← Chapters

ဖျင်ကြမ်းအင်္ကျီဝတ် ဓားကျင့်ကြံသူ

Vol. 191 Ch. 2853

ဖျင်ကြမ်းအင်္ကျီဝတ် ဓားကျင့်ကြံသူ

Vol. 191 Ch. 2853

“နင် အဲဒါကို ဘယ်ကနေကြားတာလဲ”

ရွှယ်ဝမ်သည် သူ၏ ဘေးပတ်လည်မှ ရယ်မောသံများကို ကြားသောအခါ သူ၏ မျက်နှာက နီမြန်းလာပြီး လုံလီကို ဒေါသတကြီး စိုက်ကြည့်ကာ မေးလိုက်၏။

“ငါ့အမေဆီက”

လုံလီက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ကြွပ်ဆတ်ဆတ်ဖြင့် ပြန်ဖြေလိုက်သည်။

“နင့်အမေ…..”

ရွှယ်ဝမ်က ကျိန်ဆဲတော့မည်ဆဲဆဲမှာပင် သူက အလွန်တရာ အေးစက်သော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုကို ရုတ်တရက် ခံစားမိလိုက်သည်။ သူက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ ပါးစပ်ကနေ ထွက်ကျလာတော့မည့် စကားလုံးများကို ပြန်လည်မျိုချလိုက်ရ၏။

ဤမိန်းကလေး၏ အမေက နဂါးဘုရင်မ ဦးချိုမဲ့ ဖြစ်ပုံရသည်။

ရွှယ်ဝမ်၏ အကြည့်က ရွေ့လျားသွား၏။ လုံလီ၏ ဘေးမှာ ငွေရောင်ဆံပင်နှင့် အမျိုးသမီးတစ်ဦးက မည်သည့်စကားမှမဆိုဘဲ သူ့ကို အေးစက်စွာဖြင့် စိုက်ကြည့်နေ၏။

“မိန်းကလေး ငါ နင့်အဆင့်နဲ့ ဖက်ပြိုင်မနေတော့ဘူး”

ရွှယ်ဝမ်က အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး မည်သည့်စကားမှ ထပ်မံ၍မဆိုတော့ပေ။

နဂါးကမ္ဘာသည် မည်သို့ပင်ဆိုစေ ထိပ်တန်းကမ္ဘာကြီးတစ်ခု ဖြစ်သည်။

သူသည် ပန်းကမ္ဘာမှ အမျိုးသမီးများကို သာမန်ကာလျှံကာ အနိုင်ကျင့်ကာ ကျီစယ်နိုင်၏။ သို့သော်လည်း သူသည် နဂါးမျိုးနွယ်ကိုတော့ စိုးရိမ်ပူပန်ရပေမည်။

နဂါးကမ္ဘာမှာ နဂါးများစွာ မရှိပေ။ သို့သော်လည်း သူတို့သည် ထိပ်တန်းကမ္ဘာကြီးများထဲမှ တစ်ခုအဖြစ် ရပ်တည်ပြီး မျိုးနွယ်စုတစ်သောင်း၏ ထိပ်ဆုံးမှာ ရပ်တည်နိုင်ကြသည်။

သွေးနွယ်ပင်မျိုးနွယ်သည်လည်း ထိပ်တန်းကမ္ဘာကြီးတစ်ခု ဖြစ်သော်လည်း သူတို့သည် နဂါးမျိုးနွယ်နှင့် ဆန့်ကျင်တိုက်ခိုက်ရဲခြင်း မရှိပေ။

“သူပြောတာ မှန်နေတာပဲ… ကျောရိုးမဲ့ ငကြောက်ဆိုတဲ့အတိုင်းပဲ… သူက နဂါးမျိုးနွယ်နဲ့ တွေ့တော့ နေရာမှာတင် ငြိမ်သွားတာပဲ”

“သူ့မှာ ညစ်ညမ်းတဲ့ ပါးစပ်ရှိတယ်ဆိုတာ အမှန်ပဲ… သူက လျှာနည်းစနစ်တချို့ကို ကျင့်ကြံထားတယ်လို့ ငါကြားတယ်… သူ့ရဲ့လျှာက ညစ်ညမ်းရုံတင်မကဘူး… သူက သူ့ရဲ့လျှာကိုသုံးပြီး ဓားချီတချို့ကိုပါ ပစ်ထုတ်နိုင်တယ်… သူ့ရဲ့ ထက်ရှတဲ့လျှာကလည်း အတော်လေး ကျော်ကြားတယ်”

လူအုပ်ကြားထဲမှာ တီးတိုးတီးတိုး ပြောဆိုသံများ ထွက်ပေါ်လာသည်။

ရွှယ်ဝမ်၏ အမူအရာက သုန်မှုန်သွားပြီး သူက နှုတ်ဆိတ်နေ၏။ သို့သော်လည်း သူ၏ အကြည့်က မူလျန်ပေါ်မှာ ရစ်ဝဲနေပြီး သူက မကြာမကြာလှောင်ရယ်နေ၏။

သူသည် နဂါးကမ္ဘာမှ မည်သူ့ကိုမဆို မဆန့်ကျင်နိုင်သော်လည်း ပန်းကမ္ဘာမှ ဤအမျိုးသမီးကတော့ မတူပေ။

သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်မည်ဆိုလျှင် သူ၏ နည်းလမ်းများကို မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသိအောင် ပြသရပေလိမ်မည်။

ဆူဇီမိုက ဤကဲ့သို့ အချေအတင် ပြောဆိုမှုများမှာ ပါဝင်ခြင်းမရှိပေ။

သူ၏ စိတ်အာရုံသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်ရှိ လူအုပ်ကြားထဲကို ရောက်ရှိနေ၏။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း မဟာအရိုင်းကမ္ဘာမှ မည်သည့်ပကတိစိတ်ဝိညာဉ်ကမှ ရောက်ရှိမလာခဲ့သည်မှာ ထူးဆန်းလေသည်။

သူသည် လုယွင်နှင့် အခြားသူများကို မေးကြည့်ခဲ့သော်လည်း သူတို့သည်လည်း များစွာမသိရှိကြပေ။ မဟာအရိုင်းကမ္ဘာသည် နေရာတိုင်းမှာ စစ်မီးတောက်များနှင့်အတူ အလွန်တရာ ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး ပကတိစိတ်ဝိညာဉ်များစွာက သူတို့ကိုယ်သူတို့ အနိုင်နိုင်ဂရုစိုက်နေရသည်ဟုသာ ကောက်ချက်ချနိုင်လေသည်။

ဆူဇီမိုသည် ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုနေသော်လည်း သူက စစ်တုရင်အင်မော်တယ် ကျွင်းယုကို မတွေ့မြင်ရပေ။

ထိုစဉ်မှာပင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ စိတ်ခံစားချက်ကင်းမဲ့သော အသံတစ်သံက နောက်တစ်ဖန် ထွက်ပေါ်လာသည်။

“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ တရားဝင် စတင်ဖွင့်လှစ်ပြီ”

ရွှစ်…

ရင်ပြင်၏ ဘေးပတ်လည်မှာ ဧရာမ ပိတ်ကားဆယ်ချပ်က ဝင်းလက်တောက်ပလာပြီး အောက်ဘက်မှာရှိသော ပို့ဆောင်ရေးဝင်္ကပါများကလည်း လင်းလက်လာလေသည်။

“သတိထားကြဦး”

လုယွင်နှင့် အခြားသူများက ဆူဇီမိုနှင့် လင်းရွှင်ကျန်းကိုကြည့်ပြီး သူတို့ကို ထပ်မံ၍ သတိပေးလိုက်သည်။

လူတိုင်း၏ ရှေ့မှောက်မှာပင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပကတိစိတ်ဝိညာဉ်ပညာရှင်များစွာသည် ရှေ့သို့ တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းပြီး ပို့ဆောင်ရေးဝင်္ကပါများထဲသို့ ဝင်ရောက်ကာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်ကနေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြသည်။

သိပ်မကြာခင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ ပုံရိပ်များ၏ ထက်ဝက်ကျော်က ပျောက်ကွယ်သွားသည်။

ကျန်ရှိနေသောသူများသည် ထိပ်တန်းကမ္ဘာကြီးများမှ ကျင့်ကြံမှုနယ်ပယ်နိမ့်ကျသော ပကတိစိတ်ဝိညာဉ်များ သို့မဟုတ် ဘုရင်ပညာရှင်များ ဖြစ်ကြသည်။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်နှင့် ကျောက်တုံးမျိုးနွယ်သည် ဓားကမ္ဘာမှ လုယွင်နှင့် အခြားသူများကို အလယ်မှာထားကာ ဘေးနှစ်ဖက်ကနေ ညှပ်ထားကြသည်။

ကျောက်တုံးမျိုးနွယ်မှ ဘုရင်ရှစ်ရှောက လုယွင်နှင့် အခြားသူများဘက်သို့ ခေါင်းဖြတ်လက်ဟန်တစ်ခုကို ပြုလုပ်ပြလိုက်၏။ အဲဒါက ပေါ်ပေါ်ထင်ထင် ရန်စလိုက်ခြင်း ဖြစ်လေသည်။

ဘုရင်အေးစက်မျက်လုံးက လုယွင်နှင့် အခြားသူများကို ကြည့်လိုက်၏။ သူ၏ နှာရောင်ပေါ်ရှိ သွေးရောင်အမှတ်အသားက သွေးအလင်းတစ်ခုနှင့်အတူ တောက်ပလာပြီး သူက သွားဖြီးကာ ပြောလိုက်၏။

“လုယွင်… ဆူကျူးမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြား ရှိတဲ့အတွက် သူက အခြေအနေမဟန်ရင် အချိန်မရွေး ပြန်ထွက်လာနိုင်မယ်လို့ မင်းတို့တွေ မျှော်လင့်ထားကြမှာပဲ”

လုယွင်နှင့် အခြားသူများက မည်သည့်စကားမှမဆိုဘဲ သူ့ကို အေးစက်စွာဖြင့် ကြည့်လိုက်၏။

သူတို့က တကယ်ပင် ထိုကဲ့သို့ တွေးထားလေသည်။

ဘုရင်အေးစက်မျက်လုံးက ခပ်ယဲ့ယဲ့ သက်ပြင်းချလိုက်၏။

“ကံဆိုးစွာနဲ့ပဲ မင်းတို့တွေက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုနဲ့ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ရဲ့စွမ်းအားကို လျှော့တွက်ထားတာပဲ”

လုယွင်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ရင်ထဲမှာ နင့်ခနဲဖြစ်သွား၏။

ဘုရင်အေးစက်မျက်လုံးက ဆက်ပြောလိုက်လေသည်။

“သူတို့နှစ်ယောက်က တွေ့ဆုံတာနဲ့ ရှယင်က လုံးဝ အကဲစမ်းမှာ မဟုတ်ဘူး… သူက ဆူကျူးကို အခွင့်အရေးတစ်ခုတောင် ပေးမှာ မဟုတ်ဘူး”

“သူက သူ့ရဲ့ကောင်းကင်ဘုံမျက်လုံးကို တိုက်ရိုက်အသက်သွင်းပြီး ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ချက်ချင်းထုတ်ဖော်လိမ့်မယ်”

“ဆူကျူးမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြား ရှိတယ်ဆိုရင်တောင် သူက အဲဒါကို အချိန်မီဆင့်ခေါ်နိုင်မှာ မဟုတ်ဘူး… သူက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ရဲ့ ချုပ်နှောင်မှုကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး… သူက သေရဖို့ပဲ ရှိတယ်”

လုယွင်နှင့် ဓားကမ္ဘာမှ အခြားသူများ၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားကြသည်။

အခြားသော ကမ္ဘာများမှ ဘုရင်များကလည်း မျက်မှောင်ကြုတ်ကာ တိတ်တဆိတ် ဆွေးနွေးပြောဆိုနေကြသည်။

အန္တိမပကတိစိတ်ဝိညာဉ်အများစုသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကိုသာ နားလည်ဆင်ခြင်ထားကြသည်။

တိုက်ပွဲတစ်ခုမှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်မည်ဆိုလျှင် ၎င်းကို အချိန်တိုအတွင်းမှာ နောက်တစ်ဖန် ပြန်လည်ထုတ်ဖော်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ပုံမှန်အခြေအနေမှာ သူတို့သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ရာမှာ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်ခြင်းထက်ပင် ပို၍ နှိုင်းစာချင့်ချိန်ရလေသည်။

ရှယင်သည် ဆူဇီမိုနှင့် တိုက်ပွဲစတင်ချိန်မှာပင် သူ၏ ကောင်းကင်ဘုံမျက်လုံးကို အသက်သွင်းပြီး ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ချက်ချင်းထုတ်ဖော်မည်ဆိုလျှင် တိုက်ပွဲသည် အလွန်တရာ တိုတောင်းသော အချိန်တစ်ခုမှာ အဆုံးသတ်သွားနိုင်သည်။

ဤတိုက်ပွဲမှာ ကမ္ဘာတုန်လောက်ဖွယ်ရာနှင့် ထူးခြားအံ့မခန်းမြင်ကွင်းများ ပေါ်ထွက်လာချင်မှ ပေါ်ထွက်လာပေလိမ့်မည်။ အဲဒါသည် တစ်ဖက်သတ် သတ်ဖြတ်ခြင်းသာ ဖြစ်ကောင်းဖြစ်လာနိုင်သည်။

ထိုကဲ့သို့သော အတွေးများက အမျိုးမျိုးသောကမ္ဘာများမှ ဘုရင်များ၏ စိတ်ထဲမှာ ပေါ်ထွက်လာကြသည်။ တချို့က အူမြူးအားရနေပြီး တချို့က သနားကရုဏာသက်နေကာ တချို့က မျှော်လင့်စောင့်စားနေကြသည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ…

ဤတစ်ခေါက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ကန့်သတ်ချက်များကို ဖြေလျှော့လိုက်ခြင်းသည် တိုက်ပွဲရမှတ်များကို စုဆောင်းရန် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများအတွက် အလွန်ကြီးမားသည့် အမဲလိုက်ပွဲကြီးတစ်ခု ဖြစ်လာခဲ့သည်။

သို့သော်လည်း ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှ သက်ရှိများအတွက်တော့ ဤသည်က သေရေးရှင်ရေး ကပ်ဘေးတစ်ခု ဖြစ်လာခဲ့သည်။

ရေကန်တစ်ကန်၏ ဘေးမှာ ညင်သာသော လေပြည်တစ်ချက် တိုက်ခတ်သွားပြီး အစိမ်းရောင်ရေများက အလင်းရောင်တစ်ချက်နှင့်အတူ ဝဲဂယက်ဖြာသွားသည်။

ရေကန်၏ မျက်နှာပြင်က ကြေးမုံတစ်ချပ်နှင့်တူပြီး ရေကန်က ကျောက်စရစ်ခဲများကို ရောင်ပြန်ဟပ်ပေးနေ၏။ ဖိုသီဖတ်သီနှင့် အမျိုးသားတစ်ဦးက ထိုနေရာမှာ သာမန်ကာလျှံကာ ထိုင်နေ၏။ သူက ဖျင်ကြမ်းအဝတ်အစားများကို ဝတ်ထားပြီး သူ၏ အင်္ကျီအနားစက ရေထဲမှာ နစ်မြုပ်နေ၏။ သူက လုံးဝကို သတိလက်လွတ်ဖြင့် ဘူးတောင်းထဲမှ ဝိုင်ပြင်းများကို မော့သောက်နေ၏။

အမျိုးသား၏ ဆံပင်က ဖိုသီဖတ်သီဖြစ်နေပြီး သူ၏ မုတ်ဆိတ်များကို ရိတ်မထားပေ။ သူ့၏ မျက်နှာက ညှိုးခြောက်နေပြီး အနည်းငယ်ပင် ရုပ်ဆိုးနေ၏။ သူ၏ တွေးဝေယစ်မူးနေသော မျက်လုံးများကသာ နက်ရှိုင်းသော ညကောင်းကင်ယံမှ ကြယ်များကဲ့သို့ အလင်းရောင်တစ်ခုနှင့် တောက်ပနေ၏။

သံချေးတက်နေသော ဓားတစ်လက်ကို အမျိုးသားနှင့် မလှမ်းမကမ်း ကျောက်တုံးတစ်တုံး၏ အက်ကွဲကြောင်းထဲမှာ ထိုးစိုက်ထားသည်။

အမျိုးသားက ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

အနည်းဆုံးတော့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများ၏ ပါးစပ်ဖျားမှာ သူသည် ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူဟူ၍ ကျော်ကြားလေသည်။

မဟာဆိုးယုတ်မိစ္ဆာ ဆယ်ဦးထဲမှ တစ်ဦး…

သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား အမျိုးသားက သူ၏ ခေါင်းကို မော့၍ သူ၏ မျက်လုံးကို မှေးကျဉ်းကာ သူ့အထက် အဆုံးမဲ့ကောင်းကင်ယံကို မော့ကြည့်လိုက်၏။

ကောင်းကင်က စတင်၍ တဖျပ်ဖျပ်လက်လာ၏။

လူများစွာက ဤနေရာကို ရောက်ရှိလာကြသည်။

လူအရေအတွက်က အတော်ကို များလေသည်။

အမျိုးသား၏ ယစ်မူးနေသော မျက်လုံးများ၏ အနက်ပိုင်းထဲမှာ နားလည်ရခက်သော ပူဆွေးဝမ်းနည်းမှုတစ်ခု ဖျတ်ခနဲလက်လာ၏။

“စီနီယာအကိုလော…”

ထိုစဉ်မှာပင် ဓားကျင့်ကြံသူဆယ်ဦးကျော်က နောက်ဘက်မလှမ်းမကမ်းကနေ အပြေးအလွှားလာနေကြ၏။ ဦးဆောင်လာသော အမျိုးသမီးက ရောက်မလာခင်မှာပင် အော်ခေါ်လိုက်လေသည်။

အမျိုးသားက မျက်မှောင်အနည်းငယ်ကြုတ်ပြီး အမျက်ဒေါသ တစ်စွန်းတစ်စနှင့်အတူ လူတိုင်းကို ဘေးတိုက်တစ်ချက်လှမ်းကြည့်လိုက်၏။

“မင်းတို့ကို ထွက်မလာကြနဲ့ ပုန်းနေလို့ ငါပြောမထားဘူးလား”

“စီနီယာအကိုလော… ရှင်က အပြင်ဘက်မှာ စွမ်းအားကြီးမားတဲ့ ရန်သူတွေနဲ့ တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်မှာကို ကျွန်မတို့ ခွင့်ပြုမပေးနိုင်ဘူး”

ဦးဆောင်လာသူ အမျိုးသမီးက သူမ၏ လက်ထဲရှိ ဓားကို တင်းတင်းဆုပ်ကိုင်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

အမျိုးသားက သူ၏ ခေါင်းကို ညင်သာစွာခါပြီး သူ့ကိုယ်သူ အပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။

“ငါတို့ထဲက တစ်ယောက်ပဲဖြစ်ဖြစ်… အယောက်တစ်ရာပဲဖြစ်ဖြစ်… အယောက်တစ်ထောင်ပဲဖြစ်ဖြစ်… ဘာများကွာခြားသွားမှာလဲ”

“သွားပြန်ပြီး ပုန်းနေကြ”

အမျိုးသားက ဆက်ပြောလိုက်သည်။

“ဒီကပ်ဘေးအပြီးမှာ နင်တို့တွေ ရှင်သန်နိုင်မယ်ဆိုရင် နင်တို့က ကံကောင်း…”

ထိုနေရာအရောက်မှာ အမျိုးသားက ရုတ်တရက်ရပ်တန့်လိုက်၏။

သူ၏ ရင်ထဲမှာ သူ့အနေဖြင့် ဤလောကမှာ အပယ်ခံဘဝဖြင့် ရှင်သန်နေထိုင်ရခြင်းသည် ကံကောင်းခြင်းလား ကံဆိုးခြင်းလား မပြောတတ်ပေ။

အနည်းဆုံးတော့ သူက သိပ်ကြာကြာ ရှင်သန်နိုင်တော့မည် မဟုတ်ပေ။

All Chapters