← Chapters

ရှောင်ဟာ့လေးရဲ့ သူဌေးဖြစ်ချင်တဲ့ အိပ်မက်

Vol. 17 Ch. 232

ရှောင်ဟာ့လေးရဲ့ သူဌေးဖြစ်ချင်တဲ့ အိပ်မက်

Vol. 17 Ch. 232

ဆွေးနွေးတိုင်ပင်မှုများ ပြီးဆုံးသောအခါ ရဲရှင်းချန်က ခရီးထွက်ခွာရန် ပြင်ဆင်လိုက်၏။

သို့သော်လည်း ယခုတစ်ကြိမ်တွင် သူက တိုက်ရိုက် ပျံသန်းသွားရန် သို့မဟုတ် ရဲရှင်းဟွေ့အား သူ၏ မီးဝင်ပေါက်ကို အသုံးပြုစေရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ ကျင့်ကြံသူလောကမှ လူများ ကျွန်းစုနိုင်ငံတွင် အမှန်တကယ် ရှိ၊ မရှိမှာ မသေချာလှပေ။ သူသာ ပျံသန်းသွားလျှင် သို့မဟုတ် ဝင်ပေါက်တစ်ခုကို အသုံးပြုသွားလျှင် သတိပြုမိသွားနိုင်၏။

အမှန်တကယ်တွင် ရဲရှင်းဟွေ့က သူ ကျွန်းစုနိုင်ငံ၌ မီးဝင်ပေါက်တစ်ခု ဖွင့်ထားပြီး ဖြစ်ကြောင်း ပြောချင်နေမိသည်။ သို့သော်… သူ၏ အစ်ကိုဖြစ်သူက လေယာဉ်ဖြင့် သွားရန် စီစဉ်နေသည်ကို မြင်သောအခါ သူ ဘာမှမပြောတော့ဘဲ တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲမှ ‘ဝါးဟော့ခ်’ ကိုသာ ထုတ်ယူလိုက်၏။

"အစ်ကို… ဒီလိုဆိုရင် ဝါးဟော့ခ်ကိုပဲ အစ်ကို့ကို လိုက်ပို့ခိုင်းလိုက်ပါ...."

ဝါးဟော့ခ် ပေါ်ထွက်လာပြီးနောက် သူ့ပတ်လည်ရှိ လူသားအချို့ကို ချက်ချင်းပင် စစ်ဆေးကြည့်ရှုလိုက်သည်။ သူက လူသားများ၏ ပျမ်းမျှ တိုက်ခိုက်ရေးစွမ်းအား မည်မျှရှိသည်ကို သိချင်နေ၏။

စစ်ဆေးပြီးနောက် ဝါးဟော့ခ်၏ မျက်လုံးများထဲမှ အပြာရောင်အလင်းတန်းများ တစ်ခဏမျှ လက်သွားသည်။

‘ဒါက လူသားတွေရဲ့ ပျမ်းမျှ တိုက်ခိုက်ရေးစွမ်းအားလား… တကယ်ကို ဒီလောက် မြင့်မားနေတာပဲ…’

ဝါးဟော့ခ် စစ်ဆေးလိုက်သည့်သူများမှာ ရဲရှင်းချန်၊ ရဲရှင်းဟွေ့၊ ရဲလန်ယွဲ့၊ ရဲချန်၊ ရဲဖန်နှင့် ရဲနျဉ်တို့ ဖြစ်ကြသည်မှာ ပြောစရာမလိုချေ။

ဝါးဟော့ခ်က ရဲရှင်းဟွေ့ကို ကြည့်လိုက်၏။ သူ၏ သူဌေးမှာ အနည်းငယ် အလွန်အမင်း နှိမ့်ချနေသည်ဟု သူ ခံစားလိုက်ရသည်။

ရဲရှင်းဟွေ့မှာ ဝါးဟော့ခ် ဘာတွေ စဉ်းစားနေသည်ကို မသိရှိခဲ့ပေ။

လက်ရှိတွင်… သူက ရှိနေသူများအား ဝါးဟော့ခ်၏ သမိုင်းကြောင်းကို ရှင်းပြနေ၏။ ထိုသမိုင်းကြောင်းမှာ လေထန်သော ညတစ်ညတွင် ထရပ်ကားဖြင့် တိုက်မိသွားသည့် တာအိုဘုန်းကြီးအို တစ်ပါးထံမှ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ပြောစရာပင် မလိုတော့ချေ။

လူတိုင်းက ရဲရှင်းဟွေ့မှာ လိမ်ညာပြောဆိုနေမှန်း သိနေကြသဖြင့် မည်သည့်မေးခွန်းမှ ထပ်မမေးကြတော့ပေ။

ထိုသို့နှင့် ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့မှာ ဝါးဟော့ခ်ကို စီးနင်း၍ ကျွန်းစုနိုင်ငံဆီသို့ ပျံသန်းသွားကြ၏။

ရဲလန်ယွဲ့ကလည်း အခြားလေယာဉ်တစ်စင်းကို ခေါ်ယူ၍ အတူလိုက်ပါ ပျံသန်းသွားသည်။ မည်သို့ပင်ဖြစ်စေ သူမကလည်း ကျွန်းစုနိုင်ငံသို့ သွားရန် စီစဉ်ထားပြီး ဖြစ်သည်။

သို့သော်လည်း ကျွန်းစုနိုင်ငံသို့ မသွားမီ သူတို့သည် လီလီရာ၏ နိုင်ငံတည်ထောင်ခြင်း ကိစ္စကို အရင် ဖြေရှင်းပေးရန် လိုအပ်သေး၏။

…

လီလီရာ ရှိရာ ကျွန်းစုများတွင်…

ဤနေရာသည် မူလက ကြီးမားလှသော ပင်လယ်ဓားပြစခန်းကြီးတစ်ခု ဖြစ်ခဲ့သော်လည်း လီလီရာ ပင်လယ်ဓားပြ ဘုရင်မ ဖြစ်လာပြီးနောက် နိုင်ငံငယ်လေးတစ်ခုကဲ့သို့ လည်ပတ်လာခဲ့သည်။

ဤနေရာမှ နေထိုင်သူများမှာ ကိုယ့်ဖာသာကိုယ် ဖူလုံကြပြီး ပင်လယ်ဓားပြများကလည်း အစောင့်အကြပ် ကုမ္ပဏီတစ်ခု တည်ထောင်ထားကြ၏။ သူတို့သည် ပင်လယ်ဓားပြတစ်စု ဖြစ်လင့်ကစား သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ မနိမ့်ကျသည့်အပြင် သူတို့၏ လက်နက်များမှာလည်း အလွန်ပင် ခေတ်မီလှသည်။

သို့သော် ယခုအချိန်တွင်မူ… လီလီရာမှာ မယုံနိုင်စရာ ကိစ္စတစ်ခုနှင့် ကြုံတွေ့နေရ၏။

ယနေ့တွင် အလွန်ပင် မြင့်မြတ်သည်ဟု ဆိုနိုင်ပြီး ကျွန်းစု၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် ဧည့်သည်တစ်စု ကျွန်းစုဆီသို့ ရောက်ရှိလာခဲ့သည်။

ဤလူများမှာ အဓိက နိုင်ငံကြီးများ၏ ခေါင်းဆောင်များထံမှ ကိုယ်စားလှယ်များ ဖြစ်ကြပြီး သူတို့ လာရောက်ရသည့် ရည်ရွယ်ချက်မှာ အလွန်ပင် ရိုးရှင်းလှ၏။

သူတို့သည် ဤပင်လယ်ဧရိယာနှင့် ကျွန်းစုတွင် နိုင်ငံတည်ထောင်ခြင်းကို သဘောတူညီရန် လာရောက်ခဲ့ကြခြင်း ဖြစ်သည်။

ထိုမျှသာမက သူတို့သည် အစောပိုင်း ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာများ၊ ကုန်ကြမ်းများနှင့် လက်နက်များကိုပင် ပေးအပ်ခဲ့ကြသည်။

နိုင်ငံကြီးများမှ ခေါင်းဆောင်များ လက်မှတ်ရေးထိုးထားသည့် စာချုပ်များ၊ အသိအမှတ်ပြုလွှာများနှင့် နိုင်ငံတည်ထောင်ခြင်းဆိုင်ရာ စည်းမျဉ်းများကို ကြည့်ရင်း လီလီရာမှာ အိပ်မက်မက်နေသည်ဟု ခံစားနေရသည်။

မည်သို့ပင်ဆိုစေ မနေ့က သူမသည် ကမ္ဘာက အသိအမှတ်ပြုထားသည့် ပင်လယ်ဓားပြ ဘုရင်မတစ်ဦးသာ ဖြစ်ခဲ့သော်လည်း ယနေ့တွင်မူ… သူမကိုယ်သူမ တကယ့်ဘုရင်မတစ်ပါးဟု ခေါ်ဆိုနိုင်ပြီ ဖြစ်၏။

"အမ်… ခွင့်လွှတ်ပါ… ဘာဖြစ်လို့ ရုတ်တရက်ကြီး ကျွန်မတို့ နိုင်ငံတည်ထောင်တာကို သဘောတူလိုက်ရတာလဲ...."

စိတ်လှုပ်ရှားမှုများ ကြားမှပင် လီလီရာက သူမ၏ စိတ်ထဲမှ သံသယကို ထုတ်မေးလိုက်၏။

လီလီရာ၏ မေးခွန်းကို ကြားသောအခါ အဓိက နိုင်ငံကြီးများမှ ကိုယ်စားလှယ်များ၏ မျက်နှာများမှာ အနည်းငယ် ပျက်ယွင်းသွားကြသည်။

သူမ အလွန် စိတ်လှုပ်ရှားနေသောကြောင့် ဖြစ်လိမ့်မယ်၊ လီလီရာက ကိုယ်စားလှယ်အချို့နှင့် နောက်ပြောင်လိုက်သေးသည်။

"ဟားဟားဟား… ခင်ဗျားတို့ သမ္မတကို တစ်ယောက်ယောက်က ဖမ်းသွားပြီးတော့ ခင်ဗျားတို့ရဲ့ ဒေတာဘေ့စ်ကိုလည်း ဟက်သွားတယ်လို့တော့ ပြောချင်တာ မဟုတ်ပါဘူးနော်...."

လီလီရာ ပြောလိုက်သည်မှာ နောက်ပြောင်ခြင်းသာ ဖြစ်ပြီး ထိုနောက်ပြောင်မှုမှာ ရဲချန်၏ အစီအစဉ်ဖြစ်ကာ သူမ၏ ရှေ့တွင်ပင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အစီအစဉ်မှာ အလွန် ရိုးရှင်းလှသည်။ အစီအစဉ်ကို ဆွေးနွေးစဉ်က ရဲချန်နှင့် ရဲလန်ယွဲ့တို့၏ လေသံမှာ အလွန် ပေါ့ပေါ့ပါးပါး ဖြစ်နေသဖြင့် လီလီရာမှာ သူတို့က နောက်ပြောင်နေကြသည်ဟုသာ ထင်မှတ်ခဲ့၏။

ထို့ကြောင့် လီလီရာကလည်း သူမ၏ ရှေ့မှ ကိုယ်စားလှယ်များနှင့် နောက်ပြောင်လိုက်ခြင်း ဖြစ်သည်။

လီလီရာက နောက်ပြောင်နေခြင်း ဖြစ်သော်လည်း ကိုယ်စားလှယ်အချို့၏ မျက်နှာများမှာ လီလီရာ၏ စကားကို ကြားပြီးနောက် ပို၍ပင် သုန်မှုန်သွားကြသည်။

နောက်ဆုံးတွင် အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ်က ရှေ့ထွက်လာ၏။ သူက လီလီရာကို တည်ကြည်သော မျက်နှာထားဖြင့် ကြည့်၍ လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။

"ကျွန်တော်တို့ဘက်က လိုအပ်တဲ့ အရင်းအမြစ်တွေကို ပေးပြီးပြီ… စာချုပ်ကိုလည်း လက်မှတ်ထိုးပြီးပြီ ဆိုတော့… ခင်ဗျားတို့ဘက်က ကျွန်တော်တို့ရဲ့ သမ္မတနဲ့ ဟက်ခံလိုက်ရတဲ့ ဒေတာဘေ့စ်ထဲက အချက်အလက်တွေကို ပြန်ပေးရမယ့် အချိန်တန်ပါပြီ… ဟုတ်တယ်မလား...."

လီလီရာ - "..."

"ဘာ… ဘာပြောတယ်...."

လီလီရာမှာ ကြက်သေသေသွား၏။

ဘယ်မှာ နောက်ပြောင်နေတာလဲ။

အဘယ်ကြောင့် သူတို့က သူမအား သူတို့၏ သမ္မတနှင့် အချက်အလက်များကို ပြန်ပေးရန်တောင်းဆိုနေကြရတာလဲ။

…

ရဲလန်ယွဲ့နှင့် တခြားသူများထံ ပြန်သွားကြပါစို့။

ရဲလန်ယွဲ့က ကွန်ပျူတာရှေ့တွင် ထိုင်၍ ဂြိုလ်တုမှတစ်ဆင့် အရာအားလုံးကို ကြည့်ရှုနေသည်။

ရဲချန်က သူမ၏ နောက်တွင် ထိုင်နေသည်မှာ ပြောစရာမလိုချေ။

ရဲဖန်နှင့် ရဲနျဉ်တို့မှာမူ သူတို့၏ တာဝန်များ ပြီးဆုံးသွားကြပြီ ဖြစ်သဖြင့် သူတို့၏ ဇနီးမယားများနှင့် သွား၍ ကစားနေကြသည်မှာ သဘာဝကျပေသည်။

"ဟားဟားဟား… လီလီရာရဲ့ မျက်နှာပေးက တကယ်ကို ကြည့်လို့ကောင်းတာပဲ...."

လီလီရာ၏ ကြောင်အအ ဖြစ်နေသော မျက်နှာကို မြင်သောအခါ ရဲချန်မှာ ကျယ်လောင်စွာ ရယ်မောလိုက်၏။

ရယ်မောပြီးနောက် ရဲချန်က ရဲလန်ယွဲ့ကို ပြောလိုက်သည်။ "လန်ယွဲ့… သူတို့ကို နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ သမ္မတတွေရဲ့ တည်နေရာကို ပြောလိုက်ပါ… ပြီးတော့ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို မိတ္တူတစ်ခု ကူးပြီးတော့ ပြန်ပေးလိုက်တော့...."

ရဲလန်ယွဲ့က ခေါင်းညိတ်၍ ဆို၏။ "ဟုတ်ကဲ့… ပြန်ပေးရမှာတွေ အားလုံး ပြန်ပေးပြီးပါပြီ...."

ရဲချန် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ ဖုန်းက မြည်လာသည်။

သူ ကြည့်စရာမလိုဘဲ ဖုန်းခေါ်ဆိုသူမှာ လီလီရာ ဖြစ်ရမည်ဟု သိလိုက်၏။

ရဲချန်က ဖုန်းဖြေရန် ထွက်သွားသည်ကို မြင်သောအခါ ရဲလန်ယွဲ့က သူမ၏ ဂြိုလ်တု အာရုံစိုက်မှုကို ကျွန်းစုနိုင်ငံဆီသို့ ပြောင်းလိုက်သည်။

.......

တစ်ချိန်တည်းမှာပင်…

ရှောင်ဟာ့မှာ ကျွန်းစုနိုင်ငံ၏ လမ်းမများပေါ်တွင် တစ်ယောက်တည်း လျှောက်လှမ်းနေပြီး သူ့နောက်တွင် လမ်းဘေးခွေးများနှင့် ကြောင်များ တစ်ဒါဇင်ကျော် လိုက်ပါလာကြသည်။

သူတို့အားလုံးမှာ ခွေးများ ဖြစ်သောကြောင့် ရှောင်ဟာ့မှာ သူ၏ သြဇာအာဏာကို အသုံးပြု၍ ခဏလေးအတွင်းမှာပင် ခွေးများစွာကို သူ၏ လက်အောက်ငယ်သားများအဖြစ် စုဆောင်းနိုင်ခဲ့၏။

ရှောင်ဟာ့မှာ တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲတွင် အလွန် အားနည်းသော်လည်း ဤနေရာသို့ ရောက်လာပြီးနောက် သူ ရုတ်တရက် အလွန်ပင် သက်တောင့်သက်သာ ရှိကာ ဂုဏ်ယူနေမိသည်။

"ဟားဟားဟား… ဒါလား သူဌေးတစ်ယောက် ဖြစ်ရတဲ့ ခံစားချက်...."

ရှောင်ဟာ့က သူ့နောက်မှ ညီငယ်တစ်သိုက်ကို ကြည့်၍ ဂုဏ်ယူစွာ ဟောင်လိုက်၏။ သူ၏ ခွေးဘဝမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု သူ ခံစားလိုက်ရသည်။

ကြီးမားသော တက်ဒီဝက်ဝံခွေးတစ်ကောင်က ရှောင်ဟာ့အား ရိုသေစွာ ဆိုလိုက်သည်။ "အစ်ကိုဟာ့… ဖူကူရှီးမား အနီးအနားကနေ ညီအစ်ကိုတွေ ထပ်ရောက်လာကြတယ်ဗျ… အစ်ကို လက်ခံမလား....”

"ဟမ်… ဘာလို့ ဖူကူရှီးမားက ခွေးတွေချည်းပဲ ဖြစ်နေရတာလဲ… ဒါနဲ့… ဖူကူရှီးမားမှာ ဘာတွေ ဖြစ်ခဲ့လို့လဲ...."

ရှောင်ဟာ့၏ မေးခွန်းကို ကြားသောအခါ တက်ဒီခွေးကြီးမှာလည်း မည်သို့ ပြန်ဖြေရမည်ကို မသိခဲ့ပေ။

နောက်ဆုံးတွင် ဖူကူရှီးမားမှ ဟက်စကီးခွေးတစ်ကောင်က စကားပြောလာသည်။

သူတို့နှစ်ဦးစလုံးမှာ ဟက်စကီးခွေးများ ဖြစ်ကြသော်လည်း ရှောင်ဟာ့၏ ရှေ့တွင် သူတို့၏ အရွယ်အစား ကွာခြားမှုမှာ တက္ကသိုလ်ကျောင်းသားနှင့် မူလတန်းကျောင်းသားတစ်ယောက်၏ ကွာဟမှုကဲ့သို့ ဖြစ်နေ၏။

"အစ်ကိုဟာ့… ကျွန်တော်က ဖူကူရှီးမားကနေ ထွက်ပြေးလာတာပါ… ဖူကူရှီးမားမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာတော့ ကျွန်တော် မသိဘူး… ဒါပေမဲ့ ကျွန်တော့်ရဲ့ ပင်ကိုယ်စိတ်က အဲဒီမှာ ဆက်နေရင် ဘာကောင်းကျိုးမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောနေတယ်… တကယ်တော့ ဖူကူရှီးမားကနေ ထွက်လာတဲ့ ကျွန်တော်တို့ အများစုက လမ်းဘေးခွေးတွေ မဟုတ်ကြဘူး… စိတ်မအေးနိုင်တာကြောင့် အိမ်မွေးခွေး အဆင့်အတန်းကို စွန့်လွှတ်ပြီး ဖူကူရှီးမား အနီးအနားကို ထွက်ပြေးလာခဲ့ကြတာပါ...."

ဟက်စကီးခွေး၏ ရှင်းပြချက်ကို ကြားပြီးနောက် ရှောင်ဟာ့မှာ တစ်ခဏမျှ စဉ်းစားပြီး ဆိုလိုက်၏။

"ဒါဆို… ဖူကူရှီးမားကို သွားတဲ့လမ်းမှာ လမ်းဘေးခွေးတွေ အများကြီး ရှိနေမှာပေါ့...."

"ဟုတ်တယ်…" ဟက်စကီးခွေးက ခေါင်းညိတ်၍ ဆိုသည်။ "ဒါပေမဲ့… သူဌေး… သူဌေးသာ ညီငယ်တွေ ထပ်ပြီး စုဆောင်းချင်တယ် ဆိုရင် ဖူကူရှီးမားကို မသွားတာ ပိုကောင်းလိမ့်မယ်… ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ တကယ်ကို အန္တရာယ်များလို့ပဲ...."

သူမကြာသေးမီကမှ တွေ့ဆုံခဲ့သည့် သူဌေးမှာ ညီငယ်များ စုဆောင်းရသည်ကို သဘောကျမှန်း ဟက်စကီးခွေးက သိရှိနေသဖြင့် ရှောင်ဟာ့က ဖူကူရှီးမားသို့ သွားရန် စကားမစမီမှာပင် သူက တိုက်ရိုက် ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဟက်စကီးခွေး၏ စကားကို ကြားသောအခါ ရှောင်ဟာ့က သူ၏ နှုတ်ခမ်းကို မထီမဲ့မြင် လိပ်တင်၍ ဆိုလိုက်၏။ "ဟွန့်… ဘာ ဖူကူရှီးမားလဲ… ငါ ရှောင်ဟာ့က ကြောက်တတ်တဲ့ကောင်လား… ငါက မုန်ညင်းထုပ် စားပြီး ကြီးလာတာကွ...."

ဤသို့ ပြောပြီးနောက် ရှောင်ဟာ့မှာ သူ၏ ညီငယ်များကို စုစည်း၍ ဖူကူရှီးမားသို့ အတူတကွ ခရီးထွက်ခွာသွားတော့သည်။

ရှောင်ဟာ့က ညီငယ်များ စုဆောင်းချင်ရသည့် အကြောင်းရင်းမှာ အလွန် ရိုးရှင်းလှသည်။ သူ၏ သူဌေးဖြစ်သူ ရဲရှင်းဟွေ့တွင် ကြောင်တပ်မတော်နှင့် ကျီးကန်းတပ်မတော်တစ်ခု ရှိကြောင်း သူ သိထား၏။

ကြောင်တပ်မတော်၏ ခေါင်းဆောင်မှာ မျက်လုံးတစ်ဖက်လပ်နဂါးဖြစ်ပြီး ကျီးကန်းတပ်မတော်၏ ခေါင်းဆောင်မှာ ဘုရင်ဖြူ ဖြစ်သည်။

သူ ရှောင်ဟာ့သာ ညီငယ်များကို လုံလောက်စွာ စုဆောင်းနိုင်မည် ဆိုလျှင် သူသည် ရှောင်စစ်နှင့် ရှောင်စအား တိုက်ရိုက် ကျော်လွှား၍ ခွေးတပ်မတော်၏ သူဌေး ဖြစ်လာနိုင်ပေမည်။

ရှောင်စစ်နှင့် ရှောင်စတို့သာ ရှောင်ဟာ့ ဘာတွေ စဉ်းစားနေသည်ကို သိခဲ့လျှင် သူတို့သည် သူနှင့် မရင်းနှီးကြောင်း ပြသရန် ခြေသည်းများကို မြှောက်၍ မျက်နှာကို အုပ်ထားကြမည်မှာ သေချာသည်။

ရှောင်ဟာ့က သေမင်းတမန်လမ်းကို စတင် လျှောက်လှမ်းခဲ့သည့် အချိန်မှစ၍ ရှောင်စစ်နှင့် ရှောင်စတို့မှာ မျက်လုံးတစ်ဖက်လပ်နဂါး၏ စခန်းသို့ ဝင်ရောက်ခဲ့ပြီး နေ့စဉ်နေ့တိုင်း ကြောင်များကဲ့သို့ ‘မြောင်’ ရန်ပင် သင်ယူခဲ့ကြသည်။

"အတူတူ မြောင် လိုက်ကြစို့...."

"အတူတူပဲ မြောင် မြောင် မြောင်...."

"မင်းရဲ့အရှေ့မှာ ကလေးလေးလို ချွဲနွဲ့ရင်း...."

"အို... မြောင် မြောင် မြောင် မြောင်...."

"ငါ့နှလုံးသားလေး တဒိတ်ဒိတ်ခုန်...."

"မင်းရဲ့ ပြုံးစစ မျက်နှာလေးကို စွဲလမ်းနေမိပြီ...."

"ငါ့ကို ချစ်တယ်လို့ မပြောရင်တော့ မြောင်လို့ အော်လိုက်မှာပဲ...."

All Chapters