မိုးခေါ်ခြင်းအပိုင်း(၅)
Vol. 20 Ch. 287
“တားလိုက်..သူတို့ကို အမြန်တားလိုက်” အကြီးအကဲဟန်မန်က ထိုနေရာသို့ ပြေးသွားရင်းအော်ပြောလိုက်သည်။
ဟန်မန်သည် ယဇ်ပုလ္လင်နှင့်ဝေးရာတွင်နေပြီး ပရိတ်သတ်တစ်ယောက်အဖြစ်သာ အားပေးမည်ဟု စိတ်ကူးထားခြင်းဖြစ်သည်။ သို့သော် ယန်ဆွေ့တို့ကို မြင်သောအခါ သူ့ဆုံးဖြတ်ချက်အတွက် သူနောင်တရသွားလေသည်။
သူ့ကိုအရှက်ခွဲသည်ဆိုတာထက် ယန်ဆွေ့ ၏အပြုအမူမှာ ဘိုးဘေးများနှင့် နတ်ဘုရားတို့ကို မလေးမစား လုပ်သော အပြုအမူပင်ဖြစ်လေသည်။
ဘိုးဘေးများရှိလျှင်လည်း ထိုကဲ့သို့လူများကို နတ်ဆေးဆရာမများအဖြစ် တာဝန်ပေးအပ်မည်
မဟုတ်ပါ။ ယန်ဆွေ့၏ အပြုအမူသည် ဘိုးဘေးများကို အမျက်ထွက်အောင် လုပ်ခြင်းဖြစ်သည်။ အကြီးအကဲ၏ အမြင်တွင် ယန်ဆွေ့၏ အပြုအမူများသည် မကောင်းသောနိမိတ်ဖြစ်နေသည်။
အကြီးအကဲအသစ် ဟန်မန်က ယန်ဆွေ့တို့ကို တားရန် သူ့လူတစ်ယောက်ကို လွှတ်လိုက်သည်။ သို့သော် ယန်ဆွေ့တို့အဖွဲ့က မိုးခေါ်ခြင်းပြုလုပ်မည် ပုလ္လင်ပေါ်သို့ပင်တက်ပြီးသားဖြစ်နေပေပြီ။
ပုလ္လင်ပေါ်သို့ ခြေထောက်ချလိုက်သည်နှင့် မိုးခေါ်ခြင်းအခမ်းအနားစတင်ပြီဟု အဓိပ္ပါယ်သက်ရောက်သွားသည်။
ဟန်မန်သည် သူတို့နောက်သို့လိုက်ရင်း ယဇ်ပုလ္လင်နားသို့ ရောက်သွားလေသည်။ သူသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ ဟန်မန်သည် စိတ်ဆိုးလွန်းသဖြင့် သွေးပင်အန်မတတ်ဖြစ်နေပါသည်။ သူသည် ဒေါသကို ထိန်းလိုက်ပြီး ယန်ဆွေ့ကို တားရန် ကြိုးစား
လိုက်သည်။ ယန်ဆွေ့သာ ယဇ်ပုလ္လင်ပေါ်ကို ရောက်သွားပါက သူသည် ထိုနေရာတွင် ရှိသော လူများအားလုံးကို သတ်ပစ်မိမည် ဖြစ်သည်။ သို့သော် ယန်ဆွေ့တို့မှာ ခြေတစ်လှမ်းစောသွားပြီး ဟန်မန်မှာအနည်းငယ်နောက်ကျသွားသည်။
ဟန်မန်သည် ယဇ်ပုလ္လင်ပေါ်သို့ တက်သွားသော ယန်ဆွေ့တို့အုပ်စုကို ကြည့်နေကြသည်။ သူ့မျက်လုံးများမှာ အဆိပ်သုတ်ထားသော ဓားတစ်ချောင်းလို ဖြစ်နေသည်။ ထို့နောက် သူသည် နောက်ဆုတ်လိုက်သည်။ ကံမကောင်းမှုများ သူ့ဆီရောက်လာမည်စိုးသောကြောင့် မီးဖိုကြီးနားမှ ဆုတ်ခွာလိုက်သည်။ အခုတော့ သူဘာမှမတတ်နိုင်တော့ပါ။ “နေနှင့်ဦးပေါ့ ယန်ဆွေ့ရာ…အခမ်းအနားပြီးမှ မင်းရဲ့သွေးနဲ့ နတ်ဘုရားတွေကို ပူဇော်ရမယ်”။
ယန်ဆွေ့သည် မိုးမျိုးနွယ်စုဝင်များကို လှည့်ပင်မကြည့်ပါ။ သို့သော် မျိုးနွယ်စုဝင်များ ပြောနေသော စကားများကို ကြားလိုက်ရသောအခါ သူသည် သေချင်စော်နံသွားသည်။ ထိုအချိန်တွင် သူ
နောင်တရမိသည်။ အစကတည်းက သူလက်လျှော့လိုက်လျှင် မိုးမျိုးနွယ်စုဝင်များ ထိုကဲ့သို့ ဒေါသထွက်ကြမည် မဟုတ်ပါ။ ယန်ဆွေ့ စိတ်အပူဆုံးမှာ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများအတွက် ဖြစ်လေသည်။
တွေးတောနေရင်း ယန်ဆွေ့သည် ချီတုံချတုံဖြစ်လာပြီး သူ့ခြေလှမ်းများ နှေးကွေးသွားသည်။ ထို့အချိန်တွင် ယန်ဆွေ့သည် သူ့ကျောဘက်မှ စကားသံတချို့ကို ကြားလိုက်ရသည်။
“အခုလိုအခြေအနေရောက်နေမှတော့ နောက်ပြန်လှည့်လို့မရတော့ဘူး…လုပ်စရာရှိတာ ဆက်လုပ်ကြ” ယန်ဆွေ့အမေ၏ အသံထွက်ပေါ်လာသည်။
“ငါတို့က တစ်သဘောတည်းပဲဟေ့…နောက်ပြန်လှည့်မှာ မဟုတ်ဘူး” ထိုစကားကို ပြောလိုက်သည်မှာ မီရွှိအမေဖြစ်သည်။
“စိတ်မပူပါနဲ့…ငါတို့ရှိပါသေးတယ်” မိရွှီက ပြောလိုက်သည်။
ယန်ဆွေ့သည် သူ့နောက်မှ ခြေသံများကို နားထောင်လိုက်သည်။ ထို့နောက် အသံမထွက်သောသူများ၏ ဆုံးဖြတ်ချက်ကို ယန်ဆွေ့ သိနားလည်သွားသည်။
ယန်ဆွေ့သည် အတွင်းအားထုတ်ကာ နွားမြီးကို ကိုင်လိုက်သဖြင့် သူ့လက်ပေါ်တွက် အကြောပြာပြာများပေါ်ထွက်လာလေသည်။ထို့နောက် ခဏရပ်တန့်လိုက်ပြီး ယဇ်ပုလ္လင်ဆီသို့ဆက်သွားသည်။
မိုးခေါ်ခြင်းအခမ်းအနား ပြုလုပ်မည့် ယဇ်ပုလ္လင်ပေါ်တွင် မိုးမျိုနွယ်စုဝင်များ ပြင်ဆင်ထားသော ယဇ်ပူဇော်ရာတွင် သုံးရမည့် ပစ္စည်းများ၊ အလှဆင် ပစ္စည်းများ၊ အခမ်းအနားသုံးတောင်ဝှေးများနှင့် အခြားပစ္စည်းများက အသင့်ရှိနေလေသည်။ ထို့ပြင် မိုးခေါ်ခြင်းအခမ်းအနားအတွင် အထူးကခုန်ခြင်းကိုလည်း လိုအပ်သေးသလို ဂါထာရွတ်ဆိုရန်လည်း လိုအပ်သေးသည်။ ထိုနှစ်ခုအပြင် အခမ်းအနားသီချင်းကို တီးမှုရဦးမည်။ ထို
သီချင်းကို တီးမှုတ်ပေးဖို့ လူများ လိုအပ်သေးသည်။
ယန်ဆွေ့သည် သီချင်းတီးမည့်လူများကို အခကြေးငွေပေးကာ ရှာခိုင်းထားသည်။ သို့သော် ယန်ဆွေ့သည် စင်္ကြံလမ်းပေါ်ရောက်သောအခါ သူအဖေ၊ဦးလေးနှင့် အဘိုးတို့အားလုံးကို တွေ့လိုက်ရသည်။
အံ့ဩနေသော ယန်ဆွေ့ကို မြင်လိုက်ရသဖြင့် ယန်ဆွေ့အဖေသည် သီချင်းစည်းချက်သံကို တီးခတ်ရန်သုံးသော ဗုံလေးများကို ကိုင်ပြလိုက်ပြီး ယန်ဆွေ့ကို ပြုံးပြလိုက်သည်။
ယန်ဆွေ့၏ မိဘများကလည်း ထိုနေရာသို့ ရောက်မှတော့ နောက်ဆုတ်တော့မည် မဟုတ်ပါ။
မျိုးနွယ်စုဝင်များကတော့ အခမ်းအနားမပြီးဆုံးသေးခင်တွင် သူတို့အားလုံးနှင့် ယဇ်ပုလ္လင်ကြီးကိုပါ မီးရှို့ပစ်တော့မလား မပြောတတ်ပါ။
ယန်ဆွေ့သည် စင်္ကြံပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး သူ့နားတွင် ရှိသော လူများကို ပြုံးပြလိုက်သည်။ သူ့အပြုံးမှာ ငိုမဲ့မဲ့ဖြစ်နေလေသည်။
“ဒုန်း… ဒုန်း… ဒုန်း… ဒုန်း… ဒုန်း…” စည်းချက်ညီသော ဂီတသံက စတင်ထွက်ပေါ်လာသည်။
လက်ထဲတွင်နွားမြီးကို ကိုင်ထားရင်း ယန်ဆွေ့သည်လူတစ်ရပ်ခန့်ရှိသော မိုးကျောက်တုံးကြီးကို မော့ကြည့်လိုက်သည်။ ထို့နောက် သူမျက်လုံးများ မှိတ်ထားလိုက်သည်။ သူသည် ဘယ်တုန်းကမှ မိုးကို ထိုမျှ တောင့်တမိခြင်း မဖြစ်ဖူးပါ၊ အနည်းငယ်လောက်ရွာလိုက်လျှင်ပင် အဆင်ပြေသည်။
သူသည် ဘိုးဘေးများနှင့် နတ်ဘုရားများကို သံသယဝင်နေသူ ဖြစ်သည်။ သို့သော် အခုအချိန်တွင်တော့ ဘိုးဘေးများနှင့် နတ်ဘုရားများက သူ့ကို ကူညီလေမလား မျှော်လင့်နေမိသည်။ တကြိမ်လောက်ပဲ ကူညီပါစေဦးတော့၊ သူသည် ဘာမဆိုကို ပြန်ပေးဆပ်မိမည် ဖြစ်သည်။
ယန်ဆွေ့သည် နွားမြီးကို မိုးကျောက်တုံးပေါ် လက်နှစ်ဖက်ဖြင့် တရိုတသေ တင်လိုက်သည်။ထို့နောက် အင်္ကျီလက်များကို ပင့်တင်လိုက်သည်။
အဝတ်အစားကိုချုပ်ထားသော အသားမှာ ပျော့ပြောင်းသည်လည်း မဟုတ် မာကြောသည်လည်း မဟုတ်ပါ။ သို့သော် သူ့လက်များ လှုပ်ရှားလိုက်သည့်အခါတိုင်း အင်္ကျီလက်များတွင် တွဲချီထားသော သစ်သားခေါင်းလောင်းလေးများသည် အသံများ ထွက်လာပါသည်။
ထိုအသံများနှင့် ကချေသည်ကိုးယောက်၏ ခြေသံများနှင့် လှုပ်ရှားမှုသံများကိုပါ ပေါင်းစပ်လိုက်သောအခါ မိုးစက်များကျလာသံလို ဖြစ်ပေါ်လာပါသည်။ မိုးမျိုးနွယ်စု၏ မိုးခေါ်ခြင်းအကမှာ တမူထူးသောအကဖြစ်သည်။ မျက်နှာကို ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်း ကပြရခြင်းဖြစ်လေသည်။
အခြားမျိုးနွယ်စုများတွင်လည်း တစ်ခါတရံတွင် မျက်နှာကို ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်းကပြလေ့ရှိပါသည်။ သို့သော် မိုးမျိုးနွယ်စု၏ မိုးခေါ်အကကတော့ ထူးခြားပါသည်။ အကကနေသည့်အချိန်အတွင်း ရိုးရာကချေသည်များသည် ကိုယ်နေဟန်ထားကိုလည်း ထိန်းထားရသေးသည်။ မျိုးနွယ်စုဝင်များသည် သူတို့ကိုးကွယ်သော နတ်ဘုရားများသည် ကောင်းကင်ဘုံတွင်နေထိုင်သည်ဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် နတ်ဘုရားများထံတွင် ဆုတောင်းသောအခါ သူတို့သည် ကောင်းကင်ပေါ်သို့ ရိုသေမြတ်နိုးစွာ ကြည့်ရလေသည်။
ထိုအချိန်တွင် ယန်ဆွေ့သည် ကောင်းကင်ပေါ်မှ အခြေအနေကို အကဲခတ်ကြည့်နေလေသည်။
လေများတိုက်နေသဖြင့် တစ်ခါတရံတွင် သဲများမျက်လုံးထဲဝင်ကုန်သော်လည်း ယန်ဆွေ့သည် ကောင်းကင်ပေါ်တွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကိုတော့ မြင်တွေ့နေရသည်။ သူ့တွင် ထူးခြားသော အရည်အသွေးရှိသည်။ ထို
အရည်အသွေးမှာ ရာသီဥတုကို အကဲခတ်နိုင်ခြင်းပင်ဖြစ်သည်။
“မိုးရွာမည်မဟုတ်ပါ…တစ်ပေါက်ပင်ရွာမည် မဟုတ်ပါ”
ယန်ဆွေ့သည် ဆုတောင်းခြင်းကို ဆက်လက်လုပ်ဆောင်လိုက်သည်။ ယန်ဆွေ့သည် သူ့ကိုယ်သူ အခြားလူများနှင့် မတူဟု မှတ်ယူထားသည်။ သူ့တွင် သူဂုဏ်ယူရသော အားသာချက်တစ်ခုရှိသည်ဟု သူယုံကြည်ထားသည်။ သူသည် ဘိုးဘေးများ မအောင်မြင်ခဲ့သော မိုးခေါ်ခြင်းကို အောင်မြင်ခြင်းလည်း အောင်မြင်သွားမည်။ ဆက်ကြိုးစားထား…အောင်မြင်ခြင်လည်း အောင်မြင်သွားနိုင်သည်…မိုးစက်အနည်းငယ်ကျလာလျှင် အဆင်ပြေသွားမည်။
တဖြည်းဖြည်းနှင့် သူ့ကိုယ်တွင်းမှ အားများ စုပ်ယူသုံးစွဲခံနေရသည်ကို ခံစားလိုက်ရသည်။ အတွင်းမီးလျှံ၏ အပြောင်းအလဲကို သူခံစားလိုက်ရသည်။
မိုးမရွာသေးသော်လည်း အတွင်းမီးလျှံက အပြောင်းအလဲ ဖြစ်လာပြီဖြစ်သဖြင့် သူ့အတွက် မျှော်လင့်ချက်ရောင်ခြည်သမ်းလာပေပြီ ဖြစ်သည်။
စင်မြင့်နှင့်အလှမ်းကွာနေသာ မိုးမျိုးနွယ်စုမှ လူများသည် အခြေအနေကို သဲကွဲစွာမမြင်ရပါ။ သို့သော် မီးဖိုကြီးနှင့် နီးသောသူများကတော့ အပြောင်းအလည်းကို ခံစားမိသည်။
မီးဖိုကြီးအတွင်းတွင် အတွင်းမီးလျှံပေါ်လာသည်ကို ဟန်မန်တွေ့လိုက်ရသည်။ အနီရောင် မီးတောက်သည် တဖြည်းဖြည်းပျောက်ကွယ်သွားသောအခါ ပတ်ဝန်းကျင်၏ အပူရှိန်လည်း ရုတ်တရက် ကျဆင်းသွားသည်။
“ဒါက…ဒါက…” အဘိုးအိုတစ်ယောက် ထိုအဖြစ်အပျက်ကို မယုံနိုင်အောင် ဖြစ်နေသည်။
ဟဲ့ချောင်မျက်နှာရှုံ့မဲ့သွားသည်။ ထို့နောက် “အ
ရင်နတ်ဆေးဆရာတွေတုန်းကလည်း အဲဒီလိုဖြစ်တာပဲ…ပြီးတော့ မိုးလည်း ရွာတာ မဟုတ်ပါဘူး” ဟုပြောလိုက်သည်။
အနားတွင် ရှိသော အဘိုးအိုတစ်ယောက်က သူ့ကို စူးရှစွာကြည့်နေသည်ကို မြင်လိုက်သောအခါ ဟဲ့ချောင်လန့်သွားသည်။ သူသည် နောက်ထပ်ပြောစရာ စကားများရှိနေသာ်လည်း ဆက်မပြောရဲတော့ပါ။ ဟဲ့ချောင်၏ပါတီကို ထောက်ခံသူ အများအပြားရှိသော်လည်း ကြားနေလူထုများလည်း ရှိသေးသည်။ ထိုလူများက နတ်ဆေးဆရာ ဘယ်သူဖြစ်သည်ကို ဂရုမစိုက်ပါ။ နတ်ဆေးဆရာက မိုးကို တကယ်ခေါ်နိုင်၊ မခေါ်နိုင်သာ သူတို့ ဂရုစိုက်ကြသည်။
သို့သော် ခဏအကြာတွင် ဟဲ့ချောင်က ပြောလိုက်သည်၊ အရောင်ဖျော့တော့ပြီး အပူရှိန်နည်းသော အတွင်းမီးလျှံသည် မူလအခြေအနေသို့ ပြန်ရောက်သွားပြီဟု ပြောလိုက်ခြင်းဖြစ်သည်။
မိုးခေါ်ခြင်းအောင်မြင်တော့မည်ဟုထင်နေသော သူများမှာ စိတ်ပျက်သွားကြသည်။
မိုးခေါ်ရန်ဆုတောင်းနေသော ယန်ဆွေ့သည် အတွင်းမီးလျှံကို သူမမြင်ရသော်လည်း အတွင်းမီးလျှံ၏ အပြောင်းအလဲကို သူခံစားမိနေသည်။ သူသည် ဖြစ်လာမည့်အကျိုးဆက်များကို ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်သော်လည်း တကယ်ကြုံတွေ့ရသောအခါ စိတ်ဓာတ်အတော်ကျသွားလေသည်။
ရုတ်တရက်အော်လိုက်သံကြောင့် သင်နှိုးလိုသောသူသည် ခဏလောက်ထလာကာ သမ်းဝေပြီး ပြန်အိပ်သွားသလို ဖြစ်နေသည်။
ယန်ဆွေ့၏ ကြိုးစားမှုများမှာ အလကားပင် ဖြစ်သည်။ မိုးခေါ်ခြင်းအကကို ကသည်မှာ ပြီးဆုံးတော့မည် ဖြစ်သည်။
အတွင်းမီးလျှံအရောင်မှိန်ပျောက်ကွယ်သွားသော မီးတောက်သည် နဂိုအရောင်သို့ ပြန်ပြောင်းလဲ
သွားသည်။
ထိုအခါကျမှ ဟဲ့ချောင် စိတ်သက်သာရာရသွားသည်။ မီးဖိုကြီးနားတွင် ရှိသော ထင်းတုံးကြီးများကိုကြည့်ရင်း သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် လက်များ တုန်ခါနေသည်။ အော်၍လည်း ရယ်လိုက်ချင်သည်။ အခုတော့ အခမ်းအနားပွဲပြီးဆုံးတော့မည် မဟုတ်ပါလား။ ပြီးဆုံးသွားလျှင် ယဇ်ပုလ္လင်ကို သူ့လူများအား မီးရှို့ခိုင်းလိုက်တော့မည်။
ထိုအချိန်တွင် မိုးမျိုးနွယ်စု၏ နယ်စပ်၌ သစ်သားအိမ်ထဲတွင် နေခဲ့သော ရှောက်ရွှမ်သည် သူ့စိတ်ထဲတွင် ပေါ်လာသော ဥပုံစံ ခရုခွံလေးနှင့် ပဟေဠိဖြစ်နေလေသည်။
ရှောက်ရွှမ်သည် ထိုအမှတ်အသားကို အရင်တုန်းက မြင်ဖူးလေသည်။
ကူမျိုးနွယ်စု၏ နတ်ရုပ်လိုပင်၊ ထိုနတ်ရုပ်မှာလည်း မီးတောက်ဦးချိုမျိုးနွယ်စု၏ နတ်ရုပ်လောက်မကြီးမားပေ။ ထို့ပြင် ဥခွံနှင့်နီးသော
ဘေးဘက်တွင်သာ ထိုနတ်ရုပ်ပုံစံလေး ပေါ်လာခြင်းဖြစ်သည်။