← Chapters

သူက ငါ့ကို တွေ့ချင်နေပြန်ပြီလား

Vol. 7 Ch. 686

သူက ငါ့ကို တွေ့ချင်နေပြန်ပြီလား

Vol. 7 Ch. 686

သူ၏ နိမိတ်ဖတ်ခြင်းနှင့် ပြန်လည်စဥ်းစားတွေးတောခြင်း နည်းလမ်းများကြောင့် ဆယ့်ငါးရောင်ခြယ်မီးတောက် ဖန်တီးနည်းနှင့်ပတ်သက်၍ အလွန်ယုံကြည်ချက်ရှိလာသည်။ သို့သော် ယင်းမှာ လုပ်ဆောင်ချက်များစွာလိုအပ်သည့် ခက်ခဲသောအလုပ်တစ်ခု ဖြစ်နေသေးသည်။

ကံကောင်းထောက်မစွာ သူ အလုပ်လုပ်ရန် အမုန်းဝိညာဥ်တစ်ပုံတခေါင်းရှိသည်။ သူက ကြိုးစားကာ လုပ်ဆောင်နေပြီး အကြိမ်တိုင်း ကျရှုံးနေပါသော်လည်း ရှုံးနိမ့်မှုတိုင်းမှ သင်ယူလေ့လာနေသည်။ မအောင်မြင်ရခြင်း၏ အကြောင်းရင်းများကို ဖော်ထုတ်ပြီး ပြန်လည်ဖြေရှင်းခြင်းဖြင့် သူသည် ဖြေးဖြေးမှန်မှန် တိုးတက်လာ၏။ အချိန်များကုန်လွန်သွားပြီး သူသည် မီးတောက် ဖန်တီးရာတွင် ပို၍ ကျွမ်းကျင်လာလေပြီ။

" နောက်ထပ်ဆယ်ကြိမ်ပဲ။ ပြီးရင် ငါအောင်မြင်ပြီ" သူက အမုန်းဝိညာဥ်များထုတ်၍ အလုပ်လုပ်နေစဥ် သရဲဘုရင်သစ်ခွပန်းပွင့်ခြင်းကြောင့် ဗဟိုဧကရာဇ်မြို့တော်တွင် အုတ်အော်သောင်းနင်းဖြစ်နေသည်။

" သရဲဘုရင်သစ်ခွပန်း ပွင့်နေပြီ ။ ပြောကြတာ ပထမမျိုးဆက် ဗဟိုဧကရာဇ်က ဝိညာဥ်ရေနွေးအိုးထဲမှာ သရဲဘုရင်သစ်ခွပန်းကို ကိုယ်တိုင် စိုက်ပျိုးခဲ့တာတဲ့။ အဲဒီပန်းရဲ့ အသီးကို စားလိုက်ရင် ပျက်စီးနေတဲ့ နတ်ဘုရားဝိညာဥ်ကို ကုသပေးတဲ့အပြင် ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး သန့်စင်ပေးတယ်ဆိုပဲ "

" နောက်ထပ်စွမ်းဆောင်နိုင်တာ တစ်ခုရှိသေးတယ်။ အဲဒါက မူလကျင့်ကြံခြင်းအခြေခံကို တခြားဘယ်လိုပညာရပ်မျိုးကိုမဆို လေ့ကျင့်နိုင်အောင် ပြုပြင်ပေးတယ်တဲ့ "

" သရဲဘုရင်သစ်ခွပန်းရဲ့ အသီးက သေပြီးသားဝိညာဥ်တွေကို အသက်ပြန်သွင်းပေးနိုင်တယ်လို့လဲ ကျုပ်ကြားသေးတယ် "

အချိန်တိုအတွင်း ဗဟိုဧကရာဇ်မြို့တော်တွင် ထိုသို့သော စကားများဖြင့် ဆူညံပွက်လောရိုက်လာတော့သည်။ မြို့တော်ရှိ မင်းမျိုးမင်းနွယ်များနှင့် သြဇာလွှမ်းမိုးသောလူများအားလုံး စိတ်လှုပ်ရှားမှုများဖြင့် အုတ်အုတ်ကျက်ကျက်ဖြစ်လာကြသည်။ သရဲဘုရင်သစ်ခွပန်းသည် သရဲကြီးဘုရင်အတွက် များစွာအရေးကြီးသည့်တိုင် အခြားသူများအတွက်လည်း အလွန်အကျိုးထူးနိုင်သည်။ မြို့တော်ရှိ တောင်ပြောင်ခမ်းနားသော စံအိမ်များအားလုံးနီးပါး ရုတ်ရုတ်သဲသဲဖြစ်နေကြသော်လည်း မည်သူမျှ အမှန်တကယ် မလှုပ်ရှားကြပေ။ ဝိညာဥ်ရေနွေးအိုးသည် အင်ပါယာမျိုးနွယ်စုနှင့် သက်ဆိုင်ပြီး ပန်းက ကံစပ်သူထံသို့သာ သွားမည်ဟု ကြေညာချက်ထုတ်ထားသော်လည်း ပြိုင်ပွဲနှင့်ပတ်သက်သည့် တိကျသေချာသောစည်းမျဥ်းများကို ယခုအချိန်ထိ လူသိရှင်ကြား မထုတ်ပြန်သေးသည် မဟုတ်ပါလော။

သို့သော် ထိုအရာတို့သည်ကား နန်းမိန့်တစ်ခု ထွက်ပေါ်လာသောအခါ အလျင်အမြန် ပြောင်းလဲသွားတော့သည်။

“ ယခုအခါ အင်ပါယာမျိုးနွယ်စုနဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်နယ်မြေများထဲကတစ်ခုဖြစ်တဲ့ ဝိညာဥ်ရေနွေးအိုး ပွင့်လာပါပြီ။ မဟာကောင်းကင်သခင်ရဲ့ အလိုတော်အတိုင်း ယင်ယန်ဝိညာဥ်အဆင့်မှလွဲ၍ မည်သူ့ကိုမဆို ဝင်ခွင့်မပြုပါ။ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများသာ ဝိညာဥ်ရေနွေးအိုးကြီးအတွင်းမှာရှိတဲ့ ကံကောင်းခြင်းကို ဝင်ရောက် ရှာဖွေနိုင်မည်ဖြစ်သည် “

“ အင်ပါယာမျိုးနွယ်စု အဖွဲ့ဝင်ေတွကနေ အစပြုလို့ အထက်တန်းလွှာမိသားစုတွေအထိ မည်သည့်အဖွဲ့ကမဆို လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ရန် လူတစ်ယောက်သာ စေလွှတ်ရမည်။ “

အမိန့်ထွက်ပေါ်လာသည်နှင့် မြို့တော်ရှိ တန်ခိုးအာဏာကြီးမားသော အဖွဲ့များအားလုံး ၄င်းနောက်ကွယ်ရှိ နက်နဲသောအဓိပ္ပါယ်များကို ခွဲခြားစိတ်ဖြာသုံးသပ်လိုက်ကြသည်။ မကြာမီ လူအားလုံး၏မျက်လုံးများက သရဲကြီးဘုရင်မြို့တော်ရှိရာဘက်သို့ စူးစိုက်ကြည့်လိုက်ကြ၏။

အမိန့်သည် ဗဟိုဧကရာဇ်ထံမှ အမှန်တကယ်ထုတ်ပြန်ခြင်း မဟုတ်ဘဲ မဟာကောင်းကင်သခင်ထံမှ ဖြစ်မှန်း သိသာလှသည်။ ယနေ့ခေတ် ဗဟိုဧကရာဇ်မြို့တော်တွင် မဟာကောင်းကင်သခင်၏ စကားများကို ဗဟိုဧကရာဇ်၏ စကားများထက် အလေးအနက်ထားရသည်။

သို့သော်လည်း မြို့တော်ရှိ တန်ခိုးအာဏာရှိအဖွဲ့များက တစ်ခုခုကို စောင့်ဆိုင်းနေသည့်အလား နှုတ်ဆိတ်နေကြသည်။

နောက်ဆုံး၌ အမိန့်သည် အရပ်ခပ်မြင့်မြင့် တုတ်ခိုင်ထွားကြိုင်းသော သောကကင်းဝေးကိုးသွယ်ဘုရင်၏နားသို့ ရောက်သွား၏။ သောကကင်းဝေးကိုးသွယ်မြို့တော်ရှိ တော်ဝင်နန်းတော်ထဲတွင် သူသည် ဘေး၌ တိုက်ပွဲဝင်ပုဆိန်ကြီးတစ်ခုကို ထောက်ထားပြီး ကျောက်စိမ်းပေလွှာကို ကြည့်နေသည်။ တဖြည်းဖြည်းနှင့် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာ၏။

" သရဲဘုရင်သစ်ခွပန်းကို တကယ်လိုချင်နေတာမလား၊ သရဲကြီးဘုရင်။ ကောင်းပြီလေ ခင်ဗျားဆုတောင်းမပြည့်အောင် ကျုပ်လုပ်ပေးရတာပေါ့ "

သူနှင့် သရဲကြီးဘုရင်သည် နှစ်ပေါင်းများစွာကြာ တစ်ယောက်နှင့်တစ်ယောက် မျက်မုန်းကျိုးနေခဲ့ကြပြီး ထိုအချိန်ကာလများအတွင်း သူကိုယ်တိုင် သရဲကြီးဘုရင်နှင့်ထိပ်တိုက်တွေ့ရန် အခွင့်အရေး တစ်ခါမှ မရခဲ့ပေ။ သို့သော် သရဲကြီးဘုရင်၏ ဆုတ်ယုတ်ကာလအတောအတွင်း၌ သူသည် လက်ဦးမှုရယူ၍ မဟာမျိုးနွယ်စုသုံးစု၏ ပုန်ကန်မှုကို အစပျိုးပေးခဲ့သည်။

သောက ကင်းဝေး ကိုးသွယ်ဘုရင်၏ မျက်နှာပေါ်တွင် သွေးအေးသော အပြုံးတစ်စပေါ်လာပြီး ပြောဆိုလိုက်သည်။

" မင်းသားကျိုးဟုန်ကို အခုချက်ချင်း ငါ့ကို လာတွေ့ဖို့ ပြောလိုက်"

ထို့နောက် သူ့လက်ထဲတွင် အရိုးပေလွှာတစ်ခုပေါ်လာပြီး သောကကင်းဝေးကိုးသွယ်မြို့ရှိ တန်ခိုးအာဏာရှိ အဖွဲ့များ ၊ မျိုးနွယ်စုများထံ စာများပေးပို့၍ ညွှန်ကြားချက်မျိုးစုံပေးလိုက်သည်။

စစ်အောင်မြို့တော်ရှိ ငွားငွားစွင့်စွင့် မြင့်မားလျက်ရှိသော တောင်တစ်လုံး၏ ထိပ်တွင် အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က လက်နှစ်ဖက်ကိုနောက်ပစ်၍ ရပ်နေသည်။ သူက သောကကင်းဝေးကိုးသွယ်ဘုရင်ကဲ့သို့ မထွားကြိုင်းသော်ငြား သက်ရှိသက်မဲ့အရာခပ်သိမ်းအပေါ် ဖိအားများ ထုတ်လွှတ်လျက် ကောင်းကင်နှင့်မြေပြင်တစ်ခွင်ဝယ် ပြိုင်စံရှားလူတစ်ယောက်အလား ရှိနေသည်။

ထိုလူသည်ကား စစ်​ေအာင်ဘုရင်က လွဲ၍ တခြားမဟုတ်ပေ။

"စိတ်ဝင်စားစရာပဲ။ သရဲဘုရင်သစ်ခွပန်းက လေးကြိမ်ပွင့်ပြီးပြီ။ အရင်က သရဲကြီးဘုရင်တွေကပဲ ပန်းကို အမြဲတမ်းရတာ။ ဒီပန်းက လက်ရှိ သရဲကြီးဘုရင်အတွက် သေချာပေါက် အရေးကြီးမှာပဲ။ သူသာ ဒီတစ်ခုကိုရရင် ဓာတ်ကြီးငါးပါးတည်ဆောက်မှုကို ပြည့်စုံအောင် လုပ်နိုင်သွားမယ်။ ပြီးတော့ သူ့ကျင့်စဥ်ကလည်း ပိုပြီးတော့ အစွမ်းထက်လာမယ်။ ဆုတ်ယုတ်ကာလကိုလည်း ဘယ်တော့မှ ရင်ဆိုင်ရမှာ မဟုတ်တော့ဘူး "

" ဒါဟာ ဒီတစ်ကြိမ် ပန်းကို ဘယ်သူပဲ ရပါစေ၊ အလဲအလှယ်အနေနဲ့ သရဲကြီးဘုရင်ဆီက တန်ဖိုးအကြီးဆုံးရတနာကို ရနိုင်မယ်လို့ ဆိုလိုတာပဲ "

စစ်နိုင်ဘုရင်၏မျက်လုံးများကျဥ်းမြောင်းလျက် သရဲကြီးဘုရင်ပိုင်ဆိုင်သော အဆင့်မြင့်ဆေးအမျိုးအစားအားလုံးပါဝင်သည့် ဆေးပုလင်းကို တွေးလိုက်သည်။

တခဏကြာထပ်တွေးပြီးနောက် စစ်အောင်ဘုရင်က ခပ်ယဲ့ယဲ့ပြုံးကာ ဆို၏။

" ရီအာ၊ ငါ့ကို အခုချက်ချင်းလာတွေ့ "

ထိုကိစ္စနှင့်ပတ်သက်၍ သောကကင်းဝေးကိုးသွယ်ဘုရင်နှင့် စစ်အောင်ဘုရင်တို့မှာ အတွေးမျိုးစုံရှိနေကြသည်။ ထိုအချိန်တွင် ဝိညာဥ်ခရီးမြို့တော်၌ ကောင်းကင်ဘုရင်လေးပါးအနက် နောက်ဆုံးတစ်ပါးဖြစ်သော ဝိညာဥ်ခရီးဘုရင်သည်လည်း စိတ်လှုပ်ရှားသွား၏။ သူက လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖက်တီးကျန်းကြီး ဝခဲ့သည်ထက်ပင် များစွာပိုဝသော ဖက်တီးကြီးတစ်ဦးဖြစ်သည်။

အမှန်တကယ်တော့ မြေရိုင်းဒေသထဲတွင် သူ၏အလေးချိန်နှင့်ပတ်သက်၍ သူ့အား စနောက်ဝံ့မည့်လူကို ရှာရသည်ထက် ဖီးနစ်ငှက်မွှေး သို့မဟုတ် ချီလင်ချိုရှာသည်ကမှ လွယ်ကူဦးမည်ဖြစ်သည်။ သူက တော်ဝင်နန်းတော်ထဲတွင် လက်ပါးစေများခြံရံလျက် လက်ထဲတွင် သေရည်ခွက်ကိုကိုင်ကာ ထိုင်နေစဥ် သူ၏ မျက်လုံးများသည် တလက်လက်စူးရှတောက်ပလာတော့သည်။

" သရဲကြီးဘုရင်တော့ ဒီတစ်ခါ သေချာပေါက် အကျပ်ရိုက်ပြီပဲ။ လူတိုင်းက သူ့ကို နှိပ်စက်ဖို့ အကောင်းဆုံးလုပ်နေကြမယ်ဆိုတာ ငါလောင်းရဲတယ်။ ကဲကဲ ငါလဲ သူကံဆိုးတာကနေ အမြတ်ထုတ်ဖို့ အခွင့်အရေးကို ဘယ်လိုလုပ် လျစ်လျူရှုနိုင်ပါ့မတုံး "

သူက အားပါးတရရယ်မောရင်း ခေါင်းလှည့်ကာ ဟိန်းဟောက်လိုက်၏။

" ရှန်ရှန် ။ အဖေ့အချစ်သမီးလေးရေ ။ သမီး တိုက်ခိုက်ဖို့ လူတွေကို အမြဲတမ်း ရှာနေတာမလား။ အခု အဖေ သမီးကို အဲဒီလိုလုပ်ဖို့ အခွင့်အရေးပေးမယ်။ ဝိညာဥ်ရေနွေးအိုးကြီးဆီကိုသွားပြီး သမီးတိုက်ချင်တဲ့သူကို သွားတိုက်ခိုက်လာခဲ့။ ပြီးရင် သရဲဘုရင်သစ်ခွပန်းရဲ့အသီးကို အဖေ့ဆီ ယူလာခဲ့ကွာ "

ဝိညာဥ်ခရီးမြို့တော်ထဲရှိ အဖိုးတန် ခြံဝင်းတစ်ခုတွင် ပြင်းထန်သော ထစ်ခြုန်းသံများ ကြားလိုက်ရပြီး ရဲစွမ်းသတ္တိရှိကာ လှပကြော့ရှင်းသော မိန်းမပျိုလေးတစ်ယောက် ပေါ်လာ၏........

ကောင်းကင်ဘုရင်သုံးဦး၏ လုပ်ဆောင်ချက်များသည် ဗဟိုဧကရာဇ်မြိုတော်ရှိ အခြားသော အင်အားကြီးပုဂ္ဂိုလ်များ မည်သို့ မည်ဖုံပြုလုပ်ရမည်ကို ညွန်ပြနေသော လေညွှန်တံနှင့် အလားသဏ္ဍာန်တူနေသည်။ ၄င်းတို့သည် ကွင်းဆက်တုံ့ပြန်ချက်များအလား ဖြစ်နေတော့သည်။

မကြာမီ တန်ခိုးအာဏာရှိသော အဖွဲ့များနှင့် မျိုးနွယ်စုများ၏ နေအိမ်များမှ မရေမတွက်နိုင်သာ အသံများကို ကြားလိုက်ရတော့သည်။

" တစ်ဖွဲ့ကို တစ်ယောက်တဲ့လား။ ဒါဆိုရင် သရဲကြီးမြို့တော်က လူတစ်ယောက်ပဲ ရှိမှာ။ ငါတို့စွန့်စားပြီး သရဲကြီးဘုရင်ကို အတိုက်အခံလုပ်လို့ရနိုင်ပေမယ့် ကောင်းကင်ဘုရင်လေးပါးရဲ့ တိုက်ပွဲမှာ ဝင်ပါရတာ မတန်ဘူး။ ကျိုးမျိုးနွယ်စု ဝင်မပါဘူးဟေ့ "

"သရဲကြီးဘုရင်က နတ်ဘုရားတစ်ပိုင်းဖြစ်ပေမယ့် သောကကင်းဝေးကိုးသွယ်ဘုရင်နဲ့ လီမျိုးနွယ်စုရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထည့်စဥ်းစားလိုက်ရင် ဝင်ပါဖို့က လွဲပြီး ရွေးစရာမရှိဘူး။ ကဲ လီမျိုးနွယ်စုရဲ့ ချီလင်သားကို နာမည်ကျော်ကြားလာစေဖို့ ဝိညာဥ်ရေနွေးအိုးဆီ လွှတ်လိုက် "

" မျိုးနွယ်စုအားလုံးနီးပါး ဝင်ပါတဲ့ ပြိုင်ပွဲမကျင်းပတာ ကြာပြီ။ ဒါက ယင်ယန်ဝိညာဥ်လူငယ်လေးတွေ ကျော်ကြားလာဖို့ အခွင့်ကောင်းပဲ။ ငါတို့ သရဲကြီးဘုရင်ကို အာခံသလိုဖြစ်နေပေမယ့် စစ်နိုင်ဘုရင်လဲ ဝင်ပါတယ်ဆိုတော့ ငါတို့ ဘာမှ ကြောက်စရာမလိုဘူး "

ထိုသို့သော မြင်ကွင်းများသည် မြေရိုင်းဒေသရှိ နေရာအနှံ့အပြားတွင် ဖြစ်ပွားနေလေသည်။ အမှန်တကယ်တော့ နယ်စား သေမင်းအော်သံ၌ နေရာများစွာတွင် မျက်လုံးများ၊ နားများရှိရာ မကြာမီ သတင်းများရသွားတော့သည်။ သူက တင်းမာခက်ထန်နေသည့်မျက်နှာထားဖြင့် တော်ဝင်နန်းတော်ထံ ဦးတည်လိုက်သည်။

သူထွက်သွားပြီးနောက် တော်ဝင်နန်းတော်တွင် ဒေါသတကြီးပေါက်ကွဲသံတစ်ခုကို ကြားနိုင်ပေသည်။ သရဲကြီးဘုရင်သည် ရေခဲတမျှအေးစက်နေသော မျက်လုံးများဖြင့် သူ၏ရာဇပလ္လင်ပေါ်မှ ထလိုက်သည်။ အမှန်တွင် သူသည် နယ်စားသေမင်းေအာ်သံထံမှ လျှို့ဝှက်အစီရင်ခံစာပင် မလိုချေ။ အချိန်အတော်ကြာကတည်းက သရဲဘုရင်သစ်ခွပန်းပွင့်လာသည့် ဤအခိုက်အတန့်က ရုတ်ရုတ်သဲသဲဖြစ်စေမည်ဖြစ်ကြောင်း သူ ခန့်မှန်းထားပြီးဖြစ်သည်။

သူ၏ ဆုတ်ယုတ်ကာလ ပြီးဆုံးသွားပြီး သရဲကြီးမြို့တော်သို့ ပြန်လာပြီးနောက် သူသည် ဝိညာဥ်ရေနွေးအိုးအကြောင်း အဆက်မပြတ်တွေးတောနေခဲ့သည်။ သူ၏အကြမ်းတွက်ထားခြင်းကပင်လျှင် သရဲဘုရင်သစ်ခွပန်းက ငါးကြိမ်မြောက်ပွင့်လာတော့မည်ဟု သိနေ၏။

ထို့ကြောင့် သူက နယ်စားသေမင်းေအာ်သံကို အခြား ကောင်းကင်ဘုရင်များအား မျက်စိဒေါက်ထောက်က်ကြည့်ထားရန် အမိန့်များပေးခဲ့ပြီး မဟာကောင်းကင်သခင်နှင့် သရဲကြီးမြို့တော်တစ်မြို့တည်းကိုသာ ဝင်ရောက်ခွင့်ပေးရန်လည်း ပွင့်ပွင့်လင်းလင်းစကားပြောခဲ့သည်။

ရှင်းလင်းပြတ်သားစွာပင် မဟာကောင်းကင်သခင်က ထိုတောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်။ သရဲကြီးဘုရင်၏ အကူအညီများစွာပေးမည်ဆိုသော ကမ်းလှမ်းချက်ကပင် သူ၏စိတ်ကို မပြောင်းလဲနိုင်ခဲ့ပေ။ ၄င်းက သူ့အတွက် ထိုးနှက်ချက်ကြီးမဟုတ်သည့်တိုင် သူ့ကို ဒေါသထွက်သွားစေသည်။ သို့စေကာမူ ဤအခြေအနေနှင့်ပတ်သက်၍ သူ မည်သို့မျှ မတတ်နိုင်ပေ။ မဟာကောင်းကင်သခင်သည် အင်ပါယာနှင့် ထီးနန်းကို လွှမ်းမိုးချုပ်ကိုင်ထားလေရာ သေချာပေါက် ကြောက်ရွံ့ရိုသေရမည်ဖြစ်သော လူတစ်ယောက်ဖြစ်သည်။

"ငါ့အတွက် သရဲဘုရင်သစ်ခွပန်းက ဘယ်လောက်အရေးကြီးလဲ လူတိုင်းသိတယ်။ ဟိုခွေးသုံးကောင်၊ ငါ့အပိုင်ကို ခိုးနိုင်မယ်လို့များ တကယ်ထင်နေကြတာလား။ ပြီးတော့ သူတို့က သရဲကြီးမြို့တော်ထဲက ငါ့ရဲ့ဆက်ဆံရေးကောင်းတဲ့ အဖွဲ့အစည်းတွေကို သူတို့လက်အောက် ဝင်အောင်လုပ်ပြီး ငါ့ကို အားနည်းလုပ်ဖို့ ကြိုးစားနေကြတယ် “

"ဟမ့်၊ ဘုရင်သုံးပါးပေါင်းနေကြတာ အရေးကြီးတယ်ဆိုပေမဲ့ မဟာကောင်းကင်သခင်ရဲ့ သဘောထားက အရေးကြီးဆံုးပဲလေ "

သရဲကြီးဘုရင်သည် မဟာကောင်းကင်သခင်က ဝိညာဥ်ရေနွေးအိုးထဲသို့ နတ်များနှင့် နတ်ဘုရားတစ်ပိုင်းများဝင်မပါစေရန် အမိန့်အတိအကျ ထုတ်ထားသည့်အတွက် အံတင်းတင်းကြိတ်လိုက်၏။

" ဒီလိုဟာမျိုးအတွက် ငါအဆင်သင့်မဖြစ်ဘူးများ တကယ်ထင်နေတာလား "

သူက အေးစက်စက်နှာမှုတ်လိုက်ပြီး လူတစ်ယောက်ကို တွေးလိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။

" ဘယ်လိုပဲဖြစ်ဖြစ် ကောင်စုတ်လေးကို ငါသင်ခန်းစာပေးဖို့လိုနေတာပဲ။ ငါ့ပါးက ဆော့ချင်တိုင်း ဆော့လို့ရတဲ့အရာ မဟုတ်ဘူးကွ "

သူ၏အတွေးရထားသည် ထိုဘူတာသို့ဆိုက်သော် တော်ဝင်အမိန့်ထုတ်ပြန်လိုက်ေတာ့သည်။

" ပိုင်ဟောက်ကို အခုချက်ချင်း ငါ့ဆီ လာတွေ့ဖို့ ဆင့်ခေါ်လိုက်။ "

အမိန့်များ ထုတ်ပြန်လိုက်စဥ် ပိုင်ရှောင်ချန်းသည် ဆယ့်ငါးရောင်ခြယ်မီးတောက်ဖန်တီးနေလျက် တံခါးပိတ်ကျင့်ကြံေနသည်။ သူသည် ဆယ်ကြိမ်မက ကျရှုံးနေခဲ့သော်လည်း သူ၏မျက်လုံးများတွင် စိတ်ပိုင်းဖြတ်ထားမှုများဖြင့် တောက်ပနေ၏။ သူက လောလောဆယ်တွင် သူ့လက်ထဲရှိ မီးတောက်အပေါ် လုံးဝအာရုံစိုက်ထားပြီး ပတ်ပတ်လည်က အမုန်းဝိညာဥ်များအား ကျွေးနေလေသည်။

သူက တခဏလေးပင် အနားမယူရဲပေ။ အမုန်းဝိညာဥ်များ မီးတောက်ထဲရောက်သွားစဥ်တွင် သူ၏မျက်လုံးများ လုံးဝနီရဲသွား၏။ မီးတောက်များ ပြန့်လာပြီးနောက် ၄င်းတို့သည် သူ၏လက်ဖဝါးပေါ်တွင် ပြန်လည်စုဆုံလာချိန် သူက လက်သီးဆုပ်လိုက်သည်။

သူက စိတ်လှုပ်ရှားစွာ အသက်ရှူသွင်းလိုက်ပြီး လက်သီးဆုပ်ကို ဖြည်လိုက်ရာ သူ့လက်အလယ်ဗဟိုတွင် မီးတောက် တစ်ခုပေါ်လာတော့သည်။ သူက ချက်ချင်းပင် ပျော်ရွှင်ဝမ်းမြောက်စွာ ရယ်လိုက်သည်။

"နောက်ဆုံးတော့ အလုပ်ဖြစ်ပြီကွ"

ထိုသည်ကား ဆယ့်ငါးရောင်ခြယ်မီးတောက်ကလွဲ၍ တခြားမဟုတ်ပေ။

ဤဆယ့်ငါးရောက်ခြယ်မီးတောက်သည် ပိုင်ရှောင်ချန်းက မြေအောာက်လမ်းဆရာမဟုတ်တော့ဘဲ ကောင်းကင်အောက်လမ်းဆရာအဆင့်ရောက်သွားပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

မြေရိုင်းဒေသတစ်ဝှမ်းလုံးတွင် ကောင်းကင်အောက်လမ်းဆရာတစ်ရာပင် မရှိသဖြင့် အလွန်ရှားပါးသည်။ သို့သော် အခုတွင် သူ၏အဆက်မပြတ် နိမိတ်ဖတ်ခြင်းနှင့် ပြန်လည်လေ့လာမှုများ၏ ကျေးဇူးဖြင့် ထိုအဆင့်သို့ သူ ရောက်ရှိသွားချေပြီ။

သူက ဂုဏ်ယူနေစဥ် သူ၏တံခါးပိတ်ကျင့်ရာအဆောက်အအုံအပြင်ဘက်မှ အသံတစ်သံကြားလိုက်ရ၏။

" အမှုဆောင်ချုပ်၊ အရှင်မင်းမြတ်က သင့်ကို ဆင့်ခေါ်နေပါတယ် ခင်ဗျား "

ပိုင်ရှောင်ချန်းမှာ မျက်လုံးများပြူးကျယ်သွားပြီး အထူးသဖြင့် သူတံခါးပိတ်ကျင့်ကြံရာမှ ထွက်လာရန် ကြံနေသည့်အချိန်နှင့် အချိန်ကိုက်မှာပင် ဘုရင်ကြီးက မည်သည့်အတွက် ဆင့်ခေါ်ကြောင်း သိချင်သွားသည်။

" ထူးဆန်းလိုက်တာ။ ဒီမှာ ငါရှိနေတာ မမြင်ရနိုင်ဘူးမလား။ "

သူက အလွန်စိတ်လှုပ်ရှားလာရင်း ဘေးဘီဝဲယာကို ကြည့်ကာ သူ၏ဆယ့်ငါးရောင်ခြယ်မီးတောက်ကို သိမ်းလိုက်သည်။

တံခါးပိတ်ကျင့်ရာအဆောက်အအုံမှ ထွက်လာပြီးနောက် သူ့ကို ချက်ချင်း လက်ယှက်နှုတ်ဆက်လိုက်သည့် စောင့်ဆိုင်းနေသော မြို့စောင့်နှစ်ယောက်ကို တွေ့လိုက်သည်။

" အရှင်မင်းမြတ်က ငါ့ကို ဘာကြောင့်တွေ့ချင်တာလဲ" သူက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

အစောင့်နှစ်ယောက်မှာ ချီတုံချတုံဖြစ်နေသော်လည်း ပိုင်ရှောင်ချန်းသည် အာခံ၍မရသော လူဖြစ်ကြောင်း သိလေသည်။ သူတို့က အသံများကို နှိမ့်ရင်း သူတို့သိသမျှ သရဲဘုရင်သစ်ခွပန်းအကြောင်းနှင့် သူမည်သို့ပါဝင်ရမည့် သူတို့၏ ထင်မြင်ချက်များကို အလျင်အမြန်ရှင်းပြလိုက်၏။

ပိုင်ရှောင်ချန်းက ထိုအကြောင်းအရာများကို ကြားလိုက်သည်နှင့် ကြောက်ရွံ့ထိတ်လန့်ခြင်းများဖြင့် ရင်တုန်သွားတော့သည်။

" မြေရိုင်းဒေသက ယင်ယန်ဝိညာဥ်လက်ရွေးစင်တွေအကုန်ပါမှာလား" သူက တွေးလိုက်သည်။

" အန္တရာယ်များမယ့်ပုံပဲ"

ထိုအချက်ကို တွေးပြီးနောက် သူ၏ အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားပြီး သွေးတစ်ပွက်အန်လိုက်၏။ နောက်သို့ ယိမ်းထိုးသွားရင်း သူကပြောသည်။

" အခုလေးတင် ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံ ထဖောက်သွားတယ်။ ငါပြန်လည်တည်ငြိမ်အောင်လုပ်ဖို့ တံခါးပိတ်ကျင့်ဖို့လိုတယ်လို့ အရှင်မင်းမြတ်ကို လျှောက်လိုက်ကွာ “

ထို့နောက် သူက တံခါးပိတ်ကျင့်ကြံရာအဆောက်အအုံထဲ အလောအကြီးဝင်သွားပြီး တံခါးကို ဂျိန်းခနဲ ပိတ်လိုက်လေသည်။

မြို့စောင့်နှစ်ယောက်မှာ မထင်မှတ်ထားသော ဖြစ်ရပ်ကြောင့် အံအားသင့်၍ကျန်ခဲ့တော့သည်။

All Chapters