← Chapters

တာအိုကမ္ဘာသစ်သီး

Vol. 45 Ch. 621

တာအိုကမ္ဘာသစ်သီး

Vol. 45 Ch. 621

လောထျန်းက ထိုသို့ပြောပြီး သူ့ခါးတွင်ချိတ်ထားသည့် ကျောက်ပြားကို ပုတ်ကာ ပြောလိုက်သည်။

" သခင်ကြီး ၊ ကျေးဇူးပြုပြီး ထွက်လာပါဦး "

ထို့နောက်တွင် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားကာ ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ စိတ်ဝိဥာဥ် အားလုံးရှေ့၌ ပေါ်လာ၏။

သူ ပေါ်လာသည်နှင့် ကောင်းကင်ယံသို့ ချက်ချင်းမော့ကြည့်ပြီး သက်ပြင်းချလိုက်သည်။

" ထျန်းယွမ်ကမ္ဘာရေ... နောက်ဆုံးတော့ ငါ ပြန်ရောက်လာပြီ "

သူ့လေသံတွင် နာကျင်မှုများအပြည့်...

တဖက်မှာလူများမှာကား အံ့သြမှင်သက်နေကြ၏။

" ထျန်းယွမ်ကမ္ဘာရဲ့ ကမ္ဘာသခင်ကြီး တဲ့လား.. ကျုပ်တို့ ထျန်းယွမ်ကမ္ဘာမှာ ကမ္ဘာသခင်ကြီး ရှိတာလား "

ချင်းဝူချုံက တအံ့တသြ ပြောသည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ချင်းဝူချုံအား လှည့်ကြည့်ကာ ပြန်ပြော၏။

" အဆုံးအစမဲ့ နတ်ဘုရားအစွမ်းပါလား... မင်းက ချင်းရှောင်ဖုန်းရဲ့ မျိုးဆက်လား "

ချင်းဝူချုံ တုန်လှုပ်သွားကာ ပြန်မေးလိုက်သည်။

" သခင်ကြီးက ကျုပ်ရဲ့ ဘိုးဘေးကို သိနေတာလား "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ရယ်ရင်း ပြန်ပြော၏။

" ထင်ထားသလိုပါပဲကွာ.... အဲ့တုန်းက သူနဲ့ငါ အတူတူ အဆုံးအစမဲ့ နတ်ဘုရားသိုင်းကို ဖန်တီးခဲ့တဲ့အချိန်မှာ ငါတို့နှစ်ယောက်လုံး ဘာမျိုးဆက်မှ မရှိခဲ့ဘူးကွ "

သူ့စကားကြောင့် ချင်းဝူချုံ မှင်သက်သွားရပြန်သည်။

" သခင်ကြီးတို့ အတူတူဖန်တီးခဲ့တာလား... "

သူ့မျိုးနွယ်စု၏ သိုင်းပညာက ထိုသို့သော ရာဇဝင်မျိုး ရှိနေသည်ကို သူ ယုံပင် မယုံနိုင်ပါ ။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေါင်းညိတ်၍ ဆက်ပြောသည်။

" အမှန်ပဲကွ.. ဒါပေမယ့် တိတိကျကျပြောရရင်တော့ ဒီသိုင်းပညာရပ်ကို ငါတို့အတူတူ ဖန်တီးခဲ့တာမဟုတ်ဘူး ။ အဲ့ထဲက သိုင်းကွက်တွေအများစုကို မင်းရဲ့ဘိုးဘေး တစ်ယောက်တည်းကပဲ ဖန်တီးခဲ့တာ ။ ဒါပေမယ့် အဲ့သိုင်းကျမ်းထဲမှာ သူမသိတဲ့ လိုအပ်ချက် ဆယ့်သုံးခု ရှိနေတာကြောင့်မို့ ငါ့ကို လေ့လာကြည့်ပေးဖို့ ပြောခဲ့တာ ။ ကံဆိုးတာက .. အဲ့ချိန်မှာ ငါ့ရဲ့ကျင့်ကြံခြင်းကလဲ လုံလောက်အောင် မကောင်းသေးတာရော ၊ အချိန်သိပ်မရှိတာရောကြောင့် လိုအပ်ချက်လေးခုကိုပဲ ပြင်နိုင်ခဲ့တယ် ။ ကျန်တဲ့ လိုအပ်ချက်ကိုးခုကတော့ ဒီတိုင်းကြီးပဲပေါ့ကွာ "

ချင်းဝူချုံမှာ ထိုစကားကိုကြားပြီး ရင်ထဲတုန်သွားကာ ထျန်းယွမ်ကမ္ဘာသခင်ကြီးကိုလည်း ပိုယုံသွားသည်။

အဘယ့်ကြောင့်ဆိုသော်.. အဆုံးအစမဲ့ နတ်ဘုရားသိုင်းကျင့်စဥ်တွင် အမှန်တကယ်လည်း ပြစ်ချက်ကိုးခု ရှိနေပြီး ထိုကိစ္စကို သူတို့ဝူလျန်နန်းတော်ရှိ လူအ

ချို့မှလွဲ၍ အခြားမည်သူမှ မသိကြသောကြောင့်ပင် ။

သို့ဖြစ်ရာ.. တဖက်လူ၏ စကားက သူ့သံသယများကို ဖျောက်ပေးလိုက်နိုင်ပါသည်။

ထိုစဥ် ထျန်းယွမ်ကမ္ဘာသခင်ကြီးက စကားဆက်၏။

" အဲ့တုန်းကတော့ ငါ ဘာမှမတတ်နိုင်ခဲ့ပေမယ့်.. ဒီချုပ်နှောင်ခံထားရတဲ့ နှစ်တွေအတွင်းမှာ ငါ အများကြီး တွေးဖြစ်ခဲ့တယ် ။ မင်းတို့ရဲ့ အဆုံးအစမဲ့ နတ်ဘုရားသိုင်းကျင့်စဥ်မှာ လိုအပ်နေတဲ့ ပြစ်ချက်တွေကိုလဲ ရှာတွေ့ခဲ့တယ် ။ ကဲ... မခုခံနဲ့နော် "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြောပြောဆိုဆိုပင် ချင်းဝူချုံ၏ နဖူးသို့ လက်ညိုးညွှန်လိုက်သည်။

ဝီ...

ထို့နောက်တွင်မူ ချင်းဝူချုံ၏ အသိစိတ်ပင်လယ်အတွင်းသို့ အချက်အလက်များစွာပင် ဝင်လာ၏။

ချင်းဝူချုံ တစ်ကိုယ်လုံး တုန်သွားကာ ခေတ္တမျှ မှင်

သက်နေပြီးမှ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

" ဒါ.... လုံးဝကို ပြီးပြည့်စုံတဲ့ အဆုံးအစမဲ့ နတ်ဘုရားသိုင်းလား... "

သူ တအံ့တသြ ရေရွတ်လိုက်၏။

ယခု ထျန်းယွမ်ကမ္ဘာသခင်ကြီး ပေးခဲ့သည့် အချက်အလက်များမှာ သူတို့ဝူလျန်နန်းတော်၏ ဘိုးဘေးများ ပေးခဲ့သော ကျင့်စဥ်နှင့် အတူတူနီးပါးဖြစ်ပြီး အခြေအခံအချက်အချို့သာ အပြောင်းအလဲ ပါပါသည်။

သို့သော်.. သူ ထိုအပြောင်းအလဲများအား သေချာကြည့်လိုက်သည့် အချိန်တွင်မူ အလွန်အံ့သြတုန်လှုပ်သွားရတော့သည်။

ယခု ကျင့်စဥ်အသစ်မှာ သူတို့ ဝူလျန်နန်းတော်၏ ကျင့်စဥ်ဟောင်းမှ ပြစ်ချက်များအားလုံးကို ဖြေရှင်းပေးထားသည် မဟုတ်ပါလား..

သူ ယခုကျင့်စဥ်အတိုင်းသာ သေချာကျင့်ကြံမည်ဆို

လျှင်.. အစွမ်းလည်း များစွာပင် တိုးသွားပေမည်။

" ကျေးဇူးတင်ပါတယ် သခင်ကြီး "

ချင်းဝူချုံ ဒူးတစ်ဖက်ထောက်လိုက်သည်။

လက်ရှိတွင် သူ့ရှေ့မှလူက ထျန်းယွမ်ကမ္ဘာသခင်ကြီးဖြစ်သည်ဟုလည်း သူ လုံးဝ ယုံသွားလေပြီ။

တဖက်မှ ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေါင်းအသာညိတ်လိုက်ပြီးနောက်.. ခပ်လှမ်းလှမ်းသို့ ကြည့်နေရင်း ရုတ်တရက် မျက်နှာထားအနည်းငယ်ပြောင်းသွား၏။

ထို့နောက် သူ လက်ယမ်းလိုက်သည်။

ချွှင်..

ခပ်လှမ်းလှမ်းရှိ ဟုန်မိသားစုဘိုးဘေး၏ အလောင်းနားလေးမှ ဓားသံတစ်သံ မြည်လာသည်။

ပြီးနောက်... ထျန်းယွမ်ကမ္ဘာသခင်ကြီးရှေ့သို့ ဓားကျိုးတစ်လက် ပျံသန်းရောက်လာ၏။

" ထျန်းယွမ်ဓားပဲ... "

ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ပြည့်သွားသည်။

အားလုံးမှာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း တိတ်ဆိတ်နေကြ၏။

ထျန်းယွမ်ဓားမှာ သူတို့ ထျန်းယွမ်ကမ္ဘာ၏ အစောင့်အကြပ် မသေမျိုးလက်နက်တစ်ခု ဖြစ်ပါသည်။

သို့သော် ထိုအစောင့်အကြပ် မသေမျိုးလက်နက်က ကျိုးနေသည်ဖြစ်ရာ ..

သူတို့ ထျန်းယွမ်ကမ္ဘာကြီး ယခင်က ကြုံတွေ့ခဲ့ရသည့် အခြေအနေကို ပြနေသလိုပင်..

ထိုနေရာ၌ ရှိနေသူများထဲတွင် ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ မိုယွိတစ်ယောက်တည်းသာ မည်သည့်ခံစားချက်မှ မရှိသည့် မျက်နှာသေဖြင့် ဖြစ်နေပါ၏။

သူမ ပျင်းရိစွာဖြင့် ဘေးဘီသို့ လှည့်ကြည့်လိုက်ပြီးနောက် မလှမ်းမကမ်းတွင် ရှိနေသော နျိုထျဲ့ချူအား

ရုတ်တရက် သတိထားမိသွားသည်။

" ဟင်... နင့်ရဲ့ ခန္ဓာကိုယ်က... "

သူမ နျိုထျဲ့ချူဆီ လျှောက်လာပြီး ခေါင်းစခြေဆုံး သေချာကြည့်လိုက်၏။ သူမ၏ မျက်လုံးများလည်း ရုတ်ချည်းအရောင်လက်သွားကြသည်။

" ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုမလား "

မိုယွိ ပြောလိုက်သည်။

" ဘယ်လို.. "

နျိုထျဲ့ချူတစ်ယောက် အံ့သြမှင်သက်သွားရ၏။

" ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုဖို့ ပြောနေတာလေ "

မိုယွိက ထပ်လောလိုက်သည်။

နျိုထျဲ့ချူက ရှေ့မှ သူမထက် အရပ်များစွာပုသော မိန်းမငယ်ကိုကြည့်ကာ ချက်ချင်း မျက်မှောင်ကြုံ့သွား၏။

" ဟမ့်.. ငါ့ကို မင်းတပည့်ဖြစ်စေချင်တယ်..

ဟုတ်လား ။ မင်းမှာ ဘယ်လိုအရည်အချင်းတွေ ရှိလို့လဲ "

သူမ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

မိုယွိက မျက်မှောင်ကြုံ့ပြီး ပြန်မေး၏။

" ငါကို အရည်အချင်း မရှိဘူးလို့ ထင်တယ်ပေါ့ "

နျိုထျဲ့ချူက မျက်နှာထားတင်းတင်းဖြင့် ပြန်ပြောသည်။

" အခု ငါက လုံလောက်အောင် အစွမ်းထက်နေပြီ "

မိုယွိ သူမအား စိုက်ကြည့်လိုက်သည်။

" မင်း.. သေချာရဲ့လား "

" ဒါပေါ့... "

နျိုထျဲ့ချူ ပြန်ပြောပြီး.. အသံကျယ်တစ်သံနှင့်အတူ သူမ၏ နတ်ဆိုးအရိပ် ၁၈ ခုကို ထုတ်ပြလိုက်သည်။

" ဒါ ငါ့အကိုကြီး ပေးထားတဲ့အစွမ်းတွေပဲ ။ အခုဆို ငါက အင်မတန်ကို အစွမ်းထက်နေပြီ "

နျိုထျဲ့ချူက ဂုဏ်မောက်နေသည့် မျက်နှာဖြင့် ဆက်

ပြော၏။

သို့သော်.... ထိုစဥ်မှာပင်.. သူမ၏ကမ္ဘာကြီး အထက်အောက် ပြောင်းပြန်လှန်သွားသလို ခံစားလိုက်ရကာ

ဝုန်း...

သူမ၏ခေါင်းက မြေပြင်နှင့် ရိုက်မိသွားတော့သည်။

သူမ အသိပြန်ဝင်လာသည့် အချိန်တွင်ကား... မိုယွိက သူမ၏ ခြေတစ်ဖက်ကို ကိုင်ပြီး သူမအား မြေပြင်နှင့် ရိုက်လိုက်သည်ကို သိလိုက်ရ၏။

" အခုရော.. မင်းရဲ့ ဆရာဖြစ်ဖို့ အရည်အချင်းပြည့်ပြီလား "

မိုယွိ ထပ်မေးလိုက်သည်။

" မင်းက... သိုင်းလောက ကျင့်ဝတ်ကို မလိုက်နာဘဲ အလစ်တိုက်ခိုက်ခဲ့တာလေ ။ ဒါကို ဘာအရည်အချင်းလဲ... လက်မခံနိုင်ဘူး "

နျိုထျဲ့ချူ ဒေါသတကြီး ပြန်အော်လိုက်သည်။

မိုယွိ မျက်မှောင်ကြုံ့သွားကာ နျိုထျဲ့ချူ၏ ခြေထောက်ကို လွတ်ပေးလိုက်၏။

" ကောင်းပြီလေ ၊ ဒါဆိုလဲ ထပ်လုပ်ကြတာပေါ့ ။ တကယ်လို့ မင်း ငါ့ကိုနိုင်ရင် ငါဘာမှ ထပ်မပြောတော့ဘူး ။ ဒါပေမယ့်.. မင်းရှုံးသွားရင်တော့ ငါ့တပည့်အဖြစ် လက်ခံရမယ် ။ ဘယ်လိုလဲ... "

နျိုထျဲ့ချူ ဒေါသတကြီး ပြန်ပြောလိုက်သည်။

" မင်းကိုများ ကြောက်မယ်ထင်နေလား ။ လာလေ.. လုပ်ကြည့်စမ်း.. ၊ ဒီတစ်ခေါက်တော့ ငါ သတိကောင်းကောင်းထားမှာ ။ နင်ကများ ငါ့ကို.... "

ဝုန်း...

နျိုထျဲ့ချူမှာ စကားဆုံးအောင် မပြောနိုင်ခင်မှာပင် မိုယွိ၏ ကိုင်ပေါက်ခြင်းကို ထပ်ခံလိုက်ရပြန်၏။

နျိုထျဲ့ချူ၏ မျက်နှာပေါ်တွင် လုံးဝ မယုံနိုင်ဟန် ပေါ်လာသည်။

တဖက်လူ လှုပ်ရှားသွားသည်ကိုပင် မမြင်လိုက်ရဘဲ... အဘယ့်ကြောင့် ထိုသို့ ဖြစ်သွားရသည်ကို

သူမ အမှန်တကယ် နားမလည်နိုင်တော့ပါ ။

ထိုစဥ် တဖက်မှ မိုယွိက နျိုထျဲ့ချူတစ်ယောက် ဘာမှပြန်မပြောသည်ကို ကြည့်ပြီး သူမအား မယုံဟုထင်သွားကာ.. နျိုထျဲ့ချူ၏ ခြေထောက်ကို ထပ်ကိုင်၍ မြေကြီးနှင့် ခပ်ပြင်းပြင်း ရိုက်လိုက်ပြန်သည်။

နျိုထျဲ့ချူ၏ ခန္ဓာကိုယ် မြေကြီးနှင့် ရိုက်မိလိုက်တိုင်း မြေပြင်တစ်ခုလုံး တုန်ခါသွားကာ ပြိုကျသွားတော့မလိုပင်...

ချင်းဝူချုံနှင့် အခြားသူများမှာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း အံ့သြမှင်သက်နေကြတော့၏။

သူတို့ မျက်လုံးကိုပင် မယုံနိုင်ပါချေ။

နျိုထျဲ့ချူသည် လက်ရှိတွင် အဆင့် ၁၈ နတ်ဆိုးခန္ဓာကိုယ် ရှိထားသည့်အတွက် အလွန်အစွမ်းထက်နေလေပြီ ။

ထိုသော် ထိုသို့သော လူသည်ပင် မိုယွိရှေ့၌ လုံးဝ အစွမ်းမဲ့သလို ဖြစ်နေသတဲ့လား ။

" ထပ်မရိုက်ပါနဲ့တော့... အရှုံးပေးပါတယ် "

နျိုထျဲ့ချူ အော်လိုက်သည်။

သို့သော်..

ဘုန်း.... ဘုန်း.....

နျိုထျဲ့ချူ အော်လိုက်သည့်တိုင် မိုယွိက သူမအား နှစ်ကြိမ်တိတိ ဆက်ရိုက်ပြီးမှ ချပေးလိုက်၏။

ထိုတခဏ၌ နျိုထျဲ့ချူတစ်ယောက်မှာ လုံးဝ ဆွံ့အနေတော့သည်။

" အရှုံးပေးပြီလို့ ပြောနေတာတောင် ဘာလို့ ဆက်ရိုက်ရတာလဲ "

သူမ ဒေါသတကြီး ပြောလိုက်သည်။

" ဘာမှမဟုတ်ပါဘူး.. နင့်ကို မကြိုက်လို့လေ "

မိုယွိက ပြန်ပြော၏။

နျိုထျဲ့ချူ : " ............. "

မိုယွိက သူမကို လျစ်လျူရှုကာ လောထျန်းဘက်လှည့်၍ ပြောလိုက်သည်။

" သူ့ရဲ့ ခန္ဓာကိုယ်က နတ်ဆိုးအစွမ်းကို ကျင့်ကြံဖို့ အင်မတန်သင့်လျော်တယ် ။ သူ့ကို ကျွန်မလက်ထဲ လွှဲပေးလိုက်ပါလား... ဒါဆို သူ့ကို ကောင်းကင်ဘုံနတ်ဆိုးခန္ဓာကိုယ်ရအောင်အထိ ကျွန်မ ကူညီပေးနိုင်လိမ့်မယ် ။ မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်ခန္ဓာကိုယ်တောင် ရနိုင်မလား မသိဘူး ။ ဒါပေမယ့် သခင်လေးရဲ့ မူလနတ်ဆိုးဆေးရည် တစ်ပုလင်းတော့ လိုလိမ့်မယ် "

ထိုစကားကို ကြားသောအခါ လောထျန်းက အနည်းငယ်လေးပင် တုန့်ဆိုင်းမနေဘဲ မူလနတ်ဆိုးဆေးရည် တစ်ပုလင်း ချက်ချင်းထုတ်ပေးလိုက်၏။

" ရော့.. "

" ဒါ.... "

မိုယွိမှာ လောထျန်းက သူမအား အမှန်တကယ် ပေးလာမည်ဟု ထင်မထားသဖြင့် အံ့အားသင့်သွားရသည်။

၎င်းကိုကြည့်နေသော ဘေးမှ သခင်ကြီးထျန်းလုံက ရုတ်တရက် ဝင်ပြော၏။

" သခင်လေးလောထျန်း ၊ ကျုပ်လဲ မေးတော့မလို့.... အဲ့ဒါ ဘာလဲဗျ ။ အဲ့အရည်လေး နည်းနည်းသောက်လိုက်ရုံနဲ့ ဘာဖြစ်လို့ ကြောက်စရာအစွမ်းမျိုး ရသွားခဲ့တာလဲ။ ဒီဟာရဲ့ အကျိုးဆက်ကြီးက ကြောက်စရာမကောင်းလွန်းဘူးလားဗျာ... "

လောထျန်းက သူ့အမေးကို ပြန်မဖြေနိုင်ခင်မှာပင် မိုယွိက ဝင်ရှင်းပြလိုက်သည်။

" အဲ့ဒါ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ တာအိုကမ္ဘာသစ်သီးတစ်မျိုးဖြစ်တဲ့ ၊ မူလနတ်ဆိုးဆေးရည် လေ... ။ အစွမ်းက ကြောက်စရာကောင်းမှာပေါ့ "

All Chapters