← Chapters

ရေကို ရှောင်ရှားခြင်း

Vol. 20 Ch. 296

ရေကို ရှောင်ရှားခြင်း

Vol. 20 Ch. 296

အသက်၁၄၊၁၅လောက်ရှိသော ကောင်လေးသည် အခြားကျွန်များလောက် အသားမမည်းပေ။ သူသည် သန့်စင်သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး အလှဆင်ထားသော ကျောက်မျက်ရတနာပစ္စည်းများကို ဆင်မြန်းထားသည်။ ရွက်ကြွေ မြို့တော်တွင် ထိုကဲ့သို့ ဝတ်ဆင်နိုင်သူမှာ အဆင့်အတန်းမြင့်သူဖြစ်ပါသည်။ ထို့ကြောင့် ရှောက်ရွှမ်တို့သည် ထိုသူကို ကျွန်ပိုင်ရှင်တစ်ဦးဖြစ်ကြောင်း သိလိုက်ကြသည်။

သူ့နားတွင် ရှိသော ကျွန်များက ထိုသူကို သခင်လေးဟုခေါ်နေကြသည်။ ရှောက်ရွှမ်သည် မြို့တော်တွင်ရှိသော သခင်လေးသုံးယောက်အကြောင်းတွေးမိလိုက်ပြီး ထိုသခင်လေးမှာ တတိယမြောက်သခင်လေးဖြစ်ရမည်ဟုထင်လိုက်သည်။ အငယ်ဆုံးသခင်လေး စူးကုမှာ ကျွန်တစ်ယောက်မှ မရှိသေးသလို သူ့ကို အခြားမျိုးနွယ်စုဝင်များက လာရောက် မဟာမိတ်

ဖွဲ့ခြင်းလည်း မရှိကြပေ။

သို့သော် သူသည် မြို့တော်၏ သခင်လေးတစ်ပါး ဖြစ်၍ ကျွန်များက သူ့ကို ရိုသေလေးစားရသည်။

တတိယမြောက်သခင်လေးသည် မျက်နှာကိုမော့လိုက်ပြီး ကျွန်များကို အထင်သေးစွာ ကြည့်လိုက်သည်။ အားလုံးက သူ့ကို အရိုအသေပေးသည်ကို မြင်ရမှ စိတ်ကျေနပ်သွားပြီး သစ်သားဝေါယာဉ်ကို လှမ်းကြည့်လိုက်သည်။

တတိယမြောက်သခင်လေးထွက်ပေါ်လာသောအခါ ဝေါယာဉ်ပေါ်မှ အမျိုးသမီးသည် အသံတိတ်ဆိတ်သွားသည်။တတိယမြောက်သခင်လေးကို တွေ့သောအခါ အမျိုးသမီးကျွန်ပိုင်ရှင်နှင့် ဝေါယာဉ်ကို ထမ်းလာသော လူများ၏ အပြုအမူများ ပြောင်းလဲသွား၏။

သူမသည် ထပ်မံနှာခေါင်းရှုံ့လိုက်သည်။

“ထွက်သွား” သူမသည် ဝိုင်ထည့်သော ခွက်တစ်လုံးကို ပစ်ပေါက်လိုက်ပြီး ဒေါသဖြင့် အော်ပြောလိုက်

သည်။

ဆေးခြယ်ထားသော ဝိုင်ခွက်မှာ မြေပြင်ပေါ်တွင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလေသည်။ တန်ဖိုးကြီးသော ဝိုင်ခွက်ပေါ်မှ ရှုပ်ထွေးသော အမှတ်အသားများကို ကြည့်ရင်းရှောက်ရွှမ်သည် အိုးခွက်များကို နှစ်သက်သော ရှင်းကို အမှတ်ရသွားသည်။ ရှင်းသာဆိုလျှင် ထိုဝိုင်ထည့်သောခွက်ကို အဖိုးတန်ပစ္စည်းတစ်ခုလို သိမ်းထားမည် ဖြစ်သည်။ သို့သော် ရွက်ကြွေမြို့တော်တွင်တော့ ထိုပစ္စည်းမှာ ပိုင်ရှင်က လွှတ်ပစ်ခြင်းကို ခံရသော ပစ္စည်းတစ်ခုဖြစ်နေလေပြီ။ ကျွန်ပိုင်ရှင်များသည် ကျွန်များအားသွန်ခွန်စိုက်လုပ်ထားသော အရာများကို အဖိုးမတန်သော အရာများဟုသာ သဘောထားကြသည်။

သစ်သားဝေါယာဉ်ပျောက်သွားသောအခါ ထိုနားတွင်ရှိသောလူများသည်လည်း ထွက်ခွာသွားကြသည်။ စူးကုသည် ရှောက်ရွှမ်နှင့် ထွော်တို့ကို တန်ဖိုးရှိသော ပစ္စည်းများကို ကြည့်သလို စူးရဲစွာကြည့်နေသည်။ ထိုသို့ကြည့်ခြင်းမှာ ရိုင်းစိုင်းသောအပြုအမူဖြစ်ကြောင်း သူမသိခြင်းလား။ သို့သော် သူသည် သဘောကောင်းပုံရပြီး ရှောက်ရွှမ်နှင့် ထွော်

တို့ကို ပြုံးပြနေသည်။

ရှောက်ရွှမ်နှင့်ထွော်တို့ကတော့ သူ့ကို ရိုက်ချင်နေသည်။

စူးကုသည် ရှောက်ရွှမ်တို့ဆီလျှောက်လာပြီးနောက် သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။ ထို့နောက် “မင်းတို့က ဘယ်မျိုးနွယ်စုကလဲ…မင်းတို့ အရင်တုန်းက မြို့ထဲမှာ မမြင်ဖူးပါဘူး…ငါ့နာမည်က စူးကု… ငါက ရွက်ကြွေမြို့တော်ရဲ့ တတိယမြောက်သခင်လေးပဲ”

“မီးတောက်ဦးချိုမျိုးနွယ်စုက ရှောက်ရွှမ်နဲ့ထွော်ပါ” ရှောက်ရွှမ်က ပြန်ဖြေလိုက်သည်။

“မီးတောက်ဦးချိုမျိုးနွယ်စု ဟုတ်လား…မင်းတို့တောင် အတွင်းအားကောင်းတယ်ဆိုတော့ မင်းတို့မျိုးနွယ်စုက ပေါ့သေးသေးတော့ ဘယ်ဟုတ်မလဲ” စူးကုကပြောလိုက်သည်။

“အဲဒါတော့ ကျွန်တော်နဲ့မဆိုင်ပါဘူး” ရှောက်ရွှမ်က ပြောလိုက်သည်။

“အခုမှ ဒီမြို့ကိုရောက်ဖူးတာလား”

“ဟုတ်ကဲ့”

“ဘာလုပ်မလို့လာတာလဲ”

“ဘာမှမလုပ်ပါဘူး”

“ “ ဘာမှမလုပ်ပါဘူးဆိုတာ ဘာအဓိပ္ပါယ်လဲ။

နောက်ထပ်မေးခွန်းအနည်းငယ်မေးပြီးသော်လည်း ရှောက်ရွှမ်ဆီမှ သူသိချင်သည့် အချက်ကို မသိရသေးပဲ ဖြစ်နေသည်။ နောက်ဆုံးတွင် သူမနေနိုင်တော့ပါ၊ “မင်းတို့ မျိုးနွယ်စုလူမျိုးတွေ ဒီမြို့တော်ကို ပထမဆုံးအခေါက်ရောက်တဲ့အချိန်၊ ခွင့်ပြုတုံကင်မပါရင် တော်တော်အလုပ်ရှုပ်မှာနော်”။

ရှောက်ရွှမ်နှင့်ထွော်တို့သည် စူးကုကို နားမလည်နိုင်စွာကြည့်နေကြသည်။ စကားတစ်ခွန်းမှလည်း မပြောဖြစ်ကြပါ။

ဘာမှပြန်မပြောသည်ကိုတွေ့ရသောအခါ ခဏစောင့်လိုက်ပြီး စူးကုသည် ဆက်လက်၍ “ မင်းတို့ကို ငါတုံကင်ပြားပေးလို့ရတယ်”၊ ထို့နောက် သူသည် ရှောက်ရွှမ်နှင့်ထွော်တို့ကို ဂုဏ်ယူစွာပြုံးပြလိုက်သည်။

ရှောက်ရွှမ်နှင့်ထွော်တို့သည် ဘာမှမပြောဘဲ စူးကုကို ထပ်မံကြည့်လိုက်ကြသည်။

ဟဲ့ရှယ်ဆီမှရသော သတင်းအချက်အလက်များကို ရှောက်ရွှမ်သည် ထွော်နှင့်လဲ့တို့ကို ပြောပြထားသည်။ ထို့ကြောင့် မြို့တော်ရှိသခင်လေးသုံးယောက် အနက် စူးကုမှာ အားအနည်းဆုံးသော သခင်လေးဖြစ်သည်ကို ထွော်သိထားသည်။မည်သည့်မျိုးနွယ်စုဝင်များမှ သူနှင့် စီးပွားဖက်မဖြစ်ချင်ကြပါ။ ထွော်၏ အမြင်ကတော့ ထိုမျှ အားနည်းသူနှင့် မဟာမိတ်ဖွဲ့လည်း သူတို့အတွက် အကျိုးမရှိဟု ဖြစ်သည်။ သို့သော် ရှောက်ရွှမ်က ဆုံးဖြတ်ချက်ချရမည့်သူဖြစ်နေသည်။ အခုထိတော့ သူက ဘာမှမပြောသေးပေ။

ရှောက်ရွှမ်နှင့်ထွော်တို့သည် အသံတိတ်ဆိတ်နေသဖြင့် စူးကုက သူတို့သည် သူပြောသည်ကို နားမ

လည်ဟုထင်လိုက်မိသည်။ ထို့ကြောင့် ထပ်မံ၍ “မင်းတို့ ငါနဲ့ မဟာမိတ်ဖွဲ့လိုက်…အဲဒါဆို ငါတို့၂ဖက်စလုံးအတွက် အကျိုးရှိမယ်”

“ကျွန်တော်တို့က ဆင်းရဲပါတယ်” ရှောက်ရွှမ်က ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး…ငါကချမ်းသာပါတယ်” စူးကုက သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။

“မင်းတို့သုံးယောက်က တော်တော် အစွမ်းထက်ကြမယ်ထင်တယ်” စူးကုက ကြိုးစား၍ ပြုံးလိုက်သည်။ သူသည် ရှောက်ရွှမ်ကို ဦးတည်၍ ပြောလိုက်သည့်လေသံ ဖြစ်နေသည်။

ရှောက်ရွှမ်က စူးကုကို ကြည့်လိုက်ပြီးနောက် “ခင်ဗျားရဲ့ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်…လက်ခံသင့်၊မခံသင့် ကျွန်တော်တို့ဆွေးနွေးထားလိုက်ပါမယ်”

“မင်းတို့က သုံးယောက်တည်းလာပြီးတော့ ဆွေးနွေးစရာလိုသေးလို့လား” စူးကုသည် ထပ်မံပြုံးလိုက်ပြီး

“မင်းတို့ ငါ့ကို ဘယ်တော့လောက် အကြောင်းပြန်မလဲ”။

“မနက်ဖြန်” ရှောက်ရွှမ်က ပြန်ပြောလိုက်သည်။

ရှောက်ရွှမ်သည် စူးကုကို သဘောမတူလိုက်သလို ငြင်းလည်း မငြင်းလိုက်ချေ။ ထိုအချက်စဉ်းစားမိသောအခါ စူးကု နည်းနည်းစိတ်သက်သာရာရသွားသည်။

စူးကုနှင့်လမ်းခွဲလာပြီးနောက် ထွော်က “ တတိယမြောက်သခင်လေးက တခြားကျွန်ပိုင်ရှင်တွေနဲ့မတူဘူးနော်…တခြားကျွန်ပိုင်ရှင်တွေဆို ဒီလောက် ယဉ်ကျေးမှာ မဟုတ်ဘူး”

“တကယ်တော့ သူလည်း တခြားကျွန်ပိုင်ရှင်တွေနဲ့ ဘာမှ ထူးမှာ မဟုတ်ပါဘူးကွာ…အကြောင်းရှိလို့ သူ့သရုပ်မှန်ကို ဖုံးကွယ်ထားတာပါ” ရှောက်ရွှမ်ကပြောလိုက်သည်။ တတိယမြောက်သခင်လေးသည် ကျွန်တစ်ယောက်မှ မပိုင်ဆိုင်သလို အခြားမျိုးနွယ်စုဝင်များနှင့်လည်း မဟာမိတ်ဖွဲ့ထားခြင်းမရှိပေ။ ထို့ကြောင့် သူသည် သူ့အကို၂ယောက်ကို မယှဉ်နိုင်

ဘဲ မြို့တော်၏ မြို့စားအသစ်ဖြစ်လာခွင့်ကို ဆုံးရှုံးနေရသည်။

ရှောက်ရွှမ်သည် စူးကုနှင့် လက်တွဲသင့်၊ မတွဲသင့် သေချာစဉ်းစားရမည် ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုသည် အခြားမျိုးနွယ်စုများလောက် နာမည်မကျော်ကြားသဖြင့် အခြားသခင်လေး၂ယောက်က သူတို့ကို အထင်မကြီးပေ။ ရှောက်ရွှမ်တို့အနေဖြင့် သူတို့နှင့် မဟာမိတ်ဖွဲ့ခွင့်ရရန်မှာ မလွယ်ကူပါချေ။ အောင်မြင်သွားလျှင်တောင် သခင်လေး၂ယောက်ကတော့ အရေးတယူလုပ်နေမည် မဟုတ်ပေ။

ရှောက်ရွှမ်သည် စူးကုအကြောင်းကို အခြားမျိုးနွယ်စုများဆီမှ စုံစမ်းကြည့်သော်လည်း အခြားမျိုးနွယ်စုများက သူတို့ကို ဘာမှ မပြောပြပေ။ သတင်းအချက်အလက်လိုချင်ပါက ဒေသခံများထံမှ စုံစမ်းခြင်းသည်သာ အကောင်းဆုံး ဖြစ်လေသည်။

စူးကုသည် အခုအချိန်တွင် အင်အားမရှိဖြစ်လျှင်ဖြစ်နေမည်။ သို့သော် သူသည် ချမ်းသာသော အသိုင်းအဝိုင်းမှ ပေါက်ဖွားလာသည်ကိုတော့ ငြင်းလို့မရပါ။

မျိုးနွယ်စုဝင်များနေထိုင်သောနေရာသို့ ရှောက်ရွှမ် ပြန်ရောက်လာသောအခါ ကုလားအုတ်ကြီးက ကောက်ရိုးများဝါးစားနေသည်။ ထိုကောက်ရိုးခြောက်မှာ မြို့ထဲတွင် ပေါက်သော မြက်တစ်မျိုးမှ ပြုလုပ်ထားခြင်းဖြစ်သည်။ မြက်တစ်ပင်ကို လက်ညှိုးလုံးလောက်ရှိလေသည်။ ကုလားအုတ်ကြီး “ရွှံ့စေး”သည် ထိုမြက်များကို အလွန်ကြိုက်နှစ်သက်ပါသည်။

ကောက်ရိုးပုံကြီးကို စိုက်ကြည့်နေရင်း ရှောက်ရွှမ်သည် တစ်စုံတရာကို တွေးမိလိုက်သည်။

ရှောက်ရွှမ်သည် ကောက်ရိုးပုံကို ကြည့်နေကြောင်း ကုလားအုတ်ကြီးက သိသွားသောအခါ ရှောက်ရွှမ်၏မြင်ကွင်းကို ၎င်း၏ကိုယ်ကြီးဖြင့် ကွယ်ထားလိုက်သည်။ သို့သော် ရှောက်ရွှမ်သည် ကောက်ရိုးပုံထဲမှ ကောက်ရိုး၂ချောင်းကို ဆွဲထုတ်လိုက်သည်။

“ဆက်စားမနေနဲ့တော့…မနက်ဖြန်ကျမှ မင်းအတွက် ထပ်ယူလာပေးမယ်” မကြာသေးမီအချိန်တွင်းက

ဖြစ်ပေါ်ခဲ့သော ရေရှားပါးမှုကြောင့် မြက်များခြောက်သွေ့သွားပြီး မြို့တော်ထဲတွင် ကောက်ရိုးများ ပေါများနေခြင်းဖြစ်လေသည်။

ကုလားအုတ်စားသော ကောက်ရိုးကို အိမ်ထဲယူလာသောအခါ လဲ့နှင့်ထွော်တို့က ထိုကောက်ရိုးကို ရှောက်ရွှမ်ဝါးစားတော့မည်ဟု ထင်နေသည်။

သို့သော် ရှောက်ရွှမ်သည် အိမ်ထဲသို့ရောက်သောအခါ သူသည် ကောက်ရိုးတစ်ချောင်းကို ကိုင်ထားပြီး မျက်လုံးများ မှိတ်ထားလိုက်သည်။ ခဏကြာသောအခါ ရှောက်ရွှမ်သည် ထိုကောက်ရိုးနှင့် ကြိုးထုံးများလုပ်နေလေတော့သည်။

လဲ့ကထွော်ကို ကြည့်နေသည်။ ရှောက်ရွှမ်ဘာတွေလုပ်နေသနည်း။

ထွော်တစ်ယောက် ခေါင်းယမ်းလိုက်မိသည်။ ရှောက်ရွှမ်ဘာလုပ်လုပ်၊ သူတို့ကတော့ စောင့်ရမည်သာ။

ခဏအကြာတွင်ရှောက်ရွှမ်သည် မျက်လုံးများပွင့်လာပြီး လက်ထဲမှ ကောက်ရိုးထုံးကို မျက်မှောင်ကြုံ့ပြီး ကြည့်နေလေသည်။ ရှောက်ရွှမ်၏ အမူအရာကို

တွေ့သောအခါ ထွော်ကမေးလိုက်သည် “ အားရွှမ် ဘာဖြစ်တာလဲ”

“ဘာမှမဟုတ်ပါဘူး…စူးကုနဲ့လက်တွဲဖို့ စဉ်းစားနေတာပါ” ရှောက်ရွှမ်က ပြန်ပြောလိုက်သည်။

လဲ့သည် ဘာမှပြန်မပြောနိုင်ဘဲ ပါးစပ်အဟောင်းသားဖြစ်နေလေသည်။ မျိုးနွယ်စုမှ ထွက်ခွာသည့်အချိန်တွင် နတ်ဆေးဆရာနှင့် အကြီးအကဲတို့က မှာလိုက်သည်။ အရေးကြီးသော ကိစ္စများဆိုလျှင် ရှောက်ရွှမ်ကို ဆုံးဖြတ်ခိုင်းရန် ဖြစ်သည်။

နောက်တစ်နေ့မနက်အစောပိုင်းတွင် ရှောက်ရွှမ်တစ်ယောက် အိမ်အပြင်ထွက်လိုက်သောအခါ စူးကုနှင့်တွေ့လေသည်။ စူးကုသည် မျိုးနွယ်စုဝင်များနှင့် မဟာမိတ်မဖွဲ့ထားသော်လည်း မြို့တော်ထဲတွင် မျိုးနွယ်စုဝင်များဘယ်နားနေသည်၊ ရှောက်ရွှမ်တို့ ဘယ်နားနေသည်ကိုတော့ သူသိထားသည်။

လဲ့နှင့်ထွော်တို့သည် သူတို့ကို စူးကုက လူကိုယ်တိုင်လာမတွေ့လောက်ဟု ယူဆထားကြသဖြင့် အံ့ဩသင့်နေကြသည်။

“မင်းဘယ်လိုဆုံးဖြတ်လိုက်လဲ” စူးကုက အိမ်ထဲသို့ ဝင်လာရင်း ရှောက်ရွှမ်ကို မေးလိုက်သည်။

ရှောက်ရွှမ်က သူ့ကို တိုက်ရိုက် အဖြေမပေးပါ၊ သို့သော် “ဒီနေ့ရေမကိုင်ရင်ကောင်းမယ်” ဟုပြောလိုက်သည်။

“ရေ…”

မိုးမရွာသည်မှာ ကြာပြီဖြစ်ပါသည်။ ရေကို အထူးတလည်ရှောင်စရာမလိုပါ။ သောက်ရေမသောက်ခိုင်းတာလား။ ငါရေငတ်ပြီး သေသွားအောင် လုပ်နေတာလား။

ထိုစကားများကို ကြားလိုက်သောအခါ စူးကုသည် ရှောက်ရွှမ်တစ်ယောက် ရယ်စရာပြောနေသည်ဟု ယူဆလိုက်သည်။ သူ့ဒေါသများကို မြိုသိပ်လိုက်ပြီး မျက်နှာထားကို တင်းမာလိုက်ကာ “မင်းဘာလို့ အဲဒီလို ပြောတာလဲ ဟုမေးလိုက်သည်။

“မနက်ဖြန်ကျတော့ ကျွန်တော်တို့နဲ့ မဟာမိတ်ဖွဲ့ချင်

သေးတယ်ဆိုရင် မဟာမိတ်ဖွဲ့ကြတာပေါ့” ရှောက်ရွှမ်က စူးကုမျက်နှာပေါ်မှ ဒေါသအရိပ်အယောင်ကို မသိချင်ယောင်ဆောင်နေလိုက်သည်။

“ကောင်းပြီလေ” စူးကုသည် လက်သီးဆုပ်လိုက်ပြီး ထိုလူသုံးယောက်တို့သည် မျက်နှာသာပေးခြင်းကို နားမလည်ကြဟု ထင်လိုက်မိသည်။သို့သော် တစ်စုံတခုတော့ မှားယွင်းနေပြီဟု သူထင်လိုက်မိသည်။ သူသည် ရှောက်ရွှမ်ကို တွေ့လိုက်သောအခါ အနည်းငယ်ကြောက်ရွံ့မိသည်။ ထိုအကြောင်းများကို စဉ်းစားရင်း သူသည် အိမ်ပြင်ထွက်လာလေသည်။

ထိုနေ့က ရွက်ကြွေမြို့တော်၏ တတိယမြောက်သခင်လေးသည် မျိုးနွယ်စုဝင်များလာသောနေရာကို ရောက်လာပြီး အေးစက်သောမျက်နှာထားဖြင့် ပြန်သွားသည်ကို လူအတော်များများ တွေ့လိုက်ကြရသည်။

All Chapters