← Chapters

ခင်ဗျားက ကျုပ်ကို အရင်ရောင်းစားမှတော့ ကျုပ်ကလည်း ပြန်လက်စားချေရမှာပေါ့

Vol. 7 Ch. 692

ခင်ဗျားက ကျုပ်ကို အရင်ရောင်းစားမှတော့ ကျုပ်ကလည်း ပြန်လက်စားချေရမှာပေါ့

Vol. 7 Ch. 692

" ငါလက်စားချေရမယ် "

ပိုင်ရှောင်ချန်းက ဒေါသတကြီး ပြောလိုက်သည်။ သူက လက်သီးဆုပ်လိုက်ရင်း သူ့ခေါင်းထဲမှာ မည်သို့လုပ်ရန် ကြံစည်နေသော အတွေးများဖြင့် ပလုံစီနေတော့သည်။

အမှန်တကယ်တော့ သူက အရူးမဟုတ်ပေ။ လူတိုင်းကိုသတ်လိုက်ခြင်းက ရွေးချယ်ရမည့်အချက် မဟုတ်ကြောင်း သိသည်။ သူသည် မြေရိုင်းဒေသထဲရှိ အလွန်အန္တရာယ်များသော နေရာနှင့် အခြေအနေကြားထဲ ရောက်နေခြင်းဖြစ်သည်။ သူက ထိုလက်ရွေးစင် တစ်ယောက်နှစ်ယောက်ကို သတ်လိုက်လျှင် ရေးကြီးခွင်ကျယ်မဟုတ်သော်လည်း အကယ်၍ သူသာ အများကြီးသတ်လိုက်ပါက မြေရိုင်းဒေသတစ်ခုလံုးကို အတိုက်အခံလုပ်လိုက်ခြင်းဖြင့်သာ အဆုံးသတ်သွားမည်ဖြစ်သည်။ ထိုသည်က သူ့ကို ပို၍အန္တရာယ်များသော အခြေအနေထဲသို့ တွန်းပို့နေလိမ့်မည်။

သို့တိုင် လူတစ်ယောက်နှစ်ယောက်မျှသာ သတ်ခြင်းက သူလိုချင်သော ကလဲ့စားချေခြင်းမဟုတ်ပေ။

" ငါ နည်းနည်းလောက်သတ်တာက သရဲကြီးဘုရင်အတွက် ကိစ္စရပ်ကြီးတစ်ခုဖြစ်မှာ မဟုတ်ဘူး။ ဘာပဲပြောပြော သူတို့သေတာကြောင့် သူ့အပေါ် အပြစ်ပုံကျသွားမှာမှ မဟုတ်တာ။ အမှန်က သူငါ့ကို တော်တော်ကြီးစိတ်ဆိုးသွားမယ်။ နောက်ဆုံးကျရင် ငါဘာသာငါ ပြဿနာမီးထွန်းရှာသလိုဖြစ်လိမ့်မယ် “

" မဖြစ်သေးဘူး။ ပိုကောင်းတာ တစ်ခုခုစဥ်းစားရမယ်။ ငါ လက်စားချေရမယ်၊ သရဲကြီးဘုရင်ကိုလဲခေါင်းစားရအောင်လုပ်ဖို့ နည်းလမ်းကို စဥ်းစားဖို့လိုတယ် "

သူက ဒေါသတကြီး ဆံပင်များကိုဆောင့်ဆွဲရင်း မျက်လုံးများနီရဲလျက် အချိန်အတော်ကြာသည်အထိ ဆက်လက်စဥ်းစားလိုက်သည်။ ထို့နောက် သူ၏မျက်လုံးများ ရုတ်တရက် စူးရှတောက်ပလာပြီး ပင့်သက်ရှိုက်လိုက်၏။

" ငါဘာလုပ်ရမလဲ သိပြီ"

သူက ချက်ချင်း လန်းလန်းဆန်းဆန်းဖြစ်လာပြီး ပြောသည်။ အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ သူ၏အကြံက ရှင်းလင်းပြတ်သားလာတော့သည်။

" ငါ သူတို့ကို မသတ်ဘူး။ သူတို့ကို ပြန်ပေးဆွဲရမယ်။ ပြီးရင် သရဲကြီးဘုရင်ကို ပေးလိုက်မယ်။ အဲဒါဆိုရင် သူတို့အားလုံး သူ့ကို ဝိညာဥ်ရေနွေးအိုးထဲမှာ ဖြစ်သမျှအားလုံးအတွက် သေချာပေါက် အပြစ်တင်ကြမှာပဲ။ ပြီးရင် သူက လက်ရွေးစင်တွေကို လွှတ်ပေးပြီး မျက်နှာအပျက်ခံမလား ဒါမှမဟုတ် မလွှတ်ပေးပဲ ကျန်တဲ့ မြေရိုင်းဒေသတွေ အားလုံးပေါင်းစည်းသွားပြီး ဒုက္ခပေးလာမှာကို စောင့်နေမလား။ နှစ်ခုထဲက တစ်ခုပဲ ရွေးရတော့မယ်။ ဟား ဟား “

" ဒီလက်ရွေးစင်တွေက ဆတ်ဆတ်အထိခံတာမှ မဟုတ်တာ။ အချိန်တန်ရင် သရဲကြီးဘုရင်က ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ မကျေမနပ်ပြောလို့မရအောင် လုပ်နိုင်မှာမဟုတ်တော့ဘူး။ သူ အခုထက် ပိုပြီး သြဇာရှိရင်တောင်မှ လက်ရွေးစင်ဓားစာခံတွေအားလုံးကို မထိန်းချုပ်နိုင်ဘူး။ အဲဒါက လူတိုင်းကို စိတ်ဆိုးသွားစေလိမ့်မယ်။ ကိုယ်တော်ပိုင်ကသာ လုပ်တယ်လို့ ပြောလိုက်ရင် ရုတ်ရုတ်သဲသဲ ဖြစ်မသွားနိုင်ပေမယ့် သရဲကြီးဘုရင်က လုပ်တယ်ဆိုလိုက်ရင်တော့ ဒုက္ခမျိုးစုံရောက်သွားမှာပဲ "

သူ၏အတွေးရထားသည် ထိုဘူတာအား ဆိုက်ရောက်သော် ခေါင်းနောက်လှန်၍ အားပါးတရဟိန်းဟောက်လိုက်သည်။

ဤကဲ့သို့အကြံတစ်ခုပေါ်လာသဖြင့် သူ မည်မျှဉာဏ်ကောင်းလှကြောင်း မအံသြဘဲ မနေနိုင်တော့ပေ။ ယခင်ကထက်ပို၍ သူ့ကိုယ်သူဂုဏ်ယူနေရင်း သက်ပြင်းချလိုက်ပြီးနောက် သူ့၏အစီအစဥ်ကို မည်သို့ဆောင်ရွက်ရန် ထပ်တွေးလိုက်သည်။

" ငါ ဖြစ်နိုင်ချေတွေအားလုံးကို အသေအချာစဥ်းစားရမယ်။ အဲဒီ ချီးထုတ် သရဲကြီးဘုရင်က တကယ်ပဲ လူတိုင်းကို လွှတ်ပေးဖို့ပဲ ဆုံးဖြတ်လိုက်ရင် ငါဘယ်လိုလုပ်ရမလဲ။ ဒါက မဖြစ်နိုင်တဲ့ရလဒ်တော့မဟုတ်ဘူး။ ဟွန်းးးးး။ သရဲကြီးဘုရင်က လူတိုင်းကို လွှတ်ပေးလိုက်ရင်တောင်မှ အဲဒီလိုဖြစ်သွားတဲ့အတွက် အများကြီး ပေးဆပ်ရအောင် ငါ ကိုယ်တော်ပိုင် သေချာလုပ်ပေးမယ်ကွ"

ဤနည်းဖြင့် လက်တုံ့ပြန်ရမည်ကို အလွန်စိတ်လှုပ်ရှားရင်း သူက ထပ်မံအစီအစဥ်ချလိုက်သည်။ မကြာမီ သူ၏မျက်လုံးများတွင် မျှော်လင့်ချက်များဖြင် တောက်ပရွှန်းလဲ့လာတော့သည်။

" ဒါက ကျုပ် အမှားမဟုတ်ဘူးနော် သရဲကြီးဘုရင်ရေ။ ခင်ဗျား ကျုပ်ကိုအရင် ဒုက္ခပေးတာ။ ခင်ဗျားကို ြပန်ဒုက္ခပေးလို့ ကျုပ်ကို အပြစ်မတင်နဲ့နော်။ ပြီးတော့ ကိုယ်တော်ပိုင်က သူ့ထာဝရအရိုးတွေကို ကျင့်ဖို့ ဒီအခွင့်အရေးကို ယူကိုယူရမှာ "

သူ့ အစီအစဥ်တွင် ဟာကွက်တချို့ရှိသော်ငြား ဖြစ်လာနိုင်ချေတိုင်းအတွက် ထည့်တွက်နေ၍မရကြောင်း သူ သိသည်။ သို့သော် သူ၏ဗျူဟာတစ်ခုလုံး ပြီးပြည့်စုံနေသည်ကတော့ သေချာသည်။

" လက်စားချေဖို့ ထိုင်စောင့်နေလို့ မရဘူး။ အခုပဲ စရမယ် "

ထို့နောက် သူက သူ၏အရှိန်အဝါများကို ဖုံးကွယ်ရန် မျက်နှာဖုံးကို သုံးရင်း မြူထဲသို့ အရှိန်အဟုန်ပြင်းစွာဖြင့် လှစ်ခနဲရွေ့လျားသွားသည်။ ထို့ကြောင့် မကောင်းဆိုးဝါးသရဲများ သူ့ကို မမြင်နိုင်သည်သာမက မြေအောက်ကမ္ဘာမှ ဝိညာဥ်အလား အသံတစ်သံပင်မထွက်ဘဲ ဟိုဟိုသည်သည် ဖြတ်ကျော်၍ လှစ်ခနဲ ပျံသန်းသွားနိုင်လေသည်။

ဝိညာဥ်ရေနွေးအိုးထဲရှိ မြူများသည် မကောင်းဆိုးဝါးသရဲများ၊ မရေမတွက်နိုင်သော အမုန်းဝိညာဥ်အုပ်လိုက်ကြီးဖြင့် ပြည့်နေလျက်ရှိသည်။ ထိုသို့ ဝိညာဥ်အများကြီးကို ဖြတ်သန်းသွားရခြင်းက သူ့ကို အတန်ငယ်ချောက်ခြားသွားစေသည်။

အထူးသဖြင့် ဤနေရာရှိ မကောင်းဆိုးဝါးသရဲများအားလုံး၏ နဖူးပေါ်မှ ချိုကြီးများ ငေါထွက်နေကြောင်း သတိထားမိလိုက်သည့်အချိန်တွင် ပိုဆိုးသည်။ ထိုမျှသာမက သူတို့အားလုံးသည် ရံဖန်ရံခါ အကောင်အထည် ပေါ်နေရာ ပို၍ပင် အံ့သြတုန်လှုပ်ဖွယ်ကောင်းနေသည်။

" ဒီဝိညာဥ်ရေနွေးအိုးက တော်တော်ထူးဆန်းတဲ့နေရာပဲ။ အမုန်းဝိညာဥ်တွေတောင်မှ လုံးဝ ထူးခြားဆန်းကြယ်နေတာ"

ထို အမုန်းဝိညာဥ်များ ၊ မကောင်းဆိုးဝါးသရဲများသည် အပြင်ဘက်ရှိအရာများထက် ပို၍ ရက်စက်ကြမ်းကြုတ်ပြီး တချို့က မှော်အတတ်များနှင့် နတ်ဘုရားစွမ်းရည်များကို သုံး၍ သူတို့၏ သေမင်းအရှိန်အဝါများကိုပင် ဆင့်ခေါ်နိုင်ကြလေသည်။ ထိုမျှသာမက သူတို့သည် သက်ရှိအရာများကို မြင်လျှင် သူတို့အပေါ် ခုန်တက်ကြမည်ဖြစ်ပြီး သူတို့ ဖမ်းမိသွားလျှင် ချက်ချင်းပင် သူတို့၏ သက်စောင့်အားများကို နုတ်ယူမည်ဖြစ်သည်။ မကြာမီ ထို သားကောင်များ၏ သက်စောင့်အား မီးတောက်များ မတည်မငြိမ်ဖြစ်ကာ တဖျပ်ဖျပ်လူးလွန့်လာတော့သည်။

ကောင်းကင်တံတားမြစ်ဒေသထံမှ ကျင့်ကြံသူများသာ ဤကဲ့သို့ အမုန်းဝိညာဥ်များနှင့် ပက်ပင်းတိုးပါက ဖနောင့်နှင့်တင်ပါးတစ်သားတည်းကျအောင် ထွက်ပြေးမည်ဖြစ်သည်။ သို့သော် လက်ရွေးစင်များသည် မြေရိုင်းသားများဖြစ်ပြီး ဝိညာဥ်များနှင့်ရင်ဆိုင်ရန် စိတ်ရောကိုယ်ပါ အဆင်သင့်ဖြစ်နေကြသည့် လူများ ဖြစ်ကြသည်။ ထိုမျှသာမက သူတို့အားလုံးသည် အတိုင်းအတာတစ်ခုအထိ ထူးချွန်ကျွမ်းကျင်သည့် အောက်လမ်းဆရာများဖြစ်ကြ၏။ ဝိညာဥ်ရေနွေးအိုးထဲရှိ သရဲများ၊ ဝိညာဥ်များသည် အပြင်ဘက်ကထက် ပို၍ ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းသည့်တိုင် လက်ရွေးစင်များသာ သတိရှိနေလျှင် သူတို့နှင့် ရင်ဆိုင်နိုင်သည်။

ဝိညာဥ်ရေနွေးအိုးသည် ထူးခြားသောနေရာတစ်ခုဖြစ်ပြီး ထိုနေရာရှိ မကောင်းဆိုးဝါးသရဲများ၊ အမုန်းဝိညာဥ်များကို ဖယ်ရှား၍ရသော်လည်း ဖိနှိပ်ချုပ်နှောင်ရန် အထူးခက်ခဲမည်ဖြစ်ကြောင်း လက်ရွေးစင်များ သိကြလေသည်။ သူတို့အထဲ ပြေးဝင်သွားကြစဥ် အကောင်းဆုံးလုပ်ရမည်မှာ ဖျက်စီးလျှင် ဖျက်စီး၊ သို့မဟုတ်ပါက ထွက်ပြေးရုံပင် ဖြစ်သည်။

ဝိညာဥ်များနှင့် သရဲများ၏ တိုက်ခိုက်ခြင်းကြောင့် ပိုင်ရှောင်ချန်းနောက်လိုက်ဖမ်းနေကြသည့် လက်ရွေးစင်များမှာ လူစုကွဲသွားကြပြီဖြစ်ပြီး အကုန်လုံးသည် သူတို့တိုက်ပွဲနှင့် သူတို့ ဖြစ်နေကြသည်။ သို့သော်လည်း သူတို့တစ်ယောက်မှ သားကောင်ကို ရှာရန် လက်မလျှော့သေးပေ။

သူတို့အားလုံးသည် ပိုင်ရှောင်ချန်းကို ရှာတွေ့ပါက ချက်ချင်းအချက်ပေးပြီး အကုန်ပေါင်း၍ သူ့ကို ဖယ်ရှားပစ်ရန် ပြင်ဆင်ထားကြလေသည်။

" ချီးထုပ် ပိုင်ဟောက်။ သူမသေရင် ငါတို့တစ်ယောက်မှ သရဲဘုရင်ပန်းကို ရမှာမဟုတ်ဘူး"

" အချိန်ကုန်နေပြီ"

လူတိုင်းသည် ပိုင်ဟောက်ကိုသတ်လိုစိတ်များဖြင့် ပြင်းထန်နေတော့သည်။ အထူးသဖြင့် တင်းမာသော မျက်နှာထားဖြင့် မြူများကိုဖြတ်၍ တဟုန်ထိုးပြေးနေသည့် အပြာရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်ဖြစ်သည်။ သူသည် လောလောဆယ်တွင် အမုန်ဝိညာဥ်များ လိုက်ဖမ်းခံခြင်းခံနေရသည့်တိုင် သူ့ကို လိုက်မမှီကြ၍ မကြာမီ နောက်ကျန်ခဲ့တော့သည်။

သူသည် နတ်ဝံပုေလွလေးကလွဲ၍ တခြားမဟုတ်ပေ။ သူ၏နှောင်းပိုင်းယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံခြင်းအခြေခံကြောင့် သူက ဝိညာဥ်အုပ်လိုက်ကြီး သော်လည်းကောင်း၊ စွမ်းအားကြီး မကောင်းဆိုးဝါးသရဲသော်လည်းကောင်း မတွေ့သေးသရွေ့ လွတ်လပ်စွာ လှုပ်ရှားနိုင်သည်။

" ဒီကောင် ပိုင်ဟောက်က မြန်ပေမယ့် ငါတို့လူတွေ အများကြီးကို ရှောင်သွားနိုင်မယ်ဆိုတော့ မယုံဘူး" နတ်ဝံပုလွေလေးသည် အစကတည်းက သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအပေါ်တွင် အားထား၍ လက်ရှိဆက်ခံသူတစ်ယောက်ကို သရဲဘုရင်အသီးရအောင် ကူညီရန် ကြံစည်ထားခဲ့သည်။ ထိုသည်က သူ၏မျိုးနွယ်စုမှ တာဝန်တစ်ရပ်ဖြစ်ပြီး သူအောင်မြင်ခဲ့လျှင် အိမ်ပြန်ရောက်ချိန်တွင် ခန့်ညားထည်ဝါစွာ ဆုချီးမြှင့်ခံရမည်ဖြစ်သည်။

သို့သော် ပိုင်ဟောက်က အကုန် ဖျက်စီးသွားခဲ့၏။ ထိုနေရာရှိ ကန့်သတ်မန္တန်ကြောင့် မည်သူမျှ အသီးထံရောက်အောင် မသွားနိုင်ကြပေ။ နတ်ဝံပုလွေလေးနှင့် ရှိသမျှ အခြားလူတိုင်းမှာ သူတို့ကို ပိုင်ဟောက်က ဆော့ကစားနေသည့်အလား ထင်ရှား ပြတ်သားသောအာရုံကို ရနေကြသည်။

" ငါတို့ကြားမှာ ရန်ငြိုးမရှိပေမယ့် မင်း သေကို သေရမ ယ် "

နတ်ဝံပုလွေလေးက ခပ်တိုးတိုးရယ်ရင်း ရှေ့သို့ ပို၍မြန်သော အရှိန်ဖြင့် တွန်းထည့်လိုက်ကာ သူ၏ နတ်ဘုရား အာရုံများကို အရပ်မျက်နှာအနှံ့ပေးပို့၍ သူ၏သားကောင်ကို ရှာလိုက်သည်။ တစ်နာရီကြာသော် သူသည် မြူများကို ဖြတ်၍ တဟုန်ထိုးသွားနေစဥ် အမုန်းဝိညာဥ်ရာဂဏန်းမျှစုဖွဲ့နေသော အုပ်လိုက်ကြီးကို မြင်လိုက်ရသည်။ အမုန်းဝိညာဥ်များ သူ့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ မျက်လုံးများတွင် ငရဲမီးများဖြင့် တလက်လက်တောက်ပနေလျက် သူရှိရာဘက်သို့ တဟုန်ထိုးပျံလာကြလေသည်။

နတ်ဝံပုလွေလေးက သူတို့ကို လျစ်လျူရှုလိုက်သည်။ အမုန်းဝိညာဥ်အုပ်စုသေးသေးလေးသည် သူ၏ အာရုံစိုက်မှုရရန်ပင် မတန်ချေ။ သူက အလွန်မြန်လှသော အရှိန်ဖြင့် သူတို့ကို ထိုးဖောက်လိုက်သည်။ သို့သော် တခြားတစ်ဖက်၌ ပြန်ပေါ်လာချိန်တွင် သူ့ကိုယ်တွင်းမှာ နက်ရှိုင်းသောအန္တရာယ်ကြီးတစ်ခုကို အာရုံရလိုက်သဖြင့် မျက်နှာပျက်သွားတော့သည်။ သူ့တစ်ကိုယ်လုံးကို အလွန်ထူးဆန်းသော ခံစားချက်တစ်ခုက လွှမ်းခြုံသွားရာ သူ၏ ကျင့်ကြံခြင်းအခြေခံ သုံးဆယ်ရာခိုင်နှုန်းဆုံးရှုံးလိုက်ရသည့် အလား ခံစားလိုက်ရလေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် နာကျင်သွားပြီး နှေးကွေးလာသည်။

" ဘာဖြစ်နေတာလဲ "

ထိုအခြေအနေကို မစဥ်းစားနိုင်ခင် သူက တုံခနဲရပ်သွားပြီးနောက် မေးမြန်းလိုက်စဥ် သူ့ဘေးမှ သွေးအေးသော ရယ်မောသံတစ်သံကို ကြားလိုက်ရ၏။

"နောက်ကျလွန်းတယ်"

အမုန်းဝိညာဥ်များထဲမှ အရိပ်တစ်ခုသည် သူ့ထံပြေးဝင်လာပြီး လျှပ်စီးမိုးကြီးအလား လျင်မြန်စွာ ရွေ့လျားလာရာ အလွန်လျင်မြန်လှသဖြင့် မျက်စိဖြင့်သော်လည်းကောင်း၊ နတ်ဘုရားအာရုံနှင့်သော်လည်းကောင်း ခြေရာခံ၍မရချေ။ နတ်ဝံပုလွေလေး မတုံပြန်နိုင်ခင်မှာပင် အရိပ်သည် သူ့ရှေ့တည့်တည့်ရောက်လာပြီး အပြင်ခန္ဓာကိုယ်ခွန်အားနှင့် ကျင့်ကြံခြင်းအခြေစွမ်းအားပေါင်းစပ်ထားသော စွမ်းအားကြီးသောလက်သီးချက်တစ်ချက် ထွက်ပေါ်လာသည်။

နတ်ဝံပုလွေလေးက အော်လိုက်ပြီး သူတတ်နိုင်သမျှအားကုန်ထုတ်ကာ လူတစ်ပိုင်း မြေခွေးတစ်ပိုင်းပြောင်းလိုက်သည်။ သို့သော် ပြောင်းလဲခြင်းမပြီးဆုံးမီ ပိုင်ရှောင်ချန်း၏ လက်သီးက ပြေးဝင်လာတော့သည်။

အုန်းခနဲ မြည်ဟည်းသွားပြီး တုန်ခါလှိုင်းတစ်ခု အရပ်မျက်နှာတစ်ခွင်ပျံ့နှံ့သွား၏။ အမုန်းဝိညာဥ်များ လွင့်ထွက်သွားပြီး အံ့အားသင့်နေသော နတ်ဝံပုလွေလေးသည် ရှောင်တိမ်းရန်သော်လည်းကောင်း၊ ကာကွယ်ရန်သော်လည်းကောင်း၊ သူ၏လက်သီးချက်ဖြင့် ပြန်လည်ခုခံရန်သော်လည်းကောင်း အချိန်မရှိလိုက်ပေ။ ပိုင်ရှောင်ချန်း၏ လက်သီးသည် သူ့ရင်ဘတ်ကို မယုံကြည်နိုင်ဖွယ်အားကြီးဖြင့် တောင်ကြီးတစ်လုံး ဝင်တိုက်ပစ်လိုက်သည့်အလား။ နတ်ဝံပုလွေလေးသည် ချိုးဖျက်ခံလိုက်ရသော သစ်ကိုင်းခြောက်လေးပမာ အတွင်းဒဏ်ရာအပြင်းအထန်ရသွားပြီး သွေးတစ်လုပ်အန်လိုက်ရတော့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် ကွဲကြေလုနီးပါးဖြစ်သွားပြီး သူ့ကိုယ်ထဲရှိ အရိုးများစွာ ကျိုးကြေသွားတော့သည်။

" ပိုင်ဟောက် "

သူက အံ့သြတုန်လှုပ်မှုများကြောင့် ခေါင်းနပန်းကြီးသွားရင်း စူးစူးဝါးဝါးအော်လိုက်သည်။ သူ့ကို ရိုက်ချလိုက်သည့် လက်သီးချက်တွင် မိုးကြိုးမုန်တိုင်း၏ ပြင်းထန်သောအားများပါဝင်နေပြီး ယခင်က နတ်ဝံပုလွေလေးတစ်ခါမှ မမြင်ဖူးသော အရာဖြစ်သည်။ သူ့စိတ်ထဲတွင် ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်းများ ကြီးစိုးသွားပြီး သူ့ပါးစပ်မှ သွေးများ ပန်းထွက်လာ၏။ ဤပိုင်ဟောက်သည် ယခင်နှင့်မတူ လုံးဝခြားနားသွားပြီး မယုံကြည်နိုင်ဖွယ်ကောင်းလှသော အဆင့်အထိ စွမ်းအားပိုမိုကြီးမားလာဟန်တူသည်။

လက်သီးတစ်ချက်ကပင် နတ်ဝံပုလွေလေးကို အသက်ထွက်လုနီးပါးဖြစ်သွားစေသည်။ သူ၏ ဒဏ်ရာဒဏ်ချက်များက အလွန်ပြင်းထန်လှသဖြင့် သူသည် ဖြောင့်ဖြောင့်ပင်မကြည့်နိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်ထဲမှ ယင်ယန်ဝိညာဥ် ထွက်သွားပြီဖြစ်သည်။ သူ၏ အသွင်ပြောင်းနတ်ဘုရားစွမ်းရည်မှာမူ လုံးဝအဆက်ပြတ်သွားပြီး ပျက်စီးသွားပြီဖြစ်သည်။ ထိုမျှသာမက ထိုးနှက်ချက်အားက သူ့ကို ကြိုးဖြတ်ခံလိုက်ရသည့် စွန်ငယ်အလား နောက်သို့ မီတာသုံးရာတိတိ လွင့်ထွက်သွားစေတော့သည်။

အေးစက်စက်နှာမှုတ်ရင်း ပိုင်ရှောင်ချန်းက ရှေ့တစ်လှမ်းလှမ်းလိုက်ရာ သူ့ရှေ့တည့်တည့်တွင်ပေါ်လာ၏။

" ပုံစံပြောင်းလေကွာ။ ငါ့ကို မင်းရဲ့ မြေခွေးပုံစံနဲ့ ထိုးနှက်ရတာ သိပ်ပျော်နေခဲ့တာမလား။ ပုံစံပြောင်းလိုက်စမ်းပါ၊ မင်းရဲ့ ပြောင်းထားတဲ့ပုံစံကို ငါ ထိုးကြိတ်ချင်လို့ "

နတ်ဝံပုလွေလေးမှာ အလွန်အားနည်းနေလေရာ တိုက်ခိုက်လိုစိတ်များအားလုံး ပျောက်ဆုံးနေတော့သည်။ သူ့ထံသို့ ပိုင်ဟောက်ကနီးကပ်လာသည်ကို မြင်သောအခါ သူ၏ မျက်လုံးများ နီရဲသွားပြီး ဒဏ်ရများရနေသည့်တိုင် အော်လိုက်သည်။

" ပိုင်ဟောက်မှန်တယ် "

သို့သော် သူ့စကားများ မဆုံးခင်မှာပင် ပိုင်ဟောက်က သူ့ကို ချုပ်နှောင်၍ သူ့အိတ်ထဲပစ်ထည့်လိုက်ကာ မြူတောထဲ တဟုန်ထိုး ထွက်ခွာသွား၏။

All Chapters