← Chapters

နဂါးများနှင့် ဖီးနစ်များကြားက တိုက်ပွဲ

Vol. 191 Ch. 2856

နဂါးများနှင့် ဖီးနစ်များကြားက တိုက်ပွဲ

Vol. 191 Ch. 2856

ဓားကမ္ဘာသည် ကြွက်ကမ္ဘာ၊ ပိုးမွှားကမ္ဘာ၊ ပုရွက်ဆိတ်ကမ္ဘာနှင့် အခြားကမ္ဘာများနှင့် ပတ်သက်ဆက်ဆံမှုများစွာ မရှိခဲ့ပေ။

သို့သော်လည်း သူတို့သည် မည်သို့ပင်ဆိုစေ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများ ဖြစ်ကြသည်။ ထိုအခိုက်အတန့်မှာ သူတို့သည် မဟာဆိုးယုတ်မိစ္ဆာ ဆယ်ဦးထဲမှ တစ်ဦးဖြစ်သော လောကျွင်းကို ကိုင်တွယ်ဖို့အတွက် သူတို့နှင့် ပူးပေါင်းသင့်လေသည်။

လင်းရွှင်ကျန်းသည် သူမကို လောကျွင်းပြောခဲ့သည့်စကားနှင့် သူ၏ မျိုးရိုးနာမည်ကို တွေးမိချိန်မှာ သူမက တခြားတစ်စုံတစ်ရာကို တွေးမိသွားပြီး သူ့ကို ဆက်လက်၍ မတိုက်ခိုက်နိုင်တော့ပေ။

ဆူဇီမိုကလည်း လောကျွင်းကို တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူတို့သည် မည်သို့ပင်ဆိုစေ ဓားကမ္ဘာကို ကိုယ်စားပြုလေသည်။

ထိုအခိုက်အတန့်မှာ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဖြစ်ပျက်နေသည့် အရာရာတိုင်းသည် အပြင်ဘက်ရှိ လူတိုင်း၏ အကြည့်များအောက်မှာ ရှိနေသည်။ သူတို့အနေဖြင့် အခြားသောကမ္ဘာများမှ ပကတိစိတ်ဝိညာဉ်ပညာရှင်များနှင့် ဆန့်ကျင်တိုက်ခိုက်ရန် လောကျွင်းနှင့် ပေါ်ပေါ်ထင်ထင် ပူးပေါင်းဖို့က မဖြစ်နိုင်ပေ။

ထို့သို့ဖြင့် အတင်းအဖျင်းများက သေချာပေါက် ထွက်လာလိမ့်မည်ဖြစ်ပြီး အဲဒါက ဓားကမ္ဘာအတွက် ပြဿနာများ ဖြစ်လာနိုင်သည်။

“သူက အန္တိမပကတိစိတ်ဝိညာဉ်သုံးဦးကို အနိုင်ရနိုင်မှာလား”

လင်းရွှင်ကျန်းက တိုက်ပွဲကိုကြည့်ပြီး ညင်သာစွာ မေးလိုက်သည်။

ဆူဇီမိုက တိတ်တဆိတ်ဖြင့် မျက်မှောင်ကြုတ်ထား၏။

လောကျွင်း၏ တိုက်ခိုက်ရည်ခွန်အားအရ သူသည် အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးကို အနိုင်ရဖို့ ရှစ်ဆယ်ရာခိုင်နှုန်း အခွင့်အရေးရှိလောက်သည်ဟု သူယုံကြည်မိသည်။

သို့သော်လည်း ယခု အန္တိမပကတိစိတ်ဝိညာဉ်သုံးဦးက ပူးပေါင်းထားပြီး လောကျွင်းက ခက်ခဲသော အခြေအနေတစ်ရပ်မှာ ရှိနေသည်။

လောကျွင်း၏ တစ်ခုတည်းသော အခွင့်အရေးမှာ ပိုးမွှားကမ္ဘာ၊ ကြွက်ကမ္ဘာနှင့် ပုရွက်ဆိတ်ကမ္ဘာတို့မှ အန္တိမပကတိစိတ်ဝိညာဉ်သုံးဦးက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို ချက်ချင်း မထုတ်ဖော်မှသာ ဖြစ်သည်။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများသည် ပကတိစိတ်ဝိညာဉ်ပညာရှင်တစ်ဦး၏ အကြီးမားဆုံး ဝှက်ဖဲတစ်ခု ဖြစ်သည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကဲ့သို့ အန္တရာယ်များသော နေရာတစ်ခုမှာ သူတို့သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်သည့်အခါ အလွန်တရာ သတိကြီးကြီးထားရပေမည်။

ဒါ့အပြင် အန္တိမပကတိစိတ်ဝိညာဉ်သုံးဦး ပူးပေါင်းထားခြင်းနှင့်အတူ သူတို့မှာ ပကတိအားသာချက်ရှိပြီး သူတို့အနေဖြင့် သူတို့၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်စရာမလိုအပ်ဟု သူတို့က ခံစားမိပေလိမ့်မည်။

အစက လောကျွင်းဘက်ခြမ်းမှာရှိသော အပြစ်သားစိတ်ဝိညာဉ် ဓားကျင့်ကြံသူ ဆယ်ဦးကျော်က ရှေ့သို့ တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းကာ သူနှင့်အတူ ယှဉ်တွဲကာ တိုက်ခိုက်လိုက်ကြသည်။

လောကျွင်း၏ ဓားတာအိုက တစ်မူထူးခြားစွာဖြင့် ထက်ရှနေသည်။

အဲဒါသည် ဓားကမ္ဘာမှ ဓားတာအို ကိုးခုထဲ မည်သည့်တစ်ခုနှင့်မှ မတူပေ။ ထိုအစား သူသည် သူ့ကိုယ်ပိုင် တစ်မူထူးခြားသော ဓားတာအိုတစ်ခုကို နားလည်ဆင်ခြင်ထားသည်။

လင်းရွှင်ကျန်းသည် အဲဒါကို ပြောနိုင်ချင်မှ ပြောနိုင်မည်ဖြစ်သော်လည်း ဆူဇီမိုသည် မဟာဧကရာဇ် အထွတ်အမြတ်ကောင်းကင်ဘုံ၏ သင်ကြားပြသမှုကို တစ်ခါက လက်ခံရရှိထားခဲ့ပြီး လောကျွင်း၏ ဓားတာအိုမှာ အထွတ်အထိပ်ကောင်းကင်ဘုံဓားကျင့်စဉ်၏ အငွေ့အသက်များ ပါဝင်နေသည်ကို သူတွေ့မြင်နေရသည်။

အသက်ရှူချိန် အနည်းငယ်မျှမှာ တိုက်ပွဲနယ်မြေက တစ်မူထူးခြားစွာ ကြောက်စရာကောင်း၍ အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲလာခဲ့ပြီဖြစ်သည်။

လောကျွင်းဘက်မှာ လောကျွင်းကတော့ သူသည် ပိုးမွှားကမ္ဘာ၊ ကြွက်ကမ္ဘာနှင့် ပုရွက်ဆိတ်ကမ္ဘာတို့ကနေ ဦးဆောင်လာသည့် ပကတိစိတ်ဝိညာဉ်ရာချီကို ဓားတစ်လက်ဖြင့် ခုခံရင်ဆိုင်နေသည်။

ပိုးမွှားကမ္ဘာ၊ ကြွက်ကမ္ဘာနှင့် ပုရွက်ဆိတ်ကမ္ဘာတို့မှ အန္တိမပကတိစိတ်ဝိညာဉ်များသည် သူတို့၏ နောက်လက်ရှိ ကလန်သားများ ဒဏ်ရာအပြင်းအထန်ရရှိနေသည်ကို တွေ့မြင်သောအခါ သူတို့အပေါ် ဖိအားက ကြီးမားစွာ တိုးလာခဲ့သည်။ သူတို့က သူတို့၏ အစစ်အမှန်ပုံစံများသို့ အသွင်ပြောင်းလဲပြီး လောကျွင်းကို အရူးအမူး ဝန်းရံတိုက်ခိုက်လာကြသည်။

လောကျွင်း၏ ဓားတာအိုက ရှေးကျပြီး ခေတ်မမှီပေ။ အဲဒီမှာ သဘောကျစရာကောင်းသော မည်သည့်လှုပ်ရှားကွက်မှ မရှိဘဲ သူက သူ၏ ဓားနှင့်အတူ သေကွင်းသေကွက်များကိုသာ မကြာခဏ ထိုးနှက်တတ်လေသည်။

အန္တိမပကတိစိတ်ဝိညာဉ်သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ လောကျွင်းသည် ပကတိအသာစီး ရရှိနေဆဲဖြစ်သည်။

သို့သော်လည်း အပြစ်သားစိတ်ဝိညာဉ် ဓားကျင့်ကြံသူဆယ်ဦးကျော်က ပကတိစိတ်ဝိညာဉ်ရာချီ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့ပေ။ သူတို့က ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ တစ်လှမ်းပြီးတစ်လှမ်း နောက်သို့ဆုတ်ခွာလာရသည်။

လောကျွင်းက အပြစ်သားစိတ်ဝိညာဉ်ဓားကျင့်ကြံသူများကို တတ်နိုင်သလောက် ကာကွယ်ပေးလိုသည်ဆိုလျှင် သူသည် နောက်ထပ်ပကတိစိတ်ဝိညာဉ်များ၏ တိုက်ခိုက်မှုကို ခုခံပေးရလိမ့်မည်ဖြစ်ပြီး သူက သေချာပေါက် စိတ်အာရုံပျံ့လွင့်ရပေလိမ့်မည်။

အချိန်ကြာလာသည်နှင့်အမျှ ပိုးမွှားကမ္ဘာ၊ ကြွက်ကမ္ဘာနှင့် ပုရွက်ဆိတ်ကမ္ဘာတို့မှ အန္တိမပကတိစိတ်ဝိညာဉ်များသည် အခြေအနေကို တဖြည်းဖြည်းပြောင်းလဲပြီး အသာစီးရရှိလာခဲ့သည်။

လောကျွင်း၏ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာများ ပေါ်ထွက်လာသည်။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ထားသည်။

လောကျွင်းက ဤနေရာမှာ သေရမည်ကို သူက မတွေ့မြင်လိုပေ။

သို့သော်လည်း သူသည် တိုက်ခိုက်ဖို့အတွက် သင့်လျော်သည့် အခွင့်အရေးတစ်ရပ်ကို ရှာမရပေ။

ထိုစဉ်မှာပင် မလှမ်းမကမ်းမှ ပြင်းထန်ကြမ်းတမ်းသော စွမ်းအင်အတက်အကျတစ်ခု ပေါ်ထွက်လာပြီး အဲဒါက ဤနေရာမှာရှိသော တိုက်ပွဲထက် မနိမ့်ကျပေ။

ကောင်းကင်က မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး နီရဲလာခဲ့သည်။

“ဂါး…”

ထို့နောက် ချက်ချင်းပင် လောကတစ်ခွင် ပဲ့တင်ထပ်သွားသော နဂါးဟိန်းသံတစ်သံက ထွက်ပေါ်လာသည်။ ထိုအသံက အနည်းငယ် နုနယ်သော်လည်း ၎င်းက မနှိုင်းယှဉ်သာအောင် ခံ့ညားနေဆဲဖြစ်သည်။

“နဂါးမျိုးနွယ်လား”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားသည်။

နဂါးကမ္ဘာမှ ပကတိစိတ်ဝိညာဉ်ဆယ်ဦးသည် လုံလီ၏ ဦးဆောင်မှုဖြင့် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်ခဲ့ကြသည်။

သူထင်တာ မမှားဘူးဆိုလျှင် စောစောက နဂါးဟိန်းသံသည် လုံလီထုတ်ဖော်လိုက်သောအသံ ဖြစ်ပေမည်။

ဒါ့အပြင် နဂါးဟိန်းသံမှာ ပါဝင်သော စိတ်ခံစားချက်များအရ လုံလီသည် အလွန်တရာသန်မာသော ပြိုင်ဘက်တစ်ဦးနှင့် ကြုံတွေ့နေရသည့်ပုံပင်။

ဆူဇီမို၏ မျက်လုံးက တဖျတ်ဖျတ်လက်သွားပြီးနောက် သူက အစီအစဉ်တစ်ခုကို ချလိုက်သည်။

ခဏမျှ စဉ်းစားတွေးတောပြီးနောက် သူက ပြောလိုက်၏။

“အဲဒီဘက်ကို တစ်ချက်သွားကြည့်ရအောင်”

သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက လှုပ်ရှားလိုက်ပြီဖြစ်ပြီး နဂါးဟိန်းသံရှိရာဘက်သို့ ထွက်ခွာသွားသည်။

လင်းရွှင်ကျန်းက လောကျွင်းဘက်မှ တိုက်ပွဲနယ်မြေကို တစ်ချက်ကြည့်ပြီးနောက် အံကိုကြိတ်ကာ ဆူဇီမိုနောက်သို့ လိုက်ပါသွားသည်။

လောကျွင်းဘက်မှာ ဖြစ်ပျက်နေသည့်အရာ မရှိလျှင်တောင် ဆူဇီမိုသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ လုံလီအန္တရာယ်ကျရောက်နေသည်ကို သိရှိသည့်အခါ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေနိုင်လိမ့်မည် မဟုတ်ပေ။ သိပ်မကြာခင် ဆူဇီမိုက နောက်ထပ်တိုက်ပွဲနယ်မြေတစ်ခုသို့ ရောက်ရှိလာသည်။

ဤဘက်မှာရှိသော တိုက်ပွဲသည် ထိပ်သီးကမ္ဘာကြီးနှစ်ခုကြား ထိတွေ့ရိုက်ခတ်မှုဖြစ်သည်။

သူတို့ထဲမှ တစ်ဖွဲ့သည် လုံလီဦးဆောင်လာသော နဂါးကမ္ဘာအဖွဲ့ဖြစ်သည်။

အခြားတစ်ဖက်မှာတော့ နေကာသစ်ပင်ကမ္ဘာအဖွဲ့ ရှိလေသည်။

ပကတိနဂါးများ၊ ပကတိဖုန့်များနှင့် ပကတိဟွမ်များက အကြိတ်အနယ် တိုက်ခိုက်နေကြသည်။

အမြင်အာရုံကို အဖမ်းစားဆုံးအရာမှာ လုံလီနှင့် နေကာသစ်ပင်ကမ္ဘာမှ ပုဂ္ဂိုလ်နှစ်ဦးကြား တိုက်ပွဲဖြစ်သည်။

လုံလီသည် သူမ၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်ထားရပြီဖြစ်သည်။ ငွေပြာရောင် နတ်နဂါးတစ်ကောင်က နဂါးဟိန်းသံကို အဆက်မပြတ်ထုတ်ဖော်ပြီး ဂမ္ဘီရဖုန့်နှင့် ဂမ္ဘီရဟွမ်တို့နှင့် အကြိတ်အနယ်တိုက်ခိုက်နေသည်။

(ဖုန့်နှင့်ဟွမ်သည် ဖီးနစ်အထီးနှင့် အမကို ခွဲခြားခေါ်ခြင်း ဖြစ်ပါသည်။)

လုံလီ၏ ခန္ဓာကိုယ်ကို ဆီးနှင်းတစ်လွှာက ဖုံးလွှမ်းထားသည်ဟု ထင်ရသည်။ သူမ၏ နဂါးထွက်သက်ကို ထုတ်ဖော်လိုက်တိုင်း မိုင်ပေါင်းထောင်ချီကို အေးခဲစေနိုင်သည့် အေးစက်အော်ရာတစ်ခုက ပျံ့နှံ့လာခဲ့သည်။

ဂမ္ဘီရဖုန့်နှင့် ဂမ္ဘီရဟွမ်တို့၏ ခန္ဓာကိုယ်များက ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး သူတို့က လုံလီ၏ ထွက်သက်ကို ဆန့်ကျင်ခုခံနေ၏။

တစ်ဖက်က ရေခဲ၊ တစ်ဖက်က မီးဖြစ်ပြီး တစ်ဖက်က အပူ၊ တစ်ဖက်က အအေးဖြစ်သည်။

အဆုံးစွန်စွမ်းအားနှစ်ခုက တိုက်ပွဲနယ်မြေမှာ ထိတွေ့ရိုက်ခတ်ပြီး မြေပြင်က တုန်ခါကာ ကျောက်ခဲများ၊ သဲများက လွင့်ပျံထွက်နေ၏။

လုံလီက သိသိသာသာ အရေးနိမ့်နေသည်။

ဒါ့အပြင် နှစ်ဦးနှစ်ဖက်၏ အခြေအနေနှင့် ဘေးပတ်ဝန်းကျင် မြေပြင်အနေအထားအရ သူတို့သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ထားပြီးပြီ ဖြစ်ပုံရသည်။

မဟုတ်ပါက ဤကဲ့သို့ ကြီးမားသော အဖျက်စွမ်းအားတစ်ခုက ပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။

ဤနေရာသည် အန္တိမပကတိစိတ်ဝိညာဉ်သုံးဦး၏ တိုက်ခိုက်မှုအောက်မှာ အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

တိုက်ပွဲမှာ လုံလီသည် သူမ၏ လူသားသွင်ပြင်သို့ ပြန်လည်ပြောင်းလဲပြီး မောဟိုက်နေ၏။ သူမက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ကိုင်စွဲပြီး ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ခွာဖို့ ပြင်နေပြီဖြစ်သည်။

ဂမ္ဘီရဖုန့်နှင့် ဂမ္ဘီရဟွမ်သည် သူမ၏ ရှေ့တည့်တည့်မှာ သူတို့၏ လူသားသွင်ပြင်များအဖြစ် တစ်ချိန်တည်းမှာ ပြောင်းလဲပြီး ဘေးချင်းယှဉ် မတ်တတ်ရပ်လိုက်ကြသည်။

အမျိုးသားမှာ မီးတောက်လုံးများကဲ့သို့ လေထဲသို့ ပျံတက်နေပုံရသော မီးတောက်နီရောင် ဆံပင်တိုတို ရှိလေသည်။ သူ့မှာ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများရှိပြီး မီးတောက်များဖြင့် လောင်ကျွမ်းနေသော နီရဲနေသည့် လှံတစ်လက်ကို ကိုင်စွဲထားသည်။

သူ့ဘေးမှာရှိသော အမျိုးသမီးမှာလည်း သူမ၏ ပခုံးပေါ် သာမန်ကာလျှံကာ ဖြန့်ချထားသည့် လှိုင်းလုံးတစ်လုံး၏ ပုံစံ နီရဲနေသောဆံပင်များ ရှိလေသည်။ သူမမှာ တစ်မူထူးခြားသော သွင်ပြင်ရှိပြီး လက်တစ်ဖက်က မီးတောက်နီရောင် လေးတစ်လက်နှင့် အခြားလက်တစ်ဖက်က မီးတောက်နီရောင် ငှက်မွေးမြားတစ်ချောင်းကို ကိုင်စွဲထားသည်။

ဒီဘက်မျိုးဆက်… နေကာသစ်ပင်ကမ္ဘာ၏ အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဦး… ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီး…

“ဟဲဟဲ”

ဖီးနစ်မင်းသားက ရယ်မောကာ သူ့လက်ထဲရှိ ဖီးနစ်ငှက်မွေးလှံကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။

“လုံလီ... နင်က ငယ်လွန်းသေးတယ်… ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို လာဖို့ မသင့်လျော်ဘူးလို့ ငါပြောခဲ့သားပဲ”

“ဟုတ်တာပေါ့”

ဖီးနစ်မင်းသမီးကလည်း ပြုံးပြလိုက်၏။

“ညီမလေး... နင် အိမ်ကို မြန်မြန်ပြန်သင့်တယ်… ဒီနေရာက အန္တရာယ်များလွန်းတယ်”

လုံလီ၏ မျက်နှာက အလိုမကျမှုဖြင့် ပြည့်နှက်လာသည်။

သို့သော်လည်း သူမအတွက် တစ်ခုတည်းသော ထွက်ပေါက်မှာ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ခွာဖို့သာဖြစ်သည်ကို သူမကလည်း သိရှိထားသည်။

ထိုစဉ်မှာပင် အဝေးကနေ အသံတစ်သံ ထွက်ပေါ်လာ၏။

“မင်းတို့နှစ်ယောက်က တစ်ယောက်တည်းကို ပူးပေါင်းတိုက်ခိုက်အနိုင်ကျင့်ပြီး မှန်ကန်ဖြောင့်မတ်သလို ပြောဆိုနိုင်သေးတယ်ပေါ့”

ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးက တစ်ချိန်တည်းမှာ မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်ကြသည်။

မလှမ်းမကမ်းမှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ဦးက ပျံသန်းလာနေ၏။

အမျိုးသားမှာ အနက်ရောင်ဆံပင်များရှိပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့မှာ ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်များရှိပြီး စောစောက စကားပြောလိုက်သောသူ ဖြစ်လေသည်။

လုံလီက ထိုသူကို တွေ့မြင်သောအခါ ကျေနပ်သဘောကျသွားပြီး ပြုံး၍ လက်ပြလိုက်၏။

“အစ်ကိုမို... အဲ... အစ်ကိုဆူကျူး…”

“ဆူကျူးလား”

ဖီးနစ်မင်းသားက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ သူက ဆူဇီမို၏ အမည်ကို ကြားဖူးထားသည်မှာ သိသာလေသည်။

သို့သော်လည်း သူ၏ မျက်နှာပေါ်မှာ မည်သည့်ကြောက်ရွံ့မှုမှ မရှိပေ။

All Chapters