ပင်လယ်ဓားပြဘုရင်မ လီလီယာ
Vol. 16 Ch. 218
ကမ်းခြေပေါ်မှ တန်ဆောင်းတစ်ခုထဲတွင် လီလီယာသည် အတူတကွထိုင်နေသော ရဲချန်နှင့် စုချန်ကို ကြည့်နေကာ သူမ၏မျက်လုံးများထဲတွင် တမ်းတခြင်းအရိပ်အယောင်တစ်ခု ရှိနေခဲ့၏။ ဟုတ်၏၊ ၎င်းမှာ တမ်းတခြင်းဖြစ်ပြီး မနာလိုဝန်တိုခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ရဲချန်နှင့် လုံးဝအတူတကွမနေနိုင်ကြောင်းကို သူမသိသောကြောင့် ဖြစ်၏။
သူမသည် ဤပင်လယ်ဒေသ၏ ပင်လယ်ဓားပြဘုရင်မ ဖြစ်သည်။ သူမတွင် အစာကျွေးရန်စောင့်ဆိုင်းနေသော ညီငယ်၊ညီမငယ် ထောင်ပေါင်းများစွာရှိရာ မည်သူ့ကိုမျှလက်ထပ်ပြီး အခြားတစ်နေရာတွင် အခြေချနေထိုင်ရန် လုံးဝမဖြစ်နိုင်ပေ။ သူမ ရဲချန်နှင့်လက်ထပ်ပါက အဆင်ပြေသော်လည်း ရဲချန်က သူမနှင့်အတူ ဤနေရာတွင် အခြေချနေထိုင်မည့်သူဖြစ်ရန် မည်သို့ဖြစ်နိုင်မည်နည်း။
ထို့ကြောင့် ၎င်းမှာ လီလီယာ တမ်းတနိုင်သောအရာတစ်ခုသာ ဖြစ်နိုင်ခဲ့၏။
ရဲချန်ကိုကြည့်ရင်း လီလီယာသည် သူတို့နှစ်ဦးတွေ့ဆုံခဲ့စဉ်က ဖြစ်ပျက်ခဲ့သည်ကို အမှတ်ရသွားသည်။ အစပိုင်းတွင် လီလီယာသည် ပင်လယ်ဓားပြဘုရင်မမဟုတ်ဘဲ သူမ၏အဖေမှာ သူတို့၏ပင်လယ်ဓားပြအဖွဲ့၏ခေါင်းဆောင် ဖြစ်၏။ ရဲချန်နှင့် သူ၏အဖွဲ့သည် မစ်ရှင်တစ်ခုလက်ခံရရှိပြီး နိုင်ငံတစ်ခုမှ ပြန်ပေးဆွဲခံထားရသော မှူးမတ်တစ်ဦးကို ကယ်တင်ရန် ဤပင်လယ်ဒေသသို့ ရောက်ရှိလာခဲ့သည်။
ပင်လယ်ဓားပြအဖွဲ့တွင် ပင်လယ်ဓားပြထောင်ပေါင်းများစွာရှိပြီး ရဲချန်နှင့် သူ၏ကြေးစားစစ်သားအနည်းငယ်အတွက် ကယ်ဆယ်ရေးလုပ်ဆောင်ရန် ခက်ခဲသောကြောင့် သူတို့သည် ပင်လယ်ဓားပြဘုရင်၏သမီးဖြစ်သူ လီလီယာကို ပြန်ပေးဆွဲခြင်းနည်းဗျူဟာကို အသုံးပြုခဲ့ကြသည်။
ဤပြန်ပေးဆွဲမှုအတွင်းမှာပင် လီလီယာသည် ရဲချန်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်၏။
အစပိုင်းတွင် လီလီယာသည် သူမကိုပြန်ပေးဆွဲသူ ရဲချန်ကို မကြိုက်ပေ။ ထို့အပြင် သူမသည် ငယ်စဉ်ကတည်းက စိတ်ဆတ်သောကြောင့် အလွန်အမင်း ပူးပေါင်းဆောင်ရွက်ခြင်းမရှိခဲ့ပေ။ ရဲချန်အတွက်မူ သူသည် လီလီယာကို တိုက်ရိုက်ချည်နှောင်ကာ ဆွဲထားပြီးနောက် သူမ၏ကိုယ်ပိုင်ဖိနပ်အောက်ခံများဖြင့် သူမ၏တင်ပါးကို ရိုက်နှက်ကာ သူမ၏ခြေဖဝါးများကို ငန်းမွေးများဖြင့် ယားအောင်ကလိခဲ့၏။
ကျန်းဝူကျိ ကျောက်မင်နှင့်တွေ့ဆုံသကဲ့သို့သော ဤဇာတ်လမ်းဇာတ်ကွက်သည် လီလီယာကို ချက်ချင်းပင် ယုံကြည်သွားစေခဲ့သည်။ ပင်လယ်ဓားပြအဖွဲ့ထဲမှ မည်သူမျှ သူမ၊ ပင်လယ်ဓားပြမင်းသမီးကို ဤကဲ့သို့ဆက်ဆံဝံ့ခြင်းမရှိသောကြောင့် လီလီယာသည် ရဲချန်အပေါ် ချက်ချင်းစိတ်ဝင်စားသွားပြီး အဆုံးတွင် သူမသည် ရဲချန်အား ပြန်ပေးဆွဲခံထားရသောမှူးမတ်ကို ကယ်တင်ရာတွင်ပင် ကူညီပေးခဲ့၏။
အမှန်တကယ်တွင် ရဲရှင်းဟွေ့သည်လည်း သူ၏အဖေ၏ဘဝအတွေ့အကြုံကိုဖတ်ရှုစဉ်က သူ၏အလုံးစုံမြင်သောမျက်လုံးမှတစ်ဆင့် ဤဇာတ်လမ်းဇာတ်ကွက်ကို သိရှိခဲ့သည်။ ရဲရှင်းဟွေ့၏အကဲဖြတ်ချက်မှာ အလွန်ရိုးရှင်းလှ၏။
"ဒီလောက်ရိုးရှင်းတဲ့နည်းလမ်းနဲ့ အကောင်းဆုံးမိန်းကလေးတွေကို မြူဆွယ်နိုင်တာကတော့ ဇာတ်လိုက်ရဲ့အရှိန်အဝါက အံ့ဩစရာကောင်းတယ်လို့ပဲ ငါပြောနိုင်တယ်… မောင်းမဆောင်ဝတ္ထုဇာတ်လိုက်ရဲ့အရှိန်အဝါက ပိုတောင်အံ့ဩစရာကောင်းသေးတယ်။"
သို့သော် သူ၏အဖေ သူမကိုအနိုင်ယူခဲ့ခြင်းမှာ အတော်ပင် ယုတ္တိရှိပေသည်။ မည်သို့ပင်ဆိုစေကာမူ ပင်လယ်ဓားပြအဖွဲ့ထဲတွင် ယောက်ျားအားလုံးမှာ ကြီးမားတုတ်ခိုင်ပြီး ကြမ်းတမ်းသောအသွင်ရှိကြ၏။ ချောမောပြီး အသားဖြူသောပင်လယ်ဓားပြများပင်လျှင် သူတို့ကိုယ်သူတို့ ကြမ်းတမ်းသောအသွင်ဖြစ်စေရန် သူတို့၏မျက်နှာများပေါ်တွင် အမာရွတ်အနည်းငယ် ဖန်တီးကြသည်။
ထိုကဲ့သို့သောပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသဖြင့် လီလီယာအတွက် နုပျိုပြီးချောမောသောရဲချန်ကို ချစ်မိသွားခြင်းမှာ အံ့ဩစရာမရှိပေ။
အတိတ်က ရဲရှင်းဟွေ့ ဝတ္ထုများဖတ်သည့်အခါ သူသည် မောင်းမဆောင်ဝတ္ထုများမှအမျိုးသားဇာတ်လိုက်များကို အလွန်မကျေမနပ်ဖြစ်ခဲ့၏။
ပတ်ဝန်းကျင်တွင် လှပသောအမျိုးသမီးများရှိနေသရွေ့ သူတို့သည် သေချာပေါက် အမျိုးသားဇာတ်လိုက်၏မျက်စိကျခြင်းကို ခံကြရသည်။ ချောမောပြီး ချမ်းသာကြွယ်ဝကာ အာဏာရှိသောမိသားစုရှိပြီး နူးညံ့ ရက်ရောသောစရိုက်ရှိကာ ဇာတ်လိုက်မှလွဲ၍ လူတိုင်းအပေါ်ကြင်နာတတ်သော ပြီးပြည့်စုံသည့်အမျိုးသားတစ်ဦးပင်လျှင် ထိုလှပသောအမျိုးသမီးများထံမှ အကြည့်တစ်ချက်မျှပင် ရရှိမည်မဟုတ်ပေ။ မောင်းမဆောင်ဝတ္ထုများမှာ အမှန်တကယ်ပင် လုံးဝယုတ္တိမရှိပေ။
…
"ရဲချန်၊ စုချန်၊ ဒီဝိုင်တစ်ခွက်က ရှင်တို့အတွက်ပဲ။ ကျွန်မရဲ့ပင်လယ်ဓားပြအဖွဲ့ကို ကြိုဆိုပါတယ်။"
လီလီယာသည် ရွှေဝိုင်ခွက်ကိုမြှောက်ကာ ရဲချန်နှင့် စုချန်ကို အပြုံးဖြင့် ပြောလိုက်၏။ သူမ၏စကားကိုကြားသော် ထိုနှစ်ဦးသည်လည်း သူတို့၏ဝိုင်ခွက်များကို မြှောက်လိုက်ကြသည်။
တစ်ခွက်သောက်ပြီးနောက် ရဲဖန်သည် လီလီယာကိုကြည့်ကာ
"လီလီယာ၊ ငါ့ရဲ့အရင်အဆိုပြုချက်ကို မင်းဘယ်လိုထင်လဲ။ မင်းမှာ ဒီလောက်ကြီးမားတဲ့ကျွန်းစုတွေ၊ မင်းရဲ့အမိန့်အောက်မှာ ပင်လယ်ဓားပြထောင်ပေါင်းများစွာနဲ့ သာမန်လူသောင်းပေါင်းများစွာရှိတယ်။ ပင်လယ်ဓားပြအဖြစ်ဆက်နေမယ့်အစား နိုင်ငံတစ်နိုင်ငံထူထောင်ဖို့ မင်းစဉ်းစားနိုင်တယ်။"
ရဲချန်၏စကားကိုကြားပြီးနောက် လီလီယာသည် တိတ်ဆိတ်သွား၏။ ခဏမျှတိတ်ဆိတ်ပြီးနောက် လီလီယာက ကူကယ်ရာမဲ့စွာဖြင့်
"နိုင်ငံတစ်နိုင်ငံထူထောင်ဖို့က အဲ့လောက်မလွယ်ပါဘူး။ တခြားအဓိကအင်အားကြီးနိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုမရှိဘဲ ငါတို့နိုင်ငံထူထောင်ကြောင်းကြေညာရင်တောင် ငါတို့ရဲ့လက်ရှိအခြေအနေနဲ့ ဘာမှကွာခြားမှာမဟုတ်ဘူး။"
ရဲချန် လီလီယာနှင့်မိတ်ဆွေဖြစ်ပြီးနောက် သူသည် ဤပင်လယ်ဒေသသို့ မစ်ရှင်များလုပ်ဆောင်ရန်ရောက်ရှိသည့်အခါတိုင်း သူမနှင့်အတူကစားရန် ဤနေရာသို့ လာလေ့ရှိ၏။ ထိုစဉ်ကပင် ရဲချန်သည် လီလီယာအား နိုင်ငံထူထောင်ခြင်းအကြံဉာဏ်ကို ပြောပြခဲ့သည်။
လီလီယာသည်လည်း ရဲချန်၏အမြင်ကို လက်ခံခဲ့၏။ သူမသည် သူမ၏အဖေထံမှ ပင်လယ်ဓားပြအဖွဲ့ကို လွှဲပြောင်းယူသောအခါ ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်ခဲ့သည်။ လက်ရှိပင်လယ်ဓားပြအဖွဲ့သည် ပင်လယ်ဓားပြအမည်ကို ဆက်လက်သယ်ဆောင်နေသော်လည်း သူတို့သည် ပင်လယ်ဓားပြလုပ်ငန်းကို လုပ်ကိုင်ခြင်းမရှိတော့ပေ။
ထိုအစား သူတို့သည် လက်ရှိတွင် ငါးဖမ်းခြင်းနှင့် ကုန်သည်သင်္ဘောများကို အစောင့်အရှောက်လိုက်ပါပေးခြင်းလုပ်ငန်းတွင် ရှိနေ၏။ သို့ဖြစ်လင့်ကစား အနီးအနားမှနိုင်ငံများမှာမူ သူတို့ကို ကြီးမားသောပင်လယ်ဓားပြအဖွဲ့တစ်ခုအဖြစ်သာ မြင်နေဆဲဖြစ်သည်။
လီလီယာ၏စိတ်ပျက်သောအသွင်ကိုမြင်သော် ရဲချန်က ခဏစဉ်းစားပြီး
"မင်းအဆင်သင့်ဖြစ်ရင် ငါမင်းကိုကူညီနိုင်တယ်။ အနည်းဆုံးတော့ ငါတရုတ်နိုင်ငံကို မင်းနဲ့မင်းရဲ့နိုင်ငံကို အသိအမှတ်ပြုအောင်လုပ်ပေးနိုင်တယ်။ ဒါ့အပြင် မင်းနည်းပညာတစ်ခုခုလိုရင် ငါ့သမီးအကြီးဆုံးကို မင်းကိုထောက်ပံ့ပေးဖို့ တောင်းဆိုနိုင်တယ်။ ငါ့သမီးက အရမ်းတော်တယ်။ သူက တကယ့်ကို ပါရမီရှင်မိန်းကလေးတစ်ယောက်၊ ပြီးတော့ သူငါ့ကိုဘယ်လောက်ချစ်လဲဆိုတာနဲ့ဆိုရင် သူငါ့စကားကို သေချာပေါက်လိုက်နာမှာပဲ။"
ရဲချန်၏စကားကိုကြားသော် စုချန်က စိတ်ထဲတွင်တွေးလိုက်သည်။
‘ငါတို့သမီးက ငါ့ကိုပိုချစ်တာပါနော်။’
သူမထိုသို့တွေးထင်သော်လည်း ပါးစပ်ကမူ ထုတ်မပြောခဲ့ပေ။ သူတို့အပြင်ဘက်တွင်ရှိနေသောအခါ သူမ၏ယောက်ျားကို မျက်နှာသာအနည်းငယ်ပေးရပေမည်။
စုချန်စကားမပြောသော်လည်း နောက်မှအခြားအသံတစ်ခု ထွက်ပေါ်လာ၏။
"ဖေဖေ။ သမီးက ပါရမီရှင်တစ်ယောက်ဖြစ်တာကိုတော့ သမီးဝန်ခံပါတယ်၊ ဒါပေမဲ့ သမီးက မိန်းကလေးတစ်ယောက် မဟုတ်တော့ပါဘူး။"
ဤရင်းနှီးသောအသံကိုကြားသော် ရဲချန်နှင့် စုချန်နှစ်ဦးစလုံး နောက်သို့ပြန်လှည့်ကြည့်လိုက်ပြီးနောက် သူတို့၏နောက်တွင် မီးကွင်းတစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရ၏။ ခုလေးတင် စကားပြောလိုက်သော ရဲလန်ယွဲ့သည် မီးကွင်းထဲမှ လျှောက်ထွက်လာနေသည်။
"ဟင်။ လန်ယွဲ့လား။ ရှင်းချန်၊ ရှင်းဟွေ့။ မင်းတို့ဘာလို့ဒီမှာရောက်နေကြတာလဲ…။ ပြီးတော့ ဒီမီးကွင်းက…။"
ရဲချန်က မီးကွင်းကိုညွှန်ပြကာ အနည်းငယ်နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ဒါလား။"
ရဲရှင်းဟွေ့က တံခါးပေါက်ကို ပေါ့ပေါ့ဆဆပိတ်လိုက်ပြီးနောက်
"မီးလျှံဝင်ပေါက်လေ။ မှော်ပညာပဲ။ အဖေမေးချင်တယ်ဆိုရင် ဒီမှော်ပညာကို ကျွန်တော်ဘယ်လိုသင်ယူခဲ့လဲဆိုတာ…"
ရဲချန် အမှန်တကယ်မမေးမီမှာပင် ရဲရှင်းဟွေ့က "မှောင်မိုက်ပြီး လေထန်တဲ့ညတစ်ညမှာ…" ဟု ဆက်ပြောလိုက်၏။
ထုံးစံအတိုင်းစကားစုများ၊ ထုံးစံအတိုင်းတာအိုရသေ့အို၊ ထုံးစံအတိုင်းထရပ်ကား။ ရဲရှင်းချန်နှင့် ရဲလန်ယွဲ့နှစ်ဦးစလုံး ရဲရှင်းဟွေ့၏စကားကို လျစ်လျူရှုထားသော်လည်း ရဲချန်မှာမူ အရသာခံနားထောင်နေ၏။
"အမ်… တာအိုရသေ့အိုက တာအိုကျင့်စဉ်ကို သုံးရမှာမဟုတ်ဘူးလား။ သူဘယ်လိုလုပ် မှော်ပညာကို လက်ဆင့်ကမ်းနိုင်မှာလဲ။"
ရဲချန်က သေစေနိုင်သောမေးခွန်းတစ်ခုကို မေးလိုက်သည်။
၎င်းမှာ ရဲရှင်းဟွေ့ကို အလွန်ရှက်ရွံ့သွားစေ၏။
"အင်း… ဒါက အမှန်တော့ အရှေ့နဲ့အနောက်ကြားက အားလပ်ရက်နှစ်ခုပေါင်းဆုံသွားလို့ ယဉ်ကျေးမှုဖြတ်ကျော်ဖလှယ်မှုတစ်ခု ဖြစ်သွားတာ။"
ထိုစကားကိုကြားပြီးနောက် ရဲချန်သည် သူ၏အငယ်ဆုံးသားမှာ အစမှအဆုံး လျှောက်ပြောနေခဲ့ကြောင်းကို သိရှိသွားသည်။
စစ်သားဘုရင်တစ်ပါး သို့မဟုတ် ကြေးစားစစ်သားတစ်ဦးအနေဖြင့် ရဲချန်သည် မှော်ပညာကို တွေ့ကြုံဖူးခဲ့သော်လည်း ရဲရှင်းဟွေ့၏မီးလျှံဝင်ပေါက်ကဲ့သို့ ဟိတ်ဟန်များသောအရာမျိုးမှာ သေချာပေါက်မရှိပေ။
သို့သော် သူသေချာသည်မှာ အရှေ့နှင့်အနောက်ကြားမှ မတူညီသောယဉ်ကျေးမှုစနစ်များကြောင့် ထိုကဲ့သို့သောအရာမျိုး ဖြစ်ပွားရန် လုံးဝမဖြစ်နိုင်ခြင်းပင်ဖြစ်သည်။
အနောက်တိုင်းက မှော်ပညာမှာ ပိုမိုလက်တွေ့ကျသည်ဟု ယုံကြည်ပြီး တာအိုကျင့်စဉ်မှာမူ နှစ်ပေါင်းများစွာ လေ့ကျင့်ရန်လိုအပ်ရာ အလွန်အဆင်မပြေပေ။ အရှေ့တိုင်းက မှော်ပညာမှာ ပိုဆိုးပြီး တာအိုကျင့်စဉ်၏ သင်းကွပ်ထားသောဗားရှင်းတစ်ခုမျှသာဖြစ်သောကြောင့် လှည့်ကွက်များပြုလုပ်ခြင်းမှလွဲ၍ အသုံးမဝင်ဟု ယုံကြည်၏။
အရှေ့နှင့်အနောက်မှာ ပြန်လည်သင့်မြတ်၍မရဟု ဆိုရမည့်အဆင့်အထိ မဟုတ်သော်လည်း တာအိုရသေ့အိုတစ်ပါး မှော်ပညာကျင့်သုံးသည်ဟုဆိုခြင်းမှာ လုံးဝအဓိပ္ပာယ်မရှိပေ။
ရဲချန် တစ်ခုခုပြောလိုစဉ်မှာပင် သူသည် သူ၏တစ်ဖက်တွင်ထိုင်နေသော လီလီယာကို တစ်ချက်လှမ်းမြင်လိုက်သည်။ သို့ဖြစ်၍ သူသည် မှော်ပညာအကြောင်းပြောဆိုမှုများကို ဘေးဖယ်ထားလိုက်ပြီး
"လီလီယာ၊ ငါ့ကလေးသုံးယောက်ပဲ”
"ဒါက ငါ့သမီးအကြီးဆုံး၊ ရဲလန်ယွဲ့။"
"ဒါက သားအကြီးဆုံး၊ ရဲရှင်းချန်။"
"ဒါက ငါ့သားအငယ်ဆုံး၊ ရဲရှင်းဟွေ့။"
ရဲချန်က မောင်နှမသုံးယောက်ကို ညွှန်ပြကာ အသီးသီးမိတ်ဆက်ပေးလိုက်သည်။ လီလီယာသည်လည်း သူမ၏ကိုယ်သူမ မိတ်ဆက်ကာ
"မင်္ဂလာပါ။ အန်တီလို့ခေါ်လို့ရတယ် ဒါမှမဟုတ် ငါ့နာမည်ပဲခေါ်လို့ရတယ်၊ လီလီယာလို့။"
××××××