← Chapters

မိုးခေါ်ခြင်းအပိုင်း(၇)

Vol. 20 Ch. 289

မိုးခေါ်ခြင်းအပိုင်း(၇)

Vol. 20 Ch. 289

ဧရာမ မြူငွေ့နဂါးကြီးသည် သဲများအကြား ကောင်းကင်ပေါ်တွင် လူးလားဆန်ခတ်နေပြီး မီးဖိုနားတွင်ရှိသော ယဇ်ပုလ္လင်နားတွင်ပျံဝဲနေသည်။ ထိုနဂါးကြီးကို ဘယ်သူကမှ မတားဆီးနိုင်ပေ။

ထိုအချိန်တွင် ယဇ်ပုလ္လင်ပေါ်ရောက်နေသော သူများသည်လည်း သူတို့တခါမှ မမြင်ဖူးသော အဖြူရောင်မြူငွေ့တန်းကြီးကို မြင်နေရပါသည်။

ယဇ်ပုလ္လင်ပေါ်မှ မြူငွေ့ဖြတ်သန်းသွားသောအခါ ပုလ္လင်ပေါ်ရှိလူအားလုံးသည် အေးမြလန်းဆန်းမှုကို ခံစားလိုက်ရသည်။ ဆောင်းတွင်းလိုအချိန်အခါမျိုးတွင်ပင် ထိုကဲ့သို့ အေးမြလတ်ဆတ်မှုမျိုးမခံစားရပေ။

သူတို့အပေါ်မှ ဖြတ်သွားသော မြူငွေ့များကို

ကြည့်ရင်း မီရွှိက “အဲဒါဘာကြီးလဲ” ဟုပြောလိုက်သည်။

ယန်ဆွေ့သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိနေတုန်းဖြစ်သော်လည်း ကောင်းကင်ပေါ်မှ အပြောင်းအလဲများကိုတော့ ကြည့်နေဆဲဖြစ်သည်။ စက္ကန်နှင့်အမျှ ယန်ဆွေ့သည် စိတ်ခံစားချက်များ တစ်ခုပြီး တစ်ခုဖြစ်ပေါ်နေတော့သည်။

သူသည်မီရွှိ အမေးကို မဖြေလိုက်ပေ။ သူသည် အံ့ဩနေရာမှ ငိုတော့မလိုဖြစ်နေသည်။ သာမန်အချိန်မျိုးတွင်ဆိုလျှင်တော့ အားလုံးသည် သူ့ကို ရူးနေပြီ ဟုထင်မိကြမည်သာ။ သို့သော်အားလုံးသည် ဖြစ်ပေါ်လာသောအပြောင်းအလဲများကြောင့် စိတ်လှုပ်ရှားနေကြသောအချိန်ဖြစ်သည်။

ကောင်းကင်သို့ကြည့်နေရင်း ယန်ဆွေ့၏ မျက်နှာအမူအရာမှာ တိမ်တိုက်များလို ပြောင်းလဲ

နေသည်။ ယန်ဆွေ့သည် တစ်ခုခုကို ပြောလိုက်ချင်သော်လည်း ဘာပြောရမှန်းမသိဖြစ်နေသည်။ နောက်ဆုံးတွင်တော့ သူထအော်လိုက်မိသည်။

ယန်ဆွေ့မျက်လုံးများတွင် မကျေမနပ်ဖြစ်မှုများ ဖြစ်ပေါ်နေသည်။ အခြားလူများဘယ်လိုထင်မည်ကိုတော့ သူဂရုမစိုက်ပါ။ ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ သူသည် အော်ရုံသာ အော်ပစ်ချင်နေသည်။ သူ့အော်သံများထဲတွင် သူပြောချင်နေသော စကားများ၊ဖြစ်ပေါ်နေသော ခံစားချက်များ ပါသွားလေသည်။

မိုးရွာတော့မည်။ ယန်ဆွေ့သည် အခုအကြိမ်လောက် ဘယ်တုန်းကမှ စိတ်မလှုပ်မရှားဖူးပါ။ ကောင်းကင်တွင် ဖြစ်ပေါ်လာသော အပြောင်းအလဲများကြောင့် မျက်ရည်များ ယိုစီးကြလာသည်။

“ဘိုးဘေးများ ကူညီလိုက်ခြင်းလား…သို့မဟုတ် မိုးနတ်မင်းက သူ့ကို သနားလို့လား”

မိုးမျိုးနွယ်စု၏ နယ်စပ်တွင်…။

လဲ့နှင့်ထွော်တို့သည် အိမ်ထဲသို့ဝင်လိုက်ကြသော်လည်း ရှောက်ရွှမ်ကတော့ အိမ်ပြင်တွင်သာ ရပ်နေသည်။ ခဏလောက်နေသောအခါ ရှောက်ရွှမ်က လှမ်းအော်လိုက်သံကို ကြားလိုက်ရသည် “အပြင်ထွက်ခဲ့ကြ”…“ဘာဖြစ်လို့လဲ” လဲ့က ရေရွတ်မိသည်။ သို့သော် ရှောက်ရွှမ်က သူတို့ထက် ဝါစဉ်ကြီးသူဖြစ်သဖြင့် သူ့စကားကို နားထောင်ရမည် ဖြစ်သည်။

လဲ့နှင့်ထွော်တို့သည် အပြင်မထွက်လိုကြပါ။ သို့သော် အပြင်ဘက်ကို ကြည့်လိုက်ကြသောအခါ အံ့ဩတုန်လှုပ်သွားကြသည်။

အရင်အချိန်တွေ အပြင်ထွက်လာလျှင် လေထုသည် သဲများနှင့် ပြည့်နှက်လျက်ရှိသည်။ အခုတော့ အခန်းထဲတွင် ရေဝင်သောက်လို့မပြီးသေးခင်မှာပင် အပြင်ဘက်ရှိ ရာသီဥတုအခြေအနေမှာ ပြောင်းလဲသွားပြီဖြစ်သည်။

အခြားသစ်သားအိမ်တစ်လုံးတွင် ရှိနေသူသည် ရှောက်ရွှမ်၏စကားသံကို ကြားလိုက်ရသောအခါ သိလိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာသည်။ သူသည် ပြတင်းပေါက် လိုက်ကာကို မတင်လိုက်ပြီး အပြင်တွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေ ဘာလုပ်နေမလဲ ကြည့်လိုက်သည်။ ပြတင်းပေါက်ကိုဖွင့်လိုက်သောအခါ သူသည် သဲများဝင်လာမည် ထင်သောကြောင့် မျက်နှာရှုံ့မဲ့သွားသည်။ သို့သော် ဖုန်များ၊သဲများ ဝင်မလာပါ။ အပြင်ဘက်ကို ကြည့်လိုက်သောအခါ ဘာသဲမှ မရှိသည်ကို သူတွေ့လိုက်ရသည်။

“အား…” အော်သံတစ်ခုထွက်ပေါ်လာသည်။

အခြားလူများလည်း အပြင်ထွက်လာပြီး ဖြစ်ပေါ်လာသော အပြောင်းအလဲကို ကြည့်နေကြသည်။

ပြင်းထန်နေသော ရာသီဥတုအခြေအနေမှာ ပြောင်းလဲသွားပြီး အဝါရောင်သဲများ ပျောက်ကွယ်သွားသည်။ သစ်သားအိမ်များထဲမှ ထွက်

လာသော မိုးမျိုးနွယ်စုဝင်များကို သူတို့မြင်လိုက်ရသည်။ မြင်ကွင်းမှာ သိပ်မရှင်းသေးသော်လည်း ခုနတုန်းကထက်စာလျှင်တော့ အများကြီး ပိုရှင်းသွားပြီဖြစ်သည်။

“ကြည့်ကြပါဦး…ကောင်းကင်ပေါ်မှာ ဘာတွေလဲ” ချွီဆဲ့သည် မိုးမျိုးနွယ်စုတို့ရှိရာနေရာ ကောင်းကင်ပေါ်ကို လက်ညှိုးထိုးပြလိုက်ပြီး ထအော်လိုက်သည်။

ကောင်းကင်ပေါ်တွင် ရှေးဟောင်းသတ္တဝါဆန်းကြီးတစ်ကောင်နှင့်တူသော အဖြူရောင် အခိုးအငွေ့များသည် အောက်မှ အပေါ်သို့ ရစ်ခွေတက်နေလေသည်။ အမြီးပိုင်းက မြေပြင်တွင်ရှိပြီး ခေါင်းပိုင်းက ကောင်းကင်ပေါ်တွင် ရှိလေသည်။ ထိုသတ္တဝါဆန်းကြီး၏ ဦးခေါင်းရှိလောက်သောနေရာမှ မိုးတိမ်တောင်များ ဖြစ်ပေါ်လာလေသည်။

ချပ်ဝတ်တန်ဆာအပြည့်အဝ ဝတ်ဆင်ထားသော စစ်သည်တော်များနှင့် မြင်းများ ဖြန့်ကျက်

လိုက်သလို တိမ်တိုက်များသည် အားကောင်းစွာဖြင့် ကောင်းကင်တွင် တဖြည်းဖြည်းနေရာယူနေကြသည်။

“ယန်ဆွေ့တို့အောင်မြင်သွားပြီ” ရှောက်ရွှမ်သည် ကောင်းကင်တွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ကြည့်ကာ ပြောလိုက်သည်။

ရှောက်ရွှမ်၏ စကားသံများပျောက်ကွယ်သွားသောအခါ တစ်ယောက်ကပြောလိုက်သည် “မဖြစ်နိုင်ဘူး” ။

သို့သော် ကောင်းကင်တွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများအရ မိုးက ရွာတော့မည် ဖြစ်သည်။ ကောင်းကင်တွင် အဝါရောင်သဲများ အပြည့်ဖြစ်နေပါက သူတို့သည် မိုးရွာမည်ဆိုသည့်စကားကို ယုံမည် မဟုတ်ပါ။ အခုလိုအခြေအနေမျိုးတွင်တော့ ငြင်းနေလည်း အပိုဖြစ်မည်ဆိုတာကို အားလုံးသဘောပေါက်လိုက်ကြသည်။

ဟွမ်ယဲ့နှင့် အခြား အကြီးတန်းစစ်သည်တော်များသည် သေချာကြည့်နေကြသည်။ သူတို့သည် ငယ်ငယ်လေးကတည်းက ခရီးသွားအဖွဲ့ဝင်များဖြစ်လာကြပြီး မိုးမျိုးနွယ်စုနှင့် အဆက်အသွယ်ရှိလာခြင်းဖြစ်သည်။ မိုးမျိုးနွယ်စု၏ မိုးခေါ်ခြင်းအခမ်းအနားကိုလည်း မြင်ဖူးပါသည်။ သို့သော် အခုလိုတော့ တစ်ခါမှ မအံ့ဩဖူးကြပါ။

မိုးရွာတော့မည်လော။

ရှောက်ရွှမ်သည် သူ့စိတ်ထဲတွင် မြင်လိုက်ရသော မိုးမျိုးနွယ်စု၏ နတ်ရုပ် ဥခွံလေးကို ကြည့်လိုက်သည်။ ဥခွံလေးမှာ လင်းလက်နေဆဲဖြစ်ပြီး ရေစက်လေးများမှာလည်း လျင်မြန်စွာ လှည့်ပတ်လျက်ရှိသည်။ ဘေးပတ်ဝန်းကျင်၏ စိုထိုင်းစက ပိုမိုသိပ်သည်းလားသည်။

ဆန်စေ့အရွယ်လောက်ရှိသော မိုးရေတစ်စက် ကောင်းကင်ပေါ်မှ ကျလာသည်။ ပမာဏက မပြောလောက်သော်လည်း မှောင်မှိုင်းနေသော ကောင်းကင်အောက်တွင် ကျလာသော ရေစက်ကို

အားလုံးမြင်တွေ့လိုက်ကြသည်။

ထိုမိုးရေစက်သည် သာမန်မိုးရေစက်များနှင့်မတူပါ။ မှုန်မှိုင်းနေကောင်းကင်အောက်တွင် အဖြူရောင်တောက်ပနေသည်။ သမုဒ္ဒရာအနက်ကြီးထဲမှ အရောင်များတောက်ပသော သတ္တဝါတစ်ကောင်နှင့်တူနေပါသည်။

“ဖောက်”

မိုးရေစက်များသည် မြေပြင်ပေါ်သို့ ကျလာသောအခါ နူးညံ့သော အသံတစ်ခုထွက်ပေါ်လာသည်။

“ဖောက်…ဖောက်…ဖောက်” နောက်ထပ်အသံများ ထပ်မံထွက်ပေါ်လာပါသည်။

မိုးတိမ်တောင်များထူထပ်နေသော ကောင်းကင်ကိုမော့ကြည့်လိုက်လျှင် ငွေရောင်မိုးစက်များ ရွာကျနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အစပိုင်းတွင် မိုးရေစက်လေးများအဖြစ်သာ ကျနေ

သော်လည်း နောက်ပိုင်းတွင်တော့ မိုးရေစက်များသည် ဒလဟောရွာဆင်းလာလေတော့သည်။

ဖုံတက်နေသော မြေပြင်သည် ပျော့ပြောင်းသွားပြီး ခြောက်သွေ့နေသော မြေပြင်မှာလည်း မိုးရွာလိုက်သောအခါ ရွှံ့များ ဖြစ်ပေါလာလေသည်။

ရှောက်ရွှမ်သည် မိုးရေစက်ကို သူ့လက်ဖြင့်ထိကြည့်လိုက်သည်။ ထို့နောက် လျာနှင့် လျက်ကြည့်လိုက်ပြီး ဘူးသီးခြောက်တစ်လုံးကိုထုတ်လိုက်သည်။ ထိုဘူးသီးခြောက်ထဲမှ ရေများကို သွန်လိုက်ပြီး ရှောက်ရွှမ်သည် ထိုဘူးသီးခြောက်ဖြင့် မိုးရေများကို ခံယူပါတော့သည်။ အဝကျဉ်းသောဘူးသီးခြောက်တစ်လုံးဖြစ်သဖြင့် ရှောက်ရွှမ်သည် မိုးရေခံယူရန် သစ်ရွက်လေးတစ်ရွက် ကန်တော့အဖြစ် ချိုးခေါက်ကာ ဘူးသီးခြောက်ဝတွင် တပ်ထားလိုက်သည်။ ဘူးသီးခြောက်အပြင် ရေထည့်သော သားရေအိတ်များလည်း ရှိသေးသည်။ ထိုနေရာသည် မိုးခေါင်ရေရှားလွန်းသဖြင့် မိုးရွာတုန်း ရေခံထားရမည် မဟုတ်ပါလား။

မိုးမျိုးနွယ်စုတွင်ရွာသော မိုးရေမှာ သာမန်နှင့် မတူဘဲ ထူးကဲနေသလို ဖြစ်နေသည်။ ထိုရေသည် သူတို့အတွက် နောင်တချိန်တွင် အကျိုးရှိလာနိုင်မလား။

ရှောက်ရွှမ်၏အမူအရာကို ကြည့်ပြီးလဲ့နှင့်ထွော်တို့သည်လည်း ရှောက်ရွှမ်လုပ်သလို လိုက်လုပ်ကြပါသည်။

ခရီးသွားအဖွဲ့မှ အခြားလူများကတော့ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေရင်း သူတို့ကို ရွေးထုတ်ထားခဲ့သော မျိုးနွယ်စုထဲမှ ဝါစဉ်ကြီးပုဂ္ဂိုလ်များကို ကြည့်နေလေသည်။ ဝါစဉ်ကြီးပုဂ္ဂိုလ်များက ခေါင်းငြိမ့်ပြသောအခါ သူတို့သည် မိုးရေကို အိုးခွက် ပန်းကန်များဖြင့် ခံကြတော့သည်။

မိုးမျိုးနွယ်စုဝင်များကတော့ အပျော်လွန်နေကြပေသည်။ မိုးရေများထဲတွင် လူများသည် ပျော်ရွှင်စွာပြေးလွှားရင်း ရွှံ့အလူးလူးနှင့် ဖြစ်နေကြသည်။ သူတို့သည် ကျယ်လောင်စွာ အော်ဟစ်နေ

ကြသည်။ ယန်ဆွေ့ ဖြစ်ခဲ့သလိုပင် သူတို့လည်း ဘာပြောရမှန်းမသိတော့ပဲ ကောင်းကင်ကြီးကို မော့ကြည့်ရင်း အော်ဟစ်နေကြလေသည်။ သူတို့ကိုကြည့်ရသည်မှာ အသိစိတ်ပျောက်သွားသလိုပင်ဖြစ်နေကြသည်။

မိုးရွာလာပြီ။ မိုးခေါ်ခြင်းမှာတကယ်အောင်မြင်သွားပြီ။

“လျှပ်ပန်းများက ပြိုးပြိုးပျက်၊ မြေပြင်မှာတော့ ရွှံ့ထူလျက်။

နှစ်ပေါင်းမည်မျှ ကြာပြီလဲ။ မိုးမျိုးနွယ်စုမှလူများသည် သီချင်းထဲတွင် ဖော်ကျူးထားသော မြင်ကွင်းမျိုးကို မမြင်ဖူးဘဲ အသက်တွေသာ ကြီးပြီး သေကုန်ကြရခြင်းမှာ သနားစရာကောင်းလှသည်။

အခုတော့ မိုးမျိုးနွယ်စုဝင်အားလုံး သီချင်းထဲမှ မြင်ကွင်းကို မြင်ဖူးလိုက်ကြပြီဖြစ်သည်။

ထို့ကြောင့် သူတို့သည် အလွန်တရာ စိတ်လှုပ်ရှားပျော်ရွှင်နေကြခြင်းဖြစ်ပါသည်။ သို့သော် ဟဲ့ချောင်ကတော့ အများတကာလို မဟုတ်ပါ။ အခြားသူများက အေးမြမှုကို ခံစားနေရချိန်တွင် သူ့အတွက်တော့ ထိုအေးစက်မှုမှာ ချွန်ထက်နေသလို ခံစားနေရသည်။ ဟဲ့ချောင်တစ်ယောက် ကြက်သီးမွေးညှင်းများထသွားသည်။

ယန်ဆွေ့သည် အခြေအနေကို ပြောင်းပြန် ဖြစ်သွားအောင် လုပ်လိုက်နိုင်သည်။ ထို့ကြောင့် သူသည် လွန်ခဲ့သောနှစ်များအတွင်းမှ နတ်ဆေးဆရာများထက် သာလွန်မြင့်မြတ်သော နတ်ဆေးဆရာတစ်ယောက်ဖြစ်သွားတော့မည်။ ထိုအကြောင်းကို တွေးမိသောအခါ ဟဲ့ချောင်သည် သူတစ်ကိုယ်လုံးအေးစက်ခါးသီးသွားသလို ခံစားလိုက်ရသည်။ ကျဆင်းနေသော မိုးစက်မိုးပေါက်များမှာ သူ့ရင်ဘတ်ကို တူနှင့် တူထုနေသလို ဖြစ်နေသည်။ သူသည် အသက်ရှူရမွန်းကျပ်လာသဖြင့် လေကို အငမ်းမရရှူလိုက်သော်လည်း ရေများသာ သီးသွားသည်။

ယဇ်ပုလ္လင်ပေါ်တွင်တော့ ယန်ဆွေ့သည် မိုးရေအောက်တွင် မတ်တပ်ရပ်နေပါသည်။ ထို့နောက် ယဇ်ပုလ္လင်အစွန်ဘက်သို့ သွား၍ အောက်တွင် လူများ ပျော်ရွှင်နေကြသည်ကို ကြည့်နေသည်။ ထိုအချိန်တွင် သူတို့ကို မီးရှို့သတ်ပစ် ဟုမပြောကြတော့ပါ၊ ယန်ဆွေ့၏ အမှားများကိုလည်း အပြစ်မတင်ကြတော့ပါ။ သူတို့သည် သူတို့မျက်လုံးနှင့် မြင်ရသော ရလာဒ်ကိုသာ ယုံကြည်ကြသူများ ဖြစ်သည်။ မိုးရွာခြင်းမှာ သူတို့အတွက် အကောင်းဆုံးသော သက်သေပင်ဖြစ်သည်။ ယန်ဆွေ့၏ အပြစ်များကိုတော့ သူမှားသည် ဖြစ်စေ၊မှန်သည်ဖြစ်စေ မိုးရေနှင့် မျှောပစ်လိုက်ကြပြီ ဖြစ်သည်။

ယန်ဆွေ့ကိုယဇ်ပုလ္လင်ပေါ်တွင်ဘယ်သူကအရင်တွေ့သည်၊ ဘယ်သူက အရင်ဆုံးဒူးထောက်လိုက်သည်ကအရေးမကြီးပါ၊ တစ်ယောက်မှစ၍ဒူးထောက်လိုက်ခြင်းမှ လူအများဆီသို့ ကူးစက်သွားသည်။လူများစွာတို့သည် ရွှံ့မြေပေါ်တွင် ဒူးထောက်လိုက်ပြီး မီးဖိုကြီးအပေါ်တွင် ရှိသော ယဇ်ပုလ္လင်ကို ရှိခိုးကန်တော့နေကြသည်။ ထိုမြင်ကွင်းမျိုးကို နှစ်တရာတွင် တစ်ခါ မြင်ရလေ့မရှိပါ။

တချို့သော မျိုးနွယ်စုအကြီးအကဲများမှာ ထိုသို့ အရိုသေပေးခြင်းခံရဖူးသော်လည်း၊နတ်ဆေးဆရာထဲတွင်တော့ ထိုသို့ အရိုအသေပေးခံရသော နတ်ဆေးဆရာမရှိသေးပါ။ နှစ်ပေါင်းများစွာအတွင်း ယန်ဆွေ့သည် အရိုအသေအပေးခံရဆုံးသော ပထမဆုံး နတ်ဆေးဆရာဖြစ်လာသည်။

မျိုးနွယ်စုအကြီးအကဲက နတ်ဆေးဆရာနေရာကို လိုချင်နေသည်လား။

သဘောမတူဘူး။ နတ်ဆေးဆရာကို အစားထိုးခြင်ရင် ငါတို့သေသွားမှပဲ အစားထိုးလို့ရမယ်။

ဟဲ့ချောင်တွေးထင်ထားသည့်အတိုင်းပင် နောင်တချိန်တွင် ယန်ဆွေ့သည် ဘယ်သူမှမရဖူးသေးသော အရိုအသေပေးခံရမှုမျိုးကို ရရှိတော့မည် ဖြစ်သည်။

အကြီးအကဲအသစ်နှင့်အကြီးတန်စစ်သည်တော်များပင် ဒူးထောက်နေခြင်းက မည်သို့သော

အရိုအသေပေးမှုမျိုးဖြစ်သည်ကို ပြသနေသည်။

ယဇ်ပုလ္လင်ပေါ်မှ ကြည့်နေရင်းနှင့် ယန်ဆွေ့၏ သိပ်စိတ်မလှဒပ်ရှားတော့ပါ။

သူတို့သည် ခုနတုန်းကတော့ ယန်ဆွေ့ကိုမီးပုံထဲပစ်ထည့်မည် တကဲကဲ လုပ်နေကြသော်လည်း အခုတော့ ယန်ဆွေ့ကို ပုလ္လင်ပေါ်တင်၍ ရှိခိုးနေကြပြန်ပါသည်။

All Chapters