် အန်ထွက်လာခဲ့၏။

တစ်ချိန်တည်းမှာပင် ယန်ယွိ၏ လက်ကောက်ဝတ်ရှိ လက်ကောက်မှ အနီရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့ပြီး ယန်ယွိကို ကျန်းချန်၏မြင်ကွင်းထဲကနေ လျင်မြန်စွာ ပျောက်ကွယ်သွားစေခဲ့သည်။

အခန်း(၁၅၃၈)ပြီး၏။

အခန်း(၁၅၃၉)

အချိန်က တစ်စတစ်စ ကုန်ဆုံးသွားခဲ့သည်။

သတိမထားလိုက်မိခင်မှာ ကောင်းကင်နဂါး မြို့တော်ဝင်ခွင့် စမ်းသပ်ပွဲသည် ခြောက်နာရီ ကြာမြင့်ခန့်ပြီး ကောင်းကင်နဂါးစာရင်းသည်လည်း ဆဋ္ဌမအကြိမ်မြောက် ထုတ်ပြန်ရန် နီးကပ်လာခဲ့သည်။

လူတိုင်း၏ အကြည့်သည် ကောင်းကင်နဂါး စာရင်းပေါ်သို့ ရုတ်ခြည်းဆိုသလို ကျရောက်သွားခဲ့ကြသည်။

ဤတစ်ကြိမ် ကျင်းပသည့် ကောင်းကင်နဂါး မြို့တော်ဝင်ခွင့် စမ်းသပ်ပွဲတွင် ကောင်းကင်နဂါး စာရင်းရှိ အဆင့်သတ်မှတ်ချက်သည် တကယ်ကို စိတ်လှုပ်ရှားဖွယ် ဖြစ်နေခဲ့၏။

ယခင်က ကျင်းပခဲ့သော ကောင်းကင်နဂါး မြို့တော်ဝင်ခွင့် စမ်းသပ်ပွဲများတွင် ကောင်းကင်နဂါး အဆင့်သတ်မှတ်ချက်များသည် ပထမဆုံးအကြိမ် ထုတ်ပြန်ပြီးနောက်ပိုင်းတွင် အဆင့်သတ်မှတ်ချက်သည် အနည်းငယ်မျှသာ အတက်အကျရှိပြီး သိသာထင်ရှားသော အပြောင်းအလဲများ မရှိခဲ့ပေ။

ဤအခြေအနေက နောက်ဆုံး ရက်အနည်းငယ်အထိ ဆက်လက် ဖြစ်ပေါ်နေပြီးမှသာ အဆင့်သတ်မှတ်ချက်အတွက် ယှဥ်ပြိုင်မှုသည် ပိုမိုပြင်းထန်လာမည် ဖြစ်သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ တစ်ရက် မပြည့်သေးသောအချိန်မှာပင် ကောင်းကင်နဂါးစာရင်း၏ အဆင့်သတ်မှတ်ချက်သည် အနည်းငယ် တုန်လှုပ်ဖွယ်ရာ ကောင်းနေခဲ့၏။

အကြောင်းအရင်းမှာ ထိပ်တန်း ဆယ်ဦးစာရင်းတွင် ပါဝင်ခဲ့သော အစစ်အမှန် နဂါးအဆင့် ပါရမီရှင် ကောင်းကျင်းထျန်းသည် ထိပ်ဆုံး ဆယ်နေရာတွင် ၄နာရီသာ နေနိုင်ခဲ့ပြီး ကောင်းကင်နဂါးစာရင်းကနေ ပျောက်ကွယ်သွားခဲ့ခြင်းကြောင့်ပင်။

သို့သော် ကျန်းချန်အမည်ရှိ လူတစ်ဦးကမူ အဆင့်၁၀၀ကျော်ကနေ ထိပ်တန်းဆယ်နေရာ အတွင်းသို့ ခုန်ကျော်၍ တက်လာခဲ့၏။

သို့ရာတွင် ထိုနေရာ၌ အဆုံးမသတ်သေးဘဲ ၅နာရီမြောက်တွင် ကျန်းချန်သည် ဘုရင်အဆင့် ပါရမီရှင် သုံးပါးအနက်မှ တစ်ပါးဖြစ်သည့် ဓားဘုရင် ပိုင်လီကျန့်ကို အနိုင်ယူကာ ပိုင်လီကျန့်အား ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံး၃နေရာကနေ ပျောက်ကွယ်သွားစေခဲ့ပြီး ကိုယ်တိုင်ကမူ ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။

သိထားရမည့်အချက်မှာ မြေကမ္ဘာနဂါး မြို့တော်၏ ဘုရင်အဆင့် ပါရမီရှင်သုံးပါးသည် ပြိုင်ပွဲဝင်အားလုံးထက် ခေါင်းတစ်လုံးမက သာလွန်သော ပါရမီရှင်များ ဖြစ်ကြ၏။

ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုတိုင်းတွင် ကောင်းကင်နဂါးစာရင်း၏ ဘုရင်အဆင့်ပါရမီရှင်များ၏ အဆင့်သတ်မှတ်ချက်ကို မည်သူကမှ ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့ပေ။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဘုရင်အဆင့် ပါရမီရှင်ပင် ရှုံးနိမ့်ရသည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့သည်။

ထို့အပြင် ဘုရင်အဆင့် ပါရမီရှင်ကို အနိုင်ယူလိုက်သူသည် ရုတ်တရက် ထွက်ပေါ်လာသော အစိမ်းသက်သက် နာမည်တစ်ခုဖြစ်ရာ တကယ်ကိုပင် အံ့သြထိတ်လန့်စရာ ကောင်းလွန်းနေခဲ့၏။

ယခု နောက်ထပ် ၁နာရီ ကြာမြင့်သွားသည် ဖြစ်ရာ လူတိုင်းသည် ကောင်းကင်နဂါး စာရင်းပေါ်တွင် မည်ကဲ့သို့ ထိတ်လန့်ဖွယ် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို စောင့်မျှော်နေခဲ့ကြသည်။

လူအများ၏ မျှော်လင့်ချက်အောက်မှာပင် ကောင်းကင်နဂါးစာရင်းသည် အဆုံးသတ်တွင် ထုတ်ပြန်လာခဲ့သည်။

ကောင်းကင်နဂါး စာရင်း၏ နံပါတ်(၁)နေရာသည် ကျန်းချန်အတွက်သာ ဖြစ်နေသေးပြီး သူ၏ အမှတ်သည်လည်း အမှတ် ၂၀၀၀ သို့ပင် ရောက်ရှိသွားခဲ့သည်။

"လခွမ်း.. ၁နာရီအတွင်း အမှတ် ၉၀၀နီးပါးတောင် ရခဲ့တယ်ဟ.. ကျန်းချန်ရဲ့ အမှတ်တိုးတက်နှုန်းက တကယ်ကို ကြောက်စရာပဲ"

"ကြည့်စမ်းပါဦး.. မီးဘုရင်ယန်ယွိက ကောင်းကင်နဂါးစာရင်း အဆင့်သတ်မှတ်ချက်ရဲ့ ဒုတိယနေရာကနေ ပျောက်ကွယ်သွားခဲ့ပြီ.. ကြည့်ရတာ ကျန်းချန်က ယန်ယွိကို အနိုင်ယူလိုက်ပြီး ယန်ယွိရဲ့ အမှတ်တွေကို သိမ်းပိုက်လိုက်တဲ့ပုံပဲ"

"..............."

ကျင့်ကြံသူ အများအပြားသည် ကောင်းကင်နဂါးစာရင်းရှိ အဆင့်သတ်မှတ်ချက်များကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။

၂နာရီအတွင်းမှာပင် ကျန်းချန်သည် မြေကမ္ဘာနဂါး မြို့တော်၏ ဘုရင်အဆင့် ပါရမီရှင်သုံးပါးထဲမှ ပိုင်လီကျန့်နှင့် ယန်ယွိ တို့ကို အနိုင်ယူခဲ့သည်။

မြေကမ္ဘာနဂါးမြို့တော်တွင် ဤမျှ အင်အားကြီးမားသော ကျင့်ကြံသူတစ်ဦး မည်သည့်အချိန်က ရှိနေခဲ့သည်ကိုပင် သူတို့နားမလည်နိုင် ဖြစ်နေခဲ့ကြ၏။

"သခင်လေးက တကယ်ကို အံ့မခန်းပဲ"

ရွှယ်ချင်းရို့က ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးတွင် ရှိနေသော ကျန်းချန်၏ နာမည်ကိုမြင်လျှင် စိတ်လှုပ်ရှားစွာဖြင့် မျက်နှာမျာ နီရဲလာခဲ့သည်။

ထို့အပြင် သူမ နံဘေးရှိ မုန့်ဖျင်သည်လည်း စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် စကားမပြောနိုင် ဖြစ်နေခဲ့သည်။

ကျန်းချန်က ပါရမီရှင် မွန်းစတားတစ်ဦး ဖြစ်ပြီး မှော်နဂါးနန်းတော်၏ နဝမအဆင့်ကို ထိုးဖောက်နိုင်ခဲ့သည့် အစစ်အမှန် နဂါးအဆင့်ပါရမီရှင် တစ်ဦးဖြစ်၍ ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲကို အောင်မြင်ရန်မှာ ပြဿနာ သိပ်မရှိကြောင်း သူကောင်းစွာသိသည်။

သို့သော်လည်း ကျန်းချန်က ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးသို့ပင် ရောက်ရှိနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယခုအခါတွင် မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့်ပါရမီရှင် သုံးပါးအနက်မှ နှစ်ပါးကို ကျန်းချန်က အနိုင်ယူလိုက်ပြီဖြစ်၏။

ကျန်းချန်၏ ခွန်အားသည် ဤကောင်းကင်နဂါးမြို့တော်ဝင်ခွင့်စမ်းသပ်ပွဲတွင် လုံးဝကို ပြိုင်ဘက်ကင်း ဖြစ်နေခဲ့သည်။

သခင်ကြီးကျန်းချန်၏ ခွန်အားဖြင့်ဆိုလျှင် ဘုရင်အဆင့် ပါရမီရှင် သုံးပါးလုံးကို အနိုင်ယူပြီး ကောင်းကင်နဂါးအဆင့်သတ်မှတ်ချက်တွင် ပထမနေရာဖြင့် ‌‌ကောင်းကင်နဂါး မြို့တော်ကို တက်လှမ်းရန်မှာ လွယ်ကူလောက်သည်ဟု သူတွေးမိခဲ့သည်။

လူတိုင်းက ကောင်းကင်နဂါးစာရင်း၏ အဆင့်သတ်မှတ်ချက်အပြောင်းအလဲများကို အံ့အားသင့်နေစဥ်မှာပင် နေရာလွတ်နယ်မြေရှိ ဓားပုံသဏ္ဌာန် တောင်ထိပ်တွင် ကျန်းချန်သည် တင်ပျဥ်ခွေ၍ ထိုင်နေကာ ဓားပုံသဏ္ဌာန်တောင်၏ အဆုံးမဲ့ဓားဥပဒေကို စတင် နားလည်ရန် ဆင်ခြင်နေခဲ့သည်။

ရီချင်းယင်နှင့် စကားပြောဆိုနောက်ပြီးတွင် ကျန်းချန်သည် ဤဓားပုံသဏ္ဌာန်တောင်၏ အဆုံးမဲ့ဓားဥပဒေသသည် မည်ကဲ့သို့သော စွမ်းအားမျိုး ဖြစ်သည်ကို သိရှိခဲ့သည်။

ကျင့်ကြံသူ တစ်ယောက်သည် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီး ကိုယ်ခံပညာ ဥပဒေသကို တတိယအဆင့်အထိ နားလည်သွားသောအခါတွင် ကိုယ်ခံပညာ ဥပဒေသ၏ မူလသဘောတရားကို နားလည်နိုင်လိမ့်မည် ဖြစ်သည်။

ကိုယ်ခံပညာဥပဒေသ၏ မူလသဘောတရားကို နားလည်သည်နှင့် မိမိ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ပေါင်းစပ်ကာ ကမ္ဘာ့ စွမ်းအားကို ဖွဲ့စည်းပြီး ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်ပေသည်။

ဤဓားပုံသဏ္ဌာန်တောင်တွင် ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူ၏ အဆုံးမဲ့ ဓားဥပဒေသများ ကိန်းအောင်းနေခဲ့သည်။

ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုသည် လဝက်ခန့်ကြာမည် ဖြစ်ရာ ကျန်းချန်သည် အလျင်မလိုခဲ့ပေ။

သူက ဤနေရာတွင် အဆုံးမဲ့ ဓားဥပဒေသကို နားလည်သဘောပေါက်ရန်နှင့် ဓားဥပဒေသကို မြှင့်တင်ရန် ရည်ရွယ်ထားခဲ့ပြီး ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲ နောက်ဆုံး၂ရက်သို့ ရောက်သောအခါမှသာ အမှတ်တချို့ကို ရရှိရန် အားထုတ်မည် ဖြစ်သည်။

"ဒင်.. သင်က အဆုံးမဲ့ ဓားဥပဒေသကို ဆင်ခြင်ပြီး ဓားဥပဒေသ အတွေ့အကြုံရမှတ် ၁၀၀၀၀၀ ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က အဆုံးမဲ့ ဓားဥပဒေသကို ဆင်ခြင်ပြီး ဓားဥပဒေသ အတွေ့အကြုံရမှတ် ၁၀၀၀၀၀ ကို အဆ ၁၀၀ ရရှိပါတယ်"

".........."

ကျန်းချန်က အဆုံးမဲ့ ဓားဥပဒေသကို စတင် ဆင်ခြင်လိုက်သည်နှင့် တစ်ပြိုင်နက် စနစ်၏ သတိပေးချက်များသည် ဆက်တိုက်ဆိုသလို ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

"အစ်မချင်းယင်.. ကျွန်မတို့ အခု ဘာဆက်လုပ်မလဲ"

ရီကျီယွင်က တောင်ထိပ်ပေါ်တွင် ဓားဥပဒေသများကို ဆင်ခြင်နေသော ကျန်းချန်ကို ကြည့်လိုက်ပြီးနောက်တွင် သူမ နံဘေးရှိ ရီချင်းယင်ကို မေးလိုက်သည်။

"ငါတို့လည်း ဒီနေရာမှာ ဓားဥပဒေသတွေကို နားလည်အောင် ဆင်ခြင်ကြစို့"

ဤတစ်ကြိမ် ကျင်းပသည့် ကောင်းကင်နဂါး မြို့တော် ဝင်ခွင့်စမ်းသပ်မှုတွင် နေ့တစ်ဝက်ပင် မကြာသေးသော အချိန်မှာပင် ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးဆယ်ဦး စာရင်းထဲမှ ပါရမီရှင် သုံးဦးကို ကျန်းချန်က အနိုင်ယူခဲ့သည်။

ထိုအထဲတွင် ဘုရင်အဆင့် ပါရမီရှင်၂ဦးပင် ပါဝင်နေခဲ့၏။

ထိုလူများသည် ကျန်းချန်၏ အနိုင်ယူခြင်းကို ခံရပြီးနောက်တွင် အမှတ်များအား ရူးသွပ်စွာ စုဆောင်းလာမည်ကို သူမ စိုးရိမ်နေမိသည်။

ယခုတစ်ကြိမ် ကျင်းပသော ကောင်းကင်နဂါးမြို့‌တော် ဝင်ခွင့်စမ်းသပ်မှုသည် ယခင်ကျင်းပသော စမ်းသပ်မှုများထက် ပိုမို ရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်မည်ဟု ရီချင်းယင် ခပ်ရေးရေး ခံစားမိခဲ့သည်။

ထို့ကြောင့် ဤအချိန်တွင် ကျန်းချန်နှင့် အတူ နေထိုင်ခြင်းသည် သံသယဖြစ်ဖွယ်ရာမရှိ အလုံခြုံဆုံးပင် မဟုတ်ပါလော။

သူမတို့ နှစ်ယောက်က ကျန်းချန်၏ နံဘေးတွင်ရပ်ကာ ဓားဥပဒသများကို နားလည်သဘောပေါက်ရန် ဆင်ခြင်နေရင်း ဓားပုံသဏ္ဌာန်တောင်ဆီသို့ လာသော ပြိုင်ပွဲဝင်အချို့ကို အနိုင်ယူကာ အဆင့်သတ်မှတ်ချက်အား အောက်သို့ အလွန်အကျွံ ကျမသွားစေရန် ဂရုစိုက်ခဲ့သည်။

အချိန်တန်လျှင် သူတို့သည် ကျန်းချန်၏ နောက်ကိုလိုက်၍ အမှတ်များကို ရယူမည် ဖြစ်ရာ စိတ်ချရသော အဆင့်တစ်ခုကို ရရှိမည် မဟုတ်ပါလော။

ကျန်းချန်က ဓားပုံသဏ္ဌာန်တောင် ပေါ်တွင် အဆုံးမဲ့ဓားဥပဒေသကို နားလည်သဘောပေါက်ရန် ဆင်ခြင်နေ၍ ကျန်းချန်၏ အမှတ်သည် ၂၀၀၀ တွင်သာ ငြိမ်သက်နေပြီး အပြောင်းအလဲ မဖြစ်တော့ပေ။

နောက်တစ်နေ့တွင် ဘုရင်အဆင့် ပါရမီရှင် သုံးပါးအနက်မှ တစ်ပါး ဖြစ်သော ယုချိုးရွှေသည် ကျန်းချန်ကို ကျော်ဖြတ်ကာ နဂါးစာရင်း၏ ပထမနေရာကို ရရှိခဲ့သည်။

ချက်ချင်းဆိုသလိုပင် ပိုင်လီကျန့်နှင့် ယန်ယွိတို့သည်လည်း ထိပ်ဆုံးသုံးနေရာ ထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်လာကြသည်။

ကျန်းချန်၏ အဆင့်သတ်မှတ်ချက်သည် ထပ်မံ ကျဆင်းသွားခဲ့ပြီး တတိယနေ့သို့ ရောက်သောအခါတွင် ထိပ်ဆုံးဆယ်နေရာကနေ ထွက်သွားခဲ့၏။

"ဒါက ဘယ်လိုအခြေအနေမျိုးလဲဟ.. ကျန်းချန်ရဲ့အမှတ်က ဘာဖြစ်လို့ ရပ်တန့်နေရတာလဲ.. ကြည့်ရတာ သူက နေရာလွတ်နယ်မြေရဲ့ တစ်နေရာရာမှာ ကိုယ်ခံပညာ ဥပဒေသကို နားလည်သဘောပေါက်အောင် ဆင်ခြင်နေတာပဲ ဖြစ်ရမယ်.. ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ လက်ရှိအမှတ်နဲ့တော့ တစ်ခဏအတွင်းမှာ ထိပ်ဆုံး ၁၀၈ယောက် စာရင်းထဲကနေ ထွက်သွားမှာတော့ မဟုတ်ဘူး"

"..............."

ကျန်းချန်၏ အမှတ်သည် ၂ရက်ကြာသည်အထိ မပြောင်းလဲဘဲတည်ရှိနေသည်ကိုမြင်လျှင် ကျင့်ကြံသူများသည် အံ့အားသင့်သွားကြသည်။

ကောင်းကင်နဂါးမြို့တော်စမ်းသပ်ပွဲတွင် ပါဝင်သောသူများသည် ကောင်းကင်နဂါးမြို့‌တော်ကို ဝင်ရောက်ခွင့်ရရန် အတွက် အမှတ်များကို အသည်းအသန် စုဆောင်းခဲ့ကြသည်။

သို့သော်လည်း ကျန်းချန်ကမူ နာရီအနည်းငယ်အတွင်း အမှတ်၂၀၀၀ကို စုဆောင်းနိုင်ခဲ့၏။

ဤအမှတ်သည် နောက်ထ ပ်၃ရက် သို့မဟုတ် ၅ရက် ကြာမြင့်လျှင်ပင် ထိပ်ဆုံး၁၀၀​ စာရင်းကနေ မည်သို့မှ ကျဆင်းသွားမည် မဟုတ်ချေ။

နာရီအနည်းငယ်ကြာ အမှတ်စုဆောင်းသည်ကပင် ကျင့်ကြံသူအများစုကို ရက်အနည်းငယ်ကြာသည် အထိ လိုက်မမီနိုင် ဖြစ်စေခဲ့သည်။

ကျန်းချန်၏ စွမ်း‌ဆောင်ရည်သည် တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပင် မဟုတ်ပါလော။

အခန်း(၁၅၃၉)ပြီး၏။

All Chapters