← Chapters

အင်္ဂလိပ် သီချင်းများ၏ အသေအကျေ တိုက်ပွဲ

Vol. 49 Ch. 729

အင်္ဂလိပ် သီချင်းများ၏ အသေအကျေ တိုက်ပွဲ

Vol. 49 Ch. 729

ထို့နောက် ဒန်နီသည် ဂျော့ရှ်ကို သီချင်းရေးသားသူအဖြစ်နှင့် သူကိုယ်တိုင် အဆိုတော်အဖြစ် သီချင်းအသစ်တစ်ပုဒ် ထုတ်လာသည်။

ထိုသီချင်း၏ တေးသွားသည် သဘာဝနှင့် အလွန် တူညီပြီး စာသားအများစုကလည်း တူနေသည်။ Natural နဲ့ အလွန်တူညီပြီး စာသားအများစုကလည်း တူပါတယ်။ တူညီမှုက အံ့သြစရာကောင်းလောက်အောင် ၈၀ ရာခိုင်နှုန်း ရှိနေ၏။

ထိုသီချင်းကို Natural ထွက်ပြီးမှ အသစ်စက်စက် ထုတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒန်နီသည် ရဲ့လင်းချန်က သူ့သီချင်းကို ခိုးချတယ်ဟု လှည့်စားနိုင်ခဲ့သည်။ ယင်းက ပြက်လုံးတစ်ခု ဖြစ်သော်လည်း သဘာဝက ဂျော့ရှ်၏ သီချင်းကို အများအပြား ကူးချထားကြောင့် သက်သေများစွာ ချပြနိုင်ခဲ့သည်။

ဒန်နီက ဆက်ပြီး ပို့စ်တင်ခဲ့သည်။

[ဒီအချိန်မှာ တစ်ခုခု ပြောလိုက်တာက နောက်ကျနေပြီဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ တရုတ်က အဆိုတော်ဝိုင်က ငါတို့လက်ရာကို တကယ် ခိုးချထားပါတယ်။ ကံမကောင်းစွာနဲ့ပဲ ငါတို့ ထုတ်လွှင့်ဖို့ စီစဉ်ထားတဲ့ သီချင်းအသစ်ကို သူ ဘယ်လိုလုပ်ရသွားလဲ မသိဘူး။ ဂျော့ရှ်နဲ့ ကျွန်တော်က ဒီသီချင်းနဲ့ ဂီတလောကရဲ့ ထိပ်ဆုံးကို စိန်ခေါ်ဖို့ အစက စီစဉ်ထားတာပါ။ တကယ်ကို ရှက်စရာပဲ၊ ဂျော့ရှ်က စိတ်ပျက်နေပြီးတော့ ဒီကိစ္စကို ဆက်မလုပ်ချင်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော် ဒါကို တကယ် မခံနိုင်ဘူး။ ဘယ်သူမှ ကျွန်တော့်ကို မယုံရင်တောင်မှ အားလုံးသိအောင် လုပ်ချင်ပါတယ်]

ဒန်နီက ဝင်ရောက်ပြောဆိုခဲ့သော်လည်း ဂျော့ရှ်က တိတ်ဆိတ်နေသည်။ မသိလျှင် သူ မတရားခံရပြီး နှုတ်ဆိတ်နေဖို့ ရွေးချယ်လိုက်သလိုပင်။

ထိုအကြောင်းကြောင့် နိုင်ငံခြားသားများ ဆူဆူညညံ ဖြစ်သွားကြသည်။

အမှန်တရားက အရေးပါရဲ့လား။ လုံးဝမပါပေ။

သူတို့သည် သူတို့၏ ခံစားချက်နောက်ကိုသာ လိုက်နာခဲ့ပြီး တရုတ်လူမျိုးတစ်ယောက်က ဤမျှ ကောင်းမွန်သော သီချင်းမျိုးကို ရေးဖွဲ့နိုင်မယ်ဟု လုံးဝ မယုံကြည်ကြချေ။ ယခုအချိန်၌ အခွင့်အရေးတစ်ခုကို ရှာတွေ့သွားသဖြင့် သူတို့ စိတ်လှုပ်ရှားသွားလေသည်။

နိုင်ငံတကာ ဂီတလောကမှာမူ ဒန်နီက အဆိုတော်ဝိုင်ကို အမဲဖျက်ပြီး နာမည်ကြီးအောင် လုပ်နေမှန်း သူတို့ ချက်ချင်း သိကြလေသည်။ ၎င်းက သူ၏ နောက်ထပ် ထွက်ရှိလာမည့် သီချင်းသစ်များအတွက် လမ်းခင်းနေခြင်း ဖြစ်သည်။

သို့ရာတွင် သူတို့က ဤရလဒ်ကို သဘောကျနေကြသည်။ အကြောင်းမှာ ဒန်နီက တစ်ယောက် ဖြစ်နေသောကြောင့်ပင်။ အဆိုတော်ဝိုင်က ဘာတန်ဖိုးရှိမည်နည်း။ မကြာသေးခင်က နိုင်ငံတကာ ဂီတလောကသည် တရုတ်လူမျိုး တစ်ယောက်ကို ရှုံးနိမ့်သွားသဖြင့် လူအများအပြား၏ အထင်အမြင်သေးသော မှတ်ချက်များကို ရရှိခဲ့သည်။ ထို့ကြောင့် ယခုကဲ့သို့ ဖြစ်လာသောအခါ သူတို့ ဝေဖန်မှုကနေ လွတ်မြောက် သွားလေသည်။

[ဟာကွာ! တရုတ်တွေက မျက်နှာပြောင်တိုက်လွန်းတယ်!]

[တကယ်ကို မျက်နှာပြောင်တိုက်လွန်းတယ်။ တရုတ်တွေရဲ့ အရှက်မရှိတာကို ကြားဖူးပေမဲ့ ဒီလောက်ဆိုးမယ်လို့ တစ်ခါမှမထင်ခဲ့ဘူး!]

[အားးးး၊ ငါသိသင့်ခဲ့တာ။ တရုတ်တစ်ယောက်က ဒီလိုမျိုး ဘယ်လိုလုပ်ရေးနိုင်မှာလဲ၊ သူက ထိုက်တန်လို့လား]

[အဆိုတော်ဝိုင် အခုချက်ချင်းတောင်းပန်သင့်တယ်။ တရုတ်တွေက ကိုယ်ကျင့်တရားကို မရှိဘူး]

[ဒါက ငါ့အမြင်ကို ပြောင်းလဲစေတာပဲ၊ ဘယ်လောက်တောင် မျက်နှာပြောင်တိုက်တာလဲ]

[ဂျော့ရှ် သနားပါတယ်၊ မကြောက်နဲ့၊ ငါတို့ မင်းကို ထောက်ခံတယ်!]

[ဟုတ်တယ်။ ငါတို့ ဂျော့ရှ်နဲ့ ဒန်နီကို ထောက်ခံတယ်၊ မင်းတို့ အခုတလော သီချင်းအသစ်ထုတ်ဖို့ စီစဉ်နေတာမလား၊ ငါတို့ မင်းတို့ကို သေချာပေါက် ထောက်ခံမယ်!]

[လခွမ်း၊ သဘာဝကို ငါ အချိန်အတော်ကြာအောင် နားထောင်ခဲ့တာကို စဉ်းစားမိရင် အခု ချီးစားထားရသလိုပဲ]

[ဒါက ဆိုးရွားလွန်းတယ်။ အဲ့ဒီတရုတ်ကောင် ဘာတွေဆိုနေတာလဲ]

…

နိုင်ငံခြားသားများသည် သူတို့၏ စော်ကားပြောဆိုမှုတွေနှင့် အဆိုတော်ဝိုင်ကို မျက်နှာပြောင်တိုက်ပြီး အောက်တန်းကျသူအဖြစ် ပုံဖော်ကာ အကြီးအကျယ် တိုက်ခိုက်လာကြသည်။ လူအများအပြားက သူတို့၏ အထင်အမြင်သေးသော မှတ်ချက်များကို သီချင်းသုံးသပ်ချက်ထဲအထိ ယူဆောင်လာကြသည်။

ဒါကြောင့် တရုတ်လူမျိုးများ ဒေါသူပုန်ထလာသည်။

[ချီးပဲ ဒါ ဘာလဲ?]

[သီချင်းဟောင်းက သီချင်းသစ်ကို ခိုးချတာတဲ့လား၊ အံ့သြစရာပဲ။ တစ်ခါမှမကြားဖူးဘူး]

[ကြောက်ဖို့ကောင်းလိုက်တာ၊ နိုင်ငံခြားသားတွေက ဒီလောက်အထိ မျက်နှာပြောင်တိုက်မယ်လို့ ငါ တစ်ခါမှ မထင်ခဲ့ဘူး။ ဒါက တကယ်ကို ကြောက်စရာပဲ]

[ဟားဟားဟား၊ ရယ်ရလွန်းလို့ သေတော့မယ်၊ ငါတို့ဆီမှာ လူထူးလူဆန်းတွေ နှစ်တိုင်း အများကြီး ရှိပေမဲ့ ဒီနှစ်တော့ တော်တော်ကို များနေပြီ]

[အဲ့ဒီနိုင်ငံခြားသားတွေရဲ့ ဥာဏ်ရည်ကို ငါနည်းနည်းတော့ စိုးရိမ်တယ်]

[လဒူတွေပဲ၊ ချီးကျူးပါတယ်]

[တရုတ်တွေက ဘာဖြစ်လဲ၊ မင်းကသာ အရည်အချင်းမရှိတာ။ အသုံးမကျတဲ့ကောင်]

[အင်္ဂလိပ်သီချင်း ဆိုတာ ဘယ်လောက်ခက်မှာမို့လို့လဲ၊ အဆိုတော်ဝိုင်အတွက် အဲ့ဒါက ဘာမှမဟုတ်ဘူး]

…

သိပ်မကြာခင်မှာပင် နိုင်ငံခြားသားများနှင့် တရုတ်လူမျိုးများကြား၌ ပြင်းထန်သော အွန်လိုင်းစစ်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။ တရုတ်လူမျိုးများက မျက်နှာပြောင်တိုက်သည်ဟု ဝေဖန်ခံရပြီး နိုင်ငံခြားသားများက အင်္ဂလိပ် သီချင်း ရေးရာတွင် တရုတ်ကို ရှုံးသဖြင့် လူအတွေအဖြစ် ဝေဖန်ခံခဲ့ရသည်။

ထိုသို့သော အခြေအနေမျိုး၌ ရဲ့လင်းချန်၏ နာမည်က ပို၍ ကျော်ကြားလာသဖြင့် သူ၏ ရေပန်းစားမှုအမှတ်များ အကြီးအကျယ် မြင့်တက်လာခဲ့သည်။

ဤသည်က တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။

ရဲ့လင်းချန်သည် နိုင်ငံခြားသားတွေက ထိုမျှ အရှက်မဲ့လိမ့်မည်ဟု ဘယ်သောအခါကမှ ထင်မထားမိပေ။ သူ၏ ကျော်ကြားမှုကို ကပ်တွယ်နေခြင်းက ဘာမှမဖြစ်သော်လည်း တရုတ်လူမျိုးတစ်ယောက်က ကောင်းမွန်သော အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို နေနိုင်နေခြင်းအား သူတို့ မယုံနိုင်ရုံနှင့် သူ့ကို တကယ်တမ်း အသရေဖျက်ပြီး အဲ့ဒီအပေါ်မှာ မသိကျိုးကျွန်ပြုလိမ့်မယ်လို့ ထင်မှတ်မထားမိပါ။

ယခုတလောတွင် ရဲ့လင်းချန်သည် ဒေသသစ်အတွင်း၌ နေထိုင်ခဲ့သဖြင့် ဤတိုက်ပွဲကြီးနှင့် လွဲချော်သွားခဲ့သည်။ ငါးရက်တိုင်တိုင် ကုန်လွန်သွားပြီဖြစ်ပြီး အရှိန်က အနည်းငယ် ကျသွားခဲ့လေပြီ။

နိုင်ငံခြားသားများသည် အဆိုတော်ဝိုင်၏ နှုတ်ဆိတ်နေမှုကြောင့် သူ့အား ငကြောက်တစ်ယောက်ဟု ထင်မှတ်ပြီး လှောင်ပြောင်စော်ကားသော မှတ်ချက်များကို ရေးသားခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် တရုတ်လူမျိုးများ ကလည်း အဆိုတော်ဝိုင် ငြိမ်နေသဖြင့် စိတ်မလုံမလဲ ဖြစ်နေကြသည်။ သူ တကယ်ပဲ ကြောက်နေတာများလားဟု တွေးမိနေကြသည်။ အချို့ဆိုရင် အဆိုတော်ဝိုင်၏ Weibo အကောင့်ကို tag ၍ မေးမြန်းခဲ့ကြသည်။

*ဟို ဒန်နီ ဆိုတဲ့သူရဲ့ သီချင်းအသစ်ထွက်ဖို့ နောက်တစ်ပတ်ပဲ ကျန်တော့တာမဟုတ်လား*

ရဲ့လင်းချန်က သူ့နှာခေါင်းကို ပွတ်နေပြီး နှုတ်ခမ်းထောင့်စွန်းများ ကော့တက်သွားလေသည်။ သူ သုံးစွဲပစ် လိုက်သည့် ရေပန်းစားမှုအမှတ်များ နေရာမှာ အမှတ်အသစ်တွေကို လာပေးမယ့်သူရှိလိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ပါ။ ထို့အပြင် ထိုလူက သူ့မျက်နှာကို လက်ဝါးနှင့် အပီအပြင် ရိုက်ခံရရန်အထိ ပြင်ဆင်လာခဲ့သည်။

သူက ပို့စ်တစ်ခုကို ပေါ့ပေါ့ပါးပါး တင်လိုက်သည်။

[ငါ တစ်ပတ်အတွင်း သီချင်းတစ်ပုဒ် ထုတ်မယ်၊ ငါ့ကို ခိုးချတယ်လို့ စွပ်စွဲလို့မရအောင် အဲ့ဒီမတိုင်ခင် နိုင်ငံခြားသားတွေအနေနဲ့ သီချင်းအားလုံးကို ထုတ်လိုက်တာ ပိုကောင်းပါလိမ့်မယ်]

ထိုပို့စ်ကို တင်လိုက်သည်နှင့် အဆိုတော်ဝိုင်၏ တုံ့ပြန်မှုကို စောင့်နေကြသည့် ပရိသတ်တွေက ချက်ချင်းဆိုသလို ဝမ်းသာအားရ ဖြစ်သွားကြပြီး ယုံကြည်မှုလည်း အပြည့်အဝ ပြန်ရှိလာခဲ့ကြသည်။

[ဟားဟားဟား၊ အဆိုတော်ဝိုင် တစ်ယောက် ပြန်ပေါ်လာပြီ!]

[သူ ဒီမှာ၊ သူ နောက်ဆုံးတော့ ဒီကို ရောက်လာခဲ့ပြီ။ အဆိုတော်ဝိုင် ဘယ်တော့မှ နောက်မဆုတ်ဘူးဆိုတာ ငါ သိနေတယ်လေ!]

[သူ ပြန်လာပြီ!]

[အာ့... အဆိုတော်ဝိုင် ဖျော်ဖြေဖို့အချိန် ပြန်ရောက်လာပြီလား။ ဟိုနိုင်ငံခြားသားတွေ အဆင်သင့်ဖြစ်ပြီလား]

[ဟားဟားဟား၊ စိတ်အေးသွားပြီကွာ၊ ဟုတ်တယ်၊ နိုင်ငံခြားသားတွေ … မင်းတို့ရဲ့ လက်ရာတွေကို အမြန် ထုတ်ဝေပြီး ခိုးချတာလို့ စွပ်စွဲတာကို ရပ်လိုက်သင့်ပြီ]

[မှန်တယ်၊ မျက်နှာပြောင်တိုက်မှုမှာ အတိုင်းအတာတစ်ခုတော့ ရှိသင့်တယ်။]

[တစ်ပတ်နေရင်တဲ့လား၊ အဲ့ဒါက ဒန်နီ သူ့ရဲ့သီချင်းအသစ် ထုတ်မယ့်အချိန်မဟုတ်ဘူးလား။ အဆိုတော်ဝိုင်က သူ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ စိန်ခေါ်နေတာပဲ!]

[အဲ့ဒါကတော့ မဖြစ်မနေ စိန်ခေါ်ရမယ့်အရာပဲ။ အဲ့လောက်တောင် မျက်နှာပြောင်တိုက်တဲ့ Dani ရဲ့ အမှားပဲလေ၊ မျက်နှာ ဖြတ်ရိုက်တာတွေ စတင်ဖို့အတွက် ငါ စိတ်ဝင်တစား စောင့်နေမိပြီ]

[အဆိုတော်ဝိုင်က လွှမ်းမိုးနိုင်တယ်၊ နိုင်ငံခြားသားတွေကို အင်္ဂလိပ်သီချင်းနဲ့တောင် ချေမှုန်းနိုင်လိမ့်မယ်လို့ ငါ ယုံတယ်]

…

အဆိုတော်ဝိုင်၏ ပရိသတ်များ ပွက်လောရိုက်သွားပြီးနောက် တရုတ်နိုင်ငံသားများ ဆူညံလာသည်။

အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံက ပထမဆုံးသော ကောင်းမွန်သည့် အင်္ဂလိပ်သီချင်းကို ဖန်တီးခဲ့ခြင်းကို နိုင်ငံခြားသားများက ခိုးချမှုဟု စွပ်စွဲပြီး အလွန် မောက်မာစွာ ပြုမူခဲ့ခြင်းကြောင့်ပင်။ ၎င်းက သူတို့ကို အထင်သေးလိုက်ခြင်းပင်။ အမျိုးသားရေးစိတ်ဓာတ်ရှိသည့် မည်သူမဆို ယင်းကို ငြိမ်ခံနေမှာ မဟုတ်ပေ။

အခု အဆိုတော်ဝိုင်က သူတို့ကိုယ်စား မျက်နှာဖြတ်ရိုက်ရန် ဦးဆောင်လာသည့်အခါ၌ သူတို့ ဘယ်လိုလုပ် စိတ်လှုပ်ရှားမှု မရှိဘဲ နေနိုင်ပါမည်နည်း။

[မင်းတို့က ငါတို့ တရုတ်လူမျိုးတွေက အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို ရေးသားနိုင်မှာ မဟုတ်ဘူးလို့ ထင်နေတာမို့လို့ မင်းတို့ မျက်နှာတွေ ရောင်လာတဲ့အထိ ဖြတ်ရိုက်နိုင်မယ့် နောက်ထပ် လက်ရာမြောက် အနုပညာလက်ရာတစ်ခုကို ငါတို့က ဖန်တီးပြတော့မှာ၊ အဲ့ဒါကို တွေးလိုက်ရုံနဲ့တင် စိတ်လှုပ်ရှားစရာပဲ]

[အဆိုတော်ဝိုင် ပြိုင်နိုင်ပါ့မလား]

[နောက်နေတာလား၊ အဆိုတော်ဝိုင်က သူ့ဂီတဘက်က အောင်မြင်မှုတွေကို ကြည့်ရင်တောင် ရှုံးဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူတို့ Natural သီချင်း ဘယ်လောက်တောင် အောင်မြင်ခဲ့လဲဆိုတာ မမြင်ခဲ့ကြဘူးလား]

သိပ်မကြာခင်မှာပင် ထိုသတင်းက နိုင်ငံတကာကို ပျံ့နှံ့သွားခဲ့ပြီး ပြင်ပကမ္ဘာကို တစ်ဖန် ပြန်လည် တုန်လှုပ် သွားစေခဲ့သည်။

[သောက်ကျိုးနည်း! အဲ့ဒီ လူယုတ်မာ အဆိုတော်ဝိုင် တစ်ယောက် ပြန်ပေါ်လာဖို့ သတ္တိရှိသေးတယ်လား]

[သူခိုးတစ်ယောက်က ဘယ်လိုတောင် ငါတို့နဲ့ ယှဉ်ပြိုင်ရဲနေရတာလဲ]

[ဒါက အရမ်းကို မျက်နှာပြောင်တိုက်တာပဲ၊ သူ့ရဲ့ အင်္ဂလိပ်သီချင်းတွေက ဆိုးရွားနေမှာ သေချာတယ်]

[တရုတ်တွေဟာ မျက်နှာပြောင်တိုက်ပြီး မောက်မာကြတယ်။ ဟဲဟဲ၊ စိုးရိမ်စရာမရှိဘူး]

...

ထို့နောက် နိုင်ငံခြားအဆိုတော် အများအပြားသည် သူတို့ရဲ့ သီချင်းတွေကို တစ်ပတ်အကြာ၌ အဆိုတော်ဝိုင်နှင့် တစ်ချိန်တည်း ထုတ်ဝေမည်ဟု ကြေညာခဲ့ကြသည်။ ယခင်က ရက်သတ်မှတ်ထားသူများကလည်း သူတို့၏ အချိန်များအား နောက်ဆုတ်ခြင်း၊ ရှေ့တိုးခြင်းတို့ လုပ်ခဲ့ကြပြီး အားလုံးက အဆိုတော်ဝိုင်နှင့် တစ်ရက်တည်း တစ်ချိန်တည်း ထုတ်ဝေနိုင်ရန် သေချာအောင် လုပ်နေကြလေသည်။

*ဘာမှမဟုတ်တဲ့ တရုတ်တစ်ယောက်က ငါတို့ရဲ့ အင်္ဂလိပ်ဂီတလုပ်ငန်းကို စိန်ခေါ်ရဲတယ်လား၊ မင်း အင်္ဂလိပ်စကားတောင် ပြောတတ်ရဲ့လား၊ မောက်မာချက်ကတော့*

သူတို့သည် အဆိုတော်ဝိုင်ကို တွန်းချရန်အတွက် ဤသို့ လုပ်ခဲ့ကြခြင်း ဖြစ်သည်။ တရုတ်လူမျိုးတစ်ယောက်ကို သူ့စိတ်ကြိုက် လုပ်ခွင့်ပေးရန် သူတို့ လုံးဝ ခွင့်မပြုနိုင်ပါ။ ထို့အပြင် အဓိကအကြောင်းအရင်းမှာ ထိုရက်၌ ရေပန်းစားမှုအပေါ် မီလိုက်ရန် ဖြစ်သည်။ သူတို့နိုင်ငံအတွက် တရုတ်လူမျိုးကို သူတို့ စိန်ခေါ်နေခြင်း ဖြစ်သည်ဟု တွေးနေခဲ့ကြသည်။ ထိုသို့ လုပ်ခြင်းကြောင့် သူတို့၏ နိုင်ငံသားများကလည်း သူတို့ကို ပိုမိုပံ့ပိုးလာလိမ့်မယ်လို့ တွေးခဲ့ကြကြခြင်း ဖြစ်သည်။

နိုင်ငံခြားသားများသည် စိတ်လှုပ်ရှားမှုကြောင့် မရိုးမယွ ဖြစ်နေကြလေသည်။

“သောက်ကျိုးနည်း! သီချင်းအသစ်တွေက အများကြီးပဲ၊ အဲ့ဒီနေ့ကတော့ ခမ်းနားကြီးကျယ်တဲ့နေ့တစ်နေ့ ဖြစ်လာတာ့မှာပဲ”

All Chapters