← Chapters

မြင့်မြတ်သူအဆင့်ဆဌမအဆင့် ၂

Vol. 33 Ch. 495

မြင့်မြတ်သူအဆင့်ဆဌမအဆင့် ၂

Vol. 33 Ch. 495

“သွားကြမယ်။ ဒီကနေထွက်ပြီး မြို့တော်ကို အခြေအနေကြည့်ဖို့ ပြန်ရအောင်”

လင်းဇီချန်က ရှန်ချင်းဟန်ကို ပြောသည်။

“မြို့က သစ္စာဖောက်တွေနဲ့ပြည့်နေပြီး မလုံခြုံဘူးလို့ မပြောကြဘူးလား။ ဘာလို့ ပြန်သွားရမှာလဲ” ရှန်ချင်းဟန်က မေးသည်။

လင်းဇီချန်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေသည်။

“မလုံခြုံဘူးဆိုတာ အရင်ကပါ။ အခု ကိုတို့ရဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်က နှစ်ယောက်လုံး မြင့်မြတ်သူအဆင့်ထိရောက်သွားကြပြီဆိုတော့ မြို့တော်သခင်နဲ့ ဒုမြို့တော်သခင်နှစ်ယောက်သေပြီးရင် ကိုတို့က မြို့တော်မှာ အသန်မာဆုံးပဲ”

“ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူတွေ မြို့တော်မှာ ရှိလောက်သေးပေမယ့် သူတို့ အဆင့်က အဆင့် နိမ့်မှာပဲရှိဦးမယ်လို့ ကိုခန့်မှန်းမိတယ်”

“ကိုတို့ရဲ့ ခွန်အားနဲ့ဆို ပြိုင်ဘက်ကို အနိုင်မယူနိုင်ရင်တောင် လွယ်လွယ်လေးထွက်ပြေးလို့ရတယ်”

“...”

ရှန်ချင်းဟန်က လင်းဇီချန်၏ စကားက အဓိပ္ပါယ်ရှိသည်ဟု တွေးကာ သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။ မြို့‌တော်သို့ ပြန်ရန် ဆုံးဖြတ်ပြီးနောက် ၎င်းတို့နှစ်ဦးက အချိန်ဖြုန်းမနေတော့ဘဲ အပျက်အဆီးများကြားမှ အမြန်ထွက်ကာ မိုးတဖွဲဖွဲကျနေသည့် ကမ္ဘာသို့ဝင်ရောက်လာခဲ့ကြသည်။ ထို့နောက် လေထုကို ခွင်း၍ အပင်များစွာရှိရာသို့ ပျံသန်းလာခဲ့သည်။ တောင်ပိုင်းဒေသသည် အပင် သတ္တဝါများ၏ မူလမြေဖြစ်သည်။ ၎င်းတို့က စိမ်းလန်းစိုပြေသော အသီးအပင်များ၏ ဦးတည်ရာသို့ လိုက်လျှောက်နေသရွေ့ တောင်ပိုင်းဒေသဆီသို့

ရောက်နိုင်မည်ဖြစ်သည်။

ဘမ်း

ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက အလွန်အမင်း ရုတ်တရက်ဆန်လွန်းလှသောကြောင့် နျူကလီးယားဗုံးတစ်လုံး ၎င်းတို့ ခေါင်းထက်မှ ပေါက်ကွဲသွားသကဲ့သို့ထင်ရသည်။ ၎င်းက လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ နှစ်ဦးလုံးကို တုံ့ဆိုင်းသွားစေသည်။

ခဏအကြာတွင် စိတ်တည်ငြိမ်မှုပြန်လည်ရရှိလာပြီးနောက် လင်းဇီချန်က အသံထွက်လာသည့် လမ်းကြောင်းသို့ လျင်မြန်စွာကြည့်လိုက်ရာ မျက်လုံးတည့်တည့်မှ မြင်ကွင်းကြောင့် အလွန်ထိတ်လန့်သွားရသည်။ အထက်ကောင်းကင်သည် မုန်တိုင်း တိမ်တိုက်များကဲ့သို့ အုံ့မှိုင်း မှောင်ပိန်းနေသည်။ မကြုံစဖူးသော မိုးကြိုးမုန်တိုင်းတစ်ခု စတင်တော့မည့်အလား မှိန်ဖျော့နေသည့် မြင်ကွင်းက အောက်ရှိ မြေတစ်ခွင်လုံးကို ချက်ချင်းလွှမ်းခြုံသွားသည်။

‘အဲ့တာ… မေ့ပျောက်ခြင်းနယ်မြေရဲ့ အနက်ရောင်မြူအုပ်လား’

“ကောင်းကင်မျက်လုံး” ဖြင့် လင်းဇီချန်က အနက်ရောင်ကောင်းကင်ကို ခဏတာစိုက်ကြည့်ကာ ဤကြီးမားသော အနက်ရောင်သည် မေ့ပျောက်ခြင်းနယ်မြေမှ ဂြိုလ်သားများ၏ အလောင်းများကို ဝိုင်းရံထားသည့် အနက်ရောင်မြူခိုးများနှင့် တူညီကြောင်း ပြင်းပျစွာတွေ့ရှိခဲ့သည်။ အဝေးကိုလှမ်းကြည့်လိုက်သောအခါ မှောင်မည်းနေသော ဤမြူခိုးများက တောင်ပိုင်းနယ်မြေဘက်မှ လာသည်ကို သူသဘောပေါက်နားလည်သွားသည်။

တောင်ပိုင်းနယ်မြေမှာ ဘာဖြစ်နေတာလဲ။

တိတ်ဆိတ်ခြင်းအရှင်သခင်က အနက်ရောင်မြူအုပ်ထဲရောက်သွားတာလား။

လင်းဇီချန်၏ အတွေးများ လွင့်ပျံ့သွားကာ သူ တွေးတောတော့မည့်အခိုက်၌ ရုတ်တရက် ကောင်းကင်မှ တိမ်မည်းများသည် တောင်ပိုင်းနယ်မြေ၏ ဤဘက်ခြမ်းဆီသို့ လျင်မြန်စွာ ရွေ့လျားလာသည်။

မဟုတ်ဘူး မရွေ့ဘူး… ဒါပေမယ့် ပြောင်းရွှေ့နေတယ်။

ဤရွေ့လျားနေသော အနက်ရောင် မြူခိုးများသည် ရံဖန်ရံခါတွင် ကြီးမားသော အသံများ၊ ပြိုးပြိုးပြက်ပြက်ပြက်ပြက်များနှင့် ပြင်းထန်သော ရိုက်ခတ်မှုများကို ထုတ်လွှင့်သည်။ ဤသည်မှာ

မုန်တိုင်းတိမ်တိုက်များအတွင်း မိုးခြိမ်းသံမဟုတ်သော်လည်း အားကြီးသောသတ္တဝါများ၏ တိုက်ခိုက်သံများဖြစ်သည်။ အနက်ရောင်ကောင်းကင်ကြီးသည် တိတ်ဆိတ်ခြင်းအရှင်၏ ပေါက်ကွဲခြင်းကြောင့် မဟုတ်ဘဲ တိတ်ဆိတ်ခြင်းအရှင်ကိုယ်တိုင် ဆင့်ခေါ်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

၎င်းက နယ်မြေတစ်ခု ဖွင့်လှစ်ခြင်းနှင့် ဆင်တူသည်။

ဤသည်ကို အလျင်အမြန်သဘောပေါက်သွားသောအခါ လင်းဇီချန်က ရှန်ချင်းဟန်ကို အလယ်ပိုင်းနယ်မြေမှ ထွက်ပြေးရန် အမြန်ခေါ်သွာသည်။ လွတ်မြောက်ရာလမ်းကို တတ်နိုင်သမျှ အမြန်ရှောင်ရန် ရွေးချယ်ခဲ့သည်။

အားလုံးမျှော်လင့်ထားသည့်အတိုင်းဖြစ်လျှင် အနက်ရောင်ကောင်းကင်သည် တောင်ပိုင်းနယ်မြေမှ အလယ်ပိုင်းနယ်မြေသို့ ရွေ့လျား၍ အလယ်ပိုင်းနယ်မြေတစ်ခုလုံးကို အရိပ်များလွှမ်းခြုံသွားမည်ဖြစ်သည်။

…

တောင်ပိုင်းနယ်မြေ အထက်ကောင်းကင်တွင် ချီချင်းမော့က အတန်ငယ် အရေးနိမ့်လျက်ရှိသည်။ သုံးယောက်သုံးယောက်တိုက်ခိုက်ရာတွင် ချီချင်းမော့သည် သူမ၏ ကိုယ်ခန္ဓာသန့်ရှင်းမှုနှင့် လေထဲတွင် ကြီးမားသော အပေါက်အပြဲကို ဖြစ်စေနိုင်သော သူမ၏ သွေးစွမ်းအင်၏ ခွန်အားကို အားကိုးကာ အစမှစ၍ လုံးဝ အားသာချက်ရခဲ့သည်။ သို့သော် သစ်ပင်အကြီးအကဲအဖွဲ့၊ တိတ်ဆိတ်ခြင်းအရှင်နှင့် ညဘုရင်တို့က တရားမျှတမှုမရှိဘဲ ပန်းနတ်ဘုရားကို တိုက်ပွဲတစ်ဝက်တွင် ဆင့်ခေါ်ခဲ့သည်။

ဤလေးယောက်ကို သုံးယောက်ရင်ဆိုင်ရာတွင် ချီချင်းမော့က တင်းတင်းကြပ်ကြပ် ချုပ်တည်းခံထားရလျက် ရှေးစိမ်းလန်းတောင်တန်းမှ စုမေ့ရှောင်သည်လည်း ခန္ဓာကိုယ် ပျော့ပျောင်းသဖြင့် အခြေအနေက ပိုမိုဆိုးရွားလာသည်။ အဖွဲ့လိုက်တိုက်ခိုက်မှုတွင် အားနည်းချက်တစ်ခု ပေါ်လွင်လာသည်နှင့် သင်သည် အလွန်ဆိုးရွားခက်ခဲသော အရေးနိမ့်သည့်အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။

“မဟုတ်ဘူး လေးယောက်သုံးယောက်တိုက်ရတာ အရမ်းဆိုးတယ်။ ဒီတိုင်းဆက်သွားရင် ငါတို့ တစ်ယောက်ပြီးတစ်ယောက်ကျရှုံးလာလိမ့်မယ်” စုမေ့ရှောင်က မျက်မှောင်ကြုတ်ကာ ချီချင်းမော့နှင့် ပင်လယ်နတ်ဘုရားတို့အား တိတ်တဆိတ် ဆက်သွယ်လိုက်သည်။

ပင်လယ်နတ်ဘုရားနှင့် ချီချင်းမော့တို့က မည်သို့မျှ တုံ့ပြန်ခြင်းမပြုဘဲ ရန်သူ၏ တိုက်ခိုက်မှုများကို တွန်းလှန်ရန် အာရုံစိုက်ထားသည်။ သုံးယောက် လေးယောက်တိုက်ရခြင်း၏ အားနည်းချက်ကို မင်းတို့လည်း သိသည်။ ၎င်းတို့အတွက်ကမူ ပြဿနာကိုရှာရန်မဟုတ်ဘဲ မည်သို့ ဖြေရှင်းရမည်ကို သိရန်က အဓိကဖြစ်သည်။ စုမေ့ရှောင်လည်း ဤသည်ကို သတိပြုမိသောကြောင့် ပြဿနာကိုပြောပြီးနောက် သူမ အမြန် ဖြေရှင်းချက်တစ်ခုကို ပြောခဲ့သည်။

“ကျွန်မတို့ ကမ္ဘာ့ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူတွေရှိတဲ့ အလယ်ပိုင်းနယ်မြေကို ဦးတည်သွားသင့်တယ်။ ကျွန်မတို့ ရန်သူရဲ့ ရန်သူက ကျွန်မတို့ မိတ်ဆွေပဲ။ သူတို့ ကျွန်မတို့ကို ဧကန်မုချ ကူညီကြလိမ့်မယ်”

“ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲ” ဟူသော စကားစုသည် ပင်လယ်နတ်ဘုရားအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ တကယ်တမ်းတွင် သူမ စုမေ့ရှောင်သည် အလယ်ပိုင်းဒေသရှိ ကမ္ဘာမြေမှ ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူများထဲ၌ သူမ၏ ချစ်သူ‌ဟောင်းရှိသောကြောင့် ၎င်းတို့ ကူညီမည်ဟု ယုံကြည်ချက်အပြည့်ရှိနေခြင်းဖြစ်သည်။ သူမ၏ ချစ်သူဟောင်းသည် ပင်လယ်နတ်ဘုရားတစ်ပါးတည်းမဟုတ်ပေ။

သူမသည် ညစ်ညမ်းသည်ဟု မဆိုသာသော်လည်း တာဝန်ကျေသူဖြစ်သည်။

သူမ၏ အကြီးမားဆုံးသော ပိုင်ဆိုင်မှုမှာ ယောက်ျားများကို ဆွဲဆောင်ခြင်းဖြကြောင်း သူမကောင်းကောင်းသိသည်။ ထို့ကြောင့် ရှေးစိမ်းလန်းတောင်တန်းအ အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ရရှိရန် သူမသည် ဒဏ္ဍာရီလာအဆင့် ကျွမ်းကျင်သူကို ဆွဲဆောင်ရန် ကြိုးစားမည်ဖြစ်သည်။

အရှေ့တိုင်းဒေသ၏ ပင်လယ်နတ်ဘုရားသည် သူမအောင်မြင်စွာ သွေးဆောင်ခဲ့သော ဒဏ္ဍာရီလာအဆင့် ကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်သည်။

ကမ္ဘာမြေမှ ဒဏ္ဍာရီလာအဆင့် ကျွမ်းကျင်သူနှစ်ဦးသည် အလယ်ပိုင်းဒေသ၏ ရုပ်ကြွင်းများကို ပြုစုပျိုးထောင်ပေးနေသည့် သူမ၏ အောင်မြင်သော သွေးဆောင်မှု၏ ပစ်မှတ်လည်း ဖြစ်သည်။

"အလယ်ပိုင်းဒေသမှာ ကမ္ဘာမြေရဲ့ ဒဏ္ဍာရီလာအဆင့် ကျွမ်းကျင်သူတွေရှိတယ်ဆိုတာ မင်းဘယ်လိုသိတာလဲ။"

ပင်လယ်နတ်ဘုရားက စုမေ့ရှောင်ကို သံသယရှိစွာမေးလိုက်သည်။ စုမေ့ရှောင်သည် ကမ္ဘာမြေကြီး၏ ဒဏ္ဍာရီလာအဆင့် ကျွမ်းကျင်သူများနှင့် ရှင်းလင်းမပြတ်သားသော ထိလွယ်ရှလွယ် ဆက်ဆံရေးရှိနေသည်ဟု သူသံသယရှိခဲ့သည်။ ရှေးစိမ်းလန်းတောင်တန်းမှ မြေခွေး အမျိုးသမီး၏ ဖြာယောင်းမှုအကြာင်းသူသိသည်။ စုမေ့ရှောင်က မရှင်းပြသော်လည်း သူနှင့် ချီချင်းမော့အား ပြတ်သားစွာပြောလိုက်သည်။

“သွားကြမယ်။ အလယ်ပိုင်းနယ်မြေကို သွားရအောင်”

သူမ၏ စကားမျာထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူမ၏ ဝိဉာဥ်စွမ်းအားလည်း ရုတ်တရက် တိုးလာသည်။

သူမ၏ စွဲမက်ဖွယ်မျက်လုံးများသည် ခရမ်းရောင်အလင်းများဖြင့် တောက်လောင်လာသည်။ နောက်အခိုက်အတန့်တွင် ခရမ်းရောင်လရောင်သည် ကောင်းကင်ယံမှ မြင့်သောအရပ်မှ ကမ္ဘာတစ်ခုလုံးကို ခရမ်းရောင်အလင်းများ လွှမ်းခြုံသွားစေသည်။

သစ်ပင်အကြီးအကဲ၊ တိတ်ဆိတ်ခြင်း အရှင်သခင်၊ ညဘုရင်နှင့် ပန်းနတ်ဘုရားတို့သည် ဤခရမ်းရောင်လရောင်၏ လွှမ်းမိုးခြင်းခံရပြီးနောက် ၎င်းတို့၏ မျက်စံများက ခရမ်းရောင်ဖျော့ဖျော့လင်းလက်သွားကာ အဆုံးမဲ့ပုံရိပ်ယောင်လောကထဲသို့ ကျရောက်သွားသည်။

"မြန်​မြန်​၊ အလယ်ပိုင်း​ဒေသကို"

စုမေ့ရှောင်သည် ဤဒဏ္ဍာရီလာအဆင့် ကျွမ်းကျင်ပညာရှင်လေးဦးကို အချိန်အတော်ကြာ မထိန်းနိုင်တော့သည်ကို သိ၍ အမြန်ထွက်သွားရန် ချီချင်းမော့နှင့် ပင်လယ်နတ်ဘုရားတို့ကိုအော်လိုက်သည်။ သူမ၏ အော်သံကိုကြားသောအခါ နှစ်ယောက်သား တုံ့ဆိုင်းမနေတော့ဘဲ အလယ်ပိုင်းစစ်ဌာနချုပ်ဆီသို့ ဦးတည်သွားကြသည်။ ၎င်းတို့သုံးဦးလုံးက စက္ကန့်ဝက်မပြည့်ခင်တွင် ထွက်သွားကြခြင်းဖြစ်သည်။ တိတ်ဆိတ်ခြင်းနယ်မြေသခင်က ပုံရိပ်ယောင်ထဲမှ ပထမဆုံး နိုးထလာသူဖြစ်သည်။

ခရမ်းရောင် လရောင်ဖြင့် ကမ္ဘာကြီးကို လွှမ်းခြုံနေသည်ကို မြင်လိုက်ရသောအခါ စုမေ့ရှောင်၏ ပုံရိပ်ရောင်လောကထဲသို့ လှည့်စားခေါ်ယူခြင်းခံလိုက်ရကြောင်း သူ ချက်ချင်းသဘောပေါက်နားလည်သွားသည်။

သူသဘောပေါက်သွားသောအခါ ချက်ချင်းပင် အနှစ်သာရသွေးကိုစတေး၍ သူ၏ ပင်ကိုယ်စွမ်းအင်အားလုံးကို အသိစိတ်ပင်လယ်ထဲ၌ ဖြိုခွဲပစ်လိုက်ရာ ထူထပ်နေသော တိမ်မည်းများကို အလုံးအရင်းဖြင့် ဖြန့်ချလိုက်သည်။

ဤအနက်ရောင်အခိုးအငွေ့များ ပေါ်လာသည်နှင့် တပြိုင်နက် လေထဲတွင် အောက်ခြေမရှိသော အက်ကွဲကြောင်းများစွာထွက်ပေါ်လာစေသည်။

ဤအပျက်အစီးအက်ကြောင်းများမှတဆင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင် မြူခိုးများက ကမ္ဘာတစ်ခုလုံးကို ကျူးကျော်ဝင်ရောက်ကာ ခရမ်းရောင်လရောင်ဖုံးလွှမ်းနေသော ကမ္ဘာကြီးသည်

သူတို့ကိုယ်တိုင် မမြင်နိုင်သော မှောင်မိုက်သော တွင်းနက်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး မှောင်မည်းသွားပြီဖြစ်သည်။ သစ်ပင်အကြီးအကဲ၊ ညဘုရင်နှင့် ပန်းနတ်ဘုရားတို့သည် ပုံရိပ်ယောင်လောကထဲမှ တစ်ပြိုင်နက် လွတ်မြောက်ခဲ့ကြသည်။ ဒဏ္ဍာရီလာအဆင့် ကျွမ်းကျင်ပညာရှင် သုံးဦးတို့သည်စုမေ့ရှောင်၏ လှည့်စားမှုနည်းပညာတွင် ချုပ်နှောင်ခံခဲ့ရကြောင်း သတိရလာသည်နှင့် ချက်ချင်းသိလိုက်ကြသည်။

၎င်းတို့အနက်မှ ပန်းနတ်ဘုရားက မျက်မှောင်ကြုတ်လိုက်၏။

“ရှေးစိမ်းလန်းတောင်တန်းက မြေခွေးမက တကယ်ပဲ ဒုက္ခပေးတယ်”

“သူတို့ အလယ်ပိုင်းနယ်မြေကိုထွက်ပြေးသွားကြပြီ”

တိတ်ဆိတ်ခြင်းသခင်က ဤသို့ပြောပြီးနောက် နောက်တစ်စက္ကန့်၌ပင် အနီးနားရှိ တိမ်မည်းများနှင့် ပေါင်းစပ်ကာ အလယ်ပိုင်းနယ်မြေဘက်သို့ လျင်မြန်စွာ ပျံသန်းသွားသည်။ သစ်ပင်အကြီးအကဲ၊ ညဘုရင်နှင့် ပန်းနတ်ဘုရားတို့က ယင်းကို မြင်သည်နှင့် ချက်ချင်းလိုက်သွားကြသည်။ ၎င်းတို့ဘက်မှ အားသာချက်ဖြင့် ယခုလုပ်ရမည့်အရာမှာ အားကြိုးမာန်တက် ချေမှုန်းပစ်ရန်သာဖြစ်သည်။

…

တစ်ဖက်တွင် လင်းဇီချန်သည် ရှန်ချင်းဟန်နှင့်အတူ တောင်ပိုင်းနယ်မြေသို့ ပြန်လှည့်သွားခဲ့သည်။

All Chapters