← Chapters

ညဘုရင်၏သားတော်ချက်ချင်းသတ်ခံလိုက်ရပြီ

Vol. 33 Ch. 484

ညဘုရင်၏သားတော်ချက်ချင်းသတ်ခံလိုက်ရပြီ

Vol. 33 Ch. 484

စုကျိုကျဲ၏ကျိန်ဆဲသံများဖြင့်ရင်ဆိုင်ရသည့်အခါတွင် ယဲ့ဝူမင်က ပြုံးလိုက်မိသည်။

"ငါက တန်သလားမတန်ဘူးသလားဆိုတာကိုတော့ မကြာခင် မင်းသိလာမှာပါ။"

ထိုစကားကို ပြောပြီးသည်နှင့် ချက်ချင်းပင် ဘေးမှကိုယ်ရံတော်တစ်ယောက်ကို ပြောလိုက်သည်။

"ဟေမော့ အစီအရင်ကို ပြင်နေတဲ့အဲ့မြေခွေးမခုနစ်ယောက်ကို တိုက်။"

"ဟုတ်ကဲ့ သခင်လေး။"

ဟေမော့ဟုအမည်ရသောအစောင့်က ပြန်ဖြေလိုက်သည်။ ထို့နောက်တွင် သူသည် အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းသွားပြီး မြေခွေးမခုနစ်ယောက်ကို တိုက်ခိုက်တော့သည်။ အစီအရင်ကို ပြန်ပြင်နေသောမြေခွေးခုနစ်ယောက်သည် ရှေးဟောင်းစိမ်းလန်းတောင်တန်း၏အကြီးအကဲများဖြစ်ကြပြီး တောင်အရှင်စုမေရှောင်သာယှဉ်နိုင်သော ဒဏ္ဍာရီအဆင့်များဖြစ်ကြသည်။

အဆင့်တူက တိုက်ခိုက်လာသည်ကို မြင်သောအခါတွင် ထိုခုနစ်ယောက်ထဲမှ တစ်ယောက်သည် ချက်ချင်းပင် အစီအရင်ပြင်နေသည်ကို ရပ်လိုက်ပြီး ဝင်ရောက်လာသူကို ဝိညာဉ်စွမ်းအားတိုက်ခိုက်မှု လုပ်တော့သည်။ သာမန်အားဖြင့် ဝိညာဉ်စွမ်းအားတိုက်ခိုက်ခြင်းသည် အဆင့်တူပြိုင်ဘက်ကို အလွယ်တကူထိခိုက်စေနိုင်သည်။ သို့သော်လည်း ယခုတွင်မူ အစီအရင်ကို ပြင်ရာ၌ အင်အားများစွာ သုံးထားရ၍ ခန္ဓာကိုယ်က လွန်စွာအားနည်းနေသည်။ ဝိညာဉ်စွမ်းအားတိုက်ခိုက်မှုက အတော်လေးအားလျော့နေသည်။ ဟေမော့က ဒဏ်ရာမရဘဲ တိုက်ခိုက်မှုကို တားလိုက်နိုင်သည်။ သူမ၏ဝိညာဉ်စွမ်းအားတိုက်ခိုက်မှုကအကျိုးသက်ရောက်မှုမရှိသည်ကို သိသောအခါတွင် ခေါင်းမာမာဖြင့်ခုခံမနေတော့ဘဲ ချက်ချင်းပင် အော်ပြောလိုက်သည်။

"ငါတစ်ယောက်တည်း မထိန်းနိုင်ဘူး။ သူ့ကိုထိန်းဖို့ နောက်ထပ်နှစ်ယောက်လိုတယ်။"

ထိုသို့အော်လိုက်သည်နှင့် အခြားသောဒဏ္ဍာရီအဆင့်မြေခွေးမိန်းကလေးနှစ်ယောက်က ထွက်လာပြီး ပူးပေါင်းကာ သုံးယောက်တစ်ယောက် တိုက်ကြတော့သည်။ အဆင့်တူသုံးယောက်က ဝိုင်းတိုက်သော်လည်းဟေမော့ မမှုပေ။ သူ၏အနက်ရောင်တောင်ပံကို ဖြန်လိုက်သည်။ အားပြင်းပြင်းဖြင့် ရှေ့သို့ ပျံသွားပြီး ကြောက်စရာကောင်းသောလေအဟုန်က ပေါ်လာကာ မူလအားကိုသယ်ဆောင်၍ ထိုသုံးယောက်ကို ရှင်းထုတ်ပစ်သည်။ လေအဟုန်က မြန်ဆန်လွန်းလှသဖြင့် အားနည်းသောမြေခွေးမိန်းကလေးသုံးဦးသည် အချိန်မီရှောင်ချိန်မရလိုက်ပေ။ ကြောက်စရာကောင်းသောလေဝဲထဲသို့ကျသွားပြီး ဒဏ်ရာဒဏ်ချက်များ ရသွားကြသည်။

အခြားသောဒဏ္ဍာ၇ီအဆင့်မြေခွေးမိန်းကလေးများသည်လည်း အစီအရင်ပြင်နေသည်ကို ရပ်လိုက်ပြီး ဟေမော့ကိုတိုက်ခိုက်ကြတော့သည်။ ဟေမော့သည် ခုနစ်ယောက်လုံးက မိမိကို တစ်ပြိုင်နက်တည်းတိုက်လိမ့်မည်ဟု ထင်မထားမိပေ။ ကံမကောင်းစွာဖြင့် ပြန်ဆုတ်ရန်ပြင်လိုက်သော်လည်း မိမိကို ထိုခုနစ်ယောက်က ဝိုင်းထားပြီးဖြစ်သည်။ ထိုခုနစ်ယောက်သည် အားနည်းသောအခြေအနေတွင်ရှိသော်လည်း အရေအတွက်က သာနေပြီး ဟေမော့ကို အလွယ်လေးအနိုင်ယူနိုင်သည်။

"ပိုင်မြန့် ဟေမော့ကို သွားကူ"

ဟေမော့ အရေးမသာသည်ကို မြင်သောအခါတွင် ယဲ့ဝူမင်က တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် အခြားကိုယ်ရံတော်တစ်ဦးကို မှာကြားလိုက်သည်။ အမိန့်ကို ကြားသည်နှင့် အဖြူရောင်ဝတ်စုံဝတ်ထားသောကိုယ်ရံတော်သည် အမြန်ပင်ခုန်၍ အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာသောအခါ၌ ဒဏ္ဍာရီအဆင့် မြေခွေးမိန်းကလေးတစ်ယောက်၏နောက်တွင် ပြန်ပေါ်လာပြီး လက်တစ်ဖက်ကို မြှောက်ကာ ထိုမိန်းကလေး၏ရင်ဘတ်ထဲသို့ လက်နှိုက်ပြီး နီရဲနေသည့်နှလုံးသားကို ဆွဲထုတ်ပစ်လိုက်သည်။

မြေခွေးမိန်းကလေးသည် သွေးများအန်ကျလာပြီး မြေခွေးအမွေးအဖြစ် ပေါက်ကွဲထွက်သွားသည်။ သူမသည် မသေသော်လည်း အမြီးကိုဖြတ်ကာ ထွက်‌ပြေးသွားသည်။ ကျန်သောခြောက်ယောက်သည်လည်း ချက်ချင်းပင် သတိကပ်သွားးကြပြီး အားကို တစ်ဝက်ခွဲ၍ ရုတ်တရက်ဝင်လာသော ပိုင်မြန့်ကို ရင်ဆိုင်ကြပေသည်။ ယခုတွင် သုံးယောက်တစ်ယောက်စီဖြင့် အားက မျှနေသည်။ ဒဏ္ဍာရအဆင့်မြေခွေးမိန်းကလေးများသည် အားအင်နည်းပါးသော်လည်း ဟေမော့နှင့်ပိုင်မြန့်ကို ပြန်လည်တိုက်ခိုက်နေပြီး မည်သည့်ဘက်ကမှအသာစီးမရပေ။

ထိုသူများတိုက်ခိုက်နေသည့်မြင်ကွင်းတါင် တိုက်ပွဲက ဝေးသည်ထက်ဝေးသွားသည်။ စက္ကန့်ပိုင်းအတွင်းတွင်ပင် တောင်ထိပ်မှတောင်ခြေသို့ ရောက်သွားသည်။ မြေခွေးမိန်းကလေးခြောက်ယောက်သည် တိုက်ပွဲကြောင့်အပျက်အစီးများဖြစ်မည်ကို ကာကွယ်ရန်အတွက် တိုက်ပွဲရွေ့လိုက်ခြင်းဖြစ်သည်။ ထိုဒဏ္ဍာရီအဆင့်ရှစ်ယောက် ထွက်သွားပြီးနောက်တွင် လွတ်သွားသောဒဏ္ဍာရီအဆင့်တစ်ယောက်မှလွဲ၍ ရှေးဟောင်းစိမ်းလန်းတောင်တန်း၌ကျန်နေခဲ့သူများထဲတွင် အားအကောင်းဆုံးမှာ မြင့်မြတ်သူအဆင့်သာ ဖြစ်သည်။ ထို့ကြောင့် ယဲ့ဝူမင်သည် မိမိနှင့် မြင့်မြတ်သူအဆင့်နှစ်ယောက်ပါလာသဖြင့် အခြေအနေကို ပို၍အကြောက်အလန့်ကင်းလာသည်။ သူသည် စုကျိုကျဲကို ကြည့်ပြီး ပြုံးလိုက်သည်။

"မြင့်မြတ်မိန်းမပျို မင်းအတွက်မဟာမိတ်ဖွဲ့ဖို့အခွင့်အရေးပဲ။ ဒီလိုမျိုးမာနကြီးနေတာက မင်းအတွက် ဘာမှမကောင်းဘူးနော်။"

"ငါက မာနဆက်ကြီးနေမယ်ဆိုရင်ရော?"

စုကျိုကျဲက ခြိမ်းခြောက်သည်ကို အကြောက်အလန့်မရှိ ပြန်ပြောလိုက်သည်။ နေရာသည် ညလိုဏ်ဂူမဟုတ်ဘဲ ရှေးဟောင်းစိမ်းလန်းတောင်တန်းသာ ဖြစ်သည်။ မိမိအားနည်းသည့်ပုံစံကို ပြစရာအကြောင်းမရှိပေ။

"ကောင်းပြီလေ။ ဒီလိုဆိုမှတော့ မင်းလိုမျိုးလူတွေကို အနိုင်ယူရတာကို ငါက ကြိုက်တာ။"

ယဲ့ဝူမင်က အော်ရယ်လိုက်သည်။ အော်ရယ်နေစဉ်တွင်ပင် ရုတ်တရက်ဆိုသလို စုကျိုကျဲဘေး၌ ရပ်နေသည့်ရှန်ချင်းဟန်ကို သတိထားမိသွားကာ ညှို့ယူဖမ်းစားခံလိုက်ရသည်။

လှလိုက်တဲ့မိန်းကလေး....

သိမ်မွေ့နူးညံ့တဲ့ပုံစံနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကလည်း ချစ်ခြင်းမေတ္တာကိုတောင်းချင်စရာပုံမျိုး....

အဲ့မိန်းကလေးက ဘယ်သူပါလိမ့်?

ရှန်ချင်းဟန်ကို မြင်လိုက်သည့်အခိုက်အတန့်တွင် ယဲ့ဝူမင်သည် မိမိ၏ဝိညာဉ်လွင့်စင်သွားသည်ဟု ခံစားမိသည်။ သူမကဲ့သို့ အံ့ဩမှင်သက်မိစေသည်အထိလှပသောမိန်းကလေးမျိုးကို တစ်ခါမှမမြင်ဖူးပေ။ သူမသည် စုကျိုကျဲထက်ပင် ပိုလှနေသေးသည်။

"မင်းကရော ရှေးဟောင်းစိမ်းလန်းတောင်တန်းက မြေခွေးမိန်းကလေးပဲလား။ ဘာလို့ မင်းမှာ မြေခွေးအမြီးတို့ မြေခွေးနားရွက်တို့မရှိရတာလဲ။"

ယဲ့ဝူမင်သည် စိတ်ငြိမ်အောင်လုပ်ပြီး ရှန်ချင်းဟန်ကိုကြည့်၍ မေးလိုက်သည်။ ရှန်ချင်းဟန်က ပြန်မဖြေဘဲ လင်းဇီချန်နောက်သို့ ဆုတ်သွားကာ ယဲ့ဝူမင်၏အကြည့်များကို ရှောင်လိုက်သည်။ ရှန်ချင်းဟန်သည် လင်းဇီချန်နားသို့ကပ်သွားသည်ကို မြင်သောအခါတွင် ယဲ့ဝူမင်မျက်နှာပျက်သွားသည်။

"ချင်းလွမ် အဲ့ယောက်ျားကိုသတ်။ ပြီးရင် အဲ့မိန်းကလေးကို ငါ့ဆီခေါ်လာခဲ့။"

ယဲ့ဝူမင်က အော်ပြောလိုက်သည်။ အမိန့်‌ပေးသံကို ကြားသည်နှင့် သူ၏နောက်မှ လှပသောကိုယ်ရံတော်နှစ်ယောက်က ချက်ချင်းလှုပ်ရှားလေတော့သည်။

All Chapters