← Chapters

ကြက်ပေါက်လေးများကို ဖမ်းမည့်သိန်းငှက်

Vol. 7 Ch. 693

ကြက်ပေါက်လေးများကို ဖမ်းမည့်သိန်းငှက်

Vol. 7 Ch. 693

ပိုင်ရှောင်ချန်း ထွက်သွားသည်နှင့် တချိန်တည်းမှာပင် သူနှင့် နတ်ဝံပုလွေလေး တိုက်ခိုက်ခဲ့သည့်နေရာ၌ ပုံရိပ် ခုနစ်ခု၊ ရှစ်ခုပေါ်ထွက်လာ၏။ စောစောက အသုံးပြုခဲ့သည့်မှော်အတတ်များ၏ အငွေ့အသက်များနှင့် သွေးများကား လေထဲတွင် ရှိနေဆဲ ဖြစ်သည်။ နောက်မှရောက်ရှိလာကြသော လူများ၏ မျက်နှာများ ဖျတ်ခနဲဝင်းလက်သွားပြီး စကားအနည်းငယ် ပြောဆိုပြီးနောက် လူစုခွဲလိုက်ကြသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ ရူးသွပ်မှုများ တောက်လောင်နေပြီး နှုတ်ခမ်းကို သပ်ကာ မြူခိုးများကြားထဲ အမြင့်ဆုံးအရှိန်ဖြင့် တရိပ်ရိပ်သွားနေ၏။ နတ်ဝံပုလွေလေးသည် သူဖမ်းခဲ့သည့် ပထမဆုံးလက်ရွေးစင်မဟုတ်ဘဲ ရှစ်ယောက်မြောက်ဖြစ်သည်။

" ဒါက ငါ့ကို မတိုက်ခင် ပုံစံပြောင်းဖို့ မင်းကို သင်ပေးလိမ့်မယ်ကွ "

သူက အေးစက်စက်နှာတစ်ချက်မှုတ်ကာ တွေးလိုက်သည်။ သူသည် နတ်ဝံပုလွေလေး အပါအဝင် လက်ရွေးစင်များအားလုံးကို လက်သီးချက်တစ်ချက်တည်းဖြင့် ဖမ်းခဲ့ခြင်းဖြစ်သည်။ ကြံစည်စိတ်ကူးထားသည့်အတိုင်း အကောင်အထည် ဖော်ရခြင်းဖြစ်၍ ၎င်းမှာ ကောင်းကင်တာအိုအဆင့်ရောက်ကတည်းက ပိုင်ရှောင်ချန်း၏ ပထမဆုံးအကြိမ် လူများကို တိုက်ခိုက်​ခြင်းလည်း ဖြစ်သည်။ သူ ထိုသို့ လုပ်နေစဥ် သူ့ကျင့်ကြံခြင်းအခြေခံအသစ်၏ အံ့မခန်းသဘောသဘာဝကို သူ လေ့လာနေသည်။

"ငါ့ကောင်းကင်တာအို ကျင့်ကြံခြင်းအခြေခံက တခြားယင်ယန်ဝိညာဥ်တွေအားလုံးကို ဖိနှိပ်နိုင်တဲ့အထိ စွမ်းအားကြီးပုံပဲ။ ငါတိုက်ခိုက်လိုက်တဲ့ လက်ရွေးစင်အားလုံး ကျင့်ကြံခြင်းအခြေခံ ဖျက်ဆီးခံလိုက်ရသလို ဖြစ်သွားခဲ့တယ် "

စောစောက တိုက်ပွဲများကို ပြန်လည်သုံးသပ်ပြီးနောက် နတ်ဝံပုလွေလေး၏ ကျင့်ကြံခြင်းအခြေခံသည်လည်း မတည်မငြိမ်ဖြစ်သွားခဲ့ရာ သူ့ယူဆချက် ပို၍ သေချာနေတော့သည်။ ထို့နောက် သူက သူ၏ထင်မြင်ချက် မှန်၊ မမှန် အတည်ပြုရန် ဆုံးဖြတ်လိုက်သည်။

သူက အချိန်အနည်းငယ်ကြာ အလောတကြီးသွားနေရင်း ရုတ်တရက် သူ၏မျက်နှာ ဝင်းလက်သွားပြီး လမ်းကြောင်း ပြောင်းလိုက်သည်။ ညာဘက်တွင် မြေရိုင်းသားလက်ရွေးစင်နှစ်ယောက်မှာ အမုန်းဝိညာဥ်များ၏ လိုက်လံဖမ်းဆီးခြင်းခံနေရသည်။

" ဒီနှစ်ကောင်နဲ့ နည်းနည်းလောက် စမ်းကြည့်လိုက်မယ် "

သူက ခပ်တိုးတိုးရယ်ရင်း လက်ရွေးစင် နှစ်ယောက်ထံ အရှိန်တင်လိုက်ရာ တခဏလေးအတွင်း ထိုနှစ်ယောက်သည် သူ့ကို မြင်လိုက်ရ၏။ သူတို့၏ မျက်နှာများ ပျက်သွားပြီး ပါးစပ်ဟရန် ပြင်လိုက်စဥ်မှာပင် သူက အင်္ကျီလက်ကို ခါလိုက်ရာ လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ သူတို့နှစ်ယောက်လုံး၌ အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံခြင်းအခြေခံများ ရှိကြရာ သူတို့ကိုယ်သူတို့ ကာကွယ်ရန် မှော်သိုင်းများ ဆင့်ခေါ်လိုက်ကြသည့်တိုင် ပိုင်ရှောင်ချန်း၏ ပြိုင်ဘက် မည်သို့ဖြစ်နိုင်မည်နည်း။ လေပြင်းက သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို ဖိနှိပ်လိုက်ရာ ကောင်းမွန်စွာ လှည့်ပတ်ရန် ခက်ခဲသွား​ေတာ့သည်။

သူတို့ မည်သို့မျှ မလုပ်နိုင်ခင်မှာပင် သူတို့၏ပါးစပ်များမှ သွေးများပန်းထွက်သွားကြကာ နောက်သို့ လွင့်ထွက်သွားတော့သည်။ ထို့နောက် ပိုင်ရှောင်ချန်းက ရှေ့သို့ပြေးဝင်လာကာ သူတို့ကို လှမ်း၍ ဖမ်းဆွဲလိုက်သည်။

သူတို့ကို ချုပ်နှောင်ကာ သူ့အိတ်ထဲပစ်ထည့်ပြီးနောက် သူက သဘောကျနှစ်ခြိုက်စွာ ပြုံးလိုက်၏။ စောစောက သူသည် သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို အနီးကပ်ဆန်းစစ်နေခဲ့ပြီး သူ၏ကောင်းကင်တာအို ကျင့်ကြံခြင်းအခြေခံသည် အမှန်တကယ်ပင် အခြားယင်ယန်ဝိညာဥ်အမျိုးအစားများအပေါ်တွင် ချေဖျက်ခြင်း ဖိအား ထုတ်လွှတ်နိုင်ကြောင်း သေချာသွားသည်။

"ဘုရားဘုရား။ ငါဒီလောက် သန်မာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာတုံး "

သူက စိတ်လှုပ်ရှားစွာ ချာခနဲ လှည့်လိုက်ပြီး မတူညီသောဘက်သို့ ဦးတည်လိုက်သည်။

ယခုအခါ ဝိညာဥ်ရေနွေးအိုးထဲရှိ အခြားမြေရိုင်းသားလက်ရွေးစင်များသည် သားကောင်ဖြစ်ပြီး ပိုင်ရှောင်ချန်းက မုဆိုးဖြစ်သွားလေပြီ။ သူက ကြက်ပေါက်ကလေးများကို သုတ်ချီနေသည့် သိမ်းငှက်အလား လက်ရွေးစင်များကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းနေတော့သည်။

အဖွဲ့လိုက်ကြီး တွေ့လျှင် သူက ရှောင်ကွင်းသွားပြီး တစ်ယောက်တည်းဖြစ်နေသော ပစ်မှတ်များကို ဝင်ဖမ်းတတ်သည်။ ထိုသို့သော ပစ်မှတ်မျိုးတွေ့လျှင် လေထဲတွင် ထစ်ခြုန်းသံများပြည့်နှက်သွားသောကြောင့် လူအများ၏ အာရုံစိုက်ရာဖြစ်သွားတတ်သည်။ သို့သော် သူက တိုက်ပွဲတိုင်းကို လျင်မြန်စွာ အနိုင်ယူလိုက်ပြီး ပျံသန်းသွားသဖြင့် သူ့ကို ဝိုင်းရံရန်အတွက်ပင် ခဲယဥ်းနေတော့သည်။

" ချီးပဲကွာ ။ ဒီကောင်ပိုင်ဟောက်၊ ဒီမြူတွေထဲမှာ ဘယ်လိုလုပ် လွတ်လွတ်လပ်လပ်သွားနေတာလဲကွာ "

" လူဆယ်ယောက်ကျော်တောင် ပျောက်နေပြီ "

" လူတိုင်းကို အတူတူနေဖို့လိုတယ်လို့ သတိပေးလိုက်ကြ။ အနည်းဆုံး ငါးယောက်အဖွဲ့ဖွဲ့ကြ "

ဝိညာဥ်ရေနွေးအိုးထဲရှိ လက်ရွေးစင်များအားလုံးနီးပါး ကုန်းစွန်းရီ၊ ကျိုးဟုန် သို့မဟုတ် ရွှီရှန် တို့ထံမှ အမိန့်များကို ရလိုက်ကြသောကြောင့် သတင်းများပေးပို့လိုက်ကြရာ လူအားလုံး သတိထားလာကြတော့သည်။

ထိုသို့ ဖြစ်ပျက်လာသောအခါ ပိုင်ရှောင်ချန်း စိတ်ပူလာတော့သည်။ တစ်ခါတည်းနှင့် လူငါးယောက်ကို ပြန်ပေးဆွဲ၍ရသည့်တိုင် အချိန်ကြာမည်ဖြစ်သည်။ လက်ရှိအချိန်တွင် သူသည် မြူခိုးများကို ဖြတ်၍ တခြားလူများကို အရူးလုပ်ရန် မျက်နှာဖုံးဖြင့် ပုံစံပြောင်းသင့်၊ မပြောင်းသင့်တွေးတောနေရင်း တရိပ်ရိပ်ပြေးနေစဥ် ရုတ်တရက် သူ၏မျက်နှာဝင်းလက်သွား၏။

" တစ်ယောက်တည်းပါလား "

အတန်ငယ်ဝေးသောနေရာတွင် ဘေးပတ်လည်ရှိ အမုန်းဝိညာဥ်များကို နှိမ်နင်းနေရင်း သွားလာနေသည့် လူသန်ကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ ယင်းသည်ကား ကျောက်ဒုံရှန်မှလွဲ၍ တခြားသူ မဟုတ်ပေ။

" သူက တော်တော်လေးဝေးလွန်းတယ်။ သူသာ အသေးစားတည်နေရာရွှေ့ပြောင်းခြင်းတစ်ခု အသုံးပြုဖို့ ကြိုးစားမယ်ဆိုရင် သေချာပေါက် အချိန်ကြာလိမ့်မယ် "

ထို့နောက် သူက အိတ်ထဲမှ မဟာလေးကို ထုတ်လိုက်သည်။

ပိုင်ရှောင်ချန်းက ကျောက်ဒုံရှန်ကို မြင်လိုက်သည့် အခိုက်အတန့်မှာပင် ကျောက်ဒုံရှန်ကလည်း သူ့ကို မြင်လိုက်သည်။

ကျောက်ဒုံရှန် အံ့သြတုန်လှုပ်သွား၏။ လူအတော်များများ ပျောက်ဆုံးနေကြောင်း သူကြားလိုက်လေရာ ချက်ချင်း သူ၏ရောင်ရင်းများထံ ဦးတည်ရန် လှည့်လိုက်ခြင်းဖြစ်သည်။ သို့သော် သူ့ကို ဝိုင်းနေသည့် ဝိညာဥ်လှိုင်းလုံးကြီးအား ဖောက်ထွက်ရန် ပြင်လိုက်စဥ် သူ့ကိုယ်ထဲမှ ထူးဆန်းသော အန္တရာယ်အငွေ့အသက်တစ်ခုကို အာရုံရလိုက်သည်။ ထိုအန္တရာယ်အငွေ့အသက်က သူ၏နတ်ဘုရားအာရုံကြောင့်မဟုတ်ဘဲ သူကျင့်ကြံခဲ့သည့် အပြင်အားခန္ဓာကိုယ် အလိုအလျောက်အန္တရာယ်ကာကွယ်နည်း ကြောင့် ဖြစ်သည်။

ပိုင်ရှောင်ချန်းကို ကြောက်လန့်တကြား ပြန်ကြည့်ရင်း သူက တခဏပင် တုံ့ဆိုင်းမနေဘဲ အသေးစားတည်နေရာရွှေ့ပြောင်းခြင်းအား အသုံးပြုလိုက်သည်။ သို့သော် ၄င်းအား အဆုံးမသတ်နိုင်လိုက်ခင်မှာပင် သူထံသို့ ကြောက်မခန်းလိလိစွမ်းအင်ဖြင့် အရှိန်အဟုန်ပြင်းစွာလာနေသည့် မြားတစ်စင်းပေါ်လာသည်။ ထို့နောက် သူ့ထံမရောက်မီ ၄င်းက ပေါက်ကွဲသွား၏။

ပေါက်ကွဲခြင်း၏ ပြင်းထန်သောအားကြီးက ပတ်ဝန်းကျင်ရှိ လေထုကို ပရမ်းပတာ ဖြစ်သွားစေတော့သည်။

" စိတ်စွမ်းအဆင့်မြှင့်တင်ထားတဲ့ မြား " ကျောက်ဒုံရှန်၏ပါးစပ်ထောင့်စွန်းမှ သွေးများစီးကျလာကာ ဤစိတ်စွမ်းအင်မြှင့်တင်ထားသော မြားသည် ဆယ်ဆ သို့မဟုတ် ထိုအဆင့်ထက်မြင့်မားကြောင်း သူသိလိုက်သည်။ ထိုသို့သော မြားများသည်သာ တည်နေရာရွှေ့ပြောင်းခြင်းကို နှောင့်ယှက်နိုင်မည့် ဟင်းလင်းပြင်တွန့်ခေါက်ခြင်းကို ဖန်တီးနိုင်မည် ဖြစ်သည်။

သူ၏ မျက်လုံးများထဲတွင် စိတ်ပျက်သွားသော အကြည့်ကို မြင်လိုက်ရပြီး နောက်ဆုတ်ရန်ကြိုးစားလိုက်သည်။ သူက ပိုင်ရှောင်ချန်းကို တုန်လှုပ်ချောက်ခြားစွာ ကြည့်နေစဥ် ပိုင်ရှောင်ချန်းက သူ၏ လေးကို အသုံးပြုကာ နောက်ထပ်မြားခုနစ်စင်း ပစ်လွှတ်လိုက်ရာ မြားအားလုံးသည် သူ့ထံသို့ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် လာနေသည်။

" ပိုင်ဟောက် "

ကျောက်ဒုံရှန်က အော်ဟစ်လိုက်ပြီး တည်နေရာ မရွှေ့ပြောင်းနိုင်တော့သောကြောင့် ထွက်ပြေးရန် သုတ်ခြေတင်လိုက်သည်။

စောစောက သူသည် ပိုင်ဟောက်ကို အထင်သေးခဲ့သည်။ သို့သော် လက်ရွေးစင်များ ပိုင်ဟောက်ကို ဝိုင်းခဲ့စဥ်က ပထမဆုံးအရိုက်ခံရသူအဖြစ်နှင့် သူ အဆုံးသတ်ခဲ့ရသည်။ သူ၏ရင်ဘတ်သည် ဝင်ဆောင့်မိသည့်အရာကြောင့် နာကျင်နေဆဲဖြစ်ရာ ယခုအချိန်တွင် သူ တိုက်ခိုက်လိုစိတ်မရှိပေ။ သို့တိုင် သူ ပြန်မဆုတ်နိုင်သေးမီ မြားများက သူ့ခန္ဓာကိုယ်ထက်သို့ ကျရောက်လာပြီး ပေါက်ကွဲသွားသည်။

ပေါက်ကွဲခြင်းလှိုင်းလုံးများက ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွားစေပြီး ကျောက်ဒုံရှန်၏ ပါးစပ်မှ သွေးများပန်းထွက်လာသည်။ သူက နောက်ထပ် စဥ်းစားမနေတောဘဲ အမြန်ဆုံးအရှိန်ဖြင့် ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းနှင့်ယှဥ်လျှင် သူက နှေးလွန်းသည်။ ပိုင်ရှောင်ချန်းသည် သူ့ထံသို့ ခက်ထန်တင်းမာစွာ ချဥ်းကပ်လာနေလေပြီ။

ကျောက်ဒုံရှန်က သူ့အား ပထမဆုံးတိုက်ခိုက်လာခဲ့သူဖြစ်သည်ကို တွေးလိုက်ရုံနှင့် ပိုင်ရှောင်ချန်းမှာ အလွန်အမင်း ဒေါသထွက်နေတော့သည်။

" မင်းကိုယ်မင်း သိပ်ကို သန်မာတယ်လို့ ထင်နေတာလား။ ငါ ကိုယ်တော်ပိုင်ကို မင်းလို ငကြောက်က ပထမဆုံးတိုက်ရဲတယ်ပေါ့လေ။ ငါ ကိုယ်တော်ပိုင်က မင်းကို သေအောင်ဆုံးမပေးမယ်ကွ "

သူက တစ်ချက်လေးပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ချေမှုန်းခြင်းလက်သီးကို ထုတ်ဖော်လိုက်ရာ ထစ်ခြုန်းမြည်ဟည်းသံများ အရပ်မျက်နှာတစ်ခွင်ပျံ့နှံ့သွားတော့သည်။ တဟုန်းဟုန်းထနေသော ဖုန်လုံးများ ရှင်းလင်းပျောက်ကွယ်သွားပြီးနောက် ကျောက်ဒုံရှန် အဖမ်းခံလိုက်ရပြီး ပိုင်ရှောင်ချန်းက တဟုန်ထိုး ပျံသန်းသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားမှုများဖြင့် ရင်တဒိန်းဒိန်းခုန်နေတော့သည်။ ဤကဲ့သို့ ကြောင်က ကြွက်အား ကစားနေသည့်ပမာ ဖြစ်နေသည်ကို သူ သဘောကျနှစ်ခြိုက်နေမိသည်။

" မလောက်လေးမလောက်စားကောင်တွေ။ အုပ်စုဖွဲ့ြပီး မိုက်ဖို့ပဲ သိတယ်။ ဟမ့်၊ ငါ ကိုယ်တောင်ပိုင်နဲ့ တစ်ယောက်ချင်း မတိုက်ရဲဘူးမလား "

တစ်မိုးအောက်တွင် ပြိုင်ဘက်ကင်းသည့်အလား သူ ခံစားနေရပြီး အင်္ကျီလက်ကို ခါရမ်းကာ ဝင့်ကြွားစွာ ရှေ့ဆက်သွားတော့သည်။ မကြာမီ သူက စူးစူးဝါးဝါးအော်ဟစ်နေသော အမုန်းဝိညာဥ်တစ်သိုက်ကို တွေ့လိုက်ရပြီး ၄င်းတို့အထဲမှ တိုက်ခိုက်နေသံများကို ကြားလိုက်ရလေသည်။

" နောက်ထပ်ပွပေါက်ပါလား။ သိမ်းငှက်ကြီးတော့ ကြက်ပေါက်လေးတွေကို ဖမ်းရတော့မယ် "

သူက နှုတ်ခမ်းကိုသပ်ရင်း ဂရုတစိုက် အနားကပ်သွားရာ နောက်ဆုံးတွင် အမုန်းဝိညာဥ်များဝိုင်းထားခံရသည့် မြေရိုင်းသားလက်ရွေးစင်ငါးဦးကို မြင်လိုက်ရလေသည်။ ငါးယောက်အနက် လေးယောက်သည် အလယ်ပိုင်းယင်ယန်ဝိညာဥ်အဆင့်တွင်ဖြစ်ပြီး တစ်ယောက်သည် နှောင်းပိုင်းအဆင့်ဖြစ်သည်။ သူတို့၏ စုပေါင်းစွမ်းအားသည် လက်ဖျားခါလောက်ပြီး အချိန်တိုအတွင်း အမုန်းဝိညာဥ်များထဲမှ လွတ်မြောက်တော့မည်ဖြစ်သည်။

" ဒီက အမုန်းဝိညာဥ်တွေကို ငါမထိန်းချုပ်နိုင်တာ ဘယ်လောက် နှမြောဖို့ကောင်းလိုက်လဲ။ ထိန်းချုပ်နိုင်လို့ကတော့ ပိုပြီးရိုးရှင်းသွားမှာကို "

သူက သက်ပြင်းချလိုက်ပြီးနောက် အနည်းငယ် စဥ်းစားကာ ဆယ့်ငါးရောင်ခြယ်မီးတောက်ကို ထုတ်လိုက်သည်။ သူ့မျက်လုံးများ တဖျပ်ဖျပ်လက်နေပြီး ကောက်ကျစ်စွာ ခပ်တိုးတိုးရယ်လိုက်သည်။ ထို့နောက် သူက ရှေ့သို့ ပျံသန်းသွားြပီး သူ၏ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များကို ဖုံးကွယ်ကာ လက်ရွေးစင်အဖွဲ့ထံ တဖြေးဖြေး ချည်းကပ်သွားတော့သည်။

များမကြာမီ ပြင်းထန်သော ထစ်ခြုန်းသံများ ကြားလိုက်ရပြီး မိုးကောင်းကင်တွင် အနီရောင်တိမ်တိုက်များ ပေါ်ပေါက်လာ၏။ ထို့နောက် မီးတောက်မီးလျှံများက မိုးများသဖွယ် တဖွဲဖွဲကျလာတော့သည်။ ၎င်းသည်ကား ပိုင်မျိုးနွယ်စုတွင် ရှိစဥ်က သူ ဖန်တီးခဲ့သည့် အထူးနတ်ဘုရားစွမ်းရည်ဖြစ်သည်။ သူက ကောင်းကင်တာအိုယင်ယန်ဝိညာဥ်အဆင့်ရောက်ပြီးနောက် ထိုစွမ်းရည်ကိုဆုံးရှုံးသွားမည်ဟု ထင်ခဲ့သော်လည်း မထင်မှတ်ထားဖွယ် ဆန့်ကျင်ဘက်ဖြစ်သွားခဲ့သည်။ အမှန်တကယ်တော့ အသုံးပြုရပိုလွယ်လာ၏။ မီးပင်လယ်ပေါ်လာသဖြင့် အမုန်းဝိညာဥ်များ အုပ်စုကွဲလာတော့သည်။ လက်ရွေးစင်ငါးဦးမှာမူ သူတို့အပေါ်ကျရောက်လာသည့် အဆုံးမဲ့ဖျက်စီးခြင်းမီးတောက်များကို မြင်သောအခါ မျက်စိမျက်နှာပျက်သွားကြသည်။ သူတို့က ချက်ချင်းထွက်ပြေးရန် လှည့်လိုက်ကြသည့်အခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် အတိုက်အခိုက်စွမ်းရည်များ ထုတ်လွှတ်လျက် သူတို့ကြားထဲ ပေါ်ထွက်လာပြီး မီးမိုးများထဲဝယ် ဝင်လိုက်၊ထွက်လိုက် လှုပ်ရှားနေတော့သည်။

လေထဲတွင် ပေါက်ကွဲသံများ ပြည့်နှက်သွားပြီး အသက်ရှူချိန်ဆယ်ကြိမ်ကြာသော် လက်ရွေးစင်ငါးယောက်နှင့်အတူ ပိုင်ရှောင်ချန်း ထွက်သွားလေပြီ။ သူထွက်ခွာသွားသည့်တိုင် မီးမိုးများ ဆက်လက် ရွာကျနေလျက်ရှိသည်။

ဝိညာဥ်ရေနွေးအိုးထဲရှိ နေရာကြီးတစ်ခုလုံး ပရမ်းပတာဖြစ်နေသည်။ မြေရိုင်းသားလက်ရွေးစင်များအားလုံး အမြုတေအထိ တုန်လှုပ်သွားကြပြီး ယခုအခါ လူတိုင်းက သူတို့အားလံုးအနက် လူသုံးဆယ်နီးပါး ပျောက်ဆုံးနေပြီဖြစ်ကြောင်း သိသွားကြသည်။

ပိုင်ဟောင်က အလွန်လျင်မြန်လွန်းသည်။ မည်သူမှ သူကို ဝိုင်းရန် အခွင့်မသာသည့်အပြင် မကောင်းဆိုးဝါးသရဲများပင်လျှင် သူ့ကို သတိမထားမိကြောင်း သတိပြုမိလိုက်ကြသောအခါ လူတိုင်း အံအားသင့်သွားကြတော့သည်။

လူတိုင်းမှာ ခံပြင်းကာ ဒေါသထွက်နေကြသည့်အပြင် တုန်လှုပ်နေကြ၏။ ယခုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်း၏လက်စားချေမှုသည်ကား အလွန်အဆင်ပြေချောမွေ့နေသည်။

ယခုအခါ ကျန်ရှိသော လက်ရွေးစင်များက ကုန်းစွန်းရီ၊ ကျိုးဟုန်၊ ရွှီရှန်နှင့် ဒုတိယမင်းသားတို့ အသီးသီးဦးဆောင်သော အဓိက အဖွဲ့လေးဖွဲ့အဖြစ် အဖွဲ့ခွဲလိုက်ကြသည်။

အမှန်တကယ်တော့ ၎င်းက ရေရှည် ဗျူဟာမဟုတ်ပေ။ လက်ရှိတွင် သူတို့အနေဖြင့် ပိုင်ရှောင်ချန်းကို ခြေရာခံရမည်မဟုတ်ပါလော။ သူတို့သာ မပေါင်းစည်းခဲ့လျှင် ရှေ့လည်းမတိုးသာ၊ နောက်လည်းမဆုတ်သာ အခြေအနေကြီးက ကြာရှည်နေမည်ဖြစ်ကာ သရဲဘုရင်အသီးကို တစ်ယောက်မှ ရလိုက်မည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ သူတို့က လူစုခွဲရမည်ဖြစ်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာကြ၏။ ကံဆိုးစွာပင် ဝိညာဥ်ရေနွေးအိုးကြီးထဲမှာ ပိုက်ကွန်အလား လူစုခွဲလိုက်ခြင်းကလည်း မသင့်ေတာ်လှပေ။ ဤနေရာတွင် မကောင်းဆိုးဝါးသရဲများ၊ အမုန်းဝိညာဥ်များ မြောက်မြားစွာရှိနေသည်။ သို့ဖြစ်ရာ အခါအားလျော်စွာ မကောင်းဆိုးဝါးသရဲနှင့် တိုက်ခိုက်လာခဲ့ရသည်ရှိသော် သူတို့အနေဖြင့် အတူတကွ ပူးကပ်နေရန်လိုအပ်ပေသည်။

အဓိကလေးဖွဲ့အနက် တစ်ဖွဲ့စီ၌ နည်းလမ်းကိုယ်စီရှိသည်။ ဒုတိယမင်းသား၏အဖွဲ့ထဲတွင် ချင်းမေ့ယွမ်အပါအဝင် တစ်ယောက်နှင့်တစ်ယောက်ပူးကပ်နေကာ ရှာဖွေနေကြသည့် အဖွဲ့ငယ်ဒါဇင်ပေါင်းများစွာ ရှိသည်။

ကုန်းစွန်းရီ၊ ကျိုးဟုန်နှင့် ရွှီရှန်တို့အားလုံးက အလွန်ယုံကြည်ချက်ရှိသော်လည်း သူတို့သည်လည်း လူသုံးလေးယောက်စုဖွဲ့၍ ရှာဖွေနေကြသည်။ ကျန်ကျင့်ကြံသူများမှာ ဆယ်ယောက်တစ်ဖွဲ့စီ စုဖွဲ့နေကြ၏။ ဤနည်းအားဖြင့် ပိုင်ရှောင်ချန်းနှင့် တွေ့လျှင် တိုက်ခိုက်လာနိုင်မည်ဆိုသည်အထိ သူတို့ ယုံကြည်လာတော့သည်။

All Chapters