ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီး
Vol. 191 Ch. 2858
ဆူဇီမိုက မတိုက်ခိုက်ခင် သူ့ခန္ဓာကိုယ်ကနေ ဖြာထွက်နေသော ထက်ရှမှုက ဖီးနစ်မင်းသမီးကို ပြင်းထန်သော နာကျင်မှုနှင့် ဆုတ်ဖြဲနေသော ထိတွေ့ခံစားမှုကို ရရှိလာစေသည်။
ဖီးနစ်မင်းသမီး၏ မျက်လုံးထဲမှာ မည့်သည့်စိုးရိမ်ကြောက်လန့်မှုမှ မရှိပေ။
သူမ၏ သွေးချီကို ၎င်း၏ အကန့်အသတ်အထိ လှည့်ပတ်၍ လောင်ကျွမ်းစေခဲ့ပြီဖြစ်သည်။ သူမသည် လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို အဆက်မပြတ်ဆင့်ခေါ်ရင်း အလျှံညီးညီးမီးတောက်များက သူမကို လွှမ်းခြုံလာသည့်အလားပင်။
ရွှစ်…
သူမ၏ နောက်ဘက်မှာ ဂမ္ဘီရ မျိုးဆက်သွေးနယ်မြေက ပေါ်ထွက်လာ၏။ အဲဒါသည် အစိုင်အခဲ ဖွဲ့လုနီးပါးဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်ထဲကနေ ပူပြင်းသော ချော်ရည်များက ဖိတ်စင်ပြန့်ကျဲလာ၏။ ၎င်းက ဦးခေါင်းကို မော့ပြီး သံရှည်ဆွဲ၍ အော်ဟစ်ကာ ဆူဇီမိုကို ခပ်စိမ်းစိမ်းစိုက်ကြည့်နေ၏။
တစ်ချိန်တည်းမှာပင် ဖီးနစ်မင်းသား၏ ပုံရိပ်က ဖီးနစ်မင်းသမီး၏ ဘေးသို့ ရုတ်တရက်ဆင်းသက်ရောက်ရှိလာသည်။
ဤသည်က တည်နေရာခုန်ကူးခြင်းနည်းစနစ်တစ်ခုမဟုတ်ပေ။
ဤကဲ့သို့သော ရုန်းရင်းဆန်ခတ်တိုက်ပွဲမြေမှာ တည်နေရာခုန်ကူးခြင်း နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ဖို့က မလွယ်ပေ။
ထိုလျှို့ဝှက်အတတ်သည် ဖီးနစ်မင်းသမီးနှင့် ဖီးနစ်မင်းသားကြား တစ်မူထူးခြားသည့် ချိပ်ဆက်မှုနည်းစနစ်တစ်ခုနှင့်ပိုတူသည်။
တစ်ဘက်သူက အန္တရာယ်နှင့် ကြုံတွေ့ပြီး အန္တရာယ်များသောနေရာမှာ ရောက်ရှိနေစဉ် နောက်တစ်ယောက်က ရန်သူများကို အတူပူးပေါင်းခုခံရန် ရုတ်တရက် လေထဲကနေ ဆင်းသက်လာနိုင်သည်။
ဖီးနစ်မင်းသားသည် ဖီးနစ်မင်းသမီး၏ ဘေးသို့ ရောက်ရှိလာသောအခါ သူ၏ မျိုးဆက်သွေးက ၎င်း၏ အကန့်အသတ်ထိ လည်ပတ်လာခဲ့ပြီဖြစ်ပြီး ဂမ္ဘီရဖုန့်၏ မျိုးဆက်သွေးနယ်မြေကို သူက ထုတ်ဖော်လိုက်၏။
ဂမ္ဘီရဖုန့်နှင့် ဂမ္ဘီရဟွမ်၏ မျိုးဆက်သွေးနယ်မြေတို့က လေထဲမှာ အဆက်မပြတ်ထိတွေ့ရိုက်ခတ်ပြီး မနှိုင်းယှဉ်သာအောင် ပြင်းထန်ကြမ်းတမ်းသော အပူလှိုင်းတစ်ခုကို ဖြာထွက်လာစေသည်။
တကယ်ဆို သူတို့သည် ဆူဇီမို ထုတ်ဖော်ထားသည့် ထက်ရှသော ဓားချီကိုပင် ဘာမှမကျန်အောင် လောင်ကျွမ်းကာ အရည်ဖျော်ချလိုက်သည်။
ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီတို့၏ ပုံရိပ်များက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ဆူဇီမို၏ ရှေ့တည့်တည့်မှာ ချစ်ချစ်တောက်ပူပြင်းသော နေနှစ်စင်းကဲ့သို့ ဧရာမ မီးတောက်လုံးနှစ်လုံးသာလျှင်ရှိနေသည်။
ပူပြင်းတောက်လောင်သော နေနှစ်စင်းကတော့ သူတို့သည် အတူတကွစုဝေးကာ အလျင်အမြန်ပေါင်းစည်းနေ၏။
“မင်းတစ်ယောက်တည်းနဲ့ ငါတို့ကို စိန်ခေါ်ဖို့က ဝေးကွာလွန်းသေးတယ်”
ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့၏ အသံများက တစ်ချိန်တည်းမှာ ထွက်ပေါ်လာခဲ့သည်။
မီးတောက်လုံးနှစ်လုံးက လျင်မြန်စွာပေါင်းစည်းနေစဉ် ဂမ္ဘီရဖုန့်နှင့် ဂမ္ဘီရဟွမ်တို့၏ မျိုးဆက်သွေးနယ်မြေကလည်း သူတို့၏ နောက်ဘက်မှာ လျင်မြန်စွာပေါင်းစည်းလာပြီး အတူတကွအရည်ပျော်ဝင်ပေါင်းစပ်တော့မည့်အလားပင်။
“ဖုန့်ဟွမ်လား”
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူက သူ၏ စိတ်ထဲမှာ အတွေးတစ်ခုပေါ်ထွက်လာသည့်အလား သူ၏ မျက်လုံးကိုသာ အနည်းငယ်မှေးကျဉ်းလိုက်သည်။
ဖုန့်ဟွမ်နှင့် နဂါးဖီးနစ်တို့သည် တဗူးများဖြစ်သည်။
သို့သော်လည်း သိပ်မကြာခင် ဆူဇီမိုက ထိုအတွေးကို ပယ်ချလိုက်သည်။
ထိုအော်ရာသည် တဗူးဖုန့်ဟွမ်ထက်ပင် ပိုမိုသန်မာနေသည်။
ဒါ့အပြင် သူသည် ထိုအော်ရာမှာ ရင်းနှီးနေကျ ခံစားချက်တစ်ခုကို ရရှိနေသည်။
အဲဒါက အထွတ်အမြတ်တောကောင် ဟင်္သပဒါးငှက်။
သူတို့မျိုးဆက်သွေးနယ်မြေများ၏ ပေါင်းစည်းမှုသည် အထွတ်အမြတ်တောကောင်း ဟင်္သပဒါးငှက်၏ ပုံရိပ်အဖြစ် အမှန်တကယ်ပင် အသွင်ပြောင်းလဲလာနေသည်။
အဲဒါက သူတို့၏ သတ်ဖြတ်ကွက်ဖြစ်သည်။
ထိုလှုပ်ရှားကွက်နှင့်အတူ သူတို့နှစ်ယောက်သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးကို ဖန်တီးနိုင်ပြီး မည်သည့်အန္တိမပကတိစိတ်ဝိညာဉ်နှင့်မဆို ဆန့်ကျင်တိုက်ခိုက်နိုင်ကြသည်။
အဲဒါသည် သူတို့နှစ်ယောက်က အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို ထိန်းချုပ်ထားနိုင်ခြင်းနှင့်တူသည်။
ထို့ကြောင့်ပင် သူတို့နှစ်ယောက်က ယုံကြည်မှုကောင်းကောင်းရှိနေခြင်းဖြစ်သည်။
အန္တိမပကတိစိတ်ဝိညာဉ်များကြားမှာ သူတို့နှစ်ယောက်အပေါ် အသာစီးရရှီနိုင်သည့်သူ များများစားစားမရှိပေ။
ဆူဇီမိုသည် တစ်ဘက်သူထုတ်ဖော်လိုက်သည့် ကြောက်စရာကောင်းသည့် နယ်မြေဖြစ်စဉ်ကို အာရုံခံမိသော်လည်း ရှောင်တိမ်းခြင်းမရှိပေ။ သူသည် ငရဲဖိနှိမ်မီးဖိုပေါ်မှာ ဟင်္သပဒါးငှက် အထွတ်အမြတ်ဝိညာဉ်က သူ့အား သင်ကြားပေးခဲ့သည့် လျှို့ဝှက်အတတ်ကို ပြန်လည်ပုံဖော်ကာ တစ်စုံတစ်ရာကို နားလည်ဆင်ခြင်နေပုံရသည်။
သူသည် မဟူရာအမြုတေနယ်ပယ်မှာ ရှိစဉ်ကပင် ထိုလျှို့ဝှက်အတတ်ကို နားလည်ဆင်ခြင်ထားခဲ့ပြီဖြစ်ပြီး နို့နှစ်ဖြူရောင် တောင်ပိုင်းမင်းလီမီးကို ဖန်တီးနိုင်ခဲ့သည်။
သို့သော်လည်း တကယ်တမ်းမှာတော့ တောင်ပိုင်းမင်းလီမီးက ထိုလျှို့ဝှက်အတတ်၏ အဆုံးသတ်မဟုတ်သည်ကို ဆူဇီမိုက သိရှိထားသည်။
တောင်ပိုင်းမင်းလီမီးကို ထပ်မံ၍ မြှင့်တင်နိုင်မည်ဆိုလျှင် အဲဒါသည် ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီး ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း သူသည် ဂမ္ဘီရဖုန့်နှင့် ဂမ္ဘီရဟွမ်မျိုးနွယ်တို့နှင့် ထိတွေ့ဆက်ဆံနိုင်သည့် အခွင့်အရေးကို ဘယ်တုန်းကမှ မရရှိခဲ့ပေ။
ထိုသို့ဖြင့် သူသည် ထိုလျှို့ဝှက်အတတ်ကို ထပ်မံ၍ မြှင့်တင်ဖို့ အခွင့်အရေးမရခဲ့ပေ။
သို့သော် ယခု သူသည် အသွင်ပြောင်းလဲတော့မည့်ဆဲဆဲ ဟင်္သပဒါးငှက်နယ်မြေဖြစ်စဉ်ကို အာရုခံမိစဉ် ဆူဇီမိုသည် အဲဒါကို သူ့အား ဟင်္သပဒါးငှက် အထွတ်အမြတ်ဝိညာဉ်သင်ကြားပေးထားသည့် လျှို့ဝှက်အတတ်နှင့် ယှဉ်ကြည့်နေ၏။ အစက ခက်ခဲ၍ နားမလည်နိုင်သော အပိုင်းများက ရုတ်တရက်ရှင်းလင်းလာခဲ့သည်။
“မင်းအခုချိန်ထိ ထွက်မသွားသေးဘူးဆိုရင် နောက်ဖြစ်လာမယ့် ရလဒ်အတွက် ငါတို့ကို အပြစ်မတင်နဲ့”
ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့က အော်ငေါက်လိုက်ပြီး မျိုးဆက်သွေးနယ်မြေနှစ်ခုကို ပြီးပြည့်စုံစွာပေါင်းစည်းကာ သေးငယ်သော ဟင်္သပဒါးငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲစေလိုက်သည်။ ၎င်း၏ မျက်လုံးများက မနှိုင်းယှဉ်သာအောင် ထက်ရှနေပြီး တစ်မူထူးခြားစွာ အေးစက်နေကာ မလှမ်းမကမ်းမှာရှိနေသာ ဆူဇီမိုကို စိုက်ကြည့်နေသည်။
ရုတ်တရက် ဟင်္သပဒါးငှက်သည် ၎င်း၏ ပါးစပ်ကို ဖွင့်ဟပြီး နီရဲနေသည့် အလျှံညီးညီးမီးတောက်တစ်ခုကို ထွေးထုတ်ကာ ဆူဇီမို၏ ခန္ဓာကိုယ်ကို ချက်ချင်းပင်လွှမ်းခြုံသွားစေသည်။
လေဟာနယ်က ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအား၏ ကြောက်စရာကောင်းသောစွမ်းအားဖြင့် ပြည့်နှက်သွားသည်။
ဤသည်က ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးဖြစ်သည်။
တစ်ချိန်တည်းမှာပင် မလှမ်းမကမ်း တိုက်ပွဲနယ်မြေမှာ ပိုးမွှားကမ္ဘာ၊ ကြွက်ကမ္ဘာနှင့် ပုရွက်ဆိတ်ကမ္ဘာတို့မှ အန္တိမပကတိစိတ်ဝိညာဉ်များနှင့် လောကျွင်းကြား တိုက်ပွဲသည် အထွတ်အထိပ်ထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ဤဘက်ခြမ်းမှာရှိသော အနှိုင်းမဲ့နတ်ဘုရားစွမ်းအား၏ စွမ်းအားဖြင့် နှိုးဆွခံလိုက်ရသည့်အလား ပိုးမွှားကမ္ဘာ၊ ကြွက်ကမ္ဘာနှင့် ပုရွက်ဆိတ်ကမ္ဘာတို့မှ အန္တိမပကတိစိတ်ဝိညာဉ်များက သူတို့၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို တစ်ချိန်တည်းမှာ ထုတ်လွှတ်လိုက်ကြသည်။
“ကြယ်တာရာအကျဉ်းထောင်”
“ထာဝရပျက်သုဉ်းခြင်း”
“အဆုံးမဲ့ည”
ဤသည်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကဖြစ်သည်။
ကောင်းကင်ဘုံကမ္ဘာမှာတုန်းက သိုင်းတာအိုပင်မခန္ဓာတစ်ဦးတည်းကသာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ထာဝရပျက်သုဉ်းခြင်းကို နားလည်ဆင်ခြင်ထားခဲ့သည်။
သို့သော်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မျိုးနွယ်စုတစ်သောင်းမှ မရေမတွက်နိုင်သော သက်ရှိများရှိနေကြသည်။ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ထာဝရပျက်သုဉ်းခြင်းကို နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းပေးလာခဲ့ပြီး အကြောင်းအခွင့် တိုက်ဆိုင်စွာဖြင့် ၎င်းကို နားလည်ဆင်ခြင်မိသော တခြားမျိုးနွယ်များမှ သက်ရှိများက အမြဲတမ်းပေါ်ထွက်လာတတ်သည်။
အန္တိမပကတိစိတ်ဝိညာဥ်တစ်ဦးအဖြစ် ကြီးပြင်းလာနိုင်သောမည်သူမဆို ပါရမီ၊ အရည်အချင်း အလွန်တရာမြင့်မားပြီး ကံအားလျော်စွာဖြစ်သော ကြုံကြိုက်မှုများစွာကို ရရှိထားကြသည်။
သူတို့ထဲ ဘယ်သူကများ လောကရဲ့ကောင်းချီးပေးခြင်းကို မခံရလို့လဲ။
ယခု လောက၏ အလိုလိုက်အကြိုက်ဆောင်ခံရသော ဤအုပ်စုက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာရောက်ရှိလာပြီး သူတို့ကြား ထိတွေ့ရိုက်ခတ်မှုက ဘယ်လောက်ပြင်းထန်ကြမ်းတမ်းမလဲ စဥ်းစားကြည့်နိုင်လေသည်။
ကြယ်တာရာအကျဥ်းထောင်၊ အဆုံးမဲ့ညနှင့် ထာဝရပျက်သုဥ်းခြင်း။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားသုံးခုထဲမှ တစ်ခုချင်းစီကို လျှော့တွက်၍မရနိုင်ပေ။
သူတို့ကြားမှာ ကြယ်တာရာအကျဥ်းထောင်သည် ကျင့်ကြံသူများကို လုံးလုံးလျားလျားချုပ်နှောင်နိုင်သည်။
အဆုံးမဲညကတော့ သူတို့သည် အမှောင်ထုထဲကနေ ရုန်းမထွက်နိုင်လျှင် သူတို့သည် လုံးလုံးလျားလျားနစ်မြုပ်သွားပြီး ၎င်း၏ ဝါးမျိုခြင်းခံရကာ အမှောင်ထု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပေလိမ့်မည်။
ထာဝရပျက်သုဥ်းခြင်း၏ ပျက်စီးထိခိုက်မှုက ပို၍ပင် ပြင်းထန်ကြမ်းတမ်းလေသည်။
လောကျွင်း၏ အမူအရာက တည်တံ့လာခဲ့သည်။
သူသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု အင်မော်တယ်နှိမ်နင်းဓားကိုသာ နားလည်ဆင်ခြင်ထားလေသည်။
အင်မော်တယ်နှိမ်နင်းဓားနှင့်အတူ သူသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကိုသာ ချေဖျက်နိုင်မည်ဖြစ်လေသည်။
တိုက်ပွဲက အတက်မပြတ်ပြောင်းလဲနေပြီး သူသည် စဥ်းစားနေဖို့ အချိန်များစွာမရပေ။
ဖျတ်ခနဲဆို လောကျွင်းက သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး သူ၏ လက်ဖဝါးနှစ်ဖက်ကြားမှာ သိပ်သည်းပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ နီရဲနေသာ ဓားတစ်လက်ကို လျင်မြန်စွာစုဖွဲ့ကာ ဆင်းသက်လာသော ကြယ်တာရာအကျဥ်းထောင်ကို ချိုးဖျက်လိုက်သည်။
ဤသည်က သူ၏ ရွေးချယ်မှုဖြစ်သည်။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားသုံးခုကြားမှာ ကြယ်တာရာအကျဥ်းထောင်သည် ပျက်စီးထိခိုက်မှုအနည်းဆုံးဟု ထင်ရသည်။ သို့သော်လည်း သူက ကြယ်တာတာရာအကျဥ်းထောင်ကို သူ့အပေါ် ဆင်းသက်ခွင့်ပေးလိုက်မည်ဆိုလျှင် သူသည် သံသယရှိစရာမလိုအောင် သေချာပေါက် သတ်ဖြတ်ခံရပေလိမ့်မည်။
သူက ကြယ်တာရာအကျဥ်းထောင်ကို ဖြတ်တောက်ပြီး သူ၏ လွတ်လပ်ခွင့်ကို ပြန်လည်ရရှိမည်ဆိုလျှင် သူက ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုကို ရရှိနိုင်လေသည်။
တကယ်တော့ သူသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကနေ ထွက်ပြေးလွတ်မြောက်ချင်သည်ဆိုလျှင် အဲဒါက မဖြစ်နိုင်သလောက်နီးပါးပင်။
အမှောင်ထုက ဘေးတစ်ဘက်ကနေ ချဥ်းကပ်လာနေသည်။
အဆုံးမဲ့ကပ်ဘေးများကလည်း အခြားတစ်ဘက်ကနေ လာနေသည်။
တစ်ခဏချင်းမှာပင် လောကျွင်းက အန္တရာယ်ရှိလာခဲ့သည်။
တစ်ချိန်တည်းမှာပင်။
မလှမ်းမကမ်း တိုက်ပွဲနယ်မြေမှာ။
ဟင်္သပဓားငှက်ကောင်းကင်ဘုံမီးက ဆူဇီမိုကို အဆက်မပြတ်လောင်ကျွမ်းနေပြီး သူ၏ ခန္ဓာကိုယ်ကို နစ်မြုပ်သွားစေသည်။
သို့သော်လည်း ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့ကို အံ့အားသင့်စေသည်မှာ ဆူဇီမိုသည် ဖြစ်စဉ်တစ်ခုလုံးမှာ ခုခံဆန့်ကျင်ခြင်းမရှိသလို မည်သည့်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုမှ မထုတ်ဖော်ခဲ့ပေ။
သူသည် ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးကို သူ့အပေါ် လွှမ်းခြုံခွင့်ပေးထားခဲ့သည်။
သူတို့နှစ်ယောက်ကို ထပ်မံ၍ တုန်လှုပ်စေသည်မှာ ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးသည် ဆူဇီမိုကို ချက်ချင်းသေအောင် မလောင်ကျွမ်းနိုင်ပေ။
ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးထဲမှာ ဆူဇီမို၏ အသက်ဓာတ်အားက ကြွယ်ဝနေဆဲဖြစ်သည်။
ဒါ့အပြင် သူ၏ ခန္ဓာကိုယ်ထဲမှာ တုန်လှုပ်စရာကောင်းသော အသွင်ပြောင်းလဲမှုတစ်ရပ် ဖြစ်ပွားနေပုံရသည်။
ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးမှာ မရေမတွက်နိုင်သော ဓမ္မတာအိုမှော်စာလုံးများ ပါဝင်နေသည်။
သက်ရှိများအတွက်တော့ ထိုဓမ္မတာအိုမှော်စာလုံးများက ပကတိပျက်စီးထိခိုက်မှုကိုဖြစ်စေသည်။ သို့သော်လည်း ဟင်္သပဒါးငှက်၏ အမွေအနှစ်ကိုရရှိထားသည့် ဆူဇီမိုအတွက်တော့ ဤသည်က အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။
တောင်ပိုင်းမင်းလီမီးကို ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီးအဖြစ် အသွင်ပြောင်းလဲနိုင်မည့် အခွင့်အလမ်းတစ်ရပ်။
တကယ်တော့ ဤဖြစ်စဥ်က အခြားသူများအတွက် နားလည်လက်ခံ၍မရနိုင်ပေ။
ဤသည်က မီးနှင့် တိုက်ရိုက်ရိုးရှင်းစွာကစားနေခြင်းဖြစ်သည်။
သို့သော်လည်း ဆူဇီမိုအကျွမ်းကျင်ဆုံး ဓမ္မတာအိုများထဲမှ တစ်ခုသည် မီးတောက်တာအိုဖြစ်သည်။