လူတစ်ယောက်နှင့် တစ်ကမ္ဘာ
Vol. 45 Ch. 627
" ရာဂဏန်း... "
သူ့စကားကြောင့် သားရဲအုပ်စု မှင်သက်သွားကြတော့သည်။
နောက်ထပ် ရာဂဏန်းတဲ့လား ...
သူတို့ ဝိဉာဉ်ကိုးသွယ်နတ်ဆိုးကမ္ဘာ တစ်ခုလုံးတွင်ပင် ထိုအဆင့်မျိုးနှင့်သားရဲ အနည်းငယ်လေးမျှသာ ရှိပါသည်။
ထိုစဉ် တဖက်မှ လောထျန်းက သူ့ရှေ့မှ နတ်ဆိုးသူတော်စင်ကြီး၏ အလောင်းကိုကြည့်ရင်း ဆက်ပြောလာ၏။
" အင်း... အစွမ်းထက်တဲ့ နတ်ဆိုးသားရဲကြီးတွေရဲ့ အလောင်းက ရတနာတွေလို့ ပြောထားတာဆိုတော့ .. ဒီတိုင်းကြီး ပစ်လိုက်လို့ မဖြစ်ဘူး ။ အရင်ဆုံး သိမ်းထားလိုက်မယ် "
လောထျန်း ပြောပြောဆိုဆိုပင် လက်ယမ်း၍ နတ်ဆိုးသူတော်စင်ကြီး၏ အလောင်းအား ဟင်းလင်းပြင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။
တဖက်မှ သားရဲအုပ်မှာ ၎င်းကိုမြင်ပြီး ပိုကြောက်ရွံ့သွားကြတော့၏။
ထိုလူသားက အလောင်းကိုပင် ချမ်းသာမပေးပါချေ...
အားလုံးပြီးနောက်တွင် လောထျန်းက ရှေ့မှ သားရဲအုပ်အား ကြည့်လိုက်သည်။
ထိုအကြည့်တစ်ချက်ဖြင့်ပင် သားရဲများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး..
လောထျန်းအား တုန်လှုပ်စွာကြည့်ရင်း လောထျန်း တိုက်ခိုက်လာပါက မည်သို့ ထွက်ပြေးရမည်ကို စဉ်းစားလိုက်ကြသည်။
သို့သော် လောထျန်းက အချိန်အတန်ငယ်ကြာ အတွေးနယ်ချဲ့နေဟန် တူပြီးမှ ရေရွတ်လာ၏။
" ဝိဉာဉ်ကိုးသွယ်နတ်ဆိုးကမ္ဘာက အကျယ်ကြီးဆိုတော့ ငါ တစ်ယောက်ချင်းစီ လိုက်သတ်နေရင် အလုပ်တော်တော်ရှုပ်သွားမှာ ။ အဲ့တော့.. သူတို့တွေ ငါ့ဆီရောက်လာတာကိုပဲ စောင့်လိုက်မယ်ကွာ ။ အဲ့လိုပဲ လုပ်လိုက်မယ် "
သူ ထိုသို့ပြောပြီး မဟူရာနတ်ဆိုးဘုရင်ကြီးကို ကြည့်ကာ လျှောက်သွားလိုက်သည်။
ဟိုင်ချန်မှာ လောထျန်းလာနေသည်ကို ကြည့်ပြီး နှလုံးပေါက်ထွက်မတတ်ပင် ဖြစ်သွား၏။
သို့သော် ကံကောင်းစွာပင် လောထျန်းက မတိုက်ခိုက်ခဲ့ပါ ။
" ဟေ့.. ငါ့အတွက် တစ်ခုလုပ်ပေး "
လောထျန်း ပြောလိုက်သည်။
" ဟင်... ဘာ.. ဘာကိစ္စလဲဗျ "
မဟူရာနတ်ဆိုးဘုရင်ကြီးက အသံတုန်တုန်ဖြင့် ပြန်ပြော၏။
လောထျန်းက အေးဆေးပင် ဆက်ပြောသည်။
" မင်းတို့ ဝိဉာဉ်ကိုးသွယ်နတ်ဆိုးကမ္ဘာက အစွမ်းထက် ကျင့်ကြံသူတွေအားလုံးကို မင်း သိတယ်မလား "
" ဟုတ်ကဲ့.. သိပါတယ် "
ဟိုင်ချန် ခေါင်းညိတ်လိုက်သည်။
လောထျန်းကလည်း ခေါင်းညိတ်၍ ဆက်ပြော၏။
" ထျန်းယွမ်ကမ္ဘာက ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို ကျော်ပြီး ဝိဉာဉ်ကိုးသွယ်နတ်ဆိုးကမ္ဘာကို စစ်ကြေငြာလိုက်ပြီလို့ အားလုံးကို သွားပြောချေ။ မင်းတို့ ဝိဉာဉ်ကိုးသွယ်နတ်ဆိုးကမ္ဘာက အစွမ်းထက် ကျင့်ကြံသူတွေအားလုံး ဒီကိုလာပြီး သေကြလို့ပါ ပြောလိုက် ။ သူတို့ မလာရင် ငါကိုယ်တိုင် လာသတ်မှာလို့ "
" ဒါပေမယ့်.. ငါ ကိုယ်တိုင် လာရရင်တော့ သူတို့အားလုံးကို သတ်ရုံတင်မကဘူး ၊ မျက်လုံးတောင် ကောင်းကောင်းမပွင့်သေးတဲ့ နတ်ဆိုးလေးတွေကိုပါ မြေကြီးပေါ်ပစ်ချပြီး တစ်ကမ္ဘာလုံးကို မြေလှန်ပစ်မှာ "
" သြော်.. ပြီးတော့ အဲ့လိုစိန်ခေါ်တဲ့သူက လောထျန်းဆိုတဲ့ ငါပဲလို့ရော ပြောလိုက်ဦး "
လောထျန်း၏ စကားများကို ကြားပြီးနောက် ဟိုင်ချန် တစ်ကိုယ်လုံး တုန်သွားရတော့သည်။
စစ်ကြေငြာသတဲ့လား..
ထိုလူသားက ထျန်းယွမ်ကမ္ဘာကိုယ်စား သူတို့ ဝိဉာဉ်ကိုးသွယ်နတ်ဆိုးကမ္ဘာကို အမှန်တကယ် စစ်ကြေငြာနေသတဲ့လား ..
ထိုစကားကိုသာ ကြားပါက သူတို့ ဝိဉာဉ်ကိုးသွယ်နတ်ဆိုးကမ္ဘာရှိ ဘယ်အစွမ်းထက်ကျင့်ကြံသူမှ သည်းခံနိုင်ကြမည် မဟုတ်ပါချေ။
သူတို့အားလုံး၏ မျက်လုံးထဲတွင် ထျန်းယွမ်ကမ္ဘာအား အစွမ်းနိမ့်လှသည့် ကမ္ဘာတစ်ခုအဖြစ် မြင်ထားကြသည်မှာ ကြာလှလေပြီ ။
ယခု.. သူ့ရှေ့မှလူသားက ရူးနေပါသလား..
သူ မည်မျှပင် အစွမ်းထက်သည်ဖြစ်ပါစေ.. သူ့တစ်ယောက်တည်းအစွမ်းဖြင့် ဝိဉာဉ်ကိုးသွယ်နတ်ဆိုးကမ္ဘာ တစ်ခုလုံးကို စိန်ခေါ်နေခြင်းမှာ မိမိကိုယ်ကို သေကြောင်းကြံသလိုပါပင်..
" ဟင်.. ဘာလဲ ၊ မင်းက သွားမပြောချင်ဘူးလား "
ထိုစဉ် လောထျန်းက သူ့ရှေ့မှ ဟိုင်ချန်အား လူသတ်အရိပ်အငွေ့ ပြည့်နေသော မျက်လုံးများဖြင့် ရုတ်ချည်းကြည့်လာ၏။
" မဟုတ်ပါဘူးဗျာ.. သခင်ကြီးအတွက် အမှုထမ်းပေးဖို့ အသင့်ပါ ။ ဒါပေမယ့်.. ကျုပ်.. သခင်ကြီးအတွက် စိုးရိမ်မိလို့ပါ "
ဟိုင်ချန်တစ်ယောက် မြန်မြန်ရှင်းပြလိုက်ရသည်။
လောထျန်းက အေးစက်စက် ဆက်ပြော၏။
" ဒါတွေ ဘာမှဆက်ပြောမနေနဲ့တော့ ။ ငါပြောတဲ့အတိုင်းသာ သွားပြောလိုက် ။ ပြီးတော့ မင်းငါ့အတွက် လုပ်ပေးတာကို ဆုပေးတဲ့အနေနဲ့ တစ်ခုပြောလိုက်ဦးမယ် ။ ခုချိန်ကစပြီး ကမ္ဘာနှစ်ခုကြား တံခါးပေါက်နားကို ကပ်လာတဲ့ နတ်ဆိုးမှန်သမျှကို ငါ သတ်ပစ်မှာ "
လောထျန်းက လူသတ်အရိပ်အငွေ့ကို တမင် မထုတ်လွှတ်လိုက်သည့်တိုင် သူ့စကားလုံးများမှ ထွက်နေသည့် အစွမ်းသည်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှပါသည်။
" ကျုပ် သေချာ မှတ်ထားပါ့မယ် သခင်ကြီး "
မဟူရာနတ်ဆိုးဘုရင်ကြီး ဟိုင်ချန်မှာ နဖူးပြင်တစ်ခုလုံး ဇောချွေးများ ပြန်သွားကာ.. လေသံတိုးတိုးဖြင့် ပြော၍ ဦးညွှတ်အရိုအသေ ပေးလိုက်၏။
" သွားတော့... ။ တစ်ခုလဲ မှတ်သွားဦး.. ဒီသတင်းသာ အပြင်ကို မရောက်လို့ကတော့ မင်းကို ငါ သတ်မှာ။ မင်း ဘယ်လောက်ဝေးဝေးကို ပြေးပြေး ၊ လွတ်မယ်မထင်နဲ့ "
လောထျန်း အေးစက်စက် ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ သခင်ကြီး "
ဟိုင်ချန် လေသံတိုးတိုးဖြင့် အရိုအသေပေးပြီး ပြောလိုက်သည်။ ထို့နောက် သူ့နောက်တွင်ရှိသော သားရဲအုပ်ဘက် ချက်ချင်းလှည့်၍ ပြော၏။
" မင်းတို့အားလုံး ကြားကြတယ်မလား ။ သခင်ကြီး ညွှန်ကြားတဲ့အတိုင်း သတင်းသွားပို့ကြလေ "
လောထျန်းအတွက် သတင်းပို့ပေးခြင်းမှာ ဝိဉာဉ်ကိုးသွယ်နတ်ဆိုးကမ္ဘာကို သစ္စာဖောက်သည့်ပုံ မပေါ်ပေရာ ဟိုင်ချန်စိတ်ထဲ အပြစ်ရှိသလို မခံစားမိပါချေ။
အမှန်တွင်မူ.. ၎င်းက ဝိဉာဉ်ကိုးသွယ်နတ်ဆိုးကမ္ဘာအား ကူညီသည့်ပုံပင် ပိုရောက်ပါသေးသည်။
ထျန်းယွမ်ကမ္ဘာမှ လူတစ်ယောက်က သူတို့ကမ္ဘာကို စစ်ကြေငြာလာခြင်းမှာ အရေးကြီးသော သတင်းတစ်ခု မဟုတ်ပါလား...
" ဟုတ်ကဲ့ပါ.. "
သားရဲအုပ် ပြန်ပြောကာ ချက်ချင်း အရပ်မျက်နှာစုံသို့ ထွက်သွားလိုက်ကြသည်။
" သခင်ကြီး ၊ ကျုပ်ကိုလဲ သွားခွင့်ပြုပါဦး "
ဟိုင်ချန်က အရိုအသေ ထပ်ပေးလိုက်ပြီး လောထျန်းပြန်ပြောသည်ကိုပင် မစောင့်ဘဲ ချက်ချင်း ထွက်သွား
လိုက်တော့သည်။
သူ မိုင်ထောင်ပေါင်းများစွာ မရပ်မနား ပျံသန်းသွားပြီးမှသာ နောက်ဆုံး အနားယူရန် ခဏတာ ရပ်ရဲတော့၏။
" ဒါ.. ဘယ်လို ဘီလူးကောင်လဲကွာ ။ ထျန်းယွမ်ကမ္ဘာမှာ အဲ့လိုလူတစ်ယောက် ဘယ်တုန်းက ပေါ်လာခဲ့တာလဲ "
ဟိုင်ချန်မှာ ထွက်ပြေးလာခဲ့သည့်တိုင် ကြောက်ရွံ့ပုံ ပေါက်နေဆဲပါပင် ။
သို့သော်.. ထိုစဉ်..
ဝုန်း..
အစွမ်းထက်အရောင်အဝါတစ်ခု သူ့ရှေ့တွင် ပေါ်လာကာ သူ့အား ချုပ်နှောင်လာ၏။
" ဟင်.. ဒီအရောင်အဝါက... "
ဟိုင်ချန်၏ ခန္ဓာကိုယ် ချက်ချင်းတောင့်တင်းသွားပြီး မတ်မတ်ရပ်လိုက်သည်။
" နတ်ဆိုးဘုရင်လေး ၊ မင်းက ဒီကိုဘာလို့ ရောက်နေတာလဲ ။ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို ရှာဖို့ပဲလား "
ခပ်အက်အက် အသံတစ်သံ ဦးစွာထွက်လာသည်။
ထိုအသံကို ကြားသောအခါ ဟိုင်ချန်ပို၍ပင် စိတ်ဓာတ်ကျသွား၏။
" သွေးနီကြေးခွံ နတ်ဆိုးသူတော်စင်ကြီးလား "
သူ တွန့်ဆုတ်စွာ မေးလိုက်သည်။
ဝုန်း..
ထိုတခဏမှာပင် သွေးနီရောင် မြွေခေါင်းကြီးတစ်ခု သူ့ရှေ့ ပေါ်လာ၏။
" မင်းက ငါ့ကို သိတယ်လား "
မြွေခေါင်းကြီးက တစ်လုံးချင်းပြောနေစဉ်မှာပင် ဟိုင်ချန်အား ညှီစို့စို့ သွေးနံတစ်ခု လွှမ်းခြုံလာသည်။
ဟိုင်ချန်မှာ မြွေခေါင်းကြီးကိုကြည့်ရင်း ငိုချတော့မ
လိုပင် ဖြစ်သွားရသည်။
သူ့ရှေ့မှ သွေးနီရောင်မြွေကြီးမှာ.... နတ်ဆိုးသူတော်စင် ကိုးယောက်ထဲမှ အရက်စက်ဆုံးဖြစ်သည့် သွေးနီကြေးခွံ နတ်ဆိုးသူတော်စင်ကြီးပါပင်..
သူ ယနေ့ မည်သည့်အတွက်ကြောင့် ဤမျှကံဆိုးပြီး ဘီလူးကြီးများနှင့် တွေ့နေရပါသနည်း ။
" ငါ မင်းကို မေးနေတယ်လေ "
သွေးနီကြေးခွံမြွေကြီးက အနည်းငယ် စိတ်မရှည်နိုင် ဖြစ်လာဟန်ဖြင့် အေးစက်စက် ထပ်မေးလာသည်။
ဟိုင်ချန်မှာလည်း သူ့စကားကြောင့် ချက်ချင်း အသိပြန်ဝင်လာ၏။
" တွေ့ရတာ ဝမ်းသာပါတယ် သခင်ကြီး ။ ကျုပ်.. ကျုပ် ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို တွေ့ခဲ့ပါတယ် "
သူ အသံတုန်တုန်ဖြင့် ပြန်ဖြေလိုက်သည်။
" ဘယ်လို "
သွေးနီကြေးခွံမြွေကြီး အံ့အားသင့်သွားဟန် တူ၏။
" ကမ္ဘာနှစ်ခုကြား တံခါးပေါက် တကယ်ကြီးပေါ်လာတာလား "
မြွေကြီးဘေးမှလည်း အံ့သြနေသည့် အမျိုးသမီး အသံတစ်သံ ထွက်လာသည်။
အသံလာရာဘက် လှည့်ကြည့်လိုက်သော ဟိုင်ချန်တစ်ယောက် နှလုံးခုန် မြန်သွားရပြန်၏။
" ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီးလား.. "
သူ့နှလုံး ပေါက်ထွက်တော့မလိုပါပင် ။
ယခု ရှေ့မှ ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မှာ သွေးနီကြေးခွံမြွေကြီးလောက် မရက်စက်သည့်တိုင် နတ်ဆိုးသူတော်စင် ကိုးယောက်ထဲ၌ ကြောက်စရာအကောင်းဆုံး ဖြစ်ပါသည်။
ထို ဘီလူးကြီးနှစ်ယောက်သာ ပေါင်းလိုက်ပါက သူ အမှန်တကယ် ကံဆိုးလေပြီ ။
" ကမ္ဘာနှစ်ခုကြား တံခါးပေါက်က တကယ်ကြီး ပေါ်လာတာပါ ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်
သခင်မကြီး "
ဟိုင်ချန်မှာ သတိလက်လွတ် မနေဝံ့ဘဲ မြန်မြန်ပြောလိုက်သည်။
ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်က မျက်မှောင်အနည်းငယ်ကြုံ့ကာ ပြန်ပြော၏။
" နတ်ဆိုးခန္ဓာကိုယ်နန်းတော်က ပြောတာတော့ ကမ္ဘာနှစ်ခုကြား တံခါးပေါက်က နောက်တစ်လကျော်လောက်မှ ပေါ်လာမှာဆို ။ လုံးဝ အဓိပ္ပါယ်မရှိတာပဲ... ။ ကြည့်ရတာ နတ်ဆိုးနတ်ဘုရားကြီးက ထျန်းယွမ်ကမ္ဘာကို တစ်ယောက်တည်း အပိုင်သိမ်းချင်လို့ တမင်သက်သက် သတင်းမှား ဖြန့်လိုက်တာနဲ့တူတယ် ။ ကံကောင်းလို့သာ ငါ့ရဲ့ နတ်ဘုရားအသိစိတ် သုံးပုံတစ်ပုံလောက်ကို ကမ္ဘာပတ်လမ်းကိုကြည့်ဖို့ ချန်ထားမိတော့ တစ်ခုခုလွဲနေတာ သတိထားမိသွားတာ ။ မဟုတ်လို့ကတော့ နောက်မှာ ကျန်နေခဲ့ရမှာသေချာတယ် "
သွေးနီကြေးခွံမြွေကြီး ၊ ရွှယ်လင်းကလည်း အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
" ဒါကို နောက်မှ ပြောကြတာပေါ့ ။ အခု ငါ မေးချင်တာတစ်ခုရှိတယ် "
ရွှယ်လင်းက ထိုသို့ပြောပြီး မဟူရာနတ်ဆိုးဘုရင်ကြီး ၊ ဟိုင်ချန်အား ကြည့်လိုက်၏။
" မင်းက ကမ္ဘာနှစ်ခုကြားတံခါးပေါက်ကို မြင်ခဲ့တယ်ဆိုရင်.. ဘာဖြစ်လို့ ထျန်းယွမ်ကမ္ဘာကိုသွားပြီး မတိုက်ခိုက်တာလဲ ။ မင်းက နတ်ဆိုးဘုရင်တစ်ပါးပဲ ဆိုပေမယ့် ထျန်းယွမ်ကမ္ဘာမှာက မင်းကိုယှဥ်နိုင်တဲ့သူ မရှိနိုင်ဘူးလေ ။ အခု ဘာလို့နောက်ဆုတ်လာတာလဲ "
ရွှေကင်းခြေများနတ်ဆိုးသူတော်စင်ကလည်း ထိုသို့ တွေးမိဟန်တူကာ ဟိုင်ချန်အား ကြည့်လာသည်။
ဂလု..
ဟိုင်ချန်တစ်ယောက် တံတွေးကို ခက်ခက်ခဲခဲမြိုချကာ ပြောလိုက်ရ၏။
" သခင်ကြီး.. ဖြစ်ခဲ့တာက ဒီလိုပါ........ ။ ကမ္ဘာနှစ်ခုကြားတံခါးပေါက် ပွင့်သွားပေမယ့် ကျုပ် ထျန်းယွမ်ကမ္ဘာထဲကို လုံးဝ မဝင်ရသေးပါဘူး "
" ဟင်.. ဘာဖြစ်လို့လဲ "
ရွှေကင်းခြေများနတ်ဆိုးသူတော်စင်က တအံ့တသြ ပြန်မေးလိုက်သည်။
" ဘာလို့လဲဆိုတော့ ထျန်းယွမ်ကမ္ဘာက လူတွေ ကျုပ်တို့ကို တိုက်ခိုက်နေလို့ပါ "
ဟိုင်ချန် မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။