← Chapters

မြင့်မြတ်သူအဆင့် ဆဌမအဆင့် ၁

Vol. 33 Ch. 494

မြင့်မြတ်သူအဆင့် ဆဌမအဆင့် ၁

Vol. 33 Ch. 494

ယခုအချိန်တွင် “ဝါးမြို”ဟူသော စကားလုံး၏ အဓိပ္ပါယ်က လုံးလုံးလျားလျား ပုံပေါ်လာသည်။ လင်းဇီချန်၏ ဉာလက်နှင့် ထိမိသော ထူထဲသော အရင်းအမြစ်သလင်းကျောက်တုံးသည် သူ့လက်ဖဝါးမှတစ်ဆင့် ခန္ဓာကိုယ်သို့ တိုးဝင်၍ အပြာရောင်အလင်းတန်းများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။

ထို့နောက် မူလမြေအင်အားစုက နှစ်ပိုင်းကွဲသွားသည်။

လမ်းကြောင်းတစ်ခုသည် သူ၏ ဦးနှောက်၏ နက်နဲသော တွင်းနက်ထဲသို့ပြေးဝင်သွားကာ သူ၏ အသိစစိတ်ပင်လယ်က အစိတ်အပိုင်းတစ်ခုဖြစ်လာလျက် သူ၏ ဝိဉာဥ်စွမ်းအားကို ပိုမိုအင်အားကောင်းလာစေသည်။

အခြားတစ်ခုက သူ့ခန္ဓာကိုယ်တစ်လျှောက်ရှိ သွေးပြန်ကြောများမှတစ်ဆင့် စီးဆင်းသွားကာ လမ်းကြောင်းတစ်လျှောက်ရှိ ဆဲလ်တိုင်းကို အာဟာရဖြည့်ပေးသည့် သွေးစွမ်းအင်များဖြစ်လာသည်။ ဤအခိုက်အတန့်တွင် လင်းဇီချန်သည် သူ၏သွေးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအား နှစ်ခုစလုံး သိသိသာသာ တိုးလာသည်ကို ထင်ရှားစွာ ခံစားခဲ့ရသည်။

သူ၏ သွေးမျိုးဆက်စွမ်းအားသည် မြင့်မြတ်သူအဆင့် ပထမအဆင့်မှ ဒုတိယအဆင့်သို့ တိုးတက်လာတော့မည်ဖြစ်သည်။ သွေးစွမ်းအင်နှင့် ဝိဉာဥ်စွမ်းအင်တို့ အနည်းငယ် တိုးလာရုံဖြင့် သူ၏ သွေးမျိုးဆက်စွမ်းအားအဆင့်ကို မြင့်မြတ်သူအဆင့် ဒုတိယအဆင့်သို့ရောက်စေနိုင်မည်ဖြစ်သည်။ သူ‌ရောက်နေသည့် နေရာက မျက်စိဖြင့် မြင်နိုင်လောက်သည်အထိ ထူထဲသော အရင်းအမြစ်သလင်းကျောက်တုံးများနှင့် ပြည့်နေသည်။ အရင်းအမြစ်သလင်းကျောက်တုံးတစ်ခုကို ဝါးမြိုလိုက်ရုံဖြင့် သူ၏ ချီစွမ်းအင်နှင့် ဝိဉာဥ်စွမ်းအင်တို့က အလွန်တိုးမြင့်လာကာ အဆင့်တစ်ဆင့်သို့ တိုးမြင့်လာမည်ဖြစ်သည်။ အကယ်၍ သူသည် အနေရာရှိ အရင်းအမြစ် သလင်းကျောက်တုံးများအားလုံးကိုသာ ဝါးမြိုခဲ့ပါက သွေးမျိုးဆက်စွမ်းအားအဆင့် မည်မျှထိတက်လာမည်ကို မည်သူသိမည်နည်း။

ဤသည်ကိုတွေး၍ လင်းဇီချန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

“ဇီချန် အရင်းအမြစ်သလင်းကျောက်တွေကို စုပ်ယူနိုင်တာလား”

ရှန်ချင်းဟန်က အံ့သြတကြီးမေးလျက် သူမ၏ မျက်လုံးဝိုင်းလေးများက တဖျပ်ဖျပ်လတ်နေသည်။

“မင်းရဲ့ ရေနတ်ဘုရားနန်းတော်ကြောင့် သွေးအမှုန်အမွှားအဖြစ်ကြေမွသွားတဲ့ အရင်းအမြစ်ဝါးမြိုခြင်းသားရဲကြီးရဲ့ မူလအသက်စွမ်းအင်နဲ့ အရင်းအမြစ်ဝါးမြိုခြင်း သွေးမျိုးဆက်စွမ်းအားကို ကိုစုပ်ယူလိုက်တာ။ အဲ့တာကြောင့် အရင်းအမြစ်သလင်းကျောက်တွေကို ကိုယ့်ကိုယ်ပိုင် သွေးစွမ်းအင်နဲ့ ဝိဉာဥ်အဖြစ်ပြောင်းလို့ရတယ်”

"အံ့သြစရာ..."

ရှန်ချင်းဟန်၏ မျက်လုံးများက မနာလိုမှုများဖြင့် ပြည့်နှက်နေသည်။ သူမ သူ့ကို အလွန် လေးစားသည်။

လင်းဇီချန်သည် များစွာသော စွမ်းရည်များ ပိုင်ဆိုင်ထားးကာ တစ်ခုစီတွင် ဒဏ္ဍာရီလာအကြောင်းပြချက်များရှိသည်။ သူမကိုယ်တိုင်၏ စိတ်ကိုထိန်းပြီးနောက် ရှန်ချင်းဟန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ဇီချန် ဒီလောက် သလင်းကျောက်တွေအများကြီးကို ဝါးမြိုပြီး ဘယ်လိုခံစားရလဲ”

“အရမ်းကောင်းတယ်။ ကို့သွေးမျိုးဆက်စွမ်းအားက မြင့်မြတ်သူပထမအဆင့်အဝကနေ ပထမအဆင့် အထွတ်အထိပ်အထိ တက်သွားပြီ” လင်းဇီချန်က တည်ငြိမ်စွာပြန်ဖြေသည်။

ဤသည်ကိုကြားသောအခါ ရှန့်ချင်းဟန်က အံ့သြလျက် ပါးစပ်ကိုအနည်းငယ်ဟကာ မနာလိုမှုအပြည့်ဖြင့် ပြောလိုက်ပြန်သည်။

“သလင်းကျောက်တစ်လုံးကိုစားလိုက်ရုံနဲ့ ဒီလောက်တိုးတက်တာ နင် ဒီမှာရှိတဲ့ သလင်းကျောက်တွေအားလုံးကို စားလိုက်ရင် ဘယ်အဆင့်ထိ တိုးတက်မှာလဲ”

ဤသို့ပြော၍ သူမက အနည်းငယ် စိတ်လှုပ်ရှားလာသည်။

“ဒီက အရင်းအမြစ်သလင်းကျောက်တွေ အားလုံးကို မြန်မြန်ဝါးမြိုကြည့်။ နင် အဆင့် ဘယ်အဆင့်ထိတက်မလဲကြည့်ရအောင်”

သူမက လင်းဇီချန်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေသည်။

လင်းဇီချန်က အချိန်မဖြုန်းဘဲ အရင်းအမြစ်သလင်းကျောက်တုံးများကို အမြန်ဝါးမြိုလိုက်သည်။

၁

၂

၃

၄

၅...

ဝါးမြိုလိုက်သော အရင်းအမြစ်သလင်းကျောက်တုံးများ များလာလေလေ လင်းဇီချန်၏ သွေးစွမ်းအင်ခွန်အားနှင့် ဝိဉာဥ်စွမ်းအင်ခွန်အားတို့ အဆက်မပြတ် တိုးမြင့်လာကာ သူ၏ သွေးမျိုးဆက်စွမ်းအားအဆင့်လည်း လိုက်လျောညီထွေဖြစ်စွာ တိုးမြင့်လာသည်။

မြင့်မြတ်သူ ဒုတိယအဆင့်

မြင့်မြတ်သူ တတိယအဆင့်

မြင့်မြတ်သူ စတုတ္ထအဆင့်

မြင့်မြတ်သူ ပဥ္စမအဆင့်

မြင့်မြတ်သူ ဆဌမအဆင့်

နောက်ဆုံးသော အရင်းအမြစ် သလင်းကျောက်တုံးကို လုံးဝ ဝါးမြိုလိုက်သောအခါ လင်းဇီချန်၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် မြင့်မြတ်သူ ပထမအဆင့်မှ မြင့်မြတ်သူဆဌမအဆင့်အထိ အဆင့်ဆင့် ပြောင်းလဲသွားသည်။

၎င်းသည် ရှန်ချင်းဟန်၏ မြင့်မြတ်သူ ပဥ္စမအဆင့်ထက် အတိအကျ အဆင့်တစ်ခု မြင့်မားသည်။ သူသည် မြင့်မြတ်သူအဆင့်မြင့်အဆင့်ပိုင်းသို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့၏။ လင်းဇီချန်က သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင်များနှင့် ဝိဉာဥ်ကို တည်ငြိမ်စေပြီးနောက် သူ၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို အလေးအနက် ခံစားလိုက်သည်။

အလွန်ပြင်းသည်။ အလွန်ပြင်းလွန်းလှသဖြင့် မြင့်မြတ်သူပထမအဆင့်က သူ့ထက် အဆများစွာ အင်အားကြီးသည်။ မြှောက်ကိန်းအရ အနည်းဆုံး အဆတစ်သောင်း ပိုမို သန်မာသည်။ နောက်ဆုံးတွင် သူသည် မြင့်မြတ်သူပထမအဆင့်မှ ဆဌမအဆင့်သို့ အဆင့်ငါးဆင့်တိတိ ဆင့်ကဲပြောင်းလဲခဲ့ခြင်းဖြစ်၏။

"ဇီချန် နင် ဘယ်အဆင့်ထိရောက်ပြီလဲ”

လင်းဇီချန်က ထိုနေရာရှိ အရင်းအမြစ်သလင်းကျောက်များအားလုံးကို ဝါးမြိုလိုက်ပြီးနောက် ရှန်ချင်းဟန်က စိတ်အားထက်သန်စွာမေးလိုက်သည်။

လင်းဇီချန်က စိတ်ထဲတွင် ရင်ခုန်စိတ်လှုပ်ရှားနေသေးသောကြောင့် “မြင့်မြတ်သူဆဠမအဆင့်”ဟု ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။

“မြင့်မြတ်သူ ဆဌမအဆင့်ဟုတ်လား။ အရမ်းမြင့်တယ်ရော”

ရှန်ချင်းဟန်၏ မျက်နှာသည် လင်းဇီချန်အတွက် ကြည်နူးမှု အပြည့်နှင့် ပြည့်နေသည်။

သို့သော် သူမ၏ စိတ်လှုပ်ရှားမှုက ကြာကြာမခံလိုက်ဘဲ ခဏအကြာတွင် သူမ၏ ချယ်ရီရောင်နှုတ်ခမ်းဖူးဖူးလေးများကို စူကာ အနည်းငယ် ဆွံ့အသွားသကဲ့သို့ ခံစားလျက် ပြောလိုက်သည်။

“နေပါဦး နင့် သွေးမျိုးဆက်စွမ်းအားအဆင့်က ငါ့ထက်ဘာလို့ တစ်ဆင့်မြင့်နေရတာာလဲ။ နင်ဒါကို ရည်ရွယ်ပြီးလုပ်လိုက်တာလား”

လင်းဇီချန်လည်း ဆွံ့အသွားရသည်။

“မဟုတ်တာ ဒါ ရည်ရွယ်ပြီး လုပ်လို့ရတဲ့ဟာတောင်ဟုတ်လို့လား”

“သေချာပေါက်ပဲပေါ့”

“နင့်ရဲ့ မယုံကြည်နိုင်လောက်တဲ့ စွမ်းရည်တွေနဲ့ဆို နင့်သွေးမျိုးဆက်စွမ်းအားအဆင့်ကို ထိန်းချုပ်နိုင်တာ သာမန်ပဲလို့ထင်ရတယ်” ရှန်ချင်းဟန်က ချက်ကျလက်ကျရှင်းပြသည်။

“မင်း စိတ်ကူးယဥ်ဆန်လွန်းနေပြီ။ ဝတ္ထုမရေးတာက မင်းရဲ့ အရည်အချင်းတွေကို ဖြုန်းတီးနေတာပဲ”

နှစ်ယောက်သား အချိန်ကြာကြာ စကားမပြောဖြစ်ကြဘဲ အနည်းငယ်ပြောပြီးမကြာမီ၌ပင် ရေအောက်နယ်မြေသို့ စတင်စူးစမ်းကြကာ ရွှေ့ပြောင်းနိုင်သော နေရာများကို ရှာဖွေကြသည်။ ထိုနေရာများတွင် အရင်းအမြစ်သလင်းကျောက်များဖြင့် ပြည့်နေသည်။ သေဆုံးသွားသော ချင်ချွမ်းသည် ပိုင်ဝူပျန့်နှင့် ရှန်ကွမ်းယွဲ့ဟွာတို့က အရင်းအမြစ်သလင်းကျောက်များဖြင့် ပြည့်နှက်နေသော အခြားနေရာများရှိကြောင်း ပြောခဲ့ဖူးသည်။ လင်းဇီချန်က ဤသည်ကိုကြား၍ သူရှာတွေ့နိုင်မည်လောဆိုသည်ကို သိရန် စဥ်းစားသည်။

ထို့ကြောင့် သူနှင့်ရှန်ချင်းဟန်တို့က ရတနာသိုက်ကို တစ်လခွဲကြာရှာဖွေခဲ့သည်။

ထောင့်တိုင်းကိုလိုက်ရှာခဲ့ကြသည်။ သို့သော် အရင်းအမြစ်သလင်းကျောက်များ၏ ခြေရာလက်ရာကိုပင် မတွေ့ခဲ့ရပေ။

“ဇီချန် မြို့တော်သခင်က လိမ်နေတာပဲဖြစ်ရမယ်။ ဒီမှာ အရင်းအမြစ်သလင်းကျောက် ဒီလောက်ပမာဏမထားနိုင်ဘူး”

ရှန်ချင်းဟန်သည် သူမ၏ မျက်ခုံးကို အနည်းငယ် မှိတ်လိုက်ပြီး တစ်လခွဲ လုံးလုံး ဖြုန်းတီးခြင်းအတွက် အနည်းငယ် စိတ်မကောင်း ဖြစ်မိသည်။ လင်းဇီချန်က အချိန်ဖြုန်းသည်ဟု မထင်ပေ။ ထိုအချိန်သည် အနည်းဆုံး တန်ကြေးဖြစ်သည်ဟု သူတွေးသည်။ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များရရှိနိုင်ရန် အချိန်မဖြုန်းဘဲ မဖြစ်နိုင်ပေ။ လူတစ်ယောက်၏ ဘဝ၌ လုပ်ဆောင်ချက်တိုင်းက ဆုလာဘ်မရနိုင်ပေ။ ထို့အပြင် ၎င်းတို့သည် လွန်ခဲ့သော လဝက်တွင် လက်ဗလာဖြင့် ထွက်ခွာခဲ့ရခြင်းမရှိပေ။ အရင်းအမြစ်သလင်းကျောက်များကိုသာ မရှာတွေ့နိုင်ခဲ့ခြင်းဖြစ်သည်။

ဆန်းကြယ်သားရဲဆေးမြစ်များ စုဆောင်းနိုင်ခဲ့သည်။ ၎င်းတို့အားလုံးက မြင့်မြတ်သူအဆင့် ဆန်းကြယ်ဆေးပင်များဖြစ်သည်။

All Chapters