← Chapters

အရင်းအမြစ်ဝါးမြိုခြင်း သားရဲ

Vol. 33 Ch. 493

အရင်းအမြစ်ဝါးမြိုခြင်း သားရဲ

Vol. 33 Ch. 493

ကြီးမားလှသော ရေနတ်ဘုရားနန်းတော်သည် ကောင်းကင်မှ ဆင်းသက်လာသော ထိုက်တောင်ကဲ့သို့ ရုတ်တရက် ပြိုကျလာကာ ဝင်လာသော ရက်စက်ကြမ်းကြုတ်သည့် သားရဲကို နေမင်း၏ ခွန်အားဖြင့် ချေမှုန်းပစ်လိုက်သည်။ အလွန် နက်ပြာမှောင်နက်နေသော သားရဲသည် အတွေးတစ်ခုတည်းဖြင့် မိုင်တစ်ရာအကွာအဝးသို့ လျင်မြန်စွာ ရွေ့လျားသွားသည်။

သို့သော်လည်း ရေနတ်ဘုရားနန်းတော်၏ ဖိနှိပ်မှုအောက်၌ ၎င်းက လေထုထဲတွင် ရပ်တန့်သွားကာ တုံ့ဆိုင်းသွားသည်။

ဘမ်း

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သားရဲက လေထဲသို့ ပျံ့နှံ့သွားကာ နက်ပြောင်ရောင် အငွေ့နှင့် ရောယှက်လျက် သွေးအခိုးအငွေ့ထဲသို့ တိုက်ရိုက်ကြေမွသွားသည်။

ဒီသားရဲရဲ့သွေးက ဘယ်ကရတာလဲ။

လင်းဇီချန်သည် သူ့ရှေ့ရှိ သွေးအခိုးအငွေ့များကို စူးစိုက်ကြည့်ကာ စိတ်ရှုပ်ထွေးလျက်ရှိသည်။ ရက်စက်ကြမ်းကြုတ်သော သားရဲသည် အသွေးအသားနှင့် ခန္ဓာကိုယ် ကင်းမဲ့ကာ အခိုးအငွေ့ လုံးလုံး ဖြစ်ပေါ်လာသည်ဟု သူ အမြဲထင်ခဲ့သည်။

ယခုမူကား ဤကဲ့သို့မဟုတ်ဟု ထင်ရသည်။

သားရဲသည် အခိုးအငွေ့အတွင်း ဖုံးကွယ်ထားရလောက်အောင် သေးငယ်သော နှလုံးသာ ဖြစ်နိုင်သည့် အသွေးအသား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ လင်းဇီချန်က ဤအရာကို အချိန်ကြာကြာတွေးမနေဘဲ သူ၏ အတွေးများက ခဏတာ တုန်လှုပ်သွားပြီးနောက် သူ့ရှေ့မှ ကြီးမားသော သွေးအမှုန်အမွှားများကို စုပ်ယူလိုက်သည်။

[သင်သည် "အရင်းအမြစ်ဝါးမြိုခြင်းသားရဲ”၏ အသက်စွမ်းအင်အမြောက်အမြားကို ဝါးမြိုလိုက်ပါပြီ]

[အရင်းအမြစ်ဝါးမြိုခြင်းသားရဲ: ၁၀၀%]

[သင်သည် အရင်းအမြစ်ဝါးမြိုခြင်း သွေးမျိုးဆက်စွမ်းအား ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ]

[အရင်းအမြစ်ဝါးမြိုခြင်း - သင်သည် မူလစွမ်းအင်ကိုဝါးမြိုနိုင်ကာ ၎င်းကို သင်၏ သွေးစွမ်းအင်ဝိဉာဥ်အဖြစ်ပြောင်းလဲ၍ ကိုယ်ပိုင်အဖြစ်အသုံးပြုနိုင်ပါသည်]

ကိုယ်ပိုင်အသုံးပြုဖို့ မူလစွမ်းအားကို ဝါးမြိုနိုင်တာလား။

လင်းဇီချန်သည် လေထုထဲတွင် လွင့်မျောနေသော စာသားအချက်အလက်ကို စိုက်ကြည့်ရင်း ပထမဆုံး အနည်းငယ် အံ့အားသင့်သွားပြီးနောက် စိတ်လှုပ်ရှားမှု အရှိန်အဟုန်ဖြင့် သူ့အပေါ် လွှမ်းခြုံသွားသည်။

ဤနေရာ၌ မူလမြေသည် မူလအင်အားဖြင့် ပေါများသည်။

ယခု [အရင်းအမြစ်ဝါးမြိုခြင်း] သွေးမျိုးဆက်စွမ်းအားဖြင့် မူလမြေပြင်ရှိ သက်ရှိအားလုံးသည် သူ၏ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များဖြစ်သည်။ ဤသို့ဖြင့် အနာဂတ်တွင် သူ၏ ဆင့်ကဲဖြစ်စဉ် အရှိန်သည် အရည်အသွေး ခုန်တက်သွားမည်ဖြစ်သည်။ သူ့စိတ်ခံစားချက်များကို တည်ငြိမ်အောင်ထိန်းပြီးနောက် လင်းဇီချန်သည် ချင်ချွမ်းနှင့် ကျန်သူတို့၏ အလောင်းများကို တွေးကာ နောင်တရသွားခဲ့သည်။ သားရဲကြီးက ၎င်းတို့သုံးဦးကို ကိုက်စားလိုက်သောကြောင့် ၎င်းတို့ကို ဝါးမြိုရန် မည်သည့်အရာမျှ မကျန်ခဲ့တော့ပေ။

‘အဲ့တာ ဖြုန်းတီးတာပဲ’

‘သူတို့က မြင့်မြတ်သူအဆင့် ကျွမ်းကျင်သူသုံးယောက်အလောင်းတွေဟာကို’

လင်းဇီချန်က ယင်းအကြောင်းကိုတွေးလေလေ ပို၍ နှမျောတသဖြစ်လာလေလေဖြစ်နေသည်။ သူ၏ မသိစိတ်တွင် ဝါးမျိုထားသော အလောင်းများအားလုံးက သူနှင့်သက်ဆိုင်သည်။ ဤအကြောင်းများကိုတွေးတောနေရင်းဖြင့် ရုတ်တရက်ပေါ်လာသော ရေနတ်ဘုရားနန်းတော်သည် ချက်ချင်းပင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ ရှန်ချင်းဟန်၏ ကောင်းကင်ဝင်ပေါက်သို့ပြန်ဝင်၍ သူမ၏ အသိစိတ်ပင်လယ်သို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။

“ဇီချန် အရမ်းထူးဆန်းတယ်။ ရေနတ်ဘုရားနန်းတော်က ငါ့ထိန်းချုပ်မှုအောက်မှာ လုံးဝမရှိဘူး။ သူ့ဘာသာဝင်လာပြီး သူ့ဘာသာထွက်သွားတာ”

ရှန်ချင်းဟန်က နူးညံ့သိမ်မွေ့သော မျက်နှာထားဖြင့် ပြောသည်။

"ရေနတ်ဘုရားနန်းတော်မှာ တစ်ယောက်ယောက်နေနေပြီးတော့ အရိပ်ထဲကနေ ထိန်းချုပ်နေတာလို့ ငါသံသယရှိတယ်”

ဤသည်ကိုကြားသောအခါ လင်းဇီချန်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။

တစ်ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။

“ရေနတ်ဘုရားက တကယ်အိပ်ပျော်နေတာမဟုတ်ဘူး အမြဲသတိရှိနေပြီး သူ့အသိစိတ်က ရေနတ်ဘုရားနန်းတော်နဲ့ ချိတ်ဆက်နေတာ ဖြစ်နိုင်လား”

ထိုကဲ့သို့ ထင်မြင်ယူဆချက်ကို ကြားလိုက်သောအခါ ရှန်ချင်းဟန်၏ အသားရောင်က ပြောင်းလဲသွားသည်။

“ဇီချန် ငါ ဝိဉာဥ်စီးခံရဖို့ ပစ်မှတ်ထားခံထားရတာများလား”

“ငါဝိဉာဥ်စီးမခံချင်ဘူး”

“ကိုယ့်ဘာသာနေချင်တာ…”

အဆုံးတွင် ရှန်ချင်းဟန်သည် အနည်းငယ်ထိတ်လန့်သွားခဲ့သည်။ လင်းဇီချန်၏ မိသားစုဝင်အားလုံးက ဝတ္ထုများရေးသားကြသဖြင့် ငယ်စဥ်ကတည်းက သူမသည် စာပေအများအပြားနှင့်ထိတွေ့ခွင့်ရခဲ့ရာ သူမ အဖတ်အများဆုံးမှာ အင်မော်တယ်ကျင့်ကြံရေးဝတ္ထုများဖြစ်၍ ဝိဉာဥ်စီးခြင်း၏ သဘောတရား ကို ကောင်းစွာသိသည်။

လင်းဇီချန်က သူမကို ညင်သာစွာနှစ်သိမ့်ပေးလိုက်သည်။

“ဒါမျိုး မဖြစ်နိုင်ပါဘူး။ ဒီလို အဆင့်မြင့်တဲ့ဖြစ်တည်မှုမျိုးက ကိုယ်တို့ ခန္ဓာကိုယ်တွေကို မက်မောမှာမဟုတ်ဘူး”

ဤစကားများသည် ရှန်ချင်းဟန်ကို အနည်းငယ်နှစ်သိမ့်ရန် ရည်ရွယ်ခြင်းမျှသာဖြစ်သည်။ တကယ်တမ်းတွင် လင်းဇီချန်သည်လည်း ဤကိစ္စအတွက် အနည်းငယ်စိတ်ပူနေခဲ့သည်။ ထိုစကားကိုကြားသောအခါ ရေနတ်ဘုရားပြန်လည်ရှင်သန်ထမြောက်မှုသည် စွမ်းအားကြီးသော ဖြစ်တည်မှုများက အခြားသူများကိုပိုင်ဆိုင်ရန် ကြိုးစားသော ဇာတ်ညွှန်းနှင့်တူသည်။

‘ငါ ဒီတိုင်း စိတ်ပူနေတာပဲဖြစ်မှာပါ…’

လင်းဇီချန်က တိတ်တဆိတ်တွေးလိုက်သည်။

ထို့နောက်…

"ဝါလား”

အထက်ရေမျက်နှာပြင်ကြီးသည် ကြီးမားကျယ်ပြန့်သော အပေါက်တစ်ခုဖြင့် ရုတ်တရက် ကွဲအက်သွားပြီးနောက် ကြွယ်ဝသော ရေကန်အများအပြားသည် ရှန်ချင်းဟန်အပေါ်သို့ ရုတ်တရက် ပြိုကျလာသည်။ ဤမြင်ကွင်းက ရုတ်တရက်ဖြစ်ပျက်လာခြင်းဖြစ်သဖြင့် ရှန်ချင်းဟန်နှင့် လင်းဇီချန်တို့က မတုံ့ပြန်သေးပေ။ ၎င်းတို့ တုံ့ပြန်သည့်အချိန်တါင် ရေကန်၏ အစိတ်အပိုင်းအများအပြားက ပြိုကျနေပြီဖြစ်သည်။ အားလုံးက ရှန်ချင်းဟန်၏ ကောင်းကင်ဘုံဝင်ပေါက်သို့ ကျလာသည်။ လင်းဇီချန်အပေါ်သို့ တစ်စက်မျှပင် မကျခဲ့ပေ။ ဤအခိုက်အတန့်တွင် ရေများက ရှန်ချင်ဟန်ထဲသို့ဝင်ရောက်ကာ ချက်ချင်းပင် တောက်ပသော အပြာရောင်အလင်းများဖြာထွက်လာသည်။ ၎င်းက ကောင်းကင်ဘုံဝင်ပေါက်ထဲသို့ အမြန်ဝင်ကာ အသိစိတ်ပင်လယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာ၍ ဧရိယာလည်း ကျယ်ပြောလာသည်။ ထို့နောက် ရှန်ချင်းဟန်၏ အပြာရောင်ဆံနွယ်များက လေတိုက်ခြင်းမရှိဘဲ လွင့်မျောနေကာ အလွန်ပြင်းထန်သော ဖိအားတစ်ခုက သူမကိုယ်ထဲမှ ထွက်လာသည်.

သူမ… ဆင့်ကဲပြောင်းလဲသွားသည်။

ရေကန်တစ်ခုလုံးကို စုပ်ယူပြီးနောက်၊ သူမ၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် သခင်အဆင့်မှ လူအမြောက်အမြား အိပ်မက်မက်သည့် မြင့်မြတ်သူအဆင့်သို့ရောက်ရှိသွားသည်။ ၎င်းသည် မြင့်မြတ်သူ ပထမအဆင့်သာမဟုတ်ဘဲ အဆင့်များစွာကျော်တက်၍ မြင့်မြတ်သူပဥ္စမအဆင့်သို့ တက်လှမ်းသွားခြင်းဖြစ်သည်။

"မြင့်မြတ်သူ…အဆင့်ငါးလား”

ရှန်ချင်းဟန်ဆီမှ ထွက်ပေါ်လာသော ပြင်းထန်သည့် သွေးမျိုးက်စွမ်းအားကို ခံစားလိုက်ရကာ လင်းဇီချန်က တုန်လှုပ်လျက် သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများ အံ့ဩမှုများ ပြည့်နှက်နေသည်။ သခင်အဆင့်ကျွမ်းကျင်သူတစ်ဦးသည် အခိုက်အတန့်တိုလေးအတွင်း၌ မြင့်မြတ်သူအဆင့်သို့ တက်လှမ်းသွားခဲ့သည်။ ဤသည်က အိပ်မက်ပင် ထည့်မက်၍ မရနိုင်လောက်အောင် အလွန် ချဲ့ကားလွန်းလှသော်လည်း လက်တွေ့တွင် ရိုးရှင်းစွာပင် အောင်မြင်ခဲ့သည်။

"ဇီချန်…ငါဆင့်ကဲပြောင်းလဲသွားပြီ ပဥ္စမအဆင့်ထိ ရောက်သွားတယ်။ ငါ… အိပ်မက်မက်နေတာလား”

ရှန်ချင်းဟန်က သူမ၏ သွေးမျိုးဆက်စွမ်းအားအဆင့်က မြင့်မြတ်သူအဆင့် ပဥ္စမအဆင့်သို့ ရုတ်ချည်းပြောင်းလဲသွားသည်ကို ရိပ်မိသောအခါ အလွန်အမင်း အံ့သြသွားရကာ အစစ်အမှန်မဟုတ်ဟု ခံစားလာရသည်။

"မင်းတကယ် မြင့်မြတ်သူအဆင့်ပဥ္စမအဆင့်ထိရောက်သွားပြီ”

ရှန်ချင်းဟန်က ထူးဆန်းသည်ဟု ခံစားမိဆဲဖြစ်သည်။

"ဒါပေမယ့် ငါ နားမလည်ဘူး... ဒါက ဘယ်လို ဖြစ်သွားတာလဲ”

"ငါ ဘာမှထူးခြားတယ်လို့ မခံစားရဘူး၊ ရေတွေ အဆက်မပြတ်စီးဝင်လာသလို ခံစားလိုက်ရတယ်၊ အသိစိတ်ပင်လယ်ကြီးက ကျယ်ပြန့်လာပြီး၊ ငါ့ သွေးမျိုးဆက်စွမ်းအားအဆင့်က ချက်ချင်းတိုးတက်သွားတာပဲ”

"အဲဒါက အစစ်အမှန်မဟုတ်ဘူးလို့ ခံစားရတယ်..."

"..."

ရှန်ချင်းဟန်က များများပြောလေလေ ပို၍ အံ့သြသွားလေလေဖြစ်သည်။

“မင်းရဲ့အသိစိတ်ပင်လယ်က အခု ရေနတ်ဘုရားနန်းတော်တစ်ခုလုံးပါနေတယ်။ မင်းအတွက် အရာရာဖြစ်သွားနိုင်တယ်။ ရှေးဘိုးဘေးအဆင့်ထိ တိုးတက်သွားရင်တောင် ကိုယ် အံ့သြမိမှာမဟုတ်ဘူး”

“ရှေးဘိုးဘေးအဆင့်ဟုတ်လား”

ရှန်ချင်းဟန်က ညည်းညူလျက် ဤသည်က မဖြစ်နိုင်ဟု ခံစားရသည်။ လင်းဇီချန်ကမူ ဖြစ်နိုင်သည်ဟု သေချာပေါက် ယုံကြည်လျက်ရှိသည်။ ရေနတ်ဘုရား၏ စွမ်းပကားသည် အမှန်ပင် စိတ်ကူးယဥ်နိုင်စွမ်းကို ကျော်လွန်သွားခဲ့သည်။

တကယ်တမ်းတွင် ဤမျှစွမ်းအားကြီးသော ရေနတ်ဘုရားသည် သူမ၏ တံခါးစောင့်အဖြစ်သာ ထမ်းဆောင်နေခြင်းဖြစ်၍ ရေနတ်ဘုရား၏အဆင့် အမှန်တကယ် မည်မျှမြင့်မားသည်ကို စိတ်ကူးကြည့်နိုင်သည်။ လင်းဇီချန်က ရှန်ချင်းဟန်နှင့် ဤအကြောင်းအရာအပေါ် အများအပြားတွေးမနေတော့ဘဲ သူ့အာရုံကို အနီးနားရှိ သလင်းကျောက်များဆီသို့ အမြန်ပြောင်းလိုက်သည်။

နေထိုင်သူ အရင်းအမြစ်ဝါးမြိုခြင်းသားရဲက သေဆုံးသွားသဖြင့်၊ ဤပတ်ဝန်းကျင်ရှိ အရင်းအမြစ်သလင်းကျောက်များအားလုံးသည် ပိုင်ရှင်မဲ့ပစ္စည်းများဖြစ်လာကာ သိမ်းပိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ လက်သီးလုံးကဲ့သို့ ကြီးမားသော အရင်းအမြစ်သလင်းကျောက်တစ်လုံးကပင် တန်ဖိုးဖြတ်၍ မရနိုင်သည်ဖြစ်ရာ

၎င်းတို့ရှေ့ရှိ အရင်းအမြစ်သလင်းကျောက်များကို စုပုံလိုက်လျှင် သေးငယ်သော တောင်ကုန်းတစ်ခုပင်ဖြစ်နိုင်သည်။ ထိုပမာဏက မယုံကြည်နိုင်လောက်အောင် များပြားလွန်းလှသည်။ အံ့အားအသင့်ဆုံးအရာမှာ ချင်ချွမ်းက သစ္စာဖောက်များဖြစ်သည့် ပိုင်ဝူပျန့်နှင့် ရှန်ကွမ်းယွဲ့ဟွာတို့အား အရင်းအမြစ်သလင်းကျောက်များဖြင့် ပြည့်နှက်နေသော အပျက်အစီးများအတွင်း ဤကဲ့သို့သော အခြားနေရာများစွာရှိကြောင်းပြောခဲ့ခြင်းဖြစ်သည်။ ချင်ချွမ်း၏ပြောစကားသာမှန်ကန်ပါက ဤခရီးစဥ်မှရသော အမြတ်များက ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူတစ်ဦးကပင် မနာလိုဖြစ်လာနိုင်သည်။

ဒါနဲ့… ဒီ “ အရင်းအမြစ်ဝါးမြိုခြင်း” သွေးမျိုးဆက်စွမ်းအားရဲ့အကျိုးသက်ရောက်မှုက ဘယ်လိုအခြေအနေရှိမလဲလို့တွေးမိတယ်

ဝါးမြိုကြည့်ရအောင်…

ဤအတွေးဖြင့် လင်းဇီချန်သည် အနီးဆုံးနေရာ အရင်းအမြစ်သလင်းကျောက်တုံးဆီသို့သွားကာ သူ့လက်ဖြင့် မျက်နှာပြင်ကိုထိလိုက်သည်။

ထို့နောက် စိတ်ထဲတွင်တွေး၏။

‘ဝါးမြို’

All Chapters