ကောင်းကင်ဘုံမသေမျိုး မျက်ရည်
Vol. 45 Ch. 622
" တာအိုကမ္ဘာသစ်သီး.. ဟုတ်လား "
လူများ အံ့သြမှင်သက်သွားကြသည်။
မိုယွိက အေးဆေးပြန်ပြော၏။
" အစွမ်းထက်တဲ့သူတွေ တိုက်ခိုက်ကြတဲ့အချိန်မှာ အဲ့ကမ္ဘာရဲ့ ကံကောင်းခြင်းတွေနဲ့ စည်းမျဥ်းတွေရယ်၊ တာအိုသံစဥ်ရယ် ၊ တာအိုလမ်းစဥ် အဓိပ္ပါယ်အစစ်ရယ် ပေါင်းပြီးတော့.. တာအိုသစ်သီး ဖြစ်လာတယ် ။ အဲ့ဒါကို တာအိုကမ္ဘာသစ်သီးလို့ ခေါ်တယ် "
" အဲ့ဒီ တာအိုကမ္ဘာသစ်သီးက အသန့်စင်ဆုံး အစွမ်းတစ်ခု ဖြစ်တဲ့အတွက် ကျင့်ကြံသူရဲ့အစွမ်းကို ဘာဆိုးကျိုးမှ မရှိဘဲ ချက်ချင်းတိုးတက်စေတယ် ။ ဒါပေမယ့် ကမ္ဘာရဲ့ ကံကောင်းခြင်းတွေ ၊ စည်းမျဥ်းတွေ နဲ့ အစွမ်းထက်ကျင့်ကြံသူတွေရဲ့ တာအိုသံစဥ်တွေက မတူကြတဲ့အတွက် အကျိုးဆက်ကလဲ အမျိုးမျိုးရှိတတ်တယ် "
" ဥပမာ ပြောရရင်တော့ ရှေးဟောင်းနတ်ဆိုးကမ္ဘာ
က ကျင့်ကြံသူတွေက ဟိုးအရင်ထဲကနေ ခုထိ နတ်ဆိုးခန္ဓာကိုယ်ကိုပဲ ကျင့်ကြံလာကြတာ ။ ဒါ့ကြောင့်မို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ တာအိုကမ္ဘာသစ်သီးဖြစ်တဲ့ မူလမသေမျိုးဆေးရည်ရဲ့ အစွမ်းက နတ်ဆိုးခန္ဓာကိုယ်ကို တိုးတက်စေတာပဲ "
သခင်ကြီးထျန်းလုံမှာ ထိုရှင်းပြချက်ကိုကြားပြီး တုန်လှုပ်သွားဟန်ဖြင့် ပြောသည်။
" ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ အဲ့လိုရတနာမျိုး.. တကယ်ရှိတာလား ။ သူတို့ကမ္ဘာသားတွေ အဲ့လောက်အစွမ်းထက်နေကြတာ မဆန်းတော့ပါဘူး "
သို့သော်.. မိုယွိက ခေါင်းယမ်း၍ ပြန်ပြော၏။
" ရှင် အတွေးလွဲနေပြီ ။ ရှေးဟောင်းနတ်ဆိုးကမ္ဘာက အစွမ်းထက်တာမှန်ပေမယ့်.. ဒီ မူလနတ်ဆိုးဆေးရည်နဲ့ နည်းနည်းလေးပဲ သက်ဆိုင်တာ ။ တာအိုကမ္ဘာသစ်သီးဆိုတာ အင်မတန်ရှားပြီးတော့ ဒီဆေးရည်လေး တစ်စက်ဖြစ်လာဖို့တောင် နှစ်တွေထောင်ချီကြာတတ်တယ် ။ ဒါ့ကြောင့်မို့ ဒါကို ဘယ်သူမှ ဖောဖောသီသီ မသုံးကြရဘူး "
လောထျန်းက ထိုစကားကို သဘောတူဟန်ဖြင့်
ခေါင်းညိတ်သည်။
" အမှန်ပဲ.. ဒီဆေးရည်က အင်မတန်ရှားတယ် ။ အခုဆို ကျုပ်မှာ ငါးပုလင်းပဲ ကျန်တော့တာ "
သူ ပြောပြောဆိုဆိုပင် ပုလင်းငါးလုံးကို ထုတ်ပြလိုက်သည်။
အားလုံး : " ......... "
သခင်ကြီးထျန်းလုံမှာ ဆဲမိတော့မလိုပင် ဖြစ်သွား၏။
မိုယွိက ဆေးရည်တစ်စက်လေး ရရန်ပင် နှစ်ပေါင်းထောင်ချီ အချိန်ယူရသည်ဟု ပြောနေချိန်၌..
လောထျန်းက ပုလင်းကြီးကြီးငါးလုံးကို ထုတ်ပြလာသတဲ့လား..
ဒါကိုတောင် အလွန်ရှားသေးသည်တဲ့...
အရှက်ရော ရှိပါသေးသလား...
ထိုစဥ် လောထျန်းက ရုတ်တရက် မေးလာသည်။
" ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ တာအိုကမ္ဘာသစ်သီး ရှိတာထားပါတော့... ထျန်းယွမ်ကမ္ဘာမှာရော ရှိလား "
သခင်ကြီးထျန်းလုံ ခေတ္တမျှ မှင်သက်နေပြီးမှ ခေါင်းယမ်း၍ ပြန်ပြောလိုက်၏။
" ကျုပ်တော့ တစ်ခါမှ မကြားဖူးဘူးဗျ ။ ကျုပ်တို့ဂိုဏ်းရဲ့ မှတ်တမ်းတွေထဲမှာလဲ အဲ့ဒါနဲ့ပတ်သက်ပြီး ဘာမှမတွေ့မိဘူး "
ချင်းဝူချုံကလည်း ခေါင်းညိတ်၍ ပြောသည်။
" ကျုပ်တို့ ဝူလျန်နန်းတော်မှာလဲ ဘာမှတ်တမ်းမှ မတွေ့မိဘူး "
သွမ့်ချန်ချိုးကမူ တိတ်တဆိတ်သာ နေနေ၏။
သို့သော် ထိုစဥ်မှာပင် ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြောလာသည်။
" တကယ်တော့ ထျန်းယွမ်ကမ္ဘာမှာလဲ တာအိုကမ္ဘာသစ်သီး ရှိတယ် "
" ဟင်... "
ထိုတခဏ၌ လူများစွာပင် သူ့အား မော့ကြည့်လိုက်ကြသည်။
ထျန်းယွမ်ကမ္ဘာတွင် သူတို့မသိထားသည့် ထိုသို့သော ရတနာမျိုး ရှိသတဲ့လား...
လောထျန်း၏ မျက်လုံးများ အရောင်လက်သွား၏။
" ကျုပ်ကို ပြောပြပါဦး သခင်ကြီး "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက သက်ပြင်းချ၍ စကားဆက်သည်။
" ငါတို့ ထျန်းယွမ်ကမ္ဘာရဲ့ တာအိုကမ္ဘာသစ်သီးကိုကျ ကောင်းကင်ဘုံမသေမျိုးမျက်ရည် လို့ ခေါ်တယ်ကွ "
အားလုံး မှင်သက်သွားကြသည်။
" ကောင်းကင်ဘုံမသေမျိုး မျက်ရည်... ကျုပ် တစ်ခါမှတောင် မကြားဖူးဘူး "
သခင်ကြီးထျန်းလုံ ပြောလိုက်၏။
ကျန်လူများလည်း ကိုယ်စီ ခေါင်းညိတ်လိုက်ကြသည်။
လောထျန်း တစ်ယောက်တည်းကသာ အံ့အားသင့်သွားပုံ ပေါ်ပါ၏။
" ခဏလေး... ထျန်းယွမ်ကမ္ဘာရဲ့ တာအိုကမ္ဘာသစ်သီးက ကောင်းကင်ဘုံမသေမျိုးမျက်ရည် လို့ ခေါ်တာ.. ဟုတ်လားသခင်ကြီး "
သူ တအံ့တသြ မေးလိုက်သည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေါင်းညိတ်ပြသည်။
" ဟုတ်တယ်လေ ၊ ဘာဖြစ်လို့လဲ "
လောထျန်း၏ မျက်လုံးများ အရောင်လက်ကာ အလွန် စိတ်လှုပ်ရှားသွားသည်။
အဘယ့်ကြောင့်ဆိုသော်.. ကောင်းကင်ဘုံသိုင်းကျမ်းအရ သူ တုကျဲ့အဆင့်သို့ တက်လိုပါက ကောင်းကင်ဘုံမသေမျိုး မျက်ရည်ကို လိုသည်ဟု ဆိုထားသောကြောင့်ပင်..
လောထျန်းမှာ ထိုအရာအား ဘယ်နေရာတွင် ရှာရ
မည်မသိ ဖြစ်နေချိန်၌... ယခုလို မျှော်လင့်မထားသော သတင်းကို ကြားလိုက်ရခြင်း ဖြစ်သည်။
တဖက်မှ သခင်ကြီးထျန်းလုံက ဝင်မေး၏။
" ကမ္ဘာသခင်ကြီး ၊ အဲ့ဒီ ကောင်းကင်ဘုံမသေမျိုးမျက်ရည် က ဘယ်လိုအသုံးဝင်တာလဲဗျ ။ ခန္ဓာကိုယ်အစွမ်းကို တိုးစေတာလား "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေါင်းယမ်း၍ ပြန်ဖြေသည်။
" မဟုတ်ဘူး.. ဒီ ကောင်းကင်ဘုံမသေမျိုးမျက်ရည်ရဲ့ အစွမ်းက မူလနတ်ဆိုးဆေးရည်နဲ့ ကွဲတယ် ။ ဒီဟာက ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်အစွမ်းကို တိုးစေတာ မဟုတ်ဘဲ အဲ့လူရဲ့ ပါရမီနဲ့ ထူးခြားချက်တွေကို ပိုတိုးသွားစေတာ "
သူ ထိုသို့ပြောပြီး သွမ့်ချန်ချိုးကိုကြည့်ကာ စကားဆက်၏။
" သူ့ကိုပဲ ဥပမာပေးပြီး ပြောရမယ်ဆိုရင်... သူ့ရဲ့ ဓားသိုင်းက အခုတောင် တော်တော်လေးအစွမ်းထက်နေပြီ ဆိုတာကို ငါ ခံစားမိတယ် ။ ဒါပေမယ့်.. ကောင်းကင်ဘုံမသေမျိုးမျက်ရည် တစ်စက်လောက်
ကိုသာ သောက်လိုက်နိုင်ရင် သူ့ရဲ့ ဓားသိုင်းအပေါ် နားလည်နိုင်စွမ်းက အများကြီး တိုးသွားမှာ "
" တနည်းပြောရရင်တော့ ဒီကောင်းကင်ဘုံမသေမျိုး မျက်ရည်က အချုပ်အနှောင်တွေ ၊ ကန့်သတ်ချက်တွေကို ချိုးဖောက်နိုင်တဲ့ သဘာဝရတနာတစ်ခုပဲ။ အရင်တုန်းက ထျန်းယွမ်ကမ္ဘာ တောက်ပခဲ့ရတဲ့ အကြောင်းရင်းကလဲ အဲ့ပစ္စည်းနဲ့ ဆက်စပ်နေတာပေါ့ကွာ "
သူ့စကားကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
ဤနေရာတွင် ရှိနေကြသူများအားလုံးမှာ ကျင့်ကြံသူများ ဖြစ်ကြရာ..
လူတစ်ယောက်၏ အစွမ်းတိုးစေရန် ဤမျှ မခက်ခဲကြောင်း သိကြပါသည်။
မိမိဘက်မှ အားသွန်ခွန်စိုက် ကြိုးစားပြီး ၊ လုံလောက်သော ပါရမီနှင့် သဘာဝအရင်းမြစ်များ ရှိပါက .. အစွမ်းတက်ရန် လုပ်နိုင်သော်လည်း .
မိမိ၏ ပါရမီကို တိုးအောင်လုပ်ရန်မှာမူ.. လွန်စွာ ခက်သွားလေပြီ ။
သို့ဖြစ်ရာ ရေရှည်အမြင်ဖြင့် ကြည့်ပါက ထျန်းယွမ်ကမ္ဘာ၏ ကောင်းကင်ဘုံမသေမျိုးမျက်ရည်မှာ ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ မူလနတ်ဆိုးဆေးရည်ထက်ပင် ပိုအဖိုးတန်ပါသေး၏။
" ဒါဆို.. အဲ့မျက်ရည်ကို အကိုကြီးလောထျန်းကို ပေးလိုက်ရင်ရော "
နျိုထျဲ့ချူက ရုတ်တရက် ဝင်ပြောလာသည်။
အားလုံးကလည်း ထျန်းယွမ်ကမ္ဘာသခင်ကြီးအား စိတ်ဝင်တစား လှည့်ကြည့်လိုက်ကြ၏။
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ခေတ္တမျှ မှင်သက်နေပြီးမှ လောထျန်းအား မျက်မှောင်ကြုံ့ ကြည့်လိုက်သည်။
" ငါ ခန့်မှန်းထားတဲ့အတိုင်း ဆိုရင်တော့ အဲ့ဒါက သူ့အတွက်အသုံးဝင်မယ် မထင်ဘူး ။ ဘာလို့လဲဆိုတော့ သူ့လို ပါရမီထူးလွန်းလှတဲ့သူကို ငါ တစ်ခါမှ မ
မြင်ဖူးလို့ပဲ "
အားလုံးကလည်း သူ့စကားအား သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။
" သခင်ကြီး... အဲ့ ကောင်းကင်ဘုံမသေမျိုးမျက်ရည် ဘယ်မှာရှိတယ်ဆိုတာ သခင်ကြီးသိလား "
လောထျန်း ရုတ်တရက် မေးလိုက်သည်။
အခြားသူများလည်း စိတ်ဝင်တစား ထပ်ကြည့်လာကြ၏။
သို့သော် မျှော်လင့်မထားစွာပင် ထျန်းယွမ်ကမ္ဘာသခင်ကြီးက အောင့်သက်သက်ပြုံး၍ သက်ပြင်းချလိုက်သည်။
" သိတာပေါ့ကွာ... ဒါပေမယ့်.. ကံဆိုးတာက အဲ့ကိုသွားလို့ မရဘူးကွ "
" ဘာဖြစ်လို့လဲ "
အားလုံးရင်ထဲ သိချင်စိတ် ပိုဖြစ်သွားသည်။
ထိုသို့သော အဖိုးတန်ရတနာမျိုးကို မရနိုင်ဘူးဆိုပါက နှမျောစရာကြီးပင်..
ထျန်းယွမ်ကမ္ဘာသခင်ကြီးက သက်ပြင်းချပြီး လက်ဖျောက်တစ်ချက် တီးလိုက်ရာ သူ့ရှေ့၌ ဓားယွမ်ဓားကျိုး ပေါ်လာသည်။
" အဲ့နေရာက ကမ္ဘာငယ်တစ်ခုထဲမှာ သီးသန့်ရှိနေတာကွ ။ အဲ့ကမ္ဘာငယ်ထဲ ဝင်ဖို့ဆိုရင် သော့လိုတယ် ။ အဲ့သော့က ဒီ ထျန်းယွမ်ဓားပဲ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ စကားကြောင့် အားလုံး မှင်သက်သွားရပြန်တော့သည်။
ထျန်းယွမ်ဓားက ထိုသို့သောအစွမ်းမျိုး ရှိသတဲ့လား ။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက သူ့လက်ထဲမှ ဓားကိုကြည့်ရင်း ကူကယ်ရာမဲ့စွာ သက်ပြင်းချ၏။
" ဒီ ထျန်းယွမ်ဓား ပျက်စီးသွားရတာ တကယ်ကို စိတ်မကောင်းစရာပါပဲကွာ ။ ဒီလို မူလအစောင့်အကြပ် မသေမျိုးလက်နက်တစ်ခုကို ပြန်ပြုပြင်ဖို့ဆို
တာလဲ မဖြစ်နိုင်သလောက်ပဲလေ ။ ဒါ့ကြောင့်မို့ ကောင်းကင်ဘုံမသေမျိုး မျက်ရည်က ခုလောက်ဆို ပျောက်တောင် ပျောက်နေလောက်ပြီထင်တယ် "
အားလုံး သက်ပြင်းချလိုက်ကြ၏။
လောထျန်းတစ်ယောက်တည်းကသာ မည်သို့မှ မနေဟန်ဖြင့် ပြောသည်။
" ဒီထျန်းယွမ်ဓားကို ပြင်လို့ ရနိုင်လောက်သေးတယ် "
" ဟင်... "
ထျန်းယွမ်ကမ္ဘာသခင်ကြီး အံ့အားသင့်သွားကာ လောထျန်းအား လှည့်ကြည့်လိုက်သည်။ သူ တစ်ခုကိုလည်း ချက်ချင်း သတိရသွား၏။
" ဟုတ်သားပဲ... ဟို လက်နက်သန့်စင်နည်း ရှိတယ် "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" အမှန်ပဲ ။ အဲ့ လက်နက်သန့်စင်နည်းထဲမှာ အစောင့်အကြပ် မူလမသေမျိုးလက်နက်ကို သန့်စင်တဲ့နည်း ပါတယ် ။ အဲ့တော့ ဓားအကျိုးရဲ့ ကျန်တဲ့အပိုင်းကို
ရှာနိုင်တာနဲ့ ကျုပ် ပြန်ပြင်နိုင်မယ်ထင်တယ် "
သူ့စကားကြောင့် ထျန်းယွမ်ကမ္ဘာသခင်ကြီး စိတ်လှုပ်ရှားသွားသည်။
" ကောင်းတယ်.. သိပ်ကောင်းတယ်... ထျန်းယွမ်ဓားကိုသာ ပြန်ပြင်နိုင်ရင် ကောင်းကင်ဘုံမသေမျိုးမျက်ရည်ကို ယူနိုင်တော့မှာ ။ ဒါပေမယ့်.... "
သူ ပြောနေရင်း တစ်စုံတစ်ခု လွဲနေသည်ကို သတိရသွားဟန်ဖြင့် ရုတ်တရက် စကားရပ်လိုက်၏။
" ဘာဖြစ်လို့လဲဗျ "
လောထျန်း သူ့ကိုကြည့်ကာ မေးလိုက်သည်။
" ဘာမှ မဟုတ်ပါဘူးကွာ ၊ ငါ တခြားတစ်ခုကို စဥ်းစားမိသွားလို့ပါ ။ လောလောဆယ် အဲ့ဒါကို ခဏထလိုက်ပါဦး ။ အခု အရေးကြီးဆုံးက ထျန်းယွမ်ဓားရဲ့ ကျန်တဲ့အပိုင်းကို ရှာဖို့ပဲ "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ထိုသို့ပြောပြီး သခင်ကြီးထျန်းလုံဘက် ရုတ်တရက် လှည့်ကြည့်
လိုက်၏။
သခင်ကြီးထျန်းလုံက ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ပြောလာသည်။
" သခင်ကြီးနဲ့ သခင်လေးလောထျန်း ၊ ထျန်းယွမ်ဓားက ကျုပ် ထျန်းယွမ်ကျောင်းတော်ကို အမွေဆက်ခံရကတည်းက ပျောက်နေခဲ့တာဗျ ။ တကယ်တော့ ထျန်းယွမ်ဓားက ဆိုးဆိုးရွားရွား ပျက်စီးနေတာကိုတောင် ကျုပ် ဒီနေ့မှ သိခဲ့ရတာ ။ အဲ့တော့ ဓားရဲ့ ကျန်တဲ့အပိုင်းက ဘယ်ရောက်နေတယ်ဆိုတာ ကျုပ် တကယ်မသိဘူး "
ထိုတခဏ၌ အားလုံး တိတ်ဆိတ်သွားကြသည်။
သို့သော်.. ထိုစဥ် သွမ့်ချန်ချိုးက ရုတ်တရက် ပြောလာ၏။
" ဓားရဲ့ ကျန်တဲ့အပိုင်းက ဘယ်မှာဆိုတာ ကျုပ် သိမယ်ထင်တယ် "
" ဘယ်မှာလဲ "
အားလုံး သူ့ဘက် လှည့်ကြည့်လိုက်ကြသည်။
" ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာမှာ "
သွမ့်ချန်ချိုး ပြန်ဖြေလိုက်၏။