ထူးဆန်းသော အပြုအမူ
Vol. 20 Ch. 297
စူးကုနှင့် တစ်ကြိမ်တွေ့ဆုံပြီးနောက် ရှောက်ရွှမ်သည် သူနှင့် လက်တွဲရန် စီစဉ်နေလေသည်။ ထိူလူသည် အနည်းငယ်ထူးဆန်းသည်ဟု ရှောက်ရွှမ်ထင်လိုက်ပြီး ထိုသို့ ထူးဆန်းနေရသော အကြောင်းရင်းကိုတော့ စဉ်းစား၍မရ။ သို့သော် တတိယမြောက်သခင်လေးသည် အများထင်ထားသည်ထက် ပိုမိုကြံ့ခိုင်သန်စွမ်းနေသည်ကိုတော့ ရှောက်ရွှမ်သိပါသည်။
မျိုးနွယ်စုများနေသောနေရာသို့ ပြန်ရောက်လာသောအခါ ကုလားအုတ်ကြီး ကောက်ရိုးများစားနေသည်ကို တွေ့လိုက်ရသည်။ ထိုအခါ ရှောက်ရွှမ်သည် ကောက်ရိုးများဖြင့် ကြိုးထုံးထုံးကြည့်၍ အဖြေကို ခန့်မှန်းကြည့်ရန် စိတ်ကူးရလိုက်သည်။
လွန်ခဲ့သောရက်များက ခရီးသွားအဖွဲ့နှင့် သွားလာနေတုန်းကလည်း ရှောက်ရွှမ်သည် သဲကန္တာရထဲတွင် တိုက်ခတ်မည့် သဲမုန်တိုင်းများကို ကောက်ရိုးများ
ထုံး၍ ခန့်မှန်းကြည့်သေးသည်။ ရှောက်ရွှမ်သည် အနာဂါတ်ကို ခန့်မှန်းသောကိစ္စများနှင့် အခြားသော ကိစ္စများကို ခန့်မှန်းရာတွင် မှန်ကန်ခြင်းမရှိပါ။ သူ့လက်များသာ ကြိုးထုံးများဖြင့် ရှုပ်ယှက်ခတ်သွားလေသည်။
အခြားသူများက ရှောက်ရွှမ်သည် ကောက်ရိုးများထုံးပြီး အနာဂတ်ကို ခန့်မှန်းရန်ကြိုးစားနေကြောင်း မသိကြပါ။ ရှောက်ရွှမ်၏ ကောက်ရိုးထုံးများမှာ နောက်ဆုံးတွင် ကုလားအုတ်ပါးစပ်ထဲသို့သာရောက်သွားသည်။ ရှောက်ရွှမ်သည် ကောက်ရိုးထုံးများဖြင့် အနာဂတ်ကို ခန့်မှန်းနေကြောင်းကို ထွော်နှင့်လဲ့တိုသာ သိထားကြသည်။
ဒီတစ်ခေါက်တွင်တော့ ရှောက်ရွှမ်သည် တစ်ကြိမ်သာ ခန့်မှန်းရန် ကြိုးစားနေတော့သည်။ ကြိုးထုံးများနှင့် ခန့်မှန်းခြင်း မအောင်မြင်ပါကလည်း ကိစ္စမရှိပါ၊ သူသည် အကောင်းဆုံးသော ရွေးချယ်မှုကို ပြုလုပ်မည် ဖြစ်သည်။
အခုတခေါက်တွက် ရှောက်ရွှမ်ခန့်မှန်းခြင်သော ကိစ္စမှာ တတိယမြောက်သခင်လေး အကြောင်း
ဖြစ်သည်။ ရှောက်ရွှမ်သည် တတိယမြောက်သခင်လေးအကြောင်းကိုတော့ ကြိုးထုံးများဖြင့် ခန့်မှန်းရင်း အနည်းငယ် သိလာရပါသည်။ ကြိုးထုံးများက ပြောပြနေသည်မှာ ထိုနေ့သည် တတိယမြောက်သခင်လေးအတွက် ရေသည် အန္တရာယ်ရှိကြောင်း ဖြစ်သည်။ တတိယမြောက်သခင်လေးသည် မီးတောက်ဦးချိုမျိုးနွယ်စုနှင့် မဟာမိတ်ပြုလုပ်ရန် မစောင့်နိုင်တော့သောအခါ ရှောက်ရွှမ်တို့ ဆီသို့ရောက်လာသည်။ ထိုအခါ ရှောက်ရွှမ်က သူ့ခန့်မှန်းချက်ကို ပြောြပလိုက်ခြင်းဖြစ်သည်။ ယုံသည် မယုံသည်ကတော့ တတိယမြောက်သခင်လေး ရှောက်ရွှမ်တို့ကို ဘယ်လောက်ယုံကြည်သည်လဲ အပေါ်တွင် မူတည်သည်။ စူးကုသည် ဖြစ်ပေါ်လာမည့် အန္တရာယ်ကို မရှောင်နိုင်လျှင်တော့ သူနှင့် မဟာမိတ်ပြုလုပ်ရန် မလိုတော့ပါ။
မျိုးနွယ်စုဝင်များနေထိုင်သောနေရာမှ အေးစက်သော မျက်နှာနှင့် ထွက်ခွာသွားသော တတိယမြောက်သခင်လေးမှာ စိတ်မကြည်မလင်ဖြစ်သွားသည်။ သူသည် မြို့တော်၏ အလယ်ပိုင်းသို့ သွားလေသည်။
အင်အားနှင့် ချမ်းသာမှုအနေအထား မည်သို့ပင်ရှိရှိ ကျွန်ပိုင်ရှင်များကတော့ ရွက်ကြွေမြို့တော်၏ မြို့လယ်ကောင်တွင်ပင် နေထိုင်ကြသည်။ သို့သော် မြို့တော်၏ အမြင့်ဆုံးနန်းတော်ကြီးကိုတော့ မြို့စားကြီးနှင့် သခင်လေးသုံးယောက်သာ ဝင်ခွင့်ရှိသည်။ အခြားကျွန်ပိုင်ရှင်များကတော့ ဝင်ခွင့်မရလျှင် ထိုနန်းတော်ကြီးထဲသို့ ဝင်ခွင့်မရပါ။ အားလုံးသည် စည်းကမ်းများကို လိုက်နာရသည်။ မြို့စားကြီးကို ဆန့်ကျင်သူများ၊ စည်းကမ်းချိုးဖောက်သူများကို မဆိုင်းမတွပင် သတ်ပစ်လေ့ရှိသည်။
စူးကု ဒေါသထွက်နေသည်ကို သိသောကြောင့် ကျွန်များက နောက်သို့ အသာဆုတ်သွားသည်။ သခင်လေး၏ ဒေါသများ သူတို့ပေါ်သို့ ကျရောက်လာမည်ကို အလွန် ကြောက်လန့်နေကြပါသည်။
“စူးကု” နန်းတော်ထဲတွင် လမ်းလျှောက်နေသော စူးကုကို တစ်စုံတယောက်က လှမ်းခေါ်လိုက်သည်။ ထိုအသံကို ကြားသောအခါ စူးကုသည် မျက်မှောင်ကြုံ့လိုက်မိပြီး ထိုလူကို ပြန်မေးလိုက်သည် “ဘာဖြစ်လို့လဲ”
အမျိုးသမီးကျွန်ပိုင်ရှင် စူးယာ့သည် အပြာရောင်အဝတ်အစားများနှင့် ရတနာများကို လက်တွင် ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် ဆေးအပြာများ ခြယ်သထားသည်။ သူမသည် စူးကုဆီသို့ ဖြည်းညှင်းစွာ လမ်းလျှောက်သွားသည်။ သူမနောက်မှ သစ်သီးများနှင့် ရေများထည့်ထားသော ခြင်းတောင်းကို ကိုင်ထားသော ကျွန်၂ယောက်က လိုက်လာပါသည်။
သူမသည် ထိုနေ့မနက်က အစောပိုင်းက ရှောက်ရွှမ်နှင့် ပြဿနာတက်သော မြို့စားကြီး၏ ၂ဝမ်းကွဲ ညီမဖြစ်လေသည်။ အခုအချိန်တွင်တော့ သူမသည် ဝေါယာဉ်ပေါ်တွင် ထိုင်မနေတော့ပါ။
“ရှင်ခိုင်းထားတဲ့အတိုင်း ကျွန်မလုပ်ပြီးသွားပြီ…ကျွန်မအတွက် ဆုလာဘ်က ဘယ်မှာလဲ” စူးယာ့က သူ့လက်ဝါးများကို ဖြန့်လိုက်သည်။ သူမလက်သည်းများကို မြက်ပင်မှရသော အပြာရောင်ဆေးတစ်မျိုး ဆိုးထားသည်။သူမသည် စူးကုခိုင်းထားသည့်အတိုင်း မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို စမ်းသပ်ခဲ့ပြီးပြီ ဖြစ်သည်၊ စူးကုက သူဆုချမည်ဟု
ပြောထားသော ရတနာများကို စူးယာ့ကို မပေးသေးပါ။ သူမသည် မနက်ကတည်းက စူးကုကို လိုက်ရှာနေသော်လည်း မတွေ့ရပေ။ ထို့ကြောင့် သူမသည် နန်းတော်ထဲတွင် စူးကုကို စောင့်နေခြင်းဖြစ်သည်။
“ခဏနေရင် ခင်ဗျားဆီကို ပို့ပေးလိုက်မယ်” ထိုသို့ပြောလိုက်ပြီးနောက် စူးကုသည် စူးယာ့ကို လှည့်ပင်မကြည့်တော့ဘဲ ထွက်ခွာသွားလေသည်။
စူးကု၏ နောက်ကျောကို ကြည့်ရင်း စူးယာ့သည် မျက်တောင်ခတ်လိုက်ပြီး ရယ်လိုက်မိသည် “နင်က ငါ့ကို ဒီလိုပြောရဲတယ်ပေါ့.”၊ ရတနာ ရရန် ကိစ္စသာ မရှိပါက သူမသည် စူးကုကို ဂရုစိုက်နေမည် မဟုတ်ပါ။ကျွန်တစ်ယောက်ပင်မရှိသော ကျွန်ပိုင်ရှင်တစ်ယောက်သည် အနှေးနှင့် အမြန်ပင် ဤနန်းတော်ကြီးမှ နှင်ထုတ်ခံရမည် ဖြစ်သည်။