← Chapters

အဆင့် ၁၈ နတ်ဆိုးခန္ဓာကိုယ်

Vol. 45 Ch. 620

အဆင့် ၁၈ နတ်ဆိုးခန္ဓာကိုယ်

Vol. 45 Ch. 620

နျိုထျဲ့ချူက ထိုသို့သော နတ်ဆိုးခန္ဓာကိုယ်မျိုး ဘယ်အချိန်က ရသွားခဲ့ပါသနည်း ။

သို့သော်.. အားလုံးကို ပိုတုန်လှုပ်သွားစေသည့်အရာ ထပ်ဖြစ်လာပါသည်။

ဝုန်း... ဝုန်း... ဝုန်း...

နျိုထျဲ့ချူတစ်ယောက် ရှေ့သို့ ဆက်ပြေးသွားစဥ်မှာပင် နတ်ဆိုးအရိပ်များ ပိုပိုတိုးလာကြ၏။

၎င်းနတ်ဆိုးအရိပ်များ ပေါ်လာသည်နှင့်အမျှ သူမ၏ အရောင်အဝါလည်း ပိုပို၍ အစွမ်းထက်လာသည်။

၇ ခုမြောက် နတ်ဆိုးအရိပ် ပေါ်လာချိန်တွင်ကား သူမ၏ အရောင်အဝါက ဘိုးဘေးဟုန်နှင့် ယှဥ်၍ပင် ရနေလေပြီ ။

နျိုထျဲ့ချူသည် နဂါးအသွင် ပြောင်းနိုင်စွမ်းကို

ပိုင်ဆိုင်ထားသည့်အပြင် ပါရမီတွင်လည်း ဘိုးဘေးဟုန်ထက် ပိုသာရာ ၎င်းက မဆန်းပါချေ။

သို့သော်.. ဤမျှနှင့် ပြီးမသွားသေးပါ..

ဝုန်း...

၈ ခုမြောက် နတ်ဆိုးအရိပ် ပေါ်လာချိန်တွင်ကား နျိုထျဲ့ချူက အသာစီး ရသွားခဲ့လေပြီ ။

သို့သော်.. ၎င်းက အစလေးသာ ရှိပါသေးသည်။

ဝုန်း.. ဝုန်း.... ဝုန်း...

နျိုထျဲ့ချုနောက်မှ နတ်ဆိုးအရိပ်များ ပိုပိုတိုးလာပြီး သူမ၏ အစွမ်းလည်း ပိုတက်လာ၏။

သူမ ဘိုးဘေးဟုန်ရှေ့သို့ ရောက်ချိန်တွင်မူ.. သူမနောက်၌ နတ်ဆိုးအရိပ် ၁၈ခု ရှိနေခဲ့လေပြီ။

၎င်းမှာ အဆင့် ၁၈ နတ်ဆိုးခန္ဓာကိုယ်ပင်..

" ဒါ... လုံးဝ မဖြစ်နိုင်ဘူး "

ဘိုးဘေးဟုန်မှာ သူ့ရှေ့မှ နျိုထျဲ့ချူကိုကြည့်ရင်း မျက်လုံးကြီး ပြူးနေတော့၏။

သူသည် အဆင့်ကိုးနတ်ဆိုးခန္ဓာကိုယ်ကို ရအောင် များစွာအကုန်ကျခံခဲ့ရသလို နှစ်ပေါင်းမရေမတွက်နိုင်အောင်လည်း ကျင့်ကြံခဲ့ရပါသည်။

သို့သော်.. ယခု သူ့ရှေ့မှ နျိုထျဲ့ချူက သူ့ထက်သာသည့်အစွမ်းမျိုးကို လွယ်လွယ်လေး ရသွားခဲ့သတဲ့လား...

သူ မည်သို့ လက်ခံရပါမည်နည်း..

" အလိမ်အညာတွေ... အကုန်လုံး အလိမ်အညာတွေပဲ... သတ်စမ်းကွာ "

ဘိုးဘေးဟုန်က ရက်စက်သည့် မျက်နှာကြီးဖြင့် အော်ကာ နျိုထျဲ့ချူအား လက်သီးဖြင့် ထိုးလိုက်သည်။

သို့သော်..

ဘုန်း...

မထူးဆန်းစွာပင် ဘိုးဘေးဟုန်တစ်ယောက် သွေးအိုင်ကြီးအဖြစ် ပြောင်းသွားရပါတော့၏။

တောင်ပိုင်းဒေသကို နှစ်ပေါင်းများစွာ စိုးမိုးနေခဲ့သည့် ထျန်းယွမ်ကမ္ဘာ၏ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လှသော မသေမျိုးတစ်ယောက် အသက်ဆုံးသွားရလေပြီ ။

နျိုထျဲ့ချူ ကိုယ်တိုင်မှာလည်း အသက်မဲ့ ဘိုးဘေးဟုန်ကိုကြည့်ရင်း ၎င်းက အဖြစ်မှန် မဟုတ်သလိုပင် ခံစားနေရရှာသည်။

သူမ အမှန်တကယ် လက်တုန့်ပြန်နိုင်ခဲ့ပြီတဲ့လား..

ကိုယ့်ကိုကိုယ် အစွမ်းထက်လှပြီဟု မှတ်ယူခဲ့သော ဘိုးဘေးဟုန်... သူမ ခေါင်းမော့ကြည့်ရုံသာ တတ်နိုင်ခဲ့သည့် ဘိုးဘေးဟုန်က... သူမလက်ထဲတွင် အမှန်တကယ် သေဆုံးသွားခဲ့ရသတဲ့လား..

အချိန်အတန်ကြာ တိတ်နေပြီးနောက်တွင်ကား... နျို

ထျဲ့ချူတစ်ယောက် အသံကျယ်ကြီးဖြင့် အော်ငိုလိုက်တော့သည်။

ဤသို့ဖြင့် အချိန်အတန်ငယ်ကြာ အားရအောင် ငိုပြီးမှသာ သူမ အသိပြန်ဝင်လာပြီး ဟုန်မိသားစုမှ လူများဘက် လှည့်ကြည့်လိုက်၏။

ထိုအချိန်တွင် ဟုန်မိသားစုမှ လူများမှာလည်း အ​ခြေအနေကို နားမလည်နိုင်ဖြစ်ကာ အူကြောင်ကြောင် ဖြစ်နေကြသည်။

အစပိုင်းတွင် ယနေ့ကိစ္စ ပြီးသွားသည့်နောက် သူတို့ ထျန်းယွမ်ကမ္ဘာ၏ သခင်ကြီးများ ဖြစ်လာလိမ့်မည်ဟုသာ အားလုံး ထင်ထားခဲ့ကြပါသည်။

သို့သော်.. အလှည့်အပြောင်းများက သူတို့ မယုံနိုင်လောက်အောင်ပင် ကြီးလွန်းပြီး..

သူတို့၏ ပြိုင်ဘက်ကင်း ဘိုးဘေးကြီး အသက်ဆုံးသွားခဲ့ရလေပြီ ။

၎င်းက မည်သို့ ဖြစ်နိုင်ပါသနည်း..

ထိုစဥ်မှာပင်.. တင်းပုတ်ကို ကိုင်ထားသော နျိုထျဲ့ချူက သူတို့ရှိရာသို့ တစ်လှမ်းချင်း လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် အားလုံး ကြောက်လန့်တုန်လှုပ်ကုန်ကြ၏။

" ပြေးကြဟေ့... "

ဟုန်မိသားစုဝင်များအားလုံး အသည်းအသန် ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။

သို့သော်... ရပါမည်လား..

ဘုန်း...

နျိုထျဲ့ချူက ထျန်းကူဟုန်မိသားစုဝင်များဆီသို့ လူသတ်နတ်ဘုရားကြီး တစ်ပါးလိုပင် ပြေးဝင်လာ၏။

ဤသို့ဖြင့် တခဏအကြာမှာပင် ထိုသူများအားလုံး အသတ်ခံလိုက်ကြရတော့သည်။

နျိုထျဲ့ချူက အားလုံး ပြီးသွားသည့်နောက်မှ လော

ထျန်းဆီ ပြန်လျှောက်သွားကာ သူ့ရှေ့တွင် ဒူးထောက်လိုက်သည်။

" ကျေးဇူးတင်ပါတယ် အကိုကြီး လောထျန်း ၊ အကိုကြီးကြောင့်သာ မဟုတ်ရင် ကျွန်မရဲ့ မျိုးနွယ်စုအတွက် ဘယ်တော့မှ လက်တုန့်ပြန်နိုင်မှာမဟုတ်ဘူး "

သူမ အလေးနက် ဆိုလိုက်သည်။

လောထျန်းက သူမကိုကြည့်ကာ ခေါင်းကို အသာပုတ်ပေးလိုက်၏။

" ငါတို့က တစ်မိသားစုတည်းပဲလေကွာ ၊ ကျေးဇူးတင်ဖို့ မလိုပါဘူး ။ ကြိုးစားကျင့်ကြံပြီးတော့ပဲ အနာဂါတ်မှာ ငါလိုအပ်တာတွေကို လုပ်ပေးရင် ရပါပြီ "

" စိတ်ချပါ အကိုကြီး "

နျိုထျဲ့ချူ တလေးတစားပင် ပြန်ပြောလိုက်သည်။

ထိုစဥ်တွင် လောထျန်းက သူ့နောက်မှ ကမ္ဘာနှစ်ခုကြား တံခါးပေါက်အား ရုတ်တရက် လှည့်ကြည့်လိုက်၏။

" ဟုတ်သားပဲ.. ငါ အဲ့ကိစ္စကို မေ့တော့မလို့ "

သူ ပြောပြောဆိုဆိုပင် တံခါးပေါက်ဆီသို့ ပျံသန်းသွားလိုက်သည်။

" မဟုတ်မှလွဲရော.. သူက "

၎င်းကိုမြင်သည်နှင့် သခင်ကြီးထျန်းလုံ တုန်လှုပ်သွားရပြန်၏။

ထင်ထားသလိုပင်... လောထျန်းက ကောင်းကင်ဘုံလက်ဝါးသိုင်းကို အသုံးပြု၍ ကမ္ဘာနှစ်ခုကြား တံခါးချပ်ကြီးပေါ်သို့ လက်ဖြင့်ဖိလိုက်သည်။

ထို့နောက်..

ဘုန်း..

သူ့လက် တစ်ချက်ဖြင့်ပင် ကမ္ဘာနှစ်ခုကြား တံခါးပေါက်က ချက်ချင်း ပိတ်သွားတော့၏။

" ဟင်.... "

ထိုနေရာတွင် ရှိနေကြသူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

လွန်ခဲ့သောတစ်လခန့်က ယောင်ချီမှအဖြစ်အပျက်ကို သူတို့ မြင်ဖူးထားသဖြင့် လောထျန်းက ကမ္ဘာနှစ်ခုကြား တံခါးပေါက်အား အားသုံးပိတ်နိုင်ကြောင်းကို သူတို့ သိထားပြီးသားပင် ။

သို့သော်.. လောထျန်း ထိုစဥ်က ပိတ်နိုင်ခဲ့သည့်တိုင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး ...

ကြားထဲ ခဏပင် နားခဲ့ရပါသေး၏။

ယခုတွင်မူ..

တစ်ချက်တည်းဖြင့် ပိတ်လိုက်နိုင်လေပြီ ။

တံခါးပိတ်သွားသည့် အမြန်နှုန်းကလည်း ယခင်ထက် များစွာ ပိုသာပါသေးသည်။

၎င်းမှာ.. လောထျန်းက လွန်ခဲ့သော တစ်လခန့်က

ထက် ပိုအစွမ်းထက်လာသည် ဆိုသည့် သဘောပင် ။

အစွမ်းထက်သည်မှ များစွာ ပိုထက်လာခြင်း ဖြစ်ပါ၏။

သူက.. ဘီလူးကြီး တစ်ယောက်လိုပါပင်..

" ကဲ... ပြဿနာတော့ ရှင်းသွားပြီ "

လောထျန်းက အပြုံးဖြင့် လက်ကို ဖုန်ခါလိုက်သည်။

သခင်ကြီးထျန်းလုံမှာ ခဏတာမျှ ကြောင်အအပြုံးနေပြီးမှ နောက်ဆုံး ပြောလိုက်၏။

" ဟို.. သခင်လေးလောထျန်း ၊ ဘာတွေ ဖြစ်နေတာလဲဗျ "

သူ့ရှေ့တွင် ဖြစ်ပျက်သွားခဲ့သည့် အရာများကို သူ လုံးဝ နားမလည်နိုင်တော့ပါချေ။

ကျန်လူများမှာလည်း သူ့နည်းတူပါပင်..

လောထျန်းက ဘာကိုမှ ဖုံးကွယ်မနေဘဲ ရှင်းပြလိုက်

သည်။

" ဘာရယ်တော့ မဟုတ်ပါဘူးဗျာ.. ၊ ကျုပ်က သိဒ္ဓိဝင်ဆေးပင် ရှာချင်လို့ အချိန်နဲ့နေရာဗိမ္မာန်ကို သုံးပြီး တခြားကမ္ဘာတစ်ခုကို သွားလည်ခဲ့တာ ။ ဒါပေမယ့် လမ်းမှားပြီးတော့ ရှေးဟောင်းနတ်ဆိုးကမ္ဘာကို ရောက်သွားခဲ့တယ်ဗျ "

" နောက်တော့.. ရှေးဟောင်းနတ်ဆိုးကမ္ဘာက နတ်ဆိုးတစ်ယောက်ကိုသတ် ၊ နောက် နတ်ဆိုးတစ်ယောက်ရဲ့ အမွေအနှစ်ကိုယူ ၊ ပြီးတော့ သူတို့ရဲ့ ကမ္ဘာသခင်ကြီးကိုသတ်ပြီး ပြန်လာခဲ့တာပဲ "

သူက ၎င်းကို သာမာန်အကြောင်းအရာ တစ်ခုလို ဘာမှမထူးခြားဟန်ဖြင့် ပြောလိုက်ခြင်းဖြစ်ပါသည်။

သို့သော်... တဖက်မှ လူများမှာကား ဆွံ့အကုန်ကြတော့၏။

" နတ်ဆိုး.... "

" အမွေအနှစ်.... "

" ကမ္ဘာသခင်ကြီး... "

ကမ္ဘာပေါ်မှ မသေမျိုးသုံးယောက်မှာလည်း လောထျန်းအား အံ့သြမှင်သက်စွာ ကြည့်ကာ မည်သို့ပြောရမည်မသိ ဖြစ်နေကြတော့သည်။

ထိုစဥ်တွင် လောထျန်းက သူ့နဖူးသူ လက်ဝါးဖြင့်ပြန်ရိုက်၍ ပြောလာ၏။

" ဟုတ်သားပဲ... ကျုပ်နဲ့အတူ လူနှစ်ယောက် ပါလာသေးတယ်ဗျ "

သူ ပြောပြောဆိုဆိုပင် လက်ယမ်းလိုက်ရာ သူ့နောက်မှလေထု ကွဲသွားသည်။

သခင်ကြီးထျန်းလုံမှာ ၎င်းကိုကြည့်ကာ မှင်သက်သွားရပြန်၏။

" အတွင်း.... အတွင်းကမ္ဘာငယ်လား.. အတွင်းကမ္ဘာငယ်က အဲ့လောက်ကြီးတာလား "

လောထျန်း ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

" အဲ့ဒါ ထူးဆန်းလို့လားဗျ ။ ထားပါလေ.. အဲ့ဒါကို နောက်မှပြောကြတာပေါ့ ။ မိုယွိ.. ခဏထွက်လာပါဦး "

မကြာမီမှာပင် လောထျန်း၏ အတွင်းကမ္ဘာငယ်ထဲမှ လူတစ်ယောက် ပျံသန်းထွက်လာ၏။ ထိုသူမှာ နတ်ဆိုးဂူထဲမှ ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားပင် ..

" ဒါ ကျုပ် ရှေးဟောင်းနတ်ဆိုးကမ္ဘာကနေ ပြန်ခေါ်လာတဲ့ သခင်မကြီးတစ်ယောက်ပဲ ။ သူ့ကို ကျုပ်တို့ ပျောင်ပိုင်မြို့သားတွေရဲ့ အစွမ်းတိုးဖို့အတွက် လျှို့ဝှက်ဒေသကို ကူညီပုံဖော်ခိုင်းဖို့ စီစဥ်ထားတာ ။ ကျုပ်တို့ ပျောင်ပိုင်မြို့သားတွေ အနေနဲ့ သခင်ကြီးတို့တွေရဲ့ လျှို့ဝှက်ဒေသတွေဆီပဲ အမြဲသွားပြီး လေ့ကျင့်လို့ မကောင်းဘူးလေ ။ နောက်ကျရင် သခင်ကြီးတို့ရဲ့ ဂိုဏ်းသားတပည့်တွေကိုရော ကျုပ်တို့ပျောင်ပိုင်မြို့ရဲ့ လျှို့ဝှက်ဒေသဆီ လွှတ်လို့ရပါတယ် "

လောထျန်း အပြုံးဖြင့် ပြောလိုက်သည်။

သူ့စကားကိုကြားပြီးနောက် တဖက်လူများ ခေါင်းညိတ်လိုက်ကြသော်လည်း သူတို့စိတ်ထဲတွင်မူ ဤမျှ အလေးနက်မထားကြပါချေ။

အထူးသဖြင့် ချင်းဝူချုံက သေးငယ်လှသော မိုယွိကိုကြည့်ကာ ပြောလိုက်၏။

" မင်းက သခင်မကြီးတစ်ယောက်လား "

မိုယွိက ခေါင်းလှည့်လာကာ သူ့အား ကြည့်လိုက်ပြီးနောက် လက်ဖျောက်တစ်ချက် တီးလိုက်သည်။

ဝုန်း...

ချင်းဝူချုံထံသို့ လေပြင်းတစ်ချက် တိုးဝင်သွား၏။

အစွမ်းထက်သည်ဟု နာမည်ကျော်သော ကမ္ဘာပေါ်မှမသေမျိုးကြီးမှာ အနောက်ဘက် ဆယ်မိုင်ကျော်အထိ တမဟုတ်ချင်း လွင့်သွားတော့သည်။

" ဒါ.... "

အားလုံးမှာလည်း ထိုမြင်ကွင်းကြောင့် မိုယွိအား ကြောက်လန့်တကြား လှမ်းကြည့်လိုက်ကြ၏။

ထိုမိန်းမငယ်လေးက ဟုန်မိသားစုဘိုးဘေးထက်ပင် ပိုကြောက်စရာ ကောင်းနေသေးတော့သည်။

" မိုယွိ.. မင်းက ငါတို့ထဲကတစ်ယောက် ဖြစ်သွားပြီလေ "

လောထျန်းက မြန်မြန်ဝင်တားလိုက်သည်။

မိုယွိက နှုတ်ခမ်းမဲ့၍ ပြန်ပြော၏။

" ကျွန်မ သိပါတယ်.. ဒါ့ကြောင့်လဲ ကျွန်မ သူ့ကို ညှာတာပေးခဲ့တာ ။ မဟုတ်လို့ကတော့ ခုချိန်ဆို သူ အပိုင်းပိုင်းဖြစ်နေလောက်ပြီ "

ကြားလိုက်ရသည့်စကားကြောင့် သခင်ကြီးထျန်းလုံနှင့် အခြားသူများ ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်တော့သည်။

ထို မိန်းမငယ်လေးက ကြောက်စရာကောင်းလှပါတကား...

" ကျုပ် တစ်ခုလောက်မေးချင်လို့... သခင်လေးလောထျန်းက သူ့ကို ဘယ်လိုသိမ်းသွင်းခဲ့တာလဲဗျ "

သခင်ကြီးထျန်းလုံက စိတ်ဝင်တစား မေးလိုက်သည်။

မိုယွိ၏ အစွမ်းက ကြောက်စရာကောင်းလှပေရာ သူ

သိချင်စိတ် ဖြစ်ခြင်းက သဘာဝကျပါသည်။

သို့သော် လောထျန်း ပြန်မဖြေနိုင်ခင်မှာပင် မိုယွိက အေးဆေးဝင်ပြော၏။

" သူ ကျွန်မကို သိမ်းသွင်းခဲ့တာ မဟုတ်ဘူး ။ ကျွန်မ သူ့ကို အနိုင်မယူနိုင်တဲ့အတွက်ကြောင့်မို့.. သူ့ဆီကနေ သင်ယူချင်လို့ ကျွန်မသဘောအတိုင်း လိုက်လာခဲ့တာ "

သခင်ကြီးထျန်းလုံမှာ ထိုစကားကိုကြားပြီး နဖူးမှချွေးကို သုတ်ကာ တွေးမိလိုက်သည်။

" လောထျန်းက တကယ်ကို အစွမ်းထက်တာပဲ "

ထိုစဥ် လောထျန်းက ပြောလာ၏။

" ဒါနဲ့... ကျုပ်ခေါ်လာတဲ့သူ နောက်တစ်ယောက်က ထျန်းယွမ်ကမ္ဘာသခင်ကြီးပဲဗျ "

All Chapters