← Chapters

စိတ်မပူပါနဲ့ အရှင်မင်းမြတ်

Vol. 7 Ch. 687

စိတ်မပူပါနဲ့ အရှင်မင်းမြတ်

Vol. 7 Ch. 687

သရဲကြီးဘုရင်၏ နတ်ဘုရားအာရုံသည် သရဲကြီးမြို့တော်ရှိ နေရာများအားလုံးကို နေ့စဥ်နေ့တိုင်း ထောင့်စေ့အောင် စစ်ဆေးနိုင်သည်အထိ အစွမ်းမထက်ပေ။ အထူးသဖြင့် သူသည် သူ၏လက်ရှိအစီအစဥ်များနှင့် မည်မျှလုံးထွေးနေသည်ကို ထည့်သွင်းစဥ်းစားကြည့်ပါက ပို၍ ဆိုးပေမည်။ အမှန်တကယ်တော့ ပိုင်ရှောင်ချန်းကို ဆင့်ခေါ်ရန် အမိန့်ထုတ်ပြန်ပြီးနောက် သူသည် အစီအစဥ်တစ်ရပ်လုံးအား လုံးဝ ပြောင်းလဲရန် အစပြုခဲ့ပြီးဖြစ်သည်။

သရဲဘုရင်သစ်ခွပန်း၏ အသီးသည် သူ့အတွက် အလွန်အရေးကြီးလွန်းသည်။ ယခင် သရဲကြီးဘုရင်များအနက် မည်သူမျှ သူ၏လက်ရှိအခြေအနေအထိ မရောက်ခဲ့ဖူးပေ။ သူသည် အသီးလေးလုံးကို စုဆောင်းထားပြီးဖြစ်ရာ ဓာတ်ကြီးငါးပါး ပြည့်စုံရန်အတွက် တစ်လုံးသာလိုတော့သည်။ ထိုပြည်စုံသွားသော တစ်စုံဖြင့် သူ့ကျင့်စဥ်၏ အားနည်းချက်ကို ဖယ်ရှားနိုင်မည်ဖြစ်သည်။

ထို့ကြောင့် သူက မတော်တဆ အနည်းငယ်မျှ လွဲမှားသွားရမည်ကို လက်ခံလိုစိတ်မရှိပေ။ သူက သရဲဘုရင်အသီးကို ရမည်ဟု ၁၀၀ရာခိုင်နှုန်း သေချာစေရန် လိုအပ်လေသည်။ အခြားတစ်ယောက်သာ ရသွားပါက ထိုလူ ပြုသမျှနုရတော့မည်ဖြစ်ကာ မည်သည့်မထင်မှတ်ထားသောအရာများ ဖြစ်လာမည်ဟု မပြောနိုင်သည် မဟုတ်ပါလော။

သူ့အတွက် အကောင်းဆုံးသောရလဒ်သည်ကား သူ့နည်းသူ့ဟန်ဖြင့် အသီးကို ရယူခြင်းသာဖြစ်သည်။

သရဲကြီးဘုရင်သည် ထိုကိစ္စများအားလုံးအား စဥ်းစားနေစဥ် အစောင့်နှစ်ယောက်သည် ပိုင်ရှောင်ချန်းက နှစ်ဝက်ကြာမည့် တံခါးပိတ်ကျင့်ကြံသွားပြီဆိုသော မထင်မှတ်ထားသည့် သတင်းနှင့်အတူ ပြန်ရောက်လာ၏။

သရဲကြီးဘုရင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသများ ချက်ချင်း တဟုန်းဟုန်းတောက်လောင်လာတော့သည်။ သူက ဝုန်းဒိုင်းကြဲလျှောက်သွားပြီး ပျောက်ကွယ်သွားကာ ပိုင်ရှောင်ချန်း၏ အပြင်ဘက်ခြံဝင်းထဲတွင် ပြန်ပေါ်လာ၏။ ပိုင်ရှောင်ချန်း၏ တံခါးပိတ်ကျင့်ကြံရာအဆောက်အအုံကို ကာကွယ်ပေးထားသည် မန္တန်အစီအရင်အား လုံးဝ အရေးမထားဘဲ သူက အထဲသို့ လျှောက်လာသည်။

သူရောက်လာသည့်အခိုက်အတန့်၌ ဖြူဖပ်ဖြူလျော်မျက်နှာနှင့် ရင်ဘတ်ကိုဖိ၍ သွေးများစွာအန်လိုက်သော ပိုင်ရှောင်ချန်းကို မြင်လိုက်ရလေသည်။ သူက သူ၏တံခါးပိတ်ကျင့်ရာအခန်းတွင် တခြားလူကို မြင်လိုက်ရသဖြင့် အံသြသွားပုံပေါ်သော်လည်း အားတင်း၍ကြိုးစားရပ်လိုက်ကာ လက်ယှက်အရိုအသေပေးလိုက်သည်။

" အရှင်မင်းမြတ်အား အရိုအသေပေးပါတယ် "

သရဲကြီးဘုရင်သည် ပိုင်ရှောင်ချန်း၏ အလွန်အားနည်းနေသည့်ပုံကြောင့် အတန်ငယ်အံအားသင့်သွား၏။ သူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်ပြီးနောက် သူ၏ကျင့်ကြံခြင်းအခြေခံရှိ မတည်မငြိမ်မှုများကို အာရုံခံရလိုက်သည်တွင် သူ့မျက်နှာ မည်းမှောင်သွားတော့သည်။

" ဒါက ဘယ်လိုဖြစ်တာလဲ"

သူက အပြစ်တင်မာန်မဲလိုက်၏။

" အရှင်မင်းကြီး "

ပိုင်ရှောင်ချန်းက ခါးသီးစွာ ပြုံးကာ ခေါင်းကို ခါယမ်းလိုက်သည်။ အသက်တစ်ချက်ရှူသွင်းရင်း သူက နှုတ်ခမ်းများမှ သွေးများကို သုတ်ကာ အသံကို နှိမ့်၍ ဆက်ပြောသည်။

" အရှင့်ရဲ့ အစေခံ ကျွန်တော်မျိုးက အရှင်မင်းကြီးအတွက်ဆိုရင် ဘာဖြစ်ဖြစ် လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးတာက ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအခြေခံက လုံလုံလောက်လောက် စွမ်းအားမကြီးတာကြောင့် အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်ကို အလောတကြီးအတင်းတက်တဲ့အချိန်မှာ အမှားအနည်းငယ် လုပ်မိသွားပါတယ် "

သူ၏ အသံသည် တစ်ချက်တစ်ချက် တုန်ရီနေသော်ငြား စကားပြောနေစဥ်တွင် သူ၏မျက်လုံးများသည် စိတ်ပိုင်းဖြတ်ထားမှုများဖြင့် တောက်ပနေချေသည်။

" ဒါပေမဲ့ မစိုးရိမ်ပါနဲ့ အရှင်မင်းကြီး။ ကျွန်တော်မျိူး နှစ်ဝက်ပဲ လိုတာပါ။ ပြီးရင် အရင်လို ပြန်ဖြစ်သွားပါလိမ့်မယ်"

သူက အားတင်းလိုက်ကာ ရင်ဘတ်ကိုပုတ်၍ မာန်သွင်းပြောကြားလိုက်သည်အား ကြည့်ရသည်မှာ သူ၏ဘုရင်မင်းမြတ်အတွက် သေရမည်ကိုပင် စိုးရွံ့လိမ့်မည်မဟုတ်သည့် လူတစ်ယောက်အလား ဖြစ်နေတော့သည်။ တချိန်တည်းမှာပင် သူက သရဲကြီးဘုရင်ကို တိတ်တဆိတ်အကဲခတ်နေပြီး မည်သို့ပင်ဖြစ်စေကာမူ အန္တရာယ်များသောနေရာတစ်ခုကို သွားမည်မဟုတ်ဟု သန္နိဋ္ဌာန်ချနေတော့သည်။ သရဲကြီးမြို့တော်သည် သေချာပေါက် အလုံခြုံဆုံးနေရာဖြစ်သည်။

သရဲကြီးဘုရင်က အခြေအနေကိုသုံးသပ်လိုက်သဖြင့် သူ၏ အမူအရာသည် ရိပ်ခနဲပြောင်းလဲသွား၏။ ပိုင်ရှောင်ချန်းကို ခေါင်းအစ ခြေအဆုံးကြည့်ပြီး နောက်ဆုံးတွင် သူက အရာအားလုံးသည် မတော်တဆတိုက်ဆိုင်လွန်းခြင်းသာ ဖြစ်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။ သရဲဘုရင်ပန်းပွင့်လာပြီး နေရာတစ်ဝှမ်းရှိ လက်ရွေးစင်များအားလုံးအကြား အုတ်အော်သောင်းနင်းဖြစ်နေသည့်အချိန်တွင်မှ ပိုင်ဟောက်၏ ကျင့်ကြံခြင်းအခြေခံ ရုတ်တရက် ပြဿနာတစ်ခုရှိလာသည်က မည်သို့ ဖြစ်နိုင်မည်နည်း။

သို့သော်လည်း ပိုင်ရှောင်ချန်း၏ စကားများအပေါ် စဥ်းစားနေရန် အချိန်မရှိပေ။ သူက လက်ကို ဝှေ့ယမ်းလိုက်ရင်း ဆေးလုံးတစ်လုံးကို ဆင့်ခေါ်လိုက်သည်။

၄င်းသည် ဖြူစွတ်နေပြီး စူးရှတောက်ပသောအလင်းများဖြင့် ဝင်းလက်နေသည်။ ၄င်းအတွင်း အံ့သြတုန်လှုပ်ဖွယ် ဆေးအရှိန်အဝါများ ထုတ်လွှတ်နေသည့် နဂါးပုံရိပ်တစ်ခုရှိလေသည်။ ၄င်းအား ပိုင်ရှောင်ချန်း မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ပင့်သက်ပင်ရှိုက်လိုက်မိသည်။ ဤသည်မှာ မြေရိုင်းဒေသတွင် ဆေးလုံးတစ်လုံးအား သူ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

မဟာအကြီးအကဲ ဆေးဆရာတစ်ဦးဖြစ်သောကြောင့် ယင်းသည် ဒဏ်ရာအနာတရများအား ကုသရန် ပြုလုပ်ထားသည့် မြင့်မြတ်သော ဆေးအမျိုးအစားဖြစ်ကြောင်း ချက်ချင်းပြောနိုင်လေသည်။ အမှန်တွင် ၄င်းသည် သူအရင်က သုံးခဲ့သည့် နတ်ဆေးလုံးထက်သာလွန်ပုံရသည်။ ၄င်းသည် တစ်ခါမှ မမြင်ဖူးသော ဆေးလုံးပင်ဖြစ်ချေသည်။

ဤကဲ့သို့ ဆေးလုံးများကို ကောင်းကင်တံတားဒေသများမှာပင်လျှင် ရှားပါးကြောင်း သတ်မှတ်နိုင်သည်ဖြစ်ရာ ဆေးလုံးများ မရှိသလောက်ရှားသည့် မြေရိုင်းဒေသတွင်မူ ဆိုဖွယ်မရှိတော့ပြီ။ သိသာထင်ရှားစွာပင် ၄င်းသည် သရဲကြီးဘုရင်အတွက် တန်ဖိုးကြီးသော ပစ္စည်းတစ်ခုဖြစ်ပေသည်။

" ဒီဆေးလုံးရဲ့ နာမည်က ကောင်းကင်ကံကြမ္မာ ဆေးလုံးပဲ။ မင်းဘဝတစ်လျှောက်လုံးမှာ ကိုးလုံးပဲ စားလို့ရမယ်။ ငါ့ရဲ့ ဆုတ်ယုတ်ကာလက ဘာကြောင့် တိုသွားတာလဲဆိုတော့ ငါ တစ်ခါတည်းနဲ့ ကိုးလုံးစားခဲ့လို့ပဲ။ ပုံမှန်အခြေအနေနဲ့အချိန်အခါမှာ သုံးစွဲလိုက်တဲ့ ဘယ်သူမဆို အချိန်တစ်ချက်ရှိုက်ချိန်လေးအတွင်းမှာ ဒဏ်ရာအားလုံး လုံးဝပျောက်ကင်းသွားလိမ့်မယ် “

" အချိန်နည်းနည်းယူပြီး စဥ်းစားကြည့်။ မင်းဒဏ်ရာအကြီးအကျယ်ရထားရင်တောင်မှ ဘယ်လိုပဲဖြစ်နေပါစေ ဒီတာဝန်ကို မင်း ထမ်းဆောင်ရမယ်။ မင်း ဆေးလုံးမယူပဲ တာဝန်ကျရှုံးသွားခဲ့ရင်လဲ ငါမင်းကို ဘာပြဿနာမှရှာမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းဒီဆေးလုံးကို စားမယ်ဆိုရင်တော့ သေချာပေါက် ဒီတာဝန်အောင်မြင်လိမ့်မယ် "

သရဲကြီးဘုရင်က ဆွေးနွေးနေခြင်း တစ်စုံတရာမပါသည့် လေသံဖြင့်ပြောပြီးနောက် ပိုင်ရှောင်ချန်းကို တလက်လက်စူးရှတောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေလျက် သူ၏လက်ချောင်းကို ဆတ်ခနဲလှုပ်ရှားလိုက်ကာ ပိုင်ရှောင်ချန်း၏ ပါးစပ်ထံသို့ ဆေးလုံးကို ပျံသွားစေလိုက်သည်။

ပိုင်ရှောင်ချန်းမှာ ကြောက်လန့်တုန်ရီသွားသော်လည်း လက်လှမ်း၍ လေထဲရှိ ဆေးလုံးကို ဆွဲယူနိုင်လိုက်သေးသည်။ မျက်ရည်တစမ်းစမ်းဖြင့် သူက စိတ်ထဲတွင်ကျိန်ဆဲနေလျက် ဘုရင်ကို ပြန်ကြည့်လိုက်သော်လည်း သူ့မှာ ရွေးစရာမရှိကြောင်းသိလိုက်သည်။ သရဲကြီးဘုရင်မည်သို့ ပြတ်ပြတ်သားသား ပြုမူနေကြောင်း စဥ်းစားလိုက်ရင်း ထိုလူသည် အောက်ပါအတိုင်းပြောနေကြောင်း ပိုင်ရှောင်ချန်း ပြောနိုင်လေသည်။

“ ဤတာဝန်ကို သူလုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ သွားကို သွားရမည်ဟူ၍..... “

သူသည် ကိစ္စတစ်ရပ်လုံးနှင့်ပတ်သက်၍ အလွန်လွဲမှားခဲ့သည်ဟု ခံစားနေရသည့်တိုင် သူ၏မျက်နှာပေါ်တွင် မဖော်ပြပေ။ ထိုစဥ် သူ၏ကိုယ်ထဲမှ အက်ကွဲသံများ ရုတ်တရက် မြည်လာပြီး စောစောက မတည်မငြိမ်ဖြစ်နေသော ကျင့်ကြံခြင်းအခြေခံသည် ရုတ်ခြည်း ပုံမှန်ပြန်ဖြစ်သွားလေသည်။

" စိတ်မပူပါနဲ့ အရှင်မင်းကြီး။ ကျုပ် တာဝန်ကို သေချာပေါက်အောင်မြင်အောင် ဆောင်ရွက်ပါမယ် "

သူက ကျယ်လောင်စွာ ပြော၏။

" မင်းသက်သာသွားပြီလား "

သရဲကြီးဘုရင်က ပြုံးလျက် မျက်လုံးများကို မှေးကာ မေး၏။

" အီး ။ အရှင်မင်းကြီးက ကြိုမြင်နေတာပဲ။ ကောင်းလိုက်တာ၊ အရှင်မင်းကြီးကို တွေ့လိုက်တာနဲ့ ကျုပ်ရဲ့ ကျင့်ကြံခြင်းအခြေခံအဆင့်တက်ပြီး အခု ချက်ချင်းကြီး သက်သာသွားတယ်။ အရှင်မင်းကြီး၊ အရှင့် ခွန်အားက ကောင်းကင်ဘုံအထက် ဝဲပျံနေတဲ့ နဂါးကြီးတစ်ကောင်လို သက်ရှိသက်မဲ့အရာအားလုံးထက် သာပါပေတယ်။ အရှင့်ဆီက အကြည့်လေးတစ်ချက်က မြင့်မြတ်သော ဒဏ်ကြေဆေးလုံးတစ်လုံး သောက်သုံးလိုက်ရသလိုပါပဲ "

ပိုင်ရှောင်ချန်းသည် မြှောက်လုံးများအား တစ်ချက်ကလေးပင် ရှက်ရွံခြင်းမရှိ အရိုးသားဆံုးမျက်နှာထားဖြင့် ပြောလိုက်လေသည်။

သရဲကြီးဘုရင်မှာ ပိုင်ရှောင်ချန်း မည်သို့လုပ်နေသည်ကို ကောင်းကောင်းသိလိုက်သဖြင့် သက်ပြင်းချလိုက်သည်။ ပိုင်ရှောင်ချန်းမည်မျှ အပြောင်းအလဲမြန်ကြောင်း တွေးကာ စိတ်ပူမနေတော့ဘဲ သရဲကြီးဘုရင်၏ အမူအရာသည် တင်းမာခက်ထန်သွားပြီး ဖြစ်လာမည့်အရာများအတွက် အချက်အလက်များ ထပ်ပေးလိုက်သည်။

ပိုင်ရှောင်ချန်းက မမှိတ်မသုန် အာရုံစူးစိုက်၍ နားထောင်လိုက်ပြီးနောက် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်လေသည်။ သူက မည်မျှမယုံကြည်နိုင်ဖွယ်ကောင်းကြောင်းထည့်တွက်လိုက်လျှင် သူ့ကို တိုက်ခိုက်ရန်ကြိုးစားသည့် လူမှန်သမျှကို ချေမှုန်းနိုင်သည် မဟုတ်ပါလော။

သူနားထောင်လာလေလေ သူ၏ မျက်လုံးများ ပြူးကျယ်လာလေလေဖြစ်ပြီး လူတိုင်းနီးပါး အတူတကွပေါင်း၍ သရဲကြီးဘုရင်ကို ဆန်ကျင့်ကြမည့်အချက်ကြောင့် သူ၏ရင်တဒိန်းဒိန်းခုန်လာတော့သည်။

" ကောင်းကင်ဘုရင်တွေရဲ့ ဆက်ခံသူေတွရယ်၊ ပြီးတော့ ဗဟိုဧကရာဇ်မြို့တော်က မင်းမျိုးမင်းနွယ်တွေ၊ အထက်တန်းလွှာတွေက လက်ရွေးစင်တွေရယ် ဆိုပါလား။ နတ်ဝိညာဥ်သုံးပြီး ယင်ယန်ဝိညာဥ်အဆင့်ရောက်ထားတာ မဟုတ်ပေမယ့် အရေအတွက်ကများတယ်။ ပြီးတော့ သူတို့အားလုံးက ငါ့ကို ဝိုင်းတိုက်ကြမှာ "

မကြာမီ သူ၏ မျက်နှာမှုန်ကုပ်လာတော့သည်။ ဤနတ်မီးလျှံစမ်းသပ်ပွဲသို့လာမည့် ကျင့်ကြံသူတိုင်းသည် အစွမ်းထက် လက်ရွေးစင်များဖြစ်ကြသည်။ ပိုင်ရှောင်ချန်းသည် သူ့ကိုယ်သူ မယုံကြည်နိုင်ဖွယ်ကောင်းကြောင်း သိသည့်တိုင် ကျားတစ်ကောင်ပင်လျှင် ဆာလောင်မွတ်သိပ်နေသော မြေခွေးများကို ပြန်မတိုက်ခိုက်နိုင်သည် မဟုတ်ပါလော။ သူသာ ခြေတစ်လှမ်းမှားလိုက်သည်နှင့် သူ၏သနားစရာအသက်လေး အန္တရာယ်တွင်းထဲ ကျသွားမည်ဖြစ်သည်။

" သောက်ကျိုးနည်း ။ ဘာလို့ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတွေပဲ သွားလို့ရတာတုံး။ အများစုက အမြုတေအဆင့်ဆိုရင် ပိုကောင်းမှာပဲ "

သူသည် ငိုချင်ပါသော်လည်း မျက်ရည်တစ်စက်မှ ထွက်မလာပေ။ အမှန်မှာ သူသည် ယခုထက် အစွမ်းထက်နေခဲ့မည်ဆိုလျှင်ပင် ယုံကြည်ချက်ရှိနိုင်ဦးမည်မဟုတ်ပေ။ သို့သော်လည်း သရဲကြီးဘုရင်၏ မျက်နှာပေါ်ရှိ အလျှော့မပေးသောအသွင်ကြောင့် သူ့အနေဖြင့် လက်ခံခေါင်းညိတ်ရုံမှ တစ်ပါးအခြားမရှိကြောင်း သိလိုက်လေသည်။

သရဲကြီးဘုရင်သည် ပိုင်ရှောင်ချန်း၏ အတွေးများကို အာရုံရလိုက်သဖြင့် တခဏကြာသော် သူက သက်ပြင်းချပြီး ပြော၏။

" ဒါပေမယ့် သိပ်လဲ စိတ်ဖိစီးမနေပါနဲ့။ ငါ့ရဲ့ယုံကြည်အားကိုးထိုက်တဲ့လှံရယ်၊ ကောင်းကင်ကြမ္မာဆေးလုံးတချို့ရယ်နဲ့ဆိုရင် မင်း တော်တော် အန္တရာယ်ကင်းမှာပါ။ ဒါ့အပြင် ဝိညာဥ်ရေနွေးအိုးကြီးထဲမှာ အရာအားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်အောင် ငါနောက်ထပ် အစီအစဥ်တွေလုပ်ပေးထားပါ့မယ် "

သို့သော် ထိုကဲ့သို့ အာမခံချက်များကပင်လျှင် ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်ရှိ သုန်မှုန်နေမှုကို မဖယ်ရှားနိုင်ပေ။ ဤအချိန်တွင် သရဲကြီးဘုရင်က အသံကို နှိမ်ပြီး ပြော၏။

" ငါတို့ နှစ်ယောက်ကြားက အချုပ်အနှောင်မန္တန်ကို မမေ့ထားနဲ့ဦး။ ငါက မင်းအသတ်ခံရဖို့ တကယ်ကြီး လွှတ်လိုက်မယ်ထင်နေတာလား"

ထိုစကားကို ကြားသည်နှင့် ပိုင်ရှောင်ချန်း၏ စိတ်အတန်ငယ်ကြည်လင်သွားသည်။ ထိုအကြောင်းတွေးလေလေ သူ့ကို ဒုက္ခဖြစ်ပေးနိုင်မည့် လူများက နည်းလာလေလေ ဖြစ်နေတော့သည်။ ထို့အပြင် စောစောက သရဲကြီးဘုရင်ပြောခဲ့သည်ကို အခြေခံ၍ အထဲတွင် သူလိုအပ်ပါက ကူညီမည့်သူများ ရှိမည့်ဟန်တူသည်။

အမှာစကားအနည်းငယ်ပြောပြီးနောက် သရဲကြီးဘုရင်သည် ပိုင်ရှောင်ချန်းလက်ထဲသို့ ကောင်းကင်ကံကြမ္မာဆေးလုံး ရှစ်လုံးပါဝင်သည် ဆေးပုလင်းကို ထည့်ပေးခဲ့သည်။ စောစောက သူ့ကို ပေးခဲ့သည်ကို ထည့်ပေါင်းလိုက်ပါက စုစုပေါင်း ကိုးလုံးဖြစ်ချေသည်။

ထိုဆေးလုံးများအားလုံး မြင်ပြီးနောက် ပိုင်ရှောင်ချန်းသည် ယခင်ထက်ပို၍ ယုံကြည်ချက်ရှိလာတော့သည်။

ထို့နောက် သရဲကြီးဘုရင်သည် တစ်ဆက်တည်းမှာပင် နယ်စားသေမင်းေခါ်သံအား သရဲကြီးစစ်သေင်္ဘာ နှင့် ဝိညာဥ်ရေနွေးအိုးဆီသို့ ပိုင်ရှောင်ချန်းကို လိုက်ပါပို့ဆောင်ပေးရန် အမိန့်ပေးရင်း ထွက်ခွာသွားလေသည်။

**

သရဲကြီးစစ်သ ေင်္ဘာသည် မည်းနက်နေသော ဧရာမလေသ ေင်္ဘာကြီးဖြစ်ပြီး လေကိုခွင်း၍ အံ့မခန်းအမြန်နှုန်းဖြင့် သွားနေသည်။ ၄င်းအပေါ်တွင် အနက်ရောင်အလင်းများနှင့် ချောက်ခြားတုန်လှုပ်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်နေသော သရဲကြီးရုပ်တုတစ်ခုရှိလေသည်။

လောလောဆယ်တွင် ပိုင်ရှောင်ချန်းသည် စစ်သေင်္ဘာ၏ ကုန်းပတ်ပေါ်တွင် ရပ်လျက် စိတ်ပျက်လက်မှိုင်ကျကာ သက်ပြင်းချနေလေသည်။ သူ့ဘေးတွင်ကား သူ့ကို တွေဝေနေသော အမူအရာဖြင့် ကြည့်နေသည့် နယ်စားသေမင်းအော်သံရှိသည်။ နယ်စားသေမင်းေအာ်သံက ခပ်တိုးတိုးရယ်ရင်း ပြော၏။

" ဘာတွေများ မျက်မှောင်ကြုတ်နေတာတုံး၊ အမှုဆောင်ချုပ် ပိုင်။ နတ်သုံးယောက် မင်းနောက်လိုက်ဖမ်းတုန်းက ဒီလို မှုန်ကုပ်မနေပါဘူး "

" သောက်ရေးမပါတာကွာ "

ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။ သူ့ကို နတ်သုံးပါးလိုက်ဖမ်းစဥ်က သူ့မှာ ဆင့်ခေါ်၍ရသည့် လျှို့ဝှက်လက်နက်များစွာ ရှိခဲ့သည်။ သူသည် သရဲကြီးဘုရင် ရက်ပိုင်းအတွင်းသက်သာလာမည်ကို သိခဲ့သောကြောင့် စွန့်စားရဲခြင်းဖြစ်သည်။ လက်ရှိအခြေအနေကား ထိုသို့မဟုတ်ပေ။

သို့သော်လည်း ယခုအချိန်သည် အားနည်းနေရန် သို့မဟုတ် ကြောက်လန့်နေရန် အချိန်မဟုတ်ကြောင်းလည်း သဘောပေါက်လေသည်။ ယခင်ကထက် မားမားမတ်မတ်ရပ်ရင်း သူက သူ့ရင်ဘတ်သူ ပုတ်ကာ ကျယ်လောင်စွာ ပြော၏။

" ခင်ဗျား ထင်ယောင်ထင်မှားဖြစ်နေတာပါ နယ်စား ေသမင်းအော်သံ။ ကျုပ် မှုန်ကုပ်နေတာမဟုတ်ဘူး။ ကျုပ်စဥ်းစားနေတာ။ ပြီးတော့ ဒါက မျက်မှောင်ကြုတ်တာမဟုတ်ဘူး။ သတ်ဖြတ်ချင်တဲ့ အမူအရာဗျ"

နယ်စားသေမင်းေအာ်သံ၏ အမူအရာသည် ပို၍ မချိုမချဥ်ဖြစ်သွားသော်လည်း မည်သို့မျှ ထပ်မပြောပေ။

သူတို့နှစ်ယောက်လုံး ကျန်ခရီးတစ်လျှောက် စကားလက်ဆုံကျခြင်း မရှိေတာ့ပေ။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းသည် သူတို့အောက်ရှိ မြေပြင်မှာ အမုန်းဝိညာဥ်အုပ်လိုက်ကြီး ရွေ့လျားနေကြောင်း သတိပြုမိလိုက်၏။

နယ်စားသေမင်းေအာ်သံ မည်သည့်အရာအား သူကြည့်နေသည်ကို သတိထားမိသောအခါ အတိုချုံးရှင်းပြ၏။

" ဝိညာဥ်ရေနွေးအိုးပွင့်လာတဲ့အချိန်တိုင်း အဲဒါက အမုန်းဝိညာဥ်တွေကို ဆွဲဆောင်တယ်လေ။ အဲဒါကြောင့် အမုန်းဝိညာဥ်တွေက အဲဒီနေရာကို ရောက်အောင် ကြိုးစားနေကြတာ "

အံသြတုန်လှုပ်သွားသော ပိုင်ရှောင်ချန်းသည် ယခင်ကထက်ပို၍ ဤဝိညာဥ်ရေနွေးအိုးသည် သာမန်ထက်ထူးကဲပြီး အန္တရာယ်များသောနေရာဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ နောက်ထပ်နှစ်နာရီ ကုန်လွန်သွားပြီး ယခုတွင် စစ်သေင်္ဘာသည် ရေနွေးအိုး၏ နယ်မြေအစစ်အမှန် ရောက်နေချေပြီ။

ညနေခင်းတွင်ဖြစ်ပြီး စောစောက ကြည်လင်နေသော မိုးသားကောင်းကင်သည် တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေ၏။ ထိုမျှသာမက ခပ်ဝေးဝေးတွင် အံသြတုန်လှုပ်ဖွယ် သရဲဘုရင်သစ်ခွပန်းကိုလည်း မြင်နိုင်လေသည်။

မရေမတွက်နိုင်သော အမုန်းဝိညာဥ်များသည် သရဲဘုရင်သစ်ခွပန်း၏ပတ်ဝန်းကျင်တွင် လှည့်ပတ်နေကြကာ ကောင်းကင်နှင့် မြေပြင်တစ်ခွင် ပြည့်နှက်နေသဖြင့် မည်သူမှ အနားမကပ်ဝံ့သည့် တဝေါဝေါတိုက်နေသော လေဆင်နှာမောင်းကြီးတစ်ခုကို ဖန်တီးနေတော့သည်။

အမှန်တကယ်တော့ ပိုင်ရှောင်ချန်းသာ အစောကြီးရောက်နေသည်ဖြစ်ပြီး ပတ်ဝန်းကျင်တွင် မည်သူမှ မရှိပေ။ သူက ပထမဆုံးဖြစ်သည်။

သို့သော်လည်း ထိုသည်က သူ့ကို ပတ်ဝန်းကျင်အား လေ့လာရန် အချိန်များစွာ ရရှိစေသည်။ မကြာမီ သူသည် သရဲကြီးဘုရင် သစ်ခွပန်း၏ အောက်ရှိ ဧရာမရေနွေးအိုးကြီး တစ်လုံးကို မြင်လိုက်ရ၏။

၄င်းသည် မည်းနက်နေပြီး အလွန်ဟောင်းနွမ်းနေဟန်တူသည်။ ထိုမျှသာမက ရေနွေးအိုးထံမှ အပြင်ဘက်သို့ ထွက်နေသည့် အနက်ရောင်မြူများက အပေါ်ထက်ရှိ ဧရာမမြူသရဲဘုရင်ပန်းကို ဖန်တီးပေးနေခြင်းဖြစ်လေသည်။

ဤသည်ကား ဝိညာဥ်ရေနွေးအိုးပင်။

ပိုင်ရှောင်ချန်းမှာ ပင့်သက်ရှိုက်သွားရပြီး ရင်တဒိန်းဒိန်းခုန်သွားလေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဤရေနွေးအိုးသည် မှော်ပစ္စည်းအမျိုးအစားတစ်ခုခုဖြစ်ကြောင်း သူပြောနိုင်လေသည်။

" ဝိညာဥ်ရေနွေးအိုးထဲမှာ နောက်ထပ် ကမ္ဘာတစ်ခု ရှိတယ် "

နယ်စားသေမင်းေအာ်သံက ရှင်းပြ၏။

" သူ့ရဲ့မူလအစက လျှို့ဝှက်ဆန်းကြယ်ပေမယ့် ဒဏ္ဍာရီအရဆိုရင် သူက ကောင်းကင်ဘုံအလွန်က လာတာတဲ့။ တခြားပုံပြင်တွေအရတော့ ပထမ မျိုးဆက် ဗဟိုဧကရာဇ်နဲ့ သက်ဆိုင်တဲ့ ရတနာပစ္စည်းတဲ့။ ဒါကြောင့် အမှန်က ဘာလဲဆိုတာ ဆုံးဖြတ်ဖို့ခက်တယ်။ သရဲဘုရင်သစ်ခွပန်းကတော့ ဝိညာဥ်ရေနွေးအိုး ကမ္ဘာရဲ့ အလယ်တည့်တည့်မှာရှိတဲ့ ချိုင့်ဝှမ်းမှာ အမှန်တကယ်ပေါက်ရောက်နေတယ် "

" အထဲမှာ အရမ်းကျယ်ပေမယ့် မင်းလုပ်ရမှာက အဲဒီနေရာရဲ့ အလယ်တည့်တည့်ကို ပျံသွားပြီး ချိုင့်ဝှမ်းကိုရှာရမှာ။ ဒါနဒ့ ငါတို့မှာရှိသမျှ မှတ်တမ်းတွေအရ တကယ်တော့ ပန်းပွင့်ကနေ သရဲဘုရင်သစ်ခွပန်းရဲ့ ပုံစံအစစ်အမှန်ကို ဖွံဖြိုးကြီးထွားလာဖို့ အချိန်နည်းနည်းတော့ကြာတယ် "

" မင်းလုပ်ရမှာက အဲဒီအသီးကို ယူနိုင်ဖို့ပဲ။ ပြီးရင် မင်းထွက်လာတာနဲ့ မင်းကို စောင့်ရှောက်ပေးမယ်။ အဲဒီအချိန်ကျရင် မင်းကို တိုက်ရဲတဲ့လူ မင်းဆီက အသီးကို လုရဲတဲ့လူ ဘယ်သူဖြစ်ဖြစ် အရှင်မင်းကြီးက ကိုယ်တိုင်ကိုင်တွယ်ပေးလိမ့်မယ်"

" ရေနွေးအိုးထဲမှာတော့ မင်းဘာသာမင်း လှုပ်ရှားရမှာ "

ထို့နောက် နယ်စား သေမင်းေအာ်သံသည် သတိပေးချက်များ ၊ အားပေးတိုက်တွန်းမှုများဆက်လက်ပြောနေတော့သည်။

ပိုင်ရှောင်ချန်းမှာ ယခင်ထက်ပို၍ စိတ်လှုပ်ရှားနေသော်လည်း အရာအားလုံးအဆင်ပြေသွားမှာပါ ဟူ၍ သူ့ကိုယ်သူ အဆက်မပြတ်ပြောနေတော့သည်။

အချိန်အနည်းငယ်ကြာသော် ခပ်ဝေးဝေးမှ အလင်းတန်းများကို မြင်လိုက်ရသည်။ တချို့က ဗဟိုဧကရာဇ်မြို့တော်မှ လာပြီး အချို့က ကောင်းကင်ဘုရင်မြို့တော်သုံးမြို့မှလာလေသည်။ အခြားလူအနည်းစုက ဘေးပတ်ဝန်းကျင်ရှိ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်များမှ ချဥ်းကပ်လာကြသည်။

All Chapters