← Chapters

မြို့စားကြီး

Vol. 20 Ch. 293

မြို့စားကြီး

Vol. 20 Ch. 293

မြင်မြင်သမျှက သဲများသာဖြစ်သည်။ လေတိုက်ခြင်းကြောင့် ဖြစ်ပေါ်နေသော သဲသောင်ပြင်ကြီးက မျက်စိတစ်ဆုံးရှိနေလသည်။ ဘာသီးပင်စားပင်မှလည်းမရှိပေ။ လေနှင့်သဲတို့ တိုက်စားမှုကြောင့် ထိုနေရာနားတွင်ရှိသော ကျောက်တုံးများ၏ ပုံစံများမှာ ထူးဆန်းနေသည်။

ကျောက်တုံးတစ်တုံးမှာ ဂြိုဟ်သားတစ်ကောင်လို အပေါ်ပိုင်းကြီးပြီး အောက်လည်ပင်းပိုင်းမှာ သေးသေးလေးဖြစ်နေလေသည်။ ထိုကျောက်တုံးမှာ မကြာခင်ပြိုကျတော့မည် ဖြစ်ကြောင်း ရှောက်ရွှမ်သိထားလေသည်။

နေ့တဝက်ခန့်ခရီးသွားပြီးသောအခါ ခရီးသွားအဖွဲ့သည် နေရောင်မှ အကာအကွယ်ရသော ကျောက်တုံးများ အောက်ခြေတွင် နားလိုက်ကြ

သည်။

အပူချိန်မှာ မြင့်မားလွန်းသောကြောင့် မြေပြင်ပေါ်တွင် ကြက်ဥပင် ကြော်လို့ရလောက်မည် ထင်ပါသည်။

“မန်မျိုးနွယ်စုရဲ့ ညွှန်ကြားချက်အရ ငါတို့ဘယ်နေရာကို သွားကြမလဲ” ထွော်ကမေးလိုက်သည်။

“ရွက်ကြွေမြို့တော်” ရှောက်ရွှမ်ကပြန်ဖြေလိုက်သည်။ ထိုနေရာသည် ကျွန်ပိုင်ရှင်များ နေထိုင်သောနေရာဖြစ်သည်။

သဲကန္တာရထဲသို့ဝင်လာသည်မှာ ၂ရက်ကြာပြီးနောက်တွင် ဟွမ်ယဲ့က ရှောက်ရွှမ်နှင့် ကျန်သူများကို သူတို့သွားမည့်နေရာကို ပြောပြလိုက်သည်။ ရှောက်ရွှမ်က အရင်တုန်းက ခဏခဏ မေးသော်လည်း ဟွမ်ယဲ့က မင်းနောက်တော့ သိလာမှာပါဟု သာပြန်ပြောခဲ့သည်။ ထို့ပြင် ကန္တာရခရီးတွင် အခြားသူများက သူတို့အဖွဲ့ကို ဖယ်ကျဉ်

ထားကြသည်ကို ရှောက်ရွှမ်သိလိုက်ရသည်။ အခုတစ်ခေါက်တွင် ခရီးသွားအဖွဲ့သည် မီးတောက်ဦးချိုအဖွဲ့ကို နာမည်ခံခေါ်လာခြင်းသာဖြစ်ပြီး လှုပ်ရှားမည့် အစီအစဉ်တွင် ပါဝင်ခိုင်းမည် မဟုတ်ပါ။

အထူးသဖြင့် ထျန်းရှန်မျိုးနွယ်စုဝင်များသည် ရှောက်ရွှမ်တို့သုံးယောက်ကို စောင့်ကြည့်နေကြသည်။ တစ်ခါတရံတွင် ရန်လိုစွာဖြင့် မြားများဖြင့် ချိန်ရွယ်ကာ စောင့်ကြည့်နေကြသည်။ ထိုအဖြစ်အပျက်ကြောင့် မျိုးနွယ်စု၂ခု တိုက်ခိုက်တော့မလို ဖြစ်သွဦးသည်။

အခြားအဖွဲ့မှ လူများသည် သေမင်းနယ်မြေအကြောင်းကို သူတို့၏ ဝါစဉ်ကြီးပုဂ္ဂိုလ်များထံမှ သိထားသည်။ ရှောက်ရွှမ်တို့ သုံးယောက်ကိုတော့ ထိုအကြောင်း များပြောပြမည့်သူမရှိပါ။ ရှောက်ရွှမ်တို့ သုံးယောက်နှင့် စကားပြောနေကျဖြစ်သော ချွီဆဲ့ပင် ရှောက်ရွှမ်တို့နှင့် စကားပြောသောအခါ ချီတုံချတုံဖြစ်နေကြသည်။ ခရီးသွားအဖွဲ့ဝင်များသည် ရှောက်ရွှမ်တို့ သုံးယောက်ကို

ကောင်းကောင်း စကားမပြောရဲကြပါ။

အခုတော့ ခရီးသွားအဖွဲ့သည် ကျွန်ပိုင်ရှင်တစ်ယောက်ပိုင်ဆိုင်သော “ရွက်ကြွေမြို့တော်”ဆိုသော နေရာသို့ သွားမည် ဖြစ်ကြောင်း သူတို့ကိုပြောပြလိုက်ပါသည်။ အရင်တုန်းကပါးစပ်ပိတ်ထားသောသူများလည်း အခုတော့ ပါးစပ်ပိတ်ထားစရာမလိုတော့ပါ။

ခရီးသွားအဖွဲ့မှ လူများသည် သူတို့ကိုယ်သူတို့ မီးတောက်ဦးချိုမျိုးနွယ်စုမှ လူများထက် သာလွန်သည်ဟုယူဆနေကြသည်။ သူတို့သည် ယဉ်ကျေးထက်မြက်သော မြို့နေလူများဖြစ်ပြီး မီးတောက်ဦးချိုမျိုးနွယ်စုမှာ တောသားအရိုင်းအစိုင်းများ ဖြစ်သည်ဟု မြင်ကြသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအတွက်တော့ မြို့ဆိုသော စကားလုံးမှာထူးဆန်းနေသည်။ သူတို့သည် မျိုးနွယ်စုများနေထိုင်သော ရွာများကိုသာ သိသဖြင့် မြို့ဆိုသောစကားလုံးကို နားမလည် ဖြစ်နေသည်။ ရှောက်ရွှမ်သာ မရှင်းပြ

ပါက လဲ့နှင့်ထွော်တို့သည် နားမလည်နိုင်ဖြစ်နေဦိးမည်ဖြစ်သည်။

“မြို့ဆိုတာ မျိုးနွယ်စုတွေနေတဲ့ရွာတွေထက် ပိုကြီးလား ငါသိချင်တယ်…အားရွှမ်…မြို့ထဲမှခေါင်းဆောင်ကဘယ်သူလဲ…မျိုးနွယ်စုအကြီးအကဲပဲလား”

“မဟုတ်ဘူး…ငါကြားထားတာတော့ သခင်တစ်ယောက်လို့ ကြားထားတယ်” ထွော်က ပြောလိုက်သည်။

“ကျွန်တွေပဲ သူတို့ခေါင်းဆောင်ကို သခင်လို့ခေါ်ကြတာ” လဲ့က ဝင်ပြင်ပေးလိုက်သည်။

“..ခေါင်းဆောင်က မြို့စားပေါ့ကွာ…ဒီမြို့ထဲမှာ ရာထူးအမြင့်ဆုံးလူတွေက သူ့ကို မြို့စားကြီးလိုခေါ်ကြတယ်” ရှောက်ရွှမ်က ပြောလိုက်သည်။

ရှောက်ရွှမ်သိထားသော သတင်းများအရ ကန္တာရထဲတွင် ကျွန်ပိုင်ရှင်များစွာရှိပြီး ထိုကျွန်

ပိုင်ရှင်များသည် သူတလူငါတမင်းနေထိုင်လျက်ရှိကြသည်။ ကျွန်ပိုင်ရှင်တစ်ယောက် အခိုင်အမာတပ်စခန်းချပြီးနေသောနေရာကို မြို့လို့ခေါ်လေ့ရှိပြီး မျိုးနွယ်စုများရင်းနှီးနေသာ စကားလုံး “ရွာ”ကို မသုံးကြပေ။

ကျွန်ပိုင်ရှင်များနှင့် အခြားမျိုးနွယ်စုဝင်များသည် ငြိမ်းချမ်းစွာဖြင့် အတူယှဉ်တွဲမနေထိုင်နိုင်ကြချေ။ သို့သော် အထူးနေရာများတော့ ရှိပါသည်။

ရွက်ကြွေမြို့တော်သည် သဲကန္တာရမြို့တော်များထဲတွင် အကောင်းဆုံး မြို့တော်ဖြစ်သည်။

အတိတ်တချိန်တုန်းက ရွက်ကြွေမြို့တော်၏ မြို့စားကြီးမှာ မျိုးနွယ်စုဝင်များကို မုန်းတီးသော ကျွန်ပိုင်ရှင်တစ်ယောက်ဖြစ်လေသည်။ မျိုးဆက်များပြောင်းလဲသွားသောအခါ ရွက်ကြွေမြို့တော်ကို အုပ်ချုပ်သူများ၏ သဘောထားများပြောင်းလဲသွားပြီး ရွက်ကြွေမြို့တော်၏ ပုံစံသည်လည်း ပြောင်းလဲသွားပါသည်။

ထိုအပြောင်းအလဲသည် လွန်ခဲ့သော နှစ်၂၀က ဖြစ်ခဲ့ခြင်းဖြစ်သည်။ ရွက်ကြွေမြို့တော်၏ မြို့စားဟောင်းသည် ရမ္မက်ဆန္ဒကြီးသူဖြစ်သဖြင့် အမျိုးသမီးကျွန်များကို အတင်းအဓမ္မသိမ်းယူခဲ့သည်။ ထို့နောက် သား၊သမီးများစွာ မွေးဖွားလာသည်။

ပုံမှန်အားဖြင့်တော့ ကျွန်ပိုင်ရှင်များမှ ဆင်းသက်လာသော သူများသာ မိဘ၏ အရိုက်အရာကို ဆက်ခံရခြင်းဖြစ်သည်။ ထိုမြို့စားဟောင်းကြီးနှင့် ကျွန်မိန်းမများမှ ပေါက်ဖွားလာသော ကလေးများကို ကျွန်ပိုင်ရှင်အများစုက သိပ်အရေးမလုပ်ကြပါ။ ထိုကလေးများကို ကျွန်များအဖြစ်သတ်မှတ်ပြီး ဆင်းရဲသားများနေထိုင်သော နေရာသို့ နှင်ထုတ်လိုက်ကြသည်။ သို့သော် လွန်ခဲ့သော နှစ်၂၀က မမျှော်လင့်ထားသော တော်လှန်မှုကြီး ဖြစ်ပေါ်ခဲ့သည်။

တော်လှန်မှုကို ပြုလုပ်ခဲ့သူမှာ သူ့အဖေ၏ စွမ်းရည်များကို အပြည့်အဝ ဆက်ခံရထားသူ

ဖြစ်သည်။ အရွယ်ရောက်လာသောအခါ ထိုသူသည် သူ့အဖေထက်ပင် ကြံ့ခိုင်သန်စွမ်းသေးသည်။ နောက်ပိုင်းတွင်တော့ ထိုလူသည် ကျွန်ပိုင်ရှင်တစ်ဦးဖြစ်သော သူ့အဖေကို သတ်လိုက်သည်။ ထို့နောက် အရှင်သခင်မကိုလည်း သတ်လိုက်သလို မြို့စားနေရာကိုဆက်ခံတော့မည့် သူ့အဖေတူမအေကွဲ အကိုကိုလည်း သတ်ပစ်လိုက်သည်။ ထိုလူကို မြင်းနက်ဟု ခေါ်ဆိုကြသည်။

မြင်းနက်၏လုပ်ရပ်ကြောင့် ရွက်ကြွေမြို့တော်ကို အုပ်ချုပ်သူလူကြီးများလည်းတုန်လှုပ်သွားသလို မြို့တော်ရှိ ကျွန်ပိုင်ရှင်များလည်း တုန်လှုပ်သွားသည်။

ထိုအကြောင်းအရာများကို ကြားရသောအခါ လဲ့နှင့်ထွော်တို့က နားမလည်နိုင်ဖြစ်နေသည်။ ထိုသူများသည် သူတို့လူ့အဖွဲ့အစည်းတွင် အရာမသွင်းခံရသောကြောင့် ထိုသို့ပြုမူခြင်းဖြစ်မည်။ မီးတောက်ဦးချိုမျိုးနွယ်စုထဲတွင်တော့ ယှဉ်ပြိင်သူအချင်းချင်း ထိုမျှမရက်စက်ကြပါ။ သွေးချင်းနီးသော ညီအကိုဆိုလျှင် ပို၍တောင် ရက်စက်ကြ

မည်မဟုတ်ပါ။ သို့သော် ထိုကိစ္စသည် ကျွန်ပိုင်ရှင်များ၏ အရေးကိစ္စသာ ဖြစ်လေသည်။ ထို့ပြင် အကြီးအကဲများတွင် ကလေးများစွာမွေးရန် လုံလောက်သော မိန်းမလည်း မရှိပါ။ နောက်ပြီးတော့ နတ်ဆေးဆရာများကလည်း အိမ်ထောင်ပြုခြင်းကို ထိန်းချုပ်ထားပါသည်။

“ရွက်ကြွေမြို့တော်ရဲ့ မြို့စားတစ်ယောက်ပဲ မျိုးနွယ်စုဝင်တွေကို ကောင်းကောင်းဆက်ဆံတယ်…သူသာသဘောထားမကောင်းရင် မျိုးနွယ်စုဝင်တွေကို မြို့ထဲကို ပေးဝင်မှာမဟုတ်ဘူး” ထွော်က ပြောလိုက်သည်။

“နောက်တစ်ခါ ပြောပြဖို့ ပုံပြင်တစ်ပုဒ်ရသွားတာပေါ့” ရှေဦက်ရွှမ်ကပြောလိုက်သည်။ ကိုယ့်အဖေနှင့် ညီအစ်ကိုမောင်နှမများကို သတ်ဖြတ်ခဲ့သော ရွက်ကြွေမြို့တော်၏ မြို့စားသည် သူတို့ကို ကောင်းမွန်စွာကြိုဆိုလိမ့်မည်ဟု ရှောက်ရွှမ်မထင်ထားပါ။ ထို့ပြင် ရှောက်ရွှမ်သည် ကျွန်ပိုင်ရှင်များနှင့် မျိုးနွယ်စုဝင်များကို အဆင့်အတန်းတူစေချင်နေသူဖြစ်သည်။ ရွက်ကြွေမြို့တော်၏ မြို့စား

ဖြစ်လာရန် ပေးဆပ်ခဲ့ရသော တော်လှန်မှုကြီးမှာ အားလုံးကို တုန်လှုပ်သွားစေသည်။

“လဲ့က ရွက်ကြွေမြို့တော်ဘက်သို့ ဦးလှည့်လိုက်သည်” လဲ့က ထိုဘက်သို့ ထွက်ခွာသွားနေသာသူကို ကြည့်ပြီး ပြောလိုက်သည်။

ခရီးသွားအဖွဲ့သည် နောက်၂ရက်တိုင်တိုင်ဆက်သွားကြပါသည်။ တခါတလေတွင် နားရန် နေရာကောင်းတစ်ခုတလေကိုတွေ့သော်လည်း တစ်ခါတရံတွင်တော့ သဲပေါ်တွင်သာ နားရသည်။ သဲကန္တာရထဲတွင် ညထွက်သော သားရဲကြီးများနှင့်လည်း ရင်ဆိုင်တိုက်ခိုက်ရသေးသည်။ ထို့ကြောင့် လူလေးယောက်သေဆုံးသွားပါသည်။ သားရဲကြီးများက ထိုလူလေးယောက်ကို သဲထဲသို့ဆွဲခေါ်သွားသဖြင့် အလောင်းပင်ရှာမရပါ။

သဲကန္တာရထဲသို့ရောက်သည့် ငါးရက်မြောက်နေ့တွင် ခရီးသွားအဖွဲ့သည် နေရောင် အောက်တွင် ဆက်သွားနေသည်။ ရှောက်ရွှမ်မြင်ဖူးသော အခြားခရီးသွားအဖွဲ့များနှင့် ယှဉ်လျှင် အခု

ခရီးသွားအဖွဲ့မှာ တကယ့်နတ်ဆိုးတစ်ပါးလိုဖြစ်နေသည်။

အဆုံးအစမရှိသော သဲကန္တာရပြင်ကြီးကို ဖြတ်၍ ခြောက်သွေ့ပူစပ်သော လေများ တိုက်နေပါသည်။ လေမှာ တော်တော်ပြင်းပြင်းထန်ထန်တိုက်ခိုက်နေပါသည်။ သဲများလည်းတောင်တစ်လုံးလို စုပုံလာပါသည်။

သိပ်မဝေးလှသောတောင်ကုန်းများပေါ်တွင် သဲများလွင့်ပျံနေပါသည်။ ထိုမြင့်မားသော သဲတောင်ကုန်းကြီးများဖြစ်ပေါ်လာသည်မှာ နှစ်ပေါင်းထောင်ချီ၍ ရှိနေနိုင်ပါသည်။

“ကြည့်ကြစမ်းဟေ့…ဟိုဘက်မှာလူတွေတွေ့တယ်” တစ်ယောက်က အော်ပြောလိုက်သည်။

ထိုသူညွှန်ပြလိုက်သောဘက်သို့ ကြည့်လိုက်သောအခါ တောင်ကုန်းမြင့်မြင့်တစ်လုံးကို ရှာတွေ့လိုက်သည်။ တောင်ထိပ်တွင် လူတစ်စုသည် ကုလားအုတ်များဖြင့် လမ်းလျှောက်နေသည်ကို

တွေ့လိုက်ရသည်။

“အဲဒါဘယ်သူတွေလဲ…ရွက်ကြွေမြို့တော်က ကျွန်တွေလား”

“ငါကောင်းကောင်းမမြင်ရဘူး…သူတို့သွားနေတဲ့ ဘက်ကတော့ ရွက်ကြွေမြို့တော်ရှိတဲ့ဘက်ကိုပဲကွ” တစ်ယောက်ကပြောလိုက်သည်။

“ထားလိုက်တော့…ငါတို့ဟာငါတို့ဆက်သွားမယ်…မြို့တော်ကို ရောက်ခါနီးပြီ” ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်ကပြောလိုက်သည်။

ကျွန်များနှင့် ရင်ဆိုင်ရာတွင် သူတို့ကျွန်ပိုင်ရှင်များက စတင်မတိုက်ခိုက်သမျှ မျိုးနွယ်စုများကလည်း တိုက်ခိုက်မည်မဟုတ်ပါ။ သူတို့သည် ကျွန်များနှင့် တိုက်ခိုက်ပြီး သူတို့အင်အားများကို အချည်းနှီးမဖြုန်းတီးပစ်ချင်ပါ။

ရှေ့သို့ဆက်သွားသောအခါ သူတို့အဖွဲ့သည် လမ်းတွင်တွေ့ခဲ့သော အဖွဲ့သွားသည့်

လမ်းကြောင်းအတိုင်းသွားနေသည်ကို ရှောက်ရွှမ်သိလိုက်သည်။ သူ့ကုလားအုတ်ကြီးမှာလည်း ပျော်ရွှင်မြူးထူးလာသည်။

“ဟိုကုလားအုတ်တွေဆီကို သွားချင်လို့လား” ရှောက်ရွှမ်က စိတ်လှုပ်ရှားနေသာ ကုလားအုတ်ကြီးကို ပြန်ဆွဲထားရသည်။

လေထဲတွင် အခြားရနံ့များနှင့် မတူသော အနံ့အရသာများရလာသည်။ အနားတွင်ရှိသော ကုလားအုတ်မှာ ပိုစိတ်လှုပ်ရှားလာပြီး ထိုအဖွဲ့ဆီသို့ ပြေးသွားတော့မလို ဖြစ်နေသည်။

“ငါတို့ ရွက်ကြွေမြို့တော်ကို ရောက်တော့မှာလား” လေထဲမှ အနံ့များကို ရလိုက်သော လဲ့သည် မေးလိုက်သည်။ အမဲလိုက်ခရီးများထွက်ထားသော အတွေ့အကြုံကြောင့် သူသည် အနံ့ခံကျွမ်းကျင်ပါသည်။

ထူးခြားသောအနံ့များအပြင် အသံမျာကိုလည်း ကြားလိုက်ရပါသည်။

တောင်ကုန်းကို ကျော်သွားသောအခါ ရှောက်ရွှမ်သည် သူတို့သွားချင်နေသော နေရာ ရွက်ကြွေမြို့တော်ကို လှမ်းမြင်လိုက်ရသည်။

ထိုအချိန်တွင် နေလုံးကြီးသည် မိုးကုတ်စက်ဝိုင်းထဲသို့ဝင်တော့မည်ဖြစ်သည်။ ကျယ်ပြန့်လှသော သဲကန္တာရကြီးထဲတွင် လိမ္မော်ရောင် နေခြည်များက ဖြာကျနေပါသည်။ ရှေ့ကိုဆက်မျှော်ကြည့်သောအခါ နေရောင်ခြည်၏ အရောင်နှင့်တူသော သစ်ရွက်များကို တွေ့လိုက်ရပါသည်။

လိမ္မော်ရောင်သစ်ပင်များ၊လိမ္မော်ရောင် နေဝင်ဆည်းဆာ…သဲကန္တာရမြို့တော်ကို နေမင်းက အရောင်ဆိုးထားပါသည်။

ရွက်ကြွေမြို့တော်တွင် အကြီးမားဆုံးသော သစ်ပင်မှာ ဆည်းဆာသစ်ပင်ဖြစ်လေသည်။ ထိုနာမည်ကို ရလာခြင်းမှာ သူ့သစ်ရွက်များသည် ဝင်ခါနီးနေလုံး၏ အရောင်နှင့်တူနေသောကြောင့်ဖြစ်ပြီး တစ်နှစ်ပတ်လုံး ထိုအရောင်မှ တခြားအရောင်

များသို့ ပြောင်းလဲသွားခြင်းမရှိပါ။ ထို့နောက် ဆည်းဆာသစ်ပင်မှာ ရွက်ကြွေမြို့တော်၏ ပြယုဂ်ဖြစ်လေသည်။

ဆည်းဆာသစ်ပင်မှာ သက်တမ်းနှစ်တထောင် မပြည့်မချင်း မသေဟုဆိုကြလေသည်။ ထိုပြင် နှစ်တစ်ထောင် မပြည့်မချင်း မြေပြင်ပေါ်သို့လဲကျသွားမည်လည်းမဟုတ်ပါ၊ နှစ်တထောင်ပြည့်၍ မြေပြင်ပေါ်သို့လဲကျသွားသော်လည်း နောက်နှစ်တထောင် မပုပ်မသိုးရှိနေဦးမည်ဖြစ်သည်။ အားလုံးသည် ထိုကောလဟာလများကို ကြားဖူးကြသော်လည်း အမှန်တရား ဟုတ်မဟုတ်တော့ ဘယ်သူမှ မသိကြပါ။ သို့သော် ရွက်ကြေမြို့တော်ထဲတွင်တော့ ဆည်းဆာသစ်ပင်များစွာ ပေါက်နေသည်ကို တွေ့လိုက်ကြရသည်။ ထိုသို့ ဆည်းဆာသစ်ပင်များပေါက်နေခြင်းကို လူများသည် သဘောကျကြပါသည်။ လွန်ခဲ့သောရက်များအတွင်း သဲကန္တာရထဲ ခရီးသွားခဲ့ရစဉ်က ဘာအပင်မှ မတွေ့ခဲ့ရပါ…မြင်မြင်သမျှက သဲများနှင့် ကျောက်တုံးများသာ ဖြစ်သည်။

ဆည်းဆာသစ်ပင်များအပြင် မြို့အနှံ့တွင် အမျိုးအမည် မသိရသော မြက်ပင်များလည်း ပေါက်ရောက်နေပါသည်။ သို့သော် များများစားစားတော့ မဟုတ်ပါ။ ထို့ကြောင့် ကုလားအုတ်ကြီးမှာ ပျော်ရွှင်လာခြင်းဖြစ်သည်။ မြက်ဆိုသည်မှာ သူတို့ ကြိုက်သော အစာမဟုတ်ပါလား။

ခရီးသွားအဖွဲ့သည် မြို့တော်ကို သဲတောင်ကုန်းပေါ်မှ ကြည့်လိုက်သောအခါ နေဝင်ဆည်းဆာရောင်နှင့်တူသော အပင်များအပြင် အထပ်မြင့်သော အဆောက်အအုံတစ်ခုကိုလည်း တွေ့လိုက်ရသည်။

ထိုအဆောက်အအုံအောက်တွင် ကျောက်တုံးကြီးများဖြင့် ပိရမစ်တစ်ခုလို အခြေပြုထားသည်။ ထိုကျောက်တုံးများအပေါ်တွင် အိမ်များဆောက်လုပ်ထားကြသည်။

“ရွက်ကြွေမြို့တော်ထဲမှာ အမြင့်ဆုံးနေရာက မြို့စားကြီးနေတဲ့နေရာပဲ” ဟွေမျိုးနွယ်စုမှ ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်ကပြောလိုက်သည်။

All Chapters