ညဘုရင်၏သားတော်
Vol. 33 Ch. 483
"ဘုန်း"
အထက်ကောင်းကင်ယံမှ လေကိုခွင်းသွားသောအသံသည် ကောင်းကင်တစ်ခွင်လုံး ပဲ့တင်သံထပ်သွားသည်။ ချီချင်းမော့သည် ထိုသုံးဦးကိုခေါ်ကာ ရှေးဟောင်းစိမ်းလန်းတောင်တန်းရှိရာသို့ အမြန်ဆုံးနှုန်းဖြင့် သွားလေသည်။ ဖြတ်သွားသောနေရာတိုင်းတွင် လေထုက ပေါက်ကွဲထွက်သွားပြီး များပြားလှစွာသောအဆုံးမဲ့အက်ကြောင်းများ ပေါ်လာကာ ရေခဲတမျှအေးသည့်လေမျိုး ဖြစ်ပေါ်လာသည်။ လင်းဇီချန်က ရှေးဟောင်းစိမ်းလန်းတောင်တန်းကို လိုက်မသွားချင်ပေ။ မိမိ၏မြင့်မြတ်သူအဆင့်ပထမအဆင့်ဖြစ်ဆိုလျှင် ရှေးဘိုးဘေးများ၏တိုက်ပွဲတွင် ဝင်ပါရန် အရည်အချင်းမပြည့်မှီပေ။
သို့သော်လည်း ချီချင်းမော့ပျံသည့်အမြန်နှုန်းက မြန်ဆန်လွန်းလှသည်။ ပျံသန်းနေစဉ်အတွင်း ဖြစ်ပေါ်လာသောအင်အားသည် အသိစိတ်ပင်လယ်ကိုပါ ဖရိုဖရဲဖြစ်သွားစေပြီး စိတ်တစ်ခုလုံးကတုန်လှုပ်နေကာ စကားပင်မပြောနိုင်ပေ။ မိမိအသိဝင်လာသောအခါတွင်မူ ရှေးဟောင်းစိမ်းလန်းတောင်တန်းဆီသို့ ရောက်နှင့်နေပြီးဖြစ်သည်။ သစ်ပင်အကြီးအကဲနှင့် တိတ်ဆိတ်ခြင်းအရှင်တို့က ရှေးဟောင်းစိမ်းလန်းတောင်တန်း၏အစီအရင်ကို ပေါင်းတိုက်နေသည့်အသံကိုလည်း ကြားနေရသည်။
"ဘုန်း"
ရုတ်တရက်ပင် နားကွဲမတတ်အသံကို ကြားနေရသည်။ လင်းဇီချန်သည် ရှေးဟောင်းစိမ်းလန်းတောင်တန်းကို ဖုံးကွယ်ထားသည့် အလင်းရောင်ဖျော့ဖျော့ကို မြင်နေရပြီး အက်ကြောင်းများအပြည့်ဖြင့် ဖြစ်နေကာ ဆူညံသံများနှင့်အတူ ဖန်ကွဲကဲ့သို့ကြေမွသွားစေနိုင်သည်။ ရှေးဟောင်းစိမ်းလန်းတောင်တန်း၏အခင်းအကျင်းသည် ပျက်စီးသွားလေပြီ။ သစ်ပင်အကြီးအကဲနှင့် တိတ်ဆိတ်ခြင်းအရှင်တို့က ပူးပေါင်းပြီး ရှေးဟောင်းစိမ်းလန်းတောင်တန်းကို တိုက်ခိုက်နေကြသည်။ တစ်ချိန်တည်းတွင်ပင် ရှေ့မှပျံလာသော ပင်လယ်နတ်ဘုရားသည် ထိုနေရာသို့ ရောက်သည်နှင့် သစ်ပင်အကြီးအကဲနှင့် တိတ်ဆိတ်ခြင်းအရှင်ရှိရာသို့ ပြေးဝင်သွားသည်။ ချက်ချင်းဆိုသလိုပင် မိုင်တစ်ရာအတွင်းမှ ရေများသည် ကောင်းကင်ထိမြင့်တက်လာကာ ပင်လယ်နတ်ဘုရားရှိရာသို့ ရောက်လာသည်။
ထိုရေများက ရေနတ်ဘုရား၏ခန္ဓာကိုယ်ကို လှည့်ပတ်၍ လွှမ်းခြုံသွားသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် ရေနတ်ဘုရားသည် ကောင်းကင်ထိအောင် ရှည်သည့် လူကြီးဖြစ်သွားပြီး သစ်ပင်အကြီးအကဲနှင့် တိတ်ဆိတ်ခြင်းအရှင်တို့ကို ပေါင်း၍ တိုက်ကြတော့သည်။ တိုက်ပွဲကြီးစတော့မည်ကို မြင်သဖြင့် ချီချင်းမော့လည်း ချက်ချင်းပင် လင်းဇီချန်နှင့်ကျန်နှစ်ယောက်ကို ပစ်ချပြီး တိုက်ပွဲတွင် ဝင်ပူးပေါင်းလိုက်သည်။
....
တိုက်ပွဲတွင် သစ်ပင်အကြီးအကဲနှင့် တိတ်ဆိတ်ခြင်းအရှင်တို့သည် ရှေးဟောင်းစိမ်းလန်းတောင်တန်း၏အစီအရင်ပြိုကွဲသွားသည်နှင့် တောင်အရှင်စုမေရှောင်ကိုသာ ပစ်မှတ်ထားသည်။ နောက်တွင်မူ ရေဘီလူးကြီးသည် အားပြင်းပြင်းဖြင့် ထိုနှစ်ယောက်ကို လက်သီးဖြင့် ထိုးချလိုက်သည်။ ထိုလက်သီးအားသည် လေကို ဆုတ်ဖြဲပြီး ကောင်းကင်တစ်ခုလုံး၌ပင် လျှပ်စီးများလက်သွားစေသည်။
သစ်ပင်အကြီးအကဲနှင့် တိတ်ဆိတ်ခြင်းအရှင်တို့က အန္တရာယ်ကို အာရုံခံမိသည်။ သစ်ပင်အကြီးအကဲသည် ကောင်းကင်ထိမြင့်သည့် နွယ်ပင်ကြီးကို ဆင့်ခေါ်လိုက်ပြီး မိမိဘာသာကာကွယ်ရန် နွယ်ပင်နံရံတစ်ခုကို ဖန်တီးလိုက်၏။ တိတ်ဆိတ်ခြင်းအရှင်ကမူ အနက်ရောင်စက်ဝိုင်းကြီးတစ်ခုကို ဆင့်ခေါ်လိုက်ပြီး ထိုလက်သီးချက်ကို ကာထားလိုက်သည်။ ထိုနှစ်ဦးသည် တိုက်ခိုက်မှုကို ရှောင်လိုက်နိုင်သည်ဟု စဉ်းစားမိသော်လည်း ရုတ်တရက်ပင် မူလအားများစွာပါသော ရေစက်ပေါင်းများစွာသည် ကောင်းကင်မှ ကျဉ်ဆံကဲ့သို့နှယ် ကျဆင်းလာပြီး သစ်ပင်အကြီးအကဲနှင့် တိတ်ဆိတ်ခြင်းအရှင်ပေါ်သို့ ကျရောက်လာလေသည်။ တစ်ချိန်တည်းတွင်ပင် တိုက်ပွဲမြေပြင်သို့ ရောက်လာသော စုမေရှောင်နှင့် ချီချင်းမော့တို့က ချက်ချင်းပင် ပင်လယ်နတ်ဘုရားကို အားဖြည့်ပေးရန် လှုပ်ရှားကြတော့သည်။
ခဏအတွင်းပင် အခြေအနေက တစ်ယောက်နှစ်ယောက်မှ နှစ်ယောက်သုံးယောက်အခြေအနေသို့ ပြောင်းသွားသည်။ အစတွင် သစ်ပင်အကြီးအကဲနှင့်တိတ်ဆိတ်ခြင်းအရှင်တို့က အားသာနေသည်။ ယခုတွင်မူ နှစ်ဦးလုံးက အားမသာတော့ပေ။ ပင်လယ်နတ်ဘုရား၊ ချီချင်းမော့နှင့် စုမေရှောင်တို့ ပေါင်း၍ တိုက်ခိုက်ကြသည့်အတွက် ထိပ်တိုက်ရင်မဆိုင်နိုင်တော့ဘဲ ချက်ချင်းပင် ဆုတ်တော့၏။
"လိုက်ကြ"
ပင်လယ်နတ်ဘုရားက ထိုစကားကို ပြောပြီးသည်နှင့် ချက်ချင်းပင် အောင်ပွဲကို အခွင့်ကောင်းယူကာ ထိုနှစ်ဦးကို ပေးမလွှတ်ပေ။ ချီချင်းမော့ကလည်း အမြန်ပင် လိုက်သွားသည်။ စုမေရှောင်ကမူ တောင်မှကျားကိုမြှားထုတ်သည့်ဗျူဟာဖြစ်မည်ကို စိုးရိမ်နေမိသည်။ သို့သော်လည်း ထိုသို့ဖြစ်လျှင် အနည်းဆုံးတွင် ကောင်းသည်ဟု ထင်မိသည်။ အနည်းဆုံးတွင် တိုက်ပွဲမြေပြင်က ရှေးဟောင်းစိမ်းလန်းတောင်တန်းမှ ဝေးရာသို့ ရောက်သွားလိမ့်မည်။ ထိုသို့စဉ်းစားကြည့်မိပြီး စုမေရှောင်လည်း နောက်မှ အမြန်လိုက်သွားကာ ပင်လယ်နတ်ဘုရားတို့ဖြင့်ပူးပေါင်းလိုက်လေသည်။ ချက်ချင်းပင် ရှေးဘိုးဘေးအဆင့်ငါးဦးသည် ရှေးဟောင်းစိမ်းလန်းတောင်တန်းမှ ဝေးသွားပြီး အခြားသောနေရာတစ်ခုသို့ ပြောင်းသွားကြသည်။
....
တောင်ပိုင်းပိုင်နက်တွင်မူ အနက်ရောင်လိုဏ်ဂူကြီးတစ်လုံးအတွင်း၌ ညဘုရင်သည် ဂူနံရံ၌ ဇောက်ထိုးအနေအထားဖြင့် နေနေပြီး မျက်လုံးမှိတ်ထားကာ သစ်ပင်အကြီးအကဲဆီမှ အကြောင်းကြားမည်ကို စောင့်နေသည်။ ရုတ်တရက်ပင် မည်းနက်နေသည့်မျက်လုံးများကပွင့်လာသည်။ အစီအစဉ်အောင်မြင်သွားကြောင်း သစ်ပင်အကြီးအကဲဆီမှ စာရလာခြင်းဖြစ်သည်။ အောင်မြင်စွာဖြင့် အရှေ့ပိုင်းပိုင်နက်မှ ပင်လယ်နတ်ဘုရားကို မြှားထုတ်နိုင်လေပြီ။ ထို့နောက်တွင် ပင်လယ်နတ်ဘုရားကို အစီအရင်ထဲသို့ ခေါ်သွားနိုင်တော့မည်။
"တာအိုဝတ်ရုံမိန်းမရောပါ့လား။"
"ကောင်းတယ်။"
"ကောင်းကင်ဘုံကို ကပ်ဘေးဆေးဖို့အတွက် သူ့ကိုသတ်ရမယ်။"
ညဘုရင်က ၎င်းဘာသာ ပြောလိုက်သည်။ ထိုအသံဆုံးသည်နှင့် ကြောက်စရာကောင်းလှသည့် သူ၏အတောင်ပံများကို ဖြန့်ကျက်လိုက်ပြီး နေရာတစ်ခုဆီသို့ ပျံသန်းသွားသည်။ ၎င်းပျောက်ကွယ်သွားသည်နှင့် အသက်သုံးဆယ်ကျော်သာရှိသေးကာ သခင်အဆင့်နဝမအဆင့်ပြီးမြောက်ခြင်းသာရှိသေးသော လူငယ်သည် ၎င်း၏ ကိုယ်ရံတော်လေးယောက်ကို ပြောလိုက်သည်။
"သွားကြစို့။ ငါတို့တွေ ရှေးဟောင်းစိမ်းလန်းတောင်တန်းကိုသွားပြီး ရုပ်ချောတဲ့မြေခွေးမတိုင်းကို ဖမ်းပြီး ကျင့်ကြံရေးဒယ်အိုးလုပ်ပစ်ကြမယ်။"
သူသည် ညဘုရင်၏တစ်ဦးတည်းသောသားဖြစ်ပြီး နာမည်မှာ ယဲ့ဝူမင်ဖြစ်သည်။
သူသည် ရှေးဟောင်းစိမ်းလန်းတောင်တန်းမှ မြေခွေးမိန်းကလေးများကို လိုချင်တပ်မက်နေသည်မှာ ကြာပြီဖြစ်ပြီး အထူးသဖြင့် နေ့ရောညပါ တမ်းတနေမိသည့် မြင့်မြတ်မိန်းမပျို စုကျိုကျဲပင်ဖြစ်ကာ ထိုမိန်းကလေးကို မိမိအောက်တွင် ဖိနှိပ်ထားပြီး ချစ်တင်းနှောချင်နေမိ၏။ ယခုတွင်မူ ရှေးဟောင်းစိမ်းလန်းတောင်တန်းကို ကျူးကျော်နိုင်မည့်အခွင့်အရေးရလာပြီဖြစ်သဖြင့် အခွင့်အရေးကို လက်လွတ်မခံပေ။
"ဟုတ်ကဲ့ သခင်လေး။"
ကိုယ်ရံတော်လေးယောက်က တညီတညာတည်းပြန်ဖြေလိုက်ပြီး ချက်ချင်းပင် ယဲ့ဝူမင်နောက်သို့ လိုက်သွားကြသည်။
ထိုအစောင့်လေးယောက်သည် ယောက်ျားလေးနှစ်ယောက်နှင့် မိန်းကလေးနှစ်ယောက်ပင် ဖြစ်သည်။ ယောက်ျားလေးနှစ်ယောက်လုံးသည် ဒဏ္ဍာရီအဆင့်များဖြစ်ကာ လုံခြုံရေးအတွက် တာဝန်ယူရပြီး မိန်းကလေးနှစ်ယောက်ကမူ မြင့်မြတ်သူအဆင့်ဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပကာ အရေးကြီးဆုံးမှာ ယောက်ျားတစ်ယောက်ကို မည်သို့ပြုစုရမည်ကို သိသဖြင့် ဘေးနားတွင် ခေါ်ထားခြင်းဖြစ်သည်။
ရှေးဟောင်းစိမ်းလန်းတောင်တန်း၏တောင်ခြေတွင်မူ လင်းဇီချန်သည် ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်ကိုအာရုခံကြည့်ပြီး မည်သည့်အရပ်သို့ သွားသင့်သည်ကို ကြည့်သည်။ မြို့သို့ ပြန်မည်ဟု စဉ်းစားလိုက်သော်လည်း မြို့သည် ယခုတွင် မရှင်းဖြစ်နေပြီး သစ္စာဖောက်မည်မျှရှိသည်ကို မသိဖြစ်နေသဖြင့် လုံခြုံမှုမရှိပေ။ လင်းဇီချန်သည် မိမိတို့ဘာသာ ရှေးဘိုးဘေးအဆင့်တိုက်ပွဲဖြင့် ဝေးဝေးနေလိုသော်လည်း မည်သည့်အရပ်သို့သွားလျှင် လွတ်နိုင်မည်ကို မသိပေ။ အမှုမဲ့အမှတ်မဲ့ရွေးချယ်လိုက်ခြင်းက ဆိုးဝါးသောအခြေအနေတစ်ခုသို့ ဦးတည်သွားမည်ကို စိုးနေမိသည်။
"မင်းတို့နှစ်ယောက် ဘာလို့ ငါနဲ့ တောင်ပေါ် မတက်လဲ။"
စုကျိုကျဲက လင်းဇီချန်တို့ရှိရာကိုကြည့်ပြီး ဖိတ်ခေါ်လိုက်သည်။
ထိုသို့ပြောပြီးနောက်တွင် သူမက ထပ်ပြောလိုက်သည်။
"တောင်အစီအရင်က သူ့ဘာသာပြန်ပြင်ပြီး ပြန်စလိမ့်မယ်။ တောင်မှာနေတာက လုံခြုံပါတယ်။ အခြားနေရာတွေထက်သွားတာထက် ပိုပြီးလုံခြုံပါတယ်။"
လင်းဇီချန်သည် အခြားဦးတည်ရာကို မစဉ်းစားတတ်သောကြောင့် ထိုအကြံကို လက်ခံလိုက်သည်။
"အဲ့လိုဆိုလည်း အခွင့်ကောင်းယူလိုက်ဦးမယ်"
"အခွင့်ကောင်းယူတာမျိုး မဖြစ်ပါဘူး"
စုကျိုကျဲသည် ပြုံး၍ ပြောလိုက်သည်။
လင်းဇီချန်က တောင်ပေါ်သို့တက်ရန်သဘောတူသည်ကို သူမတောင့်တခဲ့သည်မှာ ကြာပြီဖြစ်သည်။ ရှေးဟောင်းစိမ်းလန်းတောင်တန်း၌ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များ ပေါကြွယ်ဝသည်။ မြင့်မြတ်မိန်းမပျိုအနေဖြင့် သူမသည် သူမထိန်းချုပ်ထားသော အရင်းအမြစ်များကို ပြချင်ကာ နှစ်ထပ်ကွမ်းကျင့်စဉ်ကို လုပ်ချင်နေသည်။ မှန်ပေသည်။ လင်းဇီချန်ကို နှစ်ထပ်ကွမ်းကျင့်ကြံဖော်လုပ်ချင်နေသည်။
ယခုတွင်မူ လင်းဇီချန်ကို ယခင်ကကဲ့သို့ အိပ်ရာကျေးကျွန်အဖြစ် မဆက်ဆံရဲတော့ပေ။ ထိုသို့လုပ်ရန် မထိုက်တန်သည်ကို သိလိုက်ပေသည်။ သူမကပင် လင်းဇီချန်အတွက် အိပ်ရာကျေးကျွန် လုပ်ပေးချင်မိ၏။ ရှေးဟောင်းစိမ်းလန်းတောင်တန်း၏ မြေခွေးမိန်းကလေးများသည် မွေးရာပါဆွဲဆောင်မှုရှိသည့်ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုငထားသည်။ အားကောင်းသောအဖော်ကို ကပ်နိုင်ပါလျှင် ကြိုးစားနေစရာမလိုတော့ပေ။ ခြေထောက်နှစ်ချောင်းကို ကားပေးလိုက်ရုံဖြင့် လျင်မြန်စွာ ဆင့်ကဲပြောင်းလဲနိုင်ပေသည်။ ထိုသည်မှာ ရှေးဟောင်းစိမ်းလန်းတောင်တန်းမှ မြေခွေးမိန်းကလေးများ၏ ပြိုင်စံရှားလက္ခဏာပင်ဖြစ်သည်။
မကြာခင်တွင်ပင် စုကျိုကျဲ၏ဦးဆောင်မှုဖြင့် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် တောင်ပေါ်သို့ တက်သွားကြသည်။ တောင်ပေါ်သို့ရောက်သည်နှင့် လင်းဇီချန်သည် အားကောင်းသောနတ်များစွာကို အာရုံခံမိသည်။ ထိုသူများသည် ဒဏ္ဍာရီအဆင့်များဖြစ်သည်။ ရှေးဟောင်းစိမ်းလန်းတောင်တန်းကဲ့သို့ တောင်ငယ်လေးတွင်ပင် ဒဏ္ဍာရီအဆင့်ခုနစ်ယောက်ရှိသည်။ သို့သော် ထိုအချိန်တွင် ထိုခုနစ်ယောက်သည် ပင်ပန်းနွမ်းနယ်ကာ အားနည်းနေသောအခြေအနေတွင်ရှိသည်။ တောင်အကာအကွယ်အစီအရင်အတွက် မူလအားကို သုံးထားရသောကြောင့်ပင် ဖြစ်၏။
ယခုတွင်မူ ထိုခုနစ်ယောက်သည် မူလအားကိုသုံး၍ တောင်အစီအရင်ကို ပြန်ပြင်နေပြီး ခန္ဓာကိုယ်အခြေအနေများက ဆိုးဝါးလာလေသည်။ ထို့ကြောင့် မြင့်မြတ်သူအဆင့်သာရှိသောလင်းဇီချန်က ဒဏ္ဍာရီအဆင့်ခုနှစ်ယောက်လုံးကို အာရုံခံနိုင်ခြင်းဖြစ်သည်။
"မင်းတို့နှစ်ယောက် ငါ့နောက်လိုက်ခဲ့။ မင်းတို့ကို ရတနာပွဲကြည့်စင်ကို ခေါ်သွားပေးမယ်။ ငါ့ကို ကယ်ပေးတဲ့အနေနဲ့ အဲ့ထဲကနေ မင်းတို့ကြိုက်တဲ့ပစ္စည်းဆယ်ခုကို ယူနိုင်တယ်။ ကြိုက်တာကိုယူပါ အားနာနေစရာမလိုဘူး။"
စုကျိုကျဲသည် လမ်းလျှောက်ရင်းဖြင့် ပြောလိုက်သည်။
မိမိတို့က ရတနာပွဲကြည့်စင်မှ ပစ္စည်းဆယ်ခုကို လွတ်လပ်စွာရွေးနိုင်သည်ကို ကြားသောအခါတွင် လင်းဇီချန်တစ်ယောက် စိတ်လှုပ်ရှားသွားသည်။ စုကျိုကျဲက ထပ်ပြောလိုက်သည်။
"အရှေ့က ရတနာပွဲကြည့်စင်ပဲ။ မင်းတို့နှစ်ယောက်ကို အထဲကို လိုက်ပြမယ်။ ဘာဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်တွေရှိမလဲဆိုတာကို အရင်ဆုံးကြည့်ကြည့်လိုက်။ ပြီးမှ ဖြည်းဖြည်းချင်းရွေးပေါ့။"
"ကောင်းပြီ။"
လင်းဇီချန်က ကမ်းလှမ်းချက်ကို ချက်ချင်းလက်ခံလိုက်သည်။
တစ်ဖက်တွင်မူ ရှန်ချင်းဟန်သည် အစမှအဆုံးထိ စကားတစ်လုံးမှ မဟပေ။ လမ်းတစ်လျှောက်တွင် လင်းဇီချန်သည် ဒဏ်ရာရထားသောမြေခွေးမိန်းကလေးများစွာကို တွေ့မိသည်။ သစ်ပင်အကြီးအကဲနှင့်တိတ်ဆိတ်ခြင်းအရှင်တို့ ပူးပေါင်းတိုက်ခိုက်မှုပြီးနောက်တွင် သွေးမျိုးဆက်စွမ်းအားအဆင့်နိမ့်သောမြေခွေးမိန်းကလေးများကို ထိခိုက်စေသည်။ လင်းဇီချန်သည် ပတ်ဝန်းကျင်မှ မြေခွေးမိန်းကလေးများကို ပို၍လေ့လာလေလေ ပို၍အံ့ဩမိလေလေပင် ဖြစ်သည်။ လမ်းတစ်လျှောက်လုံးတွင် တွေ့သမျှမြေခွေးမိန်းကလေးတိုင်းက မိမိကို တစ်ချက်ကြည့်ပြီး တီးတိုးပြောနေကြသည်။ ထို့အပြင် မြင့်မြတ်မိန်းမပျိုစုကျိုကျဲပြန်လာသော်လည်း သူမကို သတိထားမိသည့်သူက မများပေ။ ရှေးဟောင်းစိမ်းလန်းတောင်တန်းသည် အဝိုင်းခံရသဖြင့် အားလုံးက အလုပ်များနေကြကာ အသေးအဖွဲကိစ္စများကို အာရုံထားရန် အချိန်မရှိပေ။ မြင့်မြတ်မိန်းမပျို၏အဆင့်အတန်းက မြင့်လှသော်လည်း အန္တရာယ်ကျရောက်နေသည့်အရေးက ပို၍အရေးကြီးနေသည်။
"အခုဆိုတောင်က ဖရိုဖရဲဖြစ်နေပြီ။ တောင်အရှင်လည်း ဒီမှာမရှိဘူး။ မြင့်မြတ်မိန်းမပျိုအနေနဲ့ ဒီကအခြေအနေကို တာဝန်ယူရမယ်။ တောင်အကာအကွယ်အစီအရင်ပြန်စတာနဲ့ မင်းတို့ကို ရတနာပွဲကြည့်စင်ကို ခေါ်သွားပေးပါ့မယ်။"
လမ်းတစ်ဝက်တွင် စုကျိုကျဲက ရုတ်တရက်ရပ်ကာ ပြောလိုက်သည်။
သူမသည် လှည့်ကွက်လေးတစ်ခုကို ကစားနေခြင်းဖြစ်သည်။ အမှန်တွင် သူမသည် မြင့်မြတ်မိန်းမပျိုအနေဖြင့် ရတနာပွဲကြည့်စင်မှ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များကို စိတ်တိုင်းကျယူခွင့်မရှိပေ။ ထိုအရင်းအမြစ်အားလုံးသည် ရှေးဟောင်းစိမ်းလန်းတောင်တန်းမှ မြေခွေးမိန်းကလေးတိုင်း ပိုင်ဆိုင်သည်။ တောင်အရှင်တွင်သာ စိတ်တိုင်းကျယူခွင့်ရှိသည်။ သို့သော်လည်း တောင်အရှင်စုမေရှောင်က ချစ်လှစွာသောဒေါ်လေးဖြစ်နေသဖြင့် သူမဆန္ဒရှိလျှင် တောင်အရှင်ကိုခွင့်ပြုချက်တောင်းပြီး ယူနိုင်သည်။ သို့သော်လည်း ယခုတွင်မူ စုမေရှောင်မရှိသည့်အတွက် စုမေရှောင်ပြန်အလာကို စောင့်ရပေမည်။ ထိုအကြောင်းရင်းကို မသိသောလင်းဇီချန်က စုကျိုကျဲက တောင်အကာအကွယ်အစီအရင်ပြန်စချိန်ထိစောင့်ရန် ပြောသောအခါတွင် တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ။ မင်းလုပ်စရာရှိတာတွေကို အရင်လုပ်လိုက်ပါ။"
ပြောပြီးမကြာခင်တွင်ပင်
"ဝှစ်"
"ဝှစ်"
"ဝှစ်"
ရှေးဟောင်းစိမ်းလန်းတောင်တန်းအထက်၍ နားကွဲမတတ်စူးရှသောအသံကို ကြားလိုက်ရသောအခါတွင် အားလုံး၏နားသည် အူသွားရသည်။ အသံလာရာသို့ မော့ကြည့်လိုက်ကြသည်။ ချက်ချင်းပင် အနက်ရောင်အလင်းတန်းများကို မြင်လိုက်ရသည်။ ထို့နောက်တွင် အနက်ရောင်ဝတ်ရုံဝတ်ထားသောလူငါးယောက်သည် ရှေးဟောင်းစိမ်းလန်းတောင်တန်းထဲ၌ ပေါ်လာသည်။ ထိုငါးယောက်ကို မြင်သောအခါတွင် လင်းဇီချန်က အန္တရာယ်ကြိုတင်သိမြင်နိုင်စွမ်းကိုသုံး၍ အဆင့်ကို ခန့်မှန်းကြည့်သည်။ ထိုထဲတွင် နှစ်ယောက်က ဒဏ္ဍာရီအဆင့်ဖြစ်သဖြင့် လင်းဇီချန်၏အမူအရာက ချက်ချင်းပင်လေးနက်သွားကာ ရှန်ချင်းဟန်ဖြင့်ထွက်ပြေးရန် အဆင်သင့်ဖြစ်နေသည်။
မိမိရှေ့မှလူငါးဦးသည် မကြိုဆိုဘဲရောက်လာသောဧည့်သည်များဖြစ်သည်။ ထိုသူများရုတ်တရက်ပေါ်လာခြင်းက ကောင်းသည့်ကိစ္စမဟုတ်နိုင်ပေ။ အမှန်တွင် စုကျိုကျဲ၏အမူအရာက သူ၏ခန့်မှန်းချက်မှန်ကန်ကြောင်း သက်သေပြနေလေသည်။ ထိုငါးဦး၏ခေါင်းဆောင်ဖြစ်ဟန်ရှိသော လူငယ်ကို စုကျိုကျဲ မျက်မှောင်ကြုတ်၍ကြည့်ပြီး ပြောလိုက်သည်။
"ယဲ့ဝူမင် နင်က ကိုယ်ရံတော်တွေခေါ်ပြီး ဒီကိုဘာလာလုပ်တာလဲ။"
သူမသည် ယဲ့ဝူမင်ဖြင့် အတော်လေးရင်းနှီးသည်။ ယဲ့ဝူမင်သည် ယခင်က ရှေးဟောင်းစိမ်းလန်းတောင်တန်းသို့လာကာ အကြိမ်ပေါင်းများစွာ လက်ထပ်ခွင့်တောင်းသဖြင့် စိတ်ရှုပ်ခဲ့ရသည်။
ယဲ့ဝူမင်က ပြုံး၍ ပြောလိုက်သည်။
"ကိုယ်က မင်းကိုလာကယ်တာလေ။"
"အဲ့လိုလည်းမဟုတ်သေးဘူး။"
ယဲ့ဝူမင်က ဆက်ပြောလိုက်သည်။
"မင်းကို ကယ်ဖို့တင်မဟုတ်ဘူး။ ရှေးဟောင်းစိမ်းလန်းတောင်တန်းက မျိုးနွယ်ဝင်အားလုံးကို ကယ်ဖို့လာခဲ့တာ။"
"ဘာကိုဆိုလိုတာလဲ။"
စုကျိုကျဲက ပို၍မျက်မှောင်ကြုတ်လိုက်မိသည်။ သူမသည် ညဘုရင်၏သားယဲ့ဝူမင်ကို သိသဖြင့် သူသည် လူကောင်းမဟုတ်သည်ကိုလည်း သိထားသည်။ ယဲ့ဝူမင်၏နှုတ်ခမ်းက ကွေးသွားသည်အထိ ပြုံးလိုက်လေသည်။