စွမ်းအားရှင်မုဆိုးများ
Vol. 9 Ch. 131
ဖုန်း ဖုန်း ဝုန်း
ဖုတ်ကောင်များ ထူထပ်လှသော လမ်းတစ်ခုပေါ်တွင်၊ ဘူဒိုဇာအသွားတပ်ဆင်ထားသည့် ထရပ်ကားတစ်စီးသည် သွေးစွန်းသော လမ်းကြောင်းတစ်ခုကို ဖြတ်သန်းထိုးဖောက်လျက်ရှိသည်။ ၎င်း၏အနောက်တွင်၊ အမျိုးသမီးများနှင့် ကလေးငယ်များ ပြည့်နှက်နေသော သံချပ်ကာဘတ်စ်ကားတစ်စီးနှင့်အတူ၊ လမ်းကြမ်းယာဉ်များနှင့် ပစ်ကပ်ကားများသည် အဆက်မပြတ် လိုက်လာနေသော ရန်သူများကို ရူးသွပ်စွာ ပစ်ခတ်လျက်ရှိသည်။
“သူတို့ မှီလာပြီ”
ပစ်ကပ်ကားတစ်စီးမှ ယာဉ်မောင်းသူက နောက်ကြည့်မှန်ကို တစ်ချက်ကြည့်ပြီး အော်ဟစ်လိုက်သည်။
“သေစမ်းကွာ…”
ယဉ်တန်းခေါင်းဆောင်၊ နဖူးပေါ်တွင် သွေးစီးကြောင်းများဖြင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် လမ်းကြမ်းယာဉ်တစ်စီး၏ ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည်။ ရှေ့တွင် အဆုံးမရှိသော ဖုတ်ကောင်အုပ်ကို မြင်လိုက်ရသောအခါ သူသည် သွားများကို တင်းတင်းကြိတ်လိုက်သည်။
“ဘာလို့ ဒီဖုတ်ကောင်တွေ အားလုံး ငါတို့ကို လိုက်နေရတာလဲ”
“ဒုံးကျည်လာနေတယ်”
ထိတ်လန့်သံတစ်ခုက လက်ကိုင်စကားပြောစက်မှ အော်ဟစ်လာသည်။
ဝှီး အုန်းး
နောက်မှလိုက်လာသော လမ်းကြမ်းယာဉ်တစ်စီးသည် မီးလျှံများဖြင့် ပေါက်ကွဲသွားပြီး၊ ယာဉ်သည် ပက်လက်လှန်သွားသည်။ အတွင်းရှိလူများသည် ချက်ချင်းဆိုသလို မီးလျှံများအဖြစ် ပြောင်းလဲသွားသည်။
“အားကျီ…လီချီယန်”
သက်လတ်ပိုင်းအမျိုးသားသည် ဆို့နစ်စွာ အော်ဟစ်လိုက်သော်လည်း၊ လက်ကိုင်စကားပြောစက်မှ တိတ်ဆိတ်မှုသာ ပြန်လည်ထွက်ပေါ်လာသည်။
“သောက်ကျိုးနည်း၊ ပြန်တိုက်မယ်”
သူ၏မျက်လုံးများသည် ဒေါသတကြီး တောက်လောင်လာပြီး၊ နီရဲသော သံချပ်ကာများသည် သူ၏လည်ပင်းနှင့် မျက်နှာတစ်လျှောက် ပျံ့နှံ့သွားသည်။ သူ၏လက်များသည် တရန်နိုဆောရက်စ်ကဲ့သို့ ဧရာမသားရဲလက်သည်းများအဖြစ် ပြောင်းလဲသွားသည်။ တွန့်ဆုတ်မှုမရှိဘဲ၊ သူသည် တံခါးကို ခြေဖြင့်ကန်ဖွင့်ကာ ကားအမိုးပေါ်သို့ တက်လိုက်သည်။
အဖွဲ့သားများ၏ မျက်လုံးများသည် ဒေါသဖြင့် နီရဲလာလေသည်။ ချက်ချင်းပင်၊ သေနတ်တစ်ဒါဇင်ခန့်သည် ချဉ်းကပ်လာသော ရန်သူယာဉ်များဆီသို့ ကျည်ဆန်မုန်တိုင်းကို ထုတ်လွှတ်လိုက်သည်။
ရာပေါင်းများစွာ အကွာတွင်၊ အစိမ်းရောင်ပန်းချီကနုတ်များဖြင့် ဖုံးအုပ်ထားသော အနက်ရောင်ထရပ်ကားသုံးစီးသည် တိုက်ပွဲအတွက် ပြုပြင်ထားသော သံချပ်ကာစစ်ယာဉ်များကို ဦးဆောင်နေသည်။ ဆံပင်ရွှေရောင်ရှိသော လူဆိုးတစ်ဦး၊ မျက်နှာပေါ်တွင် တက်တူးများဖုံးလွှမ်းထားပြီး၊ SUV တစ်စီးပေါ်တွင် ဒုံးကျည်လောင်ချာကို ကိုင်ဆွဲထားသည်။ ကစဥ့်ကလျားအခြေနေတွင် သူ၏ပါးစပ်၌ ဆေးလိပ်တစ်လိပ် ရှိနေပြီး ရှေ့မှ ပျက်စီးနေသော မြင်ကွင်းကို ရူးသွပ်နေသော အမူယာဖြင့် ပြုံးမေလေသည်၊၊
“ဟားဟား၊ ဖမ်းမိပြီ”
သူသည် ကားအမိုးကို စိတ်လှုပ်ရှားစွာ ရိုက်လိုက်သည်။
“ဘော့စ်၊ လိုလိုက ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ပြီး သူတို့ကို လုံးဝ ထောင်ဖမ်းထားလိုက်မယ်”
ယာဉ်မောင်းသူ၊ အသက်သုံးဆယ်အစောပိုင်းရှိ ကတုံးဆံပင်ဖြင့် ယုတ်မာကောက်ကျစ်သည့် မျက်နှာနှင့် အမျိုးသားတစ်ဦးမှာ ကျီးနက်လေးကောင်၏ ခေါင်းဆောင်—ကျောက်လုံဖြစ်သည်။
ကျောက်လုံက ပေါ့ပေါ့ပါးပါး ပြုံးလျက်၊ လက်ကိုင်စကားပြောစက်ကို ကောက်ယူပြီး တိုးညှင်းသောအသံဖြင့် ပြောသည်။ “ဖြည်းဖြည်းမောင်း။ ငါတို့ ယူပေမြို့ထဲကို ဝင်နေပြီ။ ဖုတ်ကောင်တွေ အများကြီး နှိုးလိုက်မိရင် နောက်ဆက်တွဲ တုံ့ပြန်မှုတွေ ဖြစ်လာလိမ့်မယ်”
“ဘော့စ် ဖြည်းဖြည်းမောင်းရမယ်လား၊ ဘာလို့လဲ” ဆံပင်ရွှေရောင်နှင့် လူဆိုးက မျက်မှောင်ကြုတ်လျက် မေးသည်။
“မင်းဘာမှ မသိဘူး”
ကျောက်လုံက မထီမဲ့မြင်ပြုံးလျက်၊ ထွက်ပြေးနေသော ယဉ်တန်းကို စူးစိုက်ကြည့်သည်။ သူသည် ထူးဆန်းစွာ တည်ငြိမ်သောအသံဖြင့် ပြောသည်။
“လမ်းရှင်းပေးမယ့်သူတွေ ရှိတာ မဆိုးပါဘူး။ ဘယ်လိုလုပ် သူတို့ လွတ်နိုင်မှာလဲ။ အမဲလိုက်ခြင်းရဲ့ စိတ်လှုပ်ရှားမှုက အဲဒီမှာပဲ ရှိတယ်”
“ဟီးဟီး၊ သိပြီ၊ သိပြီ”
ထရပ်ကားများ၏ ရှေ့ဆုံးတွင်၊ သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦးက ယာဉ်မောင်းနေပြီး ဆံပင်တိုတိုခရမ်းရောင်နှင့် နှုတ်ခမ်းဖောက်ထားသည့် ပန့်ခ်စတိုင်အမျိုးသမီးတစ်ဦးက သူ၏ဘေးတွင် ပေါ့ပေါ့ပါးပါး ထိုင်နေသည်။ သူမ၏ ထူးဆန်းသော အစိမ်းရောင်မျက်လုံးများသည် သူမ၏စွမ်းအားအနည်းငယ် အားနည်းလာဟန်ဖြင့် ဆတ်ခနဲ မှိန်ဖျော့သွားသည်၊၊
သူမက ယာဉ်မောင်းကို စူးရှစွာ ကြည့်လိုက်သည်။ “ဘော့စ်ပြောတာ ကြားတယ်မလား။ ဖြည်းဖြည်းမောင်း”
“ဟုတ်ပြီ”
ဝဖိုင့်နေသော ယာဉ်မောင်းက အပြုံးတစ်ခုကို လုပ်ယူလိုက်သော်လည်း၊ သူ၏မျက်လုံးများထဲတွင် မကျေနပ်မှုတစ်ခု ဖြတ်ခနဲ ဖြစ်သွားသည်။
အကယ်၍ လင်းရှန်သာ ဤနေရာတွင် ရှိနေခဲ့လျှင်၊ သူသည် ဤယာဉ်မောင်းကို ချက်ချင်းမှတ်မိလိမ့်မည်—ပိုင်ဝမ်မြို့စခန်းတွင် ချီယုကို အေးစက်စွာ ပစ်သတ်ခဲ့ပြီး ခိုးယူထားသော ယာဉ်ဖြင့် ထွက်ပြေးသွားသော ကျိုးလီဖြစ်သည်။ သူ၏ပြင်ပပုံစံသည် ရိုးသားပုံပေါ်သော်လည်း၊ သူ၏မျက်လုံးများသည် ပါးနပ်ကာ ရက်စက်ကြမ်းကြုတ်ဖြင့် အမြဲပြည့်နှက်နေသည်။
ထိုညက၊ ဖုတ်ကောင်အုပ်ကြီး၏ အုံကြွမှုကြောင့် သူသည် စခန်းမှ အနိုင်နိုင်ထွက်ပြေးခဲ့သည်။ အနက်ရောင်ယဉ်တန်း၏ ထောက်ပံ့ရေးထရပ်ကားများ၏ ထက်ဝက်ကို လုယူပြီးနောက်၊ သူသည် ကျန်ရှိသော လူများကို စုစည်းကာ လမ်းတစ်လျှောက်တွင် လူသစ်များကို ခေါ်ယူခဲ့သည်—သန္ဓေပြောင်းစွမ်းအားရှင်တစ်ဦးလည်း ပါဝင်လာခဲ့သည်။ သူ၏အဖွဲ့သည် သိသိသာသာ ကြီးထွားလာပြီး၊ အလယ်အလတ်အဆင့်သို့ နီးကပ်လာသည်။
သို့သော် သူတို့သည် ကျီးကန်းနက်လေးကောင်အဖွဲ့နှင့် ပက်ပင်းတိုးမိလေသည်။ ထိုနာမည်ဆိုးဖြင့်ကျော်ကြားသော အဖွဲ့သည် ၎င်းတို့ကို သနားညှာတာမှုမရှိဘဲ ဝါးမျိုလိုက်ပြီး၊ သူ၏ယဉ်တန်းတစ်ခုလုံးကို သိမ်းပိုက်လိုက်သည်။ ခုခံနိုင်စွမ်းမရှိသဖြင့်၊ ကျိုးလီသည် လက်နက်ချရုံမှတစ်ပါး ရွေးချယ်စရာမရှိဘဲ၊ ဦးဆောင်ထရပ်ကား၏ ယာဉ်မောင်းတစ်ဦးသာဖြစ်လာခဲ့သည်။
သူ၏ဘေးတွင်ရှိသော ခရမ်းရောင်ဆံပင်ရှိအမျိုးသမီး—လိုလိုသည် ကျီးနက်လေးကောင်အဖွဲ့တွင် တတိယအဆင့်ဖြစ်သည်။ ကျိုးလီသည် သူမ၏ ထိတ်လန့်ဖွယ်စွမ်းအားကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသည်။ သူမသည် ဖုတ်ကောင်များကို ရူးသွပ်စေပြီး၊ သတ်မှတ်ထားသော ပစ်မှတ်များကို တိုက်ခိုက်ရန် ကွင်းဆက်တုံ့ပြန်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ ၎င်းသည် အမှန်တကယ် ကြောက်မက်ဖွယ်ဖြစ်သည်။
လိုလို၏ လွှမ်းမိုးမှုအောက်တွင်၊ ထွက်ပြေးနေသော ယဉ်တန်းဆီသို့ တဟုန်ထိုးပြေးလွှားနေသော ဖုတ်ကောင်များသည် ရုတ်တရက် နှေးကွေးသွားသည်။ သို့သော်၊ မြို့တွင်းရှိ အုံကြွမှုသည် သူမ၏ ထိန်းချုပ်မှုထဲမှ လွတ်ထွက်သွားခဲ့ပြီဖြစ်သည်။ ဧရိယာတစ်ခုလုံးသည် ရူးသွပ်သော တိုက်ပွဲကွင်းပြင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ယဉ်တန်းနှစ်ခုစလုံးသည် ဖုတ်ကောင်များကို ပို၍ဆွဲဆောင်လာသည်။
ထပ် ထပ် ဒုန်းး ဒုန်း
သေနတ်သံများသည် ပိုပြင်းထန်လာသည်။ ထရပ်ကားသည် ဦးခေါင်းခွံများကို ဖြတ်သန်းဖောက်ထွင်းကာ၊ ဖျက်စီးခံရသော အလောင်းများကို လမ်းတစ်လျှောက် ပြန့်ကျဲသွားသည်၊၊
ကျောက်လုံသည် ထွက်ပြေးနေသော ယဉ်တန်းမှ စွမ်းအားရှင်တစ်ဦးက သူတို့၏ ယာဉ်အမိုးပေါ်သို့ ခုန်တက်လာပြီး၊ ရုတ်တရက် လျင်မြန်စွာ ၎င်းတို့ဆီသို့ တဟုန်ထိုးပြေးလာသည်ကို ကြည့်နေသည်။
ကျောက်လုံက မထီမဲ့မြင်ပြုကာရယ်လိုက်သည်။
“သားရဲပုံစံ စွမ်းအားရှင်တစ်ယောက်လား၊ ဆင့်ကဲပြောင်းလဲမှုတောင် မလုပ်ရသေးဘူး။ အချိန်ဖြုန်းရုံသက်သက်ပဲ”
လက်ကိုင်စကားပြောစက်ကို ကောက်ယူပြီး၊ သူသည် ပေါ့ပေါ့ပါးပါး အမိန့်ပေးသည်။
“ကော်အာ မင်းအလုပ်ရပြီ”
“ကောင်းပြီလေ”
သူပြောပြီးသည်နှင့်၊ နောက်ထရပ်ကားတစ်စီး၏ ခရီးသည်တံခါးသည် ရုတ်တရက်ပွင့်သွားသည်။ ဆံပင်ရှည်ရှည်နှင့် ဆေးမူးနေသော လူငယ်တစ်ဦး—သူ၏မျက်နှာတွင် ထူးဆန်းသော အပြုံးဖြင့်—ရုတ်တရက် ခုန်ထွက်လာသည်။
တစ်စက္ကန့်အတွင်း သူသည် အောက်ရှိ ဖုတ်ကောင်အုပ်ထဲသို့ တည့်တည့်ပြုတ်ကျတော့မည်ဟု ထင်ရသည်။ သို့သော်—ဝှစ်—သူ၏အနောက်တွင် မီးခိုးနက်ရောင်အတောင်ပံတစ်စုံ ရုတ်တရက်ပေါ်ထွက်လာပြီး၊ အားပြင်းစွာ လွှဲခတ်ကာ သူသည် ကောင်းကင်သို့ ထိုးတက်သွားကာ၊ သားရဲပုံစံသက်လတ်ပိုင်းအမျိုးသားဆီသို့ တဟုန်ထိုးပြေးသွားသည်။
“ဘိုးဘိုးက မင်းကို သင်ခန်းစာတစ်ခုသင်ပေးမယ်”
သူသည် ရယ်မောလိုက်သည်၊၊ သူ၏အမြန်နှုန်းသည် ထိတ်လန့်ဖွယ်ရာဖြစ်သည်။
စိန်ခေါ်မှုကို ဒေါသတကြီး တုံ့ပြန်လိုက်သော သက်လတ်ပိုင်းစွမ်းအားရှင်သည် အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ဆက်လက်ပြောင်းလဲနေပြီး၊ သူ၏သားရဲလက်သည်းများသည် လေထဲရှိ တိုက်ခိုက်သူဆီသို့ ရိုက်ချလိုက်သည်။
ဝှီးးး
အားပြင်းသော ရိုက်ချက်သည် ထုတ်လိုက်ပြီး သူအံ့အားသင့်သွားသည်၊၊ တစ်ဖက်လူသည် ရှောင်တိမ်းခြင်းမပြုခဲ့ပေ။ ထိုအစား၊ လက်သီးတစ်ချက်ဖြင် တန်ပြန်တိုက်ခိုက်လိုက်သည်—ချွမ်—မီးပွားများ ထွက်ပေါ်လာသည်။
သက်လတ်ပိုင်းအမျိုးသား၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။ သူ၏လက်သည်းများသည် သတ္တုတစ်ခုခုကို ထိမိသွားသည်။ အနီးကပ်ကြည့်လိုက်သောအခါ၊ ကော်အာ၏ ညာလက်သည် ယန္တရားတစ်ခုဖြင်တောက်ပနေပြီး၊ လက်အဆစ်များသည် သံမဏိဖြင့် ပြုလုပ်ထားသည်ကို တွေ့ရသည်။
“ယန္တရားလက်တုလား”
“သနားစရာပဲ”
ကော်အာက မထီမဲ့မြင်ပြုလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း၊ သူသည် လှည့်ပျံလိုက်ပြီး သက်လတ်ပိုင်းအမျိုးသား၏ လည်ပင်းကို ဆုပ်ကိုင်လိုက်ကာ၊ အတောင်ပံကို အားပြင်းစွာ လွှဲခတ်ကာ ကောင်းကင်သို့ ဆွဲယူသွားသည်။
“အား”
ထိုအမျိုးသားသည် ပြင်းပြင်းထန်ထန် ရုန်းကန်လှုပ်ရှားလိုက်ပြီး၊ သူ၏သံချပ်ကာများသည် ပြောင်းလဲမှုပိုမိုပြင်းထန်လာသည်နှင့်အမျှ တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။ လက်သည်းတစ်ဖက်သည် ကော်အာ၏ ယန္တရားလက်တုကို ဆုပ်ကိုင်ထားပြီး နောက်တစ်ဖက်က ကော်အာ၏ ဝမ်းဗိုက်ဆီသို့ ရိုက်ချလိုက်သည်။
သို့သော် ကော်အာက သူ့ကို အခွင့်အရေးပေးမည်မဟုတ်ပေ။ လေထဲတွင် ပျံသန်းနေရင်း၊ သူသည် ရုတ်တရက် ဆုပ်ကိုင်ထားမှုကို လွှတ်လိုက်သည်—ဝီးး—သူ၏သားကောင်ကို ကောင်းကင်မှ ပြုတ်ကျစေသည်။
ထိုအမျိုးသားသည် တုံ့ပြန်ရန် အချိန်မရှိမီ၊ သူသည် ရောက်လာသော ထရပ်ကား၏ လမ်းကြောင်းထဲသို့ တည့်တည့်ပြုတ်ကျသွားသည်။
ဘုန်းးး
ထိတ်လန့်ဖွယ်ရာ ထိခိုက်မှုသည် သူ၏ခန္ဓာကိုယ်ကို ဆိုင်ခန်းတစ်ခု၏ ရှေ့သို့ ပို့လိုက်ပြီး၊ သူဘယ်ရောက်သွားသည်ကိုပင် မသိတော့ပေ၊၊
“ဝိုးးး”
ဤမြင်ကွင်းသည် လိုလိုနှင့် အဖွဲ့သားများထံမှ အားပေးသံများကို ဖြစ်ပေါ်စေသည်။ ထိုအမျိုးသားသည် တစ်ချက်ပင် မရိုက်လိုက်ရပဲ ဖျက်ဆီးခံလိုက်ရသည်။
လေထဲတွင် ဆက်လက်ပျံဝဲနေရင်း၊ ကော်အာက ရယ်မောလိုက်သည်။
“နောက်ထပ် သားရဲပုံစံ စွမ်းအားရှင်တစ်ယောက်လား၊ သူက ငါ့ရဲ့ဆင့်ကဲပြောင်းလဲမှုကို မြှင့်တင်ပေးနိုင်မလား တွေးမိတယ်… ဘာပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သူတစ်ယောက်ကို မတွေ့မချင်း ဆက်ကြိုးစားရမယ်—”
ဟမ်…
စကားမဆုံးသေးခင်၊ သူသည် အနီးအနားတွင် တစ်ခုခုကို ရုတ်တရက် သတိပြုမိသည်။ သူ၏မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး၊ လမ်းအနည်းငယ်အကွာရှိ ဧရာမရထားလမ်းတစ်ခုဆီသို့ စူးစိုက်ကြည့်လိုက်သည်။
သံချပ်ကာဖြင့် ဖုံးအုပ်ထားသော ရထားတစ်စီးသည်၊ ယာဉ်ဒါဇင်ပေါင်းများစွာ၏ အကာအကွယ်ဖြင့်၊ ရထားလမ်းပေါ်တွင် အလျင်အမြန် ပြေးလွှားနေသည်။
ကော်အာ၏ အပြုံးသည် ပျောက်ကွယ်သွားသည်။ သူသည် လက်ကိုင်စကားပြောစက်ကို ဆွဲယူလိုက်သည်။
“ဘော့စ်ရေ မယုံနိုင်စရာပဲ။ ငါတို့ အရင်က သိခဲ့တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပက်ပင်းတိုးမိတယ်—အဲဒါ ချူကွမ်က ရထားပဲ”
လမ်းကြမ်းယာဉ်တစ်စီးထဲတွင်၊ ကျောက်လုံ၏ မျက်နှာထားသည် ပြောင်းလဲသွားသည်။
“ဟဟ… ဘယ်လိုတိုက်ဆိုင်မှုလဲ”
“ဘော့စ်”
ဆံပင်ရွှေရောင်နှင့်လူဆိုးက ထိုင်ခုံပေါ်သို့ ပြန်လှည့်ထိုင်လိုက်ပြီး၊ မျက်မှောင်ကြုတ်လျက် ပြောသည်။
“အရင်တစ်ခါက ကျန်းယွမ်ဆိုတဲ့ သောက်ကျိုးနည်းကောင်က ငါတို့လက်ထဲက အဆီတဝင်းဝင်း ငါးတွေကို လွတ်ထွက်သွားစေခဲ့တယ်။ အခု ပြန်ပေးဆပ်ရမယ်”
“ငါ မမှတ်မိဘူး ထင်နေလား”
ကျောက်လုံက ပြုံးလျက် လက်ကိုင်စကားပြောစက်ကို ကောက်ယူလိုက်သည်။
“လိုလို၊ ဖုတ်ကောင်တွေကို သူတို့ရဲ့ ယဉ်တန်းကို ဖြတ်ပိတ်ဖို့ ပို့လိုက်။ ကျန်တဲ့သူတွေ—နောက်လမ်းဆုံမှာ ကွေ့လိုက်”
“ရွေ့ဖို ပြင်ထားကြ”