← Chapters

လူတန်းစားအလွှာများ

Vol. 20 Ch. 294

လူတန်းစားအလွှာများ

Vol. 20 Ch. 294

အမြင့်ဆုံးနေရာမှာ မြို့စားကြီး၏ နန်းတော်ဖြစ်လေသည်။ ထိုနေရာမှနေ၍ တစ်မြို့လုံးကို မြင်နိုင်သည်။

“အဲဒီနန်းတော်ကြီးကို ဆောက်လုပ်ဖို့ ကျွန်တွေ အများကြီးရဲ့ အသက်တွေ စတေးပစ်ခဲ့ရတယ်” တစ်ယောက်ကပြောသည်။

ထိုအချက်မှာ မျိုးနွယ်စုဝင်များနှင့် ကျွန်ပိုင်ရှင်များအကြားကွာခြားချက် ဖြစ်လေသည်။ မျိုးနွယ်စုဝင်များဆိုလျှင် ထိုကဲ့သို့နေရာများ ဆောက်လုပ်မည်မဟုတ်ပါ။ သူတို့သည် သစ်ပင်များ၊တောင်ပေါ်များတွင် ဆောက်လုပ်လိုက်မည်ဖြစ်သည်။

မျိုးနွယ်စုဝင်များသည် ထိုကဲ့သို့မြင့်မားသော အဆောက်အအုံတစ်ခုဆောက်လုပ်ဖို့ လူအားလည်းအကုန်မခံသလို ရင်းမြစ်များကိုလည်း

ဖြုန်းတီးပစ်မည်မဟုတ်ပါ။

“သွားကြစို့…ဒီညတော့ ငါတို့ မြို့ထဲမှာ နားလို့ရပြီ” ဟွမ်ယဲ့ကပြောလိုက်သည်။

အခြားလူများလည်း သူတို့စိတ်ဝင်စားနေသော ကျွန်ပိုင်ရှင်များ၏ မြို့တော်သို့ရောက်လာသဖြင့် ပျော်ရွှင်နေကြသည်။

ရွက်ကြွေမြို့တော်တဝိုက်တွင် သဲများနှင့် ပြုလုပ်ထားသော နံရံများရှိလေသည်။ အမြင့်မှာ အကြမ်းအားဖြင့် ၁၀မီတာခန့်ရှိမည်ဖြစ်သည်။ ထိုနံရံများ၏ သက်တမ်းများမှာ တော်တော်ကြာနေလောက်ပြီ ထင်ပါသည်။

နံရံများအနားတွင် ကျွန်များကိုတွေ့ရသည်။ ကျွန်ပိုင်ရှင်များ၏ ပိုင်နက်ထဲတွင် ကျန်များမှာ လူများစုဖြစ်လေသည်။

အသားအရည်မည်းနက်နေသော ကျွန်

များသည် လှံရှည်များကို ကိုင်ကာ မြို့ထဲသို့ ဝင်လာသောလူများအား အော်ငေါက်နေလေသည်။

ရှောက်ရွှမ်ကတော့ သူတို့စကားကိုနားမလည်ပါ၊ အဖွဲ့ထဲက တစ်ယောက်ကတော့ နားလည်ပါသည်။ အဖွဲ့ထဲမှ လူတစ်ယောက်က သူတို့ကို စကားပြန်ပြောပြီး လက်တစ်ဝါးစာလောက်ရှိသော ပစ္စည်းလေးတစ်ခုကို ကျွန်များဆီသို့ ပစ်ပေးလိုက်သည်။ မြို့ထဲမှ ကျွန်ပိုင်ရှင်များက အသိအမှတ်ပြုထားသော ပစ္စည်း တစ်မျိုးမျိုး ဖြစ်ပေလိမ့်မည်။

ထိုအရာလေးကို မြင်သွားသောအခါမှ ဂိတ်တံခါးကို စောင့်ကျပ်နေကြသော အစောင့်များသည် ဘေးသို့ဖယ်လိုက်သည်။ ထို့နောက် ကြီးမားသော သစ်သားတံခါးကြီးမှ တဖြည်းဖြည်းပွင့်သွားလေသည်။

ရှောက်ရွှမ်သည် အဖွဲ့နှင့် အတူလိုက်ပါလာသည်။ ချာချာကတော့ ဟွေမျိုးနွယ်စုမှ သိမ်းငှက်၂ကောင်နောက်သို့လိုက်သွားသည်။ ဟွေ

မျိုးနွယ်စုမှ သိမ်းငှက်များကတော့ ထိုနေရာသို့လာနေကျဖြစ်သဖြင့် ထိုနေရာအကြောင်းကို သိထားကြသည်။

မြို့ထဲတွင်ရှိသော အိမ်များကို သဲဆန်သော မြေသားများဖြင့် ဆောက်လုပ်ထားသည်။ အိမ်များသည် အရမ်းမကြီးသော်လည်းပုံစံများမှာ ထူးဆန်းနေသည်။ထိုအရာများကို အိမ်ထက် အသိုက်ဟုခေါ်လျှင် ပိုမှန်မည်ဖြစ်သည်။ ထိုအိမ်များကိုကြည့်ရသည်မှာ ဘယ်အချိန်ပြိုကျမည်မှန်းမသိနိုင်သော အခြေအနေမျိုးဖြစ်လေသည်။ ထိုအိမ်များမှာ အဆင့်နိမ့်သော ကျွန်များနေသောအိမ်များ ဖြစ်လေသည်။

ဆက်လျှောက်လာသောအခါ ကျောက်တုံးနှင့်ဆောက်လုပ်ထားသော အိမ်ကြီးများကို မြင်တွေ့လိုက်ရသည်။

ရွက်ကြွေမြို့တော်၏ ထောင့်တစ်နေရာတွင် ကျွန်များလာလေ့မရှိသော နေရာလွတ်ကြီးတစ်ခုရှိလေသည်။ ထိုနေရာတွင် နေထိုင်သူများမှာ မျိုး

နွယ်စုဝင်များ ဖြစ်လေသည်။

မျိုးနွယ်စုဝင်များနှင့် ကျွန်ပိုင်ရှင်များကြားတွင် ကွာခြားမှုတော့ ရှိရမည်ဟု ရှောက်ရွှမ်အပါအဝင် အားလုံးက တွက်ဆထားသည်။ သို့သော် ထိုကိစ္စမှာ အရေးမကြီးပါ။ မျိုးနွယ်စုဝင်အသီးသီးတို့တွင် ကိုယ်နှင့်ခင်မင်ရာ ကျွန်ပိုင်ရှင်အသီးသီးတို့ရှိကြသည်။ ရွက်ကြေမြို့တော်မြို့စားနှင့် မျိုးနွယ်စုဝင်များသည် ပါတနာများလို ဆက်ဆံရေးဖြင့် ဆက်ဆံကြသည်။ သံရုံးနှင့်တူသော‌ နေရာများပင်ရှိသေးသည်။

ခရီးသွားအဖွဲ့မှ လူများအပြင် ထိုနေရာတွင် သူတို့ထက် အရင်ရောက်နေသောသူများလည်း ရှိနေပါသည်။ ထိုသူများသည် ထိုနေရာကို ရောက်နေသည်မှာ အတော်ကြာပြီထင်ပါသည်။ သူတို့အသားအရည်များသည် ရှိရင်းစွဲထက် ပိုမဲနေကြသည်။ ၎င်းတို့ဝတ်ဆင်ထားသော မျိုးနွယ်စုအဝတ်အစားများကို မကြည့်မိပါက သူတို့သည် မြို့တော်ထဲမှ လူများနှင့် အတူတူပင်ဖြစ်သည်။

အခြားမျိုးနွယ်စုဝင်များအတွက် ရွက်ကြွေမြို့တော်တွင် တည်းခိုရန် အထူးနေရာများရှိလေသည်။ ရွက်ကြေမြို့တော်သို့ အခုမှရောက်ဖူးသော ရှောက်ရွမ် တို့သုံးယောက်အတွက်တော့ အခက်ကြုံတွေ့လေသည်။

သူတို့သုံးယောက်အတွက် သံရုံးဟူ၍လည်း မရှိပါ။ ထို့ကြောင့် သဲမြေဆီလွှာများဖြင့် ဆောက်လုပ်သော အိမ်ငယ်လေးတစ်လုံးထဲတွင် ဝင်နားလိုက်ရသည်။ ထိုအိမ်ငယ်လေးများမှာ သေးငယ်လွန်းသဖြင့် လူသုံးယောက်လောက်သာ နေလို့ရပါသည်။ အိမ်ထဲသို့ဝင်လိုက်သောအခါ အောက်သိုးသိုး အနံ့တစ်မျိုးကို ရလိုက်ပါသည်။

အခြားလူများအမြင်တွင်တော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်သုံးယောက်သည် ထမင်းသိုး၊ဟင်းသို့ အဆင့်လောက်သာရှိလေသည်။ ထို့ကြောင့် ခရီးသွားအဖွဲ့၏ အစီအစဉ်များကို သူတို့အား မပြောပြပါ။

ရှောက်ရွှမ်တို့သုံးယောက်ကလည်း သူတို့ကို

ဖယ်ကျဉ်ထားသည်ကို ခံစားမိပါသည်။ ထို့ပြင် ထိုကဲ့သို့နေရာတွင် ဘယ်လောက်ကြာအောင် နေရဦးမည် သူတို့ မသိသေးပါ။ ထို့ကြောင့် သုံးယောက်လုံး စိတ်ပျက်နေကြသည်။

လဲ့က အုတ်နံရံကို လက်နှင့်တွန်းကြည့်လိုက်ပြီး “ခိုင်လည်း မခိုင်ဘူး” ဟုပြောလိုက်သည်။

“ဒီတစ်ညတော့ ဒီမှာပဲ နေလိုက်တာပေါ့…နောက်နေ့မှ ကျောက်တုံးအိမ်တစ်လုံးရှာကြည့်ကြမယ်” ရှောက်ရွှမ်က ပြောလိုက်သည်။အခြား မျိုးနွယ်စုဝင်များသည် ရွက်ကြွေမြို့တော်တွင် စခန်းချအခြေတည်နိုင်သည်ကို သူတို့သိလိုက်သဖြင့် မီးတောက်ဦးချိုုမျိုးနွယ်စုသည်လည်း ရွက်ကြွေမြို့တော်တွင် အခြေချနိုင်ရမည် ဟုဆုံးဖြတ်လိုက်သည်။ သူတို့သုံးယောက်တည်းအကျိုးအတွက် မဟုတ်ဘဲ၊ နောင်တချိန်တွင် ရွက်ကြွေမြို့တော်သို့ လာရောက်မည့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ နားခိုရန်နေရာရစေရန်ဖြစ်သည်။

အိမ်မှာ သိပ်မကောင်းလှသော်လည်း လွန်ခဲ့သောရက်များကလို သဲကန္တာရထဲတွင် အိပ်ရခြင်းထက်တော့ ကောင်းပါသေးသည်။ အိမ်ထဲတွင် တညတာ နားခိုလိုက်ပြီးနောက်နေ့မနက်လင်းသောအခါ သူတို့သည် စိတ်လက်များပေါ့ပါးသွားကြသည်။

ကုလားအုတ်ကို အိမ်အပြင်တွင် ရှောက်ရွှမ်က ကြိုးဖြင့် ချည်ပေးထားသည်။ မနက်ပိုင်း ၎င်းအတွက် ရေလာပေးသောအခါ အနားတွင်ရှိသော မြက်များမှာ စားထားသဖြင့် ကုန်နေပြီကို တွေ့လိုက်ရသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် ၎င်းအတွက် အစာရှာပေးရလေသည်။

သယ်ဆောင်လာသောပစ္စည်းများနှင့် ကုလားအုတ်တို့ စောင့်ရှောက်ရန် အိမ်ထဲတွင် နေခဲ့ရသော ထွော်သည် တခြားမျိုးနွယ်စုဝင်များကို မေးကြည့်နေသည်။ ရွက်ကြွေမြို့တော်နားတွင် နောက်ထပ်ကျောက်တုံးများရှိသေးလား မေးကြည့်နေခြင်းဖြစ်သည်။ လဲ့ကတော့ မြို့၏ ယေဘုယျအခြေအနေကို သိရရန် ရှောက်ရွှမ်နှင့်

ရွက်ကြွေမြို့တော်ထဲသို့ လိုက်သွားသည်။

မျိုးနွယ်စုဝင်များနေသောနေရာကို ကျော်လွန်လာသောအခါ ရှောက်ရွှမ်သည် ရွက်ကြွေမြို့တော်မှ လူများသည် အင်္ကျီအထူများကို မဝတ်ကြဘဲ အများစုမှာ လိုင်နင်အင်္ကျီများကို ဝတ်ဆင်ကြောင်းတွေ့လိုက်ရသည်။ နေ့အပူချိန်မှာ မြင့်သောကြောင့် လူအများစုမှာ လိုင်နာသားအင်္ကျီများကိုသာဝတ်ဆင်ကြသည်။

ရွက်ကြွေမြို့တော်ထဲလျှောက်သွားလျှင် ကျွန်ပိုင်ရှင်များနှင့် မတွေ့အောင်ရှောင်ဟု သူ့ကို မှာလိုက်သည်မဟုတ်ပါလား။ မြို့တော်ထဲတွင် ကျွန်ပိုင်ရှင်များစွာရှိသော်လည်း မြင့်မြင်ကြီးကျယ်သော ကျွန်ပိုင်ရှင်ကြီးတစ်ယောက်ရှိရမည်။ ထိုသူမှာ မြို့စားကြီးပင် ဖြစ်လေသည်။ ကျွန်ပိုင်ရှင်များသည် ကျွန်များကို မအုပ်ချုပ်သော်လည်း သူတို့မှာ ကျွန်များထက် အဆင့်မြင့်လေသည်။ သို့သော် သူတို့ရာထူးမှာ အဆင့်အတန်းမည်မျှ မြင့်မြင့် မြို့၏အရှင်သခင် မြို့စားကြီးကိုတော့ မမီပါ။

ကုန်ပစ္စည်းဖလှယ်သောနေရာများလည်းရှိပါသည်။ ထိုနေရာတွင် သုံးသော စာနှင့် ဘာသာစကားမှာ မျိုးနွယ်စုဝင်များသုံးသော စာနှင့်ဘာသာစကားထက် ရှုပ်ထွေးကြောင်း ရှောက်ရွှမ်သိလိုက်သည်။

ရှောက်ရွှမ်သည် သားကောင်မရသည့်အချိန်အတွင်း စားသောက်ရန် အစားအစာအချို့ကို ခရုခွံငွေကြေးများဖြင့် လဲလှယ်လိုက်သည်။

မျိုးနွယ်စုဝင်များအသုံးပြုသော ခရုခွံငွေကြေးကို ရွက်ကြေမြို့တော်တွင်လည်း အသုံးပြုလို့ရပါသည်။ သို့သော် တန်ဖိုးတော့ ကျဆင်းသွားသည်။ ကျွန်ပိုင်ရှင်များ၏ ပိုင်နက်ဖြစ်၍ ကျွန်ပိုင်ရှင်များအဆင်ပြေနေလျှင် ပြီးပြီဖြစ်သည်။ ကျွန်များ၏ တောင်းဆိုမှုများက အရေးမပါပါ။

ရွက်ကြွေမြို့တော်မှ ကျွန်ပိုင်ရှင်များသည် လှပသော အဝတ်အစားများနှင့် တန်ဖိုးကြီးသော ကျောက်စိမ်းများကို နှစ်သက်ကြသည်။

ထို့ကြောင့် မန်မျိုးနွယ်စုနှင့် ခြေလက်၈ဖက်မျိုးနွယ်စုဝင်များမှာ တခြားသူများထက် ပိုကောင်းသောနေရာများကို ရခြင်းဖြစ်ပေလိမ့်မည်။ မြို့တော်ထဲရှိ မျိုးနွယ်စုဝင်များနေသောအိမ်များအနက် ထိုမျိုးနွယ်စု၂ခု၏ အိမ်များမှာ အကြီးမားဆုံးဖြစ်လေသည်။

အစားအစာရောင်းချရာတွင် တာဝန်ယူထားသော သူမှာလည်း ကျွန်တစ်ယောက်ပင် ဖြစ်ပါသည်။ ထိုအလုပ်မျိုးကို လုပ်သော လူမျိုးမှာ ပျော့ပြောင်းမှုရှိပြီး မျိုးနွယ်စုဝင်များ၏ ဘာသာစကားကို နားလည်နိုင်သော လူမျိုးဖြစ်ရမည်။ သို့သော် ရှောက်ရွှမ်က ခရုခွံငွေစေ့များကို ထုတ်ယူလိုက်သောအခါ ထိုလူက ရှောက်ရွှမ်ကို အထင်သေးသလို ကြည့်လိုက်ပြီး သူနားမလည်သော ဘာသာစကားနှင့် တစ်စုံတရာကို ပြောလိုက်သည်။ ထိုကျွန်၏ပုံစံကို ကြည့်ခြင်းအားဖြင့် သူပြောလိုက်သော စကားမှာ ကောင်းသော စကားမဟုတ်ဟု သိနိုင်ပါသည်။ လဲ့က ထိုကျွန်နှင့် ရန်ဖြစ်တော့မလိုဖြစ်နေသည်။

“မင်းက ကျွန်တစ်ယောက်ပဲ၊ ဘာကိစ္စငါ့ကို အထင်သေးသလိုလုပ်ရတာလဲ”

သို့သော် ကျွန်ပိုင်ရှင်များ၏ ပိုင်နက်ထဲတွင် ကျွန်များသည် မျိုးနွယ်စုဝင်များကို သိပ်ဂရုစိုက်မနေပါ။ ကျွန်ပိုင်ရှင်များ၏ နယ်မြေတွင် ပထမတန်းစားလူများမှာ ကျွန်ပိုင်ရှင်များဖြစ်ပြီး ကျွန်များက ဒုတိယ၊ ထို့နောက်မှ မျိုးနွယ်စုဝင်များ ဖြစ်လေသည်။

စားစရာများကို ဝယ်ပြီးသောအခါ သိပ်မဝေးလှသော နေရာမှ အသံတစ်သံကို ရှောက်ရွှမ်ကြားလိုက်ရသည်။

“ဘယ်သူလဲ” လဲ့က ထိုနေရာကို ကြည့်လိုက်ပြီး မေးလိုက်သည်။

“ကျွန်ပိုင်ရှင်”

ဝေါယာဉ်တစ်လုံးကို တောင့်တင်းကြံ့ခိုင်သော လူမည်းကျွန်လေးယောက်က ထမ်းလာလေ

သည်။ ထိုင်ခုံမှာ ဘေးတွင် အကာအရံများမပါပါ။ ထိုအစား ရောင်စုံပိတ်စရှည်များဖြင့် ဖုံးအုပ်ထားသည်။ လေတိုက်၍ ပိတ်စများလေထဲလွင့်သွားချိန်တွင် အထဲတွင် ထိုင်နေသူကို တွေ့ရမည် ဖြစ်သည်။

ဝေါယာဉ်ပေါ်တွင် ပါလာသူကတော့ သက်လတ်ပိုင်းအရွယ်လောက်ရှိသော အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။ သူမမျက်နှာမှာ ဆေးရောင်စုံခြယ်ထားသဖြင့် သူ့နဂိုမျက်နှာကိုတော့ မမြင်ရပါ။

ဝေါယာဉ်ကို ထမ်းလာသော လူများသည် လမ်းလျှောက်နေရာမှ ခဏရပ်လိုက်သည်။ တခါတလေ ဝိုင်ရောင်းသောနေရာတွင် ရပ်ကြသည်။ ထိုအခါ ဝေါယာဉ်ပေါ်တွင်လိုက်ပါလာသော သူကို ဝိုင်တစ်ခွက် ရိုသေစွာပေးဆက်လေသည်။ လူတစ်ယောက်ပြီး တစ်ယောက်က သစ်သီး၊ အကင် သို့မဟုတ် လက်ပတ်တစ်ခု စသည် ဖြင့်ပေးနေကြသည်။ ဝေါယာဉ်ပေါ်တွင်လိုက်ပါလာသူကတော့ ဘာမှ ပြန်မပေးပါ။ သူမသည် လက်ကလေးကို

ဝေါယာဉ်အပြင်သို့ ဆန့်ထုတ်လိုက်ရုံဖြစ်သည်။

ထိုအချက်မှာ လူတန်းစားအလွှာကွာခြားချက် ဖြစ်လေသည်။

“ကျွန်ပိုင်ရှင်တွေရဲ့ဘဝတွေက သာယာပါတယ်ကွာ” လဲ့က သက်ပြင်းချရင်းပြောလိုက်သည်။

အခြားလူများသတိပေးထားသည်ကို သတိရသွားသောအခါ ရှောက်ရွှမ်နှင့်လဲ့တို့သည် ထိုနေရာမှ ထွက်ခွာရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် ဝေါယာဉ်ပေါ်မှ လူသည်သူတို့ဆီသို့ လာနေပြီဖြစ်သည်။ ကျွန်ပိုင်ရှင်များ၏ ပိုင်နက်ထဲတွင် ကျွန်ပိုင်ရှင်များချမှတ်ထားသော စည်းကမ်းများကို မှားသည်၊ မှန်သည် ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။

All Chapters