← Chapters

ငယ်ရွယ်သော ကျွန်ပိုင်ရှင်

Vol. 20 Ch. 295

ငယ်ရွယ်သော ကျွန်ပိုင်ရှင်

Vol. 20 Ch. 295

မြို့တော်ထဲတွင် လျှောက်သွားရင်း စုံစမ်းနေကြသော်လည်း အကြောင်းရင်းစုံကိုတော့ မသိရပေ။ သို့သော် ရှောက်ရွှမ်နှင့်လဲ့တို့သည် ထိုနေရာတွင် ကျွန်ပိုင်ရှင်တို့၏ အနေအထားကို သိရှိနားလည်ထားကြသည်။ ဤမြို့အတွင်းတွင် မှန်သည်မှားသည်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်မှာ ကျွန်ပိုင်ရှင်များပင် ဖြစ်လေသည်။

ရှောက်ရွှမ်ကို စိတ်ဖိစီးမှု ဖြစ်ပေါ်စေသည်မှာ ကျွန်ပိုင်ရှင်များအသုံးပြုသော စာနှင့် ဘာသာစကားပင်ဖြစ်လေသည်။ ထိုဘာသာစကားကို ကျွန်ပိုင်ရှင်များ ကျွန်များကို ပြောသော စကားလုံးများလောက်သာ ရှောက်ရွှမ်သိထားသည်။ ထိုစကားလုံများမှာ မျိုနွယ်စုဝင်များ၏ ဘာသာစကားတွင်လည်းပါဝင်ပြီး အခြားခရီးသွားအဖွဲ့များနှင့် လိုက်ပါခဲ့စဉ်က ထိုဘာသာစကားကို ကြားဖူးနေသည်။ သို့သော် ထို

ဒေသ၏ စာနှင့် ဘာသာစကားကို အသုံးပြုရန်မှာတော့ အတော်ပင်ခက်ခဲလေသည်။

ရှောက်ရွှမ်လုပ်ရန် စိတ်ကူးထားသော ကိစ္စမှာမအောင်မြင်သလို ထွော်ရလာသော သတင်းမှာလည်း သတင်းကောင်းမဟုတ်ပါ။

“စိတ်တိုင်းကျနေလို့မရဘူး ဟုတ်လား” ထွော်၏ စကားများကို ကြားလိုက်ပြီးနောက် ရှောက်ရွှမ်သည် နောက်ဘာဆက်လုပ်လျှင်ကောင်းမလဲစဉ်းစားနေသည်။

ထွော်အပြောအရတော့ မြို့တော်အတွင်းနှင့်အပြင်တွင် ခွင့်ပြုတုံကင်သို့မဟုတ် ခွင့်ပြုချက်မပါဘဲ လှုပ်ရှားပါက မြို့တော်၏ရန်သူများအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်မည် ဟုသိရပါသည်။

အထူးခွင့်ပြုချက်ဆိုသည်မှာ သူတို့ခရီးသွားအဖွဲ့ မြို့အဝင်တုန်းက အစောင့်များကို ပြသသည့် တုံကင်မျိုးဖြစ်မည်။ ရှောက်ရွှမ်တွင်တော့ ထို

တုံကင်မရှိပါ။ ထိုတုံကင်ပြားရရန်မှာ မလွယ်ကူပါ။ ရွက်ကြွေမြို့တော်တွင် နှစ်ပေါင်းများစွာနေထိုင်လာသူများပင် ထိုတုံကင်မျိုး ၁ခု၊၂ခုလောက်သာ ရဖူးလေသည်။ တုံကင်ရှိသူကလည်း ရှောက်ရွှမ်ကို ပေးလိုက်ရအောင်အထိ သဘောကောင်းမည် မဟုတ်။ တကယ်ဆိုလျှင် တုံကင်တစ်ခု၊နှစ်ခုလောက်နှင့် မျိုးနွယ်စုတစ်ခုအတွက်ပင် မလုံလောက်ပေ။

ထို့ကြောင့် သူတို့သည် ကျောက်တုံးအိမ်တစ်လုံးဆောက်မည့် အကြံကို လက်လျှော့လိုက်ကြသည်။

“ကျောက်တုံးနဲ့အိမ်ဆောက်မယ့်အကြောင်းတော့ မေ့ထားလိုက်တော့…ငါတော့ လူတစ်ယောက်ကို သွားရှာလိုက်ဦးမယ်”

အိမ်ထဲတွင် ခဏနားပြီးသောအခါ ရှောက်ရွှမ်သည် ဟွမ်ယဲ့နှင့်တွေ့ဆုံရန် မန်မျိုးနွယ်စုနေထိုင်ရာဆီသို့ သွားလေသည်။ မန်မျိုးနွယ်စုသည် အရေးကြီးကိစ္စတစ်ခုကို ဆွေးနွေးနေသဖြင့် ဟွမ်

ယဲ့သည် ရှောက်ရွှမ်အတွက် အချိန်မပေးနိုင်ပါ။ ထိုအခါ ရှောက်ရွှမ်သည် ဟွေမျိုးနွယ်စုဆီသို့ သွားသည်။ သွားသောလမ်းတွင် ဟွေမျိုးနွယ်စုမှ သိမ်းငှက်၂ကောင်နှင့် အတူနေနေသော ချာချာ့ကို တွေ့ခဲ့ရသည်။

ဟွေမျိုးနွယ်စုဝင်များကတော့ အလုပ်ရှုပ်မနေပါ။ ထို့ကြောင့် ရှောက်ရွှမ်သည် ဟဲ့ရှယ်ဟုခေါ်သော ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ဦးဆီမှ အကြံဉာဏ်တောင်းခံလေသည်။ ဒီကိုလာသော လမ်းခရီးတွင်လည်း ဟဲ့ရှယ်က ရှောက်ရွှမ်ကို ကူညီခဲ့ပါသည်။ ဟဲ့ရှယ်ပေးသောအကြံမှာ သိပ်မကောင်းလှသော်လည်း ရှောက်ရွှမ်စိတ်ထဲတွင်တော့ နေလို့ကောင်းသွားသည်။

တုံကင်တောင်းမည့်အစား ရှောက်ရွှမ်သည် ကျွန်ပိုင်ရှင်တို့၏ စာနှင့် ဘာသာစကားကို ကျွမ်းကျင်သူ ရှိ၊မရှိ ဟဲ့ရှယ်ထံတွင် စုံစမ်းလေသည်။ အဆင်ပြေလျှင် ထိုကဲ့သို့ လူမျိုးကို ဟဲ့ရှယ်က ရှောက်ရွှမ်ကို ပေးလိုက်ချင်သည်ဖြစ်သည်။

ရွက်ကြွေမြို့တော်တွင် ၁၀နှစ်ကျော်နေထိုင်ခဲ့သော ဟွေမျိုးနွယ်စုဝင် အများအပြားရှိလေသည်။ သူတို့သည် ယခုအချိန်တွင် အလုပ်ရှုပ်မနေသောကြောင့် ရှောက်ရွှမ်ကို ကူညီနိုင်ကြလေသည်။

“ရွက်ကြွေမြို့တော်က ကျွန်ပိုင်ရှင်တွေအကြောင်း ကျွန်တော့်ကို ပြောပြပါလား…ဒီနေ့အမျိုးသမီး ကျွန်ပိုင်ရှင်တစ်ယောက်နဲ့တွေ့ခဲ့လို့…”

ရှောက်ရွှမ်သည် ဖြစ်ပျက်ခဲ့သမျှကို အတိုချုံးရှင်းပြလိုက်ပြီး ဟဲ့ရှယ်ဘာပြောမလဲ နားထောင်နေလိုက်သည်။

ရှောက်ရွှမ်ကမမေးလျှင် ဟဲ့ရှယ်က ပြောမည် မဟုတ်ပါ။ အခု ရှောက်ရွှမ်မေးလိုက်သောအခါမှ သူမငြင်းတော့ခြင်းဖြစ်သည်။ သူသည် ရှောက်ရွှမ်ကို တခြားအကြောင်းကိစ္စများကို ပြောပြလို့မရသော်လည်း ကျွန်ပိုင်ရှင်များအကြောင်းကိုတော့ ထိန်ချန်ထားစရာ မလိုသဖြင့် ပြောပြလိုက်သည်။

ဟဲ့ရှယ်သည် ရှောက်ရွှမ်အကြောင်းနှင့်ချာချာတို့အကြောင်းကို ကူလာ့ဆီမှ သိထားပြီးဖြစ်သည်။ ခရီးသွားအဖွဲ့မဖွဲ့ခင်ကတည်းက သိထားခြင်းဖြစ်သည်။ ရှောက်ရွှမ်ကို တွေ့လိုက်သောအခါ ခင်မင်ဖွယ်ကောင်းသော လူငယ်လေးတစ်ယောက်အဖြစ် ဟဲ့ရှယ်က ထင်မြင်ချက်ပေးလိုက်သည်။

ဟဲ့ရှယ်သည် သိမ်မွေ့သူတစ်ယောက်ဖြစ်ပြီး စကားအပိုများသိပ်မပြောတတ်။ စကားအနည်းငယ်ဖြင့်သာ ရှောက်ရွှမ်ကို မြို့ထဲက ကျွန်ပိုင်ရှင်များအကြောင်းကို ရှင်းပြပါသည်။

ရွက်ကြွေမြို့တော်မှ ကြီးကျယ်သော ကျွန်ပိုင်ရှင်မှာ စူးလွင်ဟုခေါ်သော ရွက်ကြွေမြို့တော်၏ မြို့စားဖြစ်လေသည်။ စူးလွင်သည် လွန်ခဲ့သောနှစ်၂၀က ရွက်ကြွေမြို့တော်ရှိ ကျွန်ပိုင်ရှင်များစွာ သတ်ဖြတ်ခဲ့သူ ဖြစ်ပါသည်။ ထိုအချိန်တုန်းက မြို့တော်တွင် ကျွန်ပိုင်ရှင်များစွာ မရှိပါ။ ထိုကျွန်ပိုင်ရှင်များထဲမှ အခုအချိန်ထိအောင် ရှိနေသော ကျွန်ပိုင်ရှင်များကတော့ စူးလွင်၏ သားသုံးယောက်နှင့် အဖေတူမအေကွဲ

ညီမ၂ယောက် ဖြစ်လေသည်။ သူတို့သည် မြို့တော်တွင် အရေးပါသော သူများဖြစ်ကြလေသည်။

စူးလွင်တွင် သားငါးယောက်ရှိပြီး ၂ယောက်က အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားခဲ့သည်။ အခုတော့ သုံးယောက် ကျန်ခဲ့ပြီး အကြီးဆုံးက စူးခါ၊ အလတ်က စုလဲ့၊ အငယ်ဆုံးက စူးကုတို့ဖြစ်ကြသည်။ သို့သော် သူတို့သည် တမအေတည်းမွေးသည့် ညီအကိုများမဟုတ်ကြပါ။

လွန်ခဲ့သော ၂နှစ်အတွင်း သခင်လေးသုံးယောက်အကြား ယှဉ်ပြိုင်မှုသည် ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့သည်။ ရွက်ကြွေမြို့တော် မြို့စားက မျိုးနွယ်စုများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း သူသည် မျိုးနွယ်စုဝင်များ၏ ကိစ္စများကို သိပ်စိတ်မဝင်စားပါ။ မြို့စားကြီးက အရေးတယူမလုပ်ချင်သည့်ကိစ္စများကို သခင်လေးများက ကူညီဖြေရှင်းပေးချင်နေပါသည်။

ဟုတ်သည်…ထိုကဲ့သို့လုပ်ဆောင်လျှင် ၂ဦး၂ဖက်

အကျိုးရှိမည် ဖြစ်သည်။

ရွက်ကြေမြို့တော်မှ သခင်လေးများဆီမှ သတင်းအချက်အလက်များနှင့် အကျိုးရှိသော အရာများကို မျိုးနွယ်စုဝင်များ ရရှိမည်ဖြစ်သည်။ သူတို့မျိုးနွယ်စုများနှင့် သက်ဆိုင်သော ကိစ္စရပ်များအပေါ်အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။ ထိုသခင်လေးများကြောင့် မျိုးနွယ်စုဝင်များ၏ အရေးကိစ္စအောင်မြင်ခဲ့ခြင်းဖြစ်သည်။ သခင်လေးသုံးယောက်ကတော့ သူတို့၏ ယှဉ်ပြိုင်မှုအတွက် ထောက်ခံသူများကို ပိုမိုရရှိလိုက်သလို မြို့စားကြီးကလည်း သူတို့စွမ်းဆောင်ရည်များကို သိသွားမည် ဖြစ်သည်။

“ဟွေမျိုးနွယ်စုက ဒုတိယသခင်လေး စုလဲ့နဲ့ မဟာမိတ် ဖွဲ့ထားတာလား” ရှောက်ရွှမ်က မေးလိုက်သည်။ ဟဲ့ရှယ်သည် သခင်လေးသုံးယောက်အကြောင်းကို ပြောနေရင်းနှင့် ဒုတိယသခင်လေး စုလဲ့အကြောင်းရောက်သောအခါ ခဏ ရပ်လိုက်သည်။

ဟဲ့ရှယ်သည် ရှောက်ရွှမ်ကိုကြည့်လိုက်သော်လည်း ရှောက်ရွှမ်၏ အမေးစကားကိုတော့မငြင်းဆန်လိုက်ပါ။

မျိုးနွယ်စုဝင်လူများက အခြားမြို့မှကျွန်များကို ဓားသွေးကျောက်များကဲ့သို့ သတ်မှတ်ထားသည်။ ငယ်ရွယ်ပြီး အလားအလာရှိသော စစ်သည်တော်လေးများသည် ထိုကျွန်များနှင့် တိုက်ခိုက်ပြီး လေ့ကျင့်နိုင်သည်။ မပြတ်တမ်းတိုက်ခိုက်နေမှသာ သူတို့သည် ပိုမိုရဲရင့်လာမည်ဖြစ်သည်။ ထို့အတူ ကျွန်ပိုင်ရှင်များအကြောင်းကိုလည်း ပိုမိုသိရှိလာမည် ဖြစ်သည်။ စကားပုံပင်ရှိသေးသည် “ရန်သူ့အကြောင်းကို အူမချေးခါးမကျန် သိလေလေ တိုက်ပွဲများအောင်မြင်လေ”။ မျိုးနွယ်စုထဲမှ စစ်သည်တော်များသည် အနေအစားအလွန်ချောင်နေပြီး သူတို့အမြင်များမှာလည်း ကျဉ်းမြောင်းကြသေးသည်။ ကျွန်များကို မမြင်ဖူးသော စစ်သည်တော်များက ကျွန်များသည် အဆင့်နိမ့်သောကြောင့် စိတ်တိုင်းကျသတ်ဖြတ်နိုင်သည်ဟု ထင်ထားကြသည်။ သို့သော် အမှန်ကတော့ ထိုသို့မဟုတ်ပါ။

ရှောက်ရွှမ်သည် တခြားသခင်လေးများနှင့် မဟာမိတ်ဖွဲ့ထားသော အဖွဲ့ရှိသေးလား မေးကြည့်နေသည်။ သို့သော် ဟဲ့ရှယ်က ထိုမေးခွန်းကို မဖြေပါ။

ရှောက်ရွှမ်သည် ထိုအကြောင်းအရာကို စိတ်ဝင်စားနေကြောင်း သိလိုက်သောအခါ ဟဲ့ရှယ်က “သခင်လေး၃ယောက်ထဲက ၁ယောက်နဲ့ မဟာမိတ်ဖွဲ့ချင်တယ်ဆိုရင် အကြီးဆုံးဖြစ်ဖြစ် ဒါမှမဟုတ် အလတ်နဲ့ဖြစ်ဖြစ် မဟာမိတ်ဖွဲ့…တတိယမြောက်အငယ်ဆုံးကတော့…”

“တတိယမြောက်အငယ်ဆုံးက ဘာဖြစ်လို့လဲ” ရှောက်ရွှမ်မေးလိုက်သည်။

“တတိယမြောက် သခင်လေးက အခုအချိန်မှာ ကျွန်တစ်ယောက်မှ မရှိဘူးလို့ ပြောနေကြတယ်” ။

ကျွန်ပိုင်ရှင်တစ်ယောက်ပိုင်ဆိုင်သော ကျွန်ပမာဏသည် ထိုကျွန်ပိုင်ရှင်၏ အင်အားနှင့်

ကြွယ်ဝမှုကို တိုက်ရိုက်ဖော်ပြသော အရာဖြစ်လေသည်။ ကျွန်ပြုလုပ်နိုင်သော အခွင့်အာဏာနှင့် ကျွန်ပိုင်ရှင်များသည် သူတို့ကို အယုံအကြည်မရှိသောသူများကို ကျွန်အဖြစ်ပြောင်းလဲပစ်ကြသည်။ ထို့ကြောင့် ကျွန်ပိုင်ရှင်တစ်ယောက်အနေနှင့် ကျွန်တစ်ယောက်မှ မရှိခြင်းသည် အတော်လေးရှက်ဖွယ်ကောင်းသော အနေအထားဖြစ်နေသည်။

ရွက်ကြွေမြို့တော်မှ သခင်လေး၃ယောက်၏ အသက်များမှာ သိပ်မကွာလှ။ သို့သော် သူတို့ပိုင်ဆိုင်သော ကျွန်အရေအတွက်ကို ကြည့်၍ သခင်လေး၃ယောက်၏ အင်အားကို သိရှိနားလည်နိုင်ကြလေသည်။

“အခုအချိန်ထိ တတိယမြောက်သခင်လေးနဲ့ မဟာမိတ်ဖွဲ့တဲ့ မျိုးနွယ်စု ရှိလား” ရှောက်ရွှမ်က ထပ်မေးလိုက်သည်။

“မရှိဘူး”

ရှောက်ရွှမ်က ခေါင်းညိတ်ပြလိုက်ပြီး “ကျွန်တော်နားလည်ပါပြီ” ဟုပြောလိုက်လေသည်။

နောက်ရက်များတွင် ရှောက်ရွှမ်သည် ဟွေမျိုးနွယ်စုဝင်များဆီသို့လာ၍ ကျွန်ပိုင်ရှင်များ၏ ဘာသာစကားကို နေ့စဉ်သင်ယူလေသည်။ ကျွန်ပိုင်ရှင်များ၏ စာနှင့် ဘာသာစကားမှာ သိပ်မခက်ပါ။ ထို့ပြင် ရှောက်ရွှမ်သည် မှတ်ဉာဏ်ကောင်းသဖြင့် ရက်အနည်းငယ်အတွင်း ကျွန်ပိုင်ရှင်တို့၏ ဘာသာစကားအကြောင်းကို သိရှိသွားပြီဖြစ်သည်။

သုံးရက်ကြာသောအခါ ရှောက်ရွှမ်သည် ကျွန်ပိုင်ရှင်ဘာသာစကားကို အတော်ကျွမ်းကျင်နေပြီဖြစ်သည်။ ကျွန်ပိုင်ရှင်များ သုံးလေ့ရှိသော စာလုံးများကို သားရေချပ်ပေါ်တွင် ရေးမှတ်ပြီး အိမ်ပြန်ရောက်သောအခါ ထိုစာလုံးများကို အလွတ်ကျက်လေသည်။ တစ်ခါတရံတွင် လမ်းပေါ်ထွက်ပြီ ဒေသခံများနှင့် စကားပြောကြည့်သည်။ ရှောက်ရွှမ်အတွက်တော့ ထိုဘာသာစကားကို တတ်မြောက်ရန် အချိန်သိပ်မယူလိုက်ရပါ။

လွန်ခဲ့သော သုံးလေးရက်လောက်အထိ ရှောက်ရွှမ်သည် ကျွန်ပိုင်ရှင်တို့၏ဘာသာ စကားကို လေ့လာနေခဲ့သည်။ ထိုနေ့တွင်တော့ ရှောက်ရွှမ်သည် ထွော်ကို အပြင်သို့ခေါ်ခဲ့လေသည်။ ရွက်ကြွေမြို့တော်ဈေးတွင်ရောင်းချသော ပစ္စည်းများမှာ ရိုးရှင်းသော ပစ္စည်းများဖြစ်လေသည်။ မျိုးနွယ်စုဝင်များ၏ ဈေးများတွင် ရောင်းချသော ပစ္စည်းများထက်ပင်ရိုးရှင်းနေသေးသည်။ သို့သော် တချို့ပစ္စည်းများကတော့ မျိုးနွယ်စုဝင်လူများအတွက် အဖိုးတန်လေသည်။ တိရစ္ဆာန်များ၊ ဆေးပင်များ၊ အလှဆင်သော ပစ္စည်းများ အစရှိသဖြင့်…။

ထိုနေ့တွင် အမျိုးသမီးကျွန်ပိုင်ရှင်ကို ဝေါယာဉ်ပေါ်တွင် ထပ်မြင်လိုက်ရခြင်းက သူတို့အတွက်တော့ ကံမကောင်းခြင်းဖြစ်သည်။

ဟဲ့ရှယ်ပြောပုံအရဆိုလျှင် ထိုကျွန်ပိုင်ရှင်မှာ လက်ရှိ ရွက်ကြွေမြို့တော် မြို့စားကြီး၏ ၂ဝမ်းကွဲ ညီမ ဖြစ်မည်။ ညီအကိုမောင်နှမများစွာ

ထဲမှ မိန်းကလေး၂ယောက်သာ အသက်ရှင်နေရခြင်းနောက်ကွယ်တွင်တော့ အကြောင်းရင်းရှိလိမ့်မည်။ ရှောက်ရွှမ်ရထားသော သတင်းများအရတော့ ထိုမိန်းကလေး၂ယောက်မှာ ပါးနပ်တာလား…ဦးနှောက်မရှိတာလား တစ်ခုခုပင်ဖြစ်သည်။

ရှောက်ရွှမ်သည် လက်ရှိအချိန်အထိ ကျွန်ပိုင်ရှင်များနှင့် ဆက်ဆံရန် မရည်ရွယ်သေးပါ။ ဘယ်သခင်လေးနှင့် မဟာမိတ်ပြုလုပ်ရမည်ကို သူမဆုံးဖြတ်ရသေးပေ။ လက်ရှိမြို့ထဲတွင် မီးတောက်ဦးချိုမျိုးနွယ်စုမှ လူသုံးယောက်သာ ရှိနေပြီး၊ သူတို့သုံးယောက်ကိုလည်း အများက မသိကြပါ။ ထို့ကြောင့် ရှောက်ရွှမ်သည် ကျွန်ပိုင်ရှင်များနှင့် ဆက်ဆံရေး မချောမွေ့ဖြစ်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

ရှောက်ရွှမ်နှင့်ထွော်တို့ ပြန်ရန် ပြင်နေစဉ်မှာ အော်သံတစ်ခုကို ကြားလိုက်ရသည်။ ထိုအော်သံမှာ ဝေါယာဉ်ပေါ်မှ အမျိုးသမီးကျွန်ပိုင်ရှင်၏ အော်သံပင် ဖြစ်လေသည်။

ရှောက်ရွှမ်သည် နားမလည်ချင်ယောင်ဆောင်ပြီး မသိချင်ယောင်ဆောင်နေလိုက်သည်။ သို့သော် သူတို့သွားမည့်လမ်းတွင် ကျွန်များက ပိတ်နေပါသည်။

“ရပ်လိုက်” ဒီတစ်ခါတွင်တော့ ကျွန်ပိုင်ရှင်က ဒေသခံဘာသာစကားကို အသုံးပြုပါသည်။ သို့သော် သူ့လေသံက ရိုင်းစိုင်းသလိုဖြစ်နေသည်။

ထွော်က လက်ကိုင်ရိုးကို ကိုင်ထားရင်း ရှောက်ရွှမ်ကို ကြည့်လိုက်သည်။ ရှောက်ရွှမ်က သူ့ကို ငြိမ်ငြိမ်နေရန် အချက်ပြလိုက်ပြီး သူတို့ဆီလာနေသော ကျွန်ပိုင်ရှင်အမျိုးသမီးကို ကြည့်နေလိုက်သည်။

“မင်းတို့ကဘယ်သူတွေလဲ” လေသံကတော့ မာန်အပြည့်ပင်။ အလှဆင်ထားသော ပစ္စည်းပေါင်းစုံဝတ်ဆင်ထားသော လက်တစ်ဖက်က ဝေါယာဉ်၏ လိုက်ကာကို ဆွဲဖယ်လိုက်သည်။

ထို့နောက် မူလမျက်နှာကို ခန့်မှန်း၍မရနိုင်သော မျက်နှာတစ်ခုပေါ်လာသည်။

“ကျွန်တော်တို့က မီးတောက်ဦးချိုမျိုးနွယ်စုက လူတွေပါ” ရှောက်ရွှမ်က ပြန်ဖြေလိုက်သည်။

“မီးတောက်ဦးချိုမျိုးနွယ်စု ဟုတ်လား…အဲဒီမျိုးနွယ်စုနာမည် ငါမကြားဖူးဘူး” ကျွန်ပိုင်ရှင်က ဖြည်းဖြည်းချင်းပြောလိုက်သည်။ “သိပ်တော့ အရေးမကြီးပါဘူး…မီးတောက်ဦးချိုမျိုးနွယ်စုဆိုတာ ငါ့အထင်တော့ သိပ်ကြီးတဲ့ မျိုးနွယ်စုမဟုတ်ဘူး ထင်တယ်…မင်းတို့ ငါ့နောက်လိုက်လုပ်မလား” သူမလေသံသည် မောက်မာသံအပြည့်နှင့်ဖြစ်သည်။ သူမ၏ ကျွန်ဖြစ်ရခြင်းကပဲ ဂုဏ်ယူစရာ ကိစ္စတစ်ခု လိုလို ပြောနေသည်။

ကျွန်ပိုင်ရှင်တစ်ယောက်၏ နောက်လိုက်ဆိုသည်မှာ ကျွန်နှင့်အတူတူပင် ဖြစ်သည်။

ထွော် မျက်လုံးများသည် ဒေါသရောင်သမ်းသွားသည်။ သူ့ဓားမြောင်ကို ဆွဲထုတ်ရန် ပြင်

လိုက်ချိန်တွင် ရှောက်ရွှမ်က တားထားလိုက်သည်။

ရှောက်ရွှမ်သည် ဝေါယာဉ်ပေါ်က လူကိုကြည့်ရင်း “ကျွန်တော်တို့ စိတ်မဝင်စားပါဘူး” ဟုပြောလိုက်သည်။

ဝေါယာဉ်ပေါ်မှ အမျိုးသမီးသည် လိုက်ကာကို ပြန်ချလိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

ဝေါယာဉ်နံဘေးမှ ကျောက်တုံးတူကြီးကို ကိုင်ထားသော လူကြီးတစ်ယောက် ထွက်ပေါ်လာသည်။ သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေပြင်ပေါ်တွင် ခြေရာများထင်ကျန်သွားသလို ထွက်ပေါ်လာသော တဗုန်းဗုန်းမြည်သံကြီးကြောင့် မြေပြင်ပေါ်မှ သဲများပင် တုန်ခါသွားရသည်။

သူ့မျက်နှာပေါ်မှ စာလုံးကို ကြည့်လိုက်သောအခါ ပုကျွန်တစ်ယောက်မှန်းသိလိုက် ရသည်။

ထွော်မလှုပ်ရသေးမီ ရှောက်ရွှမ်က ရှေ့ကို လှမ်းလိုက်သည်။ ထိုကျွန်က တူကို ဝှေ့ယမ်းလိုက်သည့်အခါ ရှောက်ရွှမ်က ဘေးဘက်သို့ ရှောင်ထွက်လိုက်သည်။ အားနေသော သူ့လက်နှစ်ဖက်နှင့် ရှည်လျားသော ကျောက်တူကြီး၏ လက်ကိုင်ကို အားနှင့်ဆောင့်ဆွဲလိုက်သည်။

ကျောက်တူကို ကိုင်ထားသော ကျွန်မှာ သူ့လက်များသည် မီးနှင့်အကင်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူသည် ကျောက်တူကို ဆက်လက်ကိုင်ထားချင်သော်လည်း ကျောက်တူအပေါ်တွင် ကျရောက်နေသော ရှောက်ရွှမ်၏ အတွင်းအားကို သူမခံနိုင်ပေ။ သူသည် ကျောက်တူကြီး၏ လက်ကိုင်ကို ဆုတ်ထားသေးသော်လည်း တူကြီးက သူ့လက်မှ တဖြည်းဖြည်းလွတ်ထွက်နေပြီဖြစ်သည်။

“ဖျောက်”

ရှောက်ရွှမ်၏ အတွင်းအားကြောင့် ပုကျွန်၏ လက်မောင်းမှာ အဆစ်လွဲသွားသည်။

“ဖုန်း”

ကျောက်တူကြီးမရှိတော့သော ကျွန်ကို ရှောက်ရွှမ်က ပိတ်ကန်လိုက်သဖြင့် ဆယ်မီတာလောက် လွင့်စဉ်ထွက်သွားသည်။ ထိုကျွန်သည် ပြန်ထရန် ပြင်လိုက်သော်လည်း ဝေဒနာပြင်းထန်သဖြင့် ချက်ခြင်း ပြန်မထနိုင်ပါ။

လူအုပ်အပြင်ဘက်တွင်ရပ်နေသော လူတစ်ယောက်က ထိုမြင်ကွင်းကို မြင်သောအခါ နည်းနည်းအံ့ဩသွားသည်။ သူ့မျက်နှာမှာ ပျော်ရွှင်သော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ ဝေါယာဉ်ပေါ်တွင် ထိုင်နေသူက နောက်ထပ်လူများကို လှမ်းခေါ်ရန် ပြင်နေစဉ်မှာ ထိုသူက လှမ်းအော်လိုက်သည် “ရပ်လိုက်ကြ”။

ထိုအသံကို ကြားလိုက်ရသောအခါ ထိုနားတွင် စုဝေးနေသောလူများသည် နောက်သို့ ဆုတ်သွားကြသည်။ ထို့နောက် ထိုသူကို ဦးညွတ်အရိုအသေပေးလိုက်သည် “သခင်လေး…”။

ရှောက်ရွှမ်တို့ကို တိုက်ခိုက်ရန် အသင့်ဖြစ်နေသော သူများမှာ အပြုအမူများ ငြင်သာသွားပြီး ခဏလောက်တိတ်ဆိတ်သွားသည်။

“ဘယ်တုန်းက ရွက်ကြွေမြို့တော်မှာ မျိုးနွယ်စုဝင်လူတွေကို ကျွန်ဇာတ်သွင်းဖူးလို့လဲ” ထိုလူငယ်က လူအုပ်ထဲတွင်လမ်းလျှောက်ရင်း အမှန်တရားကို အော်မေးလိုက်သည်။

ထိုစကားများကို ကြားသောအခါ ရှောက်ရွှမ်စိတ်ခုသွားသည်။

“ခုနတုန်းက ခင်ဗျားဘာလို့ ရပ်ကြည့်နေတာလဲ…ဘာလို့ ကျွန်တော့်ဘက်က ဝင်မပြောတာလဲ…အဲဒီတုန်းက ခင်ဗျားဘာလုပ်နေလဲ…”။

All Chapters