ညဘုရင်၏သားတော်ချက်ချင်းသတ်ခံလိုက်ရပြီ (၂)
Vol. 33 Ch. 485
တစ်ဦးက လင်းဇီချန်ကို သတ်ချင်သည်။ အခြားတစ်ဦးက ရှန်ချင်းဟန်ကို ဆွဲချင်သည်။ အဆင့်မြင့်မြင့်မြတ်သူနှစ်ယောက် ပြိုင်တူတက်လာသည်ကို မြင်လိုက်ရသောအခါတွင် လင်းဇီချန်တစ်ယောက် စိတ်လှုပ်ရှားသွားမိသည်။ လှုပ်ရှားရန် ပြင်လိုက်သော်လည်း ရန်သူများက အဆင့်များနေသည်။
"ဝှစ်"
"ဝှစ်"
"ဝှစ်"
ဝှစ်ခနဲအသံများစွာကို တစ်ပြိုင်နက်တည်း ကြားလိုက်ရသည်။ ထို့နောက်တွင် ပုံရိပ်အချို့သည် နောက်မှပြေးလာပြီး ထိုကိုယ်ရံတော်အမျိုးသမီးနှစ်ဦးကို တိုက်ခိုက်တော့သည်။ လင်းဇီချန်က အသံလာရာကို ကြည့်လိုက်သောအခါတွင် လှပကျော့ရှင်းသောမြေခွေးမိန်းကလေးများကိုတွေ့လိုက်ရသည်။ အန္တရာယ်ကြိုတင်သိမြင်ခြင်းဖြင့် ဖြန့်ကျက်ကြည့်လိုက်သည့်အခါ၌ ရှေးဟောင်းစိမ်းလန်းတောင်တန်းမှ မြင့်မြတ်သူအဆင့်များဖြစ်သည်။ မကြာခင်တွင်ပင် မြင့်မြတ်သူအဆင့်များက စတင်တိုက်ခိုက်လေတော့သည်။
တွန့်ဆုတ်ခြင်းမရှိဘဲ လင်းဇီချန်သည် ချီသွေးစွမ်းအားအပြည့်ဖြင့် ရှန်ချင်းဟန်ကိုဆွဲကာ ထိုနေရာမှ ထွက်ပြေးသွားသည်။ ရှေးဟောင်းစိမ်းလန်းတောင်တန်းသည်လည်း လုံခြုံစိတ်ချရသောနေရာမဟုတ်တော့ပေ။ မြန်မြန်ထွက်သွားသည်ကသာ အကောင်းဆုံးဖြစ်ပေမည်။
"ဟမ် လွတ်နိုင်မယ်ထင်နေလား။"
ယဲ့ဝူမင်က အေးတိအေးစက်ဖြင့် လှောင်ပြောင်ရယ်မောလိုက်ပြီး မူလအားကိုထုတ်သုံးကာ နောက်မှပြေးလိုက်ပြီး လင်းဇီချန်ကိုသတ်ကာ ရှန်ချင်းဟန်ကိုခေါ်ရန်ပင် ဖြစ်သည်။
သခင်အဆင့်နဝမအဆင့်နဲ့များ ငါ့နောက်ကို လိုက်ရဲတယ်လား?
ငါ့သတို့သမီးလောင်းကိုပါ လုရဲသေးတယ်ပေါ့လေ?
သေတာနဲ့ပဲတန်တယ်...
လင်းဇီချန်သည်လည်း အန္တရာယ်ကို ခံစားမိသဖြင့် ရုတ်တရက်ပင် ဝင်လာသည့် ယဲ့ဝူမင်ကို တိုက်ခိုက်ရန်ကြံလိုက်ပြီး ချီသွေးစွမ်းအားအပြည့်ဖြင့် ခေါင်းကို ထိုးချပစ်သည်။ ယဲ့ဝူမင်သည် လင်းဇီချန်က ရုတ်တရက်ဆန်စွာ တန်ပြန်တိုက်ခိုက်လိမ့်မည်ဟု မျှော်လင့်မထားမိပေ။ တိုက်ခိုက်သောအခါတွင် မရှောင်နိုင်တော့ပေ။ မကြာခင်တွင်ပင် ဘုန်းဟုသောအသံကြီးထွက်လာသည်။ လင်းဇီချန်၏လက်သီးချက်ည် ယဲ့ဝူမင်၏ခေါင်းကို ထိသွားပြီး ဖရဲသီးကဲ့သို့ ပေါက်ကွဲထွက်သွားကာ သွေးစများလွင့်စင်သွားသည်။
"ဘုန်း"
နောက်ထပ်အလားတူအသံမျိုးကို ကြားလိုက်ရပြန်သည်။ လင်းဇီချန်က ဒုတိယလက်သီးချက်ဖြင့် ထိုးလိုက်ပြီး ယဲ့ဝူမင်၏ခန္ဓာကိုယ်ကို သွေးစများအဖြစ် ပြောင်းပေးလိုက်ပြန်သည်။ ထို့နောက်တွင် အတွေးဖြင့် ပါးစပ်မှ အနီရောင်မီးတောက်များ မှုတ်ထုတ်လိုက်ပြီး သွေးများကို အငွေ့ပျံသွားစေကာ ယဲ့ဝူမင်၏အသားများ ပြန်လည်ဖွဲ့စည်းမည်ကိုပါ တားလိုက်သည်။ ယဲ့ဝူမင်သည်မူ နောက်ဆုံးမသေခင်အချိန်အထိပင် မည်သို့ဖြစ်သွားသည်ကို သိလိုက်နိုင်မည်မဟုတ်ရှာပေ။ စောနကပင် အသာစီးရနေသည်ဟုထင်သောသူက ချက်ချင်းပင် နေရာတွင် သွေးအဖြစ်ပြောင်းသွားသည်ကို သိလိုက်မည်ပင် မဟုတ်ပေ။
"သခင်လေး...."
ချင်းလွမ်နှင့် ဟွမ်ယင်းတို့သည် ယဲ့ဝူမင်အသတ်ခံလိုက်ရသည်ကို သတိထားမိသည်နှင့် ထိတ်လန့်တကြားအော်လိုက်မိသည်။ ယဲ့ဝူမင်သေသွားလျှင် အနီးကပ်ကိုယ်ရံတော်များဖြစ်သော မိမိတို့သည်လည်း သေလမ်းသာလိုက်ရပေတော့မည်။ ထိုးနှက်ပြီးသည့်နောက်တွင်မူ လင်းဇီချန်လည်း ဆက်၍မနေရဲတော့ဘဲ ရှိသမျှအားဖြင့် ထွက်ပြေးကာ ရှေးဟောင်းစိမ်းလန်းတောင်တန်းမှထွက်သွားရန် ပြင်တော့၏။
လူသတ်သမားက ပြေးတော့မည်ကို မြင်သောအခါတွင် ချင်းလွမ်နှင့်ဟွမ်ယင်းတို့သည် ရူးကြောင်ကြောင်ဖြင့် အသိစိတ်ပင်လယ်ထဲမှ မူလအားကို စွန့်လွှတ်ကာ စွမ်းအားကို ယာယီမြှင့်လိုက်ပြီး ချက်ချင်းပင် ဒဏ္ဍာရီအဆင့်မြေခွေးမိန်းကလေးခြောက်ယောက်ကို ပြန်တိုက်ထုတ်သည်။ ထို့နောက်တွင် ဘဝတွင် အမြန်ဆုံးအရှိန်နှုန်းဖြင့် လင်းဇီချန်နောက်သို့ ပြေးလိုက်ကြသည်။
ယဲ့ဝူမင်သေပြီး လူသတ်သမားကို ဖမ်းမမိပါလျှင် မိမိတို့သည်လည်း သခင်လေးကိုအဖော်ပြု၍သေပေးရလိမ့်မည်။ လူသတ်သမားကိုဖမ်း၍ ညလှိုဏ်ဂူသို့ ပြန်ခေါ်သွားနိုင်ပါလျှင် အသက်ရှင်ရန် အခွင့်အရေးရနိုင်သေးသည်။
"အကြီးအကဲတို့ မြန်မြန် သူ့ကိုကယ်။"
စုကျိုကျဲသည် အလောတကြီးဖြင့် အော်ပြောလိုက်၏။ လင်းဇီချန်က အားကောင်းသည်ကိုသိသော်လည်း အဆင့်ကွာခြားချက်က များနေသည်။ သို့သော်လည်း ချင်းလွမ်နှင့် ဟွမ်ယင်းတို့သည် မြင့်မြတ်သူအဆင့်များဖြစ်ကြပြီး လင်းဇီချန်ထက် သာနေသည်။ လင်းဇီချန်က ဉာဏ်ကြီးရှင်ဖြစ်လျှင်ပင် မြင့်မြတ်သူအဆင့်မြင့်များကို ကျော်နိုင်မည်မဟုတ်ပေ။ ထို့အပြင် နှစ်ဦးလုံးအဆင့်မြင့်များဖြစ်နေကြ၏။
"မြင့်မြတ်မိန်းမပျို အလောတကြီးမလုပ်နဲ့။"
ဒဏ္ဍာရီအဆင့်မြေခွေးမိန်းကလေးခေါင်းဆောင်က အော်ပြောလိုက်သည်။ ထို့နောက်တွင် သူမသည် အခြားငါးယောက်ကိုခေါ်ပြီး တောင်အစီအရင်ကိုသာ ဆက်၍ပြင်သည်။ စိမ်းလန်းတောင်တန်း၏အကြီးအကဲများအနေဖြင့် မိမိတို့၏အဆင့်အတန်းက စုကျိုကျဲထက် မနိမ့်လှပေ။ ပို၍ပင်မြင့်ကာ တောင်အရှင်ပြီးလျှင် ဒုတိယစွမ်းအားအရှိဆုံးသူများဖြစ်သည်။
.....
ရှေးဟောင်းစိမ်းလန်းတောင်တန်း၏ကောင်းကင်ထက်၌မူ လင်းဇီချန်က လွန်စွာမြန်သောနှုန်းဖြင့်ပြေးနေပြီး ရှေးဟောင်းစိမ်းလန်းတောင်တန်းပိုင်နက်မှထွက်ကာ ဝေးဝေးသို့ပင် ရောက်သွားလေသည်။
"ဝှစ်"
"ဝှစ်"
ဝှစခနဲမြည်သံနှစ်ခုကလည်း နောက်မှလိုက်ပါလာသည်။ ထိုအသံများကို ကြားသောအခါတွင် လင်းဇီချန်သည် မြင့်မြတ်သူအဆင့်နှစ်ယောက် လိုက်လာသည်ကိုသိလိုက်သည်။ လွန်စွာမြန်သောအရှိန်ကို ခံစားမိသဖြင့် ပျံ၍မလွတ်နိုင်တော့ပေ။ ထို့ကြောင့် အောက်သို့ဆင်းပြီး တောအုပ်ထဲ၌ ပုန်းကာ ထိုနှစ်ယောက်ကို မျက်စဖြတ်ရန်ဆုံးဖြတ်လိုက်သည်။
ချင်းလွမ်နှင့်ဟွမ်ယင်းတို့က ထိုမြင်ကွင်းကို မြင်သည်နျင့် ချက်ချင်းပင် တောထဲသို့ လိုက်ဝင်သွားကြသည်။ လင်းဇီချန်က မြေကြီးပေါ်သို့ဆင်းသည်နှင့် ချက်ချင်းပင် အမြင်အာရုံမြုပ်နှံခြင်းအစွမ်းကိုသုံးကာ အရိပ်သာမြင်ရသောလက်ဖြင့် ခြေထောက်အောက်မှမြေကြီးကိုတူးဖော်တော့သည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် မြေကြီးသည် အဆုံးမရှိသောလိုဏ်ဂူကြီးဖြစ်သွားသည်။
"ဝှစ်"
"ဝှစ်"
ရင်းနှီးနေသောအသံနှစ်သံကို ကြားလိုက်ရပြန်သည်။
ချင်းလွမ်နှင့်ဟွမ်ယင်းတို့သည် လိုဏ်ဂူအဆုံးတွင် ဆင်းသက်ပြီးသည်နှင့် ခြေထောက်အောက်မှ အဆုံးအစမဲ့ချောက်ကမ်းပါးနက်ကိုကြည့်ကာ တုန်လှုပ်သွားကြသည်။ သို့သော်လည်း လင်းဇီချန်က မျက်စိတစ်မှိတ်အတွင်းတွင် ထိုသို့လိုဏ်ဂူတစ်ခုကို တူးလိုက်သည်ကို နားမလည်နိုင်ကြပေ။ တွေဝေနေမိသော်လည်း ကြာကြာမစဉ်းစားတော့ဘဲ အမြန်ပင် လင်းဇီချန်နောက်သို့ လိုက်သွား၏။
လှိုဏ်ဂူအနက်ထဲတွင်မူ လင်းဇီချန်သည် ရှန်ချင်းဟန်ကိုကျောပေါ်တင်၍ ဆက်၍တူးနေဆဲဖြစ်သည်။ ပို၍နက်နက်တူးလေလေ မြေအောက်ရေက လိုဏ်ဂူထဲသို့ ပို၍စိမ့်ဝင်လာလေလေဖြစ်ပြီး တူးရသည်မှာ ပို၍ခက်လာလေလေပင် ဖြစ်၏။ ရုတ်တရက်ပင် နောက်မှချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်သည်။
သွားပြီ
သူတို့မှီလာပြီ
မလွတ်တော့ဘူး
မလွတ်ရင် ဘယ်လိုလုပ်မလဲ?
သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာပဲ....
ထိုသို့တွေးမိပြီး လင်းဇီချန်သည် ရှန်ချင်းဟန်ကို ချလိုက်ကာ လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
"မင်းမျာ ရေထဲကိုပျော်ဝင်နိုင်တဲ့အစွမ်းရှိတာပဲ။ အဲ့အစွမ်းသုံးပြီး ဒီကနေလွတ်အောင်ပြေး။ မြန်မြန်မင်းခြေထောက်အောက်က မြေအောက်ရေထဲကို စိမ့်ဝင်ပြီး ဒီနေရာကနေ ထွက်သွားတော့။"
"နင်ကရော..."
ရှန်ချင်းဟန်သည် ထွက်သွားရန် ငြင်းလိုက်ပြီး လင်းဇီချန်ကို စိုးရိမ်နေမိသည်။ လင်းဇီချန်ကမူ ထပ်မပြောတော့ဘဲ အေးစက်စွာဖြင့် ပြောလိုက်သည်။
"သွားတော့။ ဒီမှာနေနေတာက ငါ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်။"
ဝန်ထုပ်ဝန်ပိုး....
ထိုစကားကို ကြားသောအခါတွင် ရှန်ချင်းဟန်၏နှလုံးသားမှာ နာကျင်သွားရသည်။ သူမသည် အတော်လေးဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ကို သိသော်လည်း လင်းဇီချန်ကိုယ်တိုင်ပြောထွက်သည်က ပို၍နှလုံးသားကိုကြေကွဲစေသည်။ သို့သော်လည်း သူမသည် ဦးစားပေးကို နားလည်သည်။ လင်းဇီချန်ကို ဂရုစိုက်ဦးဟု မှာပြီး ချက်ချင်းပင် မြေအောက်ရေထဲသို့ ပျော်ဝင်ကာ ထွက်သွားတော့သည်။
ရှန်ချင်းဟန်ထွက်သွားသောအခါမှ လင်းဇီချန်လည်း အနည်းငယ်စိတ်အေးရတော့သည်။ ထို့နောက်တွင် အဆီအနှစ်သွေးကို အနည်းငယ်စွန့်လွှတ်ပြီး အားကို ယာယီတိုးမြှင့်လိုက်ကာ ထိုနှစ်ယောက်ဖြင့် အသေအကြေတိုက်ပွဲဝင်ရန် ပြင်လိုက်သည်။
၉၉၆ မီတာ
၆၅၂ မီတာ
၃၁၁ မီတာ
၁၀၃ မီတာ
၉ မီတာ
လင်းဇီချန်သည် တိတ်တဆိတ်ပင် မိမိနှင့်ထိုနှစ်ယောက်ကြားမှ အကွာအဝေးကို စိတ်ထဲ၌ ရေတွက်နေမိသည်။ အကွာအဝေးက ကိုးမီတာသာ ခြားတော့သည်။ ထောင့်နားတွင် ပုံရိပ်နှစ်ခုက ရုတ်တရက်ပေါ်လာသည်။ ချင်းလွမ်နှင့်ဟွမ်ယင်းတို့ပင် ဖြစ်သည်။
"သူ့ကို အရှင်ဖမ်း"
ချင်းလွမ်၏စူးရှသောအသံကို ကြားလိုက်ရသည်။ ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းပင် ရှေ့သို့ ခုန်ဝင်လာပြီး လျှပ်တစ်ပြက်ဆိုသလိုပင် လင်းဇီချန်၌ ပေါ်လာလေသည်။