မိုးခေါ်ခြင်းအပိုင်း(၆)
Vol. 20 Ch. 288
မိုးမျိုးနွယ်စု နတ်ရုပ်၏ အပေါ်ပိုင်းသည် မျဉ်းကွေးပုံစံရှိပြီး ထိုမျဉ်းကွေးအောက်တွင် မိုးစက်များနှင့်တူသော အစက်အပြောက်များပါလေသည်။ ထိုအစက်အပြောက်များကို ရေတွက်ကြည့်သော အစက်အပြောက် ၈ခုရှိပါသည်။ နတ်ရုပ်နားတွင် မြူငွေ့လိုအရာများ ရစ်ဆိုင်းနေပါသည်။
ဥခွံထဲမှ ကူမျိုးနွယ်စု၏ နတ်ရုပ်ပေါ်လာသောအခါ ရှောက်ရွှမ်သည် အလွန်အံ့ဩခဲ့ရသည်။ အခုတော့ မိုးမျိုးနွယ်စု၏ နတ်ရုပ်လည်း ပေါ်လာပြီ ဖြစ်သည်။
မဆိုးဘူး…ရှောက်ရွှမ်တွေးလိုက်မိသည်။
ဥခွံမှ ပေါ်ထွက်လာသော နတ်ရုပ်သည် မီးတောက်ဦးချိုမျိုးနွယ်စု၏ နတ်ရုပ်လောက်
ကြီးမား၊တောက်ပခြင်းမရှိသော်လည်း ပေါ်ထွက်လာသည်ကတော့ အမှန်ပင်ဖြစ်သည်။
ပေါ်ထွက်လာသော မိုးမျိုးနွယ်စု၏ နတ်ရုပ်သည် မီးတောက်ဦးချိုမျိုးနွယ်စု၏ နတ်ရုပ်ပုံစံနှင့်မတူပါ။ သို့သော် ကူမျိုးနွယ်စု၏ နတ်ရုပ်နှင့် အနည်းငယ်တော့ ဆင်တူလေသည်။ အဖြူရောင်အလင်းများ ဖြာထွက်နေသော အရည်တစ်မျိုးကိုလည်း တွေ့ရသည်။
ရှောက်ရွှမ်သည် တလက်လက်တောက်ပနေသော မိုးမျိုးနွယ်စု၏ နတ်ရုပ် ဆက်လက်လေ့လာနေလိုက်သည်။ ပညာဆက်ခံနိုင်မှုစွမ်းရည်ကို အသုံးချကာ သူသည် ရုတ်တရက်ပေါ်လာသော မိုးမျိုးနွယ်စု၏ နတ်ရုပ်ကို အနီးကပ်ကြည့်လိုသေးသည်။
မီးတောက်ဦးချိုနတ်ရုပ်၏အောက်ခြေမီးတောက်များမှ အပြာရောင်မီးတောက်တချို့သည် မိုးမျိုးနွယ်စု၏ မီးတောက်အသေးလေးဆီ
သို့ ကူးစက်သွားလေသည်။
မတူညီသော မျိုးနွယ်စုနတ်ရုပ်များ၏ စွမ်းအင်များကြား ကွာဟမှုများ ရှိလိမ့်မည်ဟု ယူဆခဲ့ကြသည်။ အခုတော့ ထိုကဲ့သို့ မဟုတ်တော့ပါ၊ သီးသန့်ခွဲထွက်နေသော အပြာရောင်မီးတောက်သည် မိုးမျိုးနွယ်စုနတ်ရုပ်နှင့် လွယ်ကူစွာပေါင်းစပ်သွားသည်။
သူတို့၂ခုထိတွေ့မိချိန်တွင် မိုးမျိုးနွယ်စု၏နတ်ရုပ်နှင့် အစက်အပြောက်၈ခုတို့မှာ တုန်ခါသွားသည်ဟု ရှောက်ရွှမ်ခံစားမိလိုက်သည်။ ထိုအစက်အပြောက်လေး၈ခုမှာ ဘာကြောင့် မိုးရေစက်များနှင့်တူနေရသလဲဆိုတာကို ရှောက်ရွှမ်သိချင်နေသည်။
မိုးမျိုးနွယ်စုနတ်ရုပ်စီမှ တောက်ပသော အရည်လိုလို အစက်ကလေးတစ်စက် ကျလာသည်။ ရှောက်ရွှမ်ထို အစက်ကလေး ဘယ်နေရာကိ ကျမလဲ သိချင်သဖြင့် လိုက်ကြည့်နေမိသည်။ သို့သော် ထိုအစက်ကလေးမှာ အောက်သို့ အနည်းငယ်သာ
ကျခြင်းဖြစ်သည်။ မိုးမျိုးနွယ်စုနတ်ရုပ်စီမှ စီးကျလာသော အစက်ကလေးသည် မြူငွေ့အဖြစ်ပြောင်းလဲသွားပြီး အနားတွင် ရှိသော မြူငွေ့များနှင့် ပေါင်းစပ်သွားသည်။ နတ်ရုပ်ကို ကြည့်လိုက်သောအခါ ထိုအစက်အပြောက်ထွက်လာသောနေရာတွင် နောက်ရေစက်ကလေးတစ်စက်ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုအရာမှာ အစပဲရှိသေးသည်။ ခလုတ်တစ်ခုကို နှိပ်လိုက်သည့်အလား မိုးမျိုးနွယ်စုနတ်ရုပ်မှ ရေစက်ကလေးသည် အောက်သို့ စီးကျသွားပြန်သည်။ ထိုအစက်ကလေး အခိုးအငွေ့အဖြစ် ပျောက်ကွယ်သွားသောအခါ နောက် အစက်ကလေးတစ်စက် ထပ်မံထွက်ပေါ်လာသည်။
အစပိုင်းတွင် အစက်ကလေး ၁စက် ၂စက်လောက်သာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ နောက်ပိုင်းတွင်တော့ အစက်အပြောက်ကလေး ၈ခုသည် လှုပ်ရှားလည်ပတ်နေကြသည်။ ကြည့်ရသည်မှာ မိုးရွာနေသည့်ပုံစံနှင့်ပင်တူနေသေးတော့သည်။
ရုတ်တရက် ရှောက်ရွှမ်သည် ယန်ဆွေ့ပြောလိုက်သော မိုးမျိုးနွယ်စု၏ အတွင်းမီးလျှံအကြောင်းကို သတိရသွားသည်။ မိုးမျိုးနွယ်စု၏ အတွင်းမီးလျှံတွင် ပြဿနာတစ်ခုခုရှိနေသည်ဟု ယန်ဆွေ့ပြောဖူးသည်။ နှစ်စဉ် ရိုးရာအခမ်းအနားကျင်းပသည့်အခါမှလွဲ၍ အတွင်းမီးလျှံကို တောက်လောင်အောင် လုပ်ပေးလို့မရခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့သည် မိုးခေါ်သည့်အခါတိုင်းမအောင်မြင်ခြင်း ဖြစ်သည်။
အခုတော့ ရှောက်ရွှမ်အမြင်တွင် နတ်ရုပ်သည် အိပ်ရာမှ နိုးထလာသလိုဖြစ်နေသည်။ ရှောက်ရွှမ်နည်းနည်းတုန်လှုပ်သွားသည်။ အပြင်ဘက်ကမ္ဘာတွင် အားလှိုင်းတစ်ခု စီးဆင်းနေကြောင်း သူခံစားလိုက်ရသည်။
ရှောက်ရွှမ်သည် ပြင်ပလောကကို ပြန်ကြည့်လိုက်မိသည်။
အခန်းထဲတွင် ရာသီဥတုကြောင့် မည်းမှောင်နေ
သော်လည်း ရှောက်ရွှမ်သည် လဲ့နှင့် ထွော်တို့၏ အပြုုအမူများကိုတော့ မြင်နေရသေးသည်။ သူတို့၂ယောက်သည် အိမ်ထဲတွင် မတ်တပ်ရပ်နေပြီး မိုးမျိုးနွယ်စုဝင်များရှိသော နေရာဘက်သို့ လှမ်းကြည့်နေသည်။
“ဘယ်လိုဖြစ်တာလဲ”
“ဘာဖြစ်လို့ ဒီလောက်အားကြီးတဲ့ နတ်စွမ်းအင်တွေ ထွက်လာတာလဲ”
အခြားမျိုးနွယ်စုတစ်ခုမှ ထွက်ပေါ်လာသော တွန်းကန်အားတို့ကြောင့် လဲ့နှင့် ထွော်တို့သည် အိမ်ပြင်သို့ ထွက်လာကြသည်။
အပြင်ဘက်တွင် လေထန်နေပြီး သဲများကလည်း လေထဲတွင် ပြည့်နှက်နေသည်။ အခြေအနေက အရင်ရက်များထက်ပင်ဆိုးရွားနေသေးသည်။ လဲ့၏ ဆံပင်များမှာ ရှုပ်ပွသွားပြီး မျက်လုံးမှာလည်း ဖုံဝင်သဖြင့် မှိတ်တုတ် မှိတ်တုတ် ဖြစ်နေလေသည်။ အသက်ရှုလျှင်လည်း
လေထဲတွင် သဲများရှိနေလေသည်။
ကောင်းကင်နှင့် ပတ်ဝန်းကျင်မှာ အဝါရောင် ဖုန်များနှင့် ပြည့်နှက်နေသည်။ မြင်ကွင်းလုံးဝမကောင်းသောကြောင့် မိုးမျိုးနွယ်စုကို မြင်ရဖို့အသာထားရှေ့တွင်ရှိသော သစ်သားအိမ်လေးများကိုပင် မမြင်ရတော့ပါ။
သူတို့သည် မိုးမျိုးနွယ်စု၏ အခြေအနေကို သိချင်သော်လည်း သဲများကိုသာ မြင်တွေ့နေရသည်။
ရှောက်ရွှမ်သည် မျက်နှာကို လက်ဖြင့်အသာဖုံးအုပ်ထားလိုက်ပြီး သူ့ကိုယ်ပေါ်ကို သဲများနှင့် ဖုံများမကျအောင် ကာကွယ်ထားလိုက်သည်။ ရှောက်ရွှမ်သည် ရုတ်ရုတ်သဲသဲ ဖြစ်နေသော အသံများကို သေချာနားထောင်နေသည်။ လူအရေအတွက်မှာ များလွန်းသဖြင့် သူတို့ဘာပြောနေလဲဆိုတာကို မသိနိုင်ပါ။ သို့သော် ထိုလူအုပ်ရှိ
သောနေရာတွင် နတ်ရုပ်စွမ်းအင်မှာ အလွန်ကောင်းနေကြောင်း သူခံစားလိုက်ရပါသည်။
သူတို့သုံးယောက်သာမက အခြားခရီးသွားအဖွဲ့ဝင်များပါ အိမ်ပြင်သို့ထွက်လာကြသည်။ အခြေအနေထူးခြားသည်ကို မတွေ့ရသော်လည်း ရာသီဥတုကတော့ လေထန်နေသေးသည်။ ခဏတဖြုတ် မကျေမနပ်ရေရွတ်နေကြပြီးနောက် အိမ်ထဲသို့ ပြန်ဝင်သွားကြလေသည်။
“ဟိုဘက်မှာ ဘာတွေဖြစ်နေတာလဲ မင်းသိလား…မိုးခေါ်တာ အခုလိုအသံမျိုးတွေ ထွက်ပါ့မလား” တစ်ယောက်ကမေးလိုက်သည်။
“မိုးခေါ်ရင်ဘယ်လိုအသံမျိုးထွက်လဲတော့မသိဘူး…ဒါပေမဲ့ မိုးရွာမှာ မဟုတ်တာတော့ သေချာတယ်”
“ဘာပဲဖြစ်ဖြစ် ငါကတော့ ရာသီဥတုကိုပဲ ပြန်ကောင်းစေချင်တယ်…ဒါမှ ငါတို့ခရီးဆက်သွားလို့ရမှာ”
မိုးမျိုးနွယ်စု၏ မီးဖိုကြီးပေါ်တွင်ဆောက်ထားသော ယဇ်ပုလ္လင်ကြီးပေါ်တွင် မိုးခေါ်ခြင်းအတွက် အက ကခုန်ခြင်းနှင့် ဂါထာရွတ်ဆိုခြင်းတို့ကို လုပ်ဆောင်နေကြသည်မှာ ပြီးတော့မည်ဖြစ်သည်။ နောက်ဆုံးတွင်တော့ အားလုံးသည် ဒူးထောက်လိုက်ပြီး နဖူးများကို သဲပြင်နှင့် ထိကပ်လိုက်ကာ၊ထိုအတိုင်းနေနေကြတော့သည်။
အခြားသူများကဲ့သို့ပင် ယန်ဆွေ့သည် ဘာမှမပြောတော့ဘဲ သေခြင်းတရားကိုသာ စောင့်ဆိုင်နေလိုက်တော့သည်။ သူတို့သည် ယဇ်ပုလ္လင်ပေါ်သို့တက်လာကတည်းက အသက်ရှင်လျက် ပြန်ဆင်းလို့ရတော့မည်မဟုတ်ပါ။
ယန်ဆွေ့လက်ကောက်ဝတ်တွင် ချိတ်ဆွဲထားသော ခေါင်းလောင်းလေးမှာ လေတိုက်သဖြင့် လှုပ်ခါနေပြီး မိုးရွာကျရာမှ ထွက်သော အသံမျိုးထွက်ပေါ်လာသည်။ သို့သော် အသံထွက်ပေါ်လာခြင်းသာဖြစ်သည်၊ တကယ်မိုးရွာတာမဟုတ်ပါ။
အခမ်းအနားပွဲပြီးဆုံးလေပြီ၊ အကအခုန်နှင့် တီးမှုတ်ခြင်းများကို ရပ်တန့်လိုက်ကြသည်။ ယဇ်ပုလ္လင်အောက်တွင် ဒူးထောက်နေသူများကတော့ မကျေမနပ်ဖြစ်နေကြသည်။ နှစ်စဉ်မိုးခေါ်ရာတွင် တစ်ကြိမ်မှ မအောင်မြင်သော်လည်း အခေါက်တိုင်းတွင်တော့ သူတို့သည် အနည်းငယ်မျှော်လင့်မိသည်သာ။ နှစ်စဉ်ကြုံတွေ့နေရသော သူများကတော့ ထုံးစံလိုဖြစ်နေပြီး သူတို့မျက်နှာများမှာ ခံစားချက်မရှိသလိုဖြစ်နေသည်။ ဟဲ့ချောင်ကဲ့သို့ ယန်ဆွေ့နှင့် နတ်ဆေးဆရာနေရာကို ပြိုင်ဆိုင်ခဲ့ဖူးသောသူများကတော့ တိတ်တဆိတ်ပျော်ရွှင်နေကြသည်။
သူ့ရှေ့တွင်ရှိနေသော ဟန်မန်ကို ကြည့်လိုက်ကာ ဟဲ့ချောင်သည် ရှေ့သို့၂လှမ်းတိုးလိုက်ပြီး တီးတိုးပြောလိုက်သည် “အားလုံးအဆင်သင့်ပဲ” ။
ဟန်မန်၏မျက်လုံးများ အရောင်လက်သွားပြီး ရှေ့တွင်ရှိသော လူအိုကြီးများကို ကြည့်နေလေသည်။ ထိုလူအိုကြီးများထဲတွင် သူတို့ကို
ထောက်ခံသူများ ပါဝင်သလို ကြားနေများလည်းပါဝင်သည်။ သူစိုးရိမ်သည်မှာ ထိုကြားနေလူထုကို ဖြစ်သည်။
ကံကောင်းချင်တော့ ယန်ဆွေ့မိုးခေါ်တာမအောင်မြင်သဖြင့် ထိုကြားနေများသည် စိတ်ပျက်သွားကြသည်။ ထို့ကြောင့် ယန်ဆွေ့သည် “ယန်ဆွေ့သည် ဘိုးဘေးများနှင့် နတ်ဘုရားများကို စော်ကားခြင်း၊ ဘိုးဘေးများ၏ ရည်ရွယ်ချက်ကို ဖျက်ဆီးခြင်း၊ မိုးနတ်မင်းကို ရန်စခြင်း စသည့်အပြစ်တို့ကို ကျူးလွန်သောကြောင့် သူဟာ ကျုပ်တို့မျိုးနွယ်စုရဲ့ နတ်ဆေးဆရာ မဟုတ်တော့ပါဘူး” ဟု အသံနက်ကြီးဖြင့်အော် လိုက်လေသည်။
ဟန်မန်နှင့် ဟဲ့ချောင်တို့သည် ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သောအခါ သူတို့ကို ဆန့်ကျင်ခဲ့သောသူများသည် အသံတိတ်နေသည်ကို တွေ့လိုက်ရသည်။
ဟန်မန်၏ စကားဆုံးပြီးနောက်တွင် ဟဲ့ချောင်သည် ပျော်ရွှင်စွာဖြင့် “ထင်းမီးတွေအသင့်ပြင်
ထားလိုက်”။
ထိုနေရာတွင် စောင့်နေသောသူများသည် ထင်းစည်းများနှင့် ကောက်ရိုးခြောက်များကိုသယ်လာပြီး ယဇ်ပုလ္လင်အောက်ခြေနားတွင် ပုံထားလိုက်ကြသည်။
ယဇ်ပုလ္လင်ပေါ်မှလူများသည် အောက်မှ အခြေအနေများကို ကောင်းစွာမြင်နေရလေသည်။
ထင်းမီးများတဖြည်းဖြည်းနီးကပ်လာသောအသံကို ကြားလိုက်ရသောအခါ ယန်ဆွေ့သည် စင်္ကြံလမ်းပေါ်တွင် ရှိသမျှ လူအားလုံး ကြားနိုင်သောအသံဖြင့် အော်ပြောလိုက်သည် “တောင်းပန်ပါတယ်”။
ယဇ်ပုလ္လင်အောက်တွင်တော့ ယန်ဆွေ့ကို နတ်ဆေးဆရာအဖြစ်မှ ဖယ်ရှားပြီး နတ်ဆေးဆရာအသစ်ဖြစ်ချင်နေသော ဟဲ့ချောင်က မီးတုတ်ကို ကိုင်ထားသည်။ ထို့နောက် ယဇ်ပုလ္လင်အောက်ခြေ
တွင် ပုံထားသော ထင်းပုံကြီးကို မီးရှို့ရန် လှမ်းသွားလိုက်သည်။
“သူတို့ကို မီးရှို့သတ်ပစ်” “သူတို့ကို မီးရှို့သတ်ပစ်” “ဘိုးဘေးတွေကို သိက္ခာချတဲ့လူတေါ..မိုးနတ်မင်းကို စော်ကားတဲ့လူတွေ မီးရှို့သတ်ပစ်သင့်တယ်” ။
လူအများ၏ စကားသံများကို ကြားလိုက်ရသောအခါ ယန်ဆွေ့သည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး သေမည့်အချိန်ကို စောင့်နေလိုက်သည်။ မိုးခေါ်ခြင်းအခမ်းအနားမအောင်မြင်ခဲ့ပါ။မိုးခေါ်ရန်အတွက် သူ့တွင် ရှိသမျှစွမ်းအင်အကုန်လုံးကို သုံးစွဲလိုက်ရသဖြင့် အခုအချိန်တွင်တော့ သူသည် မောပန်းအားကုန်နေသလို ဝမ်းလည်း ဝမ်းနည်းနေသည်။
ရုတ်တရက် ယန်ဆွေ့၏ ကိုယ်လုံးသည် တုန်ခါသွားပြီး မှိတ်ထားသော မျက်လုံးများလည်း ပွင့်လာသည်။ မျက်လုံးများက မယုံကြည်နိုင်သော အရိပ်အယောင်အပြည့်နှင့်ဖြစ်သည်။ ထို့နောက်
သူသည် သတိကြီးစွာနှင့် စောင့်ကြည့်လိုက်သည်။ ဟုတ်သည်…အတွင်းမီးလျှံနိုးထလာပြီ…အတွင်းမီးလျှံနိုးထလာပြီ။
ယဇ်ပုလ္လင်အောက်ခြေတွင်ရှိသော ယန်ဆွေ့တို့အား မီးရှို့သတ်ပစ်ချင်နေသော သူများမှာလည်း ထူးခြားသော တစ်စုံတရာကို တွေးမိလိုက်သည်။ မီးဖိုနားတွင် ရှိနေသောသူများက ပိုသိသာသည်။
သူတို့သည် နှစ်စဉ်ကျင်းပနေသော ရိုးရာအခမ်းအနားတွင် မီးတောက်၏ စွမ်းအင်ကို ကြုံတွေ့နေဖူးကြဖြစ်သည်။ သို့သော် အခုအချိန်သည် အခမ်းအနားပွဲအကြီးအကျယ်ကျင်းပသော အချိန်လည်း မဟုတ်ပါ။ လက်ရှိအခြေအနေက အခြားအခြေအနေများနှင့် မတူသော အခြေအနေဖြစ်နေသည်။
ပတ်ဝန်းကျင်၏ အပူရှိန်ရုတ်တရက်ကျဆင်းသွားသည်။ မီးဖိုကြီးထဲတွင်ရှိသော မီးတောက်များမှာ အရောင်ပြောင်းသွားသည်ကို အားလုံးမြင်လိုက်ကြရသည်။ မီးတောက်မှာ လင်းထိန်
တောက်ပလျက်ရှိသည်။
“အဲဒါက…အဲဒါက…”
မီးဖိုကြီးနားတွင် တိုက်ခတ်နေသော လေများ၊သဲများမှာ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ကွင်းပြင်ထဲတွင် ရှိသော အရာများကို ကောင်းမွန်စွာ မြင်လာရလေသည်။
အရေပြားများ ပိန်လှီလျက် လက်တွင်အသားမာများတက်နေသော အဖိုးအိုတစ်ယောက်သည် လက်ဖျောက်တီးလိုက်သည်။ သူတို့အပေါ်တွင် ဖြစ်ပေါ်လာသော စွတ်စိုမှုကို ခံစားလိုက်မိပြီးနောက် သူသည် မီးဖိုကြီးကို မော့ကြည့်လိုက်သည်။ ထိုအချိန်ခဏတွင် ထိုအဖိုးအိုသည် အကြံတစ်ခုရလိုက်သည်။ စိတ်ခံစားချက်မရှိသော အမူအရာကနေ လန့်ဖြတ်သွားသော အမူအရာသို့ ပြောင်းလဲသွားသည်။ ထို့နောက် “မီးတွေငြှိမ်းလိုက်ကြ..ထင်းတုံးတွေကို ဘေးဖယ်ပစ်လိုက်…” သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် အသံများပင် အက်ကွဲနေပါသည်။ အဖိုးအိုသည် ယဇ်ပုလ္လင်စီ
သို့ ပြေးသွားပြီး မီးလောင်နေသော ထင်းတုံးများကို ကန်ထုတ်ပစ်လေတော့သည်။
ဟန်မန်ကျောထဲတွင်စိမ့်ခနဲ ဖြစ်သွားသည်။ သူသည်လည်း မီးလောင်နေသော ထင်းတုံးများကို ကန်ထုတ်ပစ်နေသော အဖိုးအိုနှင့်အတူ ထင်းတုံးများကို ဖယ်ရှားပစ်နေပါတော့သည်။အခြားလူများလည်း သူတို့လုပ်သလို လိုက်လုပ်နေကြသော်လည်း အခြေအနေအမှန်ကိုတော့ မသိကြပါ။ သူတို့သည် လူကြီးများခိုင်သည်ကို လိုက်လုပ်ခြင်းသာ ဖြစ်သည်။
အဝေးတစ်နေရာတွင် မတ်တပ်ရပ်နေသောသူများသည် မီးဖိုကြီးနားတွင် ဘာဖြစ်နေသလဲ မသိကြပါ။ သို့သော် ဖြစ်ပေါ်နေသော အသံများကို နားထောင်ပြီး အဖြစ်အပျက်ကိုတော့ ခန့်မှန်းကြည့်၍ရပါသည်။ သူတို့သည် သေချာမမြင်နိုင်သော်လည်း အတွင်းမီးလျှံထွက်ပေါ်သော စွမ်းအင်မျိုးကို ခံစားနေရသည်။
မီးဖိုကြီးထဲမှ အဖြူရောင်တောက်ပနေသော
မီးတောက်များထွက်ပေါ်လာသည်။ ထိပ်ဖျားမှစပြီး အဖြူရောင်အခိုးအငွေ့များ ဖုံးကွယ်နေကာ ရေထဲမှ နဂါးတစ်ကောင် ကုန်းပေါ်ထွက်လာသကဲ့သို့ မီးဖိုကြီးထဲမှ တိုးထွက်လာသည်။
အပူရှိန်ကတော့ လျော့သထက် လျော့ကျနေတော့သည်။
ကန်ထုတ်ပစ်လိုက်သော ထင်းတုံးများတွင်စွဲလောင်နေသော မီးတောက်များမှာ တိုက်ခတ်နေသော မြူငွေ့များကြောင့် ငြိမ်းသွားပြီဖြစ်သည်။
စင်အောက်တွင် ဘာတွေဖြစ်နေသလဲ ယန်ဆွေ့မသိပါ။ သူသည်လှဲနေရာမှ မထဘဲ ကောင်းကင်ကို မော့ကြည့်နေသည်။ ထို့နောက် သူ၏ စိတ်ထဲတွင် တင်းကျပ်နေမှုများ ပျောက်ကွယ်သွားပြီး ပျော်ရွှင်ပေါ့ပါးမှုများဖြစ်ပေါ်လာလေသည်။
မိုးရွာတော့မည် ထင်သည်။
အောက်တွင်တော့ နဂါးကြီတစ်ကောင်နှင့်
တူသော အဖြူရောင် မြူငွေ့များက မီးဖိုကြီးနားတွင် ဝံပျံနေသည်ကို တွေ့လိုက်ရသည်။ ထိုအဖြူရောင်မြူငွေ့တန်းကြီးသည် တဖြည်းဖြည်းပိုကြီးလာသည်။ မီးဖိုကြီးနားတွင် ရပ်နေသောသူများမှာ ထိုနေရာတွင် ဆက်မနေရဲတော့ဘဲ နောက်သို့ဆုတ်ပေးလိုက်သည်။
အပြောင်းအလဲဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသလဲ သူတို့မသိကြပါ။ သို့သော် အခုတော့ အားလုံး၏ စိတ်ထဲတွင် သူတို့ကိုယ်တိုင်မယုံနိုင်သော စိတ်ကူးတစ်ခုပေါ်လာပြီဖြစ်သည်။
မြူနဂါးကြီးမှာ ယစ်ခွေ၍ အပေါ်တက်သွားသောအချိန်၊ သူဖြတ်သန်းသွားသောနေရာမှ ထင်းပုံများမှာ ရေခဲမှုန်များဖြင့် အတိပြီးသွားသည်။
မြူနဂါးကြီးမှာ ဆက်လက်ကြီးထွားနေဆဲ ဖြစ်သည်။ မီးဖိုနားတွင် ဖြစ်ပေါ်နေသော လေပွေလှိုင်းများနှင့် ဖုံလုံးကြီးများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
အသက်ရှုလိုက်သောအခါ ထိုနေရာတွင်ရှိနေသော လူများမှာ ဖုန်သဲနံ့များမပါသော အေးမြသည့် လေကို ခံစားမိလိုက်ရသည်။ လူတစ်ကိုယ်လုံးကို ရေခဲရေပုံးနှင့်လောင်းလိုက်သလို ဖြစ်သွားသည်။
ထိုကဲ့သို့ အပြောင်းအလဲကြောင့် မိုးမျိုးနွယ်စုဝင်များ တုန်လှုပ်သွားကြသည်။ ဘာတွေဖြစ်နေသည်လဲ သူတို့လည်း မသိတော့သလို ဘာလုပ်ရမှန်းလဲ မသိကြတော့။ အကြီးအကဲကလည်း ဘာမှမပြောပေ။
“မိုးခေါ်တဲ့အခမ်းအနားက အောင်မြင်သွားတာလား” တစ်ယောက်က သူ့ဘေးနားတွင်ရှိသော လူများကို လှမ်းမေးလိုက်သည်။
အမေးခံလိုက်ရသောသူများသည် ငြင်းဆိုလိုသေးသော်လည်း ဖြစ်ပေါ်လာသော အခြေအနေများကို မြင်တွေ့ပြီးနောက်တွင် ပါးစပ်များပိတ်သွားကြသည်။