← Chapters

အလယ်ပိုင်းဒေသ

Vol. 33 Ch. 486

အလယ်ပိုင်းဒေသ

Vol. 33 Ch. 486

မြင့်မြတ်သူသတ္တမအဆင့်ရှိသောချင်းလွမ်သည် ချက်ချင်းပင် လင်းဇီချန်ရှိရာသို့ ပြေးဝင်သွားပြီး သူ၏အသိစိတ်ပင်လယ်ကို မူလအားပမာဏများစွာဖြင့် တိုက်ခိုက်ရန် ပြင်လိုက်ပြီး တစ်ချက်တည်းဖြင့် လင်းဇီချန်ကို ဒဏ်ရာရအောင် လုပ်ရန် ပြင်လိုက်သည်။ မြင့်မြတ်သူအဆင့်ဖြင့် ရင်ဆိုင်ရသည့်အခါတွင် လင်းဇီချန်သည် အန္တရာယ်ကို မရှောင်ရှားနိုင်သည်ကို ကြိုတင်သိမြင်သဖြင့် ချက်ချင်းပင် ရှိသမျှသွေးမျိုးဆက်စွမ်းအားများကို အသက်သွင်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သောနွယ်ပင်အမြစ်များစွာတို့သည် မြေကြီးပတ်ချာလည်မှထွက်လာပြီး ထိုနွယ်ပင်များတွင် သေစေနိုင်သောအဆိပ်လည်းပါကာ ချင်းလွမ်ရှိရာသို့ မြွေများကဲ့သို့ ပြေးဝင်လာသည်။ ချက်ချင်းဆိုသလိုပင် လင်းဇီချန်ခန္ဓာကိုယ်မှ ချီသွေးများထုတ်လွှတ်လိုက်ပြီး ရှိသမျှချီသွေးစွမ်းအား အားလုံးနီးပါးကို လက်သီးတွင်စုကာ ဝင်လာသောချင်းလွမ်ကို ထိုးနှက်ရန် ပြင်လိုက်သည်။ ထိုလက်သီးချက်သည် ကမ္ဘာမြေတုန်လှုပ်သွားစေနိုင်သောအားရှိရုံသာမက ပစ်မှတ်ကိုလည်း အမှုန့်ဖြစ်သွားစေနိုင်သည်အထိ စွမ်းအားများ ပါနေသည်။

"ဘုန်း"

လင်းဇီချန်၏လက်သီးက မူလအားဖြင့်ဝင်လာသောချင်းလွမ်ဖြင့် ဆုံသောအခါတွင် အားပြင်းသောတုန်ခါမှုတစ်ခုက ထွက်လာပြီး လှိုဏ်ဂူတစ်ခုလုံး ပြိုကျမတတ်ဖြစ်သွားသည်။ သို့သော်လည်း လူသုံးဦးကမူ ရှင်လျက်ဖြင့် မြုပ်ပြီးသားမဖြစ်ပေ။ သဲနှင့်ကျောက်တုံးများသည် ဘာမှမဟုတ်သည့်အတိုင်းပင် တုန်ခါမှုကြောင့် ပျောက်ကွယ်သွားသည်။ အစကအတော်လေးနက်သောလှိုဏ်ဂူသည် ယခုတွင် အဆုံးထိမမြင်နိုင်သောဂလှိုဏ်ပေါက်ကြီးဖြစ်သွားသည်။ အပေါ်အထက်စီးမှကြည့်လျှင် နျူကလီးယားဗုံးကျထားသည့်ကျင်းနှင့်ပင် တူ၏။

"ဘုန်း"

"ဘုန်း"

မိုးခြိမ်းသံတမျှအသံနှစ်သံက ထွက်ပေါ်လာသည်။ အားအပြည့်ဖြင့်ဝင်လာသောသူနှစ်ဦးသည်လည်း ကျောက်တုံးများထဲသို့ လွင့်စင်သွားကာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲရာကြီးထင်ပြီး ဖုံလုံးများ တက်လာ၏။ ထိုဖုံလုံးများ ပြန်ငြိမ်သွားသည့်အခါတွင် လင်းဇီချန်သည် ဒယီးဒယိုင်ဖြင့် နံရံထဲမှ ထွက်လာပြီး ဒွါရခုနစ်ပေါက်မှလည်း သွေးများထွက်နေပြီး စိတ်ကလည်း မကြည်မလင်ဖြစ်နေသည်။ ချင်းလွမ်၏အစောပိုင်းတိုက်ခိုက်မှုက လင်းဇီချန်၏ အသိစိတ်ပင်လယ်ကို ထိခိုက်သွားစေပြီး ခန္ဓာကိုယ်ကိုပါ ထိန်းချုပ်မှုမဲ့သွားစေသည်။

တစ်ဖက်တွင်မူ မြင့်မြတ်သူသတ္တမအဆင့်ရှိသော ချင်းလွမ်သည်လည်း လင်းဇီချန်ထက်ပင် ပို၍ဒဏ်ရာပြင်းနေသေးသည်။ ရင်ဘတ်၌ အပေါက်အကြီးကြီးတစ်ခု ဖြစ်သွားသည်။ မူးဝေခြင်း၊ သွေးထွက်ခြင်းနှင့် အဆိပ်မိခြင်းကဲ့သို့သော ရောဂါမျိုးစုံကိုလည်း ခံစားနေရသည်။ တစ်ကိုယ်လုံးသည် မူမမှန်ဘဲ ကျောက်တုံးနံရံထဲတွင် နစ်ဝင်နေပြီး လှုပ်ပင် မလှုပ်နိုင်တော့ပေ။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဟွမ်ယင်းသည် လင်းဇီချန်က မတ်တပ်ရပ်နိုင်သေးသည်ကို မြင်သောအခါ၌ အံ့ဩတုန်လှုပ်နေမိသည်။ ပို၍အဆင့်မြင့်သောချင်းလွမ်က ကျောက်တုံးနံရံထဲ၌ ပိတ်မိနေပြီး မထွက်နိုင်ဖြစ်နေရှာသည်။ ချင်းလွမ်သည် မြင့်မြတ်သူသတ္တမအဆင့်ဖြစ်သည်။

ဘယ်လိုလုပ် လူတစ်ယောက်ကို ရှုံးသွားရတာလဲ?

ဘာတွေဖြစ်နေတာလဲ?

ဟွမ်ယင်းသည် မိမိဘာသာစဉ်းစားနေမိသော်လည်း အမြန်ပင် မူလအားကိုထုတ်လိုက်ပြီး သူမရှေ့မှ လင်းဇီချန်ကို ပြန်တိုက်ရန် ပြင်လိုက်သည်။ သူမသည် လင်းဇီချန်ဖြင့် အသေအကြေတိုက်ရန် ရည်ရွယ်ထားကာ ချင်းလွမ်ကဲ့သို့ အဆုံးသတ်မည်ကို စိုးရိမ်နေမိသည်။ သတ်ဖြတ်လိုသောအငွေ့အသက်က ချဉ်းကပ်လာသည်ကို ခံစားမိသောအခါတွင် လင်းဇီချန်သည် အန္တရာယ်ကြိုတင်သိမြင်နိုင်စွမ်းကို ဖွင့်လိုက်ပြီး အမြန်ပင် အာရုံခံကြည့်သည်။ ကံမကောင်းစွာဖြင့် အာရုံသုံး၍မရတော့ပေ။ ချင်းလွမ်ဖြင့် အပြင်းအထန်တိုက်လိုက်သည့်အတွက် အသိစိတ်ပင်လယ်သာမက ခန္ဓာကိုယ်ပါ ထိခိုက်သွားသည်။ ပျက်စီးမှုက ပြင်းထန်လှသည်။

လျင်မြန်စွာကုသနိုင်စွမ်းရှိလျှင်ပင် အချိန်တိုအတွင်း၌ အပြည့်အဝသက်သာမလာနိုင်ပေ။ ထိုသို့ခန္ဓာကိုယ်ဖြင့် အားအပြည့်ဖြင့်တိုက်မည့်ဟွမ်ယင်းကို မခံနိုင်တော့ပေ။ ထိုသို့အခြေအနေမျိုးတွင်

"ဘုန်း"

ကျယ်လွန်းလှသောပေါက်ကွဲသံကြီးကို ကြားလိုက်ရသည်။

လင်းဇီချန်နှင့် ဟွမ်ယင်းကြား၌ မြေအောက်ရေများစွာက မြေကြီးထဲမှ ထွက်လာပြီး ချက်ချင်းပင် နှစ်ယောက်ကို ပိုင်းခြားပစ်လိုက်သည်။ ထို့နောက်တွင် ရေတိုင်ထဲမှ ရေကဲ့သို့နူးညံ့သည့်လူတစ်ယောက် ထွက်လာပြီး လေထဲ၌ အပြာရောင်တောက်ပနေသည့်ဆံနွယ်များက လွင့်ဝဲနေကာ မျက်လုံးများတွင်လည်း အပြာရောင်လှိုင်းထနေသည်နှင့်တူပြီး ဝိညာဉ်စွမ်းအားအပြည့်ဖြင့် ပေါ်ထွက်လာခြင်းဖြစ်သည်။ ထို့နောက်တွင် အောက်မှ ဟွမ်ယင်းကို ဝိညာဉ်စွမ်းအားတိုက်ခိုက်မှု လုပ်တော့သည်။

မမျှော်လင့်ထားသောဝိညာဉ်စွမ်းအားတိုက်ခိုက်မှုရောက်လာသည့်အတွက် ဟွမ်ယင်းသည် အချိန်မီမလှုပ်ရှားလိုက်နိုင်ပေ။ မိုးကြိုးဖြင့် ပစ်ခံရသကဲ့သို့ ခန္ဓာကိုယ်က ယာယီကျင်သွားသည်။ ထိုသို့ကျင်သွားသောအခိုက်အတန့် မကြာလိုက်ဘဲ ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားသည်။ ရှန်ချင်းဟန်၏သွေးမျိုးဆက်စွမ်းအားအဆင့်က နိမ့်ကာ ဟွမ်ယင်း၏အဆင့်ဖြင့်ကွာသည်။ ဝိညာဉ်စွမ်းအားတိုက်ခိုက်ခံရသည့်အကြောင်းရင်းမှာ သတိလွတ်နေသောကြောင့်သာဖြစ်သည်။ သို့သော်လည်း အချိန်တိုလေးက လင်းဇီချန်အတွက် လုံလောက်သည်။ ထိုအခွင့်အရေးကို အရယူပြီး ခန္ဓာကိုယ်ကို လျစ်လျူရှုကာ အဆီအနှစ်သွေးကိုစွန့်လွှတ်လိုက်ပြီး စွမ်းအားအပြည့်ဖြင့် ဟွမ်ယင်းရှေ့၌ ပေါ်လာသည်။

ထို့နောက်တွင် လှပသောမျက်နှာလေးကို ချိန်ပြီး အားအပြည့်ဖြင့် လက်သီးချက်က ကျရောက်လာတော့သည်။

"ဘုန်း"

ဟွမ်ယင်း၏ခေါင်းက ချက်ချင်းပင် သွေးစများအဖြစ် ပေါက်ကွဲထွက်သွားသည်။

"ဘုန်း"

ဟွမ်ယင်း၏ခန္ဓာကိုယ်လေးသည်လည်း ချက်ချင်းပင် သွေးစများအဖြစ်ပြောင်းသွားရသည်။

"ဝှစ်"

ထို့နောက်တွင် ကြက်သွေးနီရောင်မီးများ တောက်လာပြီး သွေးများအဖြစ် လေထဲတွင် ပျောက်သွားကာ လောကကြီး၌ မရှိခဲ့သည့်အတိုင်းပင် ဖြစ်၏။

တစ်ချိန်တည်းတွင်ပင် မူးဝေရာမှ အသိပြန်ဝင်လာသောချင်းလွမ်သည် ယိုင်တိယိုင်တိုင်ဖြင့် ကျောက်တုံးနံရံထဲမှ ထွက်လာသည်။ ထိုသို့ထွက်လာသည်နှင့် လင်းဇီချန်က ဟွမ်ယင်းကိုသတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် နေရာတွင်ပင် အေးခဲသွားတော့သည်။

ဟွမ်ယင်းသေသွားပြီလား?

သခင်လေးထက်တောင် ငယ်တဲ့ပုံပေါက်တဲ့ကလေးဆီမှာ အသတ်ခံလိုက်ရတာလား?

မဖြစ်နိုင်ဘူး....

ချင်းလွမ်သည် အမှန်တရားကို လက်မခံနိုင်ဘဲ အသိဝင်မလာသေးပေ။ နေရာတွင်သာ ကြောင်၍ ရပ်ကြည့်နေမိသည်။ ရေတိုင်ပေါ်တွင်ရပ်နေသောရှန်ချင်းဟန်ကမူ အတွေးဖြင့် ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြန်သည်။ လင်းဇီချန်ဖြင့် ထိပ်တိုက်ရင်ဆိုင်ထားသဖြင့်ချင်းလွမ်၏အသိစိတ်ပင်လယ်သည်လည်း ဖရိုဖရဲဖြစ်နေဆဲဖြစ်ကာ ထိုင်းမှိုင်းနေသည့်အခြေအနေတွင်သာ ရှိနေဆဲဖြစ်၏။

All Chapters