← Chapters

Obsessed

Vol. 45 Ch. 619

Obsessed

Vol. 45 Ch. 619

" ရှေ့ကကောင်..  လမ်း ပိတ်မထားနဲ့လေကွာ "

" မတွန်းနဲ့ကွ ၊ ဘာလို့ ထွန်းနေတာလဲ "

" မြန်မြန်သွားစမ်းပါ ၊ အသက် ဆက်မရှင်ချင်တော့ဘူးလား "

ထျန်းယွမ်ကမ္ဘာသားများ၏ အကြည့်အောက်တွင်ပင်...  ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ အစွမ်းထက်ကျင့်ကြံသူများမှာ ကမ္ဘာနှစ်ခုကြား တံခါးပေါက်တဖက်သို့ အသက်လုပြေးသွားကြတော့သည်။

ထိုသူများမှာ တံခါးပေါက်တဖက်သို့ ရောက်သွားပြီးသည့်တိုင် လုံးဝမရပ်ဘဲ သူတို့နောက်မှ လူတစ်ယောက်က လိုက်နေသည့်အလား အသည်းအသန် ဆက်ပြေးသွားကြ၏။

ဤသို့ဖြင့် တခဏအတွင်းမှာပင် ကမ္ဘာနှစ်ခုကြားတံခါးပေါက် တိတ်သွားကာ လောထျန်းတစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။

ထျန်းယွမ်ကမ္ဘာမှ လူများမှာ ထိုမြင်ကွင်းကိုကြည့်ရင်း မှင်သက်မိနေကြ၏။

သူတို့ မျှော်လင့်ထားခဲ့သည့် ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုက ဘယ်မှာပါနည်း ။

သူတို့ကမ္ဘာကြီးကို ဖျက်ဆီးပစ်မည့် စစ်ပွဲကရော...

ထိုစဉ်မှာပင် လေပြေညင်းတစ်ချက် တိုက်လာသဖြင့် ဟုန်မိသားစုဘိုးဘေးက ပထမဆုံး အသိဝင်လာသည်။

" မဖြစ်နိုင်ဘူး..  အလိမ်ညာတွေ..  အကုန်လုံး အလိမ်ညာတွေပဲ ။ ဟား ဟား...  ဒီလိုကိစ္စမျိုး ဖြစ်စရာအကြောင်း လုံးဝမရှိဘူး..  "

ဘိုးဘေးဟုန်က ရယ်ရင်း ပြောလိုက်သည်။

အားလုံးကမူ သူ့အား သနားသည့်အကြည့်ဖြင့် လှမ်းကြည့်လာကြ၏။

ထိုအဘိုးကြီးက ဖြစ်သွားခဲ့သည့်ကိစ္စကို မယုံနိုင်ဖြစ်ပြီး စိတ်အနည်းငယ် လွတ်သွားသည်မှာ အသိသာပါပင် ။

" သခင်ကြီးထျန်းလုံ ၊ မင်းက ငါ့ကိုလှည့်စားဖို့အတွက် အဲ့လိုတွေတောင် လုပ်တယ်ပေါ့လေ ။ ငါ့ကို အရူးလုပ်ဖို့ အဲ့လောက်မလွယ်ဘူးကွ "

ဘိုးဘေးဟုန်က ဒေါသတကြီး ထပ်အော်လာသည်။

ဝုန်း..

သူ့အနောက်ဘက်တွင်လည်း နတ်ဆိုးအရိပ် ကိုးခု ချက်ချင်းပေါ်လာ၏။

" တွေ့လား...  ဒါ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့အစွမ်း ၊ အဆင့်ကိုး နတ်ဆိုးခန္ဓာကိုယ်ပဲကွ။ မင်းတို့က ငါ့ကို အနိုင်မတိုက်နိုင်လို့ ဒီလိုအကွက်တွေသုံးပြီး ငါ့ကို စိတ်ရှုပ်အောင် လုပ်တာမလား "

ဘိုးဘေးဟုန်က နားမလည်နိုင် ဖြစ်နေသည့် မျက်လုံးများဖြင့် အရူးတစ်ယောက်သဖွယ် ထပ်အော်လာပြန်သည်။

" ဒါ.....  "

ချင်းဝူချုံ၏ မျက်လုံးထဲတွင် သနားသည့် အငွေ့အသက်အချို့ ပေါ်လာ၏။

" နှစ်ပေါင်း သိန်းချီပြီး ရှိလာခဲ့တဲ့ ယုံကြည်မှုတွေ ပျက်စီးပြီး တာအိုနှလုံးသား ဖျက်ဆီးခံလိုက်ရတာပဲ...  သူ စိတ်လွတ်သွားပြီ "

သခင်ကြီးထျန်းလုံကလည်း သက်ပြင်းချသည်။

အားလုံးမှာလည်း ထိုအတွေးမျိုး တွေးမိနေကာ သက်ပြင်းကိုယ်စီ ချလိုက်ကြ၏။

အမှန်တိုင်းဆိုရလျှင် ဟုန်မိသားစုဘိုးဘေးသည် အလွန်အစွမ်းထက်သူတစ်ယောက် ဖြစ်ပြီး ထျန်းယွမ်ကမ္ဘာရှိ မသေမျိုးများထဲတွင်လည်း အသက်အရှည်ဆုံး ဖြစ်ပါသည်။

အကယ်၍ သူသာ ထျန်းယွမ်ကမ္ဘာ၏ ကောင်းကျိုးအတွက် လုပ်ပေးခဲ့ပါက အားလုံးက လေးစားရသည့် သခင်ကြီးတစ်ယောက် ဖြစ်မည်ပင် ။

သို့သော်..  ကံဆိုးစွာပင် သူက ပြန်ပြင်၍မရသည့်

အမှားကြီး ကျူးလွန်ခဲ့ပါသည်။

ထို့ကြောင့်လည်း ယခုလို အခြေအနေမျိုး ဖြစ်လာခဲ့ရခြင်းပင်..

ထိုစဉ် လောထျန်းက နျိုထျဲ့ချူဘက် ရုတ်တရက်ကြည့်၍ ပြောလာသည်။

" မင်း ကျင့်ကြံခြင်းအဆင့် တက်သွားပြီလား "

နျိုထျဲ့ချူက ခေါင်းငုံ့ကာ ပြန်ပြော၏။

" ဟုတ်ပါတယ်အကိုကြီး ၊ ဒါတွေအားလုံး အကိုကြီးရဲ့ ကျေးဇူးတွေကြောင့်ပါ "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ငါ မှတ်မိသလောက်ဆို..  ထျန်းကူဟုန်မိသားစုက မင်းရဲ့ ရန်သူတွေမလား "

" ဟုတ်ပါတယ် "

နျိုထျဲ့ချူ ပြန်ဖြေသည်။

" အဲ့လိုဆိုရင်တော့ သူ့ကို မင်းကိုယ်တိုင်ပဲ ရှင်းလိုက်ပါ "

လောထျန်း ပြော၏။

နျိုထျဲ့ချူမှာ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ အောင့်သက်သက်အပြုံးဖြင့် ပြန်ပြောလိုက်ရသည်။

" ကျွန်မ သူ့ကို အနိုင်မယူနိုင်ဘူး "

" ဘယ်လို..  အနိုင်မယူနိုင်ဘူး..  ဟုတ်လား "

လောထျန်း အံ့အားသင့်သွား၏။

နဂါးအသွင်ပြောင်းနိုင်သော နျိုထျဲ့ချူက ဟုန်မိသားစုဘိုးဘေးကို အနိုင်မယူနိုင်ဘူးတဲ့လား ။

နျိုထျဲ့ချူက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြောသည်။

" အကိုကြီး ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ကျွန်မထက် ပိုမြင့်တယ် ။ ပြီးတော့ သူ့ရဲ့ အဆင့်ကိုးနတ်ဆိုးခန္ဓာကိုယ်ကလဲ အစွမ်းထက်လွန်းတယ် ။ ကျွန်မ သူနဲ့ မယှဉ်နိုင်ဘူး "

နျိုထျဲ့ချူမှာ နောက်ဆုံးစကားကို ပြောနေစဉ်၌ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

သူမရင်ထဲတွင်လည်း အစွမ်းမဲ့သူတစ်ယောက်ပမာ

ခံစားလိုက်ရ၏။

လောထျန်းမှာလည်း ထိုစကားကြောင့် အံ့အားသင့်သွားရသည်။

" အဆင့်ကိုးနတ်ဆိုးခန္ဓာကိုယ်က အဲ့လောက်အစွမ်းထက်တာလား "

သူ တအံ့တသြ မေးလိုက်၏။

" သခင်လေး လောထျန်း ၊ နတ်ဆိုးခန္ဓာကိုယ်ဆိုတာ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ ကျင့်ကြံခြင်းစနစ်တစ်ခုပဲဗျ ။ အဆင့်တစ်ဆင့် တက်လာတိုင်း အစွမ်းလဲ အများကြီး တိုးလာတယ် ။ သာမာန် အဆင့်ကိုး နတ်ဆိုးခန္ဓာကိုယ်ကတောင် ကျုပ်တို့ မသေမျိုးသုံးယောက်ထက် ပိုအစွမ်းထက်နေပြီ။ ပိုဆိုးတာက..  ဘိုးဘေးဟုန်က ဉာဏ်အလင်းပွင့်ပြီးမှ အဆင့်ကိုးနတ်ဆိုးခန္ဓာကိုယ်ကို ကျင့်ကြံခဲ့တာပဲ ။ အဲ့တော့ သူ့ရဲ့ နတ်ဆိုးခန္ဓာကိုယ်က သာမာန် အဆင့်ကိုးနတ်ဆိုးခန္ဓာကိုယ်ထက် ပိုအစွမ်းထက်တာပေါ့ဗျာ "

သခင်ကြီးထျန်းလုံက လောထျန်းအား ရှင်းပြလိုက်သည်။

စကားဆုံးအောင် နားထောင်ပြီးနောက် လောထျန်း ခေါင်းအသာညိတ်လိုက်၏။

သူ ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင် ရှိခဲ့စဉ်က ယှဉ်စရာမရှိသဖြင့် အဆင့်ကိုးနတ်ဆိုးခန္ဓာကိုယ်သည် မည်မျှအစွမ်းထက်ကြောင်း မသိခဲ့ပါ ။

ယခုမှသာ ၎င်း၏အစွမ်းကို သူ သေချာနားလည်လိုက်ရခြင်းပင် ။

ထို အဆင့်ကိုးနတ်ဆိုးခန္ဓာကိုယ်က သူတို့ထျန်းယွမ်ကမ္ဘာမှ ထိပ်တန်းအဆင့် မသေမျိုးသုံးယောက်ကိုပင် ဖိနှိပ်နိုင်စွမ်း ရှိနေပေသည်။

တဖက် ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင်မူ အဆင့်ကိုးနတ်ဆိုးခန္ဓာကိုယ် ကျင့်ကြံပြီးထားသူ အနည်းဆုံးဆိုလျှင်ပင် တစ်ရာထက် မနည်းပါချေ။

ထို့ထက်ပို အစွမ်းထက်သော အဆင့် ၁၁နှင့် အဆင့် ၁၂ နတ်ဆိုးခန္ဓာကိုယ်များလည်း ရှိပါသေး၏။

သူတို့နှင့် ထျန်းယွမ်ကမ္ဘာကြားမှ ကွာဟချက်က ကြီး

လှပါတကား..

ထျန်းယွမ်ကမ္ဘာအနေဖြင့် ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုအား ဤမျှ ကြောက်နေကြသည်မှာ မဆန်းတော့ပါချေ။

သို့သော်..  လောထျန်း အတွေးနယ်ချဲ့နေသည်ကို ခဏရပ်ကာ အနည်းငယ် ရူးသွပ်နေဟန်တူသည့် ဟုန်မိသားစုဘိုးဘေးအား လှမ်းကြည့်လိုက်သည်။ ထို့နောက် နျိုထျဲ့ချူဘက် ထပ်ကြည့်လိုက်၏။

" ငါ မင်းကို တစ်ခုပေးမယ် "

" ဟင် "

နျိုထျဲ့ချူ မျက်လုံးပြူးသွားသည်။

ထိုစဉ် လောထျန်းက လက်ယမ်းကာ မူလနတ်ဆိုးဆေးရည်အား ထုတ်လိုက်၏။

" ရော့...  မင်း ဘယ်လောက်အထိ သောက်နိုင်မလဲ ကြည့်ရအောင် "

လောထျန်း ပြောလိုက်သည်။

နျိုထျဲ့ချူက ခေတ္တမျှ မှင်သက်နေပြီးနောက် လောထျန်းပေးသည့် ဆေးရည်ကို သောက်လိုက်၏။

ထို့နောက်တွင်..

ဝုန်း..

သူမ၏ ခန္ဓာကိုယ်အတွင်း၌ အပြောင်းအလဲများ ဖြစ်လာသည်ကို နျိုထျဲ့ချူ ခံစားလိုက်ရသည်။

သူမ ပို၍လည်း အစွမ်းထက်လာသလိုပင်..

" အကိုကြီး...  ဒါက ဘာလဲ...  "

သူမ လောထျန်းအား နားမလည်နိုင်စွာ လှမ်းကြည့်လိုက်သည်။

လောထျန်းက အေးဆေးပင် ပြန်ပြော၏။

" မင်း ဆက်မသောက်နိုင်တဲ့အထိသာ သောက်လိုက်ပါ "

နျိုထျဲ့ချူတစ်ယောက် ခဏတာမျှ တွန့်ဆုတ်နေပြီးမှ မူလနတ်ဆိုးဆေးရည်အား ဆက်သောက်လိုက်

သည်။

နှစ်စက်...  သုံးစက်..  လေးစက်..

တခဏလေးအတွင်းမှာပင် နျိုထျဲ့ချူ၏ ပါးစပ်ထဲသို့ မူလနတ်ဆိုးဆေးရည် ဆယ့်ရှစ်စက် ဝင်သွားကာ သူမ ဆက်မသောက်နိုင်တော့ချေ။

" ကျွန်မ.. ဆက်သောက်လို့ မရတော့ဘူး "

နျိုထျဲ့ချူ တီးတိုးပြောလိုက်သည်။

လောထျန်း ခေါင်းညိတ်ပြ၏။

" ဆယ့်ရှစ်စက်.. မဆိုးဘူးပဲ ။ အခု သွားပြီး လက်တုန့်ပြန်တော့ "

သူ့စကားကြောင့် နျိုထျဲ့ချူ အံ့သြမှင်သက်သွားကာ ဘိုးဘေးဟုန်အား လှည့်ကြည့်လိုက်သည်။

" မင်းရဲ့ အစွမ်းကုန်ကိုသာ ထုတ်သုံးလိုက် "

လောထျန်းက အပြုံးဖြင့် ထပ်ပြော၏။

နိုထျဲ့ချူ အလေးနက် ခေါင်းညိတ်၍ တင်းပုတ်အား ပြန်ကောက်ကိုင်ကာ ဘိုးဘေးဟုန်ဆီ ပြေးဝင်သွား

လိုက်သည်။

" သူ့ရဲ့ ခန္ဓာကိုယ်က တစ်ခုခုတော့ ထူးခြားတယ်.... "

ထိုစဥ် လောထျန်းနားထဲ၌ ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ အသံ ကြားလိုက်ရသည်။

" အင်း.. သူက ကောင်းကင်ဘုံနဂါးသွေးကိုလဲ အများကြီး စုပ်ယူထားသေးတယ် "

လောထျန်း အပြုံးဖြင့် ပြန်ပြောလိုက်၏။

သို့သော် ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ထပ်ပြောလာသည်။

" ငါ ပြောချင်တာ အဲ့ဒါမဟုတ်ဘူးကွ ။ သူ့ရဲ့ ခန္ဓာကိုယ်က ငါသိတဲ့ ထူးခြားခန္ဓာကိုယ်တစ်ခုနဲ့ တော်တော်လေး တူနေတယ် "

" အင်... ဟုတ်လား "

လောထျန်း အံ့အားသင့်သွားရသည်။ နျိုထျဲ့ချူထံတွင် သူမကိုယ်တိုင် မသိသေးသည့် အစွမ်းမျိုး ရှိနေပါသလား ။

သူ အဖြေကို မစဥ်းစားနိုင်ခင်မှာပင် နျိုထျဲ့ချူက ဘိုးဘေးဟုန်ဆီသို့ အသည်းအသန် ပြေးဝင်နေလေပြီ ။

" မျိုးမစစ် အဘိုးကြီး ၊ ထပ်တိုက်ခိုက်ကြမယ် "

သူမ ဒေါသတကြီး အော်လိုက်၏။

" ဟင်.. အရှုံးသမားကများ ထပ်ပြီး တိုက်ခိုက်ရဲနေသေးတယ်ပေါ့လေ "

အစောက စိတ်လွတ်နေခဲ့သည့် ဘိုးဘေးဟုန်မှာလည်း ထိုတခဏ၌ မူလစိတ်အခြေအနေသို့ ပြန်ရောက်သွားသယောင် ။

ဝုန်း...

သူ့အနောက်ဘက်တွင်လည်း နတ်ဆိုးအရိပ်ကိုးခု တမဟုတ်ချင်း စုစည်းလာပြန်၏။

" မင်း ဘယ်နှကြိမ်ပဲ တိုက်ခိုက် တိုက်ခိုက် ၊ ငါ့ကို မနိုင်နိုင်ပါဘူးကွာ "

ဘိုးဘေးဟုန် ကျယ်လောင်စွာ အော်ရယ်လိုက်

သည်။

နျိုထျဲ့ချုမှာလည်း ထိုနတ်ဆိုးအရိပ် ကိုးခုကို ကြည့်ရင်း ကြောက်စိတ်ဖြစ်သွား၏။

သို့သော်.. အစောက လောထျန်းပြောခဲ့သည့် စကားကို ပြန်တွေးမိကာ သူမ အံသာကြိတ်လိုက်ပါသည်။

" အဘိုးကြီး.. သေစမ်း "

သူမ ဒေါသတကြီးအော်ပြီး ရှိသမျှအစွမ်းကုန် ထုတ်လိုက်၏။

ပြီးနောက် ဘိုးဘေးဟုန်ဆီသို့ ဥက္ကာခဲကြီးတစ်ခုပမာ ပြေးဝင်သွားလိုက်သည်။

" ဟား ဟား... မင်းကို အရင်ဆုံး သတ်ရတာပေါ့ကွာ "

ဘိုးဘေးဟုန်၏ မျက်လုံးထဲ၌ လူသတ်အရိပ်အငွေ့များ ဖျတ်ခနဲလက်သွားကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။

တဖက်ရှိ သခင်ကြီးထျန်းလုံမှာကား ထိုမြင်ကွင်းကိုကြည့်ရင်း စိုးရိမ်စိတ်ကြီးစွာ ဖြစ်သွားတော့သည်။

" မဖြစ်ဘူး.. အစွမ်းကွာဟချက်က ကြီးလွန်းတယ်.. "

" ဟုတ်တယ်.. ဒီတိုင်းသာဆို မိန်းမလေးနျို သေသွားနိုင်တယ် "

ချင်းဝူချုံကလည်း ဝင်ပြောသည်။

အဆင့်ကိုး နတ်ဆိုးခန္ဓာကိုယ်က အမှန်တကယ် အစွမ်းထက်လွန်းလှသည် မဟုတ်ပါလား ။

သို့သော်... သူတို့ ပြောနေစဥ်မှာပင် ...

ဝုန်း..

နျိုထျဲ့ချူနောက်၌ နတ်ဆိုးအရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

" ဘယ်လိုဖြစ်ပြီး... "

၎င်းကိုကြည့်ကာ သခင်ကြီးထျန်းလုံတို့ နှစ်ယောက်လုံး တုန်လှုပ်သွားကြ၏။

All Chapters