ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ အစွမ်းထက် ကျင့်ကြံသူများ...
Vol. 45 Ch. 618
ဖြာကျနေသော နေရောင်ကြောင့် ထိုသူ၏ မျက်နှာကို သေချာမမြင်ရသော်လည်း..
ကြောက်မက်ဖွယ် အရောင်အဝါက သူ့ထံမှ လာခဲ့သည်ကို အားလုံး သိလိုက်ကြပါသည်။
ထိုအရောင်အဝါမှာ ကြောက်စရာကောင်းလွန်း၍ သူတို့ ပြန်ခုခံရန်ပင် သတ္တိမမွေးနိုင်တော့ပါ ။
ထိုသူအား တစ်ချက်ကြည့်ရုံဖြင့်ပင် သူတို့ကျောရိုးထဲမှ ချမ်းစိမ့်သွားသလို ခံစားနေရလေပြီ ။
အားလုံးရင်ထဲ ကူကယ်ရာမဲ့ကာ စိတ်ဓာတ်အကျကြီး ကျနေကြတော့၏။
နျိုထျဲ့ချူ၏ မျက်လုံးထဲတွင်လည်း နာကျင်မုန်းတီးမှုတို့ အပြည့်..
မကြာခင်လေးကပင် သူမအတွက် လက်တုန့်ပြန်ရန် မျှော်လင့်ချက်လေး ရှိနေခဲ့သေးသော်လည်း ယခု အားလုံး သဲထဲရေသွန် ဖြစ်သွားရလေပြီ။
သခင်ကြီးထျန်းလုံ နှင့် ချင်းဝူချုံ တို့မှာလည်း မျက်နှာပျက်ပျက်ဖြင့် နှုတ်ဆိတ်နေကြရှာသည်။
ခေတ္တမျှ တွေဝေနေပြီးနောက်... သွမ့်ချန်ချိုးက အရက်ပုလင်းကို ပြန်ထုတ်ကာ သောက်လိုက်ပြန်၏။
တဖက်မှ ဟုန်မိသားစုဝင်များကမူ ပျော်ရွှင်စွာ အော်ဟစ်လျက်..
ဘိုးဘေးဟုန်က ကမ္ဘာနှစ်ခုကြားတံခါးပေါက်မှ လူရိပ်ကိုကြည့်ရင်း ဒူးတစ်ဖက်ထောက်၍ ဆိုလိုက်သည်။
" တွေ့ရတာဝမ်းသာပါတယ် သခင်ကြီး "
ဟုန်မိသားစုဝင်များလည်း တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြ၏။
တဖက်မှ နျိုထျဲ့ချူကမူ ထိုသူအား ကူကယ်ရာမဲ့သည့် မျက်လုံးများဖြင့် ကြည့်နေသည်။
ထိုစဥ်မှာပင် တဖက်လူက ရှေ့သို့ ခြေတစ်လှမ်းတိုးခလိုက်ရာ.. သူ့ရုပ်သွင်ကို နျိုထျဲ့ချူ သေချာမြင်လိုက်ရတော့သည်။
သူမ ချက်ချင်း မှင်သက်သွား၏။
အကြောင်းမှာ ရှင်းပါသည်..
ကမ္ဘာနှစ်ခုကြား တံခါးပေါက်မှ ထွက်လာသူက လောထျန်း ဖြစ်နေသောကြောင့်ပင်...
အားလုံးလည်း နားမလည်နိုင် ဖြစ်ကုန်ကြသည်။
ပြီးခဲ့သည့် ရက်များတွင် လောထျန်းက ပျောင်ပိုင်မြို့မှ ထွက်သွားခဲ့ပြီး..
နျိုထျဲ့ချူနှင့် အခြားသူများက သူ့အား ထျန်းယွမ်ကမ္ဘာတခွင် လိုက်ရှာခဲ့ကြသည့်တိုင် မည်သည့်သတင်းမှ မကြားခဲ့ရပါ ။
သို့သော် ယခု လောထျန်းက ရှေးဟောင်းနတ်ဆိုးကမ္ဘာဘက်မှ ထွက်လာသတဲ့လား..
သူတို့ မည်သို့ နားလည်ရပါတော့မည်နည်း ။
" အကိုကြီးလား... "
နျိုထျဲ့ချူ တွန့်ဆုတ်စွာ မေးလိုက်သည်။
" ဟင်... "
မြေပြင်တွင် ဒူးထောက်နေသော ဘိုးဘေးဟုန်မှာ ခဏတာမျှ မှင်သက်သွားတော့၏။
ထိုစဥ် သခင်ကြီးထျန်းလုံထံမှ တအံ့တသြ ရေရွတ်သံလည်း ထွက်လာသည်။
" သခင်လေး လောထျန်းလား... "
" ဟုတ်တယ်.. ကျုပ်ပဲလေ ။ ခင်ဗျားတို့က ဘာလုပ်နေကြတာလဲ ဘာတွေဖြစ်နေကြတာလဲ" (ဇေရဲလေသံဖြင့်)
လောထျန်းမှာကား သူ့ရှေ့မှ လူများကိုကြည့်ကာ နားမလည်နိုင် ဖြစ်နေရှာ၏။
ဘာတွေ ဖြစ်နေပါသနည်း ။
သူ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ ပြန်ရောက်ရောက်ချင်းတွင်.. အဘယ့်ကြောင့် ဘေးပတ်ပတ်လည် လူများစွာ ရှိနေရပါသနည်း ။
ထိုစဥ်မှာပင် ဟုန်မိသားစုဘိုးဘေးကလည်း တစ်စုံတစ်ခု လွဲချော်နေသည်ကို သတိထားမိသွားသည်။
သူ ချက်ချင်း ခေါင်းမော့ကြည့်လိုက်ရာ သူ့ရှေ့တွင် လူငယ်တစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရ၏။
" မင်း ဘယ်သူလဲ "
သူ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
သူသည် ရှေးဟောင်းနတ်ဆိုးကမ္ဘာနှင့် အဆက်သွယ်ရှိသည်မှာ ကြာလှပြီဖြစ်သည့်တိုင် ထိုလူငယ်အား မသိပါချေ။
၎င်းကိုကြားသောအခါ လောထျန်းက အေးဆေးပြန်ပြောသည်။
" ကျုပ်လား.. ကျုပ်က ပျောင်ပိုင်မြို့က လောထျန်းလေ "
" ပျောင်ပိုင်မြို့က လောထျန်း... ထျန်းယွမ်ကမ္ဘာကလား.... "
ဟုန်မိသားစုဘိုးဘေးမှာ တစ်ခုကို ရုတ်တရက်သတိရပြီး အံ့သြမှင်သက်သွား၏။
" ဟုတ်တယ်လေ "
လောထျန်း ပြန်ဖြေသည်။
ဘိုးဘေးဟုန်၏ မျက်နှာကြီး ချက်ချင်း မဲ့သွားတော့၏။
ထို့နောက်.. သူ ချက်ချင်း ထရပ်လိုက်သည်။
" ကောင်လေး ၊ မင်းက ငါ့ကို လှည့်စားပြီးတော့ မင်းရှေ့မှာဒူးထောက်ရအောင် လုပ်ရဲတယ်ပေါ့လေ "
သူ လောထျန်းအား ဒေါသတကြီး ကြည့်လိုက်၏။
လောထျန်းက နားမလည်နိုင်ဟန်ဖြင့် ပြန်ပြောသည်။
" ကျုပ် ထွက်လာလာချင်းမှာ ခင်ဗျား ဒူးထောက်နေတာကို မြင်ရတာပဲလေ ။ အဲ့ဒါကို ကျုပ်ကိုဘာလို့
အပြစ်တင်နေတာလဲ "
ထို့နောက် သူ နျိုထျဲ့ချူဘက် လှည့်ကြည့်ကာ မေးလိုက်၏။
" ဒီလူက ဘယ်သူလဲ... စိတ်မနှံ့ဘူးလား.. "
နျိုထျဲ့ချူက ရှက်သွားသည့်မျက်နှာဖြင့် ပြန်ဖြေသည်။
" အကိုကြီး.. အဲ့လူက ထျန်းကူဟုန်မိသားစုရဲ့ ဘိုးဘေးပဲ "
လောထျန်း ခေတ္တမျှ စဥ်းစားလိုက်ပြီးမှ ပြော၏။
" ထျန်းကူဟုန်မိသားစု... ဟို တောင်ပိုင်းဒေသက အဖွဲ့လား.. "
ထိုစဥ်တွင် ဘိုးဘေးဟုန်က အံကြိတ်၍ ပြောလာသည်။
" ကောင်လေး ၊ မင်း ဘယ်လိုတွေ လုပ်ခဲ့လဲ မသိပေမယ့်.. မင်းက ငါ့ကို လှည့်ကွက်တွေတကယ် ထုတ်သုံးခဲ့တာပဲ ။ ဒါ.. ငါ့ကိုရော ၊ ရှေးဟောင်းနတ်ဆိုးကမ္ဘာကိုရော စော်ကားလိုက်တာပဲကွ။ ငါက မင်းကို ဘာမှမလုပ်ဘူးဆိုရင်တောင် ရှေးဟောင်းနတ်ဆိုးကမ္ဘာက
အကြီးအကဲတွေက မင်းကို ဒီတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး "
သူ့စကား ဆုံးချိန်မှာပင် တဖက်ရှိ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီမှ မြည်သံကျယ်ကြီးတစ်ခု ရုတ်တရက် ထွက်လာသည်။
ထိုအသံကြောင့် အားလုံး မျက်လုံးပြူးသွားရပြန်၏။
" ဟိုအဖွဲ့ လာနေကြပြီလား "
" ရှေးဟောင်းနတ်ဆိုးကမ္ဘာက အဖွဲ့တွေ လာတိုက်ခိုက်တော့မယ်ထင်တယ် "
" ဒါပေမယ့် အခုက စောနကထက်တော့ ပိုကောင်းသွားပါပြီ ။ သခင်လေးလောထျန်း ပြန်ရောက်လာပြီဆိုတော့ ငါတို့အတွက် မျှော်လင့်ချက် ရှိသွားပြီ "
သခင်ကြီးထျန်းလုံတို့ မသေမျိုးသုံးယောက် ပြောလိုက်ကြသည်။
ထိုစဥ်... သူတို့ မျှော်လင့်ထားသလိုပင်.. ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီမှ ဧရာမ ရထားပျံများ ဆယ်ခုထက်မနည်း ထွက်လာကြ၏။
ထို ရထားပျံများနှင့်အတူ များစွာသော အစွမ်းထက်ကျင့်ကြံသူများလည်း လိုက်ပါ ပျံသန်းလာကြသည်။
သခင်ကြီးထျန်းလုံတို့ သုံးယောက်မှာကား ထိုမြင်ကွင်းကိုကြည့်ပြီး ရင်ထဲ ဗြောင်းဆန်သွားကြ၏။
အဘယ့်ကြောင့်ဆိုသော် ထို အစွမ်းထက်ကျင့်ကြံသူများ၏ အစွမ်းက သူတို့ထက် မနိမ့်သည်ကို မြင်လိုက်ရသောကြောင့်ပင် ။
မဟုတ်သေးပါ... တိတိကျကျ ပြောရလျှင်.. ထိုသူအများစုမှာ သူတို့ထက် များစွာပိုအစွမ်းထက်ကြပါသည်။
သို့သော်.. ထိုသူများ၏ ရုပ်သွင်ကမူ သတိကြီးစွာထားပြီး ကြောက်လန့်နေကြပုံ ပေါက်နေပါ၏။
ထိုသို့သော အစွမ်းထက်ကျင့်ကြံသူများကပင် ကြောက်ရသူမှာ ... အလွန်အစွမ်းထက်မည်ဖြစ်ကြောင်း သံသယဝင်စရာပင် မလိုပါ ။
လောထျန်းက အစွမ်းထက်သည့်တိုင် ထိုသူကို ရင်ဆိုင်နိုင်ပါမည်လား ။
အကယ်၍ လောထျန်းက ရင်ဆိုင်နိုင်လျှင်ပင်... ကျန်လူအုပ်ဖြင့် ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ တပ်ဖွဲ့ကို တားနိုင်ပါမည်လား ။
ထိုမျှနှင့် မပြီးသေးဘဲ...
ဝုန်း..
ကမ္ဘာနှစ်ခုကြားတံခါးပေါက်၏ တဖက်မှ အစွမ်းထက်သော အရောင်အဝါတစ်ခု ရုတ်တရက် ထွက်လာပြန်၏။
ထို့နောက်တွင်မူ.. သံချပ်ဝတ် တစ်ခု ပျံသန်းရောက်ရှိလာသည်။
သခင်ကြီးထျန်းလုံတို့ လူအုပ်မှာ ထိုသံချပ်ဝတ် ပေါ်လာသည်နှင့် နှလုံးသွေးများ ရပ်တန့်သွားတော့မလိုပင် ခံစားလိုက်ရတော့သည်။
" အစောင့်အကြပ် မသေမျိုးလက်နက်လား "
သူတို့သုံးယောက်လုံး ထိုအတွေးကို တစ်ပြိုင်နက်တည်းနီးပါး တွေးမိလိုက်ကြ၏။
၎င်းမှာ မူလမသေမျိုးလက်နက် တစ်ခုဖြစ်ပြီး ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ အစွမ်းအထက်ဆုံး အစောင့်အကြပ်လက်နက်ပင်..
၎င်း ပေါ်လာခြင်းက.. ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ သြဇာအာဏာ အကြီးဆုံးသူ ရောက်လာတော့မည်ဆိုသည့် အဓိပ္ပါယ် ဖြစ်ပါသည်။
ယခင်က ကောင်းကင်ဘုံပျက်စီးခြင်းများ ဖြစ်ခဲ့သည့်တိုင် ဤမျှအစွမ်းထက်သည့် လူမျိုး ရောက်မလာခဲ့ဖူးပါချေ။
ယနေ့တွင်မူ အားလုံး ရောက်လာခဲ့ကြလေပြီ ။
သို့ဆိုလျှင် ရှေးဟောင်းနတ်ဆိုးကမ္ဘာက သူတို့ကို အင်အားပြည့် ကျူးကျော်တိုက်ခိုက်လာသည်ဆိုသည့် အဓိပ္ပါယ်လား ။
တဖက်မှ ဟုန်မိသားစုဘိုးဘေးကမူ သံချပ်ဝတ်ကို မြင်သည်နှင့် အလွန်ဝမ်းသာ စိတ်လှုပ်ရှားသွားဟန် တူပါ၏။
" ထျန်းကူဟုန်မိသားစုရဲ့ ဘိုးဘေးက ကမ္ဘာသခင်ကြီးကို ကြိုဆိုပါတယ် "
သူ ထပ်ပြီး ဒူးထောက်လိုက်ပြန်သည်။
ထျန်းယွမ်ကမ္ဘာမှ လူများမှာလည်း ထိုစကားကိုကြားပြီး မျက်နှာများ ဖြူရော်သွားကြ၏။
လူအချို့မှာ ထိုဖြစ်နိုင်ချေကို တွေးထားပြီးသား ဖြစ်သော်လည်း..
ဘိုးဘေးဟုန်၏ စကားကြောင့် သူတို့ရင်ထဲမှ ကြောက်စိတ်က ပိုခိုင်မာသွားတော့သည်။
ထိုစဥ်မှာပင် သံချပ်ဝတ်က ကမ္ဘာနှစ်ခုကြား
တံခါးပေါက်ကို ဖြတ်ကျော်လာ၏။
အားလုံးရင်ထဲ ဖော်ပြရန်ခက်သော ဖိနှိပ်မှုတစ်ခုကို ရုတ်ချည်း ခံစားလိုက်ရသည်။
ကြည့်ရသည်မှာ သူတို့ထျန်းယွမ်ကမ္ဘာက မကြာခင် ဖျက်ဆီးခံရတော့မည့်ဟန်ပင် ။
ပြီးနောက်.. အားလုံး၏ အကြည့်အောက်မှာပင် အစောင့်အကြပ် မသေမျိုးလက်နက်က လောထျန်းရှေ့ ပျံသန်းရောက်လာတော့၏။
" ထင်ထားသလို.. ကမ္ဘာနှစ်ခုရဲ့ အင်အားအကြီးဆုံးသူနှစ်ယောက် တိုက်ခိုက်ကြတော့မှာပါလား "
သွမ့်ချန်ချိုးမှာ ၎င်းကိုကြည့်ရင်း လက်ထဲမှ ဓားနှောင့်အား ခပ်တင်းတင်း ဆုပ်ထားလိုက်သည်။
လောထျန်း၏ အစွမ်းကို သိထားကြသော အခြားသူများကလည်း ဖြစ်လာတော့မည့် တိုက်ပွဲကို အသင့်စောင့်နေလိုက်ကြ၏။
သို့သော်..
ဘုတ်..
နတ်ဆိုးသံချပ်ဝတ်က ရုတ်တရက် ဒူးထောက်ချလိုက်ပါသည်။
" သခင်ကြီး အမိန့်ပေးထားတဲ့အတိုင်း ထျန်းယွမ်ကမ္ဘာကို ကျူးကျော်ခဲ့ကြတဲ့ သူတွေအားလုံးကို သတ်ပြီးတော့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းခဲ့ပါပြီ ။ ဒီ ရထားပျံတွေထဲမှာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေအကုန် ထည့်ထားတဲ့ ဟင်းလင်းပြင်လက်စွပ်တွေ အပြည့်ပါပါတယ် "
" တခြား ရထားပျံ ဆယ်ခုကျော်လောက်မှာက ကျုပ်တို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ အင်အားကြီးအဖွဲ့တွေက ပေးလိုက်တဲ့ လက်ဆောင်တွေ ပါပါတယ် သခင်ကြီး ။ ကျေးဇူးပြုပြီး လက်ခံပေးပါဗျာ "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ကောင်းပါပြီ ၊ ကျေးဇူးပဲ ကောင်လေး "
နတ်ဆိုးသံချပ်ဝတ် တချက်တုန်သွားကာ ဆက်
ပြော၏။
" ဒါဆို... တခြား ဘာတွေညွှန်ကြားချင်တာများ ရှိသေးလဲ သခင်ကြီး "
" ဟူဒဟူကိုပဲ သေချာကြိုးစားပြီး ကျင့်ကြံမို့ မှာလိုက်ပါ "
လောထျန်း ပြန်ပြောလိုက်သည်။
နတ်ဆိုးသံချပ်ဝတ်က ချက်ချင်း ပြန်တုန့်ပြန်၏။
" အဲ့ဒါကို စိတ်မပူပါနဲ့ဗျာ ။ ကျုပ်ကိုယ်တိုင် သူ့ကို သေချာကူညီပြီး လေ့ကျင့်ပေးလိုက်ပါမယ်။ အားလုံး အဆင်ပြေတယ်ဆိုရင်... ကျုပ်တို့ ပြန်လို့ရပြီလားဗျာ "
" ရပါပြီ ဒိုးတော့"
လောထျန်း ခေါင်းထပ်ညိတ်လိုက်သည်။
နတ်ဆိုးသံချပ်ဝတ်က ချက်ချင်း လှုပ်ရှားသွားပြီးနောက် အနားရှိ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ အားလုံးကို ပြောလိုက်၏။
" သွားကြစို့ "
ထိုစကားကို ကြားသည်နှင့် ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ အစွမ်းထက်ကျင့်ကြံသူ အားလုံးမှာ အသက်သေမည်ကို စိုးရိမ်သည့်အလား ကမ္ဘာနှစ်ခုကြားတံခါးပေါက်ဆီသို့ အသည်းအသန် ပြေးသွားလိုက်ကြတော့သည်။