← Chapters

တိုက်ဆိုင်မှု

Vol. 191 Ch. 2865

တိုက်ဆိုင်မှု

Vol. 191 Ch. 2865

ဘုရင်အေးစက်မျက်လုံး ထင်မှတ်ထားသည့်အတိုင်းပင် တိုက်ပွဲနယ်မြေမှာရှိသော ရှယင်သည် အခြားသူများထက် သူ့အခြေအနေကို ပို၍ကောင်းကောင်းသိလေသည်။

သူသည် ဆူဇီမိုကို ဘယ်လိုအနိုင်ယူရမလဲ ဆက်လက်၍ မတွေးတော့ပေ။

အဲဒါက ဆက်လက်၍ မဖြစ်နိုင်တော့ဘဲ လက်တွေ့မဆန်တော့ပေ။

ဤရှုံးနိမ့်မှုသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ကို အရှက်ရစေလိမ့်မည်ဖြစ်ပြီး သူတို့သည် လူပေါင်းများစွာထံမှ လှောင်ပြောင်ထေ့ငေါ့မှုများကို ရရှိလာမည်ဆိုသော်လည်း သူအသက်ရှင်နိုင်သည်နှင့်အမျှ သူ့မှာ တစ်ကျော့ပြန်လာနိုင်မည့် အခွင့်အရေးရှိနေသေးသည်။

သူက အသက်အန္တရာယ်ကျရောက်နေစဉ်မှာ ရှယင်သည် သူ၏ စိတ်ကို ချက်ချင်းပင် တည်ငြိမ်စေပြီး သူ့မှာ အတွေးတစ်ခုသာ ကျန်တော့သည်။ ဤနေရာကနေ ထွက်ပြေးလွတ်မြောက်ဖို့…။

သူသည် မည်သို့ပင်ဆိုစေ တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှာ အဆင့်တစ်ဖြစ်ပြီး ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ နှစ်တစ်သန်းမှာတစ်ယောက် နံပါတ်တစ် ပြန်ဝင်စားမွန်းစတားဖြစ်သည်။ သူသည် ကံကောင်းတိုက်ဆိုင်မှုသက်သက်ဖြင့် ဤနေရာသို့ ရောက်ရှိလာပြီး ဤကဲ့သို့သော နာမည်တစ်ခုကို တည်ထောင်နိုင်ခဲ့ခြင်း သေချာပေါက်မဟုတ်ပေ။

သူသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကနေ ဆောင်ကြဉ်းပေးလာသည့် တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုကနေ ရုန်းထွက်ပြီး သူ၏ တည်ငြိမ်သော တာအိုနှလုံးသားကို ထိန်းသိမ်းထားလိုက်သည်။ သူ၏ အသိစိတ်က တည်ငြိမ်လာပြီး သူက တိကျသော အကဲဖြတ်မှုတစ်ခုကို ပြုလုပ်လိုက်၏။

ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က စွမ်းအားကြီးမား၍ အရမ်းကို ပြင်းထန်ကြမ်းတမ်းသော်လည်း ၎င်းသည် မည်သို့ပင်ဆိုစေ နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်နေသေးပြီး သူ့မှာ အထက်စည်းတစ်ခု သေချာပေါက်ရှိလေသည်။

သူက ထိုအထက်စည်းကို ဖောက်ထွက်နိုင်သည်နှင့်အမျှ သူသည် အသက်ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခုကို ရှာတွေ့နိုင်ပေလိမ့်မည်။

တကယ်ဆို သူသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကနေ လုံးလုံးလျားလျား ရုန်းထွက်နိုင်စရာပင် မလိုပေ။ သူသည် သူ၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ဆင့်ခေါ်ပြီး ထွက်ပြေးတိမ်းရှောင်ရန် ကြားဖြတ်အချိန်တစ်ခုကိုသာ လိုအပ်လေသည်။

ဤသည်က သူ၏ တစ်ခုတည်းသော အခွင့်အရေးလည်းဖြစ်သည်။

“အနန္တယင်ယန်…”

ရှယင်က သူ၏ မျိုးဆက်သွေးကို ထုတ်ဖော်လိုက်ပြီးနောက် သူ၏ မျက်လုံးက ပြူးကျယ်လာပြီး သူ၏ စက္ခုနည်းစနစ်ကို ထုတ်လွှတ်လိုက်၏။

သူသည် ယင်ယန်မျက်လုံးကို ပိုင်ဆိုင်ထားပြီး သူ့အနေဖြင့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အနန္တယင်ယန်ကို နားလည်ဆင်ခြင်ဖို့က ပိုမိုလွယ်ကူလေသည်။

သူ့အတွက်တော့ အနန္တယင်ယန်သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုဖြစ်သလို စက္ခုနည်းစနစ်တစ်ခုလည်းဖြစ်သည်။

သူ၏ ဘယ်ဘက်မျက်လုံးကနေ အနက်ရောင်အလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး သူ၏ ညာဘက်မျက်လုံးကနေ အလင်းတစ်ခုက တလိပ်လိပ်တိုးထွက်လာ၏။ ၎င်းသည် လေထဲသို့ ဆင်းသက်လာသောအခါ အသက်ဝင်၍ မနှိုင်းယှဉ်သာအောင် ပေါ့ပါးဖျတ်လတ်နေသော ယင်ယန်ငါးနှစ်ကောင်အဖြစ် စုဖွဲ့သွားသည်။

ပုံမှန်အခြေအနေမှာ ယင်ယန်ငါးနှစ်ကောင်သည် လေထဲမှာ အဆက်မပြတ်ရစ်ပတ်၍ ကိုက်ခဲနေကြပေလိမ့်မည်။

သူတို့၏ ခေါင်းနှင့် အမြီးတို့က ချိတ်ဆက်သွားပြီး သူတို့သည် ဒြပ်စင်ငါးမျိုးကို ဖိနှိမ်နိုင်သည့် ဧရာမယင်ယန်ကြိတ်ဆုံကျောက်တစ်ခုအဖြစ် လျင်မြန်စွာ စုဖွဲ့လာလိမ့်မည်ဖြစ်ကာ လောကမှာရှိသော အရာရာတိုင်းကို ကြိတ်ခြေပစ်ပေလိမ့်မည်။

ပြန်ဝင်စားခြင်းမျက်လုံးဖြင့် ပေါင်းစပ်ထားသော အနန္တယင်ယန်သည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်မည် မဟုတ်သော်လည်း အဲဒါသည် သူ့အတွက် ကြားဖြတ်ကာလတစ်ခုကို ရရှိစေဖို့ လုံလောက်သည်ဟု ရှယင်က ယုံကြည်ထားသည်။

ရှယင်၏ အကြံအစည်ကို ဖတ်မိနိုင်သည့်အလား ဆူဇီမိုက လှောင်ရယ်လိုက်၏။ သူက လက်တစ်ဖက်ဖြင့် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ထိန်းချုပ်ပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ကာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အင်မော်တယ်နှိမ်နင်းဓားကို ထုတ်ဖော်ဖို့ပြင်လိုက်၏။

အနန္တယင်ယန်က အင်မော်တယ်နှိမ်နင်းဓားနှင့် တိုက်ခိုက်ရမည်ဆိုလျှင် အဲဒါသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ခုခံနိုင်မည်မဟုတ်ပေ။

ပြန်ဝင်စားခြင်းမျက်လုံးနှင့် ရှယင်၏ မျိုးဆက်သွေးနယ်မြေမျှက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို လုံးဝကိုင်လှုပ်နိုင်လိမ့်မည် မဟုတ်ပေ။

တိုက်ပွဲ၏ ဤအဆင့်ရောက်မှာ သူ့က ရှယင်ကို မည်သည့်အခွင့်အရေးမှ သေချာပေါက်ပေးတော့မည် မဟုတ်ပေ။

သို့သော်လည်း သူ၏ လက်ချောင်းဓားကို စုဖွဲ့လိုက်သည့်ခဏမှာပင် သူက အဲဒါကို မထုတ်ဖော်ခင် ရုတ်တရက်ရပ်တန့်လိုက်၏။

ရုတ်တရက် ဆူဇီမိုသည် သူ၏ မျက်လုံးများမှ ထူးဆန်းမှုတစ်စုံတစ်ရာကို ခံစားမိလိုက်သည်။ သူ၏ ဘယ်ဘက်မျက်လုံးက အေးစက်လာပြီး သူ၏ ညာဘက်မျက်လုံးက အရမ်းကို ပူပြင်းလာသည်ဟု ခံစားရသည်။

သူက မတုံ့ပြန်နိုင်ခင် ရှယင်စုဖွဲ့ထားသည့် ယင်ယန်ငါးများက သူ၏ မျက်လုံးများရှိရာသို့ ပစ်ဝင်လာခဲ့သည်။

“ဒါပဲလေ”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ ဘုရင်အေးစက်မျက်လုံးက ထိုသည်ကို တွေ့မြင်သောအခါ ကျေနပ်သဘောကျသွားပြီး အော်ဟစ်လိုက်၏။

ရှယင်သည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို မရမကခုခံဖို့အတွက် အနန္တယင်ယန်ကို စုဖွဲ့လိုက်ခြင်းမျှသာ မဟုတ်ပေ။ ထိုအစား သူသည် ယင်ယန်ငါးများကို ထိန်းချုပ်ပြီး ဆူဇီမိုကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။

ဘုရင်အေးစက်မျက်လုံး၏ ရင်ထဲမှာ မျှော်လင့်ချက်တစ်စက နောက်တစ်ဖန် ပြန်လည်ပေါ်ထွက်လာသည်။

ရှယင်က တိုက်ပွဲအလှည့်အပြောင်းကို ဖြစ်စေနိုင်တော့မှာလား…

ထိုအပြောင်းအလဲက လက်ရှိလူများစွာကို မှင်တက်သွားစေသည်။

သို့သော်လည်း သိပ်မကြာခင် တိုက်ပွဲမြေပြင်မှ အခြေအနေသည် စောစောက သူတို့တွေးထင်ထားသည်နှင့် အရမ်းကို ကွဲပြားနေပုံရသည်ကို လူတိုင်းက တဖြည်းဖြည်း နားလည်သဘောပေါက်လိုက်သည်။

ရှယင်၏ အမူအရာသည် ကြောက်ရွံ့မှု၊ ထိတ်လန့်မှုဖြင့် ပြည့်နှက်နေ၏။ သူသည် တန်ပြန်တိုက်ခိုက်ဖို့ အကွက်ချကြံစည်နေသည့်ပုံနှင့် မတူပေ။

တိုက်ပွဲနယ်မြေမှာ…

ရှယင်က ဤအပြောင်းအလဲကို နားလည်သဘောပေါက်သောအခါ သူက တုန်လှုပ်သွားပြီး သူ၏ အမူအရာက ပြောင်းလဲသွားလေသည်။

သူသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို ရူးသွပ်စွာ ထုတ်ဖော်ပြီး ယင်နှင့်ယန်၏ အဆုံးစွန်စွမ်းအားနှင့်အတူ ယင်ယန်ဧရာမကြိတ်ဆုံကျောက်ကို စုဖွဲ့ရန် ယင်ယန်ငါးနှစ်ကောင်ကို အတူတကွ ထွေးပတ်စေဖို့ သူက ထိန်းချုပ်လိုလေသည်။

သို့သော်လည်း ယင်ယန်ငါးနှစ်ကောင်သည် သူ၏ ထိန်းချုပ်မှုကနေ လုံးဝလွတ်ထွက်သွားသည်ကို သူက တုန်လှုပ်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။

အားလုံး၏ အကြည့်အောက်မှာ ယင်ယန်ငါးနှစ်ကောင်သည် တစ်ခုက အနက်၊ တစ်ခုက အဖြူ၊ အလင်းတန်းနှစ်ခုအဖြစ် ပြောင်းသွားပြီး ဆူဇီမို၏ မျက်လုံးများထဲသို့ ဝင်ရောက်သွားသည်။

နောက်ခဏ၌ ဆူဇီမို၏ ဘယ်ဘက်မျက်လုံးက ပိန်းပိတ်အောင်နက်မှောင်၍ အေးစက်ကာ မကောင်းဆိုးဝါးဆန်လာခဲ့သည်။ သူ၏ ညာဘက်မျက်လုံးက ဖြူဖွေးတောက်ပလာပြီး ကျိန်းစပ်လာလေသည်။

ဆူဇီမို၏ ဘယ်ဘက်မျက်လုံးကနေ ဖြာထုတ်လိုက်သော အမှောင်စွမ်းအားသည် ရှယင်၏ ဘယ်ဘက်မျက်လုံးထက်ပင် ပို၍သန့်စင်ပြီး ပို၍ကြောက်စရာကောင်းလေသည်။

သူ၏ ညာဘက်မျက်လုံးကနေ ထုတ်ဖော်လိုက်သော အလင်းက ပို၍ပင် ကျိန်းစပ်နေသည်။

သူတို့၏ မျက်လုံးများက ဆုံမိသွားသည်။

ယင်ယန်ငါးများကနေတစ်ဆင့် သူတို့၏ မျက်လုံးလေးလုံးသည် ဆက်သွယ်ရေးပေါင်းကူးတံတားတစ်ခုကို တည်ဆောက်မိသွားပုံရသည်။

အနက်နှင့်အဖြူ… ယင်နှင့်ယန်…။ မတူညီသော စွမ်းအားနှစ်ခုသည် ရှယင်၏ မျက်လုံးထဲကနေ စီးထွက်လာပြီး လေထဲမှာ ပါးလွှာသော ချည်မျှင်များအဖြစ် စုဖွဲ့ကာ ဆူဇီမို၏ မျက်လုံးများထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

ရှယင်၏ ဘယ်ဘက်မျက်လုံးထဲရှိ အလင်းရောင်က လျင်မြန်စွာ မှေးမှိန်လာပြီး ယင်နှင့်ယန်၏ စွမ်းအားကလည်း လျင်မြန်စွာ လျော့ကျလာ၏။

ဆူဇီမို၏ မျက်လုံးများထဲရှိ မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးသည် လေထဲမှာရှိသော ယင်ယန်စွမ်းအားကို အာရုံခံမိသွားပြီး ရုတ်တရက် သူတို့၏ စွမ်းပကားကို ထုတ်ဖော်ကာ အငမ်းမရ ဝါးမျိုနေကြသည်။

တကယ်ဆို သူတို့သည် ယင်ယန်ငါးများ၏ လာရာလမ်းကြောင်းအတိုင်း လိုက်ပါပြီး ရှယင်၏ မျက်လုံးများထဲရှိ ယင်ယန်စွမ်းအားများအားလုံးကို ကုန်စင်အောင် စုပ်ယူလိုလေသည်။

“အား…”

ရှယင်က လေထဲမှာ လွင့်မြောနေပြီး သူ၏ ခေါင်းကိုမော့ကာ စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။

သူ၏ မျက်လုံးများက မြင်နိုင်သော နှုန်းထားဖြင့် ကျုံ့ဝင်လာပြီး တုန်လှုပ်စရာကောင်းသော အပေါက်နှစ်ပေါက် ဖြစ်ပေါ်လာ၏။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ၏ အတွင်းဘက်နှင့် အပြင်ဘက်မှာ လူတိုင်းနှင့် သက်ရှိတိုင်းသည် ဤမြင်ကွင်းကို ပါးစပ်အဟောင်းသားနှင့် တုန်လှုပ်စွာ ကြည့်နေကြသည်။

ရှယင် ထုတ်ဖော်လိုက်သော စက္ခုနည်းစနစ်နှင့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အနန္တယင်ယန်သည် ဆူဇီမို၏ မျက်လုံးများဖြင့် ချေဖျက်ခြင်းခံလိုက်ရသည်။

တကယ်ဆို သူသည် မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့်ဓမ္မပညာရပ်ကိုမှပင် ထုတ်ဖော်ခဲ့ခြင်းမရှိပေ။

ထိုမျှသာမက ရှယင်၏ ယင်ယန်မျက်လုံးများကပင် နဂိုအတိုင်း မကျန်ရှိနိုင်တော့ပေ။

အဲဒါက မည်ကဲ့သို့သော နည်းလမ်းမျိုးလဲ…

ခွန်ကမ္ဘာမှ ပေမင်ယွမ်နှင့် ဖန်းကမ္ဘာမှ နဝမမင်းသားတို့က ရန်သူများဖြစ်ကြသည်။

သို့သော်လည်း သူတို့က ထိုသည်ကို တွေ့မြင်သောအခါ အလိုလိုအကြည့်ချင်းဖလှယ်ပြီး တစ်ချိန်တည်းမှာပင် အေးစက်မှုတစ်ခုကို ခံစားလာရသည်။ သူတို့သည် အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်လူကို တုန်လှုပ်မှုဖြင့် ပြည့်နှက်နေသော သူတို့၏ မျက်လုံးများဖြင့် ကြည့်ပြီး သူတို့၏ နှလုံးများက အေးစက်လာခဲ့သည်။

ထိုအန္တိမပကတိစိတ်ဝိညာဉ်နှစ်ဦးသည်လည်း ခွန်ကမ္ဘာနှင့် ဖန်းကမ္ဘာတို့၏ နံပါတ်တစ် ပကတိစိတ်ဝိညာဉ်များဖြစ်ကြသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူတို့နှစ်ဦးစလုံးက ကြောက်ရွံ့မှုကို ခံစားလာရသည်။

သူတို့နားလည်ဆင်ခြင်ထားသည့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကလည်း အနန္တယင်ယန်ဖြစ်နေသောကြောင့်ပင်။

ထိုအခိုက်အတန့်မှာ ရှယင်၏ ရလဒ်ကို တွေ့မြင်သောအခါ သူတို့သည် ဆူကျူးနှင့် ရန်သူများဖြစ်လာမည်ဆိုလျှင် သူတို့ကြုံတွေ့ရမည့် နောက်ဆက်တွဲရလဒ်များကို စဉ်းစားမိလာကြသည်။

ပြောရမည်ဆိုလျှင် ဤမြင်ကွင်းက အနည်းငယ် ထူးဆန်းနေသည်။

ရှယင်၏ တန်ပြန်တိုက်ခိုက်မှု နည်းဗျူဟာက မမှားပေ။

သို့သော်လည်း သူ၏ ယင်ယန်မျက်လုံးများ၏ အကူအညီနှင့်အတူ သူနားလည်ဆင်ခြင်ထားသည့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အနန္တယင်ယန်သည် တိုက်တိုက်ဆိုင်ဆိုင်ပင် ဆူဇီမို၏ မျက်လုံးများထဲရှိ တမလွန်မီးရောင်ကျောက်တုံးနှင့် မီးပဒေသာကျောက်တုံးတို့၏ တန်ပြန်နှိမ်နင်းခြင်းကို ခံလိုက်ရသည်။

ရှယင်သည် နောက်ထပ် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ထားမည်ဆိုလျှင် အဲဒါက ကြယ်တာရာအကျဉ်းထောင်သာ ဖြစ်နေမည်ဆိုလျှင်တောင် ဆူဇီမိုသည် သူ့ကို မရမကသတ်ဖြတ်လိုပါက သူသည် အဲဒါကို ခုခံချေဖျက်ရန် နောက်ထပ်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို ဆင့်ခေါ်ရပေလိမ့်မည်။

သို့သော်ယခု မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံး၏ ချိတ်ဆက်မှုအောက်မှာ အနန္တယင်ယန်သည် လုံးဝအလုပ်မဖြစ်နိုင်တော့ပေ။ ယင်ယန်ငါးနှစ်ကောင်က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမို၏ မျက်လုံးများထဲ ကူးခတ်လာကြသည်။ သူတို့က သူတို့၏ မိခင်များကို ရှာဖွေတွေ့ရှိသွားသည့်အလားပင်။

ထိုမျှသာမက ယင်ယန်ငါးနှစ်ကောင်သည် ရှယင်၏ မျက်လုံးထဲမှာ ပါဝင်သော ယင်ယန်စွမ်းအားကို တစ်ချိန်တည်းမှာ လမ်းညွှန်ပြီး မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးများထဲသို့ ရွှေ့ပြောင်းပေးလိုလေသည်။

ထို့ကြောင့်ပင် အရမ်းကို တုန်လှုပ်စရာကောင်းသည့် ဤမြင်ကွင်းက ပေါ်ထွက်လာခြင်းပင်။

ထိုအခိုက်အတန့်မှာ လူတိုင်းက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည်။

ရှယင်က ရှုံးသွားလေပြီ။

အဲဒါက တစ်ချီမျှသာ ဖြစ်သည်။

အစကနေ ယခုအချိန်ထိ ဆူဇီမိုသည် အစွယ်ရှစ်ချောင်းနတ်ဆင်ခွန်အားနှင့် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကိုသာ ထုတ်ဖော်ခဲ့ရသည်။ ထိုကဲ့သို့ပင် တိုက်ပွဲက ပြီးဆုံးသွားခဲ့သည်။

All Chapters