← Chapters

လုပ်ကြံသတ်ဖြတ်ခြင်း

Vol. 20 Ch. 298

လုပ်ကြံသတ်ဖြတ်ခြင်း

Vol. 20 Ch. 298

သိပ်မဝေးသောနေရာတွင် တံခါးတစ်ပေါက်ရှိလေသည်။ ရေထည့်လာသော သစ်သားသေတ္တာကြီးများကို ထိုနေရာတွင် ထားမည်ဖြစ်သည်။ အစောင့်ကျွန်များက ထိုရေကို အိုးများဖြင့် ထည့်၍သယ်ဆောင်ကာ ရေသိုလှောင်သောနေရာသို့ သယ်ဆောင်မည်ဖြစ်သည်။ ထိုအခါ ကျွန်ပိုင်ရှင်များသည် သန့်စင်သော ရေများကို သောက်နိုင်မည်ဖြစ်သည်။

စူးကုသည် သေတ္တာကိုတချက်ကြည့်လိုက်ပြီးနောက် အရာအားလုံးပုံမှန်ဟုသာ ခံစားလိုက်ရသည်။ လက်ရှိဖြစ်ပေါ်နေသော သူ့အခြေအနေမှာ စိတ်ကသိကအောက် ဖြစ်စရာဖြစ်နေသည်။ သူ့နားထဲတွင် ရှောက်ရွှမ်၏ စကားများပဲ့တင်ထပ်နေသဖြင့် သူသည် ထိုရေထည့်ထားသော သေတ္တာကြီးများနားသို့ မကပ်ရန် ဆုံးဖြတ်လိုက်သည်။

“ငါဒီနေ့ ဘာအန္တရာယ်မှ မတွေ့ရဘူးဆိုရင် မီးတောက်ဦးချိုမျိုးနွယ်စုက သုံးကောင်ကို အပြစ်ပေးပစ်ဦးမယ်” စူးကုတွေးလိုက်သည်။

စူးကုနောက်လိုက်လာသော ဝူရှစ်မှာ သူ့သခင်လေးစိတ်ထဲတွင် ဖြစ်ပေါ်နေသော အခြင်းအရာများကို မသိပါ။ ထိုသို့ဆက်လျှောက်သွားရင်း ဝူရှစ်သည် ကျောရိုးထဲစိမ့်ခနဲ ဖြစ်သွားသည်။ ထို့နောက် ကြက်သီးမွေးညှင်းများထသွားသည်။

“သခင်လေး”

စူးကုသည် လမ်းလျှောက်နေရင်း ဝူရှစ်၏အော်သံကို ကြားလိုက်ရသည်။ ထို့နောက် ဝူရှစ်က သူ့ကို ချီ၍ ထွက်ပြေးသွားလေသည်။ စိတ်များရှုပ်ထွေးနေသဖြင့် ရုတ်တရက် ထွက်ခွာလာသည်ကိုသာ မြင်ယောင်လိုက်သည်။

“ဝုန်း”

နန်းတော်ထဲသို့သယ်ဆောင်လာသော သစ်သားသေတ္တာကြီး ထပေါက်ကွဲခြင်း ဖြစ်လေသည်။

သစ်သားစများနှင့် အိုးကွဲစများ နေရာအနှံ့ ပြန့်ကျဲသွားသည်။ တချို့ အစအနများသည် စူးကုနားမှ ဖြတ်သန်းသွားပြီး အနားရှိ သစ်သားနံရံများတွင် သွားစိုက်နေသည်။ အစအနများမှာ မြားများလို အရှိန်အဟုန်ပြင်းစွာဖြင့် လွင့်ပျံထွက်လာ ခြင်းဖြစ်သည်။

သေတ္တာထဲတွင် ခွေခေါက်ပြီးနေသူသုံးယောက်၏ အရွယ်အစားမှာ သေတ္တာအပြင်သို့ရောက်လာသောအခါ မူလအရွယ်အစား၏ ၂ဆဖြစ်သွားလေသည်။ သာမန်ကျွန်များနှင့်မတူသည်မှာ။ ထိုသုံးယောက်၏ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ကျွန်အမှတ်အသားများမပါသောကြောင့် သူတို့သည် ဘယ်ကျွန်ပိုင်ရှင်၏ ကျွန်များဖြစ်မလဲ ခန့်မှန်း၍ မရတော့ပါ။

သူတို့သည် အာဇာနည်မျိုးနွယ်စုဝင်များကဲ့သို့ သုတ်သင်ရေးကို အထူးလေ့ကျင့်ထားသော ကျွန်

များဖြစ်လေသည်။ လုပ်ကြံသတ်ဖြတ်ပြီးသောအခါ သူတို့သည် လွတ်မြောက်နိုင်မည်မဟုတ်ဟု ယူဆထားကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ အဓိကပစ်မှတ် ရွက်ကြွေမြို့တော်၏ မြို့စားကြီး စူးလွင်ကိုသာ ပစ်မှတ်ထားလိုက်သည်။

ဘေးနားတွင်ရှိသော ကျွန်များမှာ ညာသံပေးနေကြသည်။ သုတ်သင်ရေးသမားများကတော့ သားရဲများလို အူသံပေးနေသည်။

တည်ငြိမ်နေသော ပတ်ဝန်းကျင်မှ ကျောချမ်းစရာကောင်းလောက်အောင် သွေးဆာနေသော ပတ်ဝန်းကျင်အဖြစ်သို့ စက္ကန့်အနည်းငယ်အတွင်း ပြောင်းလဲသွားသည်။ အခြေအနေကို ကြည့်ရသည်မှာ သွေးချောင်းစီး လူသတ်ပွဲကြီး ဖြစ်တော့မည် ထင်သည်။

တိုက်ပွဲဖြစ်မည့်နေရာမှ စူးကုကို ခေါ်သွားပြီးနောက် ဝူရှစ်က ခေါ်သွားလေသည်။ ထို့နောက် စူးကူသည် အနီရောင်အရည်များထွက်လာသည်ကို

မြင်လိုက်ရပြီး အရိုးကျိုးသံများနှင့် အော်သံတစ်ခုထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

စူးကုထွက်ခွာလာပြီး သိပ်မကြာမီ လူများက အစုလိုက်အပြုံလိုက်တိုးလာပြီ သစ်သားနံရံများကို ပုခုံးများဖြင့် ဝင်ဆောင့်၍ နံရံများကို ဖြိုပစ်နေသည်။ နံရံကို ဝင်တိုက်သောသူများသည် မြေပြင်ပေါ်သို့ လဲကျကုန်ပြီး ခန္ဓာကိုယ်များ တွန့်လိမ်ကုန်သည်။ မြေပေါ်လဲကျကုန်သူများမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဓားဖြင့် အခုတ်ခံရလေသည်။ ထိုသူများမှာ နန်းတော်ကိုစောင့်ရှောက်နေသော ရွက်ကြွေမြို့တော်မှ ကျွန်များဖြစ်ကြသည်။

ဆည်းဆာသစ်ပင်၏ ပင်စည်မှာ အခြားသစ်ပင်များထက် တောင့်တင်းလေသည်။ သက်တမ်းပိုရင့်လေ ပို၍မာလေဖြစ်သည်။ တစ်ခါတရံတွင် ကျွန်ပိုင်ရှင်များသည် ဆည်းဆာသစ်ပင်သားများဖြင့် ဓားများ၊မြားများ အစရှိသည့် လက်နက်များလုပ်လေ့ရှိသည်။ မြို့တော်သို့ရောက်လာသော မျိုးနွယ်စုဝင်များကမူ ထိုသစ်သားဖြင့် လေးနှင့်

မြားပြုလုပ်ချင်ကြသည်။ ဆည်းဆာသစ်ပင်အသားရရန်အတွက် သူတို့သည် အဖိုးတန်ပစ္စည်းများစွာနှင့် လဲယူရလေသည်။

နန်းတော်ထဲတွင် သုံးထားသော သစ်သားများမှာ သက်တမ်း၁၀၀ကျော်ရှိပြီ ဖြစ်သော ဆည်းဆာသစ်ပင်မှရသော သစ်သားများဖြစ်သည်။ ထိုမာကြောသော သစ်သားနံရံများမှာ ကျောက်သားနံရံလောက် မမာကြောသော်လည်း သာမန်ကျွန်များလောက်ကိုတော့ တားဆီးနိုင်ပါသည်။ သို့သော် ထိုအချိန်တွင် သစ်သားနံရံပြိုကျသံကို စူးကုကြားလိုက်ရသည်။ သဲကန္တာရထဲတွင် အမာဆုံးသော သစ်သားဆိုသည့် ဆည်းဆာသစ်ပင်သားမှာလည်း အခုအချိန်တွင်တော့ ဘာမှမတတ်နိုင်တော့။

ထိုအဓိကရုဏ်းမှ စူးကုကို ဝူရှစ်က ခေါ်လာသည့်အချိန်တွင် တိုက်ခိုက်သတ်ဖြတ်သံများ၊ သတ်ဖြတ်သံများကို ကြားနေရလေသည်။

နန်းတော်၏ အစွန်ဘက်တစ်နေရာရောက်

သောအခါ ဝူရှစ်က နားရန် ခဏရပ်လိုက်သည်။ သူ့ကျောပေါ်တွင် ဒဏ်ရာများစွာရှိသော်လည်း သေလောက်သော ဒဏ်ရာများတော့ မဟုတ်ပါ။ သူတို့သည် လျင်မြန်စွာ ထွက်ခွာလာြခင်းကြောင့် ဘေးကင်းခြင်းဖြစ်သည်။ သူသာ သုတ်သင်ရေးသမားများနှင့် နီးကပ်သောနေရာတွင် နေမိပါက ထွက်ပြေးရန် အချိန်ရမည် မဟုတ်ပါ။

“ငါတော်တော်ကံကောင်းတာပဲ…ကံသာမကောင်းလို့ကတော့ ဟိုလျောင်ကျွန်လိုသေရမှာပါလား” ဝူရှစ်ကတွေးလိုက်မိသည်။

သူသယ်ဆောင်လာသော သခင်လေးကို ကြည့်လိုက်သောအခါ ပုံမှန်မဟုတ်သည်ကို ဝူရှစ်သိလိုက်ရသည်။ သူသည် ရှေ့တည့်တည့်ကို ကြည့်နေသော်လည်း သူ့မျက်လုံးများမှာ မတည်ငြိမ်ပေ။ သခင်လေးစိတ်ထဲဘာတွေ ရှိနေမလဲ ဝူရှစ်လည်း မသိပေ။

အကြောက်လွန်နေခြင်းများလား။

လက်ရှိအခြေအနေသည် အလွန်အန္တာရာယ်များသော အခြေအနေဖြစ်သော်လည်း ထိုကဲ့သို့ လုပ်ကြံသတ်ဖြတ်မှုများသည် မြို့တော်တွင် နှစ်စဉ်ဖြစ်နေကျဖြစ်သည်။ မြို့စားနေရာအတွက် ယှဉ်ပြိုင်နေသူတစ်ယောက်အနေဖြင့် ထိုမျှ သတ္တိမနည်းသင့်ပါ။

“သခင်လေး” ဝူရှစ်က စူးကုကို ခေါ်လိုက်သည်။

သို့သော် စူးကုက ပြန်မထူးပါ။

“တတိယမြောက်သခင်လေး…” ဝူရှစ်က ဒီတစ်ကြိမ်တွင် ခပ်ကျယ်ကျယ်အော်လိုက်သည်။

စူးကုက သူ့အသံကို မကြားသလိုနေနေသည်။

“တတိယမြောက်သခင်လေး…အဆင်ပြေရဲ့လား” ဝူရှစ်က စူးကုပုခုံးကို ပုတ်လိုက်သည်။

အတွေးထဲတွင် နစ်မြောနေသော စူးကုသည် ထ

ခုန်မိမတတ်ဖြစ်သွားသည်။

“ဘာမှ…ဘာမှမဖြစ်ဘူး” သူ့အသံက တုန်ခါနေသည်။

တတိယမြောက်သခင်လေးသည် တကယ်ပင် အကြောက်လွန်နေခြင်းလား။ ဝူရှစ်တွေးလိုက်မိသည်။

စူးကုကတော့ ဝူရှစ်ကို အရေးလုပ်မနေဘဲ လုပ်ကြံသတ်ဖြတ်မှုဖြစ်ပေါ်သည့်နေရာမှ အသံများကို နားထောင်နေလေသည်။ ခဏကြာသောအခါ စူးကုက “လာ..သွားကြည့်ရအောင်” ဟုပြောလိုက်သည်။

အသံများကိုနားထောင်လိုက်သောအခါ အခြေအနေကို အစောင့်များက ထိန်းသိမ်း နိုင်လိုက်ကြောင်း ဝူရှစ်သိလိုက်သည်။ သို့သော် နောက်ထပ် သုတ်သင်ရေးသမားများ မရှိတော့ဟု မပြောနိုင်ပါ။ သို့သော် သခင်လေးက ထိုနေရာသို့သွားချင်နေသည်ဖြစ်ပြီး သူသည် သခင်လေးကို

မတားနိုင်ပါ။ ထို့ကြောင့် ဝူရှစ်သည် စူးကုကို စောင့်ရှောက်ရင်း တိုက်ပွဲဖြစ်ရာနေရာသို့ သွားကြလေသည်။

အက်ကြောင်းများထင်နေသော သစ်သားနံရံများပေါ်တင် သွေးများပေကျံနေသည်။ သေဆုံးသွားသော ကျွန်များကို ဆွဲထုတ်သွားကြသည်။

တချို့ကျွန်များက ညစ်ပတ်သွားသောနေရာများကို သန့်ရှင်း‌ရေးလုပ်နေကြသည်။ စူးကုသည် မြေပြင်ပေါ်တွင်လဲနေသော လူတစ်ယောက်ကိုတွေ့လိုက်သည်။ သူသည် ရွက်ကြွေမြို့တော်၏ ကျွန်တစ်ယောက်မဟုတ်ဘဲ၊ သုတ်သင်ရေးသမားတစ်ယောက် ဖြစ်နေလေသည်။

ဝူရှစ်အား ထိုသူ၏ကိုယ်ပေါ်မှ သစ်သားစများကို ဖယ်ခိုင်းလိုက်သည်။ ထို့နောက် စူးကုသည် ထိုသေဆုံးနေသော သုတ်သင်ရေးသမားကို သေချာကြည့်နေလေသည်။

သုတ်သင်ရေးသမား၏ တစ်ကိုယ်လုံးတွင် ချွန်

မြသော လက်နက်ဖြင့် အထိုးခံထားရသော ဒဏ်ရာအပြည့်ဖြစ်သည်။ ထိုမျှသေလောက်သော ဒဏ်ရာများ ရထားသည့်တိုင်အောင် သူသည် အချိန်အတိုင်းအတာတစ်ခုတော့ တိုက်ခိုက်သွားသေး သည်ဖြစ်သည်။ ထိုအချက်ကိုကြည့်လျှင် သူသည် သာမန်ကျွန်များထက် ခွန်အားကောင်းကြောင်း သိနိုင်ပါသည်။

သုတ်သင်ရေးသမား၏ လက်ထဲတွင်တော့ ချွန်ထက်ပြီး၊အဆိပ်သုတ်ထားသော အနက်ရောင်ဓားတစ်ချောင်းသည် အေးစက်စွာတောက်ပနေလေသည်။

သူတို့ကိုယ်ပေါ်တွင် ထူးခြားသောအမှတ်အသားများ မပါသဖြင့် ထိုသူများ၏ဇစ်မြစ်ကို မသိနိုင်တော့။

သူတို့သည် သိုသိပ်စွာလှုပ်ရှားရာတွင် အလွန်တော်သောကြောင့်သာ မြို့ထဲတွင် သူတို့ကို ရှာမတွေ့ခြင်းဖြစ်လေသည်။ သိုသိပ်စွာ လှုပ်ရှားရာတွင် မကျွမ်းကျင်ပါက သူတို့သည် မြို့ထဲသို့

လျှို့ဝှက်စွာ ဝင်လာနိုင်မည် မဟုတ်ပါ။

ထိုကဲ့သို့ သုတ်သင်ရေးကျွန်မျိုးကို ငယ်စဉ်အရွယ်ကတည်းက ပျိုးထောင်ကြပါသည်။ အရွယ်ရောက်သောအခါ တာဝန်ပေးအပ်ခြင်းခံရပါသည်။ သူတို့ဘဝတလျှောက်လုံး လုပ်ကြံသတ်ဖြတ်ရေးအတွက် လေ့ကျင့်ခဲ့ကြသည်။ ထိုကဲ့သို့ ကျွန်မျိုးမှာ အန္တရာယ်အရှိဆုံးကျွန်များဖြစ်ပြီး ကျွန်ပိုင်ရှင်များ၏ အထက်မြက်ဆုံးသော လက်နက်ဖြစ်လေသည်။

သဲကန္တာရထဲတွင် ဖြစ်ပေါ်သော တိုက်ပွဲများအပြင် ကျွန်ပိုင်ရှင်ကြီးများ၏ ယှဉ်ပြိုင်မှုများတွင် လုပ်ကြံသတ်ဖြတ်မှုများလည်း ပါဝင်ခဲ့သည်။ သူ့အဖေတွင်လည်း ထိုကဲ့သို့ ကျွန်များရှိသည်ကို စူးကုသိထားသည်။ သို့သော် စူးကုရော သူ့အကို၂ယောက်ပါ ထိုကျွန်များကို မမြင်ဖူးကြပါ။

“တတိယမြောက်သခင်လေး” လျောင်ကျွန်တစ်ယောက်ရောက်လာသည် “ဒီနေရာမှာ ဖြစ်နေတဲ့

ပြဿနာကို ဖြေရှင်းဖို့ မြို့စားကြီးက ကျွန်တော့်ကို လွှတ်လိုက်တာပါ…သခင်လေးက ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ”

စူးကုသည် လျောင်ကျွန်ကို ဆက်ကြည့်မနေတော့ဘဲ အခြားကျွန်များကို သန့်ရှင်းရေးဆက်လုပ်ရန် လက်ဝှေ့ယမ်းအချက်ပြလိုက်သည်။ ဖြစ်ပေါ်ခဲ့သော လုပ်ကြံမှုအကြောင်းကို အသေးစိတ်မေးပြီးသောအခါ စူးကုသည် နန်းတော်မှ ထွက်ခွာခဲ့လေသည်။

ကျွန်၂၃ယောက် အသတ်ခံလိုက်ရသည်။ ထိုသူများမှာ လျောင်ကျွန်၉ယောက်နှင့် ပုကျွန်၁၄ယောက်ဖြစ်လေသည်။ သေတ္တာကိုသယ်ဆောင်လာသော ကျွန်၁၂ယောက်လုံးအသတ်ခံလိုက်ရပြီး ဂိတ်တံခါးကိုစောင့်သော ကျွန်၁၅ယောက်အနက် ၁၀ယောက် အသတ်ခံလိုက်ရသည်။ လာကူညီကြသော ကျွန်များထဲမှ အချို့ကျွန်များလည်းသေကုန်သလို အချို့ကလည်း ဒဏ်ရာရရုံသာ ရကြသည်။ သို့သော် ပြင်းထန်စွာ ဒဏ်ရာရထားသော ကျွန်များ

ကတော့ သေကြမည်ဖြစ်သည်။ သေဆုံးမှုနှုန်းမှာ သုံးဆယ်ကျော်ပြီး လေးဆယ်နားပင် ကပ်မည်ထင်သည်။

စူးကုသည် ထိုအချိန်က သေတ္တာများနားကပ်သွားမိပါက ထိုသေဆုံးသူစာရင်းထဲတွင် သူ့နာမည် ပါလာနိုင်ပါသည်။

စူးကုသည် မီးတောက်ဦးချိုမျိုးနွယ်စုမှ ရှောက်ရွှမ်ပြောလိုက်သော စကားများကို ပြန်မှတ်မိလိုက်သည်။ တိုက်ဆိုင်တာပဲလား…ဒါမှမဟုတ် လုပ်ကြံသတ်ဖြတ်မှုဖြစ်မည်ကို ရှောက်ရွှမ်က ကြိုသိနေခြင်းလား။

စူးကုသည် ထိုအကြောင်းကိုစဉ်းစားလေ စိတ်များပိုရှုပ်ထွေးလေ ဖြစ်သွားသည်။ စူးကုသည် သူ့အခန်းထဲတွင် လမ်းလျှောက်နေရာမှ နန်းတော်ထွက်ပေါက်ဆီသို့ လျှောက်သွားလေသည်။

စူးကုကိုစောင့်ရှောက်သော ဝူရှစ်သည် စူးကု နောက်သို့ ပြန်လှည့်သွားသည်ကို တွေ့သောအခါ

ခဏရပ်လိုက်သည်။ ထို့နောက် စူးကုနောက်ကိုသာ ဆက်လိုက်သွားလေသည်။

တတိယမြောက်သခင်လေးသည် မနက်ပိုင်းတုန်းက မျိုးနွယ်စုဝင်များနေသော နေရာသို့လာခဲ့ပြီး အေးစက်သော မျက်နှာဖြင့် ပြန်သွားခဲ့သည်။အခုလည်း မျိုးနွယ်စုများနေသော နေရာသို့ နောက်တစ်ခေါက်ထပ်မံရောက်ရှိလာပြန်သည်။

All Chapters