← Chapters

သဲကန္တာရနတ်ဘုရား

Vol. 20 Ch. 290

သဲကန္တာရနတ်ဘုရား

Vol. 20 Ch. 290

သဲမုန်တိုင်းလည်း ပြီးသွားလေပြီ၊ ခရီးသွားအဖွဲ့သည် မိုးမျိုးနွယ်စုတို့ရွာတွင် ဆက်လက်နေထိုင်တော့မည် မဟုတ်ပေ။ ဟွမ်ယဲ့နှင့် အခြားသူများက နောက်တစ်နေ့တွင် ထွက်ခွာရန် ဆုံးဖြတ်ထားသည်။ ထိုနေ့အထိတော့ မိုးက ရွာနေမည်မထင်။

မိုးမှာ တဖြည်းဖြည်းပါးလာပြီး မျဉ်းတစ်ကြောင်းလို ရေများကျဆင်းနေရာမှ ရေစက်ကလေးများအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်ကိုဖုံးအုပ်ထားသော တိမ်တိုက်ကြီးများအနည်းငယ်ကွဲသွားသောကြောင့် ရွှေရောင်လွှမ်းနေသော နေရောင်ခြည် ထွက်ပေါ်လာသည်။ ရာသီဥတုပြန်လည်ကြည်လင်တော့ခါနီးပြီး ဖြစ်သည်။

“ငါတော့ သူတို့အောင်မြင်မယ်လို့ကို ထင်မထား

ဘူး” ထွော်က အံ့ဩနေသည်။

“အဲဒါကြောင့် သူတို့ကို မိုးမျိုးနွယ်စုလို့ခေါ်တာလား” လဲ့ကပြောလိုက်သည်။

လဲ့နှင့်ထွော်တို့သာမက ကျန်သည့်လူများသည်လည်း အံ့ဩသင့်နေကြသည်။ သို့သော် သူတို့သည် မိုးမျိုးနွယ်စုအကြောင်းကိုတော့ တစ်လုံးမှ မပြောကြပါ။ သူတို့မြင်လိုက်ရသော မြင်ကွင်းကြောင့် သူတို့သည် မိုးမျိုးနွယ်စုကို လေးစားသွားကြသည်။

“မိုးမျိုးနွယ်စုက နတ်ဆေးဆရာကို မီးရှို့သတ်ပစ်မယ်ဆို…အဲဒီလိုလုပ်လိုက်ကြသေးလား” တစ်ယောက်ကမေးလိုက်သည်။

“မဖြစ်နိုင်ဘူး…မိုးခေါ်တာမအောင်မြင်မှ သူမီးရှို့သတ်ခံရမှာလေ…အခုမိုးဒီလောက်ရွာ ထားတာ နတ်ဆေးဆရာက မျက်နှာပွင့်နေရောပေါ့…ငါ့အထင်တော့ မိုးမျိုးနွယ်စုရဲ့ နတ်ဆေးဆရာရဲ့

အဆင့်က အရင်ထက်မြင့်သွားပြီ”။

“နောက်ပြီးတော့ မိုးမျိုးနွယ်စုအကြောင်း ငါသိထားသလောက်တော့ မိုးခေါ်တာ အောင်မြင်သွားတဲ့ နတ်ဆေးဆရာက မျိုးနွယ်စုထဲမှ အာဏာအရှိဆုံးလူဖြစ်သွားတယ်တဲ့၊ သူပြောသမျှကို ဘယ်သူမှ မဆန့်ကျင်ရဲကြဘူး…သူ့အဆင့်က အကြီးအကဲထက်တောင် မြင့်သေးတယ်”

ထိုစကားမှာအမှန် ဖြစ်ပါသည်။ အခုဆိုရင် မိုးမျိုးနွယ်စုဝင်များသည် ယန်ဆွေ့ကို သူတို့ နတ်ဘုရားအဖြစ် သတ်မှတ်ထားကြလိမ့်မည်။ ယန်ဆွေက သူတို့ကို ဒူးထောက်ခိုင်းပြီး ခြေသည်းများကို လျာဖြင့် ယက်ခိုင်းလျှင်တောင် သူတို့ကတော့ လုပ်ပေးမည်ဖြစ်သည်။

ရှောက်ရွှမ်သည် သူ့စိတ်ထဲမှ မိုးမျိုးနွယ်စု၏ နတ်ရုပ်ကို စစ်ဆေးကြည့်လိုက်သည်။ နတ်ရုပ်ပေါ်မှ အစက်ကလေးများသည် လည်ပတ်နေတုန်းပဲဖြစ်သည်။ သို့သော် မိုးရွာတုန်းကလည်သော အရှိန်နှုန်းနှင့် နှိုင်းယှဉ်လျှင် ယခုအရှိန်နှုန်းက

အလွန်နှေးသွားပြီဖြစ်သည်။

အခုတစ်ခေါက်သည် မိုးမျိုးနွယ်စုအတွင်း မိုးခေါ်မှု ပထမဆုံးအကြိမ်အောင်မြင်သည်လား မသိပါ၊ မိုးမျိုးနွယ်စုဝင်များသည် သူတို့ရွာအစွန်တွင် လာတည်းခိုနေကြသော ဧည့်သည်ခရီးသွားများအတွက် အစားအစာနှင့် ရေများပို့ပေးနေသည်။ ထိုအရာမျိုးကို အရင်ကတည်းက လုပ်ပေးရမည် ဖြစ်သည်။ သို့သော် အခုတော့ မျိုးနွယ်စုထဲမှ လူများသည် အပျော်လွန်နေကြသောကြောင့် အခြားသူများကိုလည်း သူတို့လို ပျော်ရွှင်စေချင်ကြသည်။ ထို့ကြောင့် ရေများနှင့် ပန်ကိတ်များကို ကျွေးခြင်းဖြစ်သည်။

သို့သော် ခရီးသွားအဖွဲ့မှ လူများသည် ရေနှင့် ပန်ကိတ်များကို စိတ်မဝင်စားပါ။ ရေလား။ သူတို့တွင် အလုံအလောက်ရှိသည်။ ပန်ကိတ်လား။ ဘယ်သူက ဝါးလိုက်လျှင် သွားကျွတ်ထွက်အောင် မာသည့် ပန်ကိတ်ကို ကြိုက်မည်နည်း။

သို့သော် အတွေ့အကြုံရှိသော လူကြီးများက

ထိုပန်ကိတ်များရခြင်းအတွက် ပျော်ရွှင်နေကြပြီး ပန်ကိတ်များကို အိတ်များထဲထည့်သိမ်းလိုက်ကြသည်။

နေ့လယ်ခင်းတွင် ယန်ဆွေ့သည် ရှောက်ရွှမ်ကို လာရှာသည်။ အခုတစ်ခေါက်တွင်တော့ ဆက်သားမလွှတ်တော့ဘဲ သူကိုယ်တိုင်လာခြင်းဖြစ်လေသည်။ သူရင်ဆိုင်နေရသော အကျပ်အတည်းများ ပြီးဆုံးသွာပြီဖြစ်သဖြင့် သူ့အခြေအနေမှာ တည်ငြိမ်နေသည်။ ထို့ကြောင့် ရှောက်ရွှမ်အနေဖြင့် သူနှင့်တွေ့ဆုံခြင်းအတွက် ကြောက်ရွံ့နေရန် မလိုတော့ပါ။ ထိုနေရာကို စောင့်ရှောက်နေသော အစောင့်များသာ ရှောက်ရွှမ်ကို တွေ့လိုက်မည်ဆိုပါက သူတို့သည် ရှောက်ရွှမ်ကို အထူးလေးစားစွာဖြင့် နှုတ်ဆက်ကြမည်ဖြစ်သည်။

လွန်ခဲ့သော၂ရက်က ယန်ဆွေ့နှင့် အခုရက် ယန်ဆွေ့တို့ နှိုင်းယှဉ်လျှင်၊ အခုယန်ဆွေ့သည် အဝတ်အသားများ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ဝတ်ဆင်ထားသည်။ မိုးခေါ်ရန်အတွက်ဖြစ်ပေါ်နေသော စိတ်ကျဉ်းကျပ်မှုများလည်း မရှိတော့ပါ။

အခမ်းအနားပြီးဆုံးပြီးနောက်တစ်ရက်တွင် ယန်ဆွေ့သည် တည်ငြိမ်သော အသွင်ဖြစ်သွားပါသည်။ အခုမှသူ့ကို ကြည့်ရသည်မှာ တကယ့်နတ်ဆေးဆရာတစ်ယောက်နှင့်တူသွားလေသည်။

မီရွှီတစ်ယောက်သည ယန်ဆွေ့နှင့်လိုက်လာသည်။

နေသာနေပြီး မိုးရွာပြီးခါက တိုက်ခတ်သောလေမှာ လတ်ဆတ်နေပါသည်။

စွတ်စိုအေးမြမှုသည်လည်း မပျောက်ကွယ်သေးပါ၊ မိုးမျိုးနွယ်စုဝင်အားလုံးလိုလို ပြုံးနေကြပါသည်။

“ဂုဏ်ယူပါတယ်” ရှောက်ရွှမ်က ပြောလိုက်သည်။ ထို့နောက် ခရုခွံငွေကြေးများထည့်ထားသော အိတ်ကြီးကို ထုတ်ကာ ယန်ဆွေ့ကို ပေးလိုက်သည်။ “ရော့…ဒါမင်းအတွက်”

“မင်းယူသွားလိုက်ပါ…အခုအချိန်မှာ ငါ့အတွက် အဲဒါတွေ မလိုတော့ဘူး” ယန်ဆွေ့က ပြောလိုက်သည်။ သူလိမ်နေခြင်းမဟုတ်ပါ။ သူ့လက်ရှိအနေအထားက ငွေကြေးပြတ်လပ်နိုင်သော အခြေအနေမျိုးမဟုတ်တော့ပါ။ မိုးမျိုးနွယ်စုဝင်များသည် ကျပ်တည်းကြသည်ဟုထင်ရသော်လည်း သူတို့တွင် ငွေကြေးများ အတော်ရှိပါသည်။ မျိုးနွယ်စုထဲတွင် အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သဖြင့် ယန်ဆွေ့သည် အားလုံးထက် ပိုကြွယ်ဝသွားပြီဖြစ်သည်။ အခုအိတ်လေးထဲတွင်ထည့်ထားသော အရေအတွက်မှာ လက်ရှိအခြေအနေနှင့်နှိုင်းစာလျှင် ဘာမှမဟုတ်တော့ပါ။

“ငါ့အတွက်လည်း အသုံးမဝင်တော့ဘူး…နောက်သွားမယ့်ခရီးမှာ ငွေသုံးစရာနေရာမရှိဘူး” ခရီးသွားအဖွဲ့ခရီးဆက်မည့်နေရာမှာ သဲကန္တာရလိုနေရာမျိုးဖြစ်လေသည်။ အကူအညီလိုလျှင်တောင် သူ့တွင်ပါလာသော ပစ္စည်းတစ်ခုခုနှင့်လဲလိုက်ရုံသာရှိသည်။ ခရုခွံငွေကြေးများပါလာသော အိတ်ကြီးတစ်အိတ်လုံးကို သယ်လာနေစရာ

မလိုပါ။

ရှောက်ရွှမ်ပြောသော စကားများကို ကြားသောအခါ ယန်ဆွေ့သည် တစ်စုံတရာကို တွေးမိသွားပြီး ရှောက်ရွှမ်ကို ဘာမှမပြောတော့ပါ။ သူသည် အိတ်ကို ယူလိုက်ပြီး မီရွှိကို စကားအနည်းငယ်တီးတိုးပြောလိုက်လေသည်။

မီရွှိသည် အနည်းတုန့်ဆိုင်းနေပြီးနောက် ငွေအိတ်ကို ကိုင်ကာ ထွက်သွားလေသည်။

မီရွှိထွက်သွားပြီးနောက် ယန်ဆွေ့က ရှောက်ရွှမ်ကို လှမ်းပြောလိုက်သည် “ခဏနေဦး…မင်းကို ပစ္စည်းတစ်ခုပေးစရာရှိလို့ မိရွှီကို သွားယူခိုင်းလိုက်တာ…အဲဒီပစ္စည်းကို မင်းလိုအပ်မှာ သေချာတယ်”

“မင်းတို့တွေ သေမင်းနယ်မြေကိုသွားကြမှာမလား” ယန်ဆွေ့က မေးလိုက်သည်။ ရှောက်ရွှမ်သည် ထိုနေရာဒေသနားတဝိုက်ကလူများသည် သဲကန္တာရာကို သေမင်းနယ်မြေဟု ခေါ်ကြ

ကြောင်းသိထားသည်။ ထို့ကြောင့် ခေါင်းငြိမ့်ပြလိုက်ပြီး “ဟုတ်တယ်…ငါတို့ အဲဒီကို သွားမှာ”။

“လူတွေအများကြီး အရင်တုန်းက အဲဒီနေရာကို သွားဖူးကြတာ ငါသိပါတယ်၊ တချို့တွေကတော့ မင်းတို့လို ခရီးသွားအဖွဲ့တွေပေါ့၊ တချို့ကတော့ ကျွန်တွေ၊ ဒါပေမဲ့ သေမင်းနယ်မြေကို ဝင်သွားတဲ့လူတိုင်း ဘယ်သူမှ ပြန် ထွက်မလာနိုင်ကြဘူး…ငါလည်း ကလေးဘဝတုန်းက အဲဒီနေရာကို ဝင်ဖူးတယ်…ငါတောင် ပြန်ထွက်လို့မရမလိုဖြစ်သွားသေးတယ်” ယန်ဆွေ့က သူ့ကိုယ်ပိုင်အတွေ့အကြုံကို ပြောပြနေခြင်းဖြစ်သည်။ “သေမင်းနယ်မြေထဲကို ရောက်သွားတာနဲ့ ဘယ်သူ့ကိုမှ မယုံနဲ့တော့…မင်းအဖွဲ့ဝင်တွေပဲဖြစ်ဖြစ်…သနားစရာလို့ထင်ရတဲ့ ကျွန်တွေကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ မယုံနဲ့တော့…သူတို့က သူတို့အသက်ရှင်ရေးအတွက် ဘာမဆို လုပ်ကြလိမ့်မယ်..နောက်ပြီးတော့ သေမင်းနယ်မြေမှ ကိစ္စတစ်ခုခုကို ကြုံတွေ့ရပြီဆိုရင် သေချာ သတိထားတာကောင်းလိမ့်မယ်…တစ်ခါတလေမှာ မင်းမြင်ရတဲ့ ကိစ္စက မင်းထင်ထားသလို အမှန်မဟုတ်ဘဲ ဖြစ်နေတတ်တယ်”။

ရှောက်ရွှမ်လည်း ခေါင်းညိတ်ပြပြီး သဘောတူလိုက်သည်။ သဲကန္တာရထဲတွင် ရှင်သန်နိုင်ရန်မှာ ခက်ခဲပါသည်။ တချို့လူများသည် အစွန်းရောက်သော စိတ်ထားများ ထွက်ပေါ်လာတတ်သဖြင့် သူသည် သတိဝိရီယနှင့် နေနေရသည်။ ယန်ဆွေ့နောက်ဆုံးမှာလိုက်သော စကားများမှာ သဲကန္တာရထဲမှ အမှန်တရားပင် ဖြစ်တော့သည်။

သူမြင်ဖူးကြားဖူးသည်များကို ပြောပြပြီးနောက် ယန်ဆွေ့သည် ရှောက်ရွှမ်ကို ကြည့်လိုက်ပြီး ရိုသေစွာ ဦးညွတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ်…ရှောက်ရွှမ်”

ရှောက်ရွှမ် စိတ်ရှုပ်သွားသည်ကို တွေ့လိုက်ရသောအခါ ယန်ဆွေ့သည် ပြုံးလိုက်မိသည် “ မင်းကူညီလိုက်တယ်ဆိုတာ ငါသိပါတယ်”။ယန်ဆွေ့သည် မိုးခေါ်နေစဉ်တုန်းက အတွင်းမီးလျှံနိုးထတောက်လောင်လာသည်ကို ခံစားမိသည်။ သို့သော် ခဏအကြာတွင် အတွင်းမီးလျှံမှာ

ပြန်လည် ငြိမ်းလုလုဖြစ်နေသည်။ ထိုအချိန်တွင် ယန်ဆွေ့သည် မိုးခေါ်ခြင်းမအောင်မြင်တော့ဟု တွေးနေမိခဲ့သည်။ သို့သော် သိပ်မကြာခင်မှာ အတွင်းမီးလျှံမှာ ပြန်နိုးထတောက်လောင်လာလေသည်။ အတွင်းမီးလျှံကို နိုးထစေသော စွမ်းအင်မှာ မိုးမျိုးနွယ်စု၏ နယ်စပ် ခရီးသွားများနေသော နေရာမှ လာကြောင်းကို ယန်ဆွေ့သိပါသည်။

ထိုစွမ်းအင်မှာ ရှောက်ရွှမ်ဆီမှ လာခြင်းဖြစ်မည်ဟု ယန်ဆွေ့က ခန့်မှန်းလိုက်ခြင်းဖြစ်သည်။ သူသိရသလောက်တော့ ရှောက်ရွှမ်တွင် ထူးခြားသော ပညာဆက်ခံနိုင်မှုစွမ်းရည်ရှိသည်ဟု ကြားဖူးထားသည်။ အခုသူကိုယ်တိုင်မြင်ရသောအခါမှ ယခင်ထက်ပိုမိုယုံကြည်သွားလေသည်။

သူတို့စကားပြောနေတုန်းမှာ မီရွှိပြန်ရောက်လာသည်။ ဒီတစ်ခေါက်တွင်တော့ လမ်းလျှောက်လာခြင်းမဟုတ်ဘဲ ကုလားအုတ်တစ်ကောင်စီးလာခြင်းဖြစ်သည်။

ရှောက်ရွှမ်သည် အခုမှ ပထမဆုံးအကြိမ်

ကုလားအုတ်တစ်ကောင်ကိုမြင်ဖူးခြင်းဖြစ် လေသည်။ ကျောတွင် ဘုနှစ်ခုပါသော ကုလားအုတ်ဖြစ်လေသည်။ ဘုတစ်ခုကို ၂မီတာလောက် အမြင့်ရှိလေသည်။ ကိုယ်အရောင်မှာ ဝါညိုရောင်ဖြစ်ပြီး နားရွက်တိုတို၊ အမြီးရှည်ရှည် ရှိလေသည်။ကိုယ်ပေါ်မှ အမွှေးများမှာလည်း သိပ်မရှည်ပါ။ အကောင်ကြီးသော်လည်း ရုတ်တရက် ကြည့်လိုက်လျှင်တော့ ပိန်သည်ဟု ထင်ရသည်။

အနီးကပ်ကြည့်လိုက်သောအခါ ထိုကုလားအုတ်၏ နဖူးနှင့် နားရွက်တိုလေးများပေါ်တွင် အဖြူရောင် အမွှေးများပေါက်နေသည်ကို တွေ့ရလေသည်။ သူ၏ရှည်လျားသော လည်ပင်းနှင့် ကျောကုန်းမှာတော့ ရှဉ်လျားသော အညိုရင့်ရောင် အမွှေးများပေါက်နေပြီး အမွှေးများမှာ လေထဲတွင် တဖျပ်ဖျပ်ခါနေလေသည်။

ရှောက်ရွှမ်သည် ကုလားအုတ်ကို ကြည့်လိုက်ပြီးနောက် ထိုသတ္တဝါသည် သဲကန္တာရာ၏ အရှင်သခင် ဖြစ်လေသည်ဟု တွေးမိလိုက်သည်။

“ဒီကောင်ကိုတော့ မင်းလိုလိမ့်မယ်ထင်တာပဲ” ကုလားအုတ်ကြီး ရှောက်ရွှမ်ဆီသို့ ပြေးသွားသည်ကို ယန်ဆွေ့ကြည့်နေလိုက်သည်။ “ဒီကုလားအုတ်တွေက သေမင်းနယ်မြေမှ နေကြတာကွ…ဒီကောင်တွေကို ဒီနေရာရောက်အောက် ဖမ်းခေါ်လာရတာ လွယ်တာမဟုတ်ဘူး…သေမင်းနယ်မြေကနေ မိုးမျိုးနွယ်စုနယ်မြေကို ပြန်သယ်လာတဲ့လမ်းမှာ သေကုန်တဲ့အကောင်တွေလည်းရှိတယ်…မသေဘဲကျန်ခဲ့တဲ့ကောင်တွေကိုတော့ ပစ္စည်းသယ်ဖို့သုံးရင်လည်း သုံးတယ်…မသုံးရင်လည်း စားပစ်ကြတယ်ကွ”။

ယန်ဆွေ့သည် ကုလားအုတ်ကို ရှောက်ရွှမ်ကို ပေးလိုက်သောအခါ မီရွှိသည် ကုလားအုတ်ပေါ်မှ ခုန်ဆင်းလိုက်သည်။ ထို့နောက် ကုလားအုတ်၏ မျက်လုံးများကို ဝမ်းနည်းစွာ စိုက်ကြည့်နေသည်။ ကုလားအုတ်ကြီးသည် ယန်ဆွေ့တို့မောင်နှမနှင့် ရင်းနှီးနေသည့်ပုံစံရှိကြောင်း ရှောက်ရွှမ်သိလိုက်သည်။

ထိုကုလားအုတ်ကို သူ့ကိုပေးသာပေးလိုက်ရ

သည်၊ သူတို့၂ယောက်မှာ တော်တော်နှမြောနေသော ပုံစံဖြစ်နေသည်။ သေမင်းနယ်မြေသို့ဝင်ရောက်သွားပြီးပါက ပြန်ထွက်လာရန် အခွင့်အလမ်းမှာ သိပ်မရှိလှပါ။

“နောက်ပြီးတော့ ဒါကိုပါယူသွားဦး” ယန်ဆွေ့သည် သစ်ရွက်နှင့်ပတ်ထားသော ကျောက်တုံးတစ်လုံး၊နှင့် အိတ်တစ်လုံးကို ရှောက်ရွှမ်ကိုပေးလိုက်သည်။

လေးလံလှသော အိတ်ကြီးကို ရှောက်ရွှမ်လှမ်းယူပြီး ဖွင့်ကြည့်လိုက်သောအခါ အံ့ဩသင့်သွားသည်။ “ဒါတွေက…”

“ပန်ကိတ်တွေလေ” ယန်ဆွေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

ပန်ကိတ်တွေဆိုပါလား။ ရှောက်ရွှမ်တော်တော်စိတ်ပျက်သွားသည်။

All Chapters