← Chapters

စတုရတီတာအိုမီး

Vol. 191 Ch. 2860

စတုရတီတာအိုမီး

Vol. 191 Ch. 2860

တကယ်တော့ အန္တိမပကတိစိတ်ဝိညာဉ် တစ်ရာကျော်ကျော်သည် သူတို့ သက်ဆိုင်ရာကမ္ဘာများ၏ ရှားရှားပါးပါး ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများဖြစ်ပြီး ထိုကမ္ဘာများ၏ အနာဂတ်မျှော်လင့်ချက်များ ဖြစ်ကြသည်။

သူတို့ကို သူတို့သက်ဆိုင်ရာကမ္ဘာများ၏ နံပါတ်တစ် ပကတိစိတ်ဝိညာဉ်များဟု ဆိုနိုင်သည်။

သူတို့ကြားမှာ ရန်ငြိုးရန်စတစ်စုံတစ်ရာ မရှိလျှင်ပင်တောင် သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ တစ်ချိန်တည်းမှာ ဝင်ရောက်လာပြီးနောက် ဤအန္တိမပကတိစိတ်ဝိညာဉ်များကြား တိုက်ခိုက်မှုများက ဖြစ်ပွားလာဖို့ အခွင့်များလေသည်။

ဤအန္တိမပကတိစိတ်ဝိညာဉ်များ အားလုံးသည် မာန်မာနကြီးပြီး မောက်မာဝင့်ကြွားကြသည်။ သူတို့အနေဖြင့် ကျင့်ကြံမှုနယ်ပယ်တူမှ ပြိုင်ဘက်များနှင့် တွေ့ဆုံဖို့က ကြုံတောင့်ကြုံခဲဖြစ်သည်။ ထို့သို့ဖြင့် သူတို့သည် တိုက်ခိုက်ဖို့ကို လက်ယားနေကြပေလိမ့်မည်။

စောစောက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ၏ ဧရိယာ-၉ မှ အခြေအနေသည် ဘုရင်များ၏ မျှော်လင့်ထားသည့် အတိုင်းအတာအတွင်းမှာ ရှိနေသည်။

သို့သော်လည်း နေကာသစ်ပင်ကမ္ဘာမှ ဘုရင်သည် ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့ ရှုံးနိမ့်သွားသည်ကို တွေ့မြင်သောအခါ သူက မချင့်မရဲဖြစ်နေပြီး မေးခွန်းထုတ်လိုက်မိခြင်းဖြစ်သည်။

လုယွင်နှင့် အခြားသူများက ပြန်မပြောခင် နဂါးကမ္ဘာမှ နဂါးဘုရင်မ ဦးချိုမဲ့က အရင်စတင်ပြောလိုက်၏။

“လီအာက ဓားကမ္ဘာက ဆူကျူးနဲ့ မိတ်ဆွေတွေပဲ… လီအာကို နင်တို့ နေကာသစ်ပင်ကမ္ဘာက အရေအတွက်အားကိုးနဲ့ အနိုင်ကျင့်နေတာကို သူမြင်မှတော့ သူက ဒီတိုင်း ဘယ်ကြည့်နေနိုင်ပါ့မလလဲ… အဲဒါ ပြဿနာရှိလို့လား”

“တစ်ဖက်ကနေကြည့်ရင် နင်တို့ နေကာသစ်ပင်ကမ္ဘာက ဖီးနစ်မင်းသားနဲ့ ဖီးနစ်မင်းသမီးတို့က စိတ်ချင်းဆက်နေပြီး အတူပူးပေါင်းတိုက်ခိုက်တဲ့နေရာမှာ အရမ်းတော်တယ်ဆိုပြီး နာမည်ကြီးနေတာ… ကြည့်ရတာတော့ သူတို့က ဘာမှလည်း မဟုတ်ပါလား”

အစကတော့ ထိပ်သီးကမ္ဘာကြီးနှစ်ခုဖြစ်သော နဂါးကမ္ဘာနှင့် နေကာသစ်ပင်ကမ္ဘာတို့က တည်ငြိမ်အေးချမ်းမှု ရှိနေခဲ့ကြသည်။

သို့သော်လည်း ပြီးခဲ့သည့် နှစ်ပေါင်းသိန်းချီကာလအတွင်း သူတို့အကြား သဘောထားကွဲလွဲမှုများနှင့် ပဋိပက္ခများက နေရာတိုင်းမှာ ဖြစ်ပွားလာခဲ့သည်။ တကယ်ဆို သူတို့က အရှိန်အဟုန်မြင့်တက်လာပြီး ထိန်းချုပ်မှုကနေ လွတ်ထွက်တော့မည့် လက္ခဏာများပင် ပြသလာခဲ့သည်။

စောစောက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှ မြင်ကွင်းကြောင့် မဟုတ်လျှင်တောင် ထိုကမ္ဘာနှစ်ခုမှ ဘုရင်ပညာရှင်များက အချေအတင်ဖြစ်၍ တစ်ယောက်ကိုတစ်ယောက် လှောင်ပြောင်ထေ့ငေါ့လာမည်ဆိုလျှင် မည်သူကမှ အံ့အားသင့်နေမည် မဟုတ်ပေ။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ၏ ဧရိယာ-၉ မှာသာ မဟုတ်ပေ။

အခြားသော ဧရိယာများမှာလည်း အန္တိမပကတိစိတ်ဝိညာဉ်များနှင့် မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးကြား ထိတွေ့မှုတချို့ ရှိနေခဲ့သည်။

သို့သော်လည်း နှစ်ဦးနှစ်ဖက်စလုံးက စိုးရိမ်ပူပန်နေပြီး သူတို့၏ ဝှက်ဖဲများကို ချက်ချင်း အသုံးမပြုခဲ့ကြပေ။ အကဲစမ်းပြီးနောက် သူတို့က လူစုခွဲ ထွက်ခွာသွားခဲ့ကြသည်။

ဆူဇီမိုသည် ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီး၏ ဆေးကြောသန့်စင်မှုကို ခံယူပြီး ယခုတင် ဖြစ်ပျက်ခဲ့သည့်အရာကို ပြန်လည်စဉ်းစားကြည့်နေသည်။

တကယ်တော့ ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးသက်သက်က စောစောက ထိတွေ့ရိုက်ခတ်မှုကို ဖြစ်စေနိုင်လိမ့်မည် မဟုတ်ပေ။

သူသည် ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးထဲသို့ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများ၏ တာအိုမီးများကို ထည့်သွင်းပေါင်းစည်းခဲ့သောကြောင့်ဖြစ်သည်။

ဤအသွင်ပြောင်းလဲမှုအပြီး၌ ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီး၏ စွမ်းအားက ဆပွားတိုးလာပြီး အနှိုင်းမဲ့နတ်ဘုရား စွမ်းအားတစ်ခု၏ အဆင့်အထိပင် ရောက်ရှိလာခဲ့သည်။

အင်မော်တယ်၊ ဗုဒ္ဓင့် မိစ္ဆာတာအိုများ၏ တာအိုမီးများကို ပေါင်းစည်းခဲ့ပြီးနောက် အဲဒါက ပို၍ပင် စွမ်းအားကြီးမားလာခဲ့သည်။

ဆူဇီမိုသည် အမြုတေစိတ်ဝိညာဉ်မီးကို ထည့်သွင်း ပေါင်းစည်းခဲ့ခြင်း မရှိဘဲ စောစောက စတုရတီတာအိုမီးကိုသာ ထုတ်ဖော်ခဲ့သည်။

ဟင်္သပဒါးငှက် ကောင်းကင်ပဘုံမီး၏ စွမ်းပကားမှာ တိုးလာခြင်းကြောင့် စတုရတီတာအိုမီး၏ စွမ်းအားကလည်း ဆပွားတိုးလာခဲ့သည်။ ထို့သို့ဖြင့် ပဉ္စဝဏ္ဏတာအိုမီး၏ စွမ်းအားက စဉ်းစားကြည့်၍ မရနိုင်အောင် ဖြစ်လာနိုင်သည်။

ဆူဇီမို၏ ယူဆပုံအရ သူသည် ပဉ္စဝဏ္ဏတာအိုမီးကို အတင်းအကျပ် ထုတ်ဖော်မည်ဆိုလျှင် အမြုတေစိတ်ဝိညာဉ်စွမ်းအားပေါ် သုံးစွဲမှုက ကြောက်ခမန်းလိလိဖြစ်လာပြီး အကျိုးအမြတ်က ဆုံးရှုံးမှုကို ဖာထေးနိုင်လိမ့်မည် မဟုတ်ပေ။

စတုရတီတာအိုမီး သက်သက်ကပင် လောကျွင်း ကြုံတွေ့နေရသည့် အန္တရာယ်ကို ဖြေရှင်းပေးဖို့ လုံလောက်နေပြီဖြစ်သည်။

အမှန်တရားကလည်း သူထင်ထားသည့်အတိုင်း ဖြစ်ခဲ့သည်။

ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးနှင့် ပေါင်းစည်းထားသော စတုရတီတာအိုမီးက ပေါက်ကွဲထွက်ပေါ်လာပြီး ပိုးမွှားကမ္ဘာ၊ ကြွက်ကမ္ဘာနှင့် ပုရွတ်ဆိတ်ကမ္ဘာတို့မှာ အန္တိမပကတိစိတ်ဝိညာဉ်များသည် ချက်ချင်းပင် ရှုံးနိမ့်သွားရသည်။ လူပေါင်းရာချီ ပါဝင်သော ပကတိစိတ်ဝိညာဉ်တပ်ဖွဲ့ကလည်း အဘက်ဘက်သို့ လှည့်ထွက်ပြေးခဲ့ကြသည်။

ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့သည် အရင်ဆုံး လောင်မြိုက်ခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း တကယ်တမ်းမှာတော့ သူတို့အပေါ် ပျက်စီးထိခိုက်မှုက သူတို့တွေးထင်ထားသည်ထက် များစွာ ပိုပေါ့လေသည်။

ဆူဇီမိုသည် သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်ခြင်းကနေ ထုတ်ဖော်လိုက်သော ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးကြောင့် အခွင့်အလမ်းတစ်ခုကို ရရှိပြီး နောက်ထပ် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်မိခဲ့သည်။

ပထမဆုံးထွက်ပေါ်လာသော ပျက်စီးထိခိုက်မှုလှိုင်းအပြင် စောစောက သူဖော်ထုတ်ခဲ့သော စတုရတီတာအိုမီးသည် ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့အတွက်လည်း အခွင့်အလမ်းတစ်ခု ဖြစ်ခဲ့သည်။

ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးသည် မီးတောက်များကြားကနေ မွေးဖွားလာပြီး သူတို့နှစ်ယောက်သည် ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးနှင့် ပေါင်းစည်းထားသည့် စတုရတီတာအိုမီးအပေါ် ရင်းနှီးကျွမ်းဝင်မှု ခံစားချက်တစ်ခုကို ရရှိကြပေလိမ့်မည်။

သူတို့နှစ်ယောက်သည် နောက်တစ်ဖန် မတ်တတ်ထရပ်ပြီး တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် ဆူဇီမိုကို ကြည့်လိုက်ကြသည်။

ဓားကမ္ဘာမှ ဤဓားကျင့်ကြံသူသည် သူတို့ အကျွမ်းကျင်ဆုံးဖြစ်သော ဓမ္မတာအိုနှင့် နတ်ဘုရားစွမ်းအားများနှင့်အတူ သူတို့ကို အမှန်တကယ်ပင် အနိုင်ယူခဲ့သည်။

ဒါ့အပြင် စောစောက ဓားကျင့်ကြံသူ ထုတ်ဖော်ခဲ့သည့် ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးကနေတစ်ဆင့် သူတို့နှစ်ယောက်သည် မီးတောက်ဓမ္မတာအိုအပေါ် နားလည်ဆင်ခြင်မှု အသစ်တစ်ခုကို ရရှိလာခဲ့သည်။

ထို့ကြောင့် သူတို့နှစ်ယောက်သည် သူတို့နှလုံးသားများ၏ အနက်ရှိုင်းဆုံးထဲမှာ ဆူဇီမိုအပေါ် ရန်လိုစိတ်များစွာ မရှိကြတော့ပေ။

ထိုအချက်ကို နားလည်သောအခါ ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးသည် အကြည့်ချင်းဖလှယ်ပြီးနောက် အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။ သူတို့က ဆူဇီမိုကို လျစ်လျူရှုပြီး သူတို့ကလန်သားများ ရှိရာဘက်သို့ ပြေးထွက်သွားသည်။

ဆူဇီမိုက ဖျင်ကြမ်းအင်္ကျီဝတ် ဓားကျင့်ကြံသူ လောကျွင်းကို တစ်ချက်လှမ်းကြည့်လိုက်၏။ မည်သည့်စကားမှမဆိုဘဲ သူကလည်း လှည့်ထွက်သွားသည်။

စောစောက မြင်ကွင်းသည် မတော်တဆဖြစ်ရပ်တစ်ခုနှင့် တူနေပုံရသည်။

သို့သော်လည်း ဆူဇီမိုက အဲဒါကို တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းဖြစ်ကြောင်း လောကျွင်းက သိထားသည်။

သူသည် အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဦးကို ဤနေရာသို့ မျှားခေါ်လာပြီး အခြားသော အန္တိမပကတိစိတ်ဝိညာဉ်သုံးဦးကို လမ်းလွှဲတိုက်ခိုက်ကာ အနိုင်ယူရန် သူက ယုံကြည်မှု ဘယ်လောက်တောင် ရှိနေတာလဲ။

သူက ထို့သို့လုပ်ဖို့အတွက် သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းက ဘယ်လောက်တောင် မြင့်မားနေတာလဲ။

လောကျွင်းသည် ဆူဇီမို၏ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ပြီး သူ၏ စိတ်ထဲမှာ စကားသံတချို့ ထွက်ပေါ်လာ၏။

ကောင်းကောင်းရှင်သန်…

“စီနီယာအစ်ကို ရှင့်အဆင်ပြေရဲ့လား”

အပြစ်သားစိတ်ဝိညာဉ် ဓားကျင့်ကြံသူအချို့က ရှေ့သို့ပြေးတက်လာပြီး မေးလိုက်၏။

လောကျွင်းက ခဏမျှ စဉ်းစားပြီးနောက် သူ၏ ဘေးပတ်လည်မှ လူတချို့ကိုကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။

“လောလောဆယ်မှာ ပုန်းနေကြ… ငါ့မှာ တခြားလုပ်စရာ ကိစ္စရှိတယ်… ငါ့နောက်ကို လိုက်စရာ မလိုတော့ဘူး”

“ဒါပေမဲ့…”

အခြားသူများက မည်သည့်စကားမှ မဆိုနိုင်ခင် လောကျွင်းက သူ၏ လက်ကို ဝေ့ယမ်းပြီး ဓားအလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ နေရာကနေ ပျောက်ကွယ်သွားသည်။

သူသည် ဆူဇီမိုနောက်သို့ အဝေးကနေ လိုက်ပါပြီး ဓားကမ္ဘာမှ ဤဓားကျင့်ကြံသူက ဘာလုပ်ချင်နေသလဲ သူက တွေ့မြင်လိုသည်။

ဤဓားကျင့်ကြံသူက အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ဆိုလျှင် သူက ကူညီပေးကောင်း ကူညီပေးနိုင်ပေလိမ့်မည်။

အခြားတစ်ဖက်မှာ…

ဆူဇီမိုသည် ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးကို မျှားခေါ်ထုတ်လာခဲ့ပြီးနောက် ထင်မှတ်ထားသည့်အတိုင်းပင် အနီးအနားတစ်ဝိုက်မှာ စုဝေးရောက်ရှိလာသော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များက ရူးသွပ်စွာ ဝင်ရောက်တိုက်ခိုက်လာကြသည်။

သူတို့သည် ဂမ္ဘီရဟွမ်၊ ဂမ္ဘီရဖုန့်နှင့် နဂါးမြို့တော်တို့မှ ကျန်ရှိနေသူများကို ဝိုင်းပတ်ထားကြလေသည်။

ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကြားမှာ ယက္ခမျိုးနွယ်များနှင့် ယက္ခိုသ်မျိုးနွယ်များ ပါဝင်လေသည်။ သူတို့ထဲမှ တချို့သည် လူသားများနှင့် ကွာခြားမှုမရှိဘဲ သူတို့က အရေအတွက်ထောင်ချီဖြင့် ရှေ့သို့ပြေးဝင်လာကြသည်။

ဘေးပတ်လည်ရှိ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များနှင့်ယှဉ်လျှင် နေကာသစ်ပင်ကမ္ဘာနှင့် နဂါးကမ္ဘာဘက်မှာ လူနှစ်ဆယ်ထက် ပိုမရှိပေ။

နှစ်ဦးနှစ်ဖက်ကြားမှာ အရေအတွက်က ကြီးမားစွာ ကွာဟနေသည်။

သို့သော်လည်း မည်သို့ပင်ဆိုစေ… ဤနေရာကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသော အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦး ရှိနေ၏။

လုံလီသည် လောလောဆယ်မှာ သူမ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို မထုတ်ဖော်နိုင်သော်လည်း အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးအဖြစ် သူမ၏ ခွန်အားက ကျန်ရှိနေဆဲဖြစ်သည်။ သူမ၏ မနှိုင်းယှဉ်သာအောင် စိုးမိုးခြယ်လှယ်နိုင်သော ကိုယ်ကာယနှင့် မျိုးဆက်သွေးအပေါ် မှီခိုပြီး သူမက ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များထံ ပြေးဝင်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်လိုက်သည်။

သူမ၏ နဂါးထွက်သက် ဆင်းသက်လာတိုင်း အရာရာတိုင်းက အေးခဲသွားရသည်။

လင်းရွှင်ကျန်းသည် သူမ၏ ဓားကို ကိုင်စွဲကာ တိုက်ပွဲနယ်မြေမှာ တရကြမ်းပြေးလွှားနေ၏။

ဓားချီက ဆီးနှင်းကဲ့သို့ဖြစ်ပြီး ၎င်းဖြတ်သွားရာ နေရာတိုင်း လူများက လဲကျ၍ သွေးများက ဖိတ်စင်ပြန့်ကျဲနေခဲ့သည်။

ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များ၏ ပူးပေါင်းတိုက်ခိုက်မှုမှာ နဂါးကမ္ဘာနှင့် နေကာသစ်ပင်ကမ္ဘာမှ ကျန်ရှိနေသော ကလန်သားများက တခြားရွေးချယ်စရာ မရှိတော့ဘဲ ယာယီအားဖြင့် အတူပူးပေါင်းကာ လင်းရွှင်ကျန်းနှင့်လုံလီ၏ ဦးဆောင်မှုအောက်ကနေ တန်ပြန်တိုက်ခိုက်နေကြသည်။

ရွှစ်…

မီးတောက်အလင်းတန်းတစ်ခုက လေဟာနယ်ကို ဆုတ်ဖြဲပြီး ကောင်းကင်ထက်ကနေ ဆင်းသက်ကာ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကို ထိုးဖောက်လိုက်သည်။ အဲဒါက ကြီးမားသော တွင်းချိုင့်တစ်ခုနှင့် မီးတောက်လှိုင်းများကို ပေါ်ထွက်လာစေ၏။

မရေမတွက်နိုင်သော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များသည် ချက်ချင်းပင် ဝါးမျိုခံရပြီး အလောင်းပင်မကျန်ဘဲ ပြာကျသွားသည်။

မီးတောက်များကြားမှာ သွေးကဲ့သို့ နီရဲနေသော ဖီးနစ်ငှက်မွေးလှံတစ်လက် ထွက်ပေါ်လာသည်။

ရွှစ်…

ပို၍ပင် ထက်ရှသော လက်နက်တစ်ခုက လေထုကို ဆုတ်ဖြဲလာခဲ့သည်။

ဖီးနစ်ငှက်မွေးမြားက လေထုကို ဆုတ်ဖြဲပြီး ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များ၏ တပ်ဖွဲ့ကို ထိုးဖောက်ကာ လေဟာနယ်ထဲတွင် အတန်ကြာသည်အထိ မပျက်ပြယ်သော ရှင်းလင်းသည့် လောင်ကျွမ်းရာ အမှတ်အသားတစ်ခုကို ကျန်ရစ်ခဲ့စေသည်။

ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့က ရောက်ရှိလာခဲ့ပြီဖြစ်သည်။

လင်းရွှင်ကျန်းနှင့် လုံလီအပါအဝင် ဤနေရာမှာ လူအနည်းအကျဉ်းသာ ရှိသော်လည်း သူတို့ဘက်မှာ အန္တိမပကတိစိတ်ဝိညာဉ်လေးဦး ရှိလာခဲ့ပြီဖြစ်သည်။

ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များသည် အခြေအနေမကောင်းတော့ဘူးဆိုတာကို နားလည်သိရှိသွားပြီး မည်သူကမှ အမိန့်ပေးစရာမလိုဘဲ စတင်ဆုတ်ခွာသွားကြပြီဖြစ်သည်။

ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များက လျင်မြန်စွာ ရောက်ရှိလာသော်လည်း သူတို့က ပို၍ပင် လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။

ယက္ခိုသ်မျိုးနွယ်များက သူတို့၏ အသားပြားတောင်ပံများကို ဖြန့်ပြီး လေထဲကနေ ပျံသန်းသွားကြသည်။

ယက္ခမျိုးနွယ်က လေဟာနယ်ထဲသို့ ခုန်ကူးခြင်း၊ မြေအောက်အနက်ပိုင်းထဲသို့ တိုးဝင်ခြင်းနှင့် ရေပြင်အောက်သို့ ငုပ်လျှိုးခြင်းဖြင့် တိုက်ပွဲနယ်မြေကနေ ထွက်ခွာကာ ပျောက်ကွယ်သွားကြသည်။

တစ်ခဏချင်းမှာပင် တိုက်ပွဲဖြစ်ပွားရာ မြေပြင်မှာ အလောင်းများသာ ကျန်ရစ်ခဲ့သည်။

ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့သည် လင်းရွှင်ကျန်းနှင့် လုံလီကို တစ်ချက်ကြည့်ပြီးနောက် ဆက်လက်၍ မတိုက်ခိုက်ကြတော့ပေ။ သူတို့က သူတို့၏ ကလန်သားများနှင့်အတူ ထွက်ခွာသွားကြသည်။

ထို့နောက် ဆူဇီမိုက ရောက်ရှိလာခဲ့သည်။

All Chapters