← Chapters

သောက်ချီးထုတ် သရဲကြီးဘုရင်

Vol. 7 Ch. 690

သောက်ချီးထုတ် သရဲကြီးဘုရင်

Vol. 7 Ch. 690

ချိုင့်ဝှမ်းအပေါ်သို့ ထိုးထွက်ကာ မြူခိုးများဝန်းရံနေသော သရဲဘုရင် သစ်ခွပန်းကို လူတိုင်းက အာရုံစိုက်ကာ ကြည့်လိုက်ကြတော့သည်။ ပိုင်ရှောင်ချန်းမှာမူ ပန်းပွင့်ကိုတစ်ချက်မျှသာကြည့်လိုက်ပြီး သတိကြီးကြီးဖြင့် တိတ်တိတ်လေးထွက်ခွာသွားရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှ အဖြူရောင်အလင်းတန်းများစတင်တောက်ပလာတော့သည်။

ထိုအလင်းတန်းကို ဖုံးကွယ်ရန်မှာ မဖြစ်နိုင်ပေ။ ထိုအလင်းတန်းက သူ၏အဝတ်အစားများကို ဖောက်ထွက်နေသဖြင့် တိမ်ထူထပ်နေသည့် ကောင်းကင်ကြီးအောက်ရှိ အမှောင်ထုထဲတွင် သူ့အသွင်က ပေါ်လွင်ထင်ရှားလာတော့သည်။

ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူကလုံးဝမသိတော့ပေ။ အခြားလူများထဲမှ အချို့မှာ ပိုင်ရှောင်ချန်းကိုသတ်ချင်နေကြသည်ဖြစ်ပြီး အများစုမှာ သရဲဘုရင် သစ်ခွပန်းဆီသို့သွားရန်သာ ကြံစည်နေကြသည်။ သူကဲ့သို့ လူမျိုးကိုတိုက်ခိုက်ရသည်မှာ မိမိတို့အဆင့်နှင့် မတန်ကြောင်း သတ်မှတ်ထားကြသူအချို့လည်း ရှိသည်။ လူအနည်းငယ်သာလျှင် ယခုချက်ချင်း သူ့ကို တိုက်ခိုက်ရန် ရည်ရွယ်ထားကြသည်။

သို့သော် မည်သူမှ မလှုပ်ရသေးခင်အချိန်မှာပင် ပိုင်ရှောင်ထံမှ စူးရှတောက်ပသောအလင်းတန်းများထွက်ပေါ်လာသဖြင့် ချက်ချင်းပင် လူအများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရတော့သည်။ မျက်ဝန်းပေါင်း တစ်ရာကျော်မှာ သူ့အပေါ်သို့ကျရောက်လာသဖြင့် သူ ကြောက်လန့်ကာ ဦးခေါင်းခွံများပင် ထုံကျဥ်သွားရတော့သည်။

ထိုကျင့်ကြံသူအားလုံးမှာ ယင်ယန်ဝိညာဥ်အဆင့်တွင် ရှိကြသူများဖြစ်ပြီး အားအနည်းဆုံးလူမှာ အစောပိုင်း ယင်ယန်ဝိညာဥ်အဆင့်တွင် ရှိနေသည်။ သူက တအံ့တသြဖြင့် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်လေသည်။

" စိတ်အေးအေးထားကြပါ။ အားလုံး၊ အမ်၊ သရဲကြီးဘုရင်ရဲ့ကိုယ်စား ကျုပ် သရဲဘုရင် သစ်ခွပန်းကို မလုတော့ဘူးလေနော်။ မင်းတို့ဘာမှ မပူပါနဲ့။ မင်းတို့နဲ့ ကျုပ် ပြိုင်မလုပါဘူး "

သူက အတတ်နိုင်ဆုံး ရိုးသားသည့်လေသံပေါက်စေရန် ကြိုးစားနေတော့သည်။

လူအုပ်ထဲရှိလူတိုင်းမှာ အံ့သြသွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ထူးဆန်းသောအမူအရာများ ပေါ်လာတော့သည်။ သို့သော် မည်သူမှ စကားတစ်ခွန်းပင် မပြောနိုင်ခင်မှာပင် ပိုင်ရှောင်ချန်းထံမှ အလင်းတန်းများမှာ ပို၍စူးရှတောက်ပလာသဖြင့် လူအများ၏ အာရုံများကို မခွာနိုင်လောက်အောင် ဖမ်းစားနေတော့သည်။

" ဘာတွေလုပ်နေတာတုံး ပိုင်ဟောက် "

ပိုင်ရှောင်ချန်းမှာ ငိုချလိုက်ချင်သော်လည်း မျက်ရည်များ ကျမလာပေ။ သူသည် ရင်တထိတ်ထိတ်ဖြင့် သူ့ကိုယ်သူပြန်စစ်ဆေးကြည့်လိုက်သောအခါ အလင်းရောင်၏ လာရာရင်းမြစ်ကို တွေ့လိုက်ရတော့သည်။ ၎င်းမှာ... သရဲကြီးဘုရင်၏ အချုပ်အနှောင်မန္တန်ပင်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ အင်မတန် ဆိုးရွားသည့်ခံစားချက်ကြီးတစ်ခုကို ခံစားလိုက်ရတော့သည်။ ယခုအခါ ထိုအဖြူရောင်အလင်းတန်းကြီးမှာ သူနှင့် ချိတ်ဆက်မှုပြတ်တောက်တော့မည့်အလား ဖြစ်နေပြီး သူ၏ခန္ဓာကိုယ်မှထွက်ခွာကာ ချိုင့်ဝှမ်းဆီသို့ လျင်မြန်စွာ ဦးတည်နေသည်။

ထိုသို့ ရုတ်တရက်ဖြစ်ပေါ်လာသည့် ကိစ္စရပ်များကြောင့် လူများစွာမှာ မျက်နှာပျက်ကုန်ကြတော့သည်။ ထိုအလင်းတန်းကြီးမှာ လျင်မြန်စွာဖြင့် ချိုင့်ဝှမ်းဆီသို့ ဦးတည်သွားပြီး သရဲဘုရင် သစ်ခွပန်းပေါ်သို့ ကျဆင်းသွားသောအခါ ထစ်ချုန်းသံများ မြည်ဟည်းလာတော့သည်။

ခဏအကြာတွင် အဖြူရောင် အလင်းတန်းဒိုင်းကာတစ်ခုမှာ ထိုပန်းပွင့်တစ်ပွင့်လုံးကို အုပ်မိုးလိုက်တော့သည်။ ထို့နောက် အနည်းငယ်အကြာတွင် အတွင်းထဲမှ လေပွေကြီးတစ်ခု ပေါ်ပေါက်လာပြီး ၎င်းလေပွေကြီး၏ ဆွဲငင်အားကြောင့် ထိုပန်းပွင့်မှာ ပို၍အပွင့်မြန်လာတော့သည်။

ထိုအလင်းရောင်ဒိုင်းကာနှင့် ဆွဲငင်အားကြောင့် သရဲဘုရင်သစ်ခွပန်းမှာ မကြာမီတွင် ပွင့်လာကာ သစ်သီးပေါ်လာတော့မည်ဖြစ်ကြောင်းကို သိနိုင်သည်။ ထိုအခါတွင် လေပွေကြီးမှာ ထိုသစ်သီးကို စုပ်ယူသွားမည်သာဖြစ်သည်။

ထိုမြင်ကွင်းကိုကြည့်နေသည့် လူတိုင်းမှာ အံ့အားသင့်သွားကြပြီး ပိုင်ရှောင်ချန်းမှာဆွံ့အနေတော့သည်။ သူက အသားများပင်တုန်ရီလာပြီး သရဲကြီးဘုရင်က သူ့ကို ဤနေရာသို့ ယုံကြည်မှုအပြည့်ဖြင့် ပို့လိုက်သည့် ရည်ရွယ်ချက်ကို နားလည်သွားတော့သည်။

" သောက်ချီးထုတ် သရဲကြီးဘုရင်။ ကျုပ်ကို အကူအညီပေးဖို့ ဘယ်သူ့ကိုမှ မစီစဥ်ပေးထားဘူးမလား။ ခ...ခင်ဗျားဗျာ... "

သရဲကြီးဘုရင်ကြီးက သူ့အားရောင်းစားသွားပြီဆိုသည့် အသိကြီးကြောင့် ပိုင်ရှောင်ချန်း၏ မျက်နှာမှာသွေးများ ဖြူဆုတ်နေတော့သည်။ သူ ဝိညာဥ်ရေနွေးအိုးထဲသို့ဝင်လိုက်ရုံနှင့် အချုပ်အနှောင်မန္တန်အစီအရင်၏ အလုပ်လုပ်ပုံကြောင့် သရဲကြီးဘုရင်၏ ပြဿနာတိုင်းမှာ ဖြေရှင်းပြီးသားဖြစ်သွားမည်ဖြစ်သည်။

ထိုအချုပ်အနှောင် မန္တန်မှာ သရဲကြီးဘုရင်၏ ဝှက်ဖဲပင် ဖြစ်သည်။ ဤနည်းလမ်းဖြင့် သူသည် မည်သို့ပင်ဖြစ်စေကာမူ သရဲဘုရင်သစ်ခွပန်းကို အရယူနိုင်မည်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် ညည်းတွားနေပြီး သူ့ထံမှ စူးရှတောက်ပနေသည့် အဖြူရောင်အလင်းတန်းများကြောင့် သူ၏ ကျင့်ကြံခြင်းအခြေခံပါ လျော့ကျလာနေသည်ကို ရိပ်မိလိုက်တော့သည်။ တစ်ခဏအတွင်း သူသည် တစ်ဝက်တိတိ အားအင်ကုန်ခန်းသွားပြီဖြစ်သည်။ ထို့နောက် သူသည် ခေါင်းတစ်ခုလုံး ထူပူနေရင်းမှ နောက်သို့ဆုတ်လိုက်ပြီး ရုတ်တရက် ကြီးမားသော အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရတော့သည်။ ယခုအခါ သူသည် အန္တရာယ်ကြီးတစ်ခုထဲသို့ ကျရောက်နေပြီဖြစ်သည်။

" သောက်ကျိုးနည်း သရဲကြီးဘုရင်ကွာ " ပိုင်ရှောင်ချန်းမှာ အလွန်ပျာယာခတ်ကာ ဒေါသထွက်နေသောကြောင့် ယခုချက်ချင်းပင် ငိုချချင်စိတ်များ ပေါက်လာတော့သည်။ သူက မည်သို့ထွက်ပြေးရမည်ကို စဥ်းစားနေစဥ်မှာပင် သူ၏ဘေးနားရှိ လူအားလုံးက ပင့်သက်ရှိုက်ကာ အလန့်တကြား ထအော်လိုက်ကြတော့သည်။

"အဲဒါ ယင်ယန်နတ်ဘုရားစွမ်းရည်ရှိတဲ့ လူတစ်ယောက်ကနေ ဖန်ဆင်းထားတဲ့ ဟင်းလင်းပြင်အစီအရင်တစ်ခုပဲ။ အချုပ်နှောင်မန္တန် ပိုင်ရှင် မသေမချင်း နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတောင်အဲဒီ အစီအရင်ကို မထိုးဖောက်နိုင်ဘူး "

ထိပ်သီးလက်ရွေးစင်များဖြစ်ကြသော ကုန်းစွန်းရီနှင့် ကျိုးဟုန်တို့ပင်လျှင် သူတို့၏မျက်နှာအမူအရာများကို တည်ငြိမ်အောင် မထားနိုင်တော့ပေ။ ဤ အချုပ်အနှောင်မန္တန်၏ အမည်အတိအကျကို မည်သူမှသေချာ မသိသော်လည်း ယင်ယန်ဝိညာဥ်အဆင့်ရှိသောကျင့်ကြံသူများ ဖောက်ထွင်းနိုင်ရန် ခက်ခဲမည်ကိုတော့ သူတို့ကသိသည်။ ထိုအစီအရင်ကို ကျော်ဖြတ်နိုင်မည့်နည်းမှာ မန္တန်၏ ပိုင်ရှင်ကိုသတ်ရန်သာ ဖြစ်သည်။ ထိုပိုင်ရှင်သည်ကား... ပိုင်ဟောက်ပင် ဖြစ်သည်။

ထို အချုပ်အနှောင်မန္တန်နှင့် ချိတ်ဆက်နေသည့် အဖြူရောင် အလင်းတန်းများမှာ သူ၏ခန္ဓာကိုယ်ထဲမှ ဆက်လက်ထိုးထွက်နေဆဲဖြစ်၍ ထိုအချက်မှာ အလွန်သိသာနေတော့သည်။ သူ၏ဘေးတွင် စုဝေးနေကြသည့် လက်ရွေးစင်များ၏ မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုစိတ်များမှာ ပို၍ အားကောင်းလာတော့သည်။

" သေချင်နေတယ်ပေါ့ ပိုင်ဟောက် "

" မင်းစောစောကပြောတော့ အရှုံးပေးတယ်ဆို။ အခုတော့ ဒါဘာတုံး။ မင်းတော့အသေပဲ "

" သူ့ကို သတ်ကြ။ အဲဒါ ဒီအချုပ်အနှောင် မန္တန်ကို ဖျက်နိုင်မဲ့ တစ်ခုထဲသော နည်းလမ်းပဲ။ နို့မို့ဆိုရင် ငါတို့အကုန် ရှုံးသွားလိမ့်မယ် "

မရေမတွက်နိုင်သော အော်ဟစ်သံများ လေထုထဲတွင် ပြည့်နှက်နေပြီး ပိုင်ရှောင်ချန်းက ပစ်မှတ်ကြီးတစ်ခု ဖြစ်လာသကဲ့သို့ ဖြစ်နေတော့သည်။ ထို့နောက် လူများမှာ သူတို့၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်ကာ သူရှိရာအရပ်သို့ ပြေးလာကြတော့သည်။

" မင်းတို့ အထင်လွဲနေပြီ "

သူက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

" ခဏနေကြပါဦးကွာ။ ငါရှင်းပြပါရ... "

သို့သော် သူ၏စကားတွင် မဆုံးသေးခင်မှာပင် လူသန်ကြီးတစ်ယောက်က သူ၏ရှေ့တွင် ရုတ်တရက်ပေါ်ပေါက်လာသည်။ ထိုသူမှာ... ကျောက်ဒုံရှန်ပင် ဖြစ်သည်။

" ငါပြောတာနားထောင်ပါဦး တာအိုရောင်းရင်းရာ "

ပိုင်ရှောင်ချန်းမှာ အော်ပြောလိုက်သည်။

ထိုအချိန်တွင် ကျောက်ဒုံရှန်းမှာ ကြောက်မက်ဖွယ် လေသံကြီးနှင့် အော်ဟစ်လိုက်တော့သည်။

“ သေစမ်းကွာ "

ကျောက်ဒုံရှန်၏ နောက်တွင် လူသုံးယောက်ရှိပြီး သူတို့အားလုံးမှာလည်း စွမ်းအားကြီးမှော်အတတ်များကို ထုတ်သုံးကာ သူ့ကိုတိုက်ခိုက်ရန်ပြင်နေကြပြီ ဖြစ်သည်။

" မျိုးမစစ် သရဲကြီးဘုရင်တော့ကွာ "

ပိုင်ရှောင်ချန်းမှာ ဒေါသတကြီး အော်ဟစ်ကာ နောက်သို့ဆုတ်လိုက်သည်။ ထိုအချိန်တွင် သူ၏နောက်တွင်ရောက်နေသည့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော လူရှစ်ယောက်၏ကိုမြင်လိုက်ရ၍ သူ မှင်တက်သွားတော့သည်။ ဤနေရာတွင် တွေဝေတုံ့ဆိုင်းနေရန် အချိန်မရှိကြောင်း သူကသိလိုက်လေသည်။ အကယ်၍တုံ့ဆိုင်းနေပါက ထိုလူများကို သူ့အားဝန်းရံခွင့်ပေးလိုက်သလို ဖြစ်သွားမည်ဖြစ့်သည်။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေတော့ပဲ တောင်ဖြိုသိုင်းကို သုံးလိုက်တော့သည်။

သူက လျင်မြန်လှသော အမြန်နှုန်းဖြင့် ကျောက်ဒုံရှန်ဆီသို့ ပြေးသွားတော့သည်။ ကျောက်ဒုံရှန်မှာ ကြောက်မက်ဖွယ် ပြုံး၍ လူသတ်တိုက်ကွက်ကို ထုတ်ရန် သူ၏ဝံပုလွေတင်းပုတ်ကို မြှောက်လိုက်တော့သည်။

ထိုအခါ အရပ်မျက်နှာတိုင်းတွင် ထစ်ချုန်းသံများပေါ်ထွက်လာသဖြင့် ဘေးပတ်ပတ်လည်ရှိ မြေရိုင်းသားလက်ရွေးစင်အားလုံး၏မျက်နှာများပေါ်တွင် တုန်လှုပ်နေသည့် အမူအရာများ ဖုံးလွှမ်းသွားတော့သည်။ သူ၏အနီးတွင် ရှိနေသူများမှာ ပို၍ဆိုးပြီး မျက်လုံးပြူးသွားကြသည်။

လူ့ဘီလူးကြီးများ၏ သွေးများစီးဆင်းနေသော ကျောက်ဒုံရှန်မှာ ပါးစပ်ထဲမှ သွေးများပန်းထွက်ကာ ကြိုးပြတ်သွားသည့် စွန်တစ်ခုအလား နောက်သို့လွင့်စင်သွားတော့သည်။ ကျောက်ဒုံရှန်၏ ကြီးထွားသန်မာသော ခန္ဓာကိုယ်ကြောင့် အထုနှက်ခံလိုက်ရမည်ဟု သူတို့ တွေးထားကြသည့် ပိုင်ရှောင်ချန်းမှာမူ ယခုတွင် လျင်မြန်စွာ ထွက်ပြေးနေသည်။

" ဘယ်လိုလုပ် ဖြစ်နိုင်မှာတုံးကွာ "

" ငါတို့ထဲမှာ မိန်းမကြမ်း ရွှီရှန်ကလွဲလို့ ဘယ်သူကမှ ကျောက်ဒုံရှန်ရဲ့ အပြင်ခန္ဓာကိုယ်ထက်ပိုပြီး သန်မာတဲ့လူမရှိဘူးလေ။ ဒီကောင်က သူ့ကို အဲဒီတိုက်ကွက်နဲ့ အဝေးကိုလွင့်ထွက်သွားအောင် လုပ်နိုင်တာ ငါဖြင့်မယုံနိုင်ဘူး "

" ဒီပိုင်ဟောက်၊ သူ့ရဲ့ အပြင်ခန္ဓာကိုယ်စွမ်းအားက လက်ခံနိုင်ဖွယ်မရှိတဲ့ အဆင့်တစ်ခုထိကို ရောက်နေပြီပဲ "

အံ့သြတုန်လှုပ်နေကြသော်လည်း ပိုင်ရှောင်ချန်းကို လိုက်ဖမ်းနေဆဲ ဖြစ်သည့် လက်ရွေးစင်များမှာ ကျန်သေးသည်။ ပိုင်ရှောင်ချန်းမှာမူ စိတ်ထဲတွင် တထင့်ထင့်နှင့် မျက်ရည်ဝဲနေတော့သည်။

" ဒါလုံးဝကို တရားလွန်တာထက်ပိုသွားပြီး သရဲကြီးဘုရင်ရေ။ ကျုပ်က ခင်ဗျားရဲ့ပါးကို တစ်ခါနှစ်ခါလောက်ပဲရိုက်ပြီး ခင်ဗျားကို ဒိုင်းကာအဖြစ် အသုံးပြုခဲ့ရုံလေးပါဗျာ။ ခင်ဗျားကို ကျုပ် ကယ်ခဲ့တာပါဗျ။ ကျုပ်ကို ဒီလိုရောင်းစားသွားတာ မယုံနိုင်ဘူးဗျာ။ ကျုပ်သေလို့ကတော့ ခင်ဗျားကြီးလည်း ကောင်းကောင်းနေရမှာ မဟုတ်ဘူး "

မတရားခံရသည်ဟု ခံစားနေရင်းမှ သူသည် သူ၏ခန္ဓာကိုယ်ထဲရှိ အချုပ်အနှောင် မန္တန်ကို စစ်ဆေးကြည့်လိုက်သောအခါ ပုံစံမပျက် ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ သို့သော်လည်း ပြောင်းလဲသွားသည့် ဖြစ်ရပ်များကြောင့် အကယ်၍သူသေလျှင်ပင် သရဲကြီးဘုရင်မှာ သေမည်မဟုတ်ပဲ ဒဏ်ရာအပြင်းအထန်သာ ရတော့မည်ဖြစ်ကြောင်းကို ပိုင်ရှောင်ချန်းက သိလိုက်သည်။

သရဲကြီးဘုရင်မှာ သူ့ကိုကျဥ်းထဲကြပ်ထဲ ပို့နေရုံသာမက တချိန်ထဲမှာပင် အရဲစွန့်နေသည်။ သူက ပန်းပွင့်သည့်အချိန်ထိ ပိုင်ရှောင်ချန်းက အသက်ရှင်အောင်နေနိုင်ရန် လောင်းကြေးထပ်ထားရသည်။ ထို့နောက် ပိုင်ရှောင်ချန်းမှာ သူ့အားပေးထားခဲ့သည့်် ဆေးလုံးများနှင့် လှံများအကြောင်းကို တွေးမိလိုက်သောအခါ အဖြေမှာ ရှင်းရှင်းလင်းလင်း ပေါ်သွားတော့သည်။

" အဲဒီဆေးလုံးတွေကို တစ်သက်မှာ ကိုးကြိမ်ပဲသောက်လို့ရတာ။ ပြီးတော့သူက ငါ့ကို ကိုးလုံးတိတိပေးထားတာပဲ။ လှံကတော့ သူ့ဆီမှာရှိတဲ့ထဲက ငါသုံးလို့အဆင်ပြေတဲ့ စွမ်းအားအကြီးဆုံး မှော်ပစ္စည်းပဲ ဖြစ်ရမယ် "

****

ပိုင်ရှောင်ချန်းမှာ အန္တရာယ်နှင့် ကြုံနေရစဥ် သရဲကြီးဘုရင်မှာ သရဲကြီးမြို့တော်ထဲရှိ သူ၏တော်ဝင်နန်းတော်၏ အဆောက်အဦတစ်ခုထဲတွင်မတ်တတ်ရပ်နေသည်။ သူ၏မျက်နှာပေါ်တွင် အမျိုးမျိုးသော အရိပ်အယောင်များ ထင်ဟပ်နေတော့သည်။ သူသည် ဝိညာဥ်ရေနွေးအိုးရှိရာဘက်သို့ ကြည့်ကာ သူ၏စိတ်နှလုံးမှာ စိုးထိတ်မှုများကြောင့် တဒိန်းဒိန်းခုန်နေ၏။

သရဲဘုရင် သစ်သီးမှာ သူ့အတွက်အလွန်အရေးကြီးသည်ဖြစ်ပြီး ပိုင်ရှောင်ချန်း တွေးနေသည့်အတိုင်းပင် သူက ကြံစည်ခဲ့သည်။ သူသည် ပိုင်ရှောင်ချန်းအား တန်ဖိုးကြီးဆေးလုံးကိုးလုံးနှင့် သူ့အားပေးနိုင်သည့်အရာများထဲမှ အကောင်းဆုံးဖြစ်သော အဆင့်ဆယ့်ခြောက်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသည့် လှံတစ်ချောင်းကို ပေးအပ်ခဲ့သည်။ အမှန်မှာ ယခုဖြစ်ပျက်နေသမျှ အရာအားလုံးသည် သရဲကြီးဘုရင်က ကျင့်ကြံခြင်းအခြေခံကို ပြန်လည်ရရှိလာခဲ့ပြီးနောက် ဤကစားပွဲထဲတွင် ပိုင်ရှောင်ချန်းကိုပါထည့်သွင်းခဲ့ပြီး သူစီစဥ်လိုက်သည့် အကြံအစည်တစ်ခုသာဖြစ်သည်။

သူသည် ပိုင်ရှောင်ချန်း အသက်လုပြေးနိုင်မှုပေါ်တွင် လောင်းကြေးထပ်ထားရသည်။ ထိုအချင်းအရာအတွက် သရဲကြီးဘုရင်က ယုံကြည်မှုအပြည့် ရှိသည်မဟုတ်ပါလော။ နတ်အဆင့်ကျင့်ကြံသူ သုံးယောက်နှင့် များစွာသော ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများလက်ထဲမှ ပိုင်ရှောင်ချန်းသည် သူနှင့်အတူ ထွက်ပြေးနိုင်ခဲ့သည်ကို ပြန်တွေးမိလိုက်သောအခါ သူက ပို၍ပင် ယုံကြည်မှုများ ပြင်းထန်လာတော့သည်။

" ဒီပိုင်ဟောက်လောက် အပြေးကောင်းတဲ့ကောင် ငါတစ်ခါမှ မတွေ့ဖူးဘူး "

သူက ရေရွတ်လိုက်သည်။

" အချိန်စေ့တဲ့အထိ တောင့်ခံနိုင်ပါစေလို့ ဆုတောင်းရတော့မှာပဲ။ ပိုင်ဟောက်ရေ၊ မင်းသာ အဲဒီ သရဲဘုရင် သစ်သီးကို ငါ့အတွက်ယူပေးနိုင်မယ်ဆိုရင် မင်းကိုငါ့ရဲ့သားအရင်းအဖြစ် ဆက်ဆံမယ်ကွာ။ နောက်ဆို မင်းကို ဘယ်သူမှ မထိခိုက်စေရတော့ဘူး "

All Chapters