အနှိုင်းမဲ့ကိုနားလည်ဆင်ခြင်ခြင်း
Vol. 191 Ch. 2859
သည့်ယခင်က ဆူဇီမိုသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများ၏ တာအိုမီးများကို ထိန်းချုပ်ထားခဲ့သည်။ တောင်ပိုင်းမင်းလီမီးသည် သားရဲတာအိုကိုကိုယ်စားပြုသော တာအိုမီးတစ်ခုဖြစ်သည်။
သူ့စိတ်ဝိညာဉ်အမြုတေမီးနှင့်ဆိုလျှင် သူသည် ပဉ္စဝဏ္ဏတာအိုမီး၏ သတ်ဖြတ်ကွက်တစ်ကွက်ကို စုဖွဲ့နိုင်လေသည်။
ထို့ကြောင့် ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီးဆင်းသက်လာသောအခါ ဆူဇီမိုသည် အဲဒါကို ခုခံဖို့အတွက် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုမီးများကို တိတ်တဆိတ်စုဖွဲ့ထားခဲ့သည်။
တစ်ချိန်တည်းမှာပင် တောင်ပိုင်းမင်းလီမီးက ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးနှင့် ဖြည်းဖြည်းချင်းထိတွေ့ပြီး သူတို့နှစ်ခုကြား ကွာခြားချက်ကို သူက နားလည်ဆင်ခြင်နေသည်။
တာအိုသုံးခု၏ တာအိုမီးများမှ ကာကွယ်မှုသည် ဆူဇီမို ယုံကြည်မှုရှိနေရခြင်း၏ အကြောင်းအရင်းတစ်ခုသာဖြစ်သည်။
နောက်ထပ်အကြောင်းအရင်းမှာ သူ့ကို အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာက ကာကွယ်ပေးထားသောကြောင့် ဖြစ်သည်။
ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးက သူ၏ မျိုးဆက်သွေထဲသို့ အမှန်တကယ်စိမ့်ဝင်နိုင်ခဲ့မည်ဆိုလျှင်တောင် အဲဒါသည် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးကြောင့် ငြိမ်းသေသွားရပေလိမ့်မည်။
ဆူဇီမိုသည် လောလောဆယ်မှ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားချင်ပြီး သူက အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကို အသုံးမပြုလိုပေ။
သို့သော်လည်း စွမ်းအားတစ်ခုခုက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထဲသို့ စိမ့်ဝင်လာခဲ့မည်ဆိုလျှင် သူ့အနေဖြင့် ဂရုစိုက်နေစရာမလိုပေ။ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးသည် ဝင်ရောက်လာသောစွမ်းအားကို တိတ်တဆိတ်ချေဖျက်သန့်စင်ပေးပေလိမ့်မည်။
ထို့ကြောင့် ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီး၏ အကြည့်အောက်မှာ ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီးဖြင့် လွှမ်းခြုံခံထားရသည့် ဆူဇီမိုက လုံးဝထိခိုက်ဒဏ်ရာမရရှိပေ။ ထိုအစား သူ၏ အော်ရာက ပို၍ပင် သန်မာလာခဲ့သည်။
သူသည် ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီး၏ စွမ်းအားကို စုပ်ယူပြီး လျင်မြန်စွာ ကြီးပြင်းလာသည့်အလားပင်။
အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့က မျက်လုံးများပြူးကျယ်နေပြီး ဤမြင်ကွင်းကို မယုံကြည်နိုင်စွာကြည့်နေကြသည်။
သူတို့နှစ်ယောက်က စိတ်ချင်းဆက်နေကြသည်။ အတွေးတစ်ချက်နှင့်အတူ သူတို့သည် မျိုးဆက်သွေးနယ်မြေကနေ ဖြစ်ပေါ်လာသည့် ဟင်္သပဒါးငှက်ကို စေညွှန်ပြီး ဆူဇီမိုထံသို့ ပစ်ဝင်သွားစေသည်။
ရွှစ်…
ဟင်္သပဒါးငှက်က ဆူဇီမို၏ ဘေးပတ်လည်ရှိ မီးတောက်များထဲ ပစ်ဝင်လာသော်လည်း လှုပ်ခတ်မှုများစွာကို မဖြစ်စေပေ။
ခဏမျှရပ်တန့်ပြီးနောက် ဆူဇီမို၏ ဘေးပတ်လည်ရှိ မီးတောက်များက ဝင်းလက်တောက်ပလာကာ အရောင်က အဆက်မပြတ်ပြောင်းလဲနေ၏။ နောက်ဆုံးမှာတော့ ၎င်းက နီရဲလာခဲ့သည်။
ထိုအော်ရာသည် ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးနှင့် မကွာခြားပေ။
ဟာ….
ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့က ပင့်သက်ကို ရှိုက်လိုက်ကြသည်။
“သူ.. သူက ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီးကို တကယ်ပဲ နားလည်ဆင်ခြင်နေတာလား”
ထိုမျှသာမက သူတို့ရှေ့တည့်တည့်မှ ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီးသည် သူတို့ ထိန်းချုပ်ထားသည့်အရာနှင့် ကွဲပြားခြားနားနေပုံရပြီး အဲဒီမှာ အခြားသော စွမ်းအားတချို့ပါဝင်နေသည်။
ထိုအပြောင်းအလဲသည် သူတို့ရှေ့မှ ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးကို ပို၍ကြောက်စရာကောင်းပြီး ပို၍ပြင်းထန်ကြမ်းတမ်းကာ ပို၍ မတည်မငြိမ်ဖြစ်လာစေသည်။
ဝုန်း…
ရုတ်တရက် ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးက ကျယ်လောင်သောမြည်သံနှင့်အတူ ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့ရှေ့မှာ ပေါက်ကွဲထွက်သွားသည်။ မရေမတွက်နိုင်သော မီးတောက်များက အဘက်ဘက်သို့ ဖိတ်စင်ပြန့်ကျဲသွားသည်။
ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့သည် အရင်ဆုံး ထိခတ်ခံရပြီး မီးတောက်တချို့ကြောင့် လွင့်စင်ထွက်သွားသည်။ သူတို့က လေထဲကနေ ပြင်းထန်စွာကျဆင်းပြီး သွေးများကို အန်ထုတ်လိုက်ရ၏။
တကယ်တော့ သူတို့နှစ်ယောက် လက်ခံရရှိသည့် ပျက်စီးထိခိုက်မှုက သိပ်ပြီးကြီးမားသည်ဟု မဆိုနိုင်ပေ။
ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ပိုမိုများပြားသော မီးတောက်များသည် တစ်ဘက်မှာရှိသော တိုက်ပွဲနယ်မြေသို့ ပစ်လွင့်သွားပြီး အခြားသော တိုက်ပွဲနယ်မြေကို ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေသည်။
အဆုံးမဲ့ညနှင့် ထာဝရပျက်သုဉ်းခြင်း၏ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှုအောက်မှာ လောကျွင်းက နောက်ဆုတ်စရာ နေရာမရှိတော့ပေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ကမ္ဘာတုန်လောက်ဖွယ်ရာ ပေါက်ကွဲသံက မလှမ်းမကမ်းကနေ ထွက်ပေါ်လာသည်။
နောက်ခဏ၌ မီးတောက်များက ကောင်းကင်ထက်သို့ ထိုးတက်လာ၏။
နီရဲနေသော မီးတောက်များ၏ ကြီးမားသောအစုတစ်စုက ချော်ရည်ဆူနာမီလှိုင်းကဲ့သို့ တလိပ်လိပ်တိုးဝင်လာပြီး အဆုံးမဲ့ညထဲသို့ ဝင်ရောက်သွားလေသည်။
ချော်ရည်မီးတောက်များမှာ ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီး၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားပါဝင်နေပြီး အဆုံးမဲ့အမှောင်ထုကို ဆုတ်ဖြဲမည့် ချစ်ချစ်တောက်ပူပြင်းသော မီးတောက်နီများကို ဖြာထုတ်ပေးနေ၏။
အဲဒီမှာ အခြားတစ်ဘက်ရှိ ထာဝရပျက်သုဉ်းခြင်းထဲသို့ ဝင်ရောက်လာသော ချော်ရည်မီးတောက်တစ်စုလည်း ရှိပြီး ၎င်းသည် မရေမတွက်နိုင်သော ကောင်းကင်ဘုံကပ်ဘေးများကို ခုခံဆန့်ကျင်ကာ တရှဲရှဲအသံများ ထွက်ပေါ်နေသည်။
ပိုးမွှားကမ္ဘာ၊ ကြွက်ကမ္ဘာနှင့် ပုရွက်ဆိတ်ကမ္ဘာတို့မှ အန္တိမပကတိစိတ်ဝိညာဉ်များက အငိုက်မိသွားပြီး ကောင်းကင်ဘုံမီး၏ အပူလှိုင်းကြောင့် အော်ဟစ်လိုက်ကြ၏။
လူပေါင်းရာချီဖြင့် စုဖွဲ့ထားသည့် ဧရာမပကတိစိတ်ဝိညာဉ်တပ်ဖွဲ့ကလည်း အလဲလဲအပြိုပြိုဖြစ်သွားကြသည်။
တကယ်တော့ လောကျွင်းသည်လည်း ကောင်းကင်ဘုံမီး၏ အနည်းအကျဉ်းဖြင့် ထိခိုက်ခံလိုက်ရသည်။
သို့သော်လည်း အဆုံးမဲ့ညနှင့် ထာဝရပျက်သုဉ်းခြင်းတို့နှင့်ယှဉ်လျှင် သူ့အပေါ်ကျရောက်လာသော ပျက်စီးထိခိုက်မှုက လျစ်လျူရှု၍ ရသလောက်နီးပါးဖြစ်သည်။
သူသည် ဓားတာအို၏ နတ်ဘုရားစွမ်းအားများနှင့် သူ့မျိုးဆက်သွေး လျှို့ဝှက်အတတ်များကို သုံးကာ ထိုပျက်စီးထိခိုက်မှုကို အလွယ်တကူ ခုခံလိုက်နိုင်သည်။
ရုန်းရင်းဆန်ခတ်အခြေအနေမှာ။
လောကျွင်း၏ အကြည့်က အန္တိမပကတိစိတ်ဝိညာဉ်သုံးဦးထံ တစ်ဖန်ပြန်လည်ကျရောက်လာသည်။ သူက သူ၏ ဓားနှင့်အတူ ရှေ့သို့ နောက်တစ်ဖန်ပြေးတက်လာခဲ့လေသည်။
သူတို့ မှီခိုအားထားရဆုံးဖြစ်သည့် သူတို့၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို ဆုံးရှုံးသွားရပြီးနောက် အန္တိမပကတိစိတ်ဝိညာဉ်သုံးဦးက အတူပူးပေါင်းထားသည်ဆိုလျှင် သူတို့သည် လောကျွင်း၏ ဓားကို ခုခံနိုင်တော့မည် မဟုတ်ပေ။
ပိုးမွှားကမ္ဘာ၊ ကြွက်ကမ္ဘာနှင့် ပုရွက်ဆိတ်ကမ္ဘာတို့မှ သက်ရှိများသည် သူတို့၏ ကလန်သားများကို စုစည်းကာ အခြားသူများကို အရေအတွက်အားကိုးနှင့် အနိုင်ကျင့်ရာမှာသာ အတော်ဆုံးဖြစ်သည်။
တစ်ဦးချင်းတိုက်ခိုက်ရည်ခွန်အားမှာ ထိုကမ္ဘာသုံးခုမှ အန္တိမပကတိစိတ်ဝိညာဉ်များသည် တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်တွင် အောက်ဆုံးအဆင့်မှာ ရပ်တည်နေကြသည်။
သူတို့သုံးယောက်သည် အစကတည်းက အတော်အတန်ရိုက်ခတ်မှုကို တွေ့ကြုံခံစားထားရသည်။
ယခုသူတို့သည် လောကျွင်းနှင့် ရင်ဆိုင်လိုက်ရပြီး သူတို့က မခုခံနိုင်ကြဘဲ ချက်ချင်းပင်ရှုံးနိမ့်သွားကြသည်။
သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ပြေးတိမ်းရှောင်ရန် သူတို့၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများကို တစ်ယောက်ပြီးတစ်ယောက်ထုတ်ယူလိုက်ကြသည်။
ကျန်ရှိနေသော ပကတိစိတ်ဝိညာဉ်တပ်ဖွဲ့သည် အန္တိမပကတိစိတ်ဝိညာဉ်သုံးဦး တိုက်ပွဲနယ်မြေကနေ ထွက်ခွာသွားသည်ကို တွေ့မြင်သောအခါ သူတို့ကလည်း ဆက်လက်၍ မနေရဲတော့ဘဲ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားကြသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပကတိစိတ်ဝိညာဉ်များနှင့် အပြစ်သားစိတ်ဝိညာဉ်များကြားတိုက်ပွဲက ဖရိုဖရဲဖြင့် အဆုံးသတ်သွားခဲ့သည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဘုရင်များစွာက တိုက်ပွဲကိုစောင့်ကြည့်ရန် ဤနေရာမှာ စုဝေးရောက်ရှိနေကြသည်။
ထိုသည်ကို တွေ့မြင်သောအခါ သူတို့သည် ကြက်သေသေ၍ ခဏကြာသည်အထိ မတုံ့ပြန်နိုင်ကြပေ။
ပိုးမွှားကမ္ဘာ၊ ကြွက်ကမ္ဘာနှင့် ပုရွက်ဆိတ်ကမ္ဘာတို့မှ အန္တိမပကတိစိတ်ဝိညာဉ်များနှင့် ပကတိစိတ်ဝိညာဉ်ပညာရှင်တစ်အုပ်စုက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာလာမှသာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်တွင် အုန်းအုန်းကျက်ကျက်အသံများ ထွက်ပေါ်လာသည်။
“ဘာတွေဖြစ်ကုန်တာလဲ”
“ဓားကမ္ဘာရဲ့ ဆူကျူးက မသေဘဲ ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီးကနေ တစ်ခုခုကို တကယ်ဘဲ နားလည်ဆင်ခြင်လိုက်တာလား”
“ကြည့်ရတာတော့ သူက ဒုတိယမြောက်အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီးကို နားလည်ဆင်ခြင်မိသွားတဲ့ပုံပဲ”
“ဒီကောင်လေးက ငယ်ရွယ်သေးပေမဲ့ သူက တော်တော်ရဲတင်းတာပဲ… သူက အဲဒီအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ဖို့အတွက် ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီးကြောင့် လောင်ကျွမ်းပြာချခံရမယ့် အန္တရာယ်ကိုတောင် တကယ်ပဲ စွန့်စားရဲတယ်ဆိုတော့…”
လူတိုင်း၏ ရှေ့မှောက်မှာပင် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ရှိနေသော ဆူဇီမိုက လေထဲမှာ မတ်တတ်ရပ်ပြီး နီရဲနေသော ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီးကို လှုံကာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား၏ ဆေးကြောသန့်စင်မှုကို ခံယူနေသည်။
ထိုဆေးကြောသန့်စင်မှုပုံစံသည် ပကတိစိတ်ဝိညာဉ်တစ်ဦး၏ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်တို့အတွက် အလွန်တရာ အကျိုးအမြတ်ရှိသည်။
တကယ်ဆို သူတို့၏ ကျင့်ကြံမှုနယ်ပယ်များကလည်း သိသိသာသာ မြင့်တက်လာပေလိမ့်မည်။
“ဗလာနယ်ဝိညာဉ်ပကတိဧကနယ်ပယ်မှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်နိုင်တယ်ဆိုတော့ ဒီကောင်လေးရဲ့ အနာဂတ်က တကယ့်ကို အကန့်အသတ်မဲ့နေတာပဲ”
“ဧကရာဇ်အင်မော်တယ်နှိမ်နင်းနဲ့ယှဉ်နိုင်တဲ့ ပြန်ဝင်စားမွန်းစတားတစ်ဦးက ဓားကမ္ဘာမှာ မွေးဖွားပေါ်ထွက်လာခဲ့ပြီ”
“ဒီကောင်လေးက အောင်အောင်မြင်မြင်ကြီးပြင်းလာပြီး အရွယ်မတိုင်ခင် မသေဆုံးဘူးဆိုရင် သူက အနာဂတ်မှာ ဧကရာဇ်တစ်ပါး သေချာပေါက်ဖြစ်လာလိမ့်မယ်”
“ဟဲဟဲ… အဲဒါ ပြောဖို့ခက်တယ်… ဆူကျူးက ဒီအကျပ်အတည်းကနေ ရှင်သန်နိုင်ပြီးမှပဲ အဲဒီအကြောင်းကို ဆက်ပြောကြတာပေါ့”
“ရှယင်က ဧရိယာခုနှစ်မှာ သူ့ကိုစောင့်နေသေးတယ်ဆိုတာ မမေ့လိုက်နဲ့”
လုယွင်နှင့် အခြားသူများသည် ဆူဇီမိုက ဤကဲ့သို့သော အခွင့်အလမ်းတစ်ခုကို ရရှိသည့်အတွက် ကျေနပ်သဘောကျနေသည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် လူတိုင်းက နှမြောမိသလိုခံစားရလေသည်။
ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီးက အရမ်းကို စွမ်းအားကြီးမားသည်။ အဲဒါကို ဤအခိုက်အတန့်မှာ ထုတ်ဖော်လိုက်ရပြီဆိုတော့။
သူက ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးကို ဖိနှိမ်းထားနိုင်မည်ဆိုလျှင် ဆူဇီမိုသည် ရှယင်နှင့် ရင်ဆိုင်သည့်အခါ ထွက်ပြေးလွတ်မြောက်ဖို့အတွက် နောက်ထပ်အခွင့်အရေးတစ်ခု ရှိနေပေလိမ့်မည်။
သို့သော် ယခုတော့…။
“ဟမ့်”
ကြွက်ကမ္ဘာ၏ ဘုရင်တစ်ပါးက အမူအရာပျက်ယွင်းနေပြီး လုယွင်နှင့် ဓားကမ္ဘာမှ အခြားသူများကို ကြည့်လိုက်၏။
“မင်းတို့ဓားကမ္ဘာက ဆူကျူးက တကယ့်ကို အထင်ကြီးစရာပဲ… သူက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆိုးယုတ်မိစ္ဆာတွေကို သတ်ဖြတ်ရမဲ့အစား သူက ငါတို့ကမ္ဘာတွေက အန္တိမပကတိစိတ်ဝိညာဉ်တွေကို ထိခိုက်ဒဏ်ရာရအောင် လုပ်လိုက်တယ်ဆိုတော့”
“အမှန်ဘဲ”
ပိုးမွှားကမ္ဘာမှ ဘုရင်တစ်ပါးကလည်း ထပ်ပြောလိုက်သည်။
“ဆူကျူးကြောင့်မဟုတ်ရင် ကမ္ဘာသုံးခုက အန္တိမပကတိစိတ်ဝိညာဉ်တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုက မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲက ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူကို သတ်ဖြတ်ဖို့လုံလောက်နေပြီ”
လုယွင်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။
“တာအိုရောင်းရင်းတို့ မင်းတို့စကားပြောရင် သတိထားပြော… စောစော ဖြစ်ပျက်ခဲ့တာက တိုက်ဆိုင်မှုသက်သက်ဆိုတာ အသိသာကြီးပဲ… ဆူကျူးက မင်းတို့ကမ္ဘာက အန္တိမပကတိစိတ်ဝိညာဉ်သုံးဦးကို ထိခိုက်ဒဏ်ရာရအောင် တမင်လုပ်ခဲ့တာမှ မဟုတ်တာ”
“ဆူကျူးက သူကိုယ်တိုင်တောင် ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီးကို နားလည်ဆင်ခြင်နိုင့်ပါ့မလား သေချာမသိခဲ့ရသေးတာ အဲလိုမျိုးရုန်းရင်းဆန်ခတ်အခြေအနေမှာ သူက အခြေအနေကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ”
နေကာသစ်ပင်ကမ္ဘာမှ ဘုရင်တစ်ဦးကလည်း ရှေ့သို့ထွက်လာပြီး ဓားကမ္ဘာမှလူတိုင်းကို အေးစက်စွာဖြင့် စိုက်ကြည့်လိုက်၏။
“ဟုတ်ပြီလေ… ငါတို့တွေက အဲဒီအကြောင်းကို ထားလိုက်မယ်ဆိုရင်တောင် ဆူကျူးက ငါတို့ရဲ့ အရေးကိစ္စမှာ ဘာလို့ဝင်ရှုပ်ပြီး ငါ့ကမ္ဘာက ဖီးနစ်မင်းသားနဲ့ ဖီးနစ်မင်းသမီးကို ထိုခိုက်ဒဏ်ရာရအောင်လုပ်ရတာလဲ။”